အာဆီ ယံ မှာ ကူးစက် ခံရမှု အဆိုးရွားဆုံး နိုင်ငံဖြစ်လာတဲ့ မလေးရှား…ဗိုင်းရဗ်စ် ကူးစက်ခံရသူ ဦးရေ ၇၀၀ နီးပါးရှိလာ
photo credit
photo credit
Unicode
မလေးရှား နိုင်ငံ အတွင်းမှာ ကိုရိုနာ ဗိုင်းရဗ်စ်ကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီ ဖြစ်သလို ကူးစက်ခံရသူ ဦးရေ ၁၂၀ ကျော် ဖြစ်ပွားခဲ့ပြီး ကူးစက်မှု စုစုပေါင်း ၇၀၀ နီးပါး အထိ မြင့်တက်လာပြီလို့ သိရပါတယ်။ ဒါ့ကြောင့် မလေးရှား နိုင်ငံဟာ အရှေ့တောင်အာရှမှာ ကိုဗစ်-၁၉ ဒဏ် ကို အဆိုးရွား ဆုံးခံရတဲ့ နိုင်ငံတစ်ခု ဖြစ်လို့လာပါပြီ
ရောဂါပိုး ကူးစက်ခံရသူများ ကို ပြည်နယ်တွင်းက ဆေးရုံများဖြစ်ကြတဲ့ ဆာရာဝပ် အထွေထွေေ ဆးရုံ၊ စီဘူးဆေးရုံနဲ့ မီရီဆေးရုံများ မှာ ကုသပေးနေတယ်လို့ ဆိုပါတယ်။ နိုင်ငံ အတွင်းမှာ ကိုဗစ်-၁၉ နောက်ထပ် ကူးစက်မှုတွေကို တားဆီးဖို့အတွက် တနင်္လာနေ့ ညမှာပဲ ဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင်က လှုပ်ရှားမှု ကန့်သတ်အမိန့်ကို ကြေညာခဲ့ရာမှာ ဗုဒ္ဓဟူးနေ့က စတင်ပြီး နိုင်ငံသားတွေကို နိုင်ငံခြား ထွက်ခွင့်၊ နိုင်ငံခြားသားတွေ ကို နိုင်ငံထဲဝင်ခွင့် နှစ်ပတ်တာ ပိတ်ပင်လိုက်ပါတယ်။
ဒီအမိန့်ရဲ့ အစိတ်အပိုင်း အနေနဲ့ ဘာသာရေးနဲ့ အားကစားပွဲတွေ၊ လူမှုရေးနဲ့ ယဉ်ကျေးမှုတွေ့ဆုံပွဲတွေလို လူစုလူဝေး လှုပ်ရှားမှုတွေကိုလည်း တားမြစ် ပိတ်ပင်သွားမှာပဲ ဖြစ်ပါတယ်။ ဒီအမိန့် အသက်ဝင်လာဖို့ အတွက် နိစ္စဓူဝ လိုအပ်ချက်တွေကို ရောင်းချနေတဲ့ စူပါမားကတ်တွေ၊ ကုန်ခြောက်ဆိုင်တွေနဲ့ တိုလီမိုလီ စတိုးဆိုင်တွေမှ တစ်ပါး လူစုလူဝေးနဲ့ ဝတ်ပြုရာနေရာတွေ၊ စီးပွားရေး ဌာနတွေလည်း ပိတ်သိမ်းထား ရမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မစ္စတာ မူယစ်ဒင်က ရေ၊ လျှပ်စစ်မီး၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ သယ်ပို့၊ လောင်စာဆီ၊ လုံခြုံရေးနဲ့ ကာကွယ်ရေးလို မရှိမဖြစ် ဝန်ဆောင်မှုတွေမှာ လုပ်ကိုင်နေသူတွေ မှတစ်ပါး တခြားလုပ်ငန်း အားလုံးကိုလည်း ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ Ref; CNA
Add a Comment
Your email address will not be published. Required fields are marked *