မြန်မာပြည်တွင်း မှာချုပ်တဲ့ ရောဂါ ကာကွယ်ရေး ဝတ်စုံ ၈၀၀၀၀ သယ်မယ့် ကိုရီးယား စစ်လေယာဉ်တွေ ယနေ့ ရောက်ရှိ

မြန်မာ နိုင်ငံ အတွင်းမှ ခွဲစိတ်ခန်း သုံး ဝတ်စုံ အစုံ ၈၀၀၀၀ သယ်ဆောင် လာတဲ့ တောင်ကို ရီးယား စစ်လေယာဉ် ၂ စင်းဟာ ဒီ ကနေ့ မှာ ကိုရီးယားနိုင်ငံဆီ ချောချောမောမော ဆိုက်ရောက် လာတယ် လို့ ဆိုးလ်မြို့အခြေစိုက် ယွန်ဟက်ပ် သတင်းအေ ဂျင်စီမှာ ဖော်ပြပါတယ်။ C-130J အမျိုးအစား စစ်လေ ယာဉ်တွေကို အရပ် ဘက်ဆိုင်ရာ ကိစ္စရပ်တွေ အတွက် အသုံးပြုမှု ဟာ ဒါက ပထမ အကြိမ်ဖြစ် လာခဲ့ပြီး ဆိုးလ်အနောက်ပိုင်း ဂင်မ်ပို အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆီကို နာရီ ၂၀ လောက် မောင်းနှင်ပျံသန်းကာ ဒေသစံ တော်ချိန် မနက် ၄ နာရီလောက်မှာ ရောက်ရှိခဲ့ တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

photo credit

ဒီဝတ်စုံတွေ ကိုတော့ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ ကပ်ရောဂါ ကူးစက်ပျံ့ပွားမှု ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ခုလိုခွဲစိတ်ခန်း သုံးဝတ်စုံတွေ သယ်ဆောင်မှုဟာ ကိုရီးယား အစိုးရက မြန်မာနိုင်ငံ မှာလည်ပတ် လုပ်ကိုင်နေတဲ့ တောင်ကိုရီးယား ကုမ္ပဏီတခုဆီက တဆင့် ဝယ်ယူခဲ့တာဖြစ်ပြီး နိုင်ငံအနှံ့ အရေးတကြီး လုပ်ဆောင်လည် ပတ်နေကြရတဲ့ COVID-19 ရောဂါစောင့် ကြည့်ထိန်းချုပ်ရေး စင်တာတွေမှာ အသုံးပြုနိုင်ဖို့ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

photo credit

ဒါပေမယ့် လက်ရှိ ကာလမှာတော့ မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ပြေးဆွဲနေတဲ့ Korean Air လေကြောင်းလိုင်း ကို ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှု ထိန်းချုပ်တဲ့ အနေနဲ့ရပ်ဆိုင်းထား ခဲ့တဲ့အတွက် အဲဒီအစား စစ်သုံးလေယာဉ်တွေကို အသုံးခဲ့ရတာ ဖြစ်ပါတယ်။ တောင်ကိုရီး ယားနိုင်ငံဟာ လတ်တလောမှာ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး လုပ်ငန်းတွေ အားလုံးကို တတ်နိုင်သမျှ အားထုတ် လုပ်ဆောင်နေပြီး နောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေအရ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံး သူ ၈၄ ဉီးအပါအဝင် စုစုပေါင်း ကူးစက်ခံရသူ ၈၄၁၃ ဦး ရှိလာပြီလို့ ကိုရီးယားနိုင်ငံ ရောဂါထိန်းသိမ်းရေးနဲ့ ကာကွယ်ရေး စင်တာ(ကေစီဒီစီ)က ထုတ်ပြန်ထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *