တာမွေ တွင် သရက်သီးခူးရာ မှ ပြုတ်ကျကာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး


တာမွေ တွင် သရက်သီးခူးရာ မှ ပြုတ်ကျကာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး


တာမွေ တွင် သရက်သီးခူးရာ မှ ပြုတ်ကျကာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး



Unicode

တာမွေမြို့နယ် (၁၆၄) လမ်း တွင် အမျိုးသားတဦး သရက်ပင်ပေါ်တက်ပြီး သရက်သီးခူးရာ မှ ပြုတ်ကျသေဆုံးမှု မတ် ( ၁၉ ) ရက် နံနက်ပိုင်း က ဖြစ်ပွား ခဲ့ သည် ။မတ် ၁၉ ရက်၊နံနက် ၁ နာရီခွဲကျော်ခန့်တွင် တာမွေမြို့နယ်၊ ၁၆၄ လမ်းတွင် အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးကြောင်း သတင်းရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့သည်။

“ကျွန်တော်တို့ဆီကို မနက် ၁ နာရီခွဲကျော်လောက်မှာ သတင်းရလို့ သွားရောက်ခဲ့တာပါ။ အဲ့မှာ အမျိုးသားတစ်ဦးက သရက်ပင်ပေါ်တက်ပြီး သရက်သီးတက်ခူးတာ။ သူက ခူးရင်း သစ်ကိုင်းအဖျားပေါ်တက်လိုက်တော့ ပြုတ်ကျသွားတာ။ အခင်းဖြစ်နေရာမှာဘဲ သေဆုံးသွားပါတယ်” ဟု မအူကုန်းလမ်းကျယ်ပရဟိတလူငယ်များအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ အသက် ၃၅ နှစ်ဖြစ်ပြီး ၁၂၆ လမ်းတွင် နေထိုင်သူဖြစ်ကြောင်း၊ အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ခရက်ဒစ် – Eleven Media Group

Add a Comment

Your email address will not be published. Required fields are marked *