ရွှေပြည်သာ တွင် တစ်သောင်းတန် ငွေစက္ကူ အတုများ နှင့် အမျိုးသမီးအား ဖမ်းဆီးရမိ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် တွင် တစ်သောင်း ( ၁၀၀၀၀ ) ကျပ်တန် ငွေစက္ကူ အတုများဖြင့် ဈေးဝယ်ခဲ့ သည့် အမျိုးသမီး ကို ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေကြောင်း ရွေပြည်သာမြို့မ ရဲစခန်း မှ သိရ သည် ။

“အမျိုးသမီးတစ်ယောက် ကို မိတာပါ ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆နဲ့အမှုဖွင့်ထားပါတယ် ” ဟုရွေပြည်သာမြို့မစခန်းမှူးဒုရဲမှူးတင်မောင်လွင်က ပြောသည် ။

ရွှေပြည်သာ တွင် တစ်သောင်းတန် ငွေစက္ကူ အတုများ နှင့် အမျိုးသမီးအား ဖမ်းဆီးရမိ

ရွေပြည်သာမြို့နယ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ရွှေပြည်သာမြို့နယ်၊ (၁၉)ရပ်ကွက်ရှိ ဒေါ်နှင်းယုဝေ၏ ဈေးဆိုင်၌ မတ်လ ၁၆ ရက်နေ့ ည​​နေအချိန် ၅နာရီအချိန် အမျိုးသမီး ၁ ဦး၊ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူ အတုများဖြင့် ဈေးဝယ်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဒေါ်မိမိနွယ် (၃၂) နှစ် အား တွေ့ရှိပြီး ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၂၆ ရွက်၊ ဖုန်း ၁ လုံး၊ ၁၀၀၀ ကျပ်တန် MPTငွေဖြည့်ကဒ် ၁၀ ခု၊ ငွေ ၁၂၄၀၀ ကျပ်တို့အား သိမ်းဆည်းရမိခဲ့ ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူဒေါ်မိမိနွယ်အား ည၉နာရီအချိန်ခန့်တွင် ရွေပြည်သာမြို့မရဲစခန်းမှ နိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ခရက်ဒစ် – ရွှေဘ(ရွေပြည်သာ)၊ Top Phoenix Media Group

Add a Comment

Your email address will not be published. Required fields are marked *