တိုင်းနှင့်ပြည်နယ် ( ၇ )ခု တွင် မိုး ရွာနိုင်ကြောင်း မိုးဇလ သတိပေးချက် ထုတ်ပြန်

မြန်မာနိုင်ငံ အတွင်း တိုင်းနှင့်ပြည်နယ် (၇) ခု အချိန်အခါ မဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန က သတိပေးချက် ယနေ့ ထုတ်ပြန်ထားသည်။

မိုး/ဇလ မှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “မိုးရွာတဲ့ အထက်ပိုင်းတွေမှာတော့ အပူချိန် အနည်းငယ် လျော့သွားမ ယ်။ မြန်မာနိုင်ငံ အောက်ပိုင်းတွေကတော့ အပူချိန် မကျဘူး” ဟု ပြော သည် ။

အနောက်ဘက် မှ ရွေ့လျားလာသည့် လေပွေလှိုင်းများ ၏ အရှိန်ကြောင့် မတ်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့ အတွင်း အချိန်အခါ မဟုတ် မိုးရွာသွန်းနိုင်ကြောင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီး ကြွေခြင်းများ ဖြစ်နိုင်သည့် အတွက် သတိထား ရန်လည်း မိုး/ဇလ က သတိပေးချက် ထုတ်ပြန်ထားသည်။

တိုင်းနှင့်ပြည်နယ် ( ၇ )ခု တွင် မိုး ရွာနိုင်ကြောင်း မိုးဇလ သတိပေးချက် ထုတ်ပြန်

အချိန်အခါ မဟုတ် မိုးရွာမည့် တိုင်းနှင့်ပြည်နယ်များမှာ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊ မကွေးတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တို့ ဖြစ်ကြောင်း မိုး / ဇလ မှသိ ရသည် ။

နေ့အပူချိန်များမှာ ကချင်ပြည်နယ်တွင် မတ်လတွင်း ရှိသည့် ပျမ်းမျှ အပူချိန် ထက် ၃ ဒီဂရီ စင်တီဂရိတ် ပိုခဲ့ပြီး စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး နှင့် ရှမ်းပြည်နယ် တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီ စင်တီဂရိတ် ပိုခဲ့ကြောင်း မိုး/ဇလ ထုတ်ပြန်ချက် အရ သိရသည် ။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်(မြောက်ပိုင်း) တို့တွင် မတ်လ၏ ပျမ်းမျှ အပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်

Credit-မိုးဇလ

Add a Comment

Your email address will not be published. Required fields are marked *