” အိမ္မွာေနမွာလား.. အီတလီလို အျဖစ္ခံမလား..?” ျပည္သူေတြကို သတိေပးလိုက္တဲ့ ထိုင္း ဆရာဝန္ႀကီး

“ အခု အခ်ိန္ မွာ တတ္ႏိုင္သမွ် ဘယ္သူ နဲ႔ ထိေတြ႕ ဆက္ဆံမႈ မျပဳပဲ အိမ္မွာေနၾကပါ ။ ဒါမွ မဟုတ္ရင္ေတာ့ အီတလီလို ေရာဂါကူးစက္မႈ အဆမတန္ တိုးလာတာေတြ ၊ က်န္းမာေရး ကုသမႈပစၥည္း မလုံေလာက္ေတာ့တာေတြျဖစ္လာ ပါလိမ့္မယ္ ” လို႔ ထိုင္းျပည္သူေတြ ကို သတိေပး လိုက္သူကေတာ့ ထိုင္းႏိုင္ငံ မဟီေဒါ တကၠသိုလ္ ဆီရီရာ့ခ်္ ( Siriraj ) ေဆး႐ုံ ရဲ႕ အႀကီးအကဲ ပါေမာကၡ ေဒါက္တာပရာဆစ္ ဝတၱနာ ( Prof Dr Prasit Watanapa ) ျဖစ္ ပါ တယ္ ။

” အိမ္မွာေနမွာလား.. အီတလီလို အျဖစ္ခံမလား..?”

ထိုင္းႏိုင္ငံ ရဲ႕ ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္မႈႏႈန္းဟာ ျမင့္တက္လ်က္ရွိၿပီး လက္ရွိဒီျပသနာကို ဆိုးဝါးစြာႀကဳံေတြ႕ေနရၿပီး ဗိုင္းရပ္စ္ကူးစက္မႈကို မထိန္းခ်ဳပ္ႏိုင္ေသးတဲ့ ဥေရာပတိုင္းျပည္ေတြနဲ႔ တူေန ပါတယ္။ သူအဓိက သတိေပးခ်င္သူေတြကေတာ့ ဗိုင္းရပ္စ္ကူးစက္မႈကို ေၾကာက္ရေကာင္းမွန္းမသိပဲ လက္ေဝွ႔႐ုံ ၊ စားေသာက္ဆိုင္ ၊ အရက္ဘား စတဲ့ လူစုလူေဝး ရွိရာကို သြားေနတဲ့လူေတြကိုပါ။ တတ္ႏိုင္သမွ် ကိုယ့္အသိစိတ္နဲ႔ ကို သီးသန႔္ေနၾကပါ လို႔ သူက ဆိုပါတယ္။

ထိုင္းႏိုင္ငံဟာ ၃ရက္အတြင္းမွာ ကူးစက္သူ ၁၀၀ ကေန ၂၀၀ ကိုတိုးလာခဲ့ၿပီး အခုဆိုရင္ ဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္း ၇၂၁ေယာက္အထိရွိၿပီး ၁ေယာက္ေသဆုံးကာ ျပန္လည္က်န္းမာလာသူ ၅၂ ေယာက္သာ ရွိပါေသးတယ္။

“ကြၽန္ေတာ္တို႔ ဒီအတိုင္းပဲ ဘာမွမလုပ္ပဲ ဆက္ေနသြားမယ္ဆိုရင္ေတာ့ ကူးစက္ေရာဂါကို မထိန္းခ်ဳပ္ႏိုင္ေတာ့တဲ့ ႏိုင္ငံတႏိုင္ငံ ျဖစ္သြားမွာပါ”

“ဒီေန႔ေတြမွာ ထိုင္းႏိုင္ငံမွာ ဗိုင္းရပ္စ္ကူးစက္ႏႈန္းဟာ ၁ရက္ကို ၃၃% ျမင့္တက္ေနပါတယ္။ ဒီအေျခအေန အတိုင္းသာ ဆက္သြားမယ္ဆိုရင္ေတာ့ ဧၿပီလ ၁၅ ရက္ေန႔ေလာက္ဆိုရင္ ဒီႏိုင္ငံမွာ ကူးစက္သူေပါင္း ၃၅၀၀၀၀ ေလာက္ရွိၿပီး ေသဆုံးသူ ၇၀၀၀ ေလာက္အထိ ရွိႏိုင္ပါတယ္” လို႔ ေဒါက္တာပရာဆစ္က တြက္ခ်က္ျပခဲ့ပါတယ္။

“ဒီေလာက္လူေတြအမ်ားႀကီး မဆိုထားနဲ႔ ေရာဂါကူးစက္ခံရသူ ၁၇၀၀၀ ေက်ာ္တာနဲ႔ က်န္းမာေရးကုသေထာက္ပံ့မႈ ပစၥည္း မလုံေလာက္တာေတြ စႀကဳံလာမွာပါ။ ဒီေန႔အီတလီႀကဳံေနသလို ကြၽန္ေတာ္တို႔ႀကဳံလာရမွာပါ။ ဒီလိုျဖစ္လာမွာ ကို ကြၽန္ေတာ္တို႔အလိုမရွိပါဘူး” လို႔ သူက ထပ္သတိေပးပါတယ္။

” အိမ္မွာေနမွာလား.. အီတလီလို အျဖစ္ခံမလား..?”

“ကူးစက္ခံရၿပီးသူ လူနာေတြကို ကုသႏိုင္ဖို႔အတြက္ ေန႔စဥ္ ေရာဂါကူးစက္မႈႏႈန္းဟာ ၂၀% ထက္ ပိုတိုးမလာဖို႔ လိုပါတယ္။ ဒီလိုျဖစ္လာဖို႔ လူေတြဟာ ကိုယ့္အိမ္ကေန ဘယ္မွမသြားဖို႔ လိုပါတယ္။ အစားအစာဝယ္တဲ့ကိစၥလို အေရးႀကီးတဲ့အခါမ်ိဳး အျပင္ထြက္တဲ့အခါမွာ Mask ေတြတပ္ၾကပါ။ တတ္ႏိုင္သမွ်ေဝးေဝးမသြားပါနဲ႔။ ကိုယ့္ကိစၥၿပီးတာနဲ႔ အျမန္ဆုံးအိမ္ျပန္ၾကပါ။”

“တျခားသူေတြနဲ႔ စကားေျပာတဲ့အခါမွာ အနည္းဆုံး ၂မီတာခြာၿပီးေျပာပါ။ ဘာလို႔လဲဆိုေတာ့ လူတေယာက္စကားေျပာတဲ့အခါမွာ သူ႔ရဲ႕တံေတြးမႈန္ droplet ေတြဟာ ၁မီတာ အကြာအေဝးအထိ ေရာက္ႏိုင္လို႔ပါ။ စကားေျပာတဲ့အခါမွာလည္း Mask တပ္ထားပါ။ Mask ေတြမွာလည္း ဗိုင္းရပ္စ္ ပါလာႏိုင္တဲ့အတြက္ Mask ေတြကို ေန႔စဥ္ေလွ်ာ္ဖြပ္ၾကပါ။”

“အျခားသူေတြနဲ႔ ဆက္ဆံမႈနည္းသြားရင္ ဗိုင္းရပ္စ္ကူးစရာ အေၾကာင္းမရွိေတာ့ပါ။ ကိုယ့္အိမ္ဟာ အလုံၿခဳံဆုံးေနရာျဖစ္ပါတယ္။ ဒီအတိုင္းသာ ေနထိုင္သြားၾကမယ္ဆိုရင္ ကူးစက္မႈႏႈန္းကို ၂၀% အထိ ေလွ်ာ့ခ်ႏိုင္မွာပါ။ ဒါေတြကို လိုက္နာဖို႔ခက္တယ္ဆိုရင္ေတာင္ တတ္ႏိုင္သမွ်ေတာ့ လိုက္နာၾကပါ။ ဒီအခ်က္ေတြကို ဒီေန႔ပဲစလုပ္လိုက္ပါ။ ဒါမွမဟုတ္ရင္ေတာ့ အရမ္းေနာက္က်သြားပါလိမ့္မယ္။”

” အိမ္မွာေနမွာလား.. အီတလီလို အျဖစ္ခံမလား..?”

“ဒီေရာဂါအကူးခံရတဲ့အခါ သင့္ရဲ႕အဆုတ္ဟာ ပ်က္စီးယိုယြင္းလာမွာျဖစ္တဲ့အတြက္ အဆုတ္ကို ကူညီေထာက္ပံ့ေပးမယ့္ ပစၥည္းေတြလိုအပ္ပါတယ္။ ထိုင္းႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈဟာ ၉လေလာက္ အထိၾကာျမင့္ႏိုင္တယ္” လို႔ ေဒါက္တာ ပရာဆစ္က ခန႔္မွန္းထားပါတယ္။

Ref – Bangkok Post

Unicode

“ အခု အချိန် မှာ တတ်နိုင်သမျှ ဘယ်သူ နဲ့ ထိတွေ့ ဆက်ဆံမှု မပြုပဲ အိမ်မှာနေကြပါ ။ ဒါမှ မဟုတ်ရင်တော့ အီတလီလို ရောဂါကူးစက်မှု အဆမတန် တိုးလာတာတွေ ၊ ကျန်းမာရေး ကုသမှုပစ္စည်း မလုံလောက်တော့တာတွေဖြစ်လာ ပါလိမ့်မယ် ” လို့ ထိုင်းပြည်သူတွေ ကို သတိပေး လိုက်သူကတော့ ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ် ဆီရီရာ့ချ် ( Siriraj ) ဆေးရုံ ရဲ့ အကြီးအကဲ ပါမောက္ခ ဒေါက်တာပရာဆစ် ဝတ္တနာ ( Prof Dr Prasit Watanapa ) ဖြစ် ပါ တယ် ။

ထိုင်းနိုင်ငံ ရဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းဟာ မြင့်တက်လျက်ရှိပြီး လက်ရှိဒီပြသနာကို ဆိုးဝါးစွာကြုံတွေ့နေရပြီး ဗိုင်းရပ်စ်ကူးစက်မှုကို မထိန်းချုပ်နိုင်သေးတဲ့ ဥရောပတိုင်းပြည်တွေနဲ့ တူနေ ပါတယ်။ သူအဓိက သတိပေးချင်သူတွေကတော့ ဗိုင်းရပ်စ်ကူးစက်မှုကို ကြောက်ရကောင်းမှန်းမသိပဲ လက်ဝှေ့ရုံ ၊ စားသောက်ဆိုင် ၊ အရက်ဘား စတဲ့ လူစုလူဝေး ရှိရာကို သွားနေတဲ့လူတွေကိုပါ။ တတ်နိုင်သမျှ ကိုယ့်အသိစိတ်နဲ့ ကို သီးသန့်နေကြပါ လို့ သူက ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ ၃ရက်အတွင်းမှာ ကူးစက်သူ ၁၀၀ ကနေ ၂၀၀ ကိုတိုးလာခဲ့ပြီး အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၇၂၁ယောက်အထိရှိပြီး ၁ယောက်သေဆုံးကာ ပြန်လည်ကျန်းမာလာသူ ၅၂ ယောက်သာ ရှိပါသေးတယ်။

“ကျွန်တော်တို့ ဒီအတိုင်းပဲ ဘာမှမလုပ်ပဲ ဆက်နေသွားမယ်ဆိုရင်တော့ ကူးစက်ရောဂါကို မထိန်းချုပ်နိုင်တော့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်သွားမှာပါ”

“ဒီနေ့တွေမှာ ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်နှုန်းဟာ ၁ရက်ကို ၃၃% မြင့်တက်နေပါတယ်။ ဒီအခြေအနေ အတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ဧပြီလ ၁၅ ရက်နေ့လောက်ဆိုရင် ဒီနိုင်ငံမှာ ကူးစက်သူပေါင်း ၃၅၀၀၀၀ လောက်ရှိပြီး သေဆုံးသူ ၇၀၀၀ လောက်အထိ ရှိနိုင်ပါတယ်” လို့ ဒေါက်တာပရာဆစ်က တွက်ချက်ပြခဲ့ပါတယ်။

“ဒီလောက်လူတွေအများကြီး မဆိုထားနဲ့ ရောဂါကူးစက်ခံရသူ ၁၇၀၀၀ ကျော်တာနဲ့ ကျန်းမာရေးကုသထောက်ပံ့မှု ပစ္စည်း မလုံလောက်တာတွေ စကြုံလာမှာပါ။ ဒီနေ့အီတလီကြုံနေသလို ကျွန်တော်တို့ကြုံလာရမှာပါ။ ဒီလိုဖြစ်လာမှာ ကို ကျွန်တော်တို့အလိုမရှိပါဘူး” လို့ သူက ထပ်သတိပေးပါတယ်။

“ကူးစက်ခံရပြီးသူ လူနာတွေကို ကုသနိုင်ဖို့အတွက် နေ့စဉ် ရောဂါကူးစက်မှုနှုန်းဟာ ၂၀% ထက် ပိုတိုးမလာဖို့ လိုပါတယ်။ ဒီလိုဖြစ်လာဖို့ လူတွေဟာ ကိုယ့်အိမ်ကနေ ဘယ်မှမသွားဖို့ လိုပါတယ်။ အစားအစာဝယ်တဲ့ကိစ္စလို အရေးကြီးတဲ့အခါမျိုး အပြင်ထွက်တဲ့အခါမှာ Mask တွေတပ်ကြပါ။ တတ်နိုင်သမျှဝေးဝေးမသွားပါနဲ့။ ကိုယ့်ကိစ္စပြီးတာနဲ့ အမြန်ဆုံးအိမ်ပြန်ကြပါ။”

“တခြားသူတွေနဲ့ စကားပြောတဲ့အခါမှာ အနည်းဆုံး ၂မီတာခွာပြီးပြောပါ။ ဘာလို့လဲဆိုတော့ လူတယောက်စကားပြောတဲ့အခါမှာ သူ့ရဲ့တံတွေးမှုန် droplet တွေဟာ ၁မီတာ အကွာအဝေးအထိ ရောက်နိုင်လို့ပါ။ စကားပြောတဲ့အခါမှာလည်း Mask တပ်ထားပါ။ Mask တွေမှာလည်း ဗိုင်းရပ်စ် ပါလာနိုင်တဲ့အတွက် Mask တွေကို နေ့စဉ်လျှော်ဖွပ်ကြပါ။”

“အခြားသူတွေနဲ့ ဆက်ဆံမှုနည်းသွားရင် ဗိုင်းရပ်စ်ကူးစရာ အကြောင်းမရှိတော့ပါ။ ကိုယ့်အိမ်ဟာ အလုံခြုံဆုံးနေရာဖြစ်ပါတယ်။ ဒီအတိုင်းသာ နေထိုင်သွားကြမယ်ဆိုရင် ကူးစက်မှုနှုန်းကို ၂၀% အထိ လျှော့ချနိုင်မှာပါ။ ဒါတွေကို လိုက်နာဖို့ခက်တယ်ဆိုရင်တောင် တတ်နိုင်သမျှတော့ လိုက်နာကြပါ။ ဒီအချက်တွေကို ဒီနေ့ပဲစလုပ်လိုက်ပါ။ ဒါမှမဟုတ်ရင်တော့ အရမ်းနောက်ကျသွားပါလိမ့်မယ်။”

“ဒီရောဂါအကူးခံရတဲ့အခါ သင့်ရဲ့အဆုတ်ဟာ ပျက်စီးယိုယွင်းလာမှာဖြစ်တဲ့အတွက် အဆုတ်ကို ကူညီထောက်ပံ့ပေးမယ့် ပစ္စည်းတွေလိုအပ်ပါတယ်။ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ ၉လလောက် အထိကြာမြင့်နိုင်တယ်” လို့ ဒေါက်တာ ပရာဆစ်က ခန့်မှန်းထားပါတယ်။

Ref – Bangkok Post

Add a Comment

Your email address will not be published. Required fields are marked *