” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၉ ) )

ေအာက္တြင္ Unicode ျဖင့္ ေဖာ္ျပေပးထားပါသည္ ….

တြဲ ဖက္ေထာင္ မွ ညဥ့္သန္းေခါင္ယံ ေတာက္ ေခါက္ သံ

လွ်ိဳ႕၀ွက္နက္ နဲ တဲ့ ပရေလာက အေၾကာင္း ကုိ အေလာင္း အစားျပဳလုပ္ရာကေန ဆန္းၾကယ္ တဲ့ကုသုိလ္ ကံၾကမၼာဆုိးေၾကာင့္ စမ္းေခ်ာင္းသား ခမ်ာ အင္းစိန္ေထာင္မႀကီး ရဲ႕ေဘးက တြဲဖက္ေထာင္ ( ၂ ) တုိက္ အေနာက္ဘက္ျခမ္း မွာ အထီးက်န္စြာေရာက္ရွိေနပါတယ္။ထပ္ၿပီးကံဆုိးသြားတာက (၂) တုိက္ အေနာက္ဘက္ျခမ္း ၁၀ ခန္းတြဲ မွာ ႏုိင္ငံေရး အက်ဥ္းသားဆုိလုိ႔ သူတစ္ေယာက္တည္းသာရွိၿပီး တျခားအက်ဥ္းသားသုံးေယာက္ကေတာ့ ေဒၚလာေငြေမွာင္ခုိမႈနဲ႔ အခ်ဳပ္က်ေနတဲ့သူေတြျဖစ္ပါတယ္္။

သူက ႏုိင္ငံေရး အက်ဥ္းသားျဖစ္ေနေတာ့ သတင္းျပန္႔မွာ စုိးလုိ႔ စီးပြားေရး ၅ ညေတြနဲ႔ ကပ္မထားဘဲ ဟုိဘက္အစြန္၊ ဒီဘက္အစြန္ အခန္းေတြမွာ ေနရာခ်ထား လုိက္တယ္။ ဒီေတာ့ စကားေျပာေဖာ္လည္း မရွိေတာ့ဘူး။ကုိယ့္ ဘာသာကုိယ္ အခန္းထဲမွာ လမ္းေလွ်ာက္လုိက္၊ အိပ္လုိက္နဲ႔ အခ်ိန္ျဖဳန္းတီးေနရတယ္။ အားအားရွိ အိပ္ေနရေတာ့ ညဘက္ေတြဆုိရင္လည္း တစ္ခါတစ္ရံ အိပ္ေရး အ၀လြန္ၿပီးမ်က္လုံးေၾကာင္ေနေလ့ ရွိတယ္။

တစ္ညေတာ့ ညသန္းေခါင္ယံ အထိ အိပ္မေပ်ာ္ႏုိင္ဘဲ ဟုိေတြး ဒီေတြးေတြးေနမိတယ္။ ညဘက္ တာ၀န္က် အက်ဥ္းဦးစီး၀န္ထမ္း ေတြ ရံဖန္ရံခါ လာလာစစ္ေပမယ့္ ညဥ့္နက္လာေတာ့ သူတုိ႔ မလာ ေတာ့ဘူး။၂ တုိက္ေရွ႕သြားၿပီး အိပ္ငုိက္ေနၾကမွာေပါ့။ တစ္ေထာင္ လုံးကေတာ့ ၁၅ မိနစ္ တစ္ႀကိမ္ သံေခ်ာင္းေခါက္သံက လြဲၿပီး အားလုံးအိပ္ေမာက်လုိ႔ တိတ္ဆိတ္ ၿငိမ္သက္ေန တယ္။

တြဲ ဖက္ေထာင္ မွ ညဥ့္သန္းေခါင္ယံ ေတာက္ ေခါက္ သံ

စမ္းေခ်ာင္းသားလည္း အိပ္ရာထဲမွာ လူးလိမ့္ေနတုန္း ေျခသံ တရွပ္ရွပ္ၾကားလုိက္ရတယ္ ။ ည တာ၀န္က်၀န္ထမ္း ကင္းလွည့္ လာတယ္ထင္လုိ႔ စမ္းေခ်ာင္းသား ကမန္းကတမ္းထၿပီး ေဆးလိပ္မီးေတာင္းဖုိ႔ ေစာင့္ေနလုိက္တယ္။ဒါေပမဲ့ ေျခသံက တုိက္ခန္းတြဲ အလယ္ေလာက္မွာ ေပ်ာက္သြား တယ္။ အဲဒါနဲ႔ စိတ္ဓာတ္က်ၿပီး အိပ္ရာေပၚ ျပန္လွဲေန လုိက္ တယ္။ အတန္ၾကာေတာ့ ေမွးေမွးေလး အိပ္ေပ်ာ္ခါနီးမွာ တုိက္ခန္းတြဲ ဟုိဘက္ထိပ္က ေတာက္ေခါက္သံ ၾကားလုိက္ရတ ယ္။ ေတာက္ ေခါက္သံက ေတာ္ေတာ္ျပင္းထန္ အားပါတယ္။

ဒါေၾကာင့္ ဘာျဖစ္ ပါလိမ့္ဆုိၿပီး ထၾကည့္မိတယ္။ ဘာထူးျခားမႈမွမရွိဘူး။ ၀ါဒါ အိပ္ေပ်ာ္ေနတာ အထက္အရာရွိေတြ႕သြားၿပီး ေဒါသျဖစ္လုိ႔ ေတာက္ ေခါက္တယ္ ဆုိရင္လည္း ေခၚသံ၊ ႏိႈးသံ၊ ဆဲဆုိသံေတြ ၾကားရမွာေပါ့။ ဒါေပမဲ့ ဘာမွဆက္ၿပီးမၾကားရ ေတာ့ဘူး။ ဒီလုိနဲ႔ စမ္းေခ်ာင္းသား လည္း အိပ္ရာေပၚ ျပန္လွဲလုိက္ရ ျပန္တယ္။

ေနာက္တစ္ေန႔ေရာက္ေတာ့ ေထာင္က အားလုံးပုံမွန္ပါပဲ။ စမ္းေခ်ာင္းသားလည္း ညကကိစၥကုိေမ့ၿပီး အမႈမဲ့အမွတ္မဲ့ေနလုိက္တယ္။အခုထိေတာ့ ေထာင္ အာဏာပုိင္ေတြက သူ႔ကုိ ေထာင္မႀကီးျပန္ပုိ႔မယ့္ အရိပ္အေျခအေန မေတြ႕ရေသးဘူး။ ေထာင္၀င္စာေတြ႕ဖုိ႔ရက္ကလည္း လုိေသးေတာ့ အေျခအေနေတြက ဘာမွန္းမသိ ရဘူး။စမ္းေခ်ာင္းသားခမ်ာ စိတ္ ဓာတ္က်ေနေပမယ့္ ညေနေရာက္ေတာ့ အားတင္းၿပီး တာလေပါ ဟင္းနဲ႔ထမင္းနဲ႔ တစ္ပန္းကန္ ၀င္ေအာင္ စားလုိက္တယ္။ ဘာဟင္း မွ မရွိေတာ့ သူတုိ႔ေပးတဲ့ ငါးပိကုိ တာလ ေပါဟင္းထဲ ေရာေမႊၿပီး စားပစ္လုိက္တယ္။

တာလေပါ ဟင္းလုိ႔သာေျပာတာ တကယ္ေတာ့ ကန္စြန္းရြက္ေတြကုိ ေရေႏြးနဲ႔က်ဳိ ဆားထည့္ၿပီး ေပးလုိက္ တာပါပဲ။ တစ္ခါတစ္ရံ တာလ ေပါဟင္းထဲမွာ စင္ၾကယ္ဖိနပ္ သဲႀကိဳး အစအနေတြနဲ႔ ဂုန္နီအိတ္ အစေတြေတာင္ ပါလာတတ္ပါ တယ္။ ဒါေပမဲ့ ေထာင္ဆုိေတာ့ ဘာမွ ေစာဒကတက္လုိ႔ မရပါဘူး။ဒီေန႔ညေတာ့ စမ္းေခ်ာင္းသား တစ္ေယာက္ ထမင္းအမ်ားႀကီး စားလုိက္လုိ႔လားမသိဘူး။ ဗုိက္ေလးၿပီး ေစာေစာစီးစီး အိပ္ခ်င္ ေနတယ္။ ဒါေၾကာင့္ ဘုရားရွိခုိးၿပီး အိပ္ရာေစာေစာ၀င္လုိက္တယ္။

တကယ္လည္း ေထာင္အိပ္ခ်ိန္ မေပးခင္ကတည္းက အိပ္ေပ်ာ္ သြားတယ္။ ဘယ္ေလာက္အထိ အိပ္ေပ်ာ္သြားမွန္း မသိဘူး။ အလြန္က်ယ္ၿပီး လိုဏ္သံေပါက္ ေနတဲ့ ေတာက္ေခါက္သံေၾကာင့္ လန္႔ႏုိးသြားရတယ္။

“ေတာက္”

စမ္းေခ်ာင္းသား ခ်က္ခ်င္းပဲ ေခါင္းနားပန္းႀကီးသြားတယ္။ ေတာက္ေခါက္သံရဲ႕ အဆုံးမွာ ဘာသံမ်ားၾကား ရမလဲဆုိၿပီး အိပ္ ရာေပၚက ကမန္းကတမ္းထ သံ တုိင္နားကုိ ေျပးကပ္ၿပီး နားစြင့္ ၾကည့္လုိက္တယ္။

ေတာ္ေတာ္ထူးဆန္းတာက မေန႔ညကလုိပဲ ေတာက္ေခါက္သံ ၿပီးတဲ့ေနာက္ ဘာစကားသံမွ မၾကားရေတာ့ ျပန္ဘူး။ အသိရခက္တဲ့ ေတာက္ေခါက္သံေၾကာင့္ စမ္းေခ်ာင္းသား စိတ္ထဲမွာ ႐ႈပ္ေထြးေနာက္က်ိ သြားရင္း အိပ္ရာေပၚျပန္လွဲလုိက္ တယ္။ ေတာက္ေခါက္သံ ေနာက္ တစ္ခ်က္ မၾကားရေတာ့တဲ့အတြက္ ျပန္အိပ္လုိက္ တယ္။

စမ္းေခ်ာင္း သား အိပ္ေပ်ာ္လုေပ်ာ္ခင္မွာပဲ အခန္းေရွ႕ကုိ ျဖတ္ေလွ်ာက္လာ တဲ့ ေျခသံ တရွပ္ရွပ္ကုိ ၾကားလုိက္ ရတယ္။ ဒီတစ္ခါေတာ့ ေျခသံက တုိက္ခန္းတြဲ အလယ္ေလာက္ မွာ ရပ္မသြားဘူး။

ဆက္ၾကားေနရ တယ္။ ဒါေပမဲ့ အိပ္ရာထဲက မထခ်င္ေတာ့တာမုိ႔ မ်က္လုံးေလး အသာေမွးၿပီး ၾကည့္ေနလုိက္ တယ္။

“ ဟာ ”

သူ႔အခန္းေရွ႕က ျဖတ္ေလွ်ာက္သြားတဲ့လူရဲ႕ ပုံသဏၭာန္ေၾကာင့္ စမ္းေခ်ာင္းသား ေခါင္းနားပန္း ႀကီးသြားတယ္။

ဘာလုိ႔လဲဆုိေတာ့ ျဖတ္ေလွ်ာက္သြားတဲ့သူက စစ္ေရာင္ ယူနီေဖာင္း ၀တ္ထားေပမယ့္ လက္ႏွစ္ဖက္လုံး မရွိေတာ့လုိ႔ပဲ။ ၿပီးေတာ့ သူ႔ကုိလည္း တစ္ခ်က္မွ လွည့္မၾကည့္ဘဲ ထြက္သြားတယ္။

တြဲ ဖက္ေထာင္ မွ ညဥ့္သန္းေခါင္ယံ ေတာက္ ေခါက္ သံ

စမ္းေခ်ာင္းသားလည္း ဦးေႏွာက္ ေျခာက္သြားတယ္။ ျပည္ ထဲေရး၀န္ႀကီးဌာန လက္ေအာက္ မွာရွိတဲ့ အက်ဥ္းဦးစီးဌာနကုိ တပ္မေတာ္က ဒဏ္ရာရတဲ့သူေတြ၊ ဂန္းေရွာ့ေတြကုိ ဌာနေျပာင္းအျဖစ္ ေရာက္လာ တဲ့သူေတြရွိပါတယ္။

၁၉၉၀ တစ္၀ုိက္က စစ္တပ္ေခတ္ ေကာင္းေနတဲ့အခ်ိန္ ဆုိေတာ့ တပ္မေတာ္က အက်ဥ္းဦးစီးကုိ ေျပာင္းေရႊ႕လာတဲ့သူေတြဆုိရင္ ရာထူးတစ္ဆင့္ တုိးျမႇင့္ရၾကပါတယ္။

တပ္မေတာ္မွာ ဗုိလ္ႀကီး ဆုိရင္ အက်ဥ္းဦးစီးဌာနမွာ ဗုိလ္မွဴးအဆင့္နဲ႔ ေထာင္ပုိင္ေလး၊ ေထာင္မွဴးႀကီး ရာထူးေတြရၾကပါတယ္။

တပ္ကေျပာင္းလာတဲ့ အရာခံဗုိလ္အဆင့္ဆုိရင္ ေထာင္မွာ ေထာင္မွဴးရာထူး ရပါတယ္။ ဒါေၾကာင့္ အခန္းေရွ႕က ျဖတ္ေလွ်ာက္သြားတဲ့ ၀န္ထမ္းဟာ တပ္ကေျပာင္းလာတဲ့သူပဲလုိ႔ စမ္းေခ်ာင္းသားေတြးမိတယ္။

ဒါေပမဲ့ ေထာင္၀န္ထမ္းေတြထဲမွာ ေျခေထာက္ျပတ္လုိ႔ ေျခတုတပ္ၿပီး တာ၀န္ ထမ္းေဆာင္တဲ့ သူေတြေတာ့ ျမင္ဖူးတယ္။ လက္စုံျပတ္ ေနတဲ့ ၀န္ထမ္းေတာ့ မျမင္ဖူးဘူး။

႐ႈပ္ေထြးေနာက္က်ိေနတဲ့ စိတ္ေၾကာင့္ အိပ္တစ္၀က္ ႏုိးတစ္၀က္ ျဖစ္ေနတဲ့ စမ္းေခ်ာင္း သားဟာ ေနာက္တစ္ေန႔ ေထာင္မဖြင့္ခင္ ကတည္းက ညကအျဖစ္အပ်က္ေၾကာင့္ အိပ္ရာကႏုိးေနပါတယ္။ ေထာင္ဖြင့္တဲ့အခ်ိန္ ေန႔နဲ႔ည ၀န္ထမ္းေတြ တာ၀န္လႊဲၿပီးတဲ့အခါ မွာေတာ့ မနက္စာ ဆန္ျပဳတ္ ေရာက္လာပါတယ္။

စမ္းေခ်ာင္းသားလည္း ဆန္ျပဳတ္လာပုိ႔တဲ့ အက်ဥ္းသားကုိ ေထာင္၀န္ထမ္း ေတြထဲမွာ လက္ႏွစ္ဖက္ျပတ္ေနတဲ့သူရွိလားလုိ႔ ေမးၾကည့္ေတာ့ စကားမေျပာရဲတဲ့ပုံစံနဲ႔ ေခါင္းခါ ျပၿပီး ခ်က္ခ်င္းထြက္သြားတယ္။

သူတုိ႔ကုိ ၅ ညေတြနဲ႔ စကား မေျပာဖုိ႔ ေထာင္ကမွာထားတယ္။ စမ္းေခ်ာင္းသား လည္း စိတ္ထဲမွာ တႏုံ႔ႏုံ႔ျဖစ္ၿပီးက်န္ခဲ့တယ္။

မနက္ မ်က္ႏွာသစ္၊ မိလႅာခ်ဖြင့္ေတာ့မွ တာ၀န္က်၀န္ထမ္းက တၿပံဳးၿပံဳးနဲ႔သေဘာေကာင္းတဲ့ ဒုတပ္ၾကပ္ ၀င္းျမင့္ျဖစ္ေနတယ္။ စမ္းေခ်ာင္း သားလည္း မ်က္ႏွာသစ္ၿပီးအခန္း ထဲ ျပန္အ၀င္မွာ သူသိခ်င္တာကုိ ခ်က္ခ်င္းေမးၾကည့္လုိက္တယ္။

“ ဆရာ…ည၀န္ထမ္းေတြ ထဲမွာ လက္ႏွစ္ဖက္မရွိတဲ့၀န္ထမ္း ရွိလား”

စမ္းေခ်ာင္းသား စကား အဆုံးမွာ ဒုတပ္ၾကပ္၀င္းျမင့္က ခ်က္ခ်င္းေခါင္းခါျပတယ္။

“ ဟာ ..ဘယ္ကရွိရမွာလဲ။ တပ္ကေန အက်ဥ္းဦးစီး ေျပာင္း လာတဲ့သူေတြထဲမွာ ဂန္းေရွာ့ေတြ၊ ေျခေထာက္ျပတ္တဲ့သူေတြပဲ ရွိ တယ္။ လက္ျပတ္ေနတဲ့သူကုိ ေတာ့ ငါတစ္ခါမွ မေတြ႕ဖူးဘူး။ ညဆုိင္းထဲမွာလည္း မရွိပါဘူး ကြာ”

ဒုတပ္ၾကပ္၀င္းျမင့္အေျဖ ဆုံးေတာ့ စမ္းေခ်ာင္းသားလည္း ဘာေျပာရမွန္း မသိေတာ့ဘူး။ ေထာင္၀န္ထမ္းက သူ႔ေမးခြန္း ကုိ စိတ္၀င္စားသြားၿပီး ျပန္ေမး တယ္။

“ ေနစမ္းပါဦး … မင္း ဘယ္မွာ ေတြ႕လုိက္လုိ႔လဲ”

“ ကၽြန္ေတာ္ ေမွးေမွးေလး အိပ္ေပ်ာ္ေနတုန္း ေတာက္ေခါက္ သံတစ္ခ်က္ ၾကားလုိက္ရတယ္။ အဲဒီေနာက္ ေျခသံၾကားေတာ့ ည တာ၀န္က်၀န္ထမ္း ကင္းပတ္တယ္ ထင္ၿပီး ၾကည့္ေနတုန္း ကာကီ ေရာင္စစ္၀တ္စုံနဲ႔ လက္ႏွစ္ဖက္ ျပတ္ေနတဲ့လူတစ္ေယာက္ အခန္း ေရွ႕က ျဖတ္ေလွ်ာက္သြားတာပဲ”

“ မင္းဟာက ေသခ်ာလုိ႔လား ကြာ”

“ ေသခ်ာပါတယ္ဗ်ာ။ ကၽြန္ ေတာ္ အိပ္မက္မက္ေနတာလည္း မဟုတ္ဘူး။ အျမင္မွားေနတာ လည္း မဟုတ္ဘူး။ ကၽြန္ေတာ့္ အခန္းေရွ႕က ထင္ထင္ရွားရွား ႀကီး ျဖတ္ေလွ်ာက္သြားတာ”

စမ္းေခ်ာင္းသားစကား ဆုံး တဲ့အခါ ဒုတပ္ၾကပ္၀င္းျမင့္တစ္ ေယာက္ တစ္စုံတစ္ရာကုိ ေတြး မိၿပီး လက္နဲ႔ ေပါင္ကုိ ပုတ္လုိက္ ပါတယ္။ ၿပီးေတာ့ အေျဖေတြ႕သြား ပုံနဲ႔ စမ္းေခ်ာင္းသားကုိ ခ်က္ခ်င္း လွမ္းေျပာလုိက္တယ္။

“ ဟာ ငါတုိ႔ (၂) တုိက္ကုိ ဇင္ဘုိလာသြားတာပဲကြ”
စမ္းေခ်ာင္းသား အံ့ၾသသြား တယ္။ သိခ်င္စိတ္ေတြလည္း ငယ္ထိပ္ေရာက္သြားတယ္။

“ ဗ်ာ … ဆရာ ဘယ္က ဇင္ဘုိလဲ”
ေထာင္၀ါဒါ ဒုတပ္ၾကပ္ ၀င္းျမင့္က တုိက္ေဘးဘီ၀ဲယာကုိ ေလ့လာအကဲခတ္ၿပီးမွ စမ္းေခ်ာင္း သားအခန္းရဲ႕ သံတုိင္အနီးကုိ ကပ္လုိက္တယ္။ ၿပီးေတာ့မွ ေလသံ တုိးတုိးေလးနဲ႔ ရွင္းျပတယ္။

“ မင္း ငါေျပာတယ္လုိ႔ေတာ့ ဘယ္သူမွေလွ်ာက္မေျပာနဲ႔။ အခု မင္းေနတဲ့တုိက္ခန္းရဲ႕ ဘယ္ဘက္္ မွာ ကင္မင္ခ်ဴးေနတဲ့ ပ်ဥ္ေထာင္ အိမ္ရွိတယ္။ အဲဒီကုိ ဒီေကာင္လာ တာ ျဖစ္မယ္ကြ”

“ ဗ်ာ … ဘယ္လုိ ကၽြန္ ေတာ္ ေတာ္ေတာ္နား႐ႈပ္သြားၿပီ ဗ်ာ။ ဘာနာမည္ေတြလဲ ဘယ္သူ ေတြလဲဗ်”

“ ဟာကြာ …မင္းကလည္း ႏုိင္ငံေရးသမားလုပ္ၿပီး မသိဘူး လား။ ဒီေကာင္ေတြက ေျမာက္ ကုိရီးယားကလာၿပီး အာဇာနည္ ကုန္းမွာ ဗုံးခြဲခဲ့တဲ့ေကာင္ေတြေလကြာ”

“ ဒါေတာ့ သိတာေပါ့ဗ်ာ။ ဒါေပမဲ့ အဲ့ဒီထဲက တစ္ေယာက္ကုိ ေသဒဏ္ေပးလုိက္တယ္ ဆိုလားလို႔”

“ ေအး ဟုတ္တယ္။ ျမန္မာ ႏုိင္ငံလာၿပီး ဗုံးခြဲတဲ့ သုံးေယာက္ ထဲမွာ တစ္ေယာက္ေသသြား တယ္။ ငါတုိ႔အင္းစိန္ေထာင္ကုိ ႏွစ္ေယာက္ ေရာက္လာတယ္။ ႏွစ္ေယာက္လုံး လက္ပစ္ဗုံးကြဲလုိ႔ လက္ေတြေျခေထာက္ေတြ ျပတ္ ေနၾကတယ္။

ေသဒဏ္ေပးလုိက္ တဲ့သူက ဗုိလ္မွဴးအဆင့္ရွိတယ္။ ဇင္ဘုိတဲ့။ အခု ဟုိဘက္ ပ်ဥ္ေထာင္အိမ္မွာေနတဲ့သူက ကင္ မင္ခ်ဴးတဲ့။ ဗမာစကားေတာင္ ေတာ္ေတာ္မႊတ္ေနၿပီ”

ဒုတပ္ၾကပ္၀င္းျမင့္ စကားဆုံးေတာ့ သူေပးတဲ့ အခ်က္အ လက္ေတြကုိ ဆက္စပ္စဥ္းစား ၾကည့္မိတယ္။ ဘယ္လုိျဖစ္တာ လဲ။ စမ္းေခ်ာင္းသား ငယ္ငယ္ ကတည္းက အာဇာနည္ကုန္း ဗုံးကြဲတာကုိမွတ္မိေနတယ္။

လူေတြ ေသကုန္လုိ႔ ႐ုံးေတြ၊ ေက်ာင္းေတြ မွာ ၀မ္းနည္းျခင္းအထိမ္းအမွတ္နဲ႔ ေက်ာင္းမွာ ႏုိင္ငံေတာ္အလံတုိင္ ၀က္ လႊင့္ထူခဲ့တာကုိ မွတ္မိေန တယ္။ ဒါေၾကာင့္ သိခ်င္စိတ္ကုိ ခ်ိဳးႏွိမ္လုိ႔ မရေတာ့ဘူး။

“ တေစၦေတြ၊ သရဲေတြကုိ ေတာ့ ကၽြန္ေတာ္သိပ္မယုံပါဘူး။ ဒါေပမဲ့ ေသသြားတဲ့ ဇင္ဘုိက ဘာလုိ႔ ဒီကုိလာရတာလဲ။ သူ႔ သူငယ္ခ်င္းကုိ သိပ္ခ်စ္လုိ႔လား”

“ ဟာ …ဘယ္က ခ်စ္လုိ႔ ဟုတ္ရမွာလဲ။ ဇင္ဘုိက ကင္မင္ခ်ဴးကုိ အရမ္းမုန္းတာ။ သတ္ပစ္ ခ်င္ေလာက္ေအာင္ကုိ မုန္းတာ။ သူက တရား႐ုံးမွာ အမႈရင္ဆုိင္ ေတာ့ ဘာေျဖာင့္ခ်က္မွ မေပး ဘူး။ ေရငုံႏႈတ္ပိတ္ ေနခဲ့တယ္။

ဒါေပမဲ့ အခုအသက္ရွင္ေနတဲ့ ကင္မင္ခ်ဴးကေတာ့ ႏုိင္ငံေတာ္ တရား႐ုံးမွာ ေျဖာင့္ခ်က္ေပးၿပီး သူတုိ႔ က်ဴးလြန္ပုံေတြကုိ အေသး စိတ္ ေျပာျပခဲ့တယ္။ ဒါေၾကာင့္ ေျမာက္ကုိရီးယား လက္ခ်က္ဆုိ တာ ေပၚေပါက္သြားၿပီး ႏုိင္ငံတ ကာမွာ ဒုိ႔ႏုိင္ငံ အသက္႐ွဴေခ်ာင္ သြားတာ”

ဒုတပ္ၾကပ္၀င္းျမင့္က စကား ေျပာတာ ၾကာသြားလုိ႔ အေျခ အေနကုိ အကဲခတ္ၿပီး ျပန္ဖုိ႔ ေျခလွမ္းျပင္လုိက္တယ္။

“ ေတာ္ၿပီကြာ။ စကားေျပာ တာ ေတာ္ေတာ္ၾကာသြားၿပီ။ ငါသြားေတာ့မယ္”

စမ္းေခ်ာင္းသားက သိခ်င္ စိတ္ကုိ ဆက္ခ်ဳပ္တည္းမထားႏုိင္ ေတာ့ဘူး။ ၀ါဒါ၀င္းျမင့္ရဲ႕ အက်ႌ လက္ေမာင္းကုိ လွမ္းဆြဲထား တယ္။ ၿပီးေတာ့ သူသိခ်င္တာကုိ ဆက္ေမးလုိက္တယ္။
“ အဲ့လုိေတာ့ တုိးလုိ႔တန္းလန္းႀကီး မထားခဲ့နဲ႔ဆရာရယ္။ သူတုိ႔ အေၾကာင္းေလးေတာ့ ၿပီးေအာင္ ေျပာျပေပးခဲ့ပါ။ ဇင္ဘုိကုိ ေသ ဒဏ္ေပးလုိက္ၿပီး ကင္မင္ခ်ဴးကုိက် ဘာလုိ႔ေသဒဏ္မေပးတာလဲ”

“ ကင္မင္ခ်ဴးက ေျမာက္ကုိ ရီးယားစစ္တပ္ကလုိ႔ ၀န္ခံလုိက္ ေတာ့ အစုိးရ သက္ေသျဖစ္သြား တယ္ေလကြာ။ ဒီေတာ့ သူ႔တုိ႔ ႏွစ္ေယာက္ကုိ ေသဒဏ္ေပးခဲ့ေပ မယ့္ ကင္မင္ခ်ဴးကုိေတာ့ ေထာင္ ဒဏ္တစ္သက္ျပစ္ဒဏ္ ေျပာင္း လဲေပးခဲ့တယ္။ အဲဒီတုန္းက ငါ လည္း အင္းစိန္ေထာင္မွာ ၀န္ ထမ္းျဖစ္ခါစပဲ။

ဇင္ဘုိဆုိရင္ ကင္ မင္ခ်ဴးကုိ မုန္းလြန္းလုိ႔ တရား ႐ုံးမွာ လွည့္လည္းမၾကည့္ဘူး။ စကားလည္း မေျပာၾကေတာ့ဘူး။ ေနာက္ဆုံး ဇင္ဘုိက ကင္မင္ခ်ဴး ကုိ ျမန္မာလုိ သစၥာေဖာက္လုိ႔ ေတာင္ မေသခင္ ေျပာသြားခဲ့ တယ္”

ဒုတပ္ၾကပ္၀င္းျမင့္ စကား အဆုံးမွာ စမ္းေခ်ာင္းသား ၾကက္ သီးေမြးညင္း ထသြားတယ္။ ၿပီး ေတာ့ တုန္ယင္ေနတဲ့ အသံနဲ႔ လွမ္းေျပာလုိက္တယ္။

“ ဟာ ..ဒါဆုိ ဒါဆုိ ညည ေတာက္ေခါက္ေနတာ သူေပါ့”

ဒုတပ္ၾကပ္၀င္းျမင့္က ဘာမွ ျပန္မေျဖေတာ့ဘူး။ စမ္းေခ်ာင္း သားကုိ ကုိယ္ခ်င္းစာတဲ့အၾကည့္ နဲ႔ လွမ္းၾကည့္ေနတယ္။ ၿပီးေတာ့ စမ္းေခ်ာင္းသား မေၾကာက္ေအာင္ တတ္သမွ်မွတ္သမွ် ႀကိဳးစားၿပီး ေျဖသိမ့္လုိက္တယ္။

တြဲ ဖက္ေထာင္ မွ ညဥ့္သန္းေခါင္ယံ ေတာက္ ေခါက္ သံ

“ ဒါေတြက သူတုိ႔ကိစ္ၥရွိမွာ ေပါ့ကြာ။ ဇင္ဘုိက ႀကိဳးေပးခံရ တဲ့ အခ်ိန္အထိ ကင္မင္ခ်ဴးကုိ အခဲေက်မသြားခဲ့ဘူး။ မဆုိင္တဲ့ သူေတြကုိေတာ့ သူဘာမွလုပ္မွာ မဟုတ္ပါဘူး။

မင္းလည္း ည ဘက္ တစ္ေယာက္တည္း ေခ်ာက္ ခ်ားေနရင္ တရားေလးဘာေလး မွတ္၊ သီခ်င္းေလးဘာေလး ဆုိၿပီး ေနေပါ့”

စမ္းေခ်ာင္းသားက ဒုတပ္ ၾကပ္၀င္းျမင့္ကုိ ခ်က္ခ်င္းဆုိသ လုိ ေခါင္းခါယမ္းျပတယ္။

“ ေတာ္ပါၿပီဗ်ာ။ ဘာသီခ်င္း မွ ဆုိခ်င္စိတ္ မရွိေတာ့ပါဘူး။ အထူးသျဖင့္ ေဟာဒီေထာင္ထဲက မထြက္မခ်င္း ဂႏ႖၀င္စိမ္းသီခ်င္း ကုိ ဘယ္ေတာ့မွမဆုိေတာ့ဘူး”

“ ဘာျဖစ္လုိ႔လဲ”

“ ဒီ ဂႏ႖၀င္စိမ္းသီခ်င္းေၾကာင့္ ဒီေထာင္ထဲမွာ မျမင္သင့္တာေတြ ျမင္ၿပီး ကၽြန္ေတာ္ဒုက္ၡေရာက္ေန တာလုိ႔ ထင္တယ္”

“ အဲ့လုိလည္း စိတ္မစြဲပါနဲ႔ ကြာ။ တခ်ိဳ႕ပရေလာကသားေတြ က အသံေပးတာရွိတယ္။ အရိပ္ အေရာင္ျပတာရွိတယ္။ လူလုံး ျပတာရွိတယ္။ ဒါေပမဲ့ ငါသိရ သေလာက္ ဘယ္သူ႔ကုိမွ ဒုကၡမေပးပါဘူး။ ဥပမာ ဇင္ဘုိကုိပဲ ၾကည့္။ မင္းကုိ ဘာဒုက္ၡမွမေပး ဘူးမဟုတ္လား”

စမ္းေခ်ာင္းသားက ဘာမွ ေစာဒကမတက္ေတာ့ဘဲ ဒုတပ္ ၾကပ္၀င္းျမင့္ကုိ တုိက္ခန္းထဲက ေန ေငးၾကည့္ေနပါတယ္။ ဒုတပ္ ၾကပ္၀င္းျမင့္ သူ႔အခန္းေရွ႕က ထြက္ခြာသြားၿပီးမွ တစ္စုံတစ္ရာ ေျပာခ်င္ပုံနဲ႔ ေနာက္ေၾကာင္းျပန္ လွည့္လာတယ္။ ၿပီးေတာ့ စမ္း ေခ်ာင္းသားကုိၾကည့္ၿပီး လွမ္း ေျပာလုိက္တယ္။

“ ဇင္ဘုိရဲ႕ ေနာက္ဆုံးေန႔ရက္ ေတြကုိ ငါမီလုိက္တယ္။ သူဘယ္ လုိေသသြားလဲ …မင္းသိခ်င္လား”

ဒုတပ္ၾကပ္စကားအဆုံးမွာ ေတာ့ စမ္းေခ်ာင္းသားတစ္ ေယာက္ သိခ်င္စိတ္နဲ႔ တစ္ကိုယ္ လုံး တုန္လႈပ္သြားပါတယ္……။

(ဆက္လက္ တင္ဆက္ေပးပါမယ္…)

Credit – ေဇာ္သက္ေထြး

ျပီးခဲ႔ေသာ အခန္းဆက္မ်ား ဖတ္ရႈလိုပါက ေအာက္တြင္ မိမိဖတ္လိုေသာအပိုင္းကို ႏွိပ္လုိက္ပါ….

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၈ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၀ ) )

Unicode

တွဲ ဖက်ထောင် မှ ညဥ့်သန်းခေါင်ယံ တောက် ခေါက် သံ

လျှို့ဝှက်နက် နဲ တဲ့ ပရလောက အကြောင်း ကို အလောင်း အစားပြုလုပ်ရာကနေ ဆန်းကြယ် တဲ့ကုသိုလ် ကံကြမ္မာဆိုးကြောင့် စမ်းချောင်းသား ခမျာ အင်းစိန်ထောင်မကြီး ရဲ့ဘေးက တွဲဖက်ထောင် ( ၂ ) တိုက် အနောက်ဘက်ခြမ်း မှာ အထီးကျန်စွာရောက်ရှိနေပါတယ်။ထပ်ပြီးကံဆိုးသွားတာက (၂) တိုက် အနောက်ဘက်ခြမ်း ၁၀ ခန်းတွဲ မှာ နိုင်ငံရေး အကျဉ်းသားဆိုလို့ သူတစ်ယောက်တည်းသာရှိပြီး တခြားအကျဉ်းသားသုံးယောက်ကတော့ ဒေါ်လာငွေမှောင်ခိုမှုနဲ့ အချုပ်ကျနေတဲ့သူတွေဖြစ်ပါတယ်။

သူက နိုင်ငံရေး အကျဉ်းသားဖြစ်နေတော့ သတင်းပြန့်မှာ စိုးလို့ စီးပွားရေး ၅ ညတွေနဲ့ ကပ်မထားဘဲ ဟိုဘက်အစွန်၊ ဒီဘက်အစွန် အခန်းတွေမှာ နေရာချထား လိုက်တယ်။ ဒီတော့ စကားပြောဖော်လည်း မရှိတော့ဘူး။ကိုယ့် ဘာသာကိုယ် အခန်းထဲမှာ လမ်းလျှောက်လိုက်၊ အိပ်လိုက်နဲ့ အချိန်ဖြုန်းတီးနေရတယ်။ အားအားရှိ အိပ်နေရတော့ ညဘက်တွေဆိုရင်လည်း တစ်ခါတစ်ရံ အိပ်ရေး အဝလွန်ပြီးမျက်လုံးကြောင်နေလေ့ ရှိတယ်။

တစ်ညတော့ ညသန်းခေါင်ယံ အထိ အိပ်မပျော်နိုင်ဘဲ ဟိုတွေး ဒီတွေးတွေးနေမိတယ်။ ညဘက် တာဝန်ကျ အကျဉ်းဦးစီးဝန်ထမ်း တွေ ရံဖန်ရံခါ လာလာစစ်ပေမယ့် ညဥ့်နက်လာတော့ သူတို့ မလာ တော့ဘူး။၂ တိုက်ရှေ့သွားပြီး အိပ်ငိုက်နေကြမှာပေါ့။ တစ်ထောင် လုံးကတော့ ၁၅ မိနစ် တစ်ကြိမ် သံချောင်းခေါက်သံက လွဲပြီး အားလုံးအိပ်မောကျလို့ တိတ်ဆိတ် ငြိမ်သက်နေ တယ်။

စမ်းချောင်းသားလည်း အိပ်ရာထဲမှာ လူးလိမ့်နေတုန်း ခြေသံ တရှပ်ရှပ်ကြားလိုက်ရတယ် ။ ည တာဝန်ကျဝန်ထမ်း ကင်းလှည့် လာတယ်ထင်လို့ စမ်းချောင်းသား ကမန်းကတမ်းထပြီး ဆေးလိပ်မီးတောင်းဖို့ စောင့်နေလိုက်တယ်။ဒါပေမဲ့ ခြေသံက တိုက်ခန်းတွဲ အလယ်လောက်မှာ ပျောက်သွား တယ်။ အဲဒါနဲ့ စိတ်ဓာတ်ကျပြီး အိပ်ရာပေါ် ပြန်လှဲနေ လိုက် တယ်။ အတန်ကြာတော့ မှေးမှေးလေး အိပ်ပျော်ခါနီးမှာ တိုက်ခန်းတွဲ ဟိုဘက်ထိပ်က တောက်ခေါက်သံ ကြားလိုက်ရတ ယ်။ တောက် ခေါက်သံက တော်တော်ပြင်းထန် အားပါတယ်။

ဒါကြောင့် ဘာဖြစ် ပါလိမ့်ဆိုပြီး ထကြည့်မိတယ်။ ဘာထူးခြားမှုမှမရှိဘူး။ ဝါဒါ အိပ်ပျော်နေတာ အထက်အရာရှိတွေ့သွားပြီး ဒေါသဖြစ်လို့ တောက် ခေါက်တယ် ဆိုရင်လည်း ခေါ်သံ၊ နှိုးသံ၊ ဆဲဆိုသံတွေ ကြားရမှာပေါ့။ ဒါပေမဲ့ ဘာမှဆက်ပြီးမကြားရ တော့ဘူး။ ဒီလိုနဲ့ စမ်းချောင်းသား လည်း အိပ်ရာပေါ် ပြန်လှဲလိုက်ရ ပြန်တယ်။

နောက်တစ်နေ့ရောက်တော့ ထောင်က အားလုံးပုံမှန်ပါပဲ။ စမ်းချောင်းသားလည်း ညကကိစ္စကိုမေ့ပြီး အမှုမဲ့အမှတ်မဲ့နေလိုက်တယ်။အခုထိတော့ ထောင် အာဏာပိုင်တွေက သူ့ကို ထောင်မကြီးပြန်ပို့မယ့် အရိပ်အခြေအနေ မတွေ့ရသေးဘူး။ ထောင်ဝင်စာတွေ့ဖို့ရက်ကလည်း လိုသေးတော့ အခြေအနေတွေက ဘာမှန်းမသိ ရဘူး။စမ်းချောင်းသားခမျာ စိတ် ဓာတ်ကျနေပေမယ့် ညနေရောက်တော့ အားတင်းပြီး တာလပေါ ဟင်းနဲ့ထမင်းနဲ့ တစ်ပန်းကန် ဝင်အောင် စားလိုက်တယ်။ ဘာဟင်း မှ မရှိတော့ သူတို့ပေးတဲ့ ငါးပိကို တာလ ပေါဟင်းထဲ ရောမွှေပြီး စားပစ်လိုက်တယ်။

တာလပေါ ဟင်းလို့သာပြောတာ တကယ်တော့ ကန်စွန်းရွက်တွေကို ရေနွေးနဲ့ကျို ဆားထည့်ပြီး ပေးလိုက် တာပါပဲ။ တစ်ခါတစ်ရံ တာလ ပေါဟင်းထဲမှာ စင်ကြယ်ဖိနပ် သဲကြိုး အစအနတွေနဲ့ ဂုန်နီအိတ် အစတွေတောင် ပါလာတတ်ပါ တယ်။ ဒါပေမဲ့ ထောင်ဆိုတော့ ဘာမှ စောဒကတက်လို့ မရပါဘူး။ဒီနေ့ညတော့ စမ်းချောင်းသား တစ်ယောက် ထမင်းအများကြီး စားလိုက်လို့လားမသိဘူး။ ဗိုက်လေးပြီး စောစောစီးစီး အိပ်ချင် နေတယ်။ ဒါကြောင့် ဘုရားရှိခိုးပြီး အိပ်ရာစောစောဝင်လိုက်တယ်။

တကယ်လည်း ထောင်အိပ်ချိန် မပေးခင်ကတည်းက အိပ်ပျော် သွားတယ်။ ဘယ်လောက်အထိ အိပ်ပျော်သွားမှန်း မသိဘူး။ အလွန်ကျယ်ပြီး လိုဏ်သံပေါက် နေတဲ့ တောက်ခေါက်သံကြောင့် လန့်နိုးသွားရတယ်။

“တောက်”

စမ်းချောင်းသား ချက်ချင်းပဲ ခေါင်းနားပန်းကြီးသွားတယ်။ တောက်ခေါက်သံရဲ့ အဆုံးမှာ ဘာသံများကြား ရမလဲဆိုပြီး အိပ် ရာပေါ်က ကမန်းကတမ်းထ သံ တိုင်နားကို ပြေးကပ်ပြီး နားစွင့် ကြည့်လိုက်တယ်။

တော်တော်ထူးဆန်းတာက မနေ့ညကလိုပဲ တောက်ခေါက်သံ ပြီးတဲ့နောက် ဘာစကားသံမှ မကြားရတော့ ပြန်ဘူး။ အသိရခက်တဲ့ တောက်ခေါက်သံကြောင့် စမ်းချောင်းသား စိတ်ထဲမှာ ရှုပ်ထွေးနောက်ကျိ သွားရင်း အိပ်ရာပေါ်ပြန်လှဲလိုက် တယ်။ တောက်ခေါက်သံ နောက် တစ်ချက် မကြားရတော့တဲ့အတွက် ပြန်အိပ်လိုက် တယ်။

စမ်းချောင်း သား အိပ်ပျော်လုပျော်ခင်မှာပဲ အခန်းရှေ့ကို ဖြတ်လျှောက်လာ တဲ့ ခြေသံ တရှပ်ရှပ်ကို ကြားလိုက် ရတယ်။ ဒီတစ်ခါတော့ ခြေသံက တိုက်ခန်းတွဲ အလယ်လောက် မှာ ရပ်မသွားဘူး။

ဆက်ကြားနေရ တယ်။ ဒါပေမဲ့ အိပ်ရာထဲက မထချင်တော့တာမို့ မျက်လုံးလေး အသာမှေးပြီး ကြည့်နေလိုက် တယ်။

“ ဟာ ”

သူ့အခန်းရှေ့က ဖြတ်လျှောက်သွားတဲ့လူရဲ့ ပုံသဏ္ဌာန်ကြောင့် စမ်းချောင်းသား ခေါင်းနားပန်း ကြီးသွားတယ်။

ဘာလို့လဲဆိုတော့ ဖြတ်လျှောက်သွားတဲ့သူက စစ်ရောင် ယူနီဖောင်း ဝတ်ထားပေမယ့် လက်နှစ်ဖက်လုံး မရှိတော့လို့ပဲ။ ပြီးတော့ သူ့ကိုလည်း တစ်ချက်မှ လှည့်မကြည့်ဘဲ ထွက်သွားတယ်။

စမ်းချောင်းသားလည်း ဦးနှောက် ခြောက်သွားတယ်။ ပြည် ထဲရေးဝန်ကြီးဌာန လက်အောက် မှာရှိတဲ့ အကျဉ်းဦးစီးဌာနကို တပ်မတော်က ဒဏ်ရာရတဲ့သူတွေ၊ ဂန်းရှော့တွေကို ဌာနပြောင်းအဖြစ် ရောက်လာ တဲ့သူတွေရှိပါတယ်။

၁၉၉၀ တစ်ဝိုက်က စစ်တပ်ခေတ် ကောင်းနေတဲ့အချိန် ဆိုတော့ တပ်မတော်က အကျဉ်းဦးစီးကို ပြောင်းရွှေ့လာတဲ့သူတွေဆိုရင် ရာထူးတစ်ဆင့် တိုးမြှင့်ရကြပါတယ်။

တပ်မတော်မှာ ဗိုလ်ကြီး ဆိုရင် အကျဉ်းဦးစီးဌာနမှာ ဗိုလ်မှူးအဆင့်နဲ့ ထောင်ပိုင်လေး၊ ထောင်မှူးကြီး ရာထူးတွေရကြပါတယ်။

တပ်ကပြောင်းလာတဲ့ အရာခံဗိုလ်အဆင့်ဆိုရင် ထောင်မှာ ထောင်မှူးရာထူး ရပါတယ်။ ဒါကြောင့် အခန်းရှေ့က ဖြတ်လျှောက်သွားတဲ့ ဝန်ထမ်းဟာ တပ်ကပြောင်းလာတဲ့သူပဲလို့ စမ်းချောင်းသားတွေးမိတယ်။

ဒါပေမဲ့ ထောင်ဝန်ထမ်းတွေထဲမှာ ခြေထောက်ပြတ်လို့ ခြေတုတပ်ပြီး တာဝန် ထမ်းဆောင်တဲ့ သူတွေတော့ မြင်ဖူးတယ်။ လက်စုံပြတ် နေတဲ့ ဝန်ထမ်းတော့ မမြင်ဖူးဘူး။

ရှုပ်ထွေးနောက်ကျိနေတဲ့ စိတ်ကြောင့် အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေတဲ့ စမ်းချောင်း သားဟာ နောက်တစ်နေ့ ထောင်မဖွင့်ခင် ကတည်းက ညကအဖြစ်အပျက်ကြောင့် အိပ်ရာကနိုးနေပါတယ်။ ထောင်ဖွင့်တဲ့အချိန် နေ့နဲ့ည ဝန်ထမ်းတွေ တာဝန်လွှဲပြီးတဲ့အခါ မှာတော့ မနက်စာ ဆန်ပြုတ် ရောက်လာပါတယ်။

စမ်းချောင်းသားလည်း ဆန်ပြုတ်လာပို့တဲ့ အကျဉ်းသားကို ထောင်ဝန်ထမ်း တွေထဲမှာ လက်နှစ်ဖက်ပြတ်နေတဲ့သူရှိလားလို့ မေးကြည့်တော့ စကားမပြောရဲတဲ့ပုံစံနဲ့ ခေါင်းခါ ပြပြီး ချက်ချင်းထွက်သွားတယ်။

သူတို့ကို ၅ ညတွေနဲ့ စကား မပြောဖို့ ထောင်ကမှာထားတယ်။ စမ်းချောင်းသား လည်း စိတ်ထဲမှာ တနုံ့နုံ့ဖြစ်ပြီးကျန်ခဲ့တယ်။

မနက် မျက်နှာသစ်၊ မိလ္လာချဖွင့်တော့မှ တာဝန်ကျဝန်ထမ်းက တပြုံးပြုံးနဲ့သဘောကောင်းတဲ့ ဒုတပ်ကြပ် ဝင်းမြင့်ဖြစ်နေတယ်။ စမ်းချောင်း သားလည်း မျက်နှာသစ်ပြီးအခန်း ထဲ ပြန်အဝင်မှာ သူသိချင်တာကို ချက်ချင်းမေးကြည့်လိုက်တယ်။

“ ဆရာ…ညဝန်ထမ်းတွေ ထဲမှာ လက်နှစ်ဖက်မရှိတဲ့ဝန်ထမ်း ရှိလား”

စမ်းချောင်းသား စကား အဆုံးမှာ ဒုတပ်ကြပ်ဝင်းမြင့်က ချက်ချင်းခေါင်းခါပြတယ်။

“ ဟာ ..ဘယ်ကရှိရမှာလဲ။ တပ်ကနေ အကျဉ်းဦးစီး ပြောင်း လာတဲ့သူတွေထဲမှာ ဂန်းရှော့တွေ၊ ခြေထောက်ပြတ်တဲ့သူတွေပဲ ရှိ တယ်။ လက်ပြတ်နေတဲ့သူကို တော့ ငါတစ်ခါမှ မတွေ့ဖူးဘူး။ ညဆိုင်းထဲမှာလည်း မရှိပါဘူး ကွာ”

ဒုတပ်ကြပ်ဝင်းမြင့်အဖြေ ဆုံးတော့ စမ်းချောင်းသားလည်း ဘာပြောရမှန်း မသိတော့ဘူး။ ထောင်ဝန်ထမ်းက သူ့မေးခွန်း ကို စိတ်ဝင်စားသွားပြီး ပြန်မေး တယ်။

“ နေစမ်းပါဦး … မင်း ဘယ်မှာ တွေ့လိုက်လို့လဲ”

“ ကျွန်တော် မှေးမှေးလေး အိပ်ပျော်နေတုန်း တောက်ခေါက် သံတစ်ချက် ကြားလိုက်ရတယ်။ အဲဒီနောက် ခြေသံကြားတော့ ည တာဝန်ကျဝန်ထမ်း ကင်းပတ်တယ် ထင်ပြီး ကြည့်နေတုန်း ကာကီ ရောင်စစ်ဝတ်စုံနဲ့ လက်နှစ်ဖက် ပြတ်နေတဲ့လူတစ်ယောက် အခန်း ရှေ့က ဖြတ်လျှောက်သွားတာပဲ”

“ မင်းဟာက သေချာလို့လား ကွာ”

“ သေချာပါတယ်ဗျာ။ ကျွန် တော် အိပ်မက်မက်နေတာလည်း မဟုတ်ဘူး။ အမြင်မှားနေတာ လည်း မဟုတ်ဘူး။ ကျွန်တော့် အခန်းရှေ့က ထင်ထင်ရှားရှား ကြီး ဖြတ်လျှောက်သွားတာ”

စမ်းချောင်းသားစကား ဆုံး တဲ့အခါ ဒုတပ်ကြပ်ဝင်းမြင့်တစ် ယောက် တစ်စုံတစ်ရာကို တွေး မိပြီး လက်နဲ့ ပေါင်ကို ပုတ်လိုက် ပါတယ်။ ပြီးတော့ အဖြေတွေ့သွား ပုံနဲ့ စမ်းချောင်းသားကို ချက်ချင်း လှမ်းပြောလိုက်တယ်။

“ ဟာ ငါတို့ (၂) တိုက်ကို ဇင်ဘိုလာသွားတာပဲကွ”
စမ်းချောင်းသား အံ့သြသွား တယ်။ သိချင်စိတ်တွေလည်း ငယ်ထိပ်ရောက်သွားတယ်။

“ ဗျာ … ဆရာ ဘယ်က ဇင်ဘိုလဲ”
ထောင်ဝါဒါ ဒုတပ်ကြပ် ဝင်းမြင့်က တိုက်ဘေးဘီဝဲယာကို လေ့လာအကဲခတ်ပြီးမှ စမ်းချောင်း သားအခန်းရဲ့ သံတိုင်အနီးကို ကပ်လိုက်တယ်။ ပြီးတော့မှ လေသံ တိုးတိုးလေးနဲ့ ရှင်းပြတယ်။

“ မင်း ငါပြောတယ်လို့တော့ ဘယ်သူမှလျှောက်မပြောနဲ့။ အခု မင်းနေတဲ့တိုက်ခန်းရဲ့ ဘယ်ဘက် မှာ ကင်မင်ချူးနေတဲ့ ပျဉ်ထောင် အိမ်ရှိတယ်။ အဲဒီကို ဒီကောင်လာ တာ ဖြစ်မယ်ကွ”

“ ဗျာ … ဘယ်လို ကျွန် တော် တော်တော်နားရှုပ်သွားပြီ ဗျာ။ ဘာနာမည်တွေလဲ ဘယ်သူ တွေလဲဗျ”

“ ဟာကွာ …မင်းကလည်း နိုင်ငံရေးသမားလုပ်ပြီး မသိဘူး လား။ ဒီကောင်တွေက မြောက် ကိုရီးယားကလာပြီး အာဇာနည် ကုန်းမှာ ဗုံးခွဲခဲ့တဲ့ကောင်တွေလေကွာ”

“ ဒါတော့ သိတာပေါ့ဗျာ။ ဒါပေမဲ့ အဲ့ဒီထဲက တစ်ယောက်ကို သေဒဏ်ပေးလိုက်တယ် ဆိုလားလို့”

“ အေး ဟုတ်တယ်။ မြန်မာ နိုင်ငံလာပြီး ဗုံးခွဲတဲ့ သုံးယောက် ထဲမှာ တစ်ယောက်သေသွား တယ်။ ငါတို့အင်းစိန်ထောင်ကို နှစ်ယောက် ရောက်လာတယ်။ နှစ်ယောက်လုံး လက်ပစ်ဗုံးကွဲလို့ လက်တွေခြေထောက်တွေ ပြတ် နေကြတယ်။

သေဒဏ်ပေးလိုက် တဲ့သူက ဗိုလ်မှူးအဆင့်ရှိတယ်။ ဇင်ဘိုတဲ့။ အခု ဟိုဘက် ပျဉ်ထောင်အိမ်မှာနေတဲ့သူက ကင် မင်ချူးတဲ့။ ဗမာစကားတောင် တော်တော်မွှတ်နေပြီ”

ဒုတပ်ကြပ်ဝင်းမြင့် စကားဆုံးတော့ သူပေးတဲ့ အချက်အ လက်တွေကို ဆက်စပ်စဉ်းစား ကြည့်မိတယ်။ ဘယ်လိုဖြစ်တာ လဲ။ စမ်းချောင်းသား ငယ်ငယ် ကတည်းက အာဇာနည်ကုန်း ဗုံးကွဲတာကိုမှတ်မိနေတယ်။

လူတွေ သေကုန်လို့ ရုံးတွေ၊ ကျောင်းတွေ မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ကျောင်းမှာ နိုင်ငံတော်အလံတိုင် ဝက် လွှင့်ထူခဲ့တာကို မှတ်မိနေ တယ်။ ဒါကြောင့် သိချင်စိတ်ကို ချိုးနှိမ်လို့ မရတော့ဘူး။

“ တစ္ဆေတွေ၊ သရဲတွေကို တော့ ကျွန်တော်သိပ်မယုံပါဘူး။ ဒါပေမဲ့ သေသွားတဲ့ ဇင်ဘိုက ဘာလို့ ဒီကိုလာရတာလဲ။ သူ့ သူငယ်ချင်းကို သိပ်ချစ်လို့လား”

“ ဟာ …ဘယ်က ချစ်လို့ ဟုတ်ရမှာလဲ။ ဇင်ဘိုက ကင်မင်ချူးကို အရမ်းမုန်းတာ။ သတ်ပစ် ချင်လောက်အောင်ကို မုန်းတာ။ သူက တရားရုံးမှာ အမှုရင်ဆိုင် တော့ ဘာဖြောင့်ချက်မှ မပေး ဘူး။ ရေငုံနှုတ်ပိတ် နေခဲ့တယ်။

ဒါပေမဲ့ အခုအသက်ရှင်နေတဲ့ ကင်မင်ချူးကတော့ နိုင်ငံတော် တရားရုံးမှာ ဖြောင့်ချက်ပေးပြီး သူတို့ ကျူးလွန်ပုံတွေကို အသေး စိတ် ပြောပြခဲ့တယ်။ ဒါကြောင့် မြောက်ကိုရီးယား လက်ချက်ဆို တာ ပေါ်ပေါက်သွားပြီး နိုင်ငံတ ကာမှာ ဒို့နိုင်ငံ အသက်ရှူချောင် သွားတာ”

ဒုတပ်ကြပ်ဝင်းမြင့်က စကား ပြောတာ ကြာသွားလို့ အခြေ အနေကို အကဲခတ်ပြီး ပြန်ဖို့ ခြေလှမ်းပြင်လိုက်တယ်။

“ တော်ပြီကွာ။ စကားပြော တာ တော်တော်ကြာသွားပြီ။ ငါသွားတော့မယ်”

စမ်းချောင်းသားက သိချင် စိတ်ကို ဆက်ချုပ်တည်းမထားနိုင် တော့ဘူး။ ဝါဒါဝင်းမြင့်ရဲ့ အကျႌ လက်မောင်းကို လှမ်းဆွဲထား တယ်။ ပြီးတော့ သူသိချင်တာကို ဆက်မေးလိုက်တယ်။
“ အဲ့လိုတော့ တိုးလို့တန်းလန်းကြီး မထားခဲ့နဲ့ဆရာရယ်။ သူတို့ အကြောင်းလေးတော့ ပြီးအောင် ပြောပြပေးခဲ့ပါ။ ဇင်ဘိုကို သေ ဒဏ်ပေးလိုက်ပြီး ကင်မင်ချူးကိုကျ ဘာလို့သေဒဏ်မပေးတာလဲ”

“ ကင်မင်ချူးက မြောက်ကို ရီးယားစစ်တပ်ကလို့ ဝန်ခံလိုက် တော့ အစိုးရ သက်သေဖြစ်သွား တယ်လေကွာ။ ဒီတော့ သူ့တို့ နှစ်ယောက်ကို သေဒဏ်ပေးခဲ့ပေ မယ့် ကင်မင်ချူးကိုတော့ ထောင် ဒဏ်တစ်သက်ပြစ်ဒဏ် ပြောင်း လဲပေးခဲ့တယ်။ အဲဒီတုန်းက ငါ လည်း အင်းစိန်ထောင်မှာ ဝန် ထမ်းဖြစ်ခါစပဲ။

ဇင်ဘိုဆိုရင် ကင် မင်ချူးကို မုန်းလွန်းလို့ တရား ရုံးမှာ လှည့်လည်းမကြည့်ဘူး။ စကားလည်း မပြောကြတော့ဘူး။ နောက်ဆုံး ဇင်ဘိုက ကင်မင်ချူး ကို မြန်မာလို သစ္စာဖောက်လို့ တောင် မသေခင် ပြောသွားခဲ့ တယ်”

ဒုတပ်ကြပ်ဝင်းမြင့် စကား အဆုံးမှာ စမ်းချောင်းသား ကြက် သီးမွေးညင်း ထသွားတယ်။ ပြီး တော့ တုန်ယင်နေတဲ့ အသံနဲ့ လှမ်းပြောလိုက်တယ်။

“ ဟာ ..ဒါဆို ဒါဆို ညည တောက်ခေါက်နေတာ သူပေါ့”

ဒုတပ်ကြပ်ဝင်းမြင့်က ဘာမှ ပြန်မဖြေတော့ဘူး။ စမ်းချောင်း သားကို ကိုယ်ချင်းစာတဲ့အကြည့် နဲ့ လှမ်းကြည့်နေတယ်။ ပြီးတော့ စမ်းချောင်းသား မကြောက်အောင် တတ်သမျှမှတ်သမျှ ကြိုးစားပြီး ဖြေသိမ့်လိုက်တယ်။

“ ဒါတွေက သူတို့ကိစ်္စရှိမှာ ပေါ့ကွာ။ ဇင်ဘိုက ကြိုးပေးခံရ တဲ့ အချိန်အထိ ကင်မင်ချူးကို အခဲကျေမသွားခဲ့ဘူး။ မဆိုင်တဲ့ သူတွေကိုတော့ သူဘာမှလုပ်မှာ မဟုတ်ပါဘူး။

မင်းလည်း ည ဘက် တစ်ယောက်တည်း ချောက် ချားနေရင် တရားလေးဘာလေး မှတ်၊ သီချင်းလေးဘာလေး ဆိုပြီး နေပေါ့”

စမ်းချောင်းသားက ဒုတပ် ကြပ်ဝင်းမြင့်ကို ချက်ချင်းဆိုသ လို ခေါင်းခါယမ်းပြတယ်။

“ တော်ပါပြီဗျာ။ ဘာသီချင်း မှ ဆိုချင်စိတ် မရှိတော့ပါဘူး။ အထူးသဖြင့် ဟောဒီထောင်ထဲက မထွက်မချင်း ဂန္တွဝင်စိမ်းသီချင်း ကို ဘယ်တော့မှမဆိုတော့ဘူး”

“ ဘာဖြစ်လို့လဲ”

“ ဒီ ဂန္တွဝင်စိမ်းသီချင်းကြောင့် ဒီထောင်ထဲမှာ မမြင်သင့်တာတွေ မြင်ပြီး ကျွန်တော်ဒုက်္ခရောက်နေ တာလို့ ထင်တယ်”

“ အဲ့လိုလည်း စိတ်မစွဲပါနဲ့ ကွာ။ တချို့ပရလောကသားတွေ က အသံပေးတာရှိတယ်။ အရိပ် အရောင်ပြတာရှိတယ်။ လူလုံး ပြတာရှိတယ်။ ဒါပေမဲ့ ငါသိရ သလောက် ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး။ ဥပမာ ဇင်ဘိုကိုပဲ ကြည့်။ မင်းကို ဘာဒုက်္ခမှမပေး ဘူးမဟုတ်လား”

စမ်းချောင်းသားက ဘာမှ စောဒကမတက်တော့ဘဲ ဒုတပ် ကြပ်ဝင်းမြင့်ကို တိုက်ခန်းထဲက နေ ငေးကြည့်နေပါတယ်။ ဒုတပ် ကြပ်ဝင်းမြင့် သူ့အခန်းရှေ့က ထွက်ခွာသွားပြီးမှ တစ်စုံတစ်ရာ ပြောချင်ပုံနဲ့ နောက်ကြောင်းပြန် လှည့်လာတယ်။ ပြီးတော့ စမ်း ချောင်းသားကိုကြည့်ပြီး လှမ်း ပြောလိုက်တယ်။

“ ဇင်ဘိုရဲ့ နောက်ဆုံးနေ့ရက် တွေကို ငါမီလိုက်တယ်။ သူဘယ် လိုသေသွားလဲ …မင်းသိချင်လား”

ဒုတပ်ကြပ်စကားအဆုံးမှာ တော့ စမ်းချောင်းသားတစ် ယောက် သိချင်စိတ်နဲ့ တစ်ကိုယ် လုံး တုန်လှုပ်သွားပါတယ်……။

(ဆက်လက် တင်ဆက်ပေးပါမယ်…)

Credit – ဇော်သက်ထွေး

Add a Comment

Your email address will not be published. Required fields are marked *