ကိုရိုနာ ဗိုင်း ရပ်စ် ပြည် တွင်း ထပ်မံကူးစက်သူ ထပ် မရှိတော့ဘူး လို့ တရုတ်ကြေငြာ

တ ရုတ်ပြည် မကြီး မှာ ဗုဒ္ဓ ဟူးနေ့(မတ် ၁၈) မှာ ပြည် တွင်း ကူးစက်သူ မရှိတော့တဲ့ အကြောင်း ဒီနေ့(မတ် ၁၉) မှာ တရုတ် နိုင်ငံ ကျန်းမာရေး ကော်မရှင် က ထုတ်ဖော်ကြေငြာ လိုက်ပါတယ်။ တရုတ်ပြည်မကြီး မှာ မတ်လ ၁၈ ရက်နေ့က ကူးစက်သူပေါင်း ၃၄ ယောက်ကို ထပ်မံတွေ့ ရှိခဲ့ရပေ မယ့် ဒီကူးစက်ခံရသူ အားလုံးဟာ ပြည်တွင်းက မဟုတ်ပဲ တရုတ်နိုင်ငံ ပြင်ပက ဝင်လာခဲ့တဲ့ သူတွေလို့ အမျိုးသား ကျန်းမာရေး ကော်မရှင်ရဲ့ သတင်းအရ သိရပါတယ်။ ဒီ ၃၄ ယောက်မှာ ၂၁ ယောက်ကို ဘေဂျင်းမှာ ၊ ၉ ယောက်ကို Guangdong မှာ ၊ ၂ ယောက်ကို ရှန်ဟိုင်းမှာ ၊ Heilongjiang နဲ့ Zhejiang တို့မှာ ၁ယောက်စီ အသီးသီး စစ်ဆေးတွေ့ရှိ ခဲ့တာဖြစ်ပါတယ်။ အဲဒီနေ တစ်နေ့ထဲမှာပဲ ကျန်းမာသွား လို့ဆေးရုံက ပြန်ဆင်းခဲ့ရ သူပေါင်းက ၈၁၉ ယောက် ဖြစ်ပါတယ်။

photo credit

လက်ရှိ အချိန်အထိ တရုတ်နိုင်ငံရဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၈၁၀၀၀ ခန့်ရှိနေပြီး ဒီအထဲက ၇၀၅၂၅ ယောက်ဟာ ပြန်လည်ကျန်းမာလာတဲ့ အတွက် ဆေးရုံက ဆင်းသွားကြပြီဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ စောင့်ကြည့်ကုသဆဲ လူနာပေါင်း ၇၂၃၆ ယောက် ရှိနေပြီး ၃၂၄၉ ယောက် ကတော့ သေဆုံးသွားခဲ့ပြီဖြစ်ပါတယ် အခုအချိန်မှာ လူပေါင်း ၁၀၅ ယောက် ကိုလည်း ကိုရိုနာသံသယ လူနာတွေအဖြစ် စောင့်ကြည့်နေရတယ်လို့ ကော်မရှင်က ဆိုပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင် ထွက်ပေါ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လွန်ခဲ့တဲ့လ ကတည်းက မြို့တွေကို Lockdown လုပ်ကာ ကုသခဲ့တာကြောင့် ယခုအချိန် မှာတော့ တရုတ်နိုင်ငံ ပြည်တွင်းမှာ ကူးစက်မှုနှုန်း အလွန်နည်းလာခဲ့ပါပြီ။

photo credit

ဒီလို ဗိုင်းရပ်စ် ကူးစက်မှုနှုန်း နည်းလာပြီး ကုသဆဲလူနာကလည်း ၇ ထောင်ကျော်ပဲ ရှိတော့တဲ့ အတွက် ယခင် ကူးစက်ခံရသူ အဆမတန်များပြားစဉ်က အရေးပေါ် ဖွင့်လှစ်ခဲ့တဲ့ ယာယီဆေးရုံတွေကို ပြန်ပိတ် လိုက်ပြီဖြစ်ပါတယ်။

photo credit

ကူးစက်ခံ လူနာ နည်းသွားပြီဖြစ်ကာ ကျန်းမာရေး ဝန်ထမ်းတွေလည်း သိပ်မလိုတော့တဲ့ အတွက် တရုတ်အစိုးရဟာ ပိုလျံနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ယခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အပြင်းထန်ဆုံး ဖြစ်နေတဲ့ အီတလီ ၊ အီရန် ၊ ပြင်သစ်စတဲ့ ဥရောပနိုင်ငံတွေကို ပို့ဆောင်စေ လွှတ်ကာ ပူးပေါင်းကုသမှုတွေ ၊ လိုအပ်တဲ့ကျန်းမာရေး ပစ္စည်းထောက်ပံ့မှုတွေ ပြုလုပ်လျက်ရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *