ကျိုက်ထီးရိုးဘုရား ပိတ်ရန် တရားဝင် စာ မရောက်သေး ၊ စိတ်ကြိုက်ဖူးနိုင်သေး ဟု ဆို

မွန်ပြည်နယ် အစိုးရထံ မှ တရားဝ င်ညွှန်ကြားစာ မရောက်ရှိ သေးသလို ကျိုက်ထီးရိုး ဘုရားဖူးခွင့် ကို လည်း ပိတ်ပင်ခြင်း မရှိကြောင်း ကျိုက်ထီးရိုး ဂေါပကအဖွဲ့ ဒုဥက္ကဌ ဦးစိုးနိုင်က ပြော သည် ။

ကျိုက်ထီးရိုး ဘုရားဖူးခွင့် အပါ အဝင် မွန်ပြည်နယ်ရှိ သထုံညောင်ချောင်းလက်ဝှေ့ပွဲ ဇင်းကျိုက်ဘုရားပွဲ အစရှိသည် တို့ ပြုလုပ်ခွင့်မပြုရန် မွန်ပြည်နယ် လွှတ်တော်ရုံးမှ ပြည်နယ်အစိုးရထံ ယမန်နေ့က အကြောင်းကြား စာပေးပို့ခဲ့ သည့်အပေါ် မေးမြန်းရာ ယခုလိုဖြေကြားခဲ့ခြင်းဖြစ် သည် ။

ကျိုက်ထီးရိုးဘုရား ပိတ်ရန် တရားဝင် စာ မရောက်သေး ၊ စိတ်ကြိုက်ဖူးနိုင်သေး ဟု ဆို

“တရားဝင်စာထုတ်တာလည်း ကျွန်တော်တို့ဆီ မရောက်သေးဘူး ။ ကျွန်တော်တို့ဆီမှာတော့ ပုံမှန်ဘုရားဖူးနေကြတယ်။ ပိတ်ပင်ထားတာမျိုးတွေ မရှိပါဘူး”ဟု ဦးစိုးနိုင်က ပြောသည်။ ကျိုက်ထီးရိုးတောင်ပေါ်သို့ တက်ရောက်ဖူးမြော်မည့် သူများကိုလည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ နိုင်ငံတော်သမ္မတရုံးထုတ်ပြန်ချက်များနှင့်အညီ လက်ကိုစင်ကြယ်စွာဆေးကြောခိုင်းခြင်း၊ အပူချိန်တိုင်းတာခြင်းစသည့် ကျန်းမာရေးဆေးစစ်မှုများလုပ်ဆောင်နေကြောင်း သိရသည်။

ကျိုက်ထီးရိုးဘုရား ပိတ်ရန် တရားဝင် စာ မရောက်သေး ၊ စိတ်ကြိုက်ဖူးနိုင်သေး ဟု ဆို

ယခုကိစ္စနှင့်စပ်လျဉ်း၍ ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် နောက်၂ရက်မှသာ အတိအကျဖြေကြားနိုင်မည်ဟု ဆိုသည်။

ကျိုက်ထီးရိုးဘုရား ပိတ်ရန် တရားဝင် စာ မရောက်သေး ၊ စိတ်ကြိုက်ဖူးနိုင်သေး ဟု ဆို

ခရက်ဒစ် – စိုင်းလမင်း၊ သီရိနေနွယ် (Vidya)
ပုံ- ဦးမြင့်သိန်း

Add a Comment

Your email address will not be published. Required fields are marked *