တရုတ်နိုင်ငံ ၊ ဝူဟန်မြို့ မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု လူနာ မရှိတော့တဲ့ ပထမဆုံးမြို့ အဖြစ် မှတ်တမ်းဝင်…





Unicode

တရုတ်နိုင်ငံ ၊ ဝူဟန်မြို့ မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလူနာ မရှိတဲ့ ပထမဆုံး အဖြစ် မှတ်တမ်းဝင်…. တရုတ်ကတော့ ကိုရိုနာကို နိုင်စပြုလာပြီလို့ ဆိုရမှာပါ။

တရုတ်နိုင်ငံ ဟူဘေး နဲ့ ဝူဟန်မြို့တို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလူရှာ ရှာမတွေ့ တဲ့ ပထမဆုံးနေ့ အဖြစ် မှတ်တမ်းဝင်သွားခဲ့ ပါတယ်။ကြာသပတေးနေ့ စစ်ဆေးချက်တွေအရ ဟူဘေးနဲ့ ဝူဟန်တို့မှာ ကိုရိုနာဗိုင်းရပ်စ် လူနာအသစ် မတွေ့ရှိခဲ့ဘူးလို့ တရုတ်ကျန်းမာရေးဝန်ကြီးက ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြထားပါတယ်။ ဒါဟာ တရုတ်နိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီးနောက် ကူးစက်မှုအသစ် မတွေ့တဲ့ ပထမဆုံးနေ့လည်း ဖြစ်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ရာ ဝူဟန်မြို့အနေ နဲ့ အခုလိုမျိုး လူနာသစ် မရှိခဲ့တာဟာ လက္ခကောင်း တစ်ရပ်လို့ပဲ ဆိုရမှာပါ ။

လွန်ခဲ့တဲ့ (၂၄) နာရီ အတွင်း WHO ရဲ့ ဖော်ပြချက်အရ တရုတ်နိုင်ငံ မှာ ကိုရိုနာ ရောဂါ ကူးစက်သူ ( ၈၁၁၁၇ ) ဦး အထိရှိပြီး သေဆုံးသူ (၃၂၃၁) ဦး ရှိခဲ့တယ်လို့ သိရပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *