ေနာက္ဆုံး နွစ္ ေဆးေက်ာင္း သား တစ္ေသာင္း ကို စာေမးပြဲ မေျဖေစဘဲ ခ်က္ခ်င္းဆရာဝန္ျဖစ္ေစကာ ေဆးရုံေတြ လႊတ္ရေတာ့မယ္ဆိုတဲ့ အီတလီ

အီ တလီ ႏိုင္ငံ ၌ ကို ႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ေသ ဆုံးသူ ၂၅၀၃ ဦးအထိ ျမင့္တက္ လာေသာေၾကာင့္ ေဆးေက်ာင္းသား မ်ားကို ေနာက္ဆုံးႏွစ္ စာေမးပြဲ ဖ်က္ခိုင္းၿပီး ေဆး႐ုံမ်ားသို႔ အေရးေပၚေစ လႊတ္ရန္ စီစဥ္ရသည္ အထိ အေျခအေနဆိုးလာသည္။ ေနာက္ဆုံး ထုတ္ျပန္ခ်က္မ်ား အရ အီတလီႏိုင္ငံတြင္ ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃၁၅၀၆ ေယာက္ အထိရွိလာခဲ့ အၿပီး တ႐ုတ္ၿပီးလွ်င္ ကူးစက္မႈ အမ်ားဆုံးခံရ သည့္ႏိုင္ငံျဖစ္ေနသည္။

ဗိုင္းရပ္စ္ ကူးစက္ခံရသူမ်ား လာေသာေၾကာင့္ အီတလီႏိုင္ ငံေျမာက္ပိုင္းေဒသက ေဆး႐ုံ မ်ားတြင္ က်န္းမာေရးဝန္ထမ္း လိုအပ္ခ်က္မ်ားစြာ ျမင့္တက္လာခဲ့သည္။ သိုျဖစ္၍ ေဆးေက်ာင္းသား ဦးေရတစ္ေသာင္းကို ၎တို႔၏ ေနာက္ဆုံးႏွစ္ စာေမးပြဲကို ေခတၱရပ္ဆိုင္းခိုင္းထားၿပီး ေဆး႐ုံမ်ားသို႔ အေရးေပၚေစလႊတ္ေပးရန္ စီစဥ္လာရသည္။

အီတလီ တကၠသိုလ္ ပညာေရးဝန္ႀကီး မန္ဖရက္ဒီက ေနာက္ဆုံးႏွစ္ ေဆးေက်ာင္းသား မ်ားကို မူလစီစဥ္ထား သည္ထက္ ရွစ္လ သို႔မဟုတ္ ၉ လခန႔္ေစာၿပီး လုပ္ငန္းခြင္ကို ေစလႊတ္ေပးရရန္ မ်ားေနၿပီဟု ေျပာခဲ့သည္။ တစ္ဆက္တည္းမွာပင္ လုပ္ငန္းခြင္မဝင္ ပုံမွန္ေျဖဆိုရေလ့ ရွိသည့္ အရည္အခ်င္း စစ္စာေမးပြဲကိုလည္း ပယ္ဖ်က္ေပးရရန္ရွိေနသည္ဟု သိရသည္။

ေလးစားစြာျဖင့္ ခရစ္ဒက္ …… ေမာင္ေဇယ်

Unicode

အီတလီ နိုင်ငံ ၌ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၅၀၃ ဦးအထိ မြင့်တက် လာသောကြောင့် ဆေးကျောင်းသား များကို နောက်ဆုံးနှစ် စာမေးပွဲ ဖျက်ခိုင်းပြီး ဆေးရုံများသို့ အရေးပေါ်စေ လွှတ်ရန် စီစဉ်ရသည် အထိ အခြေအနေဆိုးလာသည်။ နောက်ဆုံး ထုတ်ပြန်ချက်များ အရ အီတလီနိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၁၅၀၆ ယောက် အထိရှိလာခဲ့ အပြီး တရုတ်ပြီးလျှင် ကူးစက်မှု အများဆုံးခံရ သည့်နိုင်ငံဖြစ်နေသည်။

ဗိုင်းရပ်စ် ကူးစက်ခံရသူများ လာသောကြောင့် အီတလီနိုင် ငံမြောက်ပိုင်းဒေသက ဆေးရုံ များတွင် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များစွာ မြင့်တက်လာခဲ့သည်။ သိုဖြစ်၍ ဆေးကျောင်းသား ဦးရေတစ်သောင်းကို ၎င်းတို့၏ နောက်ဆုံးနှစ် စာမေးပွဲကို ခေတ္တရပ်ဆိုင်းခိုင်းထားပြီး ဆေးရုံများသို့ အရေးပေါ်စေလွှတ်ပေးရန် စီစဉ်လာရသည်။

အီတလီ တက္ကသိုလ် ပညာရေးဝန်ကြီး မန်ဖရက်ဒီက နောက်ဆုံးနှစ် ဆေးကျောင်းသား များကို မူလစီစဉ်ထား သည်ထက် ရှစ်လ သို့မဟုတ် ၉ လခန့်စောပြီး လုပ်ငန်းခွင်ကို စေလွှတ်ပေးရရန် များနေပြီဟု ပြောခဲ့သည်။ တစ်ဆက်တည်းမှာပင် လုပ်ငန်းခွင်မဝင် ပုံမှန်ဖြေဆိုရလေ့ ရှိသည့် အရည်အချင်း စစ်စာမေးပွဲကိုလည်း ပယ်ဖျက်ပေးရရန်ရှိနေသည်ဟု သိရသည်။

လေးစားစွာဖြင့် ခရစ်ဒက် …… မောင်ဇေယျ

Add a Comment

Your email address will not be published. Required fields are marked *