” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၈ ) )

ေအာက္တြင္ Unicode ျဖင့္ ေဖာ္ျပေပးထားပါသည္ ….

အပ္ခ်ေလာင္း ေသာ့၀ိဇၨာ သူခိုးႀကီး ျမင့္သိန္း ”

လက္ ပါး တုိက္ မွာ ခက္ခဲတဲ့ေန႔ေတြ ကုိ စမ္းေခ်ာင္းသား ျဖတ္သန္း ေနတဲ့အခ်ိန္မွာ ထူးဆန္းတဲ့ လူတစ္ေယာက္ နဲ႔ ထပ္မံဆုံေတြ႕ခဲ့ရျပန္ ပါ တယ္။ သူ႔ကုိ တုိက္တန္းစီးျဖစ္ တဲ့ ပုိးဟပ္ျဖဴ က မိတ္ဆက္ ေပးတာ ပါ ။ သူကေတာ့ ႐ုပ္ရည္ သန္႔သန္႔ျပန္႔ျပန္႔နဲ႔ သူ႔ကုိယ္သူ “ သူခုိးႀကီးျမင့္သိန္း” လုိ႔ မိတ္ဆက္ ပါတယ္ ။ သူက ရန္ကုန္ သူခုိးေလာကထဲ မွာ ျမန္မာ့ ဆုိရွယ္လစ္ လမ္းစဥ္ ပါတီေခတ္ ကတည္းက က်င္လည္ ေနတဲ့သူျဖစ္ ပါတယ္ ။

ေထာင္ထဲကုိ ၀င္ခလုတ္ ထြက္ခလုတ္ လုပ္ေနရင္း က သဃၤန္းကၽြန္း မွာ ရွိတဲ့ ျမန္မာ့စီးပြားေရးဘဏ္ ကုိ ေခါင္မုိးက ေဖာက္ၿပီး ေငြေတြ ခုိးခဲ့တဲ့အတြက္ ႏွစ္ႀကီးေထာင္က် ခဲ့ရတာ ျဖစ္ပါတယ္။ သူက ၪာဏ္ေကာင္း တယ္ ။

အလုပ္တစ္ခုလုပ္ရင္ ေသခ်ာေလ့လာၿပီးပုိင္မွ လုပ္တယ္။ သဃၤန္းကၽြန္းဘဏ္ ကုိ မေဖာက္ခင္ ရက္ေပါင္းမ်ားစြာ ေလ့ လာၿပီးမွ သပ္သပ္ရပ္ရပ္ ေဖာက္ထြင္းခဲ့ တာျဖစ္တယ္။ေဖာက္ထြင္းမယ့္ ရက္ကုိလည္း ၀န္ထမ္းေတြ ႐ုံးမတက္တဲ့ စေန၊ တနဂၤေႏြ ႐ုံးပိတ္ရက္ ကုိခ်ိန္ၿပီး ေသာၾကာေန႔ ညမွာ ေဖာက္ထြင္းခဲ့ တာ ျဖစ္တယ္။

ေဖာက္ထြင္းတဲ့ေနရာမွာ ဒီလုိၪာဏ္ ေကာင္းေပမယ့္ မတရား သျဖင့္ ရရွိလာတဲ့ေငြေတြ ကုိ ေလာဘ မသတ္ႏုိင္ဘဲ အသုံးအျဖဳန္းႀကီး တဲ့အတြက္ေၾကာင့္ ထံုးစံအတိုင္း ရဲေတြရိပ္ မိၿပီး အဖမ္းခံ ခဲ့ရတာ ျဖစ္ပါတယ္။

သူက ေထာင္ထဲ ေရာက္တဲ့အခါ သဃၤန္းကၽြန္း ဘဏ္ ေဖာက္ထြင္းမယ့္ကိစၥ နဲ႔ပတ္သက္ၿပီး “သူခုိးလက္ကသူ၀ွက္လု” ခံရတဲ့အေၾကာင္း ကုိလည္း မခ်ိတင္ကဲ ျပန္ေျပာျပေလ့ရွိပါ တယ္။ တကယ္ေတာ့ သူေဖာက္ထြင္းၿပီး ဘဏ္ကယူသြားတဲ့ေငြပမာဏထက္ ေက်ာ္လြန္ၿပီး ဘဏ္၀န္ထမ္းေတြက စာရင္းပုိျပခဲ့ တဲ့အတြက္ ဒီပြဲမွာ သူႏွပ္ပ်စ္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။

၈၈ ဒီမုိကေရစီ အေရးေတာ္ပုံ ေၾကာင့္ လြတ္ၿငိမ္းခ်မ္းသာ ခြင့္နဲ႔ သူခုိးႀကီး ျမင့္သိန္း လြတ္သြားေပမယ့္ ထုံးစံအတုိင္း ဒီေလာကထဲမွာပဲ က်င္လည္ေနတာျဖစ္တဲ့ အတြက္ ေနာက္ခုိးမႈတစ္ခုနဲ႔ ေထာင္ျပန္က် ခဲ့တာ ျဖစ္ပါတယ္။

ျဖစ္ပုံကေတာ့ သဃၤန္းကၽြန္းဘဏ္အမႈ နဲ႔ ေထာင္က်ေနရာကေန ရဲဘက္ထြက္ရ တယ္။ ေနာက္ေတာ့ ရဲဘက္ကေန လြတ္လာတယ္။ အျပင္ျပန္ေရာက္ေတာ့ တျခား အသက္ေမြး၀မ္းေက်ာင္း လုပ္ကုိင္မစား တတ္ေတာ့ဘူး။ ဒီေတာ့ ညတစ္ည လမ္းမေတာ္ၿမိဳ႕နယ္မွာရွိတဲ့ အိမ္တစ္အိမ္ကုိ ၀င္ ခုိးတယ္။

ကံဆုိးခ်င္ေတာ့ အိမ္တြင္းရတနာ ပစၥည္းေတြ ခုိးေနတုန္းမွာ အိမ္ရွင္အဘြား ႀကီး ႏုိးသြားတယ္။ ဒီေတာ့ အဘြားႀကီးကုိပါ ေျခလြန္လက္လြန္႐ုိက္လုိက္မိတယ္။

အဘြား ႀကီးက အဲဒီေခတ္က အၿငိမ္းစားတပ္အရာ ရွိႀကီးတစ္ဦးရဲ႕ဇနီး ျဖစ္တာေၾကာင့္ ဒီအမႈ ကုိ ရဲက ၾကပ္ၾကပ္မတ္မတ္ စုံစမ္းအေရး ယူတယ္။ ေနာက္ဆုံး သူခုိးႀကီးျမင့္သိန္း လက္ရာမွန္း သိသြားၿပီး ခုိးမႈေရာ၊ ႐ုိက္မႈပါ ႏွစ္မႈလုံးနဲ႔ ေထာင္က်လာတယ္။

အခုေတာ့ အင္းစိန္ေထာင္ထဲမွာ က်င္လည္ေနတာ ေပါ့။ စမ္းေခ်ာင္းသားက ေဘာက္ခ်ာေတြ ကုိ အေရာမ၀င္ေပမယ့္ ေဆးလိပ္ေတာ့ အရမ္းေသာက္တယ္။ ေန႔ဘက္ ေဆးလိပ္ ေသာက္ရတာ မခက္ခဲေပမယ့္ ညဘက္ က်ရင္ အက်ဥ္းသားမီးျခစ္မကုိင္ရလုိ႔ ေဆးလိပ္ေသာက္ရတာ အရမ္းခက္ခဲတယ္။

ဒီ အေၾကာင္းကုိ သူခုိးႀကီးျမင့္သိန္းသိေတာ့ “ မင္းကြာ ဒီအတြက္မ်ား ေသာကျဖစ္ေန ေသးတယ္။ ၀ါဒါေတြကုိ ဘာမွေအာက္က်ခံ စရာမလုိဘူး။ ငါျပမယ္။ ဒီမွာၾကည့္” လုိ႔ ေျပာၿပီး ၀ါယာႀကိဳးအနီနဲ႔အနက္ ႏွစ္ေခ်ာင္း ယူလာတယ္။

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၈ ) )

ၿပီးေတာ့ အထဲက သြပ္နန္း ႀကိဳး အမွ်င္ေလးေတြကုိ ထုတ္လုိက္တယ္။ အဲ့လုိထုတ္ၿပီး တုိက္ခန္း၀မွာရွိတဲ့ သံတုိင္ မွာ ခတ္ လုိက္ေတာ့ ၀ါယာႀကိဳးမွာ မီးလာ ေတာက္တယ္။ သူက အဲ့ဒီမီးေတာက္နဲ႔ ေဆးလိပ္မီးညိႇျပတယ္။ ဒီမွာတင္ စမ္း ေခ်ာင္းသားက သူခုိးႀကီးျမင့္သိန္းကုိ ေတာ္ ေတာ္အထင္ႀကီးသြားတယ္။

သူခုိးႀကီးျမင့္ သိန္းကလည္း စမ္းေခ်ာင္းသား လုိအပ္တဲ့ ၀ါယာႀကိဳးကုိ ဘယ္ကဘယ္လုိရွာလာမွန္း မသိ ရွာေပးတယ္။ ဒီလုိနဲ႔ ညဘက္ ေဆး လိပ္ေသာက္ရတာ အဆင္ေျပသြားတယ္။ တစ္ရက္ေတာ့ သူခုိးႀကီးျမင့္သိန္းနဲ႔ စမ္း ေခ်ာင္းသားတုိ႔ ကံဆုိးမုိးေမွာင္က်မယ့္ ေန႔ တစ္ေန႔ ေပၚေပါက္လာတယ္။ ျဖစ္ပုံက ေတာ့ အမ်ိဳးသမီးေထာင္က စတာပါပဲ။

အမ်ိဳးသမီးေထာင္မွာလည္း ေထာင္ တြင္း ျပစ္ဒဏ္လုပ္ရင္ တုိက္ပိတ္တဲ့ျပစ္ဒဏ္ ရွိတယ္။ တစ္ခါက ႏုိင္ငံေရးအက်ဥ္းသူ တစ္ဦးျဖစ္တဲ့ ရန္ကုန္တက္ၠသုိလ္ ေက်ာင္း သားသမဂၢ(ရကသ)က ေက်ာင္းသူ တင္တင္ညိဳဟာ မိန္းမေဆာင္တန္းစီး ခင္စိန္နဲ႔ ရန္ ျဖစ္ၾကတဲ့အတြက္ တန္းစီးခင္စိန္ ဆီးအိမ္ ထိသြား တယ္။

(ယင္းအျဖစ္အပ်က္ကုိ အင္းစိန္ေထာင္မွ ဂႏ႖၀င္လူမုိက္ႀကီးစာအုပ္ တြင္ေဖာ္ျပၿပီး) ဒီအတြက္ ေၾကာင့္ ရကသ ေက်ာင္းသူ တင္တင္ညိဳကုိ တစ္လ တုိက္ ပိတ္လုိက္တယ္။

ျပစ္ဒဏ္ျပည့္တဲ့ေန႔မွာ ေတာ့ တင္တင္ညိဳကုိတုိက္ဖြင့္ေပးဖုိ႔ မိန္းမ ေထာင္မွဴးေတြကုိ ေထာင္ပုိင္ႀကီးက အမိန္႔ ေပးလုိက္တယ္။ ဒါေပမဲ့ အဲဒီမွာျပႆနာ စတတ္ေတာ့တာပဲ။ တင္တင္ညိဳရဲ႕ တုိက္ အခန္းတံခါးကုိဖြင့္ေတာ့ ဖြင့္လုိ႔ မရဘူး။ ေသာ့က ေၾကာင္သြားတာလား။ ေသာ့တံ ေတြကပဲ သံေခ်းတက္ေနတာလား။ ဂ်မ္း ျဖစ္သြားၿပီး ေသာ့ကဖြင့္မရဘူး ျဖစ္ေန တယ္။

ဒီဇယ္ဆီေတြ၊ အုန္းဆီေတြထည့္ၿပီး ဖြင့္ေတာ့လည္း မရဘူး။ ဂတ္ႀကီးမွာရွိတဲ့ မာစတာကီးကုိယူၿပီးဖြင့္ေတာ့လည္း ေသာ့ က မပြင့္ဘူး။ ဒီေတာ့ ေထာင္မွဴးမေတြလည္း ေခၽြးျပန္ေနၿပီ။ တုိက္ထဲမွာရွိတဲ့ တင္တင္ ညိဳကလည္း ျပစ္ဒဏ္ျပည့္ရဲ႕သားနဲ႔ တုိက္ဖြင့္မေပးရင္ ျပႆနာရွာမယ္ဆုိၿပီး ႀကိမ္း ၀ါးေနၿပီ။

မၾကာခင္ ဒီျပႆနာက တစ္ ေထာင္လုံး ျပန္႔သြားၿပီး ႏုိင္ငံေရးအက်ဥ္း သားေတြသိရင္ ေပါက္ကြဲေတာ့မယ့္အေျခ အေနပါပဲ။ မတတ္သာ တဲ့အဆုံး ေထာင္ မွဴးမေတြက ေထာင္ပုိင္ႀကီးကုိ သြားတင္ျပ တယ္။ ေထာင္ပုိင္ကလည္း ဂေဟတုိ႔ၿပီး သံတုိင္ေတြဘာေတြ ျဖတ္ရရင္ ႐ုံးခ်ဳပ္ရဲ႕ သေဘာတူညီခ်က္ လုိအပ္တယ္။

အသိ မေပးဘဲလုပ္လုိ႔ သိသြားရင္ ထုေခ်လႊာ အေတာင္းခံရႏုိင္တယ္။ အခန္႔မသင့္ရင္ ရာထူးေတာင္ျပဳတ္သြားႏုိင္တယ္။ ေထာင္ ပုိင္လည္း ႐ုတ္တရက္ ဘာလုပ္ရမွန္းမသိ ဘူး။ ေနာက္ဆုံး တုိက္ေထာင္မွဴးႀကီးက ေထာင္ပုိင္ႀကီးကုိ တင္ျပတယ္။

သူ႔ဆီမွာ ေသာ့၀ိဇၨာတစ္ဦးျဖစ္တဲ့ အပ္ခ်ေလာင္း(ခ) မာစတာကီး သူခုိးႀကီးျမင့္သိန္းဆုိတာရွိတဲ့ အေၾကာင္းနဲ႔ သူ႔ကုိ မိန္းမေထာင္ေခၚၿပီး ဖြင့္ခုိင္းရင္ရႏုိင္တဲ့အေၾကာင္း တင္ျပေတာ့ ေထာင္ပုိင္က ခ်က္ခ်င္းသေဘာတူတယ္။

ဒါေၾကာင့္ တုိက္ေထာင္မွဴးႀကီးနဲ႔ ၀န္ ထမ္းေတြ သူခုိးႀကီးျမင့္သိန္းဆီ ေရာက္လာ ၾကတယ္။ ၿပီးေတာ့ မိန္းမေထာင္က တုိက္ တံခါးေသာ့ကုိ ဖြင့္ေပးဖုိ႔ေျပာေတာ့ သူခုိး ႀကီးျမင့္သိန္းက အသည္း အသန္ျငင္း တယ္။

ဘာလုိ႔လဲဆုိေတာ့ ေထာင္ထဲမွာ ေသာ့၀ိဇၨာမွန္းသိရင္ ေထာင္၀ါဒါေတြက စိတ္မခ် ေတာ့ဘဲ အေရးႀကီးတဲ့အက်ဥ္းသားအရာရွိ ရာထူးေနရာမွာထားဖို႔ ျငင္းပယ္ေလ့ရွိပါ တယ္။

ဒါကုိ သူခုိးႀကီးျမင့္ သိန္း က ႀကိဳျမင္ ထားေတာ့ သူ႔ရဲ႕ ေသာ့၀ိဇၨာဂုဏ္ပုဒ္ကုိ ေထာင္ထဲမွာ အသာေဖ်ာက္ထားတယ္။ ဒါေၾကာင့္လည္း ေဆး႐ုံမွာ ေနရာတစ္ခုရ ၿပီး အေနေခ်ာင္ အစားေခ်ာင္ေနတာေပါ့။ အခုေတာ့ အကုလုိလ္ၿဂိဳဟ္စီးၿပီး တုိင္ပတ္ မယ့္အမႈ သူ႔ထံကုိ ဆုိက္ဆုိက္ၿမိဳက္ၿမိဳက္ ေရာက္ရွိလာၿပီ။ သူခုိးႀကီးျမင့္သိန္းက ေထာင္မွဴးႀကီး အကူအညီေတာင္းတာကုိ အသည္း အသန္ျငင္းတယ္။

သူခုိးႀကီး ဘာ ေၾကာင့္ျငင္းတယ္ဆုိတာကုိ ေထာင္မွဴးႀကီး နဲ႔အတူပါလာတဲ့ ေထာင္မွဴးေအာင္စုိးက လည္း သေဘာေပါက္သြားတယ္။ ဒီေတာ့ သူခုိးႀကီးကုိ တစ္ခ်က္လွမ္းေထာက္တယ္။

“ကဲ ငါပြင့္ပြင့္လင္းလင္းပဲ ေျပာမယ္ သူခုိးႀကီး။ မင္း မိန္းမေထာင္က ေသာ့ကုိ ဖြင့္ႏိုင္ရင္လည္း မင္းကုိ ေထာင္မွာ အေန ေခ်ာင္ေအာင္ ငါအာမခံတယ္။ ေအး ဖြင့္ ႏုိင္ရဲ႕သားနဲ႔ လက္ေကာက္က်တယ္ဆုိရင္ ေတာ့ ေရွ႕တစ္ပတ္က်ရင္ ရဲဘက္ထြက္ဖုိ႔ ျပင္ထားေပေတာ့”

ေထာင္မွဴးေအာင္စုိးရဲ႕ စကားေၾကာင့္ သူခုိးႀကီး ဆတ္ဆတ္ခါသြားတယ္။ ေနာက္ ဆုံး ေသာ့လိုက္ဖြင့္ ေပးမယ္လုိ႔ ကတိေပး လုိက္ရတယ္။

ေထာင္က ေသာ့ဖြင့္ဖုိ႔ ဘာ ကိရိယာေတြ လုိသလဲဆုိၿပီး သူခုိးႀကီးကုိေမး ေတာ့ ႀကီးႀကီးက်ယ္က်ယ္ ဘာမွမေတာင္း ဘဲ စက္ဘီးစမုတ္တံေလးတစ္ေခ်ာင္းသာ ေတာင္းတယ္။ ေထာင္မွဴးႀကီးက သူ႔ကုိ မယုံရဲ ယုံရဲနဲ႔ စက္ဘီးစမုတ္တံ ေပးလုိက္ တယ္။ သူခုိးႀကီးျမင့္သိန္းလည္း တင္တင္ ညိဳ တုိက္ခန္းေသာ့ကုိ စက္ဘီးစမုတ္တံနဲ႔ အမ်ိဳးမ်ိဳးစမ္းၿပီး ဖြင့္လုိက္တာ ၁၅ မိနစ္ အတြင္းမွာ ေသာ့ပြင့္သြားတယ္။

ဘယ္လုိပဲ ျဖစ္ျဖစ္ ေထာင္ရဲ႕အၾကပ္အတည္း တစ္ခုကုိ သူခုိးႀကီးျမင့္သိန္းက ကယ္တင္လုိက္တာ ျဖစ္ပါတယ္။ ဒီလုိနဲ႔ သူလည္း ေထာင္မွာ အပ္ခ်ေလာင္းေသာ့၀ိဇၨာ ဆုိၿပီး နာမည္ႀကီး သြားတယ္။ ေထာင္က ကတိစကားအတုိင္း သူခုိးႀကီးျမင့္ သိန္း ကုိ ပုိေနၿမဲ က်ားေနၿမဲ ထားလုိက္ေတာ့ သူလည္း နည္းနည္းဘ၀င္ ခုိက္သြားတယ္။

ေျမာက္ လည္း ေျမာက္ သြားတယ္။ ဒါေပမဲ့ သူခုိးႀကီးျမင့္သိန္းက စမ္းေခ်ာင္းသားအေပၚမွာေတာ့ အခင္ အမင္မပ်က္ဘူး။ စမ္းေခ်ာင္းသားလုိအပ္ တဲ့ အကူအညီကုိ အၿမဲေပးေလ့ရွိတယ္။ ဒါေပမဲ့ သူတုိ႔ႏွစ္ေယာက္ ကံဆုိးမယ့္ေန႔ တစ္ေန႔ ေရာက္ရွိလာပါၿပီ။

ေထာင္မွာ အက်ဥ္းသားတစ္ေယာက္ အတြက္ အသားစားရက္တစ္ရက္ေပးသလုိ တစ္ကုိယ္ရည္သန္႔ရွင္းေရးအတြက္ လက္သုံးဆစ္ခန္႔ရွိတဲ့ ေရႊ၀ါဆပ္ျပာ အတုံးေသး တစ္တုံးကုိလည္း ေပးပါတယ္။ ဒီအတုံး တစ္တုံးဟာ ေလွ်ာ္ဖုိ႔ဖြပ္ဖုိ႔အတြက္ တစ္ပတ္ စာ ျဖစ္ပါတယ္။ တကယ္ေတာ့ အက်ဥ္း သားတစ္ေယာက္အတြက္ ဒီေလာက္ေရႊ၀ါ ဆပ္ျပာ အတုံးတစ္တုံးဟာ မေလာက္ငပါ ဘူး။

ေထာင္ကေပးတဲ့ အက်ဥ္းသား၀တ္စုံ ေတြဟာ ခ်ည္ၾကမ္းတဲ့အတြက္ အ၀တ္ ေလွ်ာ္ဖုိ႔ ဆပ္ျပာသုံးရင္ အေတာ္ကုန္ပါ တယ္။ ဒါေပမဲ့ ေရႊ၀ါဆပ္ျပာ မေလာက္င ေၾကာင္း ဘယ္အက်ဥ္းသားကမွ ေထာင္ အာဏာပုိင္ကုိ မတင္ျပရဲပါဘူး။ တင္ျပရင္ လည္း ေထာင္၀န္ထမ္းေတြက တျခားတစ္ နည္းနည္းနဲ႔ ပညာေပးေလ့ရွိပါတယ္။

တစ္ ခါကေတာ့ စစ္ေခြးတုိက္မွာ ပုံစံဆပ္ျပာ မေလာက္လုိ႔ ေထာင္ပုိင္ကုိ တင္ျပခ်င္တဲ့ အက်ဥ္းသားတစ္ေယာက္ျဖစ္တဲ့ သုံးခြသား သားသား ဆုိသူဟာ ေထာင္ပုိင္ မလာတဲ့ အတြက္ အခန္းေဖာ္ ေတာင္ဥကၠလာသား လွဦးကုိ ဘာရန္ၿငိဳးရန္စမွမရွိဘဲ ဂန္ဖလား ေအာက္မွာ ခုထားတဲ့ အုတ္နီခဲနဲ႔ ထုသတ္ ခဲ့တဲ့ျဖစ္ရပ္တစ္ခု ရွိခဲ့ပါတယ္။ အခုလည္း စမ္းေခ်ာင္းသားအတြက္ ပုံစံဆပ္ျပာဟာ မေလာက္ငပါဘူး။

ဒါေၾကာင့္ သူခုိးႀကီးျမင့္ သိန္းက ေဆး႐ုံမွာ လူနာေတြ ေရခ်ိဳးေလွ်ာ္ ဖြပ္ရင္း က်န္ခဲ့တဲ့ ေရႊ၀ါဆပ္ျပာအတုိအစ အတုံးအခဲေလးေတြကုိ လုံးလုံးၿပီး ေနလွန္း ထားတယ္။ သူ႔ကုိဘာလုပ္တာလဲေမးေတာ့ “ ဒါဟာ စြန္႔ပစ္ပစ္ၥည္းေတြကုိ ျပန္အသုံးခ်ဖုိ႔ လုပ္တာ။

ေထာင္ဥပေဒအရ ဘာနဲ႔မွ ဒုကၡ ေပးလုိ႔မရဘူး။ ဒီဆပ္ျပာခဲေလးေတြက တန္းစီးေတြရွာတဲ့ အပူစာနဲ႔ တျခားစီပဲကြ” လုိ႔လည္း ေျပာေလ့ရွိတယ္။

ေရႊ၀ါဆပ္ျပာ အခဲေလးေတြ ေျခာက္ေတာ့မွ စမ္းေခ်ာင္း သားကုိ ေလွ်ာ္ဖုိ႔ဖြပ္ဖုိ႔ သြားသြားေပးတယ္။ စမ္းေခ်ာင္းသားကလည္း သူခုိးႀကီးျမင့္ သိန္းကုိ ေက်းဇူးတင္ေနတာေပါ့။

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၈ ) )

တစ္ရက္ေတာ့ သူခုိးႀကီးျမင့္သိန္းဟာ စမ္းေခ်ာင္းသားကုိ အရင္ေပးေနက် ေရႊ၀ါ ဆပ္ျပာခဲထက္ ပုိႀကီးတဲ့ဆပ္ျပာခဲေလးကုိ ေပးတယ္။ ၿပီးေတာ့ ထူးထူးဆန္းဆန္းစကား တစ္ခြန္းေျပာတယ္။

“ ဒီဆပ္ျပာကုိေတာ့ မင္းမသုံးနဲ႔ကြာ။ ငါ့အတြက္ သိမ္းထားေပးပါ”

“ ခင္ဗ်ား ဘာလုပ္မလုိ႔လဲ”

သူခုိးႀကီးျမင့္သိန္းက ရယ္စရာမဟုတ္ တာကုိ ရယ္လုိက္တယ္။ ၿပီးေတာ့မွ ဆက္ ေျပာတယ္။

“ငါလည္း ေလာဘနည္းနည္းတက္ သြားတယ္။ ေစာင္ေတြ ဘာေတြ ေလွ်ာ္တဲ့ အခါက် ဒီဆပ္ျပာတုံးကုိ မင္းဆီက ျပန္ ေတာင္းမလုိ႔ သိမ္းထားေပးဖုိ႔ ေျပာတာ”

စမ္းေခ်ာင္းသားလည္း သူခုိးႀကီးျမင့္ သိန္း ေျပာတဲ့အတုိင္း သူေျပာတဲ့ ေရႊ၀ါ ဆပ္ျပာခဲကုိ သိမ္းထား ေပး လုိက္တယ္။ အဲဒီအခ်ိန္ (၄) ေဆာင္ ေတာင္ယာထဲမွာ ဘိန္းျဖဴေတြမိတဲ့သတင္း ေရာက္လာ တယ္။

ေထာင္က အတြင္းထဲကုိ ဘိန္းျဖဴေတြ ဘယ္ လုိ ခုိးသြင္းေနသလဲဆုိတာ လုိက္စုံစမ္းေန တယ္။ ၀န္ထမ္းေတြလည္း မေခ်ာင္ဘူး။ သတင္းေတြကေတာ့ အမ်ိဳးမ်ိဳးျဖစ္ေနတာ ပဲ။

ဒီသတင္းေတြထဲမွာ ဘိန္းျဖဴနဲ႔ ပတ္ သက္ၿပီး ေက်ာ္ေစာသတင္းရွိတဲ့ တုိက္ တန္းစီး ပုိးဟပ္ျဖဴတုိ႔လည္း ပါေနတယ္။ ဒါေပမဲ့ ဒီကိစ္ၥက ႏုိင္ငံေရးအက်ဥ္းသားေတြ နဲ႔ ဘာမွမဆုိင္တာမုိ႔ စမ္းေခ်ာင္းသားလည္း လက္ပါးတုိက္မွာ ေအးေအးေဆးေဆးပဲရွိ ေနပါတယ္။

တစ္မနက္ေတာ့ လက္ပါးတုိက္ကုိ ၀န္ထမ္း ၂၀ ေလာက္ေရာက္လာၿပီး တလာ စီတယ္။ တလာစီတယ္ဆုိတာ ကုလား စကားျဖစ္ၿပီး ရွာေဖြေရးလုပ္တာကုိ ေျပာ တာပါ။ “ ပံုစံ” လက္ပါးတုိက္တစ္ခုလုံးကုိ တစ္စစီျဖစ္ေအာင္ ေမႊတယ္။

အဓိကက ပုိးဟပ္ျဖဴကုိ ေထာင္ကဖမ္းတာ။ ဒါေပမဲ့ ႀကိဳသတင္းရထားတဲ့ ပုိးဟပ္ျဖဴက အားလုံး ေဖ်ာက္ထားၿပီးၿပီ။ ဘာပစၥည္းမွရွာမေတြ႕ ဘူး။

အဲဒီအခ်ိန္မွာပဲ ကံဆုိးခ်င္ေတာ့ စမ္း ေခ်ာင္းသားအခန္းထဲက ပုံသဏၭာန္မက်တဲ့ ေရႊ၀ါဆပ္ျပာကုိ ၀ါဒါေတြ ေတြ႕သြားတယ္။ ၀န္ထမ္းက ေထာင္မွဴးကုိ ဒီေရႊ၀ါဆပ္ျပာက လုံးထားတယ္ဆုိၿပီး သြားျပတယ္။ စမ္း ေခ်ာင္းသားက လွမ္းတားတယ္။

“ မလုပ္ပါနဲ႔ဗ်ာ။ ဒီဆပ္ျပာတုံးက ေစာင္ေလွ်ာ္ရင္ သုံးဖုိ႔။ လူတစ္ေယာက္ လာအပ္ထားတာ”

ေထာင္မွဴးက ဘယ္သူအပ္တာလဲေမး ေတာ့ လြယ္လြယ္ပဲ ကုိျမင့္သိန္းလုိ႔ ေျဖ လုိက္တယ္။

ဘယ္ျမင့္သိန္းလဲလုိ႔ ထပ္ေမးေတာ့ သူခုိးႀကီးျမင့္သိန္းလုိ႔ေျဖလုိက္တယ္။ စကား လည္းဆုံးေရာ ေထာင္မွဴးက ေရႊ၀ါဆပ္ျပာ ခဲကုိ ခြဲလုိက္တယ္။

ေရႊ၀ါဆပ္ျပာတုံးထဲက ထြက္လာတဲ့ စက္ဘီးစမုတ္တံ အတုိေလး ေၾကာင့္ စမ္းေခ်ာင္းသား အံ့ၾသသြားတယ္။ ဒီပစၥည္းကုိ ေတြ႕သြားၿပီးၿပီးခ်င္း ေထာင္ မွဴးက သူခုိးႀကီးျမင့္သိန္းကုိ ခ်က္ခ်င္းေခၚ လုိက္တယ္။ သူခုိးႀကီးျမင့္သိန္းကလည္း ဒီ ပစၥည္းဟာ သူ႔ပစၥည္းဆုိတာ ၀န္ခံတယ္။

“ မင္းဘာလုပ္ဖုိ႔လဲ” လုိ႔ေမးေတာ့ သူခုိး ႀကီးက ဆပ္ျပာတုံးေလးေတြ လုံးတဲ့အခါ ခုိင္ေအာင္လုိ႔ထည့္ထားတာပါလုိ႔ ေျဖတယ္။ သူခုိးႀကီး ေျဖသံလည္းဆုံးေရာ ေထာင္မွဴး ေတြ ၀ါဒါေတြက တအုန္းအုန္းနဲ႔႐ုိက္ေတာ့ တာပါပဲ။

တုိတုိေျပာရရင္ သူခုိးႀကီးျမင့္သိန္း ကုိ ႐ုံးတင္တယ္။ ၿပီးေတာ့ စက္ဘီးစမုတ္တံ တရားမ၀င္ကုိင္ေဆာင္မႈနဲ႔ တုိက္ပိတ္လုိက္ တယ္။ သူခုိးႀကီးျမင့္သိန္းရဲ႕ စက္ဘီးစမုတ္တံကုိ သိမ္းထားေပးတဲ့ စမ္းေခ်ာင္းသားကုိ လည္း လက္ပါးတုိက္မွာ ဒီအတုိင္းမထား ေတာ့ဘူး။ ေနာက္ဆုံး စမ္းေခ်ာင္းသားကုိ တြဲဖက္ေထာင္ (၂) တုိက္ အေနာက္ျခမ္းကုိ ပုိ႔လုိက္တယ္။

အဲဒီမွာ စမ္းေခ်ာင္းသားတစ္ေယာက္ မကၽြတ္လြတ္တဲ့သူေတြနဲ႔ ဆုံေတြ႕ရေတာ့ တာပါပဲ။

(ဆက္လက္တင္ဆက္ေပးပါမယ္္……)

Credit – ေဇာ္သက္ေထြး

ျပီးခဲ႔ေသာ အခန္းဆက္မ်ား ဖတ္ရႈလိုပါက ေအာက္တြင္ မိမိဖတ္လိုေသာအပိုင္းကို ႏွိပ္လုိက္ပါ….

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၇ ) )

Unicode

အပ်ချလောင်း သော့ဝိဇ္ဇာ သူခိုးကြီး မြင့်သိန်း ”

လက် ပါး တိုက် မှာ ခက်ခဲတဲ့နေ့တွေ ကို စမ်းချောင်းသား ဖြတ်သန်း နေတဲ့အချိန်မှာ ထူးဆန်းတဲ့ လူတစ်ယောက် နဲ့ ထပ်မံဆုံတွေ့ခဲ့ရပြန် ပါ တယ်။ သူ့ကို တိုက်တန်းစီးဖြစ် တဲ့ ပိုးဟပ်ဖြူ က မိတ်ဆက် ပေးတာ ပါ ။ သူကတော့ ရုပ်ရည် သန့်သန့်ပြန့်ပြန့်နဲ့ သူ့ကိုယ်သူ “ သူခိုးကြီးမြင့်သိန်း” လို့ မိတ်ဆက် ပါတယ် ။ သူက ရန်ကုန် သူခိုးလောကထဲ မှာ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ် ကတည်းက ကျင်လည် နေတဲ့သူဖြစ် ပါတယ် ။

ထောင်ထဲကို ဝင်ခလုတ် ထွက်ခလုတ် လုပ်နေရင်း က သင်္ဃန်းကျွန်း မှာ ရှိတဲ့ မြန်မာ့စီးပွားရေးဘဏ် ကို ခေါင်မိုးက ဖောက်ပြီး ငွေတွေ ခိုးခဲ့တဲ့အတွက် နှစ်ကြီးထောင်ကျ ခဲ့ရတာ ဖြစ်ပါတယ်။ သူက ဉာဏ်ကောင်း တယ် ။

အလုပ်တစ်ခုလုပ်ရင် သေချာလေ့လာပြီးပိုင်မှ လုပ်တယ်။ သင်္ဃန်းကျွန်းဘဏ် ကို မဖောက်ခင် ရက်ပေါင်းများစွာ လေ့ လာပြီးမှ သပ်သပ်ရပ်ရပ် ဖောက်ထွင်းခဲ့ တာဖြစ်တယ်။ဖောက်ထွင်းမယ့် ရက်ကိုလည်း ဝန်ထမ်းတွေ ရုံးမတက်တဲ့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက် ကိုချိန်ပြီး သောကြာနေ့ ညမှာ ဖောက်ထွင်းခဲ့ တာ ဖြစ်တယ်။

ဖောက်ထွင်းတဲ့နေရာမှာ ဒီလိုဉာဏ် ကောင်းပေမယ့် မတရား သဖြင့် ရရှိလာတဲ့ငွေတွေ ကို လောဘ မသတ်နိုင်ဘဲ အသုံးအဖြုန်းကြီး တဲ့အတွက်ကြောင့် ထုံးစံအတိုင်း ရဲတွေရိပ် မိပြီး အဖမ်းခံ ခဲ့ရတာ ဖြစ်ပါတယ်။

သူက ထောင်ထဲ ရောက်တဲ့အခါ သင်္ဃန်းကျွန်း ဘဏ် ဖောက်ထွင်းမယ့်ကိစ္စ နဲ့ပတ်သက်ပြီး “သူခိုးလက်ကသူဝှက်လု” ခံရတဲ့အကြောင်း ကိုလည်း မချိတင်ကဲ ပြန်ပြောပြလေ့ရှိပါ တယ်။ တကယ်တော့ သူဖောက်ထွင်းပြီး ဘဏ်ကယူသွားတဲ့ငွေပမာဏထက် ကျော်လွန်ပြီး ဘဏ်ဝန်ထမ်းတွေက စာရင်းပိုပြခဲ့ တဲ့အတွက် ဒီပွဲမှာ သူနှပ်ပျစ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကြောင့် လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ သူခိုးကြီး မြင့်သိန်း လွတ်သွားပေမယ့် ထုံးစံအတိုင်း ဒီလောကထဲမှာပဲ ကျင်လည်နေတာဖြစ်တဲ့ အတွက် နောက်ခိုးမှုတစ်ခုနဲ့ ထောင်ပြန်ကျ ခဲ့တာ ဖြစ်ပါတယ်။

ဖြစ်ပုံကတော့ သင်္ဃန်းကျွန်းဘဏ်အမှု နဲ့ ထောင်ကျနေရာကနေ ရဲဘက်ထွက်ရ တယ်။ နောက်တော့ ရဲဘက်ကနေ လွတ်လာတယ်။ အပြင်ပြန်ရောက်တော့ တခြား အသက်မွေးဝမ်းကျောင်း လုပ်ကိုင်မစား တတ်တော့ဘူး။ ဒီတော့ ညတစ်ည လမ်းမတော်မြို့နယ်မှာရှိတဲ့ အိမ်တစ်အိမ်ကို ဝင် ခိုးတယ်။

ကံဆိုးချင်တော့ အိမ်တွင်းရတနာ ပစ္စည်းတွေ ခိုးနေတုန်းမှာ အိမ်ရှင်အဘွား ကြီး နိုးသွားတယ်။ ဒီတော့ အဘွားကြီးကိုပါ ခြေလွန်လက်လွန်ရိုက်လိုက်မိတယ်။

အဘွား ကြီးက အဲဒီခေတ်က အငြိမ်းစားတပ်အရာ ရှိကြီးတစ်ဦးရဲ့ဇနီး ဖြစ်တာကြောင့် ဒီအမှု ကို ရဲက ကြပ်ကြပ်မတ်မတ် စုံစမ်းအရေး ယူတယ်။ နောက်ဆုံး သူခိုးကြီးမြင့်သိန်း လက်ရာမှန်း သိသွားပြီး ခိုးမှုရော၊ ရိုက်မှုပါ နှစ်မှုလုံးနဲ့ ထောင်ကျလာတယ်။

အခုတော့ အင်းစိန်ထောင်ထဲမှာ ကျင်လည်နေတာ ပေါ့။ စမ်းချောင်းသားက ဘောက်ချာတွေ ကို အရောမဝင်ပေမယ့် ဆေးလိပ်တော့ အရမ်းသောက်တယ်။ နေ့ဘက် ဆေးလိပ် သောက်ရတာ မခက်ခဲပေမယ့် ညဘက် ကျရင် အကျဉ်းသားမီးခြစ်မကိုင်ရလို့ ဆေးလိပ်သောက်ရတာ အရမ်းခက်ခဲတယ်။

ဒီ အကြောင်းကို သူခိုးကြီးမြင့်သိန်းသိတော့ “ မင်းကွာ ဒီအတွက်များ သောကဖြစ်နေ သေးတယ်။ ဝါဒါတွေကို ဘာမှအောက်ကျခံ စရာမလိုဘူး။ ငါပြမယ်။ ဒီမှာကြည့်” လို့ ပြောပြီး ဝါယာကြိုးအနီနဲ့အနက် နှစ်ချောင်း ယူလာတယ်။

ပြီးတော့ အထဲက သွပ်နန်း ကြိုး အမျှင်လေးတွေကို ထုတ်လိုက်တယ်။ အဲ့လိုထုတ်ပြီး တိုက်ခန်းဝမှာရှိတဲ့ သံတိုင် မှာ ခတ် လိုက်တော့ ဝါယာကြိုးမှာ မီးလာ တောက်တယ်။ သူက အဲ့ဒီမီးတောက်နဲ့ ဆေးလိပ်မီးညှိပြတယ်။ ဒီမှာတင် စမ်း ချောင်းသားက သူခိုးကြီးမြင့်သိန်းကို တော် တော်အထင်ကြီးသွားတယ်။

သူခိုးကြီးမြင့် သိန်းကလည်း စမ်းချောင်းသား လိုအပ်တဲ့ ဝါယာကြိုးကို ဘယ်ကဘယ်လိုရှာလာမှန်း မသိ ရှာပေးတယ်။ ဒီလိုနဲ့ ညဘက် ဆေး လိပ်သောက်ရတာ အဆင်ပြေသွားတယ်။ တစ်ရက်တော့ သူခိုးကြီးမြင့်သိန်းနဲ့ စမ်း ချောင်းသားတို့ ကံဆိုးမိုးမှောင်ကျမယ့် နေ့ တစ်နေ့ ပေါ်ပေါက်လာတယ်။ ဖြစ်ပုံက တော့ အမျိုးသမီးထောင်က စတာပါပဲ။

အမျိုးသမီးထောင်မှာလည်း ထောင် တွင်း ပြစ်ဒဏ်လုပ်ရင် တိုက်ပိတ်တဲ့ပြစ်ဒဏ် ရှိတယ်။ တစ်ခါက နိုင်ငံရေးအကျဉ်းသူ တစ်ဦးဖြစ်တဲ့ ရန်ကုန်တက်္ကသိုလ် ကျောင်း သားသမဂ္ဂ(ရကသ)က ကျောင်းသူ တင်တင်ညိုဟာ မိန်းမဆောင်တန်းစီး ခင်စိန်နဲ့ ရန် ဖြစ်ကြတဲ့အတွက် တန်းစီးခင်စိန် ဆီးအိမ် ထိသွား တယ်။

(ယင်းအဖြစ်အပျက်ကို အင်းစိန်ထောင်မှ ဂန္တွဝင်လူမိုက်ကြီးစာအုပ် တွင်ဖော်ပြပြီး) ဒီအတွက် ကြောင့် ရကသ ကျောင်းသူ တင်တင်ညိုကို တစ်လ တိုက် ပိတ်လိုက်တယ်။

ပြစ်ဒဏ်ပြည့်တဲ့နေ့မှာ တော့ တင်တင်ညိုကိုတိုက်ဖွင့်ပေးဖို့ မိန်းမ ထောင်မှူးတွေကို ထောင်ပိုင်ကြီးက အမိန့် ပေးလိုက်တယ်။ ဒါပေမဲ့ အဲဒီမှာပြဿနာ စတတ်တော့တာပဲ။ တင်တင်ညိုရဲ့ တိုက် အခန်းတံခါးကိုဖွင့်တော့ ဖွင့်လို့ မရဘူး။ သော့က ကြောင်သွားတာလား။ သော့တံ တွေကပဲ သံချေးတက်နေတာလား။ ဂျမ်း ဖြစ်သွားပြီး သော့ကဖွင့်မရဘူး ဖြစ်နေ တယ်။

ဒီဇယ်ဆီတွေ၊ အုန်းဆီတွေထည့်ပြီး ဖွင့်တော့လည်း မရဘူး။ ဂတ်ကြီးမှာရှိတဲ့ မာစတာကီးကိုယူပြီးဖွင့်တော့လည်း သော့ က မပွင့်ဘူး။ ဒီတော့ ထောင်မှူးမတွေလည်း ချွေးပြန်နေပြီ။ တိုက်ထဲမှာရှိတဲ့ တင်တင် ညိုကလည်း ပြစ်ဒဏ်ပြည့်ရဲ့သားနဲ့ တိုက်ဖွင့်မပေးရင် ပြဿနာရှာမယ်ဆိုပြီး ကြိမ်း ဝါးနေပြီ။

မကြာခင် ဒီပြဿနာက တစ် ထောင်လုံး ပြန့်သွားပြီး နိုင်ငံရေးအကျဉ်း သားတွေသိရင် ပေါက်ကွဲတော့မယ့်အခြေ အနေပါပဲ။ မတတ်သာ တဲ့အဆုံး ထောင် မှူးမတွေက ထောင်ပိုင်ကြီးကို သွားတင်ပြ တယ်။ ထောင်ပိုင်ကလည်း ဂဟေတို့ပြီး သံတိုင်တွေဘာတွေ ဖြတ်ရရင် ရုံးချုပ်ရဲ့ သဘောတူညီချက် လိုအပ်တယ်။

အသိ မပေးဘဲလုပ်လို့ သိသွားရင် ထုချေလွှာ အတောင်းခံရနိုင်တယ်။ အခန့်မသင့်ရင် ရာထူးတောင်ပြုတ်သွားနိုင်တယ်။ ထောင် ပိုင်လည်း ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဘူး။ နောက်ဆုံး တိုက်ထောင်မှူးကြီးက ထောင်ပိုင်ကြီးကို တင်ပြတယ်။

သူ့ဆီမှာ သော့ဝိဇ္ဇာတစ်ဦးဖြစ်တဲ့ အပ်ချလောင်း(ခ) မာစတာကီး သူခိုးကြီးမြင့်သိန်းဆိုတာရှိတဲ့ အကြောင်းနဲ့ သူ့ကို မိန်းမထောင်ခေါ်ပြီး ဖွင့်ခိုင်းရင်ရနိုင်တဲ့အကြောင်း တင်ပြတော့ ထောင်ပိုင်က ချက်ချင်းသဘောတူတယ်။

ဒါကြောင့် တိုက်ထောင်မှူးကြီးနဲ့ ဝန် ထမ်းတွေ သူခိုးကြီးမြင့်သိန်းဆီ ရောက်လာ ကြတယ်။ ပြီးတော့ မိန်းမထောင်က တိုက် တံခါးသော့ကို ဖွင့်ပေးဖို့ပြောတော့ သူခိုး ကြီးမြင့်သိန်းက အသည်း အသန်ငြင်း တယ်။

ဘာလို့လဲဆိုတော့ ထောင်ထဲမှာ သော့ဝိဇ္ဇာမှန်းသိရင် ထောင်ဝါဒါတွေက စိတ်မချ တော့ဘဲ အရေးကြီးတဲ့အကျဉ်းသားအရာရှိ ရာထူးနေရာမှာထားဖို့ ငြင်းပယ်လေ့ရှိပါ တယ်။

ဒါကို သူခိုးကြီးမြင့် သိန်း က ကြိုမြင် ထားတော့ သူ့ရဲ့ သော့ဝိဇ္ဇာဂုဏ်ပုဒ်ကို ထောင်ထဲမှာ အသာဖျောက်ထားတယ်။ ဒါကြောင့်လည်း ဆေးရုံမှာ နေရာတစ်ခုရ ပြီး အနေချောင် အစားချောင်နေတာပေါ့။ အခုတော့ အကုလိုလ်ဂြိုဟ်စီးပြီး တိုင်ပတ် မယ့်အမှု သူ့ထံကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီ။ သူခိုးကြီးမြင့်သိန်းက ထောင်မှူးကြီး အကူအညီတောင်းတာကို အသည်း အသန်ငြင်းတယ်။

သူခိုးကြီး ဘာ ကြောင့်ငြင်းတယ်ဆိုတာကို ထောင်မှူးကြီး နဲ့အတူပါလာတဲ့ ထောင်မှူးအောင်စိုးက လည်း သဘောပေါက်သွားတယ်။ ဒီတော့ သူခိုးကြီးကို တစ်ချက်လှမ်းထောက်တယ်။

“ကဲ ငါပွင့်ပွင့်လင်းလင်းပဲ ပြောမယ် သူခိုးကြီး။ မင်း မိန်းမထောင်က သော့ကို ဖွင့်နိုင်ရင်လည်း မင်းကို ထောင်မှာ အနေ ချောင်အောင် ငါအာမခံတယ်။ အေး ဖွင့် နိုင်ရဲ့သားနဲ့ လက်ကောက်ကျတယ်ဆိုရင် တော့ ရှေ့တစ်ပတ်ကျရင် ရဲဘက်ထွက်ဖို့ ပြင်ထားပေတော့”

ထောင်မှူးအောင်စိုးရဲ့ စကားကြောင့် သူခိုးကြီး ဆတ်ဆတ်ခါသွားတယ်။ နောက် ဆုံး သော့လိုက်ဖွင့် ပေးမယ်လို့ ကတိပေး လိုက်ရတယ်။

ထောင်က သော့ဖွင့်ဖို့ ဘာ ကိရိယာတွေ လိုသလဲဆိုပြီး သူခိုးကြီးကိုမေး တော့ ကြီးကြီးကျယ်ကျယ် ဘာမှမတောင်း ဘဲ စက်ဘီးစမုတ်တံလေးတစ်ချောင်းသာ တောင်းတယ်။ ထောင်မှူးကြီးက သူ့ကို မယုံရဲ ယုံရဲနဲ့ စက်ဘီးစမုတ်တံ ပေးလိုက် တယ်။ သူခိုးကြီးမြင့်သိန်းလည်း တင်တင် ညို တိုက်ခန်းသော့ကို စက်ဘီးစမုတ်တံနဲ့ အမျိုးမျိုးစမ်းပြီး ဖွင့်လိုက်တာ ၁၅ မိနစ် အတွင်းမှာ သော့ပွင့်သွားတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ထောင်ရဲ့အကြပ်အတည်း တစ်ခုကို သူခိုးကြီးမြင့်သိန်းက ကယ်တင်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ သူလည်း ထောင်မှာ အပ်ချလောင်းသော့ဝိဇ္ဇာ ဆိုပြီး နာမည်ကြီး သွားတယ်။ ထောင်က ကတိစကားအတိုင်း သူခိုးကြီးမြင့် သိန်း ကို ပိုနေမြဲ ကျားနေမြဲ ထားလိုက်တော့ သူလည်း နည်းနည်းဘဝင် ခိုက်သွားတယ်။

မြောက် လည်း မြောက် သွားတယ်။ ဒါပေမဲ့ သူခိုးကြီးမြင့်သိန်းက စမ်းချောင်းသားအပေါ်မှာတော့ အခင် အမင်မပျက်ဘူး။ စမ်းချောင်းသားလိုအပ် တဲ့ အကူအညီကို အမြဲပေးလေ့ရှိတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက် ကံဆိုးမယ့်နေ့ တစ်နေ့ ရောက်ရှိလာပါပြီ။

ထောင်မှာ အကျဉ်းသားတစ်ယောက် အတွက် အသားစားရက်တစ်ရက်ပေးသလို တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လက်သုံးဆစ်ခန့်ရှိတဲ့ ရွှေဝါဆပ်ပြာ အတုံးသေး တစ်တုံးကိုလည်း ပေးပါတယ်။ ဒီအတုံး တစ်တုံးဟာ လျှော်ဖို့ဖွပ်ဖို့အတွက် တစ်ပတ် စာ ဖြစ်ပါတယ်။ တကယ်တော့ အကျဉ်း သားတစ်ယောက်အတွက် ဒီလောက်ရွှေဝါ ဆပ်ပြာ အတုံးတစ်တုံးဟာ မလောက်ငပါ ဘူး။

ထောင်ကပေးတဲ့ အကျဉ်းသားဝတ်စုံ တွေဟာ ချည်ကြမ်းတဲ့အတွက် အဝတ် လျှော်ဖို့ ဆပ်ပြာသုံးရင် အတော်ကုန်ပါ တယ်။ ဒါပေမဲ့ ရွှေဝါဆပ်ပြာ မလောက်င ကြောင်း ဘယ်အကျဉ်းသားကမှ ထောင် အာဏာပိုင်ကို မတင်ပြရဲပါဘူး။ တင်ပြရင် လည်း ထောင်ဝန်ထမ်းတွေက တခြားတစ် နည်းနည်းနဲ့ ပညာပေးလေ့ရှိပါတယ်။

တစ် ခါကတော့ စစ်ခွေးတိုက်မှာ ပုံစံဆပ်ပြာ မလောက်လို့ ထောင်ပိုင်ကို တင်ပြချင်တဲ့ အကျဉ်းသားတစ်ယောက်ဖြစ်တဲ့ သုံးခွသား သားသား ဆိုသူဟာ ထောင်ပိုင် မလာတဲ့ အတွက် အခန်းဖော် တောင်ဥက္ကလာသား လှဦးကို ဘာရန်ငြိုးရန်စမှမရှိဘဲ ဂန်ဖလား အောက်မှာ ခုထားတဲ့ အုတ်နီခဲနဲ့ ထုသတ် ခဲ့တဲ့ဖြစ်ရပ်တစ်ခု ရှိခဲ့ပါတယ်။ အခုလည်း စမ်းချောင်းသားအတွက် ပုံစံဆပ်ပြာဟာ မလောက်ငပါဘူး။

ဒါကြောင့် သူခိုးကြီးမြင့် သိန်းက ဆေးရုံမှာ လူနာတွေ ရေချိုးလျှော် ဖွပ်ရင်း ကျန်ခဲ့တဲ့ ရွှေဝါဆပ်ပြာအတိုအစ အတုံးအခဲလေးတွေကို လုံးလုံးပြီး နေလှန်း ထားတယ်။ သူ့ကိုဘာလုပ်တာလဲမေးတော့ “ ဒါဟာ စွန့်ပစ်ပစ်္စည်းတွေကို ပြန်အသုံးချဖို့ လုပ်တာ။

ထောင်ဥပဒေအရ ဘာနဲ့မှ ဒုက္ခ ပေးလို့မရဘူး။ ဒီဆပ်ပြာခဲလေးတွေက တန်းစီးတွေရှာတဲ့ အပူစာနဲ့ တခြားစီပဲကွ” လို့လည်း ပြောလေ့ရှိတယ်။

ရွှေဝါဆပ်ပြာ အခဲလေးတွေ ခြောက်တော့မှ စမ်းချောင်း သားကို လျှော်ဖို့ဖွပ်ဖို့ သွားသွားပေးတယ်။ စမ်းချောင်းသားကလည်း သူခိုးကြီးမြင့် သိန်းကို ကျေးဇူးတင်နေတာပေါ့။

တစ်ရက်တော့ သူခိုးကြီးမြင့်သိန်းဟာ စမ်းချောင်းသားကို အရင်ပေးနေကျ ရွှေဝါ ဆပ်ပြာခဲထက် ပိုကြီးတဲ့ဆပ်ပြာခဲလေးကို ပေးတယ်။ ပြီးတော့ ထူးထူးဆန်းဆန်းစကား တစ်ခွန်းပြောတယ်။

“ ဒီဆပ်ပြာကိုတော့ မင်းမသုံးနဲ့ကွာ။ ငါ့အတွက် သိမ်းထားပေးပါ”

“ ခင်ဗျား ဘာလုပ်မလို့လဲ”

သူခိုးကြီးမြင့်သိန်းက ရယ်စရာမဟုတ် တာကို ရယ်လိုက်တယ်။ ပြီးတော့မှ ဆက် ပြောတယ်။

“ငါလည်း လောဘနည်းနည်းတက် သွားတယ်။ စောင်တွေ ဘာတွေ လျှော်တဲ့ အခါကျ ဒီဆပ်ပြာတုံးကို မင်းဆီက ပြန် တောင်းမလို့ သိမ်းထားပေးဖို့ ပြောတာ”

စမ်းချောင်းသားလည်း သူခိုးကြီးမြင့် သိန်း ပြောတဲ့အတိုင်း သူပြောတဲ့ ရွှေဝါ ဆပ်ပြာခဲကို သိမ်းထား ပေး လိုက်တယ်။ အဲဒီအချိန် (၄) ဆောင် တောင်ယာထဲမှာ ဘိန်းဖြူတွေမိတဲ့သတင်း ရောက်လာ တယ်။

ထောင်က အတွင်းထဲကို ဘိန်းဖြူတွေ ဘယ် လို ခိုးသွင်းနေသလဲဆိုတာ လိုက်စုံစမ်းနေ တယ်။ ဝန်ထမ်းတွေလည်း မချောင်ဘူး။ သတင်းတွေကတော့ အမျိုးမျိုးဖြစ်နေတာ ပဲ။

ဒီသတင်းတွေထဲမှာ ဘိန်းဖြူနဲ့ ပတ် သက်ပြီး ကျော်စောသတင်းရှိတဲ့ တိုက် တန်းစီး ပိုးဟပ်ဖြူတို့လည်း ပါနေတယ်။ ဒါပေမဲ့ ဒီကိစ်္စက နိုင်ငံရေးအကျဉ်းသားတွေ နဲ့ ဘာမှမဆိုင်တာမို့ စမ်းချောင်းသားလည်း လက်ပါးတိုက်မှာ အေးအေးဆေးဆေးပဲရှိ နေပါတယ်။

တစ်မနက်တော့ လက်ပါးတိုက်ကို ဝန်ထမ်း ၂၀ လောက်ရောက်လာပြီး တလာ စီတယ်။ တလာစီတယ်ဆိုတာ ကုလား စကားဖြစ်ပြီး ရှာဖွေရေးလုပ်တာကို ပြော တာပါ။ “ ပုံစံ” လက်ပါးတိုက်တစ်ခုလုံးကို တစ်စစီဖြစ်အောင် မွှေတယ်။

အဓိကက ပိုးဟပ်ဖြူကို ထောင်ကဖမ်းတာ။ ဒါပေမဲ့ ကြိုသတင်းရထားတဲ့ ပိုးဟပ်ဖြူက အားလုံး ဖျောက်ထားပြီးပြီ။ ဘာပစ္စည်းမှရှာမတွေ့ ဘူး။

အဲဒီအချိန်မှာပဲ ကံဆိုးချင်တော့ စမ်း ချောင်းသားအခန်းထဲက ပုံသဏ္ဌာန်မကျတဲ့ ရွှေဝါဆပ်ပြာကို ဝါဒါတွေ တွေ့သွားတယ်။ ဝန်ထမ်းက ထောင်မှူးကို ဒီရွှေဝါဆပ်ပြာက လုံးထားတယ်ဆိုပြီး သွားပြတယ်။ စမ်း ချောင်းသားက လှမ်းတားတယ်။

“ မလုပ်ပါနဲ့ဗျာ။ ဒီဆပ်ပြာတုံးက စောင်လျှော်ရင် သုံးဖို့။ လူတစ်ယောက် လာအပ်ထားတာ”

ထောင်မှူးက ဘယ်သူအပ်တာလဲမေး တော့ လွယ်လွယ်ပဲ ကိုမြင့်သိန်းလို့ ဖြေ လိုက်တယ်။

ဘယ်မြင့်သိန်းလဲလို့ ထပ်မေးတော့ သူခိုးကြီးမြင့်သိန်းလို့ဖြေလိုက်တယ်။ စကား လည်းဆုံးရော ထောင်မှူးက ရွှေဝါဆပ်ပြာ ခဲကို ခွဲလိုက်တယ်။

ရွှေဝါဆပ်ပြာတုံးထဲက ထွက်လာတဲ့ စက်ဘီးစမုတ်တံ အတိုလေး ကြောင့် စမ်းချောင်းသား အံ့သြသွားတယ်။ ဒီပစ္စည်းကို တွေ့သွားပြီးပြီးချင်း ထောင် မှူးက သူခိုးကြီးမြင့်သိန်းကို ချက်ချင်းခေါ် လိုက်တယ်။ သူခိုးကြီးမြင့်သိန်းကလည်း ဒီ ပစ္စည်းဟာ သူ့ပစ္စည်းဆိုတာ ဝန်ခံတယ်။

“ မင်းဘာလုပ်ဖို့လဲ” လို့မေးတော့ သူခိုး ကြီးက ဆပ်ပြာတုံးလေးတွေ လုံးတဲ့အခါ ခိုင်အောင်လို့ထည့်ထားတာပါလို့ ဖြေတယ်။ သူခိုးကြီး ဖြေသံလည်းဆုံးရော ထောင်မှူး တွေ ဝါဒါတွေက တအုန်းအုန်းနဲ့ရိုက်တော့ တာပါပဲ။

တိုတိုပြောရရင် သူခိုးကြီးမြင့်သိန်း ကို ရုံးတင်တယ်။ ပြီးတော့ စက်ဘီးစမုတ်တံ တရားမဝင်ကိုင်ဆောင်မှုနဲ့ တိုက်ပိတ်လိုက် တယ်။ သူခိုးကြီးမြင့်သိန်းရဲ့ စက်ဘီးစမုတ်တံကို သိမ်းထားပေးတဲ့ စမ်းချောင်းသားကို လည်း လက်ပါးတိုက်မှာ ဒီအတိုင်းမထား တော့ဘူး။ နောက်ဆုံး စမ်းချောင်းသားကို တွဲဖက်ထောင် (၂) တိုက် အနောက်ခြမ်းကို ပို့လိုက်တယ်။

အဲဒီမှာ စမ်းချောင်းသားတစ်ယောက် မကျွတ်လွတ်တဲ့သူတွေနဲ့ ဆုံတွေ့ရတော့ တာပါပဲ။

(ဆက်လက်တင်ဆက်ပေးပါမယ်……)

Credit – ဇော်သက်ထွေး

Add a Comment

Your email address will not be published. Required fields are marked *