” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၁ ) )

အခန္းဆက္ အဆံုးတြင္ Unicode ျဖင့္ ေဖာ္ျပေပးထားပါသည္ …….

” အိပ္ခ်ိန္ သံေခ်ာင္း ေခါက္ရင္ ” မႏွင္းဆီ” လာမည္ ”

စမ္းေခ်ာင္းသား ကုိ ေထာင္ပိတ္ခါနီး အခ်ိန္ေရာက္ မွ ေထာင္မႀကီး ထဲက ၅ တုိက္ ၊ ၂၂ ခန္းကုိ ျပန္ပုိ႔လုိက္တယ္ ။ ပိန္ခ်ံဳးၿပီး လူ႐ုပ္ မေပါက္ေတာ့ တဲ့ စမ္းေခ်ာင္းသား ကုိ ေရွ႕ေနႀကီးတု႔ိ သုံးေယာက္လုံး က အံ့ၾသမွင္သက္ၿပီး ေငးၾကည့္ေန မိတယ္။ေနာက္မွ ပဲခူးသားက သူ႔ရဲ႕အိပ္ရာလိပ္ ကုိ ကူဆြဲၿပီး အခန္းေပၚ တင္လုိက္တယ္။ ေလး ေယာက္သား မထင္မွတ္ဘဲ ျပန္ဆုံေတာ့ ၀မ္းသာေနၾကတယ္။

စမ္းေခ်ာင္းသား က အခန္းပတ္ပတ္လည္ကုိ ေ၀့ၾကည့္ၿပီး ေျပာရွာတယ္။

“ ဒီတုိက္ ျပန္လာရတာက လည္း ခပ္လန္႔လန္႔ပဲ” ေရွ႕ေနႀကီးက စမ္းေခ်ာင္း သားကုိ ပခုံးဖက္ ေခၚလုိက္ၿပီး ေနရာခ်ေပးတယ္။

“ ဘာမွမရွိေတာ့ပါဘူးကြာ။ ငါတုိ႔ကလည္း ေန႔တုိင္းေမတၱာပုိ႔ အမွ်ေ၀တယ္။ သူတုိ႔ကုိလည္း ဒုကၡမေပးဘူး။ သူတို႔ကလည္း မေႏွာင့္ယွက္ေတာ့ဘူး”

ပဲခူးသားကေတာ့ စမ္းေခ်ာင္း သားကုိ စခ်င္ေနာက္ခ်င္တဲ့ ပုံစံနဲ႔ စကားတစ္ခြန္းလွမ္းေျပာတယ္။

“ မင္းေရာက္ လာတာ ေကာင္း လုိက္တာကြာ ။ ငါတုိ႔လည္း တစ္ ေန႔တစ္ေန႔ ဘာမွလည္း မလုပ္ရ ဘာသတင္းမွ လည္းမရနဲ႔ ပ်င္း ေနတာ အရည္ေပ်ာ္ေတာ့မယ္။ မင္းလာမွ ညက်ရင္ ဂႏၱ၀င္စိမ္း ေလးဘာေလး ဆုိၿပီး ေပ်ာ္ၾက မယ္ ”

ပဲခူးသားစကား အဆုံးမွာ အားလုံး မတုိင္ပင္ဘဲ ရယ္လုိက္ မိတယ္။ ဒါေပမဲ့ စမ္းေခ်ာင္းသား ကေတာ့ မရယ္တဲ့ အျပင္ လက္၀ါးကာျပၿပီး ပဲခူးသားကုိ အေလး အနက္ ျပန္ေျပာတယ္။

“ ေတာ္ပါေတာ့ဗ်ာ ။ ဒီသီခ်င္း ေၾကာင့္ ခင္ဗ်ားတုိ ႔နဲ႔ ရင္းႏွီးခင္မင္ ခဲ့ရသလုိ ဒီသီခ်င္းေၾကာင့္ပဲ မျမင္ သင့္တာေတြ၊ မၾကားသင့္ တာ ေတြ ျမင္ခဲ့ၾကားခဲ့ရတာ၊ ဒီသီခ်င္း ကုိေတာ့ မဆုိခ်င္ေတာ့ပါဘူး”

အဲဒီညက ေလးေယာက္သား စကားေတြ ေဖာင္ဖြဲ႕ေအာင္ ေျပာ ျဖစ္ၾကတယ္။ စမ္းေခ်ာင္းသား ကလည္း တြဲဖက္ေထာင္မွာ တစ္ ေယာက္ တည္း ႀကံဳခဲ့ရတဲ့ ဇာတ္ လမ္းကုိေျပာျပတယ္။

ေရွ႕ေနႀကီး တုိ႔ကလည္း သူတုိ႔ သိသမွ် ၾကား သမွ်ေတြကုိ ဖလွယ္ၾကတယ္။ အထီးက်န္ၿပီး စိတ္ဆင္းရဲခဲ့မႈ ေၾကာင့္ လူပါ ခ်ံဳးခ်ံဳးက်ျဖစ္သြား တဲ့ စမ္းေခ်ာင္းသားခမ်ာ မိတ္ေဆြ ႏုိင္က်ဥ္းေတြနဲ႔ အတူျပန္ေနရ ေတာ့ အေတာ္ေပ်ာ္ေနပုံေပၚ တယ္။

ႏွစ္ရက္ သုံးရက္အတြင္း မ်က္ႏွာလည္း ေသြးေရာင္လႊမ္း လာသလုိ ၀ိတ္လည္း ျပန္တက္ လာတယ္။ က်န္းမာေရး လည္း ေကာင္းလာတယ္။ အခန္း ၂၂ မွာလည္း ဘယ္ပရသားကမွ အေႏွာင့္အယွက္ မေပးေတာ့ဘူး။ ဒီလုိ သာယာ ေနတဲ့ အခ်ိန္မွာပဲ ေထာင္မွာေတာ့ ႐ုတ္တရက္ မုန္ တုိင္းတုိက္လာတယ္။

ဒီမုန္တုိင္း ကေတာ့ ၁၉၉၀ ခုႏွစ္မွာ ပတၱနိကၠဳဇနကံေဆာင္သပိတ္ကုိ ဆရာေတာ္ သံဃာေတာ္ႀကီးမ်ား ျပဳလုပ္ၿပီး န၀တ အစုိးရ ကုိ သပိတ္ ေမွာက္ ေတာ္မူတဲ့အတြက္ ဖမ္းဆီး လုိက္တဲ့ သတင္းပါပဲ။

ဒီကံေဆာင္ သပိတ္ေၾကာင့္ ျမန္မာႏုိင္ငံရဲ႕ သာသနာ့နယ္ ပယ္မွာ ထင္ရွား ေက်ာ္ၾကားတဲ့ ဆရာေတာ္ႀကီး ေတြအျပင္ လူပုဂိ္ၢဳလ္အေတာ္မ်ား မ်ားလည္း ဖမ္းဆီးခံရတဲ့ သတင္း ေတြ၀င္လာပါတယ္။

ဒါရဲ႕ေနာက္ ဆက္တြဲအျဖစ္ ေနာက္ထပ္ ဖမ္း ဆီးတဲ့ လူေတြကုိထားဖို႔ အင္းစိန္ ေထာင္တုိက္ထဲမွာရွိတဲ့ ေက်ာင္း သားေတြ၊ ႏုိင္ငံေရးအက်ဥ္းသား ေတြကုိ ႐ုိး႐ုိးအက်ဥ္းသားေတြ ေနထုိင္တဲ့ အေဆာင္ေတြ ကုိ ေရႊ႕ ေျပာင္းလုိက္တာပဲ ျဖစ္ပါတယ္။

ဒီလုိေရႊ႕ေျပာင္းလုိက္မႈေၾကာင့္ ၅ တုိက္ ၂၂ ခန္းမွာရွိတဲ့ သူတုိ႔ ေလးေယာက္ဟာ လူစုကြဲသြားၿပီး စမ္းေခ်ာင္းသားကေတာ့ အခ်ဳပ္ သားေတြထားတဲ့ ၁ ေဆာင္ကုိ ေရာက္ရွိသြားပါတယ္။

အိပ္ခ်ိန္ သံေခ်ာင္း ေခါက္ရင္ ” မႏွင္းဆီ” လာမည္

၁ ေဆာင္ ဆုိတာက အခ်ဳပ္ သမားႀကီးေတြကုိ ထားတဲ့ ႏွစ္ထပ္ ေဆာင္ျဖစ္ပါတယ္။ ေအာက္ထပ္ ရွစ္ခန္း၊ အေပၚထပ္ရွစ္ခန္း အခန္း စုစုေပါင္း ၁၆ ခန္း ရွိၿပီး အက်ဥ္း သား ၁၆၀၀ ေလာက္ ထားပါ တယ္။

၁၉၈၈ အေရး အခင္းကာ လမွာ ေထာင္ဆူပူမႈ ျဖစ္ပြားၿပီး အက်ဥ္းသားေတြက ေထာင္ကုိမီး ႐ိႈ႕တဲ့အတြက္ အေဆာင္ငါးေဆာင္ ရွိရာမွာ က်န္ေလးေဆာင္လုံး မီးေလာင္သြားၿပီး ၁ ေဆာင္ တစ္ ေဆာင္သာ ကုိလုိနီေခတ္လက္ရာ အတုိင္း အေကာင္းပကတိ က်န္ ရစ္ခဲ့ပါတယ္။

လူ႔အခြင့္ အေရးနဲ႔ ဒီမုိကေရစီတုိက္ပြဲ ဆႏၵျပမႈေတြ ေၾကာင့္ အာဏာသိမ္း အစုိးရက လူဖမ္းပြဲႀကီးလုပ္လုိ႔ ေထာင္ထဲကုိ ၁၉၈၉ မွာ ေက်ာင္းသားေတြ အလုံးအရင္းနဲ႔ ေရာက္ရွိလာပါ တယ္။

အင္းစိန္ေထာင္ရဲ႕ မူ၀ါဒ အသစ္အရ ႏုိင္ငံေရးအက်ဥ္းသား ေတြကုိ တစု တစည္းတည္းထား ရင္ ျပႆနာရွာၿပီး အုပ္ခ်ဳပ္ရ ခက္ခဲတဲ့အတြက္ ႐ုိး႐ိုးအက်ဥ္း သားေတြနဲ႔ ေရာေႏွာထားလုိက္ ပါတယ္။

ဒါေၾကာင့္ ၁ ေဆာင္မွာ ႏုိင္ငံေရး အက်ဥ္းသားေတြထဲက အစဥ္အလာႀကီးမားတဲ့ ႏုိင္ငံေရး သမားႀကီးေတြထဲက ခရမ္းသုံးခြ က ဦးစိန္၀င္း (၁၉၅၉ တကသ ဥကၠ႒ေဟာင္း) အပါအ၀င္ ပ်ံလႊား (ရန္ကင္း ေက်ာက္ကုန္း ဆႏၵျပပြဲမွာ ေသနတ္မွန္၍ အသံ အုိး ပ်က္သြားသူ)၊

တာေမြက သီဟ(ခ) ဆိတ္သုိး၊ ဖုိးေဇာ္ (ခ)ေက်ာ္ျမင့္ေဇာ္ ၊ တုိက္ႀကီးသက္ဦး (ၾကမ္းတမ္းေသာ စစ္ပြဲႏွင့္ ႏူးညံ့ ေသာ ႏွလုံးသား၀တၳဳ တြင္ ေဖာ္ျပ ၿပီး)၊ ၾကည့္ျမင္တုိင္က ညီညီလိႈင္ (ၾကမ္းတမ္းေသာစစ္ပြဲႏွင့္ ႏူးညံ့ ေသာႏွလုံးသား၀တၳဳတြင္ ေဖာ္ျပ ၿပီး)၊ ပုသိမ္စုိးႏုိင္ (ကြယ္လြန္)၊ ေျမာက္ဥကၠ လာ က ေအာင္ထူး (လက္ရွိ USA) တုိ႔ ရွိၾကတယ္။

သူတုိ႔က ေျပာင္းလာတဲ့ႏုိင္ငံေရး အက်ဥ္းသားေတြကုိ ေႏြးေႏြးေထြး ေထြး ႀကိဳဆုိတယ္။ ဒါေပမဲ့ ၁ ေဆာင္ ဆုိတာ ေထာင္ရဲ႕ ပုံစံ ေဆာင္ျဖစ္တဲ့အတြက္ ေထာင္က ခန္႔ထားတဲ့ အက်ဥ္းသား အရာရွိ (တန္းစီး၊ အခန္းလူႀကီး၊ စည္းကမ္းထိန္း) ဆုိသူေတြက ႏွိပ္စက္ လြန္းအားႀကီးလုိ႔ အခ်ဳပ္သားေတြ အတြက္ အရမ္းေခ်ာက္ခ်ားဖုိ႔ ေကာင္းတယ္။

၁ ေဆာင္ကုိ ေရာက္လာတဲ့ အက်ဥ္းသားေတြ ကုိ ေရာက္ေရာက္ခ်င္း ပုံစံခန္းထဲ ကုိ ေခါင္းငုံ႔ၿပီး ၀င္ရတယ္။

အခန္း ထဲ သြင္းတဲ့ အခါမွာလည္း တုတ္ ေတြနဲ ႔႐ုိက္၊ သားေရ ခါးပတ္ေတြ နဲ႔ ႐ုိက္ၿပီးမွ သြင္းတယ္။ ႐ုိက္တဲ့ အခါမွာ လူမေရြးဘဲ အျပစ္ရွိရွိ မရွိရွိ ႐ုိက္တယ္။

သေဘာကေတာ့ ေထာင္ကုိေရာက္ လာတဲ့ သူေတြ ဟာ မတစ္ေထာင္သားေတြျဖစ္တဲ့ အတြက္ ဦးခ်ိဳးထားမွ ျဖစ္မယ္ ဆုိၿပီး ႐ုိက္တာပါပဲ။

ဒါေပမဲ့ ဒီ အေၾကာင္းျပခ်က္ရဲ႕ ေနာက္မွာ ေတာ့ သက္ေသမျပႏုိင္တဲ့ လက္မည္းႀကီး ရွိေနတယ္။ အဲဒါက ေတာ့ တန္းစီး ေတြနဲ႔ ေထာင္ ပုိင္ ေတြ၊ ေထာင္မွဴးေတြ ပညာျပမႈ အရ ေထာင္ကုိေရာက္လာတဲ့ အခ်ဳပ္သားေတြဟာ အ႐ုိက္မခံရဖုိ႔ ေထာင္ထဲမွာ သက္သက္သာ သာေနရဖုိ႔ သူတုိ႔နဲ႔ အေပးအယူ လုပ္ရေတာ့မွာ ျဖစ္ပါတယ္။

ဒီ အေပးအယူဟာ အတုိင္းအတာ ပမာဏ မေဖာ္ျပႏုိင္တဲ့ ေငြေၾကး ေတြပါပဲ။ ဒီေငြေတြနဲ႔ တန္းစီးေတြ၊ အခန္း လူႀကီးေတြဟာ ေထာင္မွဴး ေထာင္ပုိင္ေတြကုိ လုပ္ကုိင္ေကၽြး ေမြးေနရတာျဖစ္ ပါတယ္။

အိပ္ခ်ိန္ သံေခ်ာင္း ေခါက္ရင္ ” မႏွင္းဆီ” လာမည္

(၁) ေဆာင္မွာ ေထာင္မက် ေသးတဲ့ ႏုိင္ငံေရးအက်ဥ္းသား ေတြရွိသလုိ အင္းစိန္ေထာင္မွာ နာမည္ႀကီးၿပီး ဇရွိတဲ့လူဆုိးေတြ လည္းအမ်ားႀကီးရွိတယ္။

အဓိက ၁ ေဆာင္ကုိ အုပ္ခ်ဳပ္ေနတဲ့သူ ကေတာ့ စုိးျမတ္ႀကီး (အင္းစိန္ ေထာင္မွ ဂႏၳ၀င္လူမုိက္ႀကီးမ်ား ၀တၳဳတြင္ေဖာ္ျပၿပီး)၊ ေက်ာ္သူ(ခ)ေႁမြျဖဴေလး (အင္းစိန္ေထာင္မွ ဂႏၳ၀င္ လူမုိက္ႀကီးမ်ား၀တၳဳတြင္ ေဖာ္ျပၿပီး)၊ ဧရာႀကီး (အင္းစိန္ ေထာင္မွ ဂႏၳဳ၀င္လူမုိက္ႀကီးမ်ား ၀တၳဳတြင္ေဖာ္ျပၿပီး)၊ လူလိမ္၀ိဇၨာ ေက်ာ္ျမင့္ (အင္းစိန္ေထာင္မွ ဂႏၳဳ၀င္လူမုိက္ႀကီးမ်ား ၀တၳဳတြင္ ေဖာ္ျပၿပီး) တုိ႔လည္း ရွိၾကတယ္။

စမ္းေခ်ာင္းသား တုိ႔ကုိ လူမုိက္ႀကီး ေတြက ပုံစံခန္းမွာ သင္ခန္းစာ ေပးေပမယ့္ နဂုိေရာက္ႏွင့္ေနတဲ့ ပ်ံလႊားနဲ႔ သီဟတုိ႔က စုိးျမတ္ႀကီးကုိ ႀကိဳတင္ေျပာဆုိ ထားေတာ့ ၾကမ္းၾကမ္း တမ္းတမ္း႐ုိက္ႏွက္တာ မခံ ရေတာ့ဘူး။

ေနာက္ေတာ့ စမ္း ေခ်ာင္းသားကုိ ပ်ံလႊားက စုိးျမတ္ ႀကီးနဲ႔ မိတ္ဆက္ေပးတယ္။ စုိး ျမတ္ႀကီးက စကားေျပာ ေကာင္း ၿပီး ေဖာ္ေရြတယ္။
“မင္းက စမ္းေခ်ာင္းသား ဆုိေတာ့ အပုိင္စားပဲေပါ့။ ငါက အလုံသား၊ (၁) ေဆာင္မွာေတာ့ ငါအုပ္ခ်ဳပ္တာမုိ႔ ေထာင္ကုိ တရားရိပ္သာလုိ႔ သေဘာထားၿပီး မင္းေနလုိ႔ရတယ္။ ဒါေပမဲ့ မဂ္ ဖုိလ္ နိဗ္ၺာန္ကုိ ေရာက္ေအာင္ ေတာ့ လုပ္ကြာ”

တန္းစီး စုိးျမတ္ႀကီးရဲ႕ စကား အဆုံးမွာ ႏုိင္ငံေရး သမားျဖစ္တဲ့ စမ္းေခ်ာင္းသား ေႂကြသြားပါ တယ္။ ေနာက္ေတာ့ သူ ဒီလုိ ေတာ့္ကီေကာင္းလုိ႔ အင္းစိန္လုိ အေရွ႕ေတာင္အာရွရဲ႕ အႀကီးဆုံး ေထာင္မွာ ဗုိလ္လုပ္ၿပီးေနႏုိင္ တာပဲလုိ႔ ေအာက္ေမ့လုိက္တယ္။

တကယ္ေတာ့ ေထာင္ဆုိတာ လူ ဆုိး လူမုိက္ေတြ မတစ္ရာသား ေတြ စုေ၀းရာနယ္ ပယ္ ျဖစ္ေပမယ့္ အုပ္ခ်ဳပ္တဲ့သူေတြေရာ၊ အက်ဥ္း သားေတြေရာ အႏုပညာေျမာက္ ေအာင္ စကားေျပာေကာင္းၾက ပါတယ္။

ေထာင္မွာ ဘာအလုပ္မွ မည္မည္ရရမရွိေတာ့ အၿမဲတမ္း စကားေျပာပဲေလ့က်င့္ေနသလား လုိ႔ ထင္ရတယ္။ တန္းစီးေတြ အေတာ္မ်ားမ်ားက စကားေျပာ ေကာင္းၾကတယ္။ ေက်ာ္သူဆုိရင္ လည္း လူကသာ ေအးစက္စက္နဲ႔ စကားေျပာ အရမ္းေကာင္းတယ္။

ေဆး႐ုံႀကီးစိန္၀င္းက သူ႔ကုိ ခၽြတ္ နဲ႔ ထုိးေတာ့ “ ကၽြန္ေတာ့္ကုိ သတ္ ရင္ ႏွလုံးသားတည့္တည့္ကုိ တစ္ ခ်က္တည္း ကိစၥတုံးေအာင္ ထုိး ေပး၊ ႏွလုံးသားကုိ ထိရင္ ဒီဘ၀ ဆုေတာင္းတာေတြ ေနာင္ဘ၀က် ျပည့္တတ္တယ္ဆုိလုိ႔ပါ” လုိ႔ ေျပာ တဲ့စကားဟာ ေထာင္မွာက်န္ရစ္ ခဲ့တယ္။

ေထာင္ထဲမွာ ေသသြားတဲ့ ငရွဥ့္ကလည္း “ အျမစ္ရွည္တဲ့ သစ္ပင္ဆုိတာ တစ္ေႏြ ႏွစ္ေႏြ ေရမရွိရင္လည္း ရွင္တယ္ကြ” လုိ႔ ေျပာခဲ့ဖူးတယ္။

ဗလႀကီးဆုိရင္ အခန္းလူႀကီး အသိအမွတ္ျပဳ အရစ္သုံးရစ္ပါ တံဆိပ္ကုိ ရင္ ဘတ္မွာ ခ်ိတ္ထားရင္ “ အပင္ျမင့္ ရင္ေတာ့ ေလ တုိက္ခံရမွာပဲ။ ေလတုိက္မွာ မေၾကာက္လုိ႔ ေတာင္ေပၚတက္ေနတာ။ ငါ့ နာမည္ ဗလႀကီး” လုိ႔ အက်ဥ္း သားေတြေရွ႕မွာ မွာတမ္းေႁခြေလ့ ရွိတယ္။

အုပ္ခ်ဳပ္တဲ့ ေထာင္မွဴး ေထာင္ပုိင္ေတြရဲ႕ ေတာ္ကီေတြက လည္း ဒီေန႔အထိ က်န္ရစ္ခဲ့ပါ တယ္။ ေထာင္မွဴးႀကီးတစ္ေယာက္ က သူ႔တပည့္ေဟာင္းကုိ ကန္ ထုတ္တဲ့အခါ “ ေျမေခြးဆုိတာ အမဲလုိက္ၿပီးရင္ အေရခြံဆုတ္ပစ္ ရတာမ်ိဳး” လုိ႔ မွတ္ခ်က္ေပးဖူး တယ္။

အဲဒီအခ်ိန္က အင္းစိန္ ေထာင္ကုိအုပ္ခ်ဳပ္တဲ့ ေထာင္ပုိင္ ႀကီးကေတာ့ “ ေဟ့မင္းတုိ႔အ က်ဥ္း သားတစ္ေယာက္ ေသရင္ ငါ့မွာ စာရြက္ႏွစ္ရြက္ပဲ ကုန္တယ္ကြ” လုိ႔ ေျပာခဲ့ဖူးပါတယ္္။

ဒီလုိ ေထာင္ထဲမွာ စကား ေျပာေကာင္းတဲ့သူေတြ ရွိသလုိ ရွစ္ေလးလုံးအေရးေတာ္ပုံကာလ က ဦးေဆာင္ ဦးရြက္ျပဳခဲ့တဲ့သူ ေတြရဲ႕ စကားလုံးေတြ ဟာလည္း ဒီေန႔ေခတ္အထိ သမုိင္းမွတ္တမ္း က်န္ရစ္ခဲ့ပါတယ္။

ရွစ္ေလးလုံး အေရးေတာ္ပုံရဲ႕ သမုိင္းအစကုိ ေျပာရင္ စက္မႈတက္ၠသုိလ္ေက်ာင္း သား ဘုန္းေမာ္ လုံထိန္းေတြရဲ႕ ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြား တာဟာလည္း အခ်က္တစ္ခ်က္ အေနနဲ႔ ပါ၀င္ခဲ့ပါတယ္။

၁၉၈၈ ခုႏွစ္မွာ ဘုန္းေမာ္က်ဆုံးလုိ႔ ေက်ာင္းသားေတြ ဆႏ္ၵျပရာက ေန မဆလအစုိးရ ျပဳတ္က်သြား ၿပီး န၀တ အစုိးရတက္ လာေတာ့ ၁၉၈၉ မွာ ဘုန္းေမာ္အမွတ္တရ ပြဲကုိ ျပဳလုပ္ခဲ့ပါတယ္။

အဲဒီပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ (လက္ရွိ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂိ္ၢဳလ္) တက္ေရာက္ ေဟာေျပာခဲ့သလုိ ပါတီေခါင္းေဆာင္ေတြ၊ ေက်ာင္း သားေခါင္း ေဆာင္ေတြလည္း အသီးသီးတက္ေရာက္ေျပာၾကား ခဲ့ပါတယ္။

အဲဒီပြဲမွာ ျပည္သူ႔ အေရးေတာ္ပုံပါတီဥကၠ႒ ကုိကုိး ကၽြန္းျပန္ ဦးခင္ေမာင္ျမင့္ေျပာတဲ့ မိန္႔ခြန္းထဲက စကားလုံးေတြဟာ ဒီေန႔ဒီအခ်ိန္ထိ ႏုိင္ငံေရးအက်ဥ္း သား ေဟာင္းေတြရဲ႕ႏွလုံးသားထဲ မွာ စြဲထင္က်န္ရစ္ခဲ့ပါတယ္။

“ ရွစ္ေလးလုံး ဒီမုိကေရစီ အေရးေတာ္ပုံဆုိတာ လွည္းေန ေလွေအာင္း ျမင္းေဇာင္းမက်န္ ျပည္သူ လူထုတစ္ရပ္လုံးက အာ ဏာရွင္ကုိ ျဖဳတ္ခ်လုိက္တဲ့ လူထု ေတာ္လွန္ေရးႀကီး ျဖစ္တယ္။

လူထုေတာ္လွန္ေရးႀကီးျဖစ္ခဲ့တဲ့ ရွစ္ေလးလုံး ဒီမုိကေရစီ အေရး ေတာ္ပုံက မဆလပါတီကုိ ျဖဳတ္ ခ်လုိက္တယ္။ ျပည္သူေတြလည္း ႏုိင္ခဲ့တယ္။ အခု အာဏာရွင္ ေတာင္ႀကီး စၿပိဳေနၿပီ။ ဒီေတာင္ ႀကီးၿပိဳေနတာကုိ လက္က်န္ စစ္ အာဏာရွင္ေပါက္စေတြက လက္ နဲ႔ကာဖုိ႔ မႀကိဳးစားပါနဲ႔။ ခင္ဗ်ား တုိ႔ပါ ေရာပါသြားမယ္”

ဦးခင္ေမာင္ျမင့္(ျပည္သူ႔အေရးေတာ္ပုံပါတီ)

အဲဒီပြဲမွာပဲ ဗကသ ေက်ာင္း သားေခါင္းေဆာင္နဲ႔ လူ႔ေဘာင္ သစ္ ဒီမုိကရက္တစ္ပါတီဥကၠ႒ မုိးသီးဇြန္ ေျပာခဲ့တဲ့ မိန္႔ခြန္းထဲမွာ လည္း က်န္ရစ္ခဲ့တဲ့ စကားလုံး ေတြရွိပါတယ္။

“ က်ဳပ္တုိ႔က ဒီမုိကေရစီလုိ ခ်င္လုိ႔ ေတာင္းဆုိတာျဖစ္တယ္။ ဒါကုိ ခင္ဗ်ားတုိ႔က ေရႊရည္စိမ္ ဒီမုိကေရစီ ေပးၿပီး အတုအေယာင္နဲ႔ လာမလွည့္စားနဲ႔။ က်ဳပ္တုိ႔လုိခ်င္ တာ ပဒုံမႏ္ၲီလုိ မိန္းမမ်ိဳး။ ငွက္ေပ်ာတုံးကုိ ထဘီပတ္ၿပီး လာ မေပးနဲ႔ မရဘူး”

မုိးသီးဇြန္ (ဗမာႏုိင္ငံလုံး ဆုိင္ရာေက်ာင္းသားမ်ားသမဂၢ)

—ေနာက္တစ္ေယာက္ကေတာ့ ဗမာႏုိင္ငံလုံးဆုိင္ရာ ေက်ာင္း သားသမဂ္ၢ (ဗကသဥကၠ႒) မင္း ကုိႏုိင္ရဲ႕ မိန္႔ခြန္းျဖစ္ပါတယ္။

“ ကၽြန္ေတာ္တုိ႔ေတြက ဒီမုိ ကေရစီေတာင္းတယ္။ ခင္ဗ်ားတုိ႔ ေတြက ဒီမုိကေရစီအစား လက္ထိပ္ ေတြေပးတယ္။ ကၽြန္ေတာ္တုိ႔ ေတြက လူ႔အခြင့္အေရး ေတာင္း တယ္။ ခင္ဗ်ားတုိ႔ေတြက ေထာင္အုတ္႐ုိး ေပးတယ္။ ကၽြန္ေတာ္တုိ႔ က လြတ္လပ္ေရးကုိ ေတာင္း တယ္။

လြတ္လပ္ေရးရဖုိ႔ ေပတစ္ရာလမ္းမေပၚ ထြက္လာတဲ့ အခါ ခင္ဗ်ားတုိ႔က မီးခုိးဗုံးနဲ႔ ထု တယ္။ ေသနတ္နဲ႔ပစ္တယ္ ။ ေပ တစ္ ရာ လမ္းမေပၚမွာ ျပည္သူ ေတြ အတုံးအ႐ုန္းေသၾကရတယ္။ ေသြးပင္လယ္ႀကီးျဖစ္သြားတယ္။

ဒါေပမဲ့ ေပတစ္ရာလမ္း မေပၚက ေသြးကြက္ေတြဟာ ေသြးေငြ႕ေတြ အျဖစ္နဲ႔ မုိးေကာင္းကင္ေပၚတက္ သြားတယ္။ ေကာင္း ကင္ေပၚ ေရာက္တဲ့ အခါ ေသြးတိမ္ ေတာင္ ႀကီး ျဖစ္သြားတယ္။

အဲဒီေသြး တိမ္ေတာင္ အစိုင္အခဲႀကီးဟာ ခင္ဗ်ားတုိ႔ အာဏာရွင္ဖိႏွိပ္ေန တဲ့ လူတန္းစားေတြရဲ႕ ခႏၶာကုိယ္ ေပၚကုိ ေသြးမုိးေတြအျဖစ္ ရြာခ် ၿပီး ကလဲ့စားေခ်ၾကလိမ့္မယ္”

မင္းကုိႏုိင္ (ဗမာႏုိင္ငံလုံး ဆုိင္ရာေက်ာင္းသားမ်ားသမဂၢ)

ဒီမိန္႔ခြန္းဟာ အႏုပညာဆန္ လြန္းတဲ့အတြက္ မိန္႔ခြန္းကေန သီခ်င္းအျဖစ္ သမုိင္းတြင္က်န္ရစ္ ခဲ့ပါတယ္။ အဲဒီသီခ်င္းကုိ သံစဥ္ ထည့္ၿပီး ရဲနည္က မြမ္းမံခဲ့ကာ မြန္းေအာင္ သီဆုိတဲ့ “ ေသြးမုန္ တုိင္း” သီခ်င္း ျဖစ္သြားပါတယ္။

ဒီစကားလုံးေတြကုိ ဒီေန႔ အထိမွတ္မိေနတာကေတာ့ ႏုိင္ငံ ေရး မုန္တုိင္းထဲက အႏုပညာ မိန္႔ခြန္းေတြ ျဖစ္ခဲ့လုိ႔ပါ။ လူေတြ အမ်ားႀကီးကုိ ယုံၾကည္ၿပီး တိမ္း ၫႊတ္ေအာင္ ေျပာႏုိင္တဲ့သူေတြ မွာ ႏူးညံ့တဲ့ခံစားမႈနဲ႔ မာေက်ာတဲ့ စိတ္လႈပ္ရွားမႈေတြ ရွိေနၾကပါ တယ္။

သူတုိ႔ရဲ႕ စိတ္လႈပ္ရွားမႈ ေတြကတစ္ဆင့္ ထြက္လာတဲ့ စကားလုံးေတြဟာ နားေထာင္တဲ့ သူေတြကုိ အရည္ေပ်ာ္သြားေစပါ တယ္။

ကမၻာ့သမုိင္းထဲက စကား ေျပာေကာင္းတဲ့သူေတြဟာ လူ ဆုိးထဲမွာေရာ လူေကာင္းထဲမွာ ေရာ ရွိၾကပါတယ္။

အေမရိကန္ ျပည္ေထာင္စုကုိ တည္ေထာင္ခဲ့ တဲ့ အီဗရာဟင္လင္ကြန္း စကား ေျပာေကာင္းသလုိ ဒုတိယကမၻာ စစ္ႀကီးကုိ မီးေမႊးခဲ့တဲ့ ဟစ္တလာ လည္း စကားေျပာေကာင္းတာပါ ပဲ။

ဒါေၾကာင့္ ရွစ္ေလးလုံး ဒီမုိ ကေရစီ အေရးေတာ္ပုံႀကီးမွာ ေခတ္စနစ္ေတြေျပာင္းလဲဖုိ႔ ေျပာ ခဲ့တဲ့ လူထုေခါင္းေဆာင္ေတြရဲ႕ စကားလုံးေတြဟာ က်န္ရစ္ခဲ့သလုိ လူဆုိးလူမုိက္ထဲက စုိးျမတ္ႀကီးရဲ႕ စကားလုံးေတြဟာလည္း အင္း စိန္ေထာင္မွာ က်န္ရစ္ခဲ့ပါတယ္။ စုိးျမတ္ႀကီးေျပာေလ့ရွိတဲ့ စကား ကလည္း လွပါတယ္။

“ ငါ့ညီ တုိ႔ကုိ တစ္ခုေျပာခ်င္ တယ္။ စာေရးဆရာမင္းသိခၤ ၀တၳဳေတြ ဖတ္ဖူးမွာေပါ့။ သူ႔စာ အုပ္ထဲမွာ ျပည္သူေတြကုိ အကာ အကြယ္ေပးေနတဲ့ ရဲတစ္ေယာက္ ရွိတယ္။ သူကေတာ့ ဆားပုလင္း ႏွင္းေမာင္လုိ႔ ေခၚတယ္။

ဒီလုိပဲ သူ႔စာအုပ္ထဲမွာ ျပည္သူေတြကုိ အကာအကြယ္ေပးေနတဲ့ လူမုိက္ တစ္ေယာက္လည္း ရွိတယ္။ သူ ကေတာ့ စေနေမာင္ေမာင္။ အခု အခ်ိန္ထိ ျပည္သူေတြကုိ အကာ အကြယ္ေပးတဲ့ ဆားပုလင္းႏွင္း ေမာင္လုိ ရဲမ်ိဳး ပုလိပ္ဌာနမွာ တစ္ေယာက္မွ မေပၚေသးဘူး။

ဒါေပမဲ့ ျပည္သူေတြကုိ အကာ အကြယ္ေပးတဲ့ စေနေမာင္ေမာင္ လုိ လူမုိက္တစ္ေယာက္ကေတာ့ ေပၚေနၿပီ။ သူကေတာ့ စုိးျမတ္ ႀကီးလုိ႔ေခၚတဲ့ က်ဳပ္ပဲ”

သူ႔စကားလုံးေတြဟာ ေတာ္ ႐ုံတန္႐ုံ အက်ဥ္းသားေတြကုိ အရည္ေပ်ာ္သြားေစပါတယ္။

စုိးျမတ္ႀကီးလုိပဲ လူမျမင္ရေပ မယ့္ ေခ်ာက္ခ်ားစရာေကာင္းၿပီး ေၾကကြဲစရာျဖစ္တဲ့ မိန္းကေလး တစ္ေယာက္ရဲ႕ စကားတစ္ခြန္း ဟာလည္း ေထာင္မွာက်န္ရစ္ေန ပါတယ္။ (အဲမွာ စတာ…)

အိပ္ခ်ိန္ သံေခ်ာင္း ေခါက္ရင္ ” မႏွင္းဆီ” လာမည္

“ ကၽြန္မ ေမာင့္ကုိ ေထာင္ ထဲမွာ စိတ္မခ်ဘူး။ ေထာင္မွာ ေယာက္်ား မိန္းမ အတူ ေနခြင့္ ေပးရင္ ေထာင္အက်ခံ လုိက္လာ ၿပီး ရွင့္ကုိ ဟင္းခ်က္ေကၽြးခ်င္ လုိက္တာ”

ဒီလုိေျပာခဲ့တဲ့ သူကေတာ့ ေထာင္ထဲမွာရွိတဲ့ ေယာက္်ားေတြ ကုိ ၀င္၀င္စီးၿပီး ေမႊေနတဲ့ ပရ ေလာကသား ျဖစ္ပါတယ္။ သူ႔နာမည္ကေတာ့ “ မႏွင္းဆီ”….. တဲ့။

(ဆက္လက္ေဖာ္ျပပါမည္….)

Credit – ေဇာ္သက္ေထြး

ျပီးခဲ႔ေသာ အခန္းဆက္မ်ား ဖတ္ရႈလိုပါက ေအာက္တြင္ မိမိဖတ္လိုေသာအပိုင္းကို ႏွိပ္လုိက္ပါ….

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၀ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၂ ) )

Unicode

အိပ်ချိန် သံချောင်း ခေါက်ရင် ” မနှင်းဆီ” လာမည်

စမ်းချောင်းသား ကို ထောင်ပိတ်ခါနီး အချိန်ရောက် မှ ထောင်မကြီး ထဲက ၅ တိုက် ၊ ၂၂ ခန်းကို ပြန်ပို့လိုက်တယ် ။ ပိန်ချုံးပြီး လူရုပ် မပေါက်တော့ တဲ့ စမ်းချောင်းသား ကို ရှေ့နေကြီးတု့ိ သုံးယောက်လုံး က အံ့သြမှင်သက်ပြီး ငေးကြည့်နေ မိတယ်။နောက်မှ ပဲခူးသားက သူ့ရဲ့အိပ်ရာလိပ် ကို ကူဆွဲပြီး အခန်းပေါ် တင်လိုက်တယ်။ လေး ယောက်သား မထင်မှတ်ဘဲ ပြန်ဆုံတော့ ဝမ်းသာနေကြတယ်။

စမ်းချောင်းသား က အခန်းပတ်ပတ်လည်ကို ဝေ့ကြည့်ပြီး ပြောရှာတယ်။

“ ဒီတိုက် ပြန်လာရတာက လည်း ခပ်လန့်လန့်ပဲ” ရှေ့နေကြီးက စမ်းချောင်း သားကို ပခုံးဖက် ခေါ်လိုက်ပြီး နေရာချပေးတယ်။

“ ဘာမှမရှိတော့ပါဘူးကွာ။ ငါတို့ကလည်း နေ့တိုင်းမေတ္တာပို့ အမျှဝေတယ်။ သူတို့ကိုလည်း ဒုက္ခမပေးဘူး။ သူတို့ကလည်း မနှောင့်ယှက်တော့ဘူး”

ပဲခူးသားကတော့ စမ်းချောင်း သားကို စချင်နောက်ချင်တဲ့ ပုံစံနဲ့ စကားတစ်ခွန်းလှမ်းပြောတယ်။

“ မင်းရောက် လာတာ ကောင်း လိုက်တာကွာ ။ ငါတို့လည်း တစ် နေ့တစ်နေ့ ဘာမှလည်း မလုပ်ရ ဘာသတင်းမှ လည်းမရနဲ့ ပျင်း နေတာ အရည်ပျော်တော့မယ်။ မင်းလာမှ ညကျရင် ဂန္တဝင်စိမ်း လေးဘာလေး ဆိုပြီး ပျော်ကြ မယ် ”

ပဲခူးသားစကား အဆုံးမှာ အားလုံး မတိုင်ပင်ဘဲ ရယ်လိုက် မိတယ်။ ဒါပေမဲ့ စမ်းချောင်းသား ကတော့ မရယ်တဲ့ အပြင် လက်ဝါးကာပြပြီး ပဲခူးသားကို အလေး အနက် ပြန်ပြောတယ်။

“ တော်ပါတော့ဗျာ ။ ဒီသီချင်း ကြောင့် ခင်ဗျားတို့နဲ့ ရင်းနှီးခင်မင် ခဲ့ရသလို ဒီသီချင်းကြောင့်ပဲ မမြင် သင့်တာတွေ၊ မကြားသင့် တာ တွေ မြင်ခဲ့ကြားခဲ့ရတာ၊ ဒီသီချင်း ကိုတော့ မဆိုချင်တော့ပါဘူး”

အဲဒီညက လေးယောက်သား စကားတွေ ဖောင်ဖွဲ့အောင် ပြော ဖြစ်ကြတယ်။ စမ်းချောင်းသား ကလည်း တွဲဖက်ထောင်မှာ တစ် ယောက် တည်း ကြုံခဲ့ရတဲ့ ဇာတ် လမ်းကိုပြောပြတယ်။

ရှေ့နေကြီး တို့ကလည်း သူတို့ သိသမျှ ကြား သမျှတွေကို ဖလှယ်ကြတယ်။ အထီးကျန်ပြီး စိတ်ဆင်းရဲခဲ့မှု ကြောင့် လူပါ ချုံးချုံးကျဖြစ်သွား တဲ့ စမ်းချောင်းသားခမျာ မိတ်ဆွေ နိုင်ကျဉ်းတွေနဲ့ အတူပြန်နေရ တော့ အတော်ပျော်နေပုံပေါ် တယ်။

နှစ်ရက် သုံးရက်အတွင်း မျက်နှာလည်း သွေးရောင်လွှမ်း လာသလို ဝိတ်လည်း ပြန်တက် လာတယ်။ ကျန်းမာရေး လည်း ကောင်းလာတယ်။ အခန်း ၂၂ မှာလည်း ဘယ်ပရသားကမှ အနှောင့်အယှက် မပေးတော့ဘူး။ ဒီလို သာယာ နေတဲ့ အချိန်မှာပဲ ထောင်မှာတော့ ရုတ်တရက် မုန် တိုင်းတိုက်လာတယ်။

ဒီမုန်တိုင်း ကတော့ ၁၉၉၀ ခုနှစ်မှာ ပတ္တနိက္ကုဇနကံဆောင်သပိတ်ကို ဆရာတော် သံဃာတော်ကြီးများ ပြုလုပ်ပြီး နဝတ အစိုးရ ကို သပိတ် မှောက် တော်မူတဲ့အတွက် ဖမ်းဆီး လိုက်တဲ့ သတင်းပါပဲ။

ဒီကံဆောင် သပိတ်ကြောင့် မြန်မာနိုင်ငံရဲ့ သာသနာ့နယ် ပယ်မှာ ထင်ရှား ကျော်ကြားတဲ့ ဆရာတော်ကြီး တွေအပြင် လူပုဂ္ဂိုလ်အတော်များ များလည်း ဖမ်းဆီးခံရတဲ့ သတင်း တွေဝင်လာပါတယ်။

ဒါရဲ့နောက် ဆက်တွဲအဖြစ် နောက်ထပ် ဖမ်း ဆီးတဲ့ လူတွေကိုထားဖို့ အင်းစိန် ထောင်တိုက်ထဲမှာရှိတဲ့ ကျောင်း သားတွေ၊ နိုင်ငံရေးအကျဉ်းသား တွေကို ရိုးရိုးအကျဉ်းသားတွေ နေထိုင်တဲ့ အဆောင်တွေ ကို ရွှေ့ ပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။

ဒီလိုရွှေ့ပြောင်းလိုက်မှုကြောင့် ၅ တိုက် ၂၂ ခန်းမှာရှိတဲ့ သူတို့ လေးယောက်ဟာ လူစုကွဲသွားပြီး စမ်းချောင်းသားကတော့ အချုပ် သားတွေထားတဲ့ ၁ ဆောင်ကို ရောက်ရှိသွားပါတယ်။

၁ ဆောင် ဆိုတာက အချုပ် သမားကြီးတွေကို ထားတဲ့ နှစ်ထပ် ဆောင်ဖြစ်ပါတယ်။ အောက်ထပ် ရှစ်ခန်း၊ အပေါ်ထပ်ရှစ်ခန်း အခန်း စုစုပေါင်း ၁၆ ခန်း ရှိပြီး အကျဉ်း သား ၁၆၀၀ လောက် ထားပါ တယ်။

၁၉၈၈ အရေး အခင်းကာ လမှာ ထောင်ဆူပူမှု ဖြစ်ပွားပြီး အကျဉ်းသားတွေက ထောင်ကိုမီး ရှို့တဲ့အတွက် အဆောင်ငါးဆောင် ရှိရာမှာ ကျန်လေးဆောင်လုံး မီးလောင်သွားပြီး ၁ ဆောင် တစ် ဆောင်သာ ကိုလိုနီခေတ်လက်ရာ အတိုင်း အကောင်းပကတိ ကျန် ရစ်ခဲ့ပါတယ်။

လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီတိုက်ပွဲ ဆန္ဒပြမှုတွေ ကြောင့် အာဏာသိမ်း အစိုးရက လူဖမ်းပွဲကြီးလုပ်လို့ ထောင်ထဲကို ၁၉၈၉ မှာ ကျောင်းသားတွေ အလုံးအရင်းနဲ့ ရောက်ရှိလာပါ တယ်။

အင်းစိန်ထောင်ရဲ့ မူဝါဒ အသစ်အရ နိုင်ငံရေးအကျဉ်းသား တွေကို တစု တစည်းတည်းထား ရင် ပြဿနာရှာပြီး အုပ်ချုပ်ရ ခက်ခဲတဲ့အတွက် ရိုးရိုးအကျဉ်း သားတွေနဲ့ ရောနှောထားလိုက် ပါတယ်။

ဒါကြောင့် ၁ ဆောင်မှာ နိုင်ငံရေး အကျဉ်းသားတွေထဲက အစဉ်အလာကြီးမားတဲ့ နိုင်ငံရေး သမားကြီးတွေထဲက ခရမ်းသုံးခွ က ဦးစိန်ဝင်း (၁၉၅၉ တကသ ဥက္ကဋ္ဌဟောင်း) အပါအဝင် ပျံလွှား (ရန်ကင်း ကျောက်ကုန်း ဆန္ဒပြပွဲမှာ သေနတ်မှန်၍ အသံ အိုး ပျက်သွားသူ)၊

တာမွေက သီဟ(ခ) ဆိတ်သိုး၊ ဖိုးဇော် (ခ)ကျော်မြင့်ဇော် ၊ တိုက်ကြီးသက်ဦး (ကြမ်းတမ်းသော စစ်ပွဲနှင့် နူးညံ့ သော နှလုံးသားဝတ္ထု တွင် ဖော်ပြ ပြီး)၊ ကြည့်မြင်တိုင်က ညီညီလှိုင် (ကြမ်းတမ်းသောစစ်ပွဲနှင့် နူးညံ့ သောနှလုံးသားဝတ္ထုတွင် ဖော်ပြ ပြီး)၊ ပုသိမ်စိုးနိုင် (ကွယ်လွန်)၊ မြောက်ဥက္က လာ က အောင်ထူး (လက်ရှိ USA) တို့ ရှိကြတယ်။

သူတို့က ပြောင်းလာတဲ့နိုင်ငံရေး အကျဉ်းသားတွေကို နွေးနွေးထွေး ထွေး ကြိုဆိုတယ်။ ဒါပေမဲ့ ၁ ဆောင် ဆိုတာ ထောင်ရဲ့ ပုံစံ ဆောင်ဖြစ်တဲ့အတွက် ထောင်က ခန့်ထားတဲ့ အကျဉ်းသား အရာရှိ (တန်းစီး၊ အခန်းလူကြီး၊ စည်းကမ်းထိန်း) ဆိုသူတွေက နှိပ်စက် လွန်းအားကြီးလို့ အချုပ်သားတွေ အတွက် အရမ်းချောက်ချားဖို့ ကောင်းတယ်။

၁ ဆောင်ကို ရောက်လာတဲ့ အကျဉ်းသားတွေ ကို ရောက်ရောက်ချင်း ပုံစံခန်းထဲ ကို ခေါင်းငုံ့ပြီး ဝင်ရတယ်။

အခန်း ထဲ သွင်းတဲ့ အခါမှာလည်း တုတ် တွေနဲ့ရိုက်၊ သားရေ ခါးပတ်တွေ နဲ့ ရိုက်ပြီးမှ သွင်းတယ်။ ရိုက်တဲ့ အခါမှာ လူမရွေးဘဲ အပြစ်ရှိရှိ မရှိရှိ ရိုက်တယ်။

သဘောကတော့ ထောင်ကိုရောက် လာတဲ့ သူတွေ ဟာ မတစ်ထောင်သားတွေဖြစ်တဲ့ အတွက် ဦးချိုးထားမှ ဖြစ်မယ် ဆိုပြီး ရိုက်တာပါပဲ။

ဒါပေမဲ့ ဒီ အကြောင်းပြချက်ရဲ့ နောက်မှာ တော့ သက်သေမပြနိုင်တဲ့ လက်မည်းကြီး ရှိနေတယ်။ အဲဒါက တော့ တန်းစီး တွေနဲ့ ထောင် ပိုင် တွေ၊ ထောင်မှူးတွေ ပညာပြမှု အရ ထောင်ကိုရောက်လာတဲ့ အချုပ်သားတွေဟာ အရိုက်မခံရဖို့ ထောင်ထဲမှာ သက်သက်သာ သာနေရဖို့ သူတို့နဲ့ အပေးအယူ လုပ်ရတော့မှာ ဖြစ်ပါတယ်။

ဒီ အပေးအယူဟာ အတိုင်းအတာ ပမာဏ မဖော်ပြနိုင်တဲ့ ငွေကြေး တွေပါပဲ။ ဒီငွေတွေနဲ့ တန်းစီးတွေ၊ အခန်း လူကြီးတွေဟာ ထောင်မှူး ထောင်ပိုင်တွေကို လုပ်ကိုင်ကျွေး မွေးနေရတာဖြစ် ပါတယ်။

(၁) ဆောင်မှာ ထောင်မကျ သေးတဲ့ နိုင်ငံရေးအကျဉ်းသား တွေရှိသလို အင်းစိန်ထောင်မှာ နာမည်ကြီးပြီး ဇရှိတဲ့လူဆိုးတွေ လည်းအများကြီးရှိတယ်။

အဓိက ၁ ဆောင်ကို အုပ်ချုပ်နေတဲ့သူ ကတော့ စိုးမြတ်ကြီး (အင်းစိန် ထောင်မှ ဂန္ထဝင်လူမိုက်ကြီးများ ဝတ္ထုတွင်ဖော်ပြပြီး)၊ ကျော်သူ(ခ)မြွေဖြူလေး (အင်းစိန်ထောင်မှ ဂန္ထဝင် လူမိုက်ကြီးများဝတ္ထုတွင် ဖော်ပြပြီး)၊ ဧရာကြီး (အင်းစိန် ထောင်မှ ဂန္ထုဝင်လူမိုက်ကြီးများ ဝတ္ထုတွင်ဖော်ပြပြီး)၊ လူလိမ်ဝိဇ္ဇာ ကျော်မြင့် (အင်းစိန်ထောင်မှ ဂန္ထုဝင်လူမိုက်ကြီးများ ဝတ္ထုတွင် ဖော်ပြပြီး) တို့လည်း ရှိကြတယ်။

စမ်းချောင်းသား တို့ကို လူမိုက်ကြီး တွေက ပုံစံခန်းမှာ သင်ခန်းစာ ပေးပေမယ့် နဂိုရောက်နှင့်နေတဲ့ ပျံလွှားနဲ့ သီဟတို့က စိုးမြတ်ကြီးကို ကြိုတင်ပြောဆို ထားတော့ ကြမ်းကြမ်း တမ်းတမ်းရိုက်နှက်တာ မခံ ရတော့ဘူး။

နောက်တော့ စမ်း ချောင်းသားကို ပျံလွှားက စိုးမြတ် ကြီးနဲ့ မိတ်ဆက်ပေးတယ်။ စိုး မြတ်ကြီးက စကားပြော ကောင်း ပြီး ဖော်ရွေတယ်။
“မင်းက စမ်းချောင်းသား ဆိုတော့ အပိုင်စားပဲပေါ့။ ငါက အလုံသား၊ (၁) ဆောင်မှာတော့ ငါအုပ်ချုပ်တာမို့ ထောင်ကို တရားရိပ်သာလို့ သဘောထားပြီး မင်းနေလို့ရတယ်။ ဒါပေမဲ့ မဂ် ဖိုလ် နိဗ်္ဗာန်ကို ရောက်အောင် တော့ လုပ်ကွာ”

တန်းစီး စိုးမြတ်ကြီးရဲ့ စကား အဆုံးမှာ နိုင်ငံရေး သမားဖြစ်တဲ့ စမ်းချောင်းသား ကြွေသွားပါ တယ်။ နောက်တော့ သူ ဒီလို တော့်ကီကောင်းလို့ အင်းစိန်လို အရှေ့တောင်အာရှရဲ့ အကြီးဆုံး ထောင်မှာ ဗိုလ်လုပ်ပြီးနေနိုင် တာပဲလို့ အောက်မေ့လိုက်တယ်။

တကယ်တော့ ထောင်ဆိုတာ လူ ဆိုး လူမိုက်တွေ မတစ်ရာသား တွေ စုဝေးရာနယ် ပယ် ဖြစ်ပေမယ့် အုပ်ချုပ်တဲ့သူတွေရော၊ အကျဉ်း သားတွေရော အနုပညာမြောက် အောင် စကားပြောကောင်းကြ ပါတယ်။

ထောင်မှာ ဘာအလုပ်မှ မည်မည်ရရမရှိတော့ အမြဲတမ်း စကားပြောပဲလေ့ကျင့်နေသလား လို့ ထင်ရတယ်။ တန်းစီးတွေ အတော်များများက စကားပြော ကောင်းကြတယ်။ ကျော်သူဆိုရင် လည်း လူကသာ အေးစက်စက်နဲ့ စကားပြော အရမ်းကောင်းတယ်။

ဆေးရုံကြီးစိန်ဝင်းက သူ့ကို ချွတ် နဲ့ ထိုးတော့ “ ကျွန်တော့်ကို သတ် ရင် နှလုံးသားတည့်တည့်ကို တစ် ချက်တည်း ကိစ္စတုံးအောင် ထိုး ပေး၊ နှလုံးသားကို ထိရင် ဒီဘ၀ ဆုတောင်းတာတွေ နောင်ဘဝကျ ပြည့်တတ်တယ်ဆိုလို့ပါ” လို့ ပြော တဲ့စကားဟာ ထောင်မှာကျန်ရစ် ခဲ့တယ်။

ထောင်ထဲမှာ သေသွားတဲ့ ငရှဥ့်ကလည်း “ အမြစ်ရှည်တဲ့ သစ်ပင်ဆိုတာ တစ်နွေ နှစ်နွေ ရေမရှိရင်လည်း ရှင်တယ်ကွ” လို့ ပြောခဲ့ဖူးတယ်။

ဗလကြီးဆိုရင် အခန်းလူကြီး အသိအမှတ်ပြု အရစ်သုံးရစ်ပါ တံဆိပ်ကို ရင် ဘတ်မှာ ချိတ်ထားရင် “ အပင်မြင့် ရင်တော့ လေ တိုက်ခံရမှာပဲ။ လေတိုက်မှာ မကြောက်လို့ တောင်ပေါ်တက်နေတာ။ ငါ့ နာမည် ဗလကြီး” လို့ အကျဉ်း သားတွေရှေ့မှာ မှာတမ်းခြွေလေ့ ရှိတယ်။

အုပ်ချုပ်တဲ့ ထောင်မှူး ထောင်ပိုင်တွေရဲ့ တော်ကီတွေက လည်း ဒီနေ့အထိ ကျန်ရစ်ခဲ့ပါ တယ်။ ထောင်မှူးကြီးတစ်ယောက် က သူ့တပည့်ဟောင်းကို ကန် ထုတ်တဲ့အခါ “ မြေခွေးဆိုတာ အမဲလိုက်ပြီးရင် အရေခွံဆုတ်ပစ် ရတာမျိုး” လို့ မှတ်ချက်ပေးဖူး တယ်။

အဲဒီအချိန်က အင်းစိန် ထောင်ကိုအုပ်ချုပ်တဲ့ ထောင်ပိုင် ကြီးကတော့ “ ဟေ့မင်းတို့အ ကျဉ်း သားတစ်ယောက် သေရင် ငါ့မှာ စာရွက်နှစ်ရွက်ပဲ ကုန်တယ်ကွ” လို့ ပြောခဲ့ဖူးပါတယ်။

ဒီလို ထောင်ထဲမှာ စကား ပြောကောင်းတဲ့သူတွေ ရှိသလို ရှစ်လေးလုံးအရေးတော်ပုံကာလ က ဦးဆောင် ဦးရွက်ပြုခဲ့တဲ့သူ တွေရဲ့ စကားလုံးတွေ ဟာလည်း ဒီနေ့ခေတ်အထိ သမိုင်းမှတ်တမ်း ကျန်ရစ်ခဲ့ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံရဲ့ သမိုင်းအစကို ပြောရင် စက်မှုတက်္ကသိုလ်ကျောင်း သား ဘုန်းမော် လုံထိန်းတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွား တာဟာလည်း အချက်တစ်ချက် အနေနဲ့ ပါဝင်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာ ဘုန်းမော်ကျဆုံးလို့ ကျောင်းသားတွေ ဆန်္ဒပြရာက နေ မဆလအစိုးရ ပြုတ်ကျသွား ပြီး နဝတ အစိုးရတက် လာတော့ ၁၉၈၉ မှာ ဘုန်းမော်အမှတ်တရ ပွဲကို ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည် (လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်) တက်ရောက် ဟောပြောခဲ့သလို ပါတီခေါင်းဆောင်တွေ၊ ကျောင်း သားခေါင်း ဆောင်တွေလည်း အသီးသီးတက်ရောက်ပြောကြား ခဲ့ပါတယ်။

အဲဒီပွဲမှာ ပြည်သူ့ အရေးတော်ပုံပါတီဥက္ကဋ္ဌ ကိုကိုး ကျွန်းပြန် ဦးခင်မောင်မြင့်ပြောတဲ့ မိန့်ခွန်းထဲက စကားလုံးတွေဟာ ဒီနေ့ဒီအချိန်ထိ နိုင်ငံရေးအကျဉ်း သား ဟောင်းတွေရဲ့နှလုံးသားထဲ မှာ စွဲထင်ကျန်ရစ်ခဲ့ပါတယ်။

“ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံဆိုတာ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်သူ လူထုတစ်ရပ်လုံးက အာ ဏာရှင်ကို ဖြုတ်ချလိုက်တဲ့ လူထု တော်လှန်ရေးကြီး ဖြစ်တယ်။

လူထုတော်လှန်ရေးကြီးဖြစ်ခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေး တော်ပုံက မဆလပါတီကို ဖြုတ် ချလိုက်တယ်။ ပြည်သူတွေလည်း နိုင်ခဲ့တယ်။ အခု အာဏာရှင် တောင်ကြီး စပြိုနေပြီ။ ဒီတောင် ကြီးပြိုနေတာကို လက်ကျန် စစ် အာဏာရှင်ပေါက်စတွေက လက် နဲ့ကာဖို့ မကြိုးစားပါနဲ့။ ခင်ဗျား တို့ပါ ရောပါသွားမယ်”

ဦးခင်မောင်မြင့်(ပြည်သူ့အရေးတော်ပုံပါတီ)

အဲဒီပွဲမှာပဲ ဗကသ ကျောင်း သားခေါင်းဆောင်နဲ့ လူ့ဘောင် သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မိုးသီးဇွန် ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ လည်း ကျန်ရစ်ခဲ့တဲ့ စကားလုံး တွေရှိပါတယ်။

“ ကျုပ်တို့က ဒီမိုကရေစီလို ချင်လို့ တောင်းဆိုတာဖြစ်တယ်။ ဒါကို ခင်ဗျားတို့က ရွှေရည်စိမ် ဒီမိုကရေစီ ပေးပြီး အတုအယောင်နဲ့ လာမလှည့်စားနဲ့။ ကျုပ်တို့လိုချင် တာ ပဒုံမန်္တီလို မိန်းမမျိုး။ ငှက်ပျောတုံးကို ထဘီပတ်ပြီး လာ မပေးနဲ့ မရဘူး”

မိုးသီးဇွန် (ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ)

—နောက်တစ်ယောက်ကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ်္ဂ (ဗကသဥက္ကဋ္ဌ) မင်း ကိုနိုင်ရဲ့ မိန့်ခွန်းဖြစ်ပါတယ်။

“ ကျွန်တော်တို့တွေက ဒီမို ကရေစီတောင်းတယ်။ ခင်ဗျားတို့ တွေက ဒီမိုကရေစီအစား လက်ထိပ် တွေပေးတယ်။ ကျွန်တော်တို့ တွေက လူ့အခွင့်အရေး တောင်း တယ်။ ခင်ဗျားတို့တွေက ထောင်အုတ်ရိုး ပေးတယ်။ ကျွန်တော်တို့ က လွတ်လပ်ရေးကို တောင်း တယ်။

လွတ်လပ်ရေးရဖို့ ပေတစ်ရာလမ်းမပေါ် ထွက်လာတဲ့ အခါ ခင်ဗျားတို့က မီးခိုးဗုံးနဲ့ ထု တယ်။ သေနတ်နဲ့ပစ်တယ် ။ ပေ တစ် ရာ လမ်းမပေါ်မှာ ပြည်သူ တွေ အတုံးအရုန်းသေကြရတယ်။ သွေးပင်လယ်ကြီးဖြစ်သွားတယ်။

ဒါပေမဲ့ ပေတစ်ရာလမ်း မပေါ်က သွေးကွက်တွေဟာ သွေးငွေ့တွေ အဖြစ်နဲ့ မိုးကောင်းကင်ပေါ်တက် သွားတယ်။ ကောင်း ကင်ပေါ် ရောက်တဲ့ အခါ သွေးတိမ် တောင် ကြီး ဖြစ်သွားတယ်။

အဲဒီသွေး တိမ်တောင် အစိုင်အခဲကြီးဟာ ခင်ဗျားတို့ အာဏာရှင်ဖိနှိပ်နေ တဲ့ လူတန်းစားတွေရဲ့ ခန္ဓာကိုယ် ပေါ်ကို သွေးမိုးတွေအဖြစ် ရွာချ ပြီး ကလဲ့စားချေကြလိမ့်မယ်”

မင်းကိုနိုင် (ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ)

ဒီမိန့်ခွန်းဟာ အနုပညာဆန် လွန်းတဲ့အတွက် မိန့်ခွန်းကနေ သီချင်းအဖြစ် သမိုင်းတွင်ကျန်ရစ် ခဲ့ပါတယ်။ အဲဒီသီချင်းကို သံစဉ် ထည့်ပြီး ရဲနည်က မွမ်းမံခဲ့ကာ မွန်းအောင် သီဆိုတဲ့ “ သွေးမုန် တိုင်း” သီချင်း ဖြစ်သွားပါတယ်။

ဒီစကားလုံးတွေကို ဒီနေ့ အထိမှတ်မိနေတာကတော့ နိုင်ငံ ရေး မုန်တိုင်းထဲက အနုပညာ မိန့်ခွန်းတွေ ဖြစ်ခဲ့လို့ပါ။ လူတွေ အများကြီးကို ယုံကြည်ပြီး တိမ်း ညွှတ်အောင် ပြောနိုင်တဲ့သူတွေ မှာ နူးညံ့တဲ့ခံစားမှုနဲ့ မာကျောတဲ့ စိတ်လှုပ်ရှားမှုတွေ ရှိနေကြပါ တယ်။

သူတို့ရဲ့ စိတ်လှုပ်ရှားမှု တွေကတစ်ဆင့် ထွက်လာတဲ့ စကားလုံးတွေဟာ နားထောင်တဲ့ သူတွေကို အရည်ပျော်သွားစေပါ တယ်။

ကမ္ဘာ့သမိုင်းထဲက စကား ပြောကောင်းတဲ့သူတွေဟာ လူ ဆိုးထဲမှာရော လူကောင်းထဲမှာ ရော ရှိကြပါတယ်။

အမေရိကန် ပြည်ထောင်စုကို တည်ထောင်ခဲ့ တဲ့ အီဗရာဟင်လင်ကွန်း စကား ပြောကောင်းသလို ဒုတိယကမ္ဘာ စစ်ကြီးကို မီးမွှေးခဲ့တဲ့ ဟစ်တလာ လည်း စကားပြောကောင်းတာပါ ပဲ။

ဒါကြောင့် ရှစ်လေးလုံး ဒီမို ကရေစီ အရေးတော်ပုံကြီးမှာ ခေတ်စနစ်တွေပြောင်းလဲဖို့ ပြော ခဲ့တဲ့ လူထုခေါင်းဆောင်တွေရဲ့ စကားလုံးတွေဟာ ကျန်ရစ်ခဲ့သလို လူဆိုးလူမိုက်ထဲက စိုးမြတ်ကြီးရဲ့ စကားလုံးတွေဟာလည်း အင်း စိန်ထောင်မှာ ကျန်ရစ်ခဲ့ပါတယ်။ စိုးမြတ်ကြီးပြောလေ့ရှိတဲ့ စကား ကလည်း လှပါတယ်။

“ ငါ့ညီ တို့ကို တစ်ခုပြောချင် တယ်။ စာရေးဆရာမင်းသိင်္ခ ဝတ္ထုတွေ ဖတ်ဖူးမှာပေါ့။ သူ့စာ အုပ်ထဲမှာ ပြည်သူတွေကို အကာ အကွယ်ပေးနေတဲ့ ရဲတစ်ယောက် ရှိတယ်။ သူကတော့ ဆားပုလင်း နှင်းမောင်လို့ ခေါ်တယ်။

ဒီလိုပဲ သူ့စာအုပ်ထဲမှာ ပြည်သူတွေကို အကာအကွယ်ပေးနေတဲ့ လူမိုက် တစ်ယောက်လည်း ရှိတယ်။ သူ ကတော့ စနေမောင်မောင်။ အခု အချိန်ထိ ပြည်သူတွေကို အကာ အကွယ်ပေးတဲ့ ဆားပုလင်းနှင်း မောင်လို ရဲမျိုး ပုလိပ်ဌာနမှာ တစ်ယောက်မှ မပေါ်သေးဘူး။

ဒါပေမဲ့ ပြည်သူတွေကို အကာ အကွယ်ပေးတဲ့ စနေမောင်မောင် လို လူမိုက်တစ်ယောက်ကတော့ ပေါ်နေပြီ။ သူကတော့ စိုးမြတ် ကြီးလို့ခေါ်တဲ့ ကျုပ်ပဲ”

သူ့စကားလုံးတွေဟာ တော် ရုံတန်ရုံ အကျဉ်းသားတွေကို အရည်ပျော်သွားစေပါတယ်။

စိုးမြတ်ကြီးလိုပဲ လူမမြင်ရပေ မယ့် ချောက်ချားစရာကောင်းပြီး ကြေကွဲစရာဖြစ်တဲ့ မိန်းကလေး တစ်ယောက်ရဲ့ စကားတစ်ခွန်း ဟာလည်း ထောင်မှာကျန်ရစ်နေ ပါတယ်။ (အဲမှာ စတာ…)

“ ကျွန်မ မောင့်ကို ထောင် ထဲမှာ စိတ်မချဘူး။ ထောင်မှာ ယောက်ျား မိန်းမ အတူ နေခွင့် ပေးရင် ထောင်အကျခံ လိုက်လာ ပြီး ရှင့်ကို ဟင်းချက်ကျွေးချင် လိုက်တာ”

ဒီလိုပြောခဲ့တဲ့ သူကတော့ ထောင်ထဲမှာရှိတဲ့ ယောက်ျားတွေ ကို ဝင်ဝင်စီးပြီး မွှေနေတဲ့ ပရ လောကသား ဖြစ်ပါတယ်။ သူ့နာမည်ကတော့ “ မနှင်းဆီ”….. တဲ့။

(ဆက်လက်ဖော်ပြပါမည်….)

Credit – ဇော်သက်ထွေး

Add a Comment

Your email address will not be published. Required fields are marked *