ဗိုင်းရပ်ပိုး ရဲ့ရောဂါအတွက် စိုးရိမ်သောက ပူပန်နေကြရတဲ့ နိုင်ငံသူ / သား ၇ ရ က် သားသမီးများ အတွက် (ဝါရှောင်ဆရာတော် အရှင်ဝိဇယ)

ဗိုင်းရပ်ပိုး ရဲ့ရောဂါအတွက် စိုးရိမ်သောက ပူပန်နေကြရတဲ့ နိုင်ငံသူ/သား ၇ရက် သားသမီးများအတွက် ဘာသာရေးဆိုင်ရာနဲ့ ရောဂန္တရ အစရှိတဲ့ ကပ်ဆိုးပယ်ဖျောက် ကျန်းမာချမ်းသာလန်းဖြာမှုများ ရရှိ ရောက်ရှိစေနိုင်တဲ့ လက်ဆောင်လေး ပါးချင်ပါတယ်!!

( ယုံကြည် / ချင် /နိုင်သော ဗုဒ္ဓဘာသာဝင်များ အတွက်သာ ညွှန်းပြခြင်း ဖြစ်ပါတယ်! မိမိသည်ဘယ်သောအခါမှ ဒီလိုပုံစံမျိုး မရေးပေးခဲ့ပါဘူး!အခုချိန်ကျမှ ပြည်သူတွေရဲ့စိုးရိမ်သောက အတွက် ကရုဏာသက်ဝင် ကိုယ်ချင်းစာမိ၍ရေးပြခြင်းဖြစ်ပါသည်! ပျက်ရယ်မပြုပေးကြဖို့လည်း အထူးမေတ္တာရပ်ခံလိုက်ပါသည်။)

ဗိုင်းရပ်ပိုး ရဲ့ရောဂါအတွက် စိုးရိမ်သောက ပူပန်နေကြရတဲ့ နိုင်ငံသူ/သား ၇ရက် သားသမီးများအတွက်

ကိုရိုနာရောဂါအတွက်သာ မဟုတ်ပါ ! တသက်တာ လက်ဆောင်ပါ !

၁။မြတ်စွာဘုရားရှင်ကို မနက် ည ၂ကြိမ် မျက်နှာသစ်ရေနဲ့သောက်တော်ရေ နေ့စဉ်ကပ်လှူပြီး ရေလိုကြည်လင်အေးမြရှင်းသန့်စိတ်နှလုံးသားပိုင်ရှင်အဖြစ်ကို ရှိခိုးဆုတောင်းပါ။နတ်မြတ်/ကောင်းတို့နဲ့သတ္တဝါတွေကိုမိမိနဲ့အတူမေတ္တာပို့သပေးပါ။

၂။ သရဏဂုံ ၃ပါးကို သတိတရနဲ့အမြဲစိတ်ထဲကနေရွတ်ဖတ်နေပါ!မျက်နှာသစ် ထမင်းစား ရေသောက် အိပ် နိုး သွားလာ အချိန်တိုင်းမှာဘိန်းစွဲသလို စွဲအောင် ထမင်း မစားရင် မနေနိုင်သလိုအထိကိုဖြစ်နေအောင် ကြိုးစားရွတ်ပါ။ညစ်စိတ် ကြောက်စိတ်ဖြစ်ပေါ်လာတိုင်းရွတ်ဆိုပါ!ဗုဒ္ဓံ/ဓမ္မံ/သံဃံ/သရဏံ ဂစ္ဆာမိ!ဆင်းရဲပယ်ဖျောက် ချမ်းသာရောက်!စောင့်ရှောက် ဘုရား/တရား/သံဃာ/ကိုးကွယ်၏ လို့ အဓိပ္ပာယ်သိပြီးစိတ်သက်ဝင်အောင်ကြိုးစားပါ!

၃။အိပ်ယာနိုးတာနဲ့ စိတ်နဲ့နှုတ် ၁ခုခုနဲ့ရွတ်ဆိုပြီး မှန်ကြည့်လိုက်ပါကိုယ့်မျက်နှာကို ပြုံးကြည့်ပြီး ငါ စိတ်ညစ်စရာတွေ မတွေးဘူးအဝင် မခံဘူး! သူများကိုလည်း စိတ်ညစ်အောင် မလုပ်ဘူး ဆိုပြီးပြုံးပြနှုတ်ဆက်လိုက်ပါ ပြီးတော့မှ သရဏဂုံနဲ့မျက်နှာသစ် သွားတိုက်မျက်နှာသုတ်ပြီး လောကကြီးကို နှုတ်ဆက်ပြုံးပြပြီး အကောင်းတွေးစိတ်ထားလေးတွေကို ဖြည်းဖြည်းချင်း နှလုံးသားထဲကို သွင်းယူပါ!

ဗိုင်းရပ်ပိုး ရဲ့ရောဂါအတွက် စိုးရိမ်သောက ပူပန်နေကြရတဲ့ နိုင်ငံသူ/သား ၇ရက် သားသမီးများအတွက်

အခုရေးပြောပြပေးတဲ့ လက်ဆောင်လေးတွေကို တကယ်သာအားလုံးကျင့်သုံးနိုင်/ချင်ကြမယ်ဆိုရင်တော့ဖြင့်…(ယုံကြည်ရိုးသားရဲရင့်ရင် ရရိုးရှိ! ပညာရှိတို့စကားရှိပါ၏။)

အရှင်ဝိဇယ

ဝါရှောင်ဆရာတော်

မလုပ်_မပြော_လုပ်မှပြော_သဘောစင်လှစေ…

အပြောသာချဲ့_အလုပ်မဲ့_ကဲ့ရဲ့မလွတ်ချေ{မင်းကွန်းဆရာတော်ကြီး}

Add a Comment

Your email address will not be published. Required fields are marked *