သံဖြူဇရပ်တွင် မလေးရှားမှ ပြန်လာသည့် အမျိုးသမီးအား သံသယလူနာအဖြစ် စောင့်ကြည့်နေ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာ တွင် နေထိုင်‌သော အမျိုးသမီး တစ်ဦး ကို ကိုဗစ် -၁၉ (COVID – 19) သံသယလူနာ အဖြစ် စောင့်ကြည့် ကုသလျက် ရှိကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန မှ ဒုတိယပြည်နယ်ကျန်းမာရေး ဦးစီးမှုး ဒေါက်တာဝတ်မှုံ က ပြောကြားသည် ။ကိုဗစ် -၁၉ (COVID – 19)သံသယ လူနာ အဖြစ်စောင့်ကြည့် ကုသမှုခံယူ နေရသော အမျိုးသမီးမှာ မလေးရှားနိုင်ငံ သို့သွားရောက်အလုပ်လုပ်ကိုင် နေရာမှ မတ်လ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ သို့ ပြန်လည် ရောက်ရှိ လာသူ ဖြစ်သည် ။

သံဖြူဇရပ်တွင် မလေးရှားမှ ပြန်လာသည့် အမျိုးသမီးအား သံသယလူနာအဖြစ် စောင့်ကြည့်နေ

“ကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့ အဆင့်နဲ့ ညှိနေတဲ့အတွက် စောင့်ကြည့်နေတယ် သံဖြူဇရပ်ဆေးရုံ သီးခြား လူနာဆောင်မှာထားရှိပြီးတော့ ထားရှိကုသသွားမှာဖြစ်ပါတယ် ။ဒီနေ့ မတ်၁၉ရက်မှာ အမှန်က သူကသက်သာနေပြီ သူရဲ့လက္ခဏာက ကျွန်မတို့ သတ်မှတ်ထားတဲ့ အဆင့်နဲ့ညီနေတဲ့ ရောဂါကို ရှာဖွေချင်တဲ့ သဘောပေါ့” ဒေါက်တာဝတ်မှုံကဆိုသည်။

သံဖြူဇရပ်တွင် မလေးရှားမှ ပြန်လာသည့် အမျိုးသမီးအား သံသယလူနာအဖြစ် စောင့်ကြည့်နေ

အဆိုပါ သံသယ လူနာသည် မတ်လ၁၄ရက်ရက်နေ့ တွင် ချောင်းဆိုးပြီး ကိုယ်အပူရှိန် မြင့်တက်နေသဖြင့် ဝဲခမိတိုက်နယ်ဆေးရုံမှတစ်ဆင့် သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံကို လွဲပြောင်းခဲ့ခြင်းလည်း ဖြစ်သည်။

“နိုင်ငံခြားကနေ ပြန်လာတိုင်းမှာ စောင့်ကြပ်ကြည့်ရှုတာတွေ မလုပ်ပါဘူး။ သူ့မှာ ထူးခြားတဲ့ လက္ခဏာတွေရှိနေတာပဲဖြစ်ဖြစ်၊ သူကိုယ်တိုင်သတင်းပို့တာပဲဖြစ်ဖြစ် လူနာကိုကြည့်ပြီးတော့မှပဲ ဓါတ်ခွဲနမူမှာယူသွားမှာပါ” ဟုလည်း ဒေါက်တာဝတ်မှုံ ကထပ်လောင်း ရှင်းပြသည်။

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉(COVID – 19)ရောဂါ သံသယဖြင့် စောင့်ကြည့်လူနာ ၁၅၇ ယောက်ရှိခဲ့ပြီး ထိုလူနာများထဲ မှ ၁၅၁ ဦးသည်ကို ကိုဗစ် – ၁၉(COVID – 19) ရောဂါပိုးမရှိကြောင်း အတည်ပြုထားပြီးဖြစ်သည်။

သံဖြူဇရပ်တွင် မလေးရှားမှ ပြန်လာသည့် အမျိုးသမီးအား သံသယလူနာအဖြစ် စောင့်ကြည့်နေ

ကိုဗစ် – ၁၉(COVID – 19)ရောဂါ သံသယဖြင့် စောင့်ကြည့်လူနာ ခံရသော လူနာများထဲ မှ သေဆုံးသူ ၇ ဦးရှိခဲ့ပြီဖြစ်သော်လည်း ထိုအထဲ ၅ ဦးမှာ ရောဂါပိုးမရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ကျန်တဲ့ ၂ ဦးမှာ ရောဂါပိုးရှိမရှိအတည်ပြုနိုင်ရန် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နေကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

Add a Comment

Your email address will not be published. Required fields are marked *