မြဝ တီ နယ်စပ် ဂိတ် များ စပိတ် လိုက်ပြီဟုဆို… ထိုင်းနှင့်မြန်မာ နိုင်ငံသားများ သာ ဝင်ထွက်ခွင့်ပြု

ကို ရို နာ ဗိုင်း ရပ် ပြန့်ပွားမှု ကာကွ ယ်နိုင်ရေး အတွက် မြန်မာ-ထိုင်း နယ်စပ် ရှိ မြဝတီ နယ်စပ်ဂိတ်များ ကို ယနေ့ (မတ် ၁၉) မှစ၍ ပိတ်လိုက်ပြီဖြစ်ပြီး ထိုင်းနှင့်မြန်မာနို င်ငံသားများကိုသာ ဖြတ်သန်း ခွင့်ပြုမည်ဖြစ်ကြောင်း မြဝတီခရိုင် လူဝင်မှုကြီး ကြပ်ရေး ဦးစီးဌာန၊ ခရိုင်မှူး ဦးအောင် ခိုင်ဆွေက Myanmar Now ကိုပြော သည်။ “ ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသားတွေ သာ ဝင်ထွက်ခွင့်ပေးပြီးတော့ ဒီ့ပြင်နိုင်ငံ သားတွေ အားလုံးကို ရန်ကုန်လေဆိပ်ကနေ ဝင်ဖို့ပဲ ကျွန်တော်တို့ ညွှန်ကြားပါတယ်” ဟု ၎င်းကဆိုသည်။

photo credit

မြဝတီ ရှိ ချစ်ကြည်ရေး တံတား အမှတ် (၁) နှင့် (၂) တရားဝင်နယ် စပ်ဂိတ် နှစ်ခုစလုံး ကို အဆိုပါ ကန့်သတ်မှုများ ပြုလုပ်ထားကြောင်း၊ သောင်ရင်းမြစ်ကမ်း တစ်လျှောက်ရှိ လှေဖြင့်ဖြတ်သန်းနေသော တရားမဝင် ဂိတ်များကိုမူ ထိန်းချုပ်ရခက်ခဲကြောင်း ၎င်းက ဆက်ပြောသည်။ မြဝတီဒေသခံ တစ်ဦးဖြစ်သူ ဦးအောင်မိုးဆန်း က ယင်းသတင်းကို လူမှုကွန်ရက်တွင် ပျံ့နှံ့နေ သဖြင့် သိရှိသော်လည်း ကရင်ပြည်နယ် အစိုးရက တရားဝင်ကြေညာခြင်း မရှိကြောင်း၊ ပြည်နယ် အစိုးရအနေနှင့် တရားဝင်ထုတ်ပြန် ကြေညာသင့်ကြောင်း ဆိုသည်။

“တံတားမှာ မြန်မာပြည် က ပြန်ဝင် လာတဲ့သူ တော်တော်များနေတယ်။ တရုတ်တော့ မတွေ့ရသေး ဘူး” ဟု ၎င်းကဆိုသည်။ တရားဝင် နယ်စပ်ဂိတ်များ ပိတ်လိုက်သော်လည်း သောင်းရင်းမြစ်ကမ်း တစ်လျှောက်ရှိ တရားမဝင် ဂိတ်များမှ ဝင်ရောက်မှုများ ရှိနေသည်ကို တွေ့ရကြောင်း၊ ယနေ့နံနက် တွင်လည်း အမှတ်(၁) ချစ်ကြည်ရေး တံတားအနီး River View ဟိုတယ် အနောက်ဘက်ရှိ ဘောဂိတ်၌ ခရီးသည် တင်လှေတစ်စီး ဆိုက်ကပ်သည်ကို တွေ့ရကြောင်း ၎င်းထံမှသိရသည်။ ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန စာရင်းများအရ မြဝတီမြို့တွင် ဗီဇာအမျိုးမျိုးဖြင့် နေထိုင်သည့် နိုင်ငံခြားသား ၁၅၀၀ ခန့်ရှိသည်။

photo credit

မြန်မာ-ထိုင်း နယ်စပ် တစ်ခုဖြစ်သော ကော့သောင်း-ရနောင်း နယ်စပ်တွင်လည်း ခြွင်းချက်အေ နဖြင့် နှစ်နိုင်ငံ အရေးကြီး ကိစ္စမှလွဲ၍ ထိုင်းနိုင်ငံဘက်သို့ မည်သည့်နိုင်ငံသားမျှ ဝင်ခွင့်မပြုကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ မတ်လ ၁၆ ရက်နေ့က တရားဝင် ထုတ်ပြန်လိုက်သည်ဟု ကော့သောင်း ရှိ ရွေ့ပြောင်းလုပ်သား အရေး ဆောင်ရွက်နေသူ ကိုမိုးဝေက Myanmar Now ကို ပြောသည်။ ယနေ့မှစ၍ ထိုင်းဘက်မှ ဝင်ခွင့် ပိတ်လိုက်ပြီး ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် သွားလာသူများသာရှိတော့သည်ဟု ၎င်းကဆိုသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယမန်နေ့ည ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ရောဂါပိုးအတည်ပြု လူနာမတွေ့ ရှိရသေးဘဲ လက်ရှိတွင် စောင့်ကြည့်လူနာ ၁၃ ဦးသာရှိနေသည်။

ကမ္ဘာတွင် နိုင်ငံပေါင်း ၁၅၉ ခုမှ COVID-19 ရောဂါကူးစက် ခံရသူ ၁၉၁,၁၂၇ ဦးရှိပြီး သေဆုံးသူ ၇,၈၀၇ ဦးရှိ ခဲ့ပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင် ရောဂါပိုးအတည်ပြုလူနာ ၂၀၇ ဦးတွင် တစ်ဦးသေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မတ်လ ၁၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ခရက်ဒစ် – Myanmar Now

Add a Comment

Your email address will not be published. Required fields are marked *