ပဲခူး က KTV တွေ မပိတ်သေးသော် လည်း ဗိုင်းရပ်စ် ကာကွယ်ရန်အဝင်ဝတွင် လက်ဆေးဖို့ စီစဉ်ပေးထား

ပဲခူး ၊ မတ်လ( ၁၉ ) ၊ ၂၀၂၀ ။ ။ တကမ္ဘာ လုံြး ဖစ်ပွားနေ သော ကိုရိုနာ ဗိုင်း ရပ်စ်ကြောင့် ပဲ ခူး တိုင်း ဒေသကြီး ထဲ က KTV တွေကို မပိတ် သေးပေ မဲ့ ဗိုင်းရပ်စ် ကာကွယ် ဖို့ အဝင်ဝ မှာ လက်ဆေး ဖို့ စီစဉ်ပေး ထား တယ် လို့ ဒေသခံတွေ က ပြော ပါ တယ် ။

ပဲခူးမြို့က KTV တွေ မှာ ကျန်းမာရေးကြိုတင် ကာကွယ်တဲ့ အနေ နဲ့ KTV ထဲမဝင်ခင် ဟန်းဂျယ် အသုံးပြုတာ ၊ လက်ဆေးကြောနိုင်အောင် စီမံထားတာတွေ ပဲရှိနေတယ် လို့ ဒေသခံ တွေက ပြော ပါ တယ် ။

ပဲခူး က KTV တွေ မပိတ်သေးသော် လည်း ဗိုင်းရပ်စ် ကာကွယ်ရန်အဝင်ဝတွင် လက်ဆေးဖို့ စီစဉ်ပေးထား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တိုင်းဒေသကြီး ကျန်းမာရေးဌာန ရဲ့ ညွှန်ကြားချက် အရ မြို့နယ်ကော်မတီဖွဲ့ပြီး ရပ်ကွက်တွေထဲမှာ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့လည်း ပဲခူးမြို့နယ်အထွေထွေ အုပ်ချုပ် ရေးမှူး ဦးသန်းဇော်က ပြောပါတယ်။ အဲဒီ KTV တွေကို ကျန်းမာရေးဦးစီးဌာန က ရပ်ကွက်တွေအထဲ အထိ အသိပညာပေး လုပ်ငန်းဆောင်ရွက်တဲ့ အချိန် တခါထဲ အသိပညာပေး လုပ်ပေးခဲ့ပြီးပြီလို့လည်း သိရပါတယ်။

ပဲခူး က KTV တွေ မပိတ်သေးသော် လည်း ဗိုင်းရပ်စ် ကာကွယ်ရန်အဝင်ဝတွင် လက်ဆေးဖို့ စီစဉ်ပေးထား

“သမ္မတရုံးကလည်း စာထုတ်ထားပြီးသားလေ။ ဒါကို အစိုးရအဖွဲ့က စနစ်တကျစီမံခန့်ခွဲဖို့လိုတယ်။ ဒီအချိန် မှာတော့ KTV မှမဟုတ်ပါဘူး လူစုလူဝေးတွေကို မလုပ်သင့်ပါဘူး။ အရေးကြီးတဲ့ပွဲတော်တွေတောင် မလုပ်ဘူး ဆိုတော့ ဒီကိစ္စကပိုပြီးမလုပ်သင့်ဘူး။” လို့ ပဲခူးမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းစံက ပြောပါတယ်။

ကိုယ်စားလှယ်တွေအနေနဲ့လည်း အဲဒီကိစ္စကို လွှတ်တော်မှာ တိုက်တွန်းထားသလို မလိုလားအပ်တဲ့ လူစုလူဝေးကိစ္စကို ရှောင်ကြဉ် သင့်တယ်လို့ ဦးကျော်မင်းစံက ပြောပါတယ်။

ပဲခူး က KTV တွေ မပိတ်သေးသော် လည်း ဗိုင်းရပ်စ် ကာကွယ်ရန်အဝင်ဝတွင် လက်ဆေးဖို့ စီစဉ်ပေးထား

အခုအချိန်မှာတော့ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေက KTV၊ နိုက်ကလပ်တွေကို ယာယီ ပိတ်ထားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေက အသီးသီးထုတ်ပြန်ထားပါတယ်။

Photo – Ko Thant Zin

Add a Comment

Your email address will not be published. Required fields are marked *