“ အေအေ နှင့် ပတ်သက်ပြီး တပ်မတော် အနေနဲ့ တော့ စကားတွေ အများကြီး မပြောတော့ပါဘူး.. wait and see စောင့်ကြည့်နေလိုက်ပါ “ ဟု တပ်မတော်ပြော
ref:TheFifthWaveNews
Unicode
အေအေ အဖွဲ့နှင့် ပတ်သက်ပြီး တပ်မတော် အနေဖြင့် စကားတွေ အများကြီး မပြောတော့ပဲ wait and see စောင့်ကြည့်နေလိုက်ပါ ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ် စိုးနိုင်ဦးကပြောသည် ။မတ် ၂၂ ရက်နေ့ လည် ပိုင်း က နေပြည်တော် ရှိ စစ်သမိုင်း ပြတိုက် တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ် စိုးနိုင်ဦး က သတင်းမီဒီယာများ၏ မေးမြန်းမှု အပေါ် ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ အားလုံးလည်း သိပြိးသားဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော် အနေနဲ့ကတော့ စကားတွေ အများကြီး မပြောတော့ပါဘူး။ wait and see” စောင့်ကြည့်လိုက်ပါ”ဟု ဗိုလ်ချုပ်စိုးနိုင်ဦးကပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်ရှိမြို့နယ် အချို့တွင် တပ်မတော်နှင့် AA တို့သည် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။အဆိုပါ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူများ တိုက်ပွဲရှောင် ပြည်သူများ တစ်သိန်းကျော်ရှီနေပြီဖြစ်ကြောင်း သိရသည်။ထို့အတူ စစ်ဘေးရှောင် ဒုက္ခသည်များနှင့် ပတ်သက်ပြီး အမြတ်ထုတ်နေမှု လုပ်ရပ်များလည်းရှိနေသည့် အတွက် အဆိုပါ camp များလည်း မရှိစေချင်တော့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဒုတိယဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။
ထို့ကြောင့် နယ်မြေအေးချမ်းအောင်ဆောင်ရွက်ရာတွင် ၎င်း နယ်မြေထဲတွင် အကြမ်းဖက်သောင်းကျန်းသူများ၏ လှုပ်ရှားမှုမရှိမှသာဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့် အတွက် ဒေသခံများအနေဖြင့် သဘောပေါက် နားလည်ပြီး ကျန်သည့် တာဝန်ရှိပုဂ္ဂိုလ်များကလည်း တည်ငြိမ်အေးချမ်းသာယာရေးအတွက် ဝိုင်ပြီးစဉ်းစားဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီ ကပြောသည်။
ref:TheFifthWaveNews
Add a Comment
Your email address will not be published. Required fields are marked *