” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၀ ) )

ေအာက္တြင္ Unicode ျဖင့္ ေဖာ္ျပထားသည္……

တ မ လြန္ ဘ၀တိုင္ အမုန္း ကမာၻမေက်သူ ဇင္ဘို ၏ ေနာက္ဆံုးေန႔ မ်ား…

လူ႔ေလာက ဟာ အင္မတ န္ကုိ ဆန္းၾကယ္ပါ တယ္။ ျမန္မာႏုိင္ငံ ရဲ႕အႀကီးဆုံးေထာင္ တခုမွာ ေျမာက္ကုိရီးယား တပ္မေတာ္ က ဗုိလ္မွဴး အဆင့္ရွိတဲ့ လူတစ္ေယာက္ ကုိေသဒဏ္ေပး ကြပ္မ်က္ခဲ့ရတဲ့ျဖစ္ရပ္ဟာ ျမန္မာ့ႏုိင္ငံ ေရး သမုိင္း မွာ ထူးျခားျဖစ္စဥ္ အျဖစ္ မွတ္တမ္း တင္က်န္ရစ္ခဲ့ ပါတယ္။ ဒီျဖစ္ရပ္ ကေတာ့ ၁၉၈၃ ခု၊ ေအာက္တုိဘာလ ၉ ရက္ေန႔က ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။ အဲဒီ အခ်ိန္က ျမန္မာႏုိင္ငံ ကုိ အၿငိမ္စား ဗုိလ္ခ်ဳပ္ႀကီးေန၀င္း ေခါင္းေဆာင္တဲ့ ျမန္မာ့ဆုိရွယ္လစ္လမ္းစဥ္ ပါတီ က အုပ္ခ်ဳပ္ ေနတဲ့ ကာလျဖ စ္ပါတယ္။

ေအာက္တုိ ဘာလ ၈ ရက္ေန႔မွာ ေတာင္ကုိရီးယားသမၼတ ခ်န္ဒူး၀မ္နဲ႔အဖြဲ႕ ဟာ ရန္ကုန္ၿမိဳ႕ကုိခ်စ္ၾကည္ေရး အလည္အပတ္ ေရာက္ရွိလာခဲ့ပါ တယ္။

ျမန္မာႏုိင္ငံကုိ လာေရာက္ လည္ပတ္တဲ့ ႏုိင္ငံ့ေခါင္းေဆာင္ ေတြရဲ႕ထုံးစံအတုိင္း လြတ္လပ္ေရး ဗိသုကာ ဗုိလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ တကြ အာဇာနည္ ေခါင္းေဆာင္ ႀကီးမ်ားကုိ ဂူသြင္းျမႇဳပ္ႏွံထား တဲ့ အာဇာနည္ဗိမာန္ ကုိ ေတာင္ကုိရီး ယားသမၼတဟာ လြမ္းသူ႔ ပန္းေခြ ခ်ဖုိ႔ ေအာက္တုိဘာလ ၉ ရက္ေန႔ မွာ စီစဥ္ထားပါတယ္။

တ မ လြန္ ဘ၀တိုင္ အမုန္း ကမာၻမေက်သူ ဇင္ဘို ၏ ေနာက္ဆံုး ေန႔မ်ား

ဒါေၾကာင့္ ျမန္မာအစုိးရရဲ႕ ၀န္ႀကီးတခ်ိဳ႕ နဲ႔ အစုိးရပုိင္ သတင္းစာတုိက္မွ သတင္းေထာက္ေတြ၊ ႐ုပ္ရွင္႐ုိက္ ကူးေရးအဖြဲ႕သားေတြဟာ အာဇာနည္ကုန္းကုိ ႀကိဳတင္ၿပီးေရာက္ရွိေနၾကပါတယ္။ မနက္ ၁၀ နာရီ မိနစ္ ၂၀ ေလာက္မွာေတာ့ ေတာင္ကုိရီးယားသမၼတႀကီး မလာခင္ေရွ႕ေျပးအဖြဲ႕ေရာက္ရွိလာခဲ့ပါ တယ္။

အမွန္တကယ္ကေတာ့ အခ်ိန္ကုိက္ေရာက္ရွိဖုိ႔ ျဖစ္ေပမယ့္ ေတာင္ကုိရီးယားသမၼတႀကီး ခ်န္ဒူး၀မ္ရဲ႕ ေမာ္ေတာ္ယာဥ္တန္း ဟာ ဦး၀ိစာရလမ္းတစ္ေလွ်ာက္ ယာဥ္ေၾကာ ပိတ္ဆုိ႔ေနတဲ့အတြက္ အာဇာနည္ကုန္းကုိ အခ်ိန္မီ မေရာက္ဘဲ မိနစ္အနည္းငယ္ ေနာက္က်ေနခဲ့ပါတယ္။

ေတာင္ကုိရီးယားသမၼတႀကီး မေရာက္ခင္ ငါးမိနစ္အလုိမွာပဲ အာဇာနည္ ကုန္းေပၚမွာရွိတဲ့ အာဇာနည္ ဗိမာန္မွာ အလြန္က်ယ္ေလာင္တဲ့ ေပါက္ကြဲသံႀကီးတစ္ခု ၾကားလုိက္ ရပါတယ္။ ေပါက္ကြဲသံၾကားၿပီး လုံၿခံဳေရးတပ္ဖြဲ႕၀င္ေတြက လုပ္ ႀကံမႈအျဖစ္ ခ်က္ခ်င္းသိသြားပါ တယ္။

ဒါေၾကာင့္ ေတာင္ကုိရီး ယားသမၼတႀကီးရဲ႕ ယာဥ္တန္းကုိ ေနာက္ေၾကာင္း လွည့္ျပန္ေစခဲ့ပါ တယ္။ အာဇာနည္ဗိမာန္ဟာ ဗုံး ဒဏ္ေၾကာင့္ ရစရာမရွိေအာင္ ပ်က္စီးသြားခဲ့ၿပီး လူေပါင္းမ်ားစြာ ဟာ ဒဏ္ရာေတြနဲ႔ လဲက်ေနခဲ့ပါ တယ္။

ေဆးတပ္ဖြဲ႕၀င္ေတြ ခ်က္ ခ်င္း ေရာက္လာခဲ့ၿပီး အနီးဆုံး တပ္မေတာ္ေဆး႐ုံကုိ ပုိ႔ေပးခဲ့ပါ တယ္။ အာဇာနည္ကုန္းအတြင္း ဗုံးေပါက္ကြဲမႈေၾကာင့္ ႀကိဳတင္ ေရာက္ရွိေနတဲ့ ေတာင္ကုိရီးယား အစုိးရအဖြဲ႕၀င္ ၀န္ႀကီးမ်ားအပါ အ၀င္ ကုိရီးယား၊ ျမန္မာ စုစု ေပါင္း ၁၉ ဦး ေသဆုံးၿပီး ၄၆ ဦး ဒဏ္ရာရခဲ့ပါတယ္။

ဒီလုပ္ႀကံမႈ မွာ ေတာင္ကုိရီးယားအစုိးရအဖြဲ႕ ရဲ႕ အေရးပါတဲ့၀န္ႀကီးေတြျဖစ္တဲ့ စီးပြားေရးစီမံကိန္းႏွင့္ ဒုတိယ၀န္ ႀကီးခ်ဳပ္၊ ႏုိင္ငံျခားေရး၀န္ႀကီး၊ ကူးသန္းေရာင္း၀ယ္ေရးႏွင့္ စက္ မႈေရးရာ၀န္ႀကီး၊ စြမ္းအင္ႏွင့္ သယံဇာတပစၥည္း ေရးရာ၀န္ႀကီး၊ ျမန္မာႏုိင္ငံဆုိင္ရာ ကုိရီးယား ႏုိင္ငံသံအမတ္ႀကီး အပါအ၀င္ ကုိရီးယားလူမ်ိဳး ၁၆ ဦး ေသဆုံး ခဲ့ၾကသလုိ ျမန္မာသတင္းစာဆရာ သံုးဦးလည္း ေသဆုံးခဲ့ၾကရပါတယ္။

တ မ လြန္ ဘ၀တိုင္ အမုန္း ကမာၻမေက်သူ ဇင္ဘို ၏ ေနာက္ဆံုး ေန႔မ်ား

အခင္းျဖစ္ပြားၿပီးလွ်င္ၿပီးခ်င္း ေတာင္ကုိရီးယားသမၼတႀကီး ခ်န္ဒူး၀မ္နဲ႔အဖြဲ႕ဟာ ျမန္မာႏုိင္ငံ မွာ သြားေရာက္ မယ့္ခရီးစဥ္အား လုံးကုိ ဖ်က္သိမ္းလုိက္ပါတယ္။ ျမန္မာ့ဆုိရွယ္လစ္လမ္းစဥ္ပါတီ ဥကၠ႒ႀကီး ဦးေန၀င္းကလည္း အစုိးရဧည့္ေဂဟာကုိ ခ်က္ခ်င္း သြားေရာက္ၿပီး ေတာင္ကုိရီးယား သမၼတႀကီးကုိ ယခုျဖစ္ရပ္အတြက္ အလြန္၀မ္းနည္းေၾကာင္း သြား ေရာက္ေျပာဆုိခဲ့ပါတယ္။

သမၼတ က ေတာင္ကုိရီးယားတစ္ႏုိင္ငံလုံး ကုိ စစ္ေရးအရ အျမင့္ဆုံးတပ္လွန္႔ ထားခဲ့ၿပီး ဒဏ္ရာရတဲ့ ေတာင္ ကုိရီးယားလူမ်ိဳးေတြကုိ မိခင္ႏုိင္ငံ ျပန္သယ္ေဆာင္ရန္ အတြက္ ေတာင္ကုိရီးယားစစ္တပ္မွ ၇၄၇ ဘုိးရင္းေဆး႐ုံေလယာဥ္ႀကီးတစ္ စင္းနဲ႔ တုိက္ေလယာဥ္ေတြကုိ ေခၚယူလုိက္ပါတယ္။

ေတာင္ ကုိရီးယားသမၼတႀကီးနဲ႔ အသက္ ရွင္ က်န္ရစ္ခဲ့တဲ့ အစုိးရအဖြဲ႕၀င္ ေတြဟာ အဲဒီေန႔ ညေန ၄ နာရီ ၃၅ မိနစ္မွာပဲ တုိက္ေလယာဥ္ေတြ ၿခံရံထားတဲ့ အထူးေလယာဥ္နဲ႔ ခ်က္ခ်င္းထြက္ခြာသြားပါတယ္။

ေတာင္ကုိရီးယား ခ်စ္ၾကည္ေရး အဖြဲ႕ကုိ ႏုိင္ငံေတာ္သမၼတ ဦးစန္းယုနဲ႔ ဇနီး၊ ႏုိင္ငံေတာ္ေကာင္စီ ဦးေအးကုိနဲ႔ ဇနီး၊ ႏုိင္ငံေတာ္ ေကာင္စီ ဦးစိန္လြင္နဲ႔ ဇနီး၊ ၀န္ ႀကီးခ်ဳပ္ ဦးေမာင္ေမာင္ခႏွင့္ ႏုိင္ငံ ျခားေရး၀န္ႀကီး ဦးခ်စ္လိႈင္တုိ႔က ေလဆိပ္ကုိ လုိက္လံပုိ႔ေဆာင္ခဲ့ပါ တယ္။

ဒဏ္ရာရေနတဲ့ သူေတြကုိ တပ္မေတာ္ အမွတ္(၂)ေဆး႐ုံႀကီး ကေန ေဆး႐ုံေလယာဥ္ေပၚကုိ ပုိ႔ေဆာင္ေပးၿပီးတဲ့ေနာက္ ေအာက္တုိဘာလ ၉ ရက္ေန႔ ညပုိင္းမွာပဲ ကုိရီးယားကုိ ျပန္လည္သယ္ ေဆာင္သြားခဲ့ပါတယ္။

အဲဒီည ၈ နာရီ သတင္းထုတ္ျပန္ခ်က္မွာ ကုိရီးယားသမၼတႏိုင္ငံမွ ခ်စ္ၾကည္ ေရးခရီး လာေရာက္စဥ္အတြင္း သူရဲေဘာေၾကာင္စြာ အၾကမ္းဖက္ ခဲ့မႈေၾကာင့္ ဗုံးေပါက္ၿပီး အသက္ ဆုံး႐ႈံးခဲ့ရတဲ့ ကုိရီးယားသမၼတ ႏုိင္ငံမွ ကုိယ္စားလွယ္အဖြဲ႕၀င္မ်ား အတြက္ အထူးေၾကကြဲ၀မ္းနည္းပါ ေၾကာင္း ႏုိင္ငံေတာ္သမၼတဦးစန္း ယု လက္မွတ္နဲ႔ သတင္းထုတ္ျပန္ ခဲ့ပါတယ္။

တစ္ဆက္တည္းမွာပဲ ေအာက္တုိဘာ ၁၀၊ ၁၁၊ ၁၂ သုံး ရက္ဆက္တုိက္ အစုိးရ႐ုံး၊ စက္႐ုံ အလုပ္ ႐ုံ၊ ေက်ာင္းေတြမွာ ၀မ္း နည္းျခင္း အထိမ္းအမွတ္ ႏုိင္ငံ ေတာ္အလံကုိ တုိင္၀က္လႊင့္တင္ ခဲ့ပါတယ္။

တ မ လြန္ ဘ၀တိုင္ အမုန္း ကမာၻမေက်သူ ဇင္ဘို ၏ ေနာက္ဆံုး ေန႔မ်ား

ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး အေမ ရိကန္ စီအုိင္ေအနဲ႔ ႏုိင္ငံတကာ ေထာက္လွမ္းေရး အဖြဲ႕၀င္ေတြက ေတာင္ကုိရီးယားရဲ႕ ရန္ဘက္ ေျမာက္ကုိရီးယားလက္ခ်က္ ျဖစ္ ႏုိင္ေၾကာင္း ခန္႔မွန္းေျပာၾကားခဲ့ ၾကေပမယ့္ လက္ဆုပ္လက္ကုိင္မျပ ႏုိင္ခဲ့တဲ့အတြက္ေၾကာင့္ ျမန္မာ အစုိးရဟာ ႏုိင္ငံတကာဖိအား ေအာက္မွာ မ်က္ႏွာငယ္ခဲ့ရပါ တယ္။

ဗုံးခြဲတရားခံလက္သည္ ကုိ စမ္းတ၀ါး၀ါးရွာေဖြေနစဥ္မွာ ျမန္မာအစုိးရဘက္ကုိ ကံၾကမၼာ အလွည့္ေပးခဲ့ပါတယ္။ အဲဒါက ေတာ့ အာဇာနည္ကုန္း ေပါက္ကြဲ သံအၿပီး ေျမနီကုန္း တာယာဆုိင္ ေရွ႕မွာ ႏုိင္ငံျခားသားႏွစ္ဦးဟာ လက္သီးလက္ေမာင္း တန္းၿပီး “ ခ်ီဘာ…ခ်ီဘာ” လုိ႔ ေအာ္ဟစ္ ခဲ့တာကုိ ဆုိင္ရွင္ကသတိထားမိခဲ့ ပါတယ္။

ဒီသဲလြန္စေပၚအေျခခံၿပီး ေထာက္လွမ္းေရးေတြက တရားခံ ကုိ အသည္းအသန္ ရွာေဖြခဲ့ၾက ပါတယ္။

ေအာက္တုိဘာ ၁၀ ရက္ေန႔ ည ၉ နာရီခြဲခန္႔မွာ ပုဇြန္ေတာင္ ေခ်ာင္းအတြင္းထဲကေန ေရကူး ၿပီး ရန္ကုန္ျမစ္၀ကုိ ထြက္ဖုိ႔ႀကိဳး စားေနတဲ့ လူမ်ိဳးျခားတစ္ေယာက္ ကုိ ေညာင္တန္းသေဘၤာဆိပ္မွာ ရွိတဲ့ ေဒၚစန္းရီ ဆုိတဲ့ အမ်ိဳးသမီးႀကီးက အမွတ္မထင္ ေတြ႕ရွိသြားတာပဲ ျဖစ္ပါတယ္။

ေဒၚစန္းရီရဲ႕ ေအာ္သံေၾကာင့္ ေဘးနားကလူ ေတြ စု႐ုံးလာၾကၿပီး ျမစ္၀ကုိထြက္ ဖုိ႔ ႀကိဳးစားေနတဲ့သူကုိ လွမ္းေခၚ ပါတယ္။ ဒါေပမဲ့ သူကျပန္မလာဘဲ ေရကူးထြက္ေျပးေနတဲ့အတြက္ ဆိပ္ကမ္းကုန္တင္ကုန္ခ် အလုပ္ သမားေတြနဲ႔ ရပ္ကြက္လူထုက ၀ုိင္း၀န္းဖမ္းဆီးဖုိ႔ ႀကိဳးစားပါ ေတာ့တယ္။

သူက လူအုပ္ႀကီး ရွဲ သြားေအာင္ သူ႔လက္ထဲက လက္ ပစ္ဗုံးနဲ႔ ပစ္ေပါက္ဖုိ႔ႀကိဳးစားပါ တယ္။ ေနာက္ထပ္ ဗုံးတစ္လုံးက ေတာ့ သူ စနက္တံျဖဳတ္ေနတုန္း မွာပဲ လက္ထဲမွာ ေပါက္ကြဲသြားခဲ့ ပါတယ္။

ဒဏ္ရာရလုိ႔ ေရမကူး ႏုိင္ေတာ့တဲ့အတြက္ ေရလယ္ရွိ တုိင္တစ္တုိင္ကုိ မွီထားတဲ့အခ်ိန္ မွာပဲ စက္ျပင္ဆရာ ဦးဘုိႀကီးနဲ႔ လူတခ်ိဳ႕က ေရထဲဆင္းၿပီး ဖမ္း ဆီးခဲ့ပါတယ္။ သူ႔ကုိ ကမ္းစပ္ေခၚ လာတဲ့အခ်ိန္မွာပဲ ရဲတပ္ဖြဲ႕၀င္ ေတြ ေရာက္ရွိလာၿပီး ခ်က္ခ်င္းဆုိ သလုိ တပ္မေတာ္ေဆး႐ုံကုိ ပုိ႔ ေဆာင္ေပးခဲ့ပါတယ္။

သူဟာ ကုိ ရီးယားလူမ်ိဳးမွန္း သိၿပီးတဲ့ေနာက္ မွာေတာ့ ခြဲစိတ္ဆရာ၀န္ႀကီးနဲ႔ အဖြဲ႕ဟာ သူအသက္ရွင္ေအာင္ အသည္းအသန္ ခြဲစိတ္ကုသေပး ခဲ့ရပါတယ္။

တ မ လြန္ ဘ၀တိုင္ အမုန္း ကမာၻမေက်သူ ဇင္ဘို ၏ ေနာက္ဆံုး ေန႔မ်ား

လူနာဟာ ဗုံးဒဏ္ ေၾကာင့္ မ်က္လုံးႏွစ္လုံးကြယ္ၿပီး လက္ေတြျပတ္ခဲ့ေပမယ့္ သူဟာ ေျမာက္ကုိရီးယားတပ္မေတာ္က ကြန္မန္ဒုိ ဗုိလ္မွဴးတစ္ေယာက္ ျဖစ္ၿပီး အမည္ကေတာ့ ဇင္ဘုိျဖစ္ ေၾကာင္း သိလုိက္ရပါတယ္။

သူနဲ႔ အတူ အျခားကြန္မန္ဒုိႏွစ္ေယာက္ ပါရွိေနတဲ့အေၾကာင္း သိလုိက္ရ ၿပီးတဲ့ေနာက္မွာ အမိအရ ဖမ္းမိ ဖုိ႔နဲ႔ ပင္လယ္ ထြက္ေပါက္လမ္း ေတြကုိပိတ္ဆုိ႔ဖုိ႔ ႏုိင္ငံေတာ္သမၼတ က အမိန္႔ေပးလုိက္ပါတယ္။

ဒါ ေၾကာင့္ အာဇာနည္ကုန္းဗုံးခြဲလုပ္ ႀကံမႈအတြက္ တရားခံမ်ားကုိ ကုန္းလမ္း၊ ေရလမ္းပိတ္ဆုိ႔ၿပီး ရွာေဖြဖုိ႔ တပ္မေတာ္တပ္ရင္းမ်ား နဲ႔ တပ္မေတာ္(ေရ)တုိ႔ကုိ တာ ၀န္ေပးအပ္ခဲ့ပါတယ္။

ဒီတာ၀န္ ေတြထဲမွာ ရန္ကုန္တုိင္း စစ္ဌာန ခ်ဳပ္ လက္ေအာက္ခံ တြံေတး ေတာႀကီးတန္းအေျခစုိက္ ခလရ ၇၀ ကုိ အထူးတာ၀န္အျဖစ္ ေပး အပ္လုိက္ၿပီး ကြန္မန္ဒါအျဖစ္ ဗုိလ္မွဴးႀကီးမ်ိဳးၫြန္႔ (န၀တေခတ္ တြင္ ရန္ကုန္တုိင္း တုိင္းမွဴး ဗုိလ္ ခ်ဳပ္မ်ိဳးၫြန္႔)ကုိ ခန္႔အပ္ခဲ့ပါတယ္။

ဗုိလ္မွဴးႀကီးမ်ိဳးၫြန္႔က အထူးကြန္ မန္ဒုိ လက္ေရြးစင္ေတြကုိ ေရြး ထုတ္ဖြဲ႕စည္းၿပီး ရန္သူကုိေတြ႕ရင္ မပစ္ဘဲ အရွင္ဖမ္းဖုိ႔ အမိန္႔ေပး ခဲ့ပါတယ္။
ၿပီးေတာ့ ကြန္မန္ဒုိေတြ ကုိ ရဟတ္ယာဥ္ေပၚ တင္ေဆာင္ ၿပီး ေရႊတိဂုံဘုရားကုိ လက္ယာရစ္ ေမာင္းႏွင္ေစၿပီး သရဏဂုံတင္ ေပးခဲ့ပါတယ္။ ႀကိဳတင္တြက္ဆ ထားတဲ့အတုိင္း ေအာက္တုိဘာ ၁၁ ရက္ေန႔ နံနက္ ၇ နာရီခြဲခန္႔ မွာ ေကာ့မွဴးၿမိဳ႕နယ္၊ သခြတ္ပင္ ေက်းရြာမွာ အစာေရစာျပတ္ေန တဲ့ ေျမာက္ကုိရီးယားႏွစ္ေယာက္ ကုိ ရြာသားေတြ ေတြ႕သြားပါတယ္။

အဲဒီေနာက္ အဆင့္ဆင့္ သတင္း ေပးပုိ႔မႈေၾကာင့္ ေဒသခံျပည္သူ ရဲတပ္ဖြဲ႕၀င္ေလးဦးက ဖမ္းဆီးၿပီး စစ္ေဆးဖုိ႔ေခၚလာစဥ္မွာပဲ တစ္ဦး က လက္ပစ္ဗုံးနဲ႔ပစ္ၿပီး ထြက္ေျပး သြားခဲ့ပါတယ္။

ရဲတပ္ဖြဲ႕၀င္ေတြ က ေသနတ္နဲ႔ ျပန္လည္ပစ္ခတ္ ဖမ္းဆီးတဲ့အတြက္ တစ္ဦးကုိ အေသမိၿပီး တစ္ဦးထြက္ေျပးလြတ္ ေျမာက္သြားခဲ့ပါတယ္။

လြတ္ ေျမာက္သြားတဲ့သူကုိ ဗုိလ္ႀကီး ေမာင္ေမာင္ေအာင္ဦးစီးတဲ့ ကြန္ မန္ဒုိအထူးတပ္ဖြဲ႕က ေတာနင္း ရွာေဖြရာမွာ ေအာက္တုိဘာ ၁၂ ရက္ေန႔ နံနက္ ၉ နာရီ မိနစ္ ၂၀ ခန္႔မွာ ထြက္ေျပးလြတ္ေျမာက္ သြားတဲ့ တရားခံကုိ ေကာ့မွဴးၿမိဳ႕ နယ္၊ ကြင္း၀ုိင္းရြာေျမာက္ဘက္မွာ ဖမ္းဆီးရမိခဲ့ပါတယ္။

အရွင္ဖမ္း ဆီးရန္ ျမန္မာကြန္မန္ဒုိေတြ ႀကိဳး ပမ္းစဥ္မွာ လက္ပစ္ဗုံးခြဲရန္ လုပ္ ေဆာင္တဲ့အတြက္ သူ အသက္မ ေသဖုိ႔ တပ္မေတာ္သားတစ္ဦးက အေသခံၿပီး ဗုံးကုိကာကြယ္ခဲ့ပါ တယ္။

ဒါေၾကာင့္ တရားခံဟာ လက္နဲ႔၀မ္းဗုိက္မွာ အႀကီးအက်ယ္ ဒဏ္ရာရသြားေပမယ့္ အရွင္ဖမ္း ဆီးႏုိင္ခဲ့ပါတယ္။ ဒီျဖစ္စဥ္မွာ ျမန္မာ့တပ္မေတာ္သား သုံးဦး အသက္ေပးလွဴခဲ့ရပါတယ္။

တရား ခံေတြကုိ အရွင္ရေအာင္ဖမ္းဆီး ေပးႏုိင္ခဲ့တဲ့အတြက္ ေညာင္တန္း သေဘၤာဆိပ္က ေဒၚစန္းရီနဲ႔ က် ဆုံးသြားေသာ တပ္မေတာ္သား ေတြကုိ ႏုိင္ငံေတာ္က သူရဲေကာင္း ဘြဲ႕တံဆိပ္ေတြ ခ်ီးျမႇင့္ခဲ့ပါတယ္။

ေနာက္ဆုံး ေျမာက္ကုိရီးယား ကြန္မန္ဒုိအဖြဲ႕၀င္ သုံးဦးအနက္ တစ္ဦးအေသ၊ ႏွစ္ဦး အရွင္ဖမ္း ဆီးရမိၿပီးတဲ့ေနာက္မွာေတာ့ အာ ဇာနည္ဗိမာန္ဗုံးခြဲလုပ္ႀကံတဲ့ စစ္ ဆင္ေရးအေသးစိတ္ကုိ ျမန္မာ ႏုိင္ငံက ကမၻာသိထုတ္ျပန္ႏုိင္ခဲ့ပါ တယ္။

အားလုံးကုိ စစ္ေဆးၿပီးတဲ့ ေနာက္မွာ ဒီလုပ္ႀကံမႈဟာ ေျမာက္ ကုိရီးယားတပ္မေတာ္မွ ဗုိလ္ခ်ဳပ္ ကင္ခ်န္စု၏ တာ၀န္ေပးခ်က္အရ ဗုိလ္မွဴး ဇင္ဘုိ၊ ဗုိလ္ႀကီး ကင္မင္ ခ်ဴးႏွင့္ ဗုိလ္ႀကီး ဆင္ကီခ်ဴးတုိ႔ သုံးဦးဟာ ကုန္သေဘၤာတစ္စင္း နဲ႔ ရန္ကုန္ၿမိဳ႕ကုိ ေရာက္ရွိလာၿပီး ေတာင္ကုိရီးယား အစုိးရအဖြဲ႕ကုိ လုပ္ႀကံခဲ့ေၾကာင္း သိရွိရပါတယ္္။

ေတာင္ကုိရီးယား အစုိးရအဖြဲ႕ လြမ္းသူ႔ပန္းေခြမခ်ခင္ ႏွစ္ရက္ခန္႔ ကတည္းက ႀကိဳတင္ၿပီး အာဇာ နည္ဗိမာန္ရဲ႕ မ်က္ႏွာၾကက္မွာ ေျမာက္ကုိရီးယားသံ႐ုံးက ေပး လုိက္တဲ့ ခ်ိန္ကုိက္ဗုံးသုံးလုံးကုိ ႀကိဳတင္ထည့္သြင္း ၀ွက္ထားခဲ့ပါ တယ္။

အဲဒီေနာက္ ေအာက္တုိဘာ လ ၉ ရက္ေန႔မွာ ခ်ိန္ကုိက္ဗုံး ေဖာက္ခြဲဖုိ႔ ေျမာက္ကုိရီးယား တစ္ဦးဟာ ဦး၀ိစာရလမ္းေပၚက ေရႊလင္းယုန္ ေမာ္ေတာ္ကားဆား ဗစ္၀င္းအတြင္းမွာ ေမာ္ေတာ္ကား ျပဳျပင္ဟန္ေဆာင္ၿပီး ေစာင့္ေနခဲ့ ပါတယ္။

အာဇာနည္ကုန္းေပၚ က ေတာင္ကုိရီးယားသမၼတႀကီး မေရာက္ခင္ အေလးျပဳရန္အစမ္း ေလ့က်င့္ေနတဲ့ ခရာသံကုိ ၾကား လုိက္ရၿပီးတဲ့ေနာက္ ေတာင္ကုိရီး ယားသမၼတ ေရာက္ၿပီအထင္နဲ႔ အေ၀းထိန္း ခလုတ္ႏွိပ္ၿပီး ဗုံးသုံး လုံးအနက္ တစ္လုံးကုိ ေဖာက္ခြဲ လုိက္ပါတယ္။

အဲဒီေနာက္ ျမန္မာလုိ သူရဲေကာင္းလုိ႔ အဓိပ္ၸာယ္ ရတဲ့ ကုိရီးယားစကား “ ခ်ီဘာ …ခ်ီဘာ” ဆုိၿပီး ေအာ္ဟစ္ ေအာင္ပြဲခံခဲ့ပါတယ္။ ေတာင္ကုိ ရီးယားသမၼတ ခ်န္ဒူး၀မ္ကေတာ့ အသက္ေဘးက သီသီေလးလြတ္ ေျမာက္သြားခဲ့ပါတယ္။

သူတုိ႔ရဲ႕ ေသမင္းတမန္ စစ္ဆင္ေရး ၿပီး ဆုံးသြားၿပီးတဲ့ေနာက္ လူစုခြဲၿပီး ေျမာက္ကုိရီးယားက တိတ္တ ဆိတ္ ေစာင့္ဆုိင္းေနတဲ့ ေရငုပ္ သေဘၤာဆီကုိသြားဖုိ႔ ရန္ကုန္ျမစ္၀ မွာ ျပန္ဆုံရန္ ခ်ိန္းဆုိခဲ့ပါတယ္။

ေနာက္ဆုံး ေရငုပ္သေဘၤာဆီ မ သြားႏုိင္ေတာ့သလုိ သူတုိ႔ကုိေပး လုိက္တဲ့ လက္ပစ္ဗုံးေတြကလည္း စနက္တံ ျဖဳတ္ၿပီးၿပီးခ်င္း ခ်က္ ခ်င္းကြဲတယ္ ဆုိတာကုိ စစ္ဌာန ခ်ဳပ္က မေျပာခဲ့လုိ႔ လက္ေတြ ေျခေထာက္ေတြ ျပတ္ခဲ့ၾကရပါ တယ္။

ဖမ္းမိတဲ့ ဇင္ဘုိဟာ ဒီ လုပ္ႀကံမႈနဲ႔ပတ္သက္ၿပီး ေျဖာင့္ ခ်က္မေပးဘဲ ေရငုံႏႈတ္ပိတ္ေနခဲ့ ေပမယ့္ ကင္မင္ခ်ဴးကေတာ့ သူ တုိ႔ကုိ ေပးလုိက္တဲ့ လက္ပစ္ဗုံး ေတြဟာ လက္ထဲမွာပဲ ေပါက္ကြဲ တတ္တယ္ဆုိတာကုိ ႀကိဳမေျပာ လုိက္တဲ့အတြက္ ေျမာက္ကုိရီး ယားစစ္တပ္ကုိ အသည္းနာသြား ခဲ့ပါတယ္။

ဒီအခ်က္ကပဲ သူ႔ကုိ ဒီလုပ္ႀကံမႈနဲ႔ပတ္သက္ၿပီး အေသး စိတ္ က်ဴးလြန္ခဲ့ပုံေတြကုိ ေျဖာင့္ ခ်က္ေပးဖုိ႔ တြန္းအားျဖစ္ခဲ့ပါတယ္။

ေနာက္ဆုံးေတာ့ လုံၿခံဳေရးအား နည္းမႈေၾကာင့္ ႏုိင္ငံတကာအလယ္ မွာ မ်က္ႏွာပ်က္ခဲ့ရတဲ့ ျမန္မာ ႏုိင္ငံဟာ ဒီဗုံးခြဲလုပ္ႀကံမႈအတြက္ ေျမာက္ကုိရီးယားမွာ တာ၀န္ရွိ ေၾကာင္း သတင္းထုတ္ျပန္ႏုိင္ခဲ့ ပါတယ္။

အက်ိဳးဆက္ေတြအေန နဲ႔ ျမန္မာက ေျမာက္ကုိရီးယားကုိ သံအဆက္အသြယ္ ျဖတ္ေတာက္ ခဲ့ၿပီး သံအဖြဲ႕ကုိ ႏုိင္ငံကေမာင္း ထုတ္ခဲ့ပါတယ္။ ေနာက္ဆုံးအေရး ယူမႈ တစ္ရပ္ကေတာ့ လုံၿခံဳေရး အတြက္ တာ၀န္ရွိတဲ့ တပ္မေတာ္ ေထာက္လွမ္းေရး ၫႊန္ၾကားေရး မွဴး ဗုိလ္မွဴးႀကီးေအာင္ကုိးေနရာ မွာ ဗုိလ္မွဴးႀကီးခင္ၫြန္႔နဲ႔ အစား ထုိးလဲလွယ္ခဲ့ျခင္းပဲျဖစ္ပါတယ္။

တရား႐ုံးက ဇင္ဘုိကုိ ေသ ဒဏ္ေပးခဲ့ၿပီး ကင္မင္ခ်ဴးကေတာ့ အစုိးရသက္ေသ ျဖစ္တဲ့အတြက္ ေထာင္ဒဏ္တစ္သက္ခ်မွတ္ျခင္း ခံခဲ့ရပါတယ္။ အဲဒီေနာက္မွာေတာ့ ဇင္ဘုိဟာ ကင္မင္ခ်ဴးကုိ သစၥာ ေဖာက္ဟုဆုိကာ စကားေျပာဆုိ ျခင္း မျပဳေတာ့ပါဘူး။

လက္ပစ္ဗုံး ကြဲမႈေၾကာင့္ ေျခေထာက္ေကာ၊ လက္ပါ ျပတ္ေတာက္ခဲ့ရတဲ့ ကင္ မင္ခ်ဴးကလည္း သြားလာရလြယ္ ကူေအာင္ ေမာ္ေတာ္ကားကၽြတ္ တစ္ခုကို တင္ပါးေအာက္ခံၿပီး တစ္ေနရာက တစ္ေနရာကုိ သြား ရပါတယ္။

ေနာက္ဆုံး သူ႔ကုိ တြဲ ဖက္ေထာင္မွာ သီးျခားပ်ဥ္ေထာင္ အိမ္တစ္လုံးနဲ႔ ေနထုိင္ခြင့္ေပးခဲ့ ပါတယ္။ ၁၉၈၉ ခုႏွစ္ အေရာက္ ဒီမုိကေရစီ ေတာင္းဆုိမႈေၾကာင့္ ႏုိင္ငံေရးသမားေတြ ေထာင္ထဲ တဖြဲဖြဲ၀င္လာခ်ိန္မွာ သူနဲ႔အဆက္ အသြယ္ရသြားမွာ စုိးတဲ့အတြက္ ေၾကာင့္ သူ႔ကုိ အင္းစိန္ေထာင္မ ႀကီးထဲက NLD မွ ဗုိလ္ခ်ဳပ္ႀကီး တင္ဦး၊ ဟံသာ၀တီဦး၀င္းတင္၊ မင္းကုိႏုိင္တုိ႔ကုိထားတဲ့ အထူး ၀င္းထဲကုိ ေျပာင္းေရႊ႕လုိက္ပါ တယ္။

ေသဒဏ္က်ခံထားရတဲ့ ဇင္ ဘုိကုိ တုိက္၀င္းထဲက ေသဒဏ္ တုိက္ျဖစ္တဲ့ ၂ တုိက္မွာ ထားရွိခဲ့ ပါတယ္။ ဇင္ဘုိဟာ ႀကိဳးတုိက္ ထဲမွာ အျခားႀကိဳးသမားေတြနဲ႔ ေရာေရာေႏွာေႏွာ ေနေလ့မရွိပါ ဘူး။

ေနာက္ပုိင္းေတာ့ ျမန္မာ စကားအနည္းငယ္ ေျပာတတ္ လာပါတယ္။ တစ္ရက္ေတာ့ ႀကိဳး တုိက္ကုိ အက်ဥ္းဦးစီးဌာန ၫႊန္ ၾကားေရးမွဴးခ်ဳပ္က ေထာင္ပုိင္ ေတြ၊ ေထာင္မွဴးေတြနဲ႔ ေရာက္ လာၿပီး စစ္ေဆးၾကည့္႐ႈပါတယ္။

ဒီလုိနဲ႔ ဇင္ဘုိအခန္းေရွ႕ေရာက္ ေတာ့ (၂) တုိက္ ေထာင္မွဴးက တင္ျပစရာရွိေၾကာင္း သတင္းပုိ႔ပါ တယ္။ ၫႊန္ခ်ဳပ္က မ်က္လုံးလည္း မျမင္၊ လက္ႏွစ္ဖက္လည္း ျပတ္ ေနတဲ့ ဇင္ဘုိကုိၾကည့္ၿပီး ညင္ညင္ သာသာလွမ္းေျပာလုိက္ပါတယ္။

“ ကဲ … ဘာတင္ျပစရာ ရွိသလဲ”

“ ကၽြန္ေတာ့္ကုိ အျမန္သတ္ ေပးဖုိ႔ တင္ျပခ်င္ပါတယ္”

ဇင္ဘုိရဲ႕ စကားသံအဆုံးမွာ ၫႊန္ခ်ဳပ္နဲ႔ အဖြဲ႕သားအားလုံး ႐ုတ္တရပ္ ၿငိမ္သက္သြားပါတယ္။ ေနာက္ေတာ့ ၫႊန္ခ်ဳပ္က ဇင္ဘုိ ကုိ ရွင္းျပပါတယ္။

“ တုိ႔ျပည္ထဲေရး၀န္ႀကီးဌာန မွာ ေသဒဏ္က် အက်ဥ္းသား တစ္ေယာက္က ေတာင္းဆုိတုိင္း လုိက္ေလ်ာလုိ႔ မရပါဘူး။ ဒီလုိ ဆုံးျဖတ္ခ်က္ဆုိတာ ႏုိင္ငံေတာ္ အႀကီးအကဲက ေနာက္ဆုံးအဆုံး အျဖတ္ေပးေလ့ရွိတယ္”

ၫႊန္ခ်ဳပ္စကားအဆုံးမွာ ဇင္ဘုိက စိတ္ေက်နပ္ဟန္မတူ ပါဘူး။ ဒါေၾကာင့္ ၫႊန္ခ်ဳပ္ရွိရာ ကုိ မ်က္ႏွာမူရင္း ေနာက္တစ္ခြန္း ထပ္ေျပာပါတယ္။

“ ဒါဆုိ ကၽြန္ေတာ္ဟာကၽြန္ ေတာ္ သတ္ေသလုိက္မယ္”
ဇင္ဘုိစကားအဆုံးမွာ ေထာင္ပုိင္ေတြ၊ ေထာင္မွဴးေတြ ထံက ရယ္သံသဲ့သဲ့ထြက္လာ တယ္။ ဘာလုိ႔လဲဆုိေတာ့ မ်က္စိ ကြယ္ၿပီး လက္ႏွစ္ဖက္ျပတ္ေနတဲ့ ဇင္ဘုိက ကုိယ့္ကုိယ္ကုိယ္ သတ္ ေသမယ္ဆုိတာကုိ မယုံလုိ႔ ေလွာင္လုိက္တာပဲျဖစ္ပါတယ္။ ဒီရယ္သံသဲ့သဲ့ကုိ ဇင္ဘုိၾကား သြားသလားမသိပါဘူး။

ၫႊန္ခ်ဳပ္ အခန္းေရွ႕က မထြက္ခင္ ႐ုတ္တ ရက္ သူ႔ေျခေထာက္တစ္ဖက္ကုိ ေျမႇာက္ၿပီး သူ႔လည္ပင္းကုိ ေထာက္ထားလုိက္ပါတယ္။ သူ႔ ေျခမက ေျခသည္းကုိ အရွည္ထား ၿပီး ဓားလုိ ခၽြန္ထက္ေအာင္ လုပ္ထားပါတယ္။

အဲဒီေျခသည္း က သူ႔လည္ပင္းအသားထဲကုိ နစ္၀င္ေနၿပီး ေသြးေတာင္စုိ႔ေန ပါၿပီ။ ဒီျမင္ကြင္းကုိ ၾကည့္ၿပီး ၫႊန္ခ်ဳပ္နဲ႔ ေထာင္မွဴးေထာင္ပုိင္ ေတြလည္း အေတာ္လန္႔သြား တယ္။ ဇင္ဘုိျဖစ္ခ်င္တာကုိ အထက္အဆင့္ဆင့္တင္ေပးမယ္ လုိ႔ ေျဖာင္းျဖေခ်ာ့ေမာ့ေျပာဆုိၿပီး ခ်က္ျခင္းဆုိသလုိ ထြက္ခြာသြား တယ္။

“ ေတာက္”

သူတုိ႔ ထြက္ခြာသြားတဲ့ အခ်ိန္မွာ ဇင္ဘုိအခန္းကေန ေတာက္ေခါက္သံတစ္ခ်က္ၾကား လုိက္ရတယ္။ ဒီေတာက္ေခါက္ သံဟာ ေတာင္ကုိရီးယားသမ္ၼတ ခ်န္ဒူး၀မ္ကုိ မလုပ္ႀကံႏုိင္ခဲ့တဲ့ အတြက္ မေက်နပ္လုိ႔ ေတာက္ ေခါက္တာလား။

ဒါမွမဟုတ္ သူတုိ႔ရဲ႕ စစ္ဆင္ေရးကုိ အူမေခ်း ကားမက်န္ ေျဖာင့္ခ်က္ေပးလုိက္ တဲ့ ကင္မင္ခ်ဴးကုိ နာက်ဥ္းမုန္း တီးလုိ႔ ေတာက္ေခါက္တာလား။ ဘယ္သူ႔မွ အဓိပ္ၸာယ္မေကာက္ ႏုိင္ခဲ့ပါဘူး။

ဇင္ဘုိအေၾကာင္းကုိ ခေရေစ့တြင္းက်ေျပာျပၿပီးတဲ့ေနာက္ ဒုတပ္ၾကပ္၀င္းျမင့္ဟာ ကင္းခ်ိန္း ဖုိ႔ ထလုိက္တယ္။ ဒါေပမယ့္ စမ္း ေခ်ာင္းသားက မခ်င့္မရဲနဲ႔ ေမး ခြန္းထုတ္လုိက္တယ္။

“ ဟာ … ဒါပဲလား။ ေနာက္ဆုံး ဇင္ဘုိ ဘာျဖစ္သြား သလဲ”

“အဲဒီေနာက္ ၫႊန္ခ်ဳပ္က အေရးေပၚတင္ျပလုိက္လို႔လား မသိဘူး။ ဇင္ဘုိတင္ထားတဲ့ အသနားခံစာကုိ သမၼတက ပယ္ ဖ်က္လုိက္ၿပီး ေသဒဏ္ေပးလိုက္တယ္။

ေသဒဏ္ေပးတဲ့ ကိစၥကုိေတာ့ အင္းစိန္ႀကိဳး တုိက္သမုိင္းမွာ အလွ်ိဳ႕၀ွက္ဆုံး ႏိုင္ငံေတာ္ အဆင့္ လုပ္ခဲ့တာဆုိေတာ့ ငါတုိ႔ ေတာင္ အနား ကပ္လုိ႔ မရဘူး။ ဒါေပမယ့္ ဇင္ဘုိက ႀကိဳးစင္ေပၚကေန ကင္မင္ခ်ဴးကုိ သစၥာဖာက္လုိ႔ ေအာ္သြားခဲ့တာ ကုိေတာ့ သိခဲ့ရတယ္”

ဒုတပ္ၾကပ္ရဲ႕ စကားအဆုံးမွာေတာ့ စမ္းေခ်ာင္းသားလည္း ေျခကုန္လက္ပန္းက်သြားသလုိ ဘာမွေမးခြန္းမေမးႏုိင္ေတာ့ပါ ဘူး။ သူမေမးေပမယ့္ ဒုတပ္ၾကပ္ ၀င္းျမင့္က ဆက္ေျပာလုိက္ေသးတယ္။

“ဇင္ဘုိကုိ ႀကိဳးေပးၿပီး ႏွစ္လသုံးလၾကာတဲ့အခါမွာေတာ့ ဒီတြဲဖက္ေထာင္မွာရွိတဲ့ ကင္မင္ ခ်ဴးတစ္ေယာက္ ေကာင္းေကာင္း မအိပ္ရေတာ့ဘူး။

ညဖက္ညဖက္ ဆုိ ထထေအာ္ေနလုိ႔ သူ႔အိမ္မွာ ကင္းလုံၿခံဳေရးကုိ အင္အားႏွစ္ဆ တုိးၿပီး ခ်ေပးခဲ့တာဒီေန႔ဒီအခ်ိန္ ထိပဲ။ ပရိတ္ေရေတြျဖန္း၊ ကမၼ၀ါ ေတြ ဖတ္လည္း သူ႔ကုိ ေျခာက္ လွန္႔တာက လုံး၀ရပ္မသြားဘူး။ တစ္လ တစ္ႀကိမ္ႏွစ္ႀကိမ္ေတာ့ ျဖစ္ေနၾကပဲ”

စမ္းေခ်ာင္းသားလည္း သူ႔ အခန္းေရွ႕က လက္ျပတ္ေနၿပီး ကာကီေရာင္စစ္၀တ္စုံနဲ႔ ျဖတ္ ေလွ်ာက္သြား တဲ့ျမင္ကြင္းကုိ အခု ခ်ိန္ထိ မ်က္လုံးထဲက ေဖ်ာက္လုိ႔ မရႏုိင္ေသးဘူး။

ေနာက္ဆုံး ဒီလုိ အထီးက်န္ၿပီး ေျခာက္ျခားစရာ ျဖစ္ရပ္ေတြျပည့္ေနတဲ့ သီးသန္႔ ေထာင္ တုိက္အေနာက္ဘက္ ျခမ္းကေန အျမန္ေျပာင္းခြင့္ရပါ ေစလုိ႔ ဆုေတာင္းလုိက္ရေတာ့ တယ္။

စမ္းေခ်ာင္းသားရဲ႕ ဆုေတာင္းက ရက္အနည္းငယ္ အၾကာမွာ ျပည့္၀လာပါေတာ့ တယ္။ အင္းစိန္အက်ဥ္း ေထာင္ ေထာင္ပုိင္ႀကီးက စမ္းေခ်ာင္း သားကုိ ျပစ္ဒဏ္ျပည့္ေျမာက္ သြားလုိ႔ တြဲဖက္ေထာင္ကေန ေထာင္မႀကီး တုိက္၀င္းထဲကုိ ျပန္ လည္ ေျပာင္းေရႊ႕ဖုိ႔ အမိန္႔ေပး လုိက္ပါတယ္။

ဒီလုိနဲ႔ စမ္း ေခ်ာင္းသားလည္း သူ႔ကုိ ပရ ေလာကနဲ႔ မိတ္ဆက္ေပးတဲ့ ၅ တုိက္၊ ၂၂ ခန္းကုိ ထူးျခားဆန္း ၾကယ္စြာ ျပန္လည္ေရာက္ရွိလာ ပါေတာ့တယ္….။

(ဆက္လက္ေဖာ္ျပေပးပါမယ္….)

Credit – ေဇာ္သက္ေထြး

ျပီးခဲ႔ေသာ အခန္းဆက္မ်ား ဖတ္ရႈလိုပါက ေအာက္တြင္ မိမိဖတ္လိုေသာအပိုင္းကို ႏွိပ္လုိက္ပါ….

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၉ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၁ ) )

Unicode

တ မ လွန် ဘဝတိုင် အမုန်း ကမ္ဘာမကျေသူ ဇင်ဘို ၏ နောက်ဆုံးနေ့ များ…

လူ့လောက ဟာ အင်မတ န်ကို ဆန်းကြယ်ပါ တယ်။ မြန်မာနိုင်ငံ ရဲ့အကြီးဆုံးထောင် တခုမှာ မြောက်ကိုရီးယား တပ်မတော် က ဗိုလ်မှူး အဆင့်ရှိတဲ့ လူတစ်ယောက် ကိုသေဒဏ်ပေး ကွပ်မျက်ခဲ့ရတဲ့ဖြစ်ရပ်ဟာ မြန်မာ့နိုင်ငံ ရေး သမိုင်း မှာ ထူးခြားဖြစ်စဉ် အဖြစ် မှတ်တမ်း တင်ကျန်ရစ်ခဲ့ ပါတယ်။ ဒီဖြစ်ရပ် ကတော့ ၁၉၈၃ ခု၊ အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။ အဲဒီ အချိန်က မြန်မာနိုင်ငံ ကို အငြိမ်စား ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ က အုပ်ချုပ် နေတဲ့ ကာလဖြ စ်ပါတယ်။

အောက်တို ဘာလ ၈ ရက်နေ့မှာ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်နဲ့အဖွဲ့ ဟာ ရန်ကုန်မြို့ကိုချစ်ကြည်ရေး အလည်အပတ် ရောက်ရှိလာခဲ့ပါ တယ်။

မြန်မာနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံ့ခေါင်းဆောင် တွေရဲ့ထုံးစံအတိုင်း လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည် ခေါင်းဆောင် ကြီးများကို ဂူသွင်းမြှုပ်နှံထား တဲ့ အာဇာနည်ဗိမာန် ကို တောင်ကိုရီး ယားသမ္မတဟာ လွမ်းသူ့ ပန်းခွေ ချဖို့ အောက်တိုဘာလ ၉ ရက်နေ့ မှာ စီစဉ်ထားပါတယ်။

ဒါကြောင့် မြန်မာအစိုးရရဲ့ ဝန်ကြီးတချို့ နဲ့ အစိုးရပိုင် သတင်းစာတိုက်မှ သတင်းထောက်တွေ၊ ရုပ်ရှင်ရိုက် ကူးရေးအဖွဲ့သားတွေဟာ အာဇာနည်ကုန်းကို ကြိုတင်ပြီးရောက်ရှိနေကြပါတယ်။ မနက် ၁၀ နာရီ မိနစ် ၂၀ လောက်မှာတော့ တောင်ကိုရီးယားသမ္မတကြီး မလာခင်ရှေ့ပြေးအဖွဲ့ရောက်ရှိလာခဲ့ပါ တယ်။

အမှန်တကယ်ကတော့ အချိန်ကိုက်ရောက်ရှိဖို့ ဖြစ်ပေမယ့် တောင်ကိုရီးယားသမ္မတကြီး ချန်ဒူးဝမ်ရဲ့ မော်တော်ယာဉ်တန်း ဟာ ဦးဝိစာရလမ်းတစ်လျှောက် ယာဉ်ကြော ပိတ်ဆို့နေတဲ့အတွက် အာဇာနည်ကုန်းကို အချိန်မီ မရောက်ဘဲ မိနစ်အနည်းငယ် နောက်ကျနေခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတကြီး မရောက်ခင် ငါးမိနစ်အလိုမှာပဲ အာဇာနည် ကုန်းပေါ်မှာရှိတဲ့ အာဇာနည် ဗိမာန်မှာ အလွန်ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီးတစ်ခု ကြားလိုက် ရပါတယ်။ ပေါက်ကွဲသံကြားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လုပ် ကြံမှုအဖြစ် ချက်ချင်းသိသွားပါ တယ်။

ဒါကြောင့် တောင်ကိုရီး ယားသမ္မတကြီးရဲ့ ယာဉ်တန်းကို နောက်ကြောင်း လှည့်ပြန်စေခဲ့ပါ တယ်။ အာဇာနည်ဗိမာန်ဟာ ဗုံး ဒဏ်ကြောင့် ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီး လူပေါင်းများစွာ ဟာ ဒဏ်ရာတွေနဲ့ လဲကျနေခဲ့ပါ တယ်။

ဆေးတပ်ဖွဲ့ဝင်တွေ ချက် ချင်း ရောက်လာခဲ့ပြီး အနီးဆုံး တပ်မတော်ဆေးရုံကို ပို့ပေးခဲ့ပါ တယ်။ အာဇာနည်ကုန်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ကြိုတင် ရောက်ရှိနေတဲ့ တောင်ကိုရီးယား အစိုးရအဖွဲ့ဝင် ဝန်ကြီးများအပါ အဝင် ကိုရီးယား၊ မြန်မာ စုစု ပေါင်း ၁၉ ဦး သေဆုံးပြီး ၄၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီလုပ်ကြံမှု မှာ တောင်ကိုရီးယားအစိုးရအဖွဲ့ ရဲ့ အရေးပါတဲ့ဝန်ကြီးတွေဖြစ်တဲ့ စီးပွားရေးစီမံကိန်းနှင့် ဒုတိယဝန် ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက် မှုရေးရာဝန်ကြီး၊ စွမ်းအင်နှင့် သယံဇာတပစ္စည်း ရေးရာဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား နိုင်ငံသံအမတ်ကြီး အပါအဝင် ကိုရီးယားလူမျိုး ၁၆ ဦး သေဆုံး ခဲ့ကြသလို မြန်မာသတင်းစာဆရာ သုံးဦးလည်း သေဆုံးခဲ့ကြရပါတယ်။

အခင်းဖြစ်ပွားပြီးလျှင်ပြီးချင်း တောင်ကိုရီးယားသမ္မတကြီး ချန်ဒူးဝမ်နဲ့အဖွဲ့ဟာ မြန်မာနိုင်ငံ မှာ သွားရောက် မယ့်ခရီးစဉ်အား လုံးကို ဖျက်သိမ်းလိုက်ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းကလည်း အစိုးရဧည့်ဂေဟာကို ချက်ချင်း သွားရောက်ပြီး တောင်ကိုရီးယား သမ္မတကြီးကို ယခုဖြစ်ရပ်အတွက် အလွန်ဝမ်းနည်းကြောင်း သွား ရောက်ပြောဆိုခဲ့ပါတယ်။

သမ္မတ က တောင်ကိုရီးယားတစ်နိုင်ငံလုံး ကို စစ်ရေးအရ အမြင့်ဆုံးတပ်လှန့် ထားခဲ့ပြီး ဒဏ်ရာရတဲ့ တောင် ကိုရီးယားလူမျိုးတွေကို မိခင်နိုင်ငံ ပြန်သယ်ဆောင်ရန် အတွက် တောင်ကိုရီးယားစစ်တပ်မှ ၇၄၇ ဘိုးရင်းဆေးရုံလေယာဉ်ကြီးတစ် စင်းနဲ့ တိုက်လေယာဉ်တွေကို ခေါ်ယူလိုက်ပါတယ်။

တောင် ကိုရီးယားသမ္မတကြီးနဲ့ အသက် ရှင် ကျန်ရစ်ခဲ့တဲ့ အစိုးရအဖွဲ့ဝင် တွေဟာ အဲဒီနေ့ ညနေ ၄ နာရီ ၃၅ မိနစ်မှာပဲ တိုက်လေယာဉ်တွေ ခြံရံထားတဲ့ အထူးလေယာဉ်နဲ့ ချက်ချင်းထွက်ခွာသွားပါတယ်။

တောင်ကိုရီးယား ချစ်ကြည်ရေး အဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးစန်းယုနဲ့ ဇနီး၊ နိုင်ငံတော်ကောင်စီ ဦးအေးကိုနဲ့ ဇနီး၊ နိုင်ငံတော် ကောင်စီ ဦးစိန်လွင်နဲ့ ဇနီး၊ ဝန် ကြီးချုပ် ဦးမောင်မောင်ခနှင့် နိုင်ငံ ခြားရေးဝန်ကြီး ဦးချစ်လှိုင်တို့က လေဆိပ်ကို လိုက်လံပို့ဆောင်ခဲ့ပါ တယ်။

ဒဏ်ရာရနေတဲ့ သူတွေကို တပ်မတော် အမှတ်(၂)ဆေးရုံကြီး ကနေ ဆေးရုံလေယာဉ်ပေါ်ကို ပို့ဆောင်ပေးပြီးတဲ့နောက် အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်းမှာပဲ ကိုရီးယားကို ပြန်လည်သယ် ဆောင်သွားခဲ့ပါတယ်။

အဲဒီည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ကိုရီးယားသမ္မတနိုင်ငံမှ ချစ်ကြည် ရေးခရီး လာရောက်စဉ်အတွင်း သူရဲဘောကြောင်စွာ အကြမ်းဖက် ခဲ့မှုကြောင့် ဗုံးပေါက်ပြီး အသက် ဆုံးရှုံးခဲ့ရတဲ့ ကိုရီးယားသမ္မတ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ အတွက် အထူးကြေကွဲဝမ်းနည်းပါ ကြောင်း နိုင်ငံတော်သမ္မတဦးစန်း ယု လက်မှတ်နဲ့ သတင်းထုတ်ပြန် ခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ အောက်တိုဘာ ၁၀၊ ၁၁၊ ၁၂ သုံး ရက်ဆက်တိုက် အစိုးရရုံး၊ စက်ရုံ အလုပ် ရုံ၊ ကျောင်းတွေမှာ ဝမ်း နည်းခြင်း အထိမ်းအမှတ် နိုင်ငံ တော်အလံကို တိုင်ဝက်လွှင့်တင် ခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အမေ ရိကန် စီအိုင်အေနဲ့ နိုင်ငံတကာ ထောက်လှမ်းရေး အဖွဲ့ဝင်တွေက တောင်ကိုရီးယားရဲ့ ရန်ဘက် မြောက်ကိုရီးယားလက်ချက် ဖြစ် နိုင်ကြောင်း ခန့်မှန်းပြောကြားခဲ့ ကြပေမယ့် လက်ဆုပ်လက်ကိုင်မပြ နိုင်ခဲ့တဲ့အတွက်ကြောင့် မြန်မာ အစိုးရဟာ နိုင်ငံတကာဖိအား အောက်မှာ မျက်နှာငယ်ခဲ့ရပါ တယ်။

ဗုံးခွဲတရားခံလက်သည် ကို စမ်းတဝါးဝါးရှာဖွေနေစဉ်မှာ မြန်မာအစိုးရဘက်ကို ကံကြမ္မာ အလှည့်ပေးခဲ့ပါတယ်။ အဲဒါက တော့ အာဇာနည်ကုန်း ပေါက်ကွဲ သံအပြီး မြေနီကုန်း တာယာဆိုင် ရှေ့မှာ နိုင်ငံခြားသားနှစ်ဦးဟာ လက်သီးလက်မောင်း တန်းပြီး “ ချီဘာ…ချီဘာ” လို့ အော်ဟစ် ခဲ့တာကို ဆိုင်ရှင်ကသတိထားမိခဲ့ ပါတယ်။

ဒီသဲလွန်စပေါ်အခြေခံပြီး ထောက်လှမ်းရေးတွေက တရားခံ ကို အသည်းအသန် ရှာဖွေခဲ့ကြ ပါတယ်။

အောက်တိုဘာ ၁၀ ရက်နေ့ ည ၉ နာရီခွဲခန့်မှာ ပုဇွန်တောင် ချောင်းအတွင်းထဲကနေ ရေကူး ပြီး ရန်ကုန်မြစ်ဝကို ထွက်ဖို့ကြိုး စားနေတဲ့ လူမျိုးခြားတစ်ယောက် ကို ညောင်တန်းသငေ်္ဘာဆိပ်မှာ ရှိတဲ့ ဒေါ်စန်းရီ ဆိုတဲ့ အမျိုးသမီးကြီးက အမှတ်မထင် တွေ့ရှိသွားတာပဲ ဖြစ်ပါတယ်။

ဒေါ်စန်းရီရဲ့ အော်သံကြောင့် ဘေးနားကလူ တွေ စုရုံးလာကြပြီး မြစ်ဝကိုထွက် ဖို့ ကြိုးစားနေတဲ့သူကို လှမ်းခေါ် ပါတယ်။ ဒါပေမဲ့ သူကပြန်မလာဘဲ ရေကူးထွက်ပြေးနေတဲ့အတွက် ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ် သမားတွေနဲ့ ရပ်ကွက်လူထုက ဝိုင်းဝန်းဖမ်းဆီးဖို့ ကြိုးစားပါ တော့တယ်။

သူက လူအုပ်ကြီး ရှဲ သွားအောင် သူ့လက်ထဲက လက် ပစ်ဗုံးနဲ့ ပစ်ပေါက်ဖို့ကြိုးစားပါ တယ်။ နောက်ထပ် ဗုံးတစ်လုံးက တော့ သူ စနက်တံဖြုတ်နေတုန်း မှာပဲ လက်ထဲမှာ ပေါက်ကွဲသွားခဲ့ ပါတယ်။

ဒဏ်ရာရလို့ ရေမကူး နိုင်တော့တဲ့အတွက် ရေလယ်ရှိ တိုင်တစ်တိုင်ကို မှီထားတဲ့အချိန် မှာပဲ စက်ပြင်ဆရာ ဦးဘိုကြီးနဲ့ လူတချို့က ရေထဲဆင်းပြီး ဖမ်း ဆီးခဲ့ပါတယ်။ သူ့ကို ကမ်းစပ်ခေါ် လာတဲ့အချိန်မှာပဲ ရဲတပ်ဖွဲ့ဝင် တွေ ရောက်ရှိလာပြီး ချက်ချင်းဆို သလို တပ်မတော်ဆေးရုံကို ပို့ ဆောင်ပေးခဲ့ပါတယ်။

သူဟာ ကို ရီးယားလူမျိုးမှန်း သိပြီးတဲ့နောက် မှာတော့ ခွဲစိတ်ဆရာဝန်ကြီးနဲ့ အဖွဲ့ဟာ သူအသက်ရှင်အောင် အသည်းအသန် ခွဲစိတ်ကုသပေး ခဲ့ရပါတယ်။

လူနာဟာ ဗုံးဒဏ် ကြောင့် မျက်လုံးနှစ်လုံးကွယ်ပြီး လက်တွေပြတ်ခဲ့ပေမယ့် သူဟာ မြောက်ကိုရီးယားတပ်မတော်က ကွန်မန်ဒို ဗိုလ်မှူးတစ်ယောက် ဖြစ်ပြီး အမည်ကတော့ ဇင်ဘိုဖြစ် ကြောင်း သိလိုက်ရပါတယ်။

သူနဲ့ အတူ အခြားကွန်မန်ဒိုနှစ်ယောက် ပါရှိနေတဲ့အကြောင်း သိလိုက်ရ ပြီးတဲ့နောက်မှာ အမိအရ ဖမ်းမိ ဖို့နဲ့ ပင်လယ် ထွက်ပေါက်လမ်း တွေကိုပိတ်ဆို့ဖို့ နိုင်ငံတော်သမ္မတ က အမိန့်ပေးလိုက်ပါတယ်။

ဒါ ကြောင့် အာဇာနည်ကုန်းဗုံးခွဲလုပ် ကြံမှုအတွက် တရားခံများကို ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ပြီး ရှာဖွေဖို့ တပ်မတော်တပ်ရင်းများ နဲ့ တပ်မတော်(ရေ)တို့ကို တာ ဝန်ပေးအပ်ခဲ့ပါတယ်။

ဒီတာဝန် တွေထဲမှာ ရန်ကုန်တိုင်း စစ်ဌာန ချုပ် လက်အောက်ခံ တွံတေး တောကြီးတန်းအခြေစိုက် ခလရ ၇၀ ကို အထူးတာဝန်အဖြစ် ပေး အပ်လိုက်ပြီး ကွန်မန်ဒါအဖြစ် ဗိုလ်မှူးကြီးမျိုးညွန့် (နဝတခေတ် တွင် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ် ချုပ်မျိုးညွန့်)ကို ခန့်အပ်ခဲ့ပါတယ်။

ဗိုလ်မှူးကြီးမျိုးညွန့်က အထူးကွန် မန်ဒို လက်ရွေးစင်တွေကို ရွေး ထုတ်ဖွဲ့စည်းပြီး ရန်သူကိုတွေ့ရင် မပစ်ဘဲ အရှင်ဖမ်းဖို့ အမိန့်ပေး ခဲ့ပါတယ်။
ပြီးတော့ ကွန်မန်ဒိုတွေ ကို ရဟတ်ယာဉ်ပေါ် တင်ဆောင် ပြီး ရွှေတိဂုံဘုရားကို လက်ယာရစ် မောင်းနှင်စေပြီး သရဏဂုံတင် ပေးခဲ့ပါတယ်။ ကြိုတင်တွက်ဆ ထားတဲ့အတိုင်း အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီခွဲခန့် မှာ ကော့မှူးမြို့နယ်၊ သခွတ်ပင် ကျေးရွာမှာ အစာရေစာပြတ်နေ တဲ့ မြောက်ကိုရီးယားနှစ်ယောက် ကို ရွာသားတွေ တွေ့သွားပါတယ်။

အဲဒီနောက် အဆင့်ဆင့် သတင်း ပေးပို့မှုကြောင့် ဒေသခံပြည်သူ ရဲတပ်ဖွဲ့ဝင်လေးဦးက ဖမ်းဆီးပြီး စစ်ဆေးဖို့ခေါ်လာစဉ်မှာပဲ တစ်ဦး က လက်ပစ်ဗုံးနဲ့ပစ်ပြီး ထွက်ပြေး သွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ က သေနတ်နဲ့ ပြန်လည်ပစ်ခတ် ဖမ်းဆီးတဲ့အတွက် တစ်ဦးကို အသေမိပြီး တစ်ဦးထွက်ပြေးလွတ် မြောက်သွားခဲ့ပါတယ်။

လွတ် မြောက်သွားတဲ့သူကို ဗိုလ်ကြီး မောင်မောင်အောင်ဦးစီးတဲ့ ကွန် မန်ဒိုအထူးတပ်ဖွဲ့က တောနင်း ရှာဖွေရာမှာ အောက်တိုဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၂၀ ခန့်မှာ ထွက်ပြေးလွတ်မြောက် သွားတဲ့ တရားခံကို ကော့မှူးမြို့ နယ်၊ ကွင်းဝိုင်းရွာမြောက်ဘက်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

အရှင်ဖမ်း ဆီးရန် မြန်မာကွန်မန်ဒိုတွေ ကြိုး ပမ်းစဉ်မှာ လက်ပစ်ဗုံးခွဲရန် လုပ် ဆောင်တဲ့အတွက် သူ အသက်မ သေဖို့ တပ်မတော်သားတစ်ဦးက အသေခံပြီး ဗုံးကိုကာကွယ်ခဲ့ပါ တယ်။

ဒါကြောင့် တရားခံဟာ လက်နဲ့ဝမ်းဗိုက်မှာ အကြီးအကျယ် ဒဏ်ရာရသွားပေမယ့် အရှင်ဖမ်း ဆီးနိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ မြန်မာ့တပ်မတော်သား သုံးဦး အသက်ပေးလှူခဲ့ရပါတယ်။

တရား ခံတွေကို အရှင်ရအောင်ဖမ်းဆီး ပေးနိုင်ခဲ့တဲ့အတွက် ညောင်တန်း သငေ်္ဘာဆိပ်က ဒေါ်စန်းရီနဲ့ ကျ ဆုံးသွားသော တပ်မတော်သား တွေကို နိုင်ငံတော်က သူရဲကောင်း ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခဲ့ပါတယ်။

နောက်ဆုံး မြောက်ကိုရီးယား ကွန်မန်ဒိုအဖွဲ့ဝင် သုံးဦးအနက် တစ်ဦးအသေ၊ နှစ်ဦး အရှင်ဖမ်း ဆီးရမိပြီးတဲ့နောက်မှာတော့ အာ ဇာနည်ဗိမာန်ဗုံးခွဲလုပ်ကြံတဲ့ စစ် ဆင်ရေးအသေးစိတ်ကို မြန်မာ နိုင်ငံက ကမ္ဘာသိထုတ်ပြန်နိုင်ခဲ့ပါ တယ်။

အားလုံးကို စစ်ဆေးပြီးတဲ့ နောက်မှာ ဒီလုပ်ကြံမှုဟာ မြောက် ကိုရီးယားတပ်မတော်မှ ဗိုလ်ချုပ် ကင်ချန်စု၏ တာဝန်ပေးချက်အရ ဗိုလ်မှူး ဇင်ဘို၊ ဗိုလ်ကြီး ကင်မင် ချူးနှင့် ဗိုလ်ကြီး ဆင်ကီချူးတို့ သုံးဦးဟာ ကုန်သငေ်္ဘာတစ်စင်း နဲ့ ရန်ကုန်မြို့ကို ရောက်ရှိလာပြီး တောင်ကိုရီးယား အစိုးရအဖွဲ့ကို လုပ်ကြံခဲ့ကြောင်း သိရှိရပါတယ်။

တောင်ကိုရီးယား အစိုးရအဖွဲ့ လွမ်းသူ့ပန်းခွေမချခင် နှစ်ရက်ခန့် ကတည်းက ကြိုတင်ပြီး အာဇာ နည်ဗိမာန်ရဲ့ မျက်နှာကြက်မှာ မြောက်ကိုရီးယားသံရုံးက ပေး လိုက်တဲ့ ချိန်ကိုက်ဗုံးသုံးလုံးကို ကြိုတင်ထည့်သွင်း ဝှက်ထားခဲ့ပါ တယ်။

အဲဒီနောက် အောက်တိုဘာ လ ၉ ရက်နေ့မှာ ချိန်ကိုက်ဗုံး ဖောက်ခွဲဖို့ မြောက်ကိုရီးယား တစ်ဦးဟာ ဦးဝိစာရလမ်းပေါ်က ရွှေလင်းယုန် မော်တော်ကားဆား ဗစ်ဝင်းအတွင်းမှာ မော်တော်ကား ပြုပြင်ဟန်ဆောင်ပြီး စောင့်နေခဲ့ ပါတယ်။

အာဇာနည်ကုန်းပေါ် က တောင်ကိုရီးယားသမ္မတကြီး မရောက်ခင် အလေးပြုရန်အစမ်း လေ့ကျင့်နေတဲ့ ခရာသံကို ကြား လိုက်ရပြီးတဲ့နောက် တောင်ကိုရီး ယားသမ္မတ ရောက်ပြီအထင်နဲ့ အဝေးထိန်း ခလုတ်နှိပ်ပြီး ဗုံးသုံး လုံးအနက် တစ်လုံးကို ဖောက်ခွဲ လိုက်ပါတယ်။

အဲဒီနောက် မြန်မာလို သူရဲကောင်းလို့ အဓိပ်္ပာယ် ရတဲ့ ကိုရီးယားစကား “ ချီဘာ …ချီဘာ” ဆိုပြီး အော်ဟစ် အောင်ပွဲခံခဲ့ပါတယ်။ တောင်ကို ရီးယားသမ္မတ ချန်ဒူးဝမ်ကတော့ အသက်ဘေးက သီသီလေးလွတ် မြောက်သွားခဲ့ပါတယ်။

သူတို့ရဲ့ သေမင်းတမန် စစ်ဆင်ရေး ပြီး ဆုံးသွားပြီးတဲ့နောက် လူစုခွဲပြီး မြောက်ကိုရီးယားက တိတ်တ ဆိတ် စောင့်ဆိုင်းနေတဲ့ ရေငုပ် သငေ်္ဘာဆီကိုသွားဖို့ ရန်ကုန်မြစ်၀ မှာ ပြန်ဆုံရန် ချိန်းဆိုခဲ့ပါတယ်။

နောက်ဆုံး ရေငုပ်သငေ်္ဘာဆီ မ သွားနိုင်တော့သလို သူတို့ကိုပေး လိုက်တဲ့ လက်ပစ်ဗုံးတွေကလည်း စနက်တံ ဖြုတ်ပြီးပြီးချင်း ချက် ချင်းကွဲတယ် ဆိုတာကို စစ်ဌာန ချုပ်က မပြောခဲ့လို့ လက်တွေ ခြေထောက်တွေ ပြတ်ခဲ့ကြရပါ တယ်။

ဖမ်းမိတဲ့ ဇင်ဘိုဟာ ဒီ လုပ်ကြံမှုနဲ့ပတ်သက်ပြီး ဖြောင့် ချက်မပေးဘဲ ရေငုံနှုတ်ပိတ်နေခဲ့ ပေမယ့် ကင်မင်ချူးကတော့ သူ တို့ကို ပေးလိုက်တဲ့ လက်ပစ်ဗုံး တွေဟာ လက်ထဲမှာပဲ ပေါက်ကွဲ တတ်တယ်ဆိုတာကို ကြိုမပြော လိုက်တဲ့အတွက် မြောက်ကိုရီး ယားစစ်တပ်ကို အသည်းနာသွား ခဲ့ပါတယ်။

ဒီအချက်ကပဲ သူ့ကို ဒီလုပ်ကြံမှုနဲ့ပတ်သက်ပြီး အသေး စိတ် ကျူးလွန်ခဲ့ပုံတွေကို ဖြောင့် ချက်ပေးဖို့ တွန်းအားဖြစ်ခဲ့ပါတယ်။

နောက်ဆုံးတော့ လုံခြုံရေးအား နည်းမှုကြောင့် နိုင်ငံတကာအလယ် မှာ မျက်နှာပျက်ခဲ့ရတဲ့ မြန်မာ နိုင်ငံဟာ ဒီဗုံးခွဲလုပ်ကြံမှုအတွက် မြောက်ကိုရီးယားမှာ တာဝန်ရှိ ကြောင်း သတင်းထုတ်ပြန်နိုင်ခဲ့ ပါတယ်။

အကျိုးဆက်တွေအနေ နဲ့ မြန်မာက မြောက်ကိုရီးယားကို သံအဆက်အသွယ် ဖြတ်တောက် ခဲ့ပြီး သံအဖွဲ့ကို နိုင်ငံကမောင်း ထုတ်ခဲ့ပါတယ်။ နောက်ဆုံးအရေး ယူမှု တစ်ရပ်ကတော့ လုံခြုံရေး အတွက် တာဝန်ရှိတဲ့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေး မှူး ဗိုလ်မှူးကြီးအောင်ကိုးနေရာ မှာ ဗိုလ်မှူးကြီးခင်ညွန့်နဲ့ အစား ထိုးလဲလှယ်ခဲ့ခြင်းပဲဖြစ်ပါတယ်။

တရားရုံးက ဇင်ဘိုကို သေ ဒဏ်ပေးခဲ့ပြီး ကင်မင်ချူးကတော့ အစိုးရသက်သေ ဖြစ်တဲ့အတွက် ထောင်ဒဏ်တစ်သက်ချမှတ်ခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ ဇင်ဘိုဟာ ကင်မင်ချူးကို သစ္စာ ဖောက်ဟုဆိုကာ စကားပြောဆို ခြင်း မပြုတော့ပါဘူး။

လက်ပစ်ဗုံး ကွဲမှုကြောင့် ခြေထောက်ကော၊ လက်ပါ ပြတ်တောက်ခဲ့ရတဲ့ ကင် မင်ချူးကလည်း သွားလာရလွယ် ကူအောင် မော်တော်ကားကျွတ် တစ်ခုကို တင်ပါးအောက်ခံပြီး တစ်နေရာက တစ်နေရာကို သွား ရပါတယ်။

နောက်ဆုံး သူ့ကို တွဲ ဖက်ထောင်မှာ သီးခြားပျဉ်ထောင် အိမ်တစ်လုံးနဲ့ နေထိုင်ခွင့်ပေးခဲ့ ပါတယ်။ ၁၉၈၉ ခုနှစ် အရောက် ဒီမိုကရေစီ တောင်းဆိုမှုကြောင့် နိုင်ငံရေးသမားတွေ ထောင်ထဲ တဖွဲဖွဲဝင်လာချိန်မှာ သူနဲ့အဆက် အသွယ်ရသွားမှာ စိုးတဲ့အတွက် ကြောင့် သူ့ကို အင်းစိန်ထောင်မ ကြီးထဲက NLD မှ ဗိုလ်ချုပ်ကြီး တင်ဦး၊ ဟံသာဝတီဦးဝင်းတင်၊ မင်းကိုနိုင်တို့ကိုထားတဲ့ အထူး ဝင်းထဲကို ပြောင်းရွှေ့လိုက်ပါ တယ်။

သေဒဏ်ကျခံထားရတဲ့ ဇင် ဘိုကို တိုက်ဝင်းထဲက သေဒဏ် တိုက်ဖြစ်တဲ့ ၂ တိုက်မှာ ထားရှိခဲ့ ပါတယ်။ ဇင်ဘိုဟာ ကြိုးတိုက် ထဲမှာ အခြားကြိုးသမားတွေနဲ့ ရောရောနှောနှော နေလေ့မရှိပါ ဘူး။

နောက်ပိုင်းတော့ မြန်မာ စကားအနည်းငယ် ပြောတတ် လာပါတယ်။ တစ်ရက်တော့ ကြိုး တိုက်ကို အကျဉ်းဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်က ထောင်ပိုင် တွေ၊ ထောင်မှူးတွေနဲ့ ရောက် လာပြီး စစ်ဆေးကြည့်ရှုပါတယ်။

ဒီလိုနဲ့ ဇင်ဘိုအခန်းရှေ့ရောက် တော့ (၂) တိုက် ထောင်မှူးက တင်ပြစရာရှိကြောင်း သတင်းပို့ပါ တယ်။ ညွှန်ချုပ်က မျက်လုံးလည်း မမြင်၊ လက်နှစ်ဖက်လည်း ပြတ် နေတဲ့ ဇင်ဘိုကိုကြည့်ပြီး ညင်ညင် သာသာလှမ်းပြောလိုက်ပါတယ်။

“ ကဲ … ဘာတင်ပြစရာ ရှိသလဲ”

“ ကျွန်တော့်ကို အမြန်သတ် ပေးဖို့ တင်ပြချင်ပါတယ်”

ဇင်ဘိုရဲ့ စကားသံအဆုံးမှာ ညွှန်ချုပ်နဲ့ အဖွဲ့သားအားလုံး ရုတ်တရပ် ငြိမ်သက်သွားပါတယ်။ နောက်တော့ ညွှန်ချုပ်က ဇင်ဘို ကို ရှင်းပြပါတယ်။

“ တို့ပြည်ထဲရေးဝန်ကြီးဌာန မှာ သေဒဏ်ကျ အကျဉ်းသား တစ်ယောက်က တောင်းဆိုတိုင်း လိုက်လျောလို့ မရပါဘူး။ ဒီလို ဆုံးဖြတ်ချက်ဆိုတာ နိုင်ငံတော် အကြီးအကဲက နောက်ဆုံးအဆုံး အဖြတ်ပေးလေ့ရှိတယ်”

ညွှန်ချုပ်စကားအဆုံးမှာ ဇင်ဘိုက စိတ်ကျေနပ်ဟန်မတူ ပါဘူး။ ဒါကြောင့် ညွှန်ချုပ်ရှိရာ ကို မျက်နှာမူရင်း နောက်တစ်ခွန်း ထပ်ပြောပါတယ်။

“ ဒါဆို ကျွန်တော်ဟာကျွန် တော် သတ်သေလိုက်မယ်”
ဇင်ဘိုစကားအဆုံးမှာ ထောင်ပိုင်တွေ၊ ထောင်မှူးတွေ ထံက ရယ်သံသဲ့သဲ့ထွက်လာ တယ်။ ဘာလို့လဲဆိုတော့ မျက်စိ ကွယ်ပြီး လက်နှစ်ဖက်ပြတ်နေတဲ့ ဇင်ဘိုက ကိုယ့်ကိုယ်ကိုယ် သတ် သေမယ်ဆိုတာကို မယုံလို့ လှောင်လိုက်တာပဲဖြစ်ပါတယ်။ ဒီရယ်သံသဲ့သဲ့ကို ဇင်ဘိုကြား သွားသလားမသိပါဘူး။

ညွှန်ချုပ် အခန်းရှေ့က မထွက်ခင် ရုတ်တ ရက် သူ့ခြေထောက်တစ်ဖက်ကို မြှောက်ပြီး သူ့လည်ပင်းကို ထောက်ထားလိုက်ပါတယ်။ သူ့ ခြေမက ခြေသည်းကို အရှည်ထား ပြီး ဓားလို ချွန်ထက်အောင် လုပ်ထားပါတယ်။

အဲဒီခြေသည်း က သူ့လည်ပင်းအသားထဲကို နစ်ဝင်နေပြီး သွေးတောင်စို့နေ ပါပြီ။ ဒီမြင်ကွင်းကို ကြည့်ပြီး ညွှန်ချုပ်နဲ့ ထောင်မှူးထောင်ပိုင် တွေလည်း အတော်လန့်သွား တယ်။ ဇင်ဘိုဖြစ်ချင်တာကို အထက်အဆင့်ဆင့်တင်ပေးမယ် လို့ ဖြောင်းဖြချော့မော့ပြောဆိုပြီး ချက်ခြင်းဆိုသလို ထွက်ခွာသွား တယ်။

“ တောက်”

သူတို့ ထွက်ခွာသွားတဲ့ အချိန်မှာ ဇင်ဘိုအခန်းကနေ တောက်ခေါက်သံတစ်ချက်ကြား လိုက်ရတယ်။ ဒီတောက်ခေါက် သံဟာ တောင်ကိုရီးယားသမ်္မတ ချန်ဒူးဝမ်ကို မလုပ်ကြံနိုင်ခဲ့တဲ့ အတွက် မကျေနပ်လို့ တောက် ခေါက်တာလား။

ဒါမှမဟုတ် သူတို့ရဲ့ စစ်ဆင်ရေးကို အူမချေး ကားမကျန် ဖြောင့်ချက်ပေးလိုက် တဲ့ ကင်မင်ချူးကို နာကျဉ်းမုန်း တီးလို့ တောက်ခေါက်တာလား။ ဘယ်သူ့မှ အဓိပ်္ပာယ်မကောက် နိုင်ခဲ့ပါဘူး။

ဇင်ဘိုအကြောင်းကို ခရေစေ့တွင်းကျပြောပြပြီးတဲ့နောက် ဒုတပ်ကြပ်ဝင်းမြင့်ဟာ ကင်းချိန်း ဖို့ ထလိုက်တယ်။ ဒါပေမယ့် စမ်း ချောင်းသားက မချင့်မရဲနဲ့ မေး ခွန်းထုတ်လိုက်တယ်။

“ ဟာ … ဒါပဲလား။ နောက်ဆုံး ဇင်ဘို ဘာဖြစ်သွား သလဲ”

“အဲဒီနောက် ညွှန်ချုပ်က အရေးပေါ်တင်ပြလိုက်လို့လား မသိဘူး။ ဇင်ဘိုတင်ထားတဲ့ အသနားခံစာကို သမ္မတက ပယ် ဖျက်လိုက်ပြီး သေဒဏ်ပေးလိုက်တယ်။

သေဒဏ်ပေးတဲ့ ကိစ္စကိုတော့ အင်းစိန်ကြိုး တိုက်သမိုင်းမှာ အလျှို့ဝှက်ဆုံး နိုင်ငံတော် အဆင့် လုပ်ခဲ့တာဆိုတော့ ငါတို့ တောင် အနား ကပ်လို့ မရဘူး။ ဒါပေမယ့် ဇင်ဘိုက ကြိုးစင်ပေါ်ကနေ ကင်မင်ချူးကို သစ္စာဖာက်လို့ အော်သွားခဲ့တာ ကိုတော့ သိခဲ့ရတယ်”

ဒုတပ်ကြပ်ရဲ့ စကားအဆုံးမှာတော့ စမ်းချောင်းသားလည်း ခြေကုန်လက်ပန်းကျသွားသလို ဘာမှမေးခွန်းမမေးနိုင်တော့ပါ ဘူး။ သူမမေးပေမယ့် ဒုတပ်ကြပ် ဝင်းမြင့်က ဆက်ပြောလိုက်သေးတယ်။

“ဇင်ဘိုကို ကြိုးပေးပြီး နှစ်လသုံးလကြာတဲ့အခါမှာတော့ ဒီတွဲဖက်ထောင်မှာရှိတဲ့ ကင်မင် ချူးတစ်ယောက် ကောင်းကောင်း မအိပ်ရတော့ဘူး။

ညဖက်ညဖက် ဆို ထထအော်နေလို့ သူ့အိမ်မှာ ကင်းလုံခြုံရေးကို အင်အားနှစ်ဆ တိုးပြီး ချပေးခဲ့တာဒီနေ့ဒီအချိန် ထိပဲ။ ပရိတ်ရေတွေဖြန်း၊ ကမ္မဝါ တွေ ဖတ်လည်း သူ့ကို ခြောက် လှန့်တာက လုံးဝရပ်မသွားဘူး။ တစ်လ တစ်ကြိမ်နှစ်ကြိမ်တော့ ဖြစ်နေကြပဲ”

စမ်းချောင်းသားလည်း သူ့ အခန်းရှေ့က လက်ပြတ်နေပြီး ကာကီရောင်စစ်ဝတ်စုံနဲ့ ဖြတ် လျှောက်သွား တဲ့မြင်ကွင်းကို အခု ချိန်ထိ မျက်လုံးထဲက ဖျောက်လို့ မရနိုင်သေးဘူး။

နောက်ဆုံး ဒီလို အထီးကျန်ပြီး ခြောက်ခြားစရာ ဖြစ်ရပ်တွေပြည့်နေတဲ့ သီးသန့် ထောင် တိုက်အနောက်ဘက် ခြမ်းကနေ အမြန်ပြောင်းခွင့်ရပါ စေလို့ ဆုတောင်းလိုက်ရတော့ တယ်။

စမ်းချောင်းသားရဲ့ ဆုတောင်းက ရက်အနည်းငယ် အကြာမှာ ပြည့်ဝလာပါတော့

Add a Comment

Your email address will not be published. Required fields are marked *