” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၂ ) )

” လက္ဆင့္ကမ္း သယ္ေဆာင္လာေသာ မႏွင္းဆီ ( ခ ) ကရင္မ ဒ႑ာရီ ”

“ ၃ တိုက္ မွာ မိန္းမ တစ္ေယာက္ ျမင္လိုက္ ရတယ္ ”

၁ ၉ ၈ ၉ ခုႏွစ္ ၊ ရွစ္ေလးလုံးႏွစ္ပတ္လည္ မေရာက္ခင္ အထက္ပါ သတင္း စကားဟာ တစ္ေထာင္လုံး ကိုပ်ံ့ႏွံ သြားပါတယ္။ ဆိုးေပ့မိုက္ေပ့ဆိုတဲ့ မတစ္ေထာင္သား၊ ေယာက္်ားေတြခ်ည္းေန တဲ့ ေထာင္မွာ မိန္းမတစ္ ေယာက္ေတြ႕လိုက္ ရတယ္ ဆိုတာ တိုက္ဝင္း မွာေတာ့ အထူးအဆန္း ပါပဲ။ ညဖက္ အိပ္မေပ်ာ္တဲ့ နိုင္ငံေရး အက်ဥ္းသား တစ္ေယာက္ စေတြ႕ လိုက္တာက စတဲ့ ဇာတ္လမ္း ပါပဲ ။

ဒီသတင္းဟာ ေထာင္အတြင္းကို ေတာမီးပမာ ပ်ံ့ႏွံ႕သြားပါတယ္။ တိုက္တစ္တိုက္ နဲ႕ တစ္တိုက္ ဆက္သြယ္ လို႔မရေအာင္ အုတ္ တံတိုင္းေတြ၊ သံဆန္ခါေတြ အမ်ိဳးမ်ိဳးကန႔္သတ္ ထားေပမယ့္ သန႔္ရွင္းေရး လုပ္တဲ့ ေဘာက္ဆင္းေတြ၊ မိလႅာသမားေတြ၊ ထမင္းဘုတ္ကိုင္ေတြက တစ္ဆင့္ ဒီသတင္းဟာ အင္းစိန္ေထာင္ဝင္း အတြင္း ပ်ံ့ႏွံ႕သြားတာျဖစ္ပါတယ္။

ဒီသတင္းေၾကာင့္ တိုက္ေထာင္မႉး ႀကီး ေမာင္ၿပဳံးက စေတြ႕လိုက္တယ္ဆိုတဲ့ နိုင္ငံေရးအက်ဥ္းသား ကို ေခၚစစ္ပါတယ္။

” လက္ဆင့္ကမ္း သယ္ေဆာင္လာေသာ မႏွင္းဆီ ( ခ ) ကရင္မ ဒ႑ာရီ “

သူကေတာ့ ၁၉၈၈ ခုႏွစ္၊ ဒလရဲစခန္း ဝင္ေရာက္ စီးနင္းမႈမွာပါတယ္ ဆိုၿပီး ဖမ္းဆီးခံထားရတဲ့ ဝင္းေ႐ႊျဖစ္ပါတယ္။ ဝင္းေ႐ႊ ကို စစ္ေဆးေမးျမန္းတဲ့အခါ သူက ညဖက္ ေရထေသာက္ တဲ့အခ်ိန္ ညသန္းေခါင္ေလာက္ ၃ တိုက္ ေရွ႕မွာ လက္ေနာက္ ပစ္ၿပီး လမ္းေလွ်ာက္ ေနတဲ့ အမ်ိဳးသမီးတစ္ ေယာက္ကို ေသခ်ာျမင္လိုက္ရတယ္လို႔ အခိုင္အမာ ေျပာ ပါတယ္။

ေထာင္မႉးႀကီး က ေကာလာဟလ သတင္း ထုတ္ လႊင့္ၿပီး ေထာင္ဆူပူမႈျဖစ္ေအာင္ ရည္႐ြယ္ၿပီး လုပ္သလားဆိုတဲ့ သံသယ နဲ႕ စစ္ေဆးေပမယ့္ တေစၦသရဲ အယုံအၾကည္မရွိတဲ့ ဝင္းေ႐ႊက တိတိက်က်ေျပာေနတဲ့ အတြက္ သူကိုယ္တိုင္ယုံၾကည္သြားပါတယ္။ဒီသတင္း ႐ုတ္ခ်ည္းပ်ံ့ႏွံ႕သြား ၿပီးတဲ့ ေနာက္မွာေတာ့ ေထာင္ သမာၻေတြရဲ႕ မွတ္ခ်က္နဲ႕အတူ ျဖစ္နိုင္တဲ့ ဒ႑ာရီေတြလည္း ဆက္တိုက္ ထြက္ေပၚ လာပါတယ္။ဒီဒ႑ာရီအမ်ိဳးမ်ိဳးထဲက တစ္ ေထာင္လုံးလက္ခံလိုက္တဲ့ ဇာတ္ လမ္းကေတာ့ ၃ တိုက္မွာ ေတြ႕ လိုက္ရတဲ့အမ်ိဳးသမီးဟာ မႏွင္းဆီ (ခ) ကရင္မ ျဖစ္ရမယ္ဆိုတဲ့ ယူဆခ်က္ ပဲျဖစ္ပါတယ္။

ဒီျဖစ္ ရပ္မတိုင္ခင္ ၁ ေဆာင္မွာ ထူးျခား တဲ့ အျဖစ္အပ်က္ႏွစ္ခု ျဖစ္ခဲ့ပါ ေသးတယ္။ ပထမအျဖစ္အပ်က္ ကေတာ့ အေရးအခင္းမွာ ျပည္သူ ေတြနဲ႕ ပူးေပါင္းလာတဲ့ တပ္မေတာ္သားေတြရဲ႕ ေသနတ္ေတြကို သရက္ေတာ ေက်ာင္းတိုက္အတြင္း မွာ သိမ္းဆည္း ထိန္းသိမ္းေပးခဲ့တဲ့ အတြက္ေၾကာင့္ ေထာင္ခုနစ္ႏွစ္ ခ်မွတ္ခံရတဲ့ ရန္ကုန္တက္ၠသိုလ္ ႐ုကၡေဗဒေက်ာင္းသား မင္းလြင္ ႀကဳံခဲ့ရတာ ျဖစ္ပါတယ္။မင္းလြင္ ဟာ အင္းစိန္ေထာင္ ၁ ေဆာင္မွာ ထိန္းသိမ္းခံ ထားရတာျဖစ္ၿပီး သူနဲ႕အတူ ႐ုပ္ရွင္မင္းသားႀကီး ေအာင္လြင္၊ စံဇာဏီဘို၊ ေနာင္ရိုး တင္ဝင္း၊ ေက်ာင္းသား ေခါင္းေဆာင္ေတြထဲက တင္ဆန္း (ရကသ)၊ ၿပဳံးခ်ိဳ (ရကသ)၊ မင္းေဇယ် (မကသ)၊ ယဥ္ေထြး (လူ႕ ေဘာင္သစ္)၊ တင္ေအး၊ BBC ေနမင္း၊ ဦးတိုက္ေမာင္း စသျဖင့္ ရွိၾကပါတယ္။

မင္းလြင္ကေတာ့ ၁ ေဆာင္ အစြန္ဆုံးအခန္းမွာ ေနရၿပီး အျပင္ထြက္ခြင့္ မရွိပါဘူး။ ဒါေၾကာင့္ တံခါးႏွစ္ထ ပ္ရွိေပမယ့္ တိုက္အေရွ႕က ဝင္းတံခါးကိုေတာ့ ေသာ့ခတ္ မထားဘဲ ဖြင့္ေပးထားပါ တယ္။

သူ႕မွာ ပဲခူးအခ်ဳပ္ ကပါလာ တဲ့ ေဆးလိပ္ ထုပ္ပါလာပါတယ္။ ေထာင္ဗူးဝက မီးျခစ္သိမ္းထား လိုက္တယ္။

” လက္ဆင့္ကမ္း သယ္ေဆာင္လာေသာ မႏွင္းဆီ ( ခ ) ကရင္မ ဒ႑ာရီ “

မင္းလြင္က ေဆးလိပ္ အရမ္းႀကိဳက္တယ္။ ဒါေၾကာင့္ အခန္းသံတိုင္ကို ကိုင္ၿပီး တိုက္ ေရွ႕က ျဖတ္သြားသမွ် ဝန္ထမ္း ေတြ၊ ေဘာက္ဆင္းေတြ ဆီက ေဆးလိပ္မီး ေတာင္းေလ့ရွိတယ္။အခ်ိဳ႕ကလည္း သနားေတာ့ သူ႕ကို ေသာက္လက္စ ေဆးေပါ့လိပ္ေလး ေတြနဲ႕ မီးေပးသြားေလ့ရွိပါ တယ္။ ဒါေပမဲ့ ခက္တာက မီးတို႔ ရတဲ့ကိစၥပဲ။အက်ဥ္းသားေတြက အေရးအခင္းမွာ ေထာင္ကို မီးရွို႔ တဲ့အတြက္ ႏွစ္ထပ္ေဆာင္ေတြ အေတာ္မ်ားမ်ား မီး ေလာင္ပ်က္ စီးသြားတယ္။ အဲဒီကတည္းက အက်ဥ္းသားေတြကို မီးျခစ္ ကိုင္ေဆာင္ခြင့္ မေပးေတာ့ပါဘူး။ ဒါ ေၾကာင့္ ညဘက္ဆိုရင္ ကင္းေစာင့္တဲ့ဝါဒါေတြဆီက ေဆးလိပ္ မီးေတာင္းရေလ့ရွိပါတယ္။

တစ္ညမွာေတာ့ မင္းလြင္က ေဆးလိပ္ အရမ္းေသာက္ခ်င္ေန တယ္။ ဒါေပမဲ့ ဘယ္ကင္းသမားမွ တိုက္ေရွ႕ကို ေတာ္ေတာ္နဲ႕ေရာက္ မလာဘူး။

ဒီေတာ့ ေဆးေပါ့လိပ္ အတိုကိုင္ၿပီး ကင္းသမားကိုေမွ်ာ္ ရင္း သူတစ္ခ်က္ အိပ္ငိုက္သြား တယ္။ ႐ုတ္တရက္ သူ႕အခန္းေရွ႕ မွာ ေျခသံၾကားေတာ့ အိပ္ခ်င္မူး တူးနဲ႕ လွမ္းေအာ္လိုက္တယ္။

“ ဆရာေရ ေဆးလိပ္မီးတစ္ တို႔ေလာက္”

သူ႕စကား ဆုံးတဲ့အခါမွာေတာ့ အခန္းေရွ႕ကို လူတစ္ေယာက္လာ ရပ္တယ္။ သံတိုင္ ၾကားကေနၿပီး သူ႕ကို ေဆးလိပ္မီး လွမ္းေပးလိုက္တယ္။ သူကလည္း ေဆးလိပ္ေသာက္ ခ်င္ေဇာနဲ႕ လူ ကို မၾကည့္မိဘဲ ေဆးလိပ္မီးကို အေလာတႀကီး ညွိလိုက္တယ္။သူ႕ေဆးလိပ္ကို ျပန္ေပးလိုက္ေရာ အဲဒီလူက ဘာမွမေျပာဘဲ ျပန္ထြက္သြား တယ္။ ဒီလူ႕ရဲ႕လက္က အရွည္ႀကီး ဆိုတာေတာ့ သတိ ထားမိတယ္။မင္းလြင္လည္း ေဆးလိပ္မီးေလးရတုန္း အရသာ ခံၿပီး အားပါးတရဖြာေနတုန္းမွာ သူ႕တိုက္ခန္းေရွ႕ဝင္းတံခါးအဝမွာ ညတာဝန္ က်ဝန္ထမ္း ေပၚလာ တယ္။

“ ေဟ့ အက်ဥ္းသား ညဘက္ အခ်ိန္မေတာ္ ဘာလို႔ ေဆးလိပ္ ေသာက္ေနတာလဲကြ”

သူ႕စကားဆုံးတဲ့ အခါ မင္းလြင္လည္း နေဝတိမ္ေတာင္ျဖစ္ သြားတယ္။ သူထင္တာက ေဆးလိပ္မီးကို ည တာဝန္က် ဝန္ထမ္းပဲ ေစတနာဗရပြ နဲ႕ လာေပးတာလို႔ ထင္ေနတုန္းပါ။ ဒါေၾကာင့္ သူက ျပန္ရွင္းျပလိုက္ တယ္။

“ ဆရာပဲ ေဆးလိပ္မီးလာေပးလို႔ ေသာက္ေနတာေလ”

သူ႕စကား ဆုံးဆုံးခ်င္း ဝန္ထမ္းက စိတ္ဆိုးမာန္ဆိုးနဲ႕ သံ တိုင္တံခါးဝအထိ ေလွ်ာက္လာ တယ္။

“ ေဟ့ေကာင္ ေလွ်ာက္ေျပာ မေနနဲ႕။ ငါဒီတိုက္မွာ ဘယ္သူ႕ကို မွ ေဆးလိပ္မီး မေပးေသးဘူး ကြ”

မင္းလြင္ကလည္း မခံဘူး။ သူ႕ကို ေဆးလိပ္မီးေပးခဲ့တယ္လို႔ ယုံၾကည္လို႔ ခံေျပာတယ္။

“ ခင္ဗ်ား မေပးဘဲ ဒီမီးကို ဘယ္ကတို႔ရမလဲဗ်”

ဒီျဖစ္ရပ္ေၾကာင့္ ညတာဝန္ က်ဝန္ထမ္းက ေထာင္မႉးႀကီးဆီ ကို ထူးျခားျဖစ္စဥ္ အျဖစ္ အစီ ရင္ခံတင္ျပပါ တယ္။ ေနာက္ တစ္ ေန႕မွာ ေထာင္မႉးႀကီး ေမာင္ၿပဳံးက တိုက္မွာ တာဝန္က်တဲ့ညဝန္ထမ္း ေတြကို ေခၚယူစစ္ ေဆးပါ တယ္။ဒီလိုစစ္ေဆးတဲ့အခါ ဘယ္သူကမွ မင္းလြင္ဆီကိုသြားၿပီး ေဆးလိပ္မီး မေပးေၾကာင္း ေပၚေပါက္ခဲ့ပါ တယ္။ မင္းလြင္ကို စစ္ၿပီး ဝန္ထမ္း ေတြကို ေခၚျပတဲ့အခါမွာလည္း ေဆးလိပ္မီး ေပးတဲ့သူရဲ႕ မ်က္ႏွာ ကို မၾကည့္ခဲ့ တာေၾကာင့္ ဘာမွ မေျပာနိုင္ခဲ့ပါဘူး။

ဒုတိယ အျဖစ္အပ်က္က ေတာ့ ႐ုပ္ရွင္မင္းသားႀကီး ဦး ေအာင္လြင္ကိုယ္တိုင္ ႀကဳံေတြ႕ခဲ့ ရတာျဖစ္ပါတယ္။ အဲဒီတုန္းက ၁ ေဆာင္မွာ ထိန္းသိမ္းထားတဲ့ နိုင္ငံေရးအက်ဥ္းသား ေတြထဲမွာ ေထာင္က်ၿပီး သားေတြေရာ၊ ပုဒ္မ ၁၀ (က) နဲ႕ ထိန္းသိမ္းထား သူေတြ ေရာ ရွိေနပါတယ္။ဦးေအာင္လြင္ ရဲ႕ အခန္းထဲမွာ ေနာင္ရိုးတင္ဝင္း (မာလာ တင္ဝင္း) နဲ႕ ေက်ာင္းသား ေခါင္းေဆာင္ တင္ဆန္းတို႔ ရွိပါ တယ္။ အဲဒီအခ်ိန္က ရွစ္ေလးလုံး တစ္ႏွစ္ျပည့္ လုျပည့္ခင္ကာလ ျဖစ္ပါတယ္။ ဒီတိုက္မွာရွိတဲ့နိုင္ငံေရး အက်ဥ္းသားေတြဟာ အေတြး အေခၚအယူအဆ အားေကာင္း သူေတြျဖစ္ၿပီး တခ်ိဳ႕ဟာ နိုင္ငံ ေက်ာ္ ပုဂၢိဳလ္ေတြ ျဖစ္ပါတယ္။

သူတို႔ထဲက အမ်ားစုဟာ ေထာင္ ထဲက ပါးစပ္ေျပာဒ႑ာရီေတြကို လည္း ယုံၾကည္သူေတြ မဟုတ္ပါ ဘူး။ ဒါေၾကာင့္ မင္းလြင္ကို ဘယ္ သူမွန္းမသိတဲ့ လူတစ္ေယာက္က ေဆးလိပ္မီး ေပးခဲ့တာကိုလည္း ဟာသလိုပဲ သေဘာထားပါတယ္။ဒါေပမဲ့ ညတစ္ညမွာေတာ့ သူတို႔ ရဲ႕ ယုတ္ၱိေဗဒေတြးေခၚစဥ္းစား မႈကို စိန္ေခၚတဲ့ ျဖစ္ရပ္တစ္ခု ျဖစ္ခဲ့ပါတယ္။ အဲဒါကေတာ့ ည သန္းေခါင္ေက်ာ္ အခ်ိန္ႀကီး ၁ ေဆာင္မွာ အသံနက္ႀကီးနဲ႕ ေအာ္သံ တစ္ခု ၾကားလိုက္ရတာက စပါ တယ္… ။

စတင္ေအာ္တဲ့ သူကေတာ့ BBC ဦးေနမင္း ျဖစ္ပါတယ္။ ဦးေနမင္းရဲ႕ ေအာ္သံဟာ ေဘး အခန္းေတြကို ကူးစက္သြားၿပီး အဲဒီအခန္းက လူေတြကလည္း ဆက္ေအာ္ပါတယ္။ ဒီလိုေအာ္တဲ့ အခ်ိန္မွာ ဦးေအာင္လြင္က ပရိတ္ ႀကီး ၁၁ သုတ္ကို ႐ြတ္ေနတာ ျဖစ္ပါတယ္။အဲဒီအခ်ိန္မွာပဲ သူ႕ ေဘးမွာအိပ္ေနတဲ့ ေနာင္ရိုးတင္ ဝင္း နဲ႕ ကိုတင္ဆန္းက ထေအာ္ ပါတယ္။ တစ္ဆက္တည္းမွာပဲ ေနာင္ရိုးတင္ဝင္းက အိပ္ခ်င္မူး တူးနဲ႕ အျပင္ကို လက္ညွိုးထိုးၿပီး “ ဝင္လာၿပီ ဝင္လာၿပီ ျဖဴျဖဴ အေကာင္ႀကီး ဝင္လာၿပီ” ဆိုၿပီး ေအာ္ပါေတာ့တယ္။

ဦးေအာင္လြင္က ႏွစ္ေယာက္လုံးကို အိပ္ ရာကနိုးေအာင္ ညဘက္ ပရိတ္ ႐ြတ္ၿပီးထည့္ထားတဲ့ ေရခြက္ထဲ က ပရိတ္ေရနဲ႕ လွမ္းပက္ပါတယ္။ဒါေပမဲ့ သူတို႔က နတ္ပူးသလို တုန္ယင္ေနၿပီး ပါးစပ္ကလည္း ဆက္ေအာ္ေနၾကတယ္။ လွမ္းသတိေပးလို႔ မရေတာ့တဲ့အဆုံး ဦးေအာင္လြင္က သူတို႔ႏွစ္ေယာက္ ရဲ႕ ရင္ဘတ္ကို လက္သီးနဲ႕ထိုး လိုက္တယ္။ ၿပီးေတာ့ ပါးစပ္ကလည္း တစ္ဆက္တည္း ေအာ္လိုက္တယ္။

“ သြားၾက မင္းတို႔ထြက္သြား ၾက ငါတို႔ကိုဘာမွ အႏၲရာယ္မေပး နဲ႕”

ဦးေအာင္လြင္ရဲ႕ လက္သီး ခ်က္ဒဏ္ ခံလိုက္ရလို႔လားမသိ ဘူး။ ေနာင္ရိုးတင္ဝင္းလည္း ေအာ္သံ တိတ္ သြားတယ္။ ကိုတင္ ဆန္းလည္း သတိျပန္လည္လာ တယ္။ အဲဒီညက ၁ ေဆာင္မွာ သရဲစီးတယ္ဆိုၿပီး တိုက္ဝင္း တစ္ခုလုံး သတင္းပ်ံ့ႏွံ႕သြားတယ္။၁ ေဆာင္မွာ ရွိတဲ့သူေတြကလည္း တကယ္ ႀကဳံေတြ႕လိုက္ရတာ ေၾကာင့္ ဒီျဖစ္ရပ္ကို ဆန႔္က်င္ၿပီး မွတ္ခ်က္ ေပးတာေတြ မလုပ္ၾက ေတာ့ဘူး။ ဒီအျဖစ္အပ်က္နဲ႕ပတ္ သက္ၿပီး ႏွစ္ေပါင္း ၃၀ နီးပါး ၾကာမွ ဦးေအာင္လြင္က အခုလို ျပန္ေျပာျပတယ္။

“ တကယ္ေတာ့ ၁ေဆာင္က တိုက္ဝင္းထဲမွာ အစြန္က်တယ္။ ဒီေတာ့ လူသြား လူလာလည္း နည္း တာေပါ့။ ဒါေပမဲ့ ပရေလာကသား ေတြရဲ႕ အရိပ္အေယာင္ တစ္ခါ မွ မေတြ႕ခဲ့ရဘူး။ အဲဒီတစ္ညပဲ ကမာၻပ်က္သလို ဆူညံသြားခဲ့တာ။

ေနာက္ေတာ့ ဒါဘာလို႔ျဖစ္ တာလဲဆိုၿပီး စုံစမ္းၾကည့္လိုက္ ေတာ့ ၁၉၈၈ ခု၊ ၾသဂုတ္လ ၂၆ ရက္ေန႕က အင္းစိန္ေထာင္မွာ ေထာင္ဆူပူမႈ ျဖစ္ပြားတယ္လို႔ သိခဲ့ရတယ္။ အဲဒီဆူပူမႈမွာလည္း လူေတြ၊ ေထာင္သားေတြ အေတာ္ ေသခဲ့တယ္။၁ ေဆာင္မွာ ပိတ္မိ ေနတဲ့သူေတြကလည္း စားစရာ မရွိေတာ့လို႔ ေခြးေတြေၾကာင္ေတြကိုပါ သတ္စားရတဲ့ အထိ ျဖစ္ခဲ့ၾကတယ္။ ေနာက္ေတာ့ ဒီလူေတြ လည္း ေသကုန္ၾကတာပါပဲ။ ကြၽန္ေတာ္ သိရသေလာက္ ေရွာ္ဖီရဲ႕ အမႈတြဲေတြေလာက္ပဲ အသက္ရွင္ ခဲ့တယ္”

ဦးေအာင္လြင္ရဲ႕ မွတ္ခ်က္ ကို တိုက္ဝင္းမွာ ေနဖူးခဲ့တဲ့ နိုင္ငံ ေရးအက်ဥ္းသား ေတာ္ေတာ္မ်ားမ်ားက ျငင္းဆန္ျခင္း မျပဳၾကပါ ဘူး။ ဒါေၾကာင့္လည္း အသိရ ခက္တဲ့ ဆန္းၾကယ္မႈေတြနဲ႕ ျပည့္ စုံေနတဲ့ အင္းစိန္ ေထာင္ႀကီးရဲ႕ ၃ တိုက္ေရွ႕က အမ်ိဳးသမီးတစ္ ေယာက္ လမ္းေလွ်ာက္သြားတာ ကို မေဝဖန္ၾကတာျဖစ္ပါတယ္။ဒီဇာတ္လမ္းကို နိဂုံးခ်ဳပ္ လိုက္ေတာ့ မႏွင္းဆီ (ခ) ကရင္မ လို႔ အားလုံးက လက္ခံလိုက္တာ ပဲျဖစ္ပါတယ္။ ၿပီးေတာ့ မကရင္မ ဟာ စိတ္လိုရင္ လိုသလို ညဘက္ ေရာက္ရင္ ေထာင္က်အက်ဥ္း သားေတြရဲ႕အေပၚကို ခြတက္ၿပီး က်ီစားတတ္တယ္ဆိုတဲ့ သတင္း စကားကလည္း ရွိေနပါတယ္။

ဒီ လိုမ်ိဳး ညဘက္ ကရင္မရဲ႕က်ီစား ျခင္းကို ခံရၿပီးတဲ့သူေတြဟာ ရွက္ ကိုးရွက္ကန္းနဲ႕ မနက္ေရာက္ရင္ ေရကန္မွာ ပုဆိုးေတြေလွ်ာ္၊ အိပ္ ရာခင္း ေတြေလွ်ာ္ၿပီး သူငယ္ခ်င္း ေတြက ေမးျမန္းတဲ့အခါ “ ညက ကရင္မ ေတာ္ေတာ္ဆိုးတယ္ဗ်ာ” လို႔ ေျပာေလ့ရွိၾကပါတယ္။

ဒီလို ေျပာတဲ့သူဟာ အမွန္တကယ္ ညက ကရင္မနဲ႕ေတြ႕ခဲ့လို႔ ေျပာ တာလား။

” လက္ဆင့္ကမ္း သယ္ေဆာင္လာေသာ မႏွင္းဆီ ( ခ ) ကရင္မ ဒ႑ာရီ “

သူ႕ဘာသာသူ အရွက္ ကို ကာကြယ္ဖို႔ ေျပာတာလား ဆို တာ ဘယ္သူမွ မခြဲျခားနိုင္ပါဘူး။ ေထာင္ထဲကို အေၾကာင္းအမ်ိဳးမ်ိဳး နဲ႕ ေရာက္လာတဲ့ ဆရာဝန္ေတြ ကေတာ့ ဒီလို Ejaculation (တစ္ကိုယ္ရည္ ကာမအရသာ ၿပီးေျမာက္ျခင္း) ျဖစ္စဥ္ဟာ လူ ေတြရဲ႕ အသက္အ႐ြယ္နဲ႕ ခႏၶာေဗဒဆိုင္ရာ လိုအပ္ခ်က္ (Body Need) အရ ျဖစ္တတ္ေၾကာင္းနဲ႕ ေထာင္ထဲက သရဲမတစ္ေယာက္ က ဒီလိုမ်ိဳး လာက်ီစားတယ္ဆို တာဟာ ဒ႑ာရီ ပုံျပင္သဖြယ္ျဖစ္ ေနေၾကာင္း ေျပာပါတယ္။

ေဆး ပညာ သေဘာအရ အသက္ အ႐ြယ္ ငယ္႐ြယ္တဲ့ ေယာက္်ား ေလးတစ္ေယာက္ဟာ တစ္ပတ္ကို ေလးႀကိမ္ေလာက္ ကာမအာသာ ေျဖေဖ်ာက္ရန္ လိုအပ္ၿပီး အသက္ အ႐ြယ္ႀကီးရင့္သူဟာ အနည္းဆုံး တစ္ႀကိမ္ ေျဖေဖ်ာက္ဖို႔ လိုအပ္ တယ္လို႔ ဆိုပါတယ္။ဒါေပမဲ့ ကံ ဆိုးမိုးေမွာင္က်မႈအရ ေထာင္ထဲ ကို ေရာက္လာတဲ့ အမ်ိဳးသားေတြ ဟာ အမ်ိဳးသမီးေတြနဲ႕ ထိေတြ႕ ဆက္ဆံမႈ မရေတာ့တဲ့အတြက္ ခႏၶာေဗဒျဖစ္စဥ္အရ လက္ျဖင့္ ေျဖေဖ်ာက္ျခင္း (Masturbation) လုပ္ရင္လုပ္၊ မလုပ္ရင္ သူ႕အလို လို သုက္လွ်ံျခင္းျဖစ္တတ္တယ္လို႔ ဆိုပါတယ္။

ဒီလိုျဖစ္တဲ့အခါမွာ အခန္းေဖာ္မိတ္ေဆြ သူငယ္ခ်င္း ေတြၾကား အရွက္မရေအာင္ ကာ ကြယ္ဖို႔ ကရင္မ ဇာတ္လမ္းကို Cover Story လုပ္ၾကတယ္လို႔ ေဝဖန္ၾကပါ တယ္။

ဒီျဖစ္ရပ္နဲ႕ ပတ္သက္ၿပီး ၁ ေဆာင္ကိုေရာက္ေနတဲ့ စမ္းေခ်ာင္းသားတို႔ အုပ္စုကလည္း အရမ္း စိတ္ဝင္စားေန ပါတယ္။ စမ္းေခ်ာင္းသား ကိုယ္တိုင္ ၅ တိုက္ ၂၂ ခန္းက ပရေလာကသားေတြ နဲ႕ ႀကဳံေတြ႕ခဲ့ရတဲ့ ေလာေလာ လတ္လတ္ ဇာတ္လမ္းေတြရွိေန ေတာ့ ၃ တိုက္ေရွ႕မွာ အမ်ိဳးသမီး တစ္ေယာက္ ေတြ႕လိုက္ရတယ္ ဆိုတဲ့ ဝင္းေ႐ႊရဲ႕ ကိုယ္ေတြ႕ ျဖစ္ စဥ္ကို သူက လုံးဝေထာက္ခံ လိုက္ ပါတယ္။ဒါေပမဲ့ ၁ ေဆာင္ကို ေရာက္ေနတဲ့ နိုင္ငံေရးအက်ဥ္း သားေတြထဲက ၾကည့္ျမင္တိုင္သား ညီညီလွိုင္က မျဖစ္နိုင္ဘူး ဆိုၿပီး ဇြတ္ျငင္းေနပါတယ္။ ဒါေၾကာင့္ ဆရာဝန္ေတြေျပာသလို အရွက္ မရေအာင္ ဖန္တီးထားတဲ့ လုပ္ ႀကံပုံျပင္ေတြ ျဖစ္နိုင္တယ္ဆိုၿပီး ၁ ေဆာင္ ေညာင္ပင္ေအာက္မွာ ျငင္းခုံေနၾကပါတယ္။

သူတို႔ရဲ႕ ျငင္းခုံပြဲဟာ တျဖည္းျဖည္းအရွိန္ ျမင့္လာတယ္။ နိုင္ငံေရးအက်ဥ္း သားေတြတင္ မကေတာ့ဘူး။ ရိုးရိုး အက်ဥ္းသားေတြလည္း ပါ လာတယ္။ ႐ုတ္႐ုတ္ ႐ုတ္႐ုတ္ ျဖစ္ေနတဲ့အခ်ိန္မွာပဲ ရင္ဘတ္မွာ အတန္းသုံးတန္းပါတဲ့ တံဆိပ္ထိုး ထားတဲ့ လူတစ္ေယာက္ ေရာက္ လာၿပီး အားလုံးကိုေျပာတယ္။

“ ကရင္မ တကယ္ရွိမရွိ ျငင္း မေနၾကပါနဲ႕ကြာ။ ငါက အင္းစိန္ ေထာင္ကို အေရးအခင္းၿပီးမွ ေရာက္လာတဲ့သူ မဟုတ္ဘူး။ အေရးအခင္း မတိုင္ခင္ကတည္း က ဒီေထာင္မွာ အၾကာႀကီး ေနလာခဲ့တာ။ ကရင္မဆိုတာ တကယ္ရွိတယ္။

ဘာလို႔လဲဆို ေတာ့ ကရင္မ ေယာက္်ားဝင္းျမင့္ နဲ႕ ငါ အၾကာႀကီးေန ခဲ့ရတာကြ။ ဝင္းျမင့္ ေထာင္က လြတ္သြားေပမယ့္ ကရင္မကေတာ့ ဒီေထာင္ ထဲမွာ မကြၽတ္ဘဲ က်န္ေနခဲ့တယ္ ဆိုတာ ငါရဲရဲႀကီး ေျပာရဲတယ္”

အဲဒီလိုေျပာလိုက္တဲ့ သူက ေတာ့ ၁ ေဆာင္ တန္းစီးတစ္ေယာက္ျဖစ္တဲ့ လူလိမ္ဝိဇၨာ ေက်ာ္ျမင့္ ပဲျဖစ္ပါတယ္။….

(ဆက္လက္ ေဖာ္ျပေပးပါမယ္ …….. )

Credit – ေဇာ္သက္ေထြး

ျပီးခဲ႔ေသာ အခန္းဆက္မ်ား ဖတ္ရႈလိုပါက ေအာက္တြင္ မိမိဖတ္လိုေသာအပိုင္းကို ႏွိပ္လုိက္ပါ….

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၁ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၃ ) )

Unicode

” လက်ဆင့်ကမ်း သယ်ဆောင်လာသော မနှင်းဆီ ( ခ ) ကရင်မ ဒဏ္ဍာရီ ”

“ ၃ တိုက် မှာ မိန်းမ တစ်ယောက် မြင်လိုက် ရတယ် ”

၁၉၈၉ ခုနှစ် ၊ ရှစ်လေးလုံးနှစ်ပတ်လည် မရောက်ခင် အထက်ပါ သတင်း စကားဟာ တစ်ထောင်လုံး ကိုပျံ့နှံ သွားပါတယ်။ ဆိုးပေ့မိုက်ပေ့ဆိုတဲ့ မတစ်ထောင်သား၊ ယောက်ျားတွေချည်းနေတဲ့ ထောင်မှာ မိန်းမတစ် ယောက်တွေ့လိုက် ရတယ် ဆိုတာ တိုက်ဝင်း မှာတော့ အထူးအဆန်း ပါပဲ။ ညဖက် အိပ်မပျော်တဲ့ နိုင်ငံရေး အကျဉ်းသား တစ်ယောက် စတွေ့ လိုက်တာက စတဲ့ ဇာတ်လမ်း ပါပဲ ။

ဒီသတင်းဟာ ထောင်အတွင်းကို တောမီးပမာ ပျံ့နှံ့သွားပါတယ်။ တိုက်တစ်တိုက် နဲ့ တစ်တိုက် ဆက်သွယ် လို့မရအောင် အုတ် တံတိုင်းတွေ၊ သံဆန်ခါတွေ အမျိုးမျိုးကန့်သတ် ထားပေမယ့် သန့်ရှင်းရေး လုပ်တဲ့ ဘောက်ဆင်းတွေ၊ မိလ္လာသမားတွေ၊ ထမင်းဘုတ်ကိုင်တွေက တစ်ဆင့် ဒီသတင်းဟာ အင်းစိန်ထောင်ဝင်း အတွင်း ပျံ့နှံ့သွားတာဖြစ်ပါတယ်။

ဒီသတင်းကြောင့် တိုက်ထောင်မှူး ကြီး မောင်ပြုံးက စတွေ့လိုက်တယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသား ကို ခေါ်စစ်ပါတယ်။

သူကတော့ ၁၉၈၈ ခုနှစ်၊ ဒလရဲစခန်း ဝင်ရောက် စီးနင်းမှုမှာပါတယ် ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဝင်းရွှေဖြစ်ပါတယ်။ ဝင်းရွှေ ကို စစ်ဆေးမေးမြန်းတဲ့အခါ သူက ညဖက် ရေထသောက် တဲ့အချိန် ညသန်းခေါင်လောက် ၃ တိုက် ရှေ့မှာ လက်နောက် ပစ်ပြီး လမ်းလျှောက် နေတဲ့ အမျိုးသမီးတစ် ယောက်ကို သေချာမြင်လိုက်ရတယ်လို့ အခိုင်အမာ ပြော ပါတယ်။

ထောင်မှူးကြီး က ကောလာဟလ သတင်း ထုတ် လွှင့်ပြီး ထောင်ဆူပူမှုဖြစ်အောင် ရည်ရွယ်ပြီး လုပ်သလားဆိုတဲ့ သံသယ နဲ့ စစ်ဆေးပေမယ့် တစ္ဆေသရဲ အယုံအကြည်မရှိတဲ့ ဝင်းရွှေက တိတိကျကျပြောနေတဲ့ အတွက် သူကိုယ်တိုင်ယုံကြည်သွားပါတယ်။ဒီသတင်း ရုတ်ချည်းပျံ့နှံ့သွား ပြီးတဲ့ နောက်မှာတော့ ထောင် သမ္ဘာတွေရဲ့ မှတ်ချက်နဲ့အတူ ဖြစ်နိုင်တဲ့ ဒဏ္ဍာရီတွေလည်း ဆက်တိုက် ထွက်ပေါ် လာပါတယ်။ဒီဒဏ္ဍာရီအမျိုးမျိုးထဲက တစ် ထောင်လုံးလက်ခံလိုက်တဲ့ ဇာတ် လမ်းကတော့ ၃ တိုက်မှာ တွေ့ လိုက်ရတဲ့အမျိုးသမီးဟာ မနှင်းဆီ (ခ) ကရင်မ ဖြစ်ရမယ်ဆိုတဲ့ ယူဆချက် ပဲဖြစ်ပါတယ်။

ဒီဖြစ် ရပ်မတိုင်ခင် ၁ ဆောင်မှာ ထူးခြား တဲ့ အဖြစ်အပျက်နှစ်ခု ဖြစ်ခဲ့ပါ သေးတယ်။ ပထမအဖြစ်အပျက် ကတော့ အရေးအခင်းမှာ ပြည်သူ တွေနဲ့ ပူးပေါင်းလာတဲ့ တပ်မတော်သားတွေရဲ့ သေနတ်တွေကို သရက်တော ကျောင်းတိုက်အတွင်း မှာ သိမ်းဆည်း ထိန်းသိမ်းပေးခဲ့တဲ့ အတွက်ကြောင့် ထောင်ခုနစ်နှစ် ချမှတ်ခံရတဲ့ ရန်ကုန်တက်္ကသိုလ် ရုက္ခဗေဒကျောင်းသား မင်းလွင် ကြုံခဲ့ရတာ ဖြစ်ပါတယ်။မင်းလွင် ဟာ အင်းစိန်ထောင် ၁ ဆောင်မှာ ထိန်းသိမ်းခံ ထားရတာဖြစ်ပြီး သူနဲ့အတူ ရုပ်ရှင်မင်းသားကြီး အောင်လွင်၊ စံဇာဏီဘို၊ နောင်ရိုး တင်ဝင်း၊ ကျောင်းသား ခေါင်းဆောင်တွေထဲက တင်ဆန်း (ရကသ)၊ ပြုံးချို (ရကသ)၊ မင်းဇေယျ (မကသ)၊ ယဉ်ထွေး (လူ့ ဘောင်သစ်)၊ တင်အေး၊ BBC နေမင်း၊ ဦးတိုက်မောင်း စသဖြင့် ရှိကြပါတယ်။

မင်းလွင်ကတော့ ၁ ဆောင် အစွန်ဆုံးအခန်းမှာ နေရပြီး အပြင်ထွက်ခွင့် မရှိပါဘူး။ ဒါကြောင့် တံခါးနှစ်ထ ပ်ရှိပေမယ့် တိုက်အရှေ့က ဝင်းတံခါးကိုတော့ သော့ခတ် မထားဘဲ ဖွင့်ပေးထားပါ တယ်။

သူ့မှာ ပဲခူးအချုပ် ကပါလာ တဲ့ ဆေးလိပ် ထုပ်ပါလာပါတယ်။ ထောင်ဗူးဝက မီးခြစ်သိမ်းထား လိုက်တယ်။

မင်းလွင်က ဆေးလိပ် အရမ်းကြိုက်တယ်။ ဒါကြောင့် အခန်းသံတိုင်ကို ကိုင်ပြီး တိုက် ရှေ့က ဖြတ်သွားသမျှ ဝန်ထမ်း တွေ၊ ဘောက်ဆင်းတွေ ဆီက ဆေးလိပ်မီး တောင်းလေ့ရှိတယ်။အချို့ကလည်း သနားတော့ သူ့ကို သောက်လက်စ ဆေးပေါ့လိပ်လေး တွေနဲ့ မီးပေးသွားလေ့ရှိပါ တယ်။ ဒါပေမဲ့ ခက်တာက မီးတို့ ရတဲ့ကိစ္စပဲ။အကျဉ်းသားတွေက အရေးအခင်းမှာ ထောင်ကို မီးရှို့ တဲ့အတွက် နှစ်ထပ်ဆောင်တွေ အတော်များများ မီး လောင်ပျက် စီးသွားတယ်။ အဲဒီကတည်းက အကျဉ်းသားတွေကို မီးခြစ် ကိုင်ဆောင်ခွင့် မပေးတော့ပါဘူး။ ဒါ ကြောင့် ညဘက်ဆိုရင် ကင်းစောင့်တဲ့ဝါဒါတွေဆီက ဆေးလိပ် မီးတောင်းရလေ့ရှိပါတယ်။

တစ်ညမှာတော့ မင်းလွင်က ဆေးလိပ် အရမ်းသောက်ချင်နေ တယ်။ ဒါပေမဲ့ ဘယ်ကင်းသမားမှ တိုက်ရှေ့ကို တော်တော်နဲ့ရောက် မလာဘူး။

ဒီတော့ ဆေးပေါ့လိပ် အတိုကိုင်ပြီး ကင်းသမားကိုမျှော် ရင်း သူတစ်ချက် အိပ်ငိုက်သွား တယ်။ ရုတ်တရက် သူ့အခန်းရှေ့ မှာ ခြေသံကြားတော့ အိပ်ချင်မူး တူးနဲ့ လှမ်းအော်လိုက်တယ်။

“ ဆရာရေ ဆေးလိပ်မီးတစ် တို့လောက်”

သူ့စကား ဆုံးတဲ့အခါမှာတော့ အခန်းရှေ့ကို လူတစ်ယောက်လာ ရပ်တယ်။ သံတိုင် ကြားကနေပြီး သူ့ကို ဆေးလိပ်မီး လှမ်းပေးလိုက်တယ်။ သူကလည်း ဆေးလိပ်သောက် ချင်ဇောနဲ့ လူ ကို မကြည့်မိဘဲ ဆေးလိပ်မီးကို အလောတကြီး ညှိလိုက်တယ်။သူ့ဆေးလိပ်ကို ပြန်ပေးလိုက်ရော အဲဒီလူက ဘာမှမပြောဘဲ ပြန်ထွက်သွား တယ်။ ဒီလူ့ရဲ့လက်က အရှည်ကြီး ဆိုတာတော့ သတိ ထားမိတယ်။မင်းလွင်လည်း ဆေးလိပ်မီးလေးရတုန်း အရသာ ခံပြီး အားပါးတရဖွာနေတုန်းမှာ သူ့တိုက်ခန်းရှေ့ဝင်းတံခါးအဝမှာ ညတာဝန် ကျဝန်ထမ်း ပေါ်လာ တယ်။

“ ဟေ့ အကျဉ်းသား ညဘက် အချိန်မတော် ဘာလို့ ဆေးလိပ် သောက်နေတာလဲကွ”

သူ့စကားဆုံးတဲ့ အခါ မင်းလွင်လည်း နဝေတိမ်တောင်ဖြစ် သွားတယ်။ သူထင်တာက ဆေးလိပ်မီးကို ည တာဝန်ကျ ဝန်ထမ်းပဲ စေတနာဗရပွ နဲ့ လာပေးတာလို့ ထင်နေတုန်းပါ။ ဒါကြောင့် သူက ပြန်ရှင်းပြလိုက် တယ်။

“ ဆရာပဲ ဆေးလိပ်မီးလာပေးလို့ သောက်နေတာလေ”

သူ့စကား ဆုံးဆုံးချင်း ဝန်ထမ်းက စိတ်ဆိုးမာန်ဆိုးနဲ့ သံ တိုင်တံခါးဝအထိ လျှောက်လာ တယ်။

“ ဟေ့ကောင် လျှောက်ပြော မနေနဲ့။ ငါဒီတိုက်မှာ ဘယ်သူ့ကို မှ ဆေးလိပ်မီး မပေးသေးဘူး ကွ”

မင်းလွင်ကလည်း မခံဘူး။ သူ့ကို ဆေးလိပ်မီးပေးခဲ့တယ်လို့ ယုံကြည်လို့ ခံပြောတယ်။

“ ခင်ဗျား မပေးဘဲ ဒီမီးကို ဘယ်ကတို့ရမလဲဗျ”

ဒီဖြစ်ရပ်ကြောင့် ညတာဝန် ကျဝန်ထမ်းက ထောင်မှူးကြီးဆီ ကို ထူးခြားဖြစ်စဉ် အဖြစ် အစီ ရင်ခံတင်ပြပါ တယ်။ နောက် တစ် နေ့မှာ ထောင်မှူးကြီး မောင်ပြုံးက တိုက်မှာ တာဝန်ကျတဲ့ညဝန်ထမ်း တွေကို ခေါ်ယူစစ် ဆေးပါ တယ်။ဒီလိုစစ်ဆေးတဲ့အခါ ဘယ်သူကမှ မင်းလွင်ဆီကိုသွားပြီး ဆေးလိပ်မီး မပေးကြောင်း ပေါ်ပေါက်ခဲ့ပါ တယ်။ မင်းလွင်ကို စစ်ပြီး ဝန်ထမ်း တွေကို ခေါ်ပြတဲ့အခါမှာလည်း ဆေးလိပ်မီး ပေးတဲ့သူရဲ့ မျက်နှာ ကို မကြည့်ခဲ့ တာကြောင့် ဘာမှ မပြောနိုင်ခဲ့ပါဘူး။

ဒုတိယ အဖြစ်အပျက်က တော့ ရုပ်ရှင်မင်းသားကြီး ဦး အောင်လွင်ကိုယ်တိုင် ကြုံတွေ့ခဲ့ ရတာဖြစ်ပါတယ်။ အဲဒီတုန်းက ၁ ဆောင်မှာ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား တွေထဲမှာ ထောင်ကျပြီး သားတွေရော၊ ပုဒ်မ ၁၀ (က) နဲ့ ထိန်းသိမ်းထား သူတွေ ရော ရှိနေပါတယ်။ဦးအောင်လွင် ရဲ့ အခန်းထဲမှာ နောင်ရိုးတင်ဝင်း (မာလာ တင်ဝင်း) နဲ့ ကျောင်းသား ခေါင်းဆောင် တင်ဆန်းတို့ ရှိပါ တယ်။ အဲဒီအချိန်က ရှစ်လေးလုံး တစ်နှစ်ပြည့် လုပြည့်ခင်ကာလ ဖြစ်ပါတယ်။ ဒီတိုက်မှာရှိတဲ့နိုင်ငံရေး အကျဉ်းသားတွေဟာ အတွေး အခေါ်အယူအဆ အားကောင်း သူတွေဖြစ်ပြီး တချို့ဟာ နိုင်ငံ ကျော် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။

သူတို့ထဲက အများစုဟာ ထောင် ထဲက ပါးစပ်ပြောဒဏ္ဍာရီတွေကို လည်း ယုံကြည်သူတွေ မဟုတ်ပါ ဘူး။ ဒါကြောင့် မင်းလွင်ကို ဘယ် သူမှန်းမသိတဲ့ လူတစ်ယောက်က ဆေးလိပ်မီး ပေးခဲ့တာကိုလည်း ဟာသလိုပဲ သဘောထားပါတယ်။ဒါပေမဲ့ ညတစ်ညမှာတော့ သူတို့ ရဲ့ ယုတ်္တိဗေဒတွေးခေါ်စဉ်းစား မှုကို စိန်ခေါ်တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ည သန်းခေါင်ကျော် အချိန်ကြီး ၁ ဆောင်မှာ အသံနက်ကြီးနဲ့ အော်သံ တစ်ခု ကြားလိုက်ရတာက စပါ တယ်… ။

စတင်အော်တဲ့ သူကတော့ BBC ဦးနေမင်း ဖြစ်ပါတယ်။ ဦးနေမင်းရဲ့ အော်သံဟာ ဘေး အခန်းတွေကို ကူးစက်သွားပြီး အဲဒီအခန်းက လူတွေကလည်း ဆက်အော်ပါတယ်။ ဒီလိုအော်တဲ့ အချိန်မှာ ဦးအောင်လွင်က ပရိတ် ကြီး ၁၁ သုတ်ကို ရွတ်နေတာ ဖြစ်ပါတယ်။အဲဒီအချိန်မှာပဲ သူ့ ဘေးမှာအိပ်နေတဲ့ နောင်ရိုးတင် ဝင်း နဲ့ ကိုတင်ဆန်းက ထအော် ပါတယ်။ တစ်ဆက်တည်းမှာပဲ နောင်ရိုးတင်ဝင်းက အိပ်ချင်မူး တူးနဲ့ အပြင်ကို လက်ညှိုးထိုးပြီး “ ဝင်လာပြီ ဝင်လာပြီ ဖြူဖြူ အကောင်ကြီး ဝင်လာပြီ” ဆိုပြီး အော်ပါတော့တယ်။

ဦးအောင်လွင်က နှစ်ယောက်လုံးကို အိပ် ရာကနိုးအောင် ညဘက် ပရိတ် ရွတ်ပြီးထည့်ထားတဲ့ ရေခွက်ထဲ က ပရိတ်ရေနဲ့ လှမ်းပက်ပါတယ်။ဒါပေမဲ့ သူတို့က နတ်ပူးသလို တုန်ယင်နေပြီး ပါးစပ်ကလည်း ဆက်အော်နေကြတယ်။ လှမ်းသတိပေးလို့ မရတော့တဲ့အဆုံး ဦးအောင်လွင်က သူတို့နှစ်ယောက် ရဲ့ ရင်ဘတ်ကို လက်သီးနဲ့ထိုး လိုက်တယ်။ ပြီးတော့ ပါးစပ်ကလည်း တစ်ဆက်တည်း အော်လိုက်တယ်။

“ သွားကြ မင်းတို့ထွက်သွား ကြ ငါတို့ကိုဘာမှ အန္တရာယ်မပေး နဲ့”

ဦးအောင်လွင်ရဲ့ လက်သီး ချက်ဒဏ် ခံလိုက်ရလို့လားမသိ ဘူး။ နောင်ရိုးတင်ဝင်းလည်း အော်သံ တိတ် သွားတယ်။ ကိုတင် ဆန်းလည်း သတိပြန်လည်လာ တယ်။ အဲဒီညက ၁ ဆောင်မှာ သရဲစီးတယ်ဆိုပြီး တိုက်ဝင်း တစ်ခုလုံး သတင်းပျံ့နှံ့သွားတယ်။၁ ဆောင်မှာ ရှိတဲ့သူတွေကလည်း တကယ် ကြုံတွေ့လိုက်ရတာ ကြောင့် ဒီဖြစ်ရပ်ကို ဆန့်ကျင်ပြီး မှတ်ချက် ပေးတာတွေ မလုပ်ကြ တော့ဘူး။ ဒီအဖြစ်အပျက်နဲ့ပတ် သက်ပြီး နှစ်ပေါင်း ၃၀ နီးပါး ကြာမှ ဦးအောင်လွင်က အခုလို ပြန်ပြောပြတယ်။

“ တကယ်တော့ ၁ဆောင်က တိုက်ဝင်းထဲမှာ အစွန်ကျတယ်။ ဒီတော့ လူသွား လူလာလည်း နည်း တာပေါ့။ ဒါပေမဲ့ ပရလောကသား တွေရဲ့ အရိပ်အယောင် တစ်ခါ မှ မတွေ့ခဲ့ရဘူး။ အဲဒီတစ်ညပဲ ကမ္ဘာပျက်သလို ဆူညံသွားခဲ့တာ။

နောက်တော့ ဒါဘာလို့ဖြစ် တာလဲဆိုပြီး စုံစမ်းကြည့်လိုက် တော့ ၁၉၈၈ ခု၊ သြဂုတ်လ ၂၆ ရက်နေ့က အင်းစိန်ထောင်မှာ ထောင်ဆူပူမှု ဖြစ်ပွားတယ်လို့ သိခဲ့ရတယ်။ အဲဒီဆူပူမှုမှာလည်း လူတွေ၊ ထောင်သားတွေ အတော် သေခဲ့တယ်။၁ ဆောင်မှာ ပိတ်မိ နေတဲ့သူတွေကလည်း စားစရာ မရှိတော့လို့ ခွေးတွေကြောင်တွေကိုပါ သတ်စားရတဲ့ အထိ ဖြစ်ခဲ့ကြတယ်။ နောက်တော့ ဒီလူတွေ လည်း သေကုန်ကြတာပါပဲ။ ကျွန်တော် သိရသလောက် ရှော်ဖီရဲ့ အမှုတွဲတွေလောက်ပဲ အသက်ရှင် ခဲ့တယ်”

ဦးအောင်လွင်ရဲ့ မှတ်ချက် ကို တိုက်ဝင်းမှာ နေဖူးခဲ့တဲ့ နိုင်ငံ ရေးအကျဉ်းသား တော်တော်များများက ငြင်းဆန်ခြင်း မပြုကြပါ ဘူး။ ဒါကြောင့်လည်း အသိရ ခက်တဲ့ ဆန်းကြယ်မှုတွေနဲ့ ပြည့် စုံနေတဲ့ အင်းစိန် ထောင်ကြီးရဲ့ ၃ တိုက်ရှေ့က အမျိုးသမီးတစ် ယောက် လမ်းလျှောက်သွားတာ ကို မဝေဖန်ကြတာဖြစ်ပါတယ်။ဒီဇာတ်လမ်းကို နိဂုံးချုပ် လိုက်တော့ မနှင်းဆီ (ခ) ကရင်မ လို့ အားလုံးက လက်ခံလိုက်တာ ပဲဖြစ်ပါတယ်။ ပြီးတော့ မကရင်မ ဟာ စိတ်လိုရင် လိုသလို ညဘက် ရောက်ရင် ထောင်ကျအကျဉ်း သားတွေရဲ့အပေါ်ကို ခွတက်ပြီး ကျီစားတတ်တယ်ဆိုတဲ့ သတင်း စကားကလည်း ရှိနေပါတယ်။

ဒီ လိုမျိုး ညဘက် ကရင်မရဲ့ကျီစား ခြင်းကို ခံရပြီးတဲ့သူတွေဟာ ရှက် ကိုးရှက်ကန်းနဲ့ မနက်ရောက်ရင် ရေကန်မှာ ပုဆိုးတွေလျှော်၊ အိပ် ရာခင်း တွေလျှော်ပြီး သူငယ်ချင်း တွေက မေးမြန်းတဲ့အခါ “ ညက ကရင်မ တော်တော်ဆိုးတယ်ဗျာ” လို့ ပြောလေ့ရှိကြပါတယ်။

ဒီလို ပြောတဲ့သူဟာ အမှန်တကယ် ညက ကရင်မနဲ့တွေ့ခဲ့လို့ ပြော တာလား။

သူ့ဘာသာသူ အရှက် ကို ကာကွယ်ဖို့ ပြောတာလား ဆို တာ ဘယ်သူမှ မခွဲခြားနိုင်ပါဘူး။ ထောင်ထဲကို အကြောင်းအမျိုးမျိုး နဲ့ ရောက်လာတဲ့ ဆရာဝန်တွေ ကတော့ ဒီလို Ejaculation (တစ်ကိုယ်ရည် ကာမအရသာ ပြီးမြောက်ခြင်း) ဖြစ်စဉ်ဟာ လူ တွေရဲ့ အသက်အရွယ်နဲ့ ခန္ဓာဗေဒဆိုင်ရာ လိုအပ်ချက် (Body Need) အရ ဖြစ်တတ်ကြောင်းနဲ့ ထောင်ထဲက သရဲမတစ်ယောက် က ဒီလိုမျိုး လာကျီစားတယ်ဆို တာဟာ ဒဏ္ဍာရီ ပုံပြင်သဖွယ်ဖြစ် နေကြောင်း ပြောပါတယ်။

ဆေး ပညာ သဘောအရ အသက် အရွယ် ငယ်ရွယ်တဲ့ ယောက်ျား လေးတစ်ယောက်ဟာ တစ်ပတ်ကို လေးကြိမ်လောက် ကာမအာသာ ဖြေဖျောက်ရန် လိုအပ်ပြီး အသက် အရွယ်ကြီးရင့်သူဟာ အနည်းဆုံး တစ်ကြိမ် ဖြေဖျောက်ဖို့ လိုအပ် တယ်လို့ ဆိုပါတယ်။ဒါပေမဲ့ ကံ ဆိုးမိုးမှောင်ကျမှုအရ ထောင်ထဲ ကို ရောက်လာတဲ့ အမျိုးသားတွေ ဟာ အမျိုးသမီးတွေနဲ့ ထိတွေ့ ဆက်ဆံမှု မရတော့တဲ့အတွက် ခန္ဓာဗေဒဖြစ်စဉ်အရ လက်ဖြင့် ဖြေဖျောက်ခြင်း (Masturbation) လုပ်ရင်လုပ်၊ မလုပ်ရင် သူ့အလို လို သုက်လျှံခြင်းဖြစ်တတ်တယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်တဲ့အခါမှာ အခန်းဖော်မိတ်ဆွေ သူငယ်ချင်း တွေကြား အရှက်မရအောင် ကာ ကွယ်ဖို့ ကရင်မ ဇာတ်လမ်းကို Cover Story လုပ်ကြတယ်လို့ ဝေဖန်ကြပါ တယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ၁ ဆောင်ကိုရောက်နေတဲ့ စမ်းချောင်းသားတို့ အုပ်စုကလည်း အရမ်း စိတ်ဝင်စားနေ ပါတယ်။ စမ်းချောင်းသား ကိုယ်တိုင် ၅ တိုက် ၂၂ ခန်းက ပရလောကသားတွေ နဲ့ ကြုံတွေ့ခဲ့ရတဲ့ လောလော လတ်လတ် ဇာတ်လမ်းတွေရှိနေ တော့ ၃ တိုက်ရှေ့မှာ အမျိုးသမီး တစ်ယောက် တွေ့လိုက်ရတယ် ဆိုတဲ့ ဝင်းရွှေရဲ့ ကိုယ်တွေ့ ဖြစ် စဉ်ကို သူက လုံးဝထောက်ခံ လိုက် ပါတယ်။ဒါပေမဲ့ ၁ ဆောင်ကို ရောက်နေတဲ့ နိုင်ငံရေးအကျဉ်း သားတွေထဲက ကြည့်မြင်တိုင်သား ညီညီလှိုင်က မဖြစ်နိုင်ဘူး ဆိုပြီး ဇွတ်ငြင်းနေပါတယ်။ ဒါကြောင့် ဆရာဝန်တွေပြောသလို အရှက် မရအောင် ဖန်တီးထားတဲ့ လုပ် ကြံပုံပြင်တွေ ဖြစ်နိုင်တယ်ဆိုပြီး ၁ ဆောင် ညောင်ပင်အောက်မှာ ငြင်းခုံနေကြပါတယ်။

သူတို့ရဲ့ ငြင်းခုံပွဲဟာ တဖြည်းဖြည်းအရှိန် မြင့်လာတယ်။ နိုင်ငံရေးအကျဉ်း သားတွေတင် မကတော့ဘူး။ ရိုးရိုး အကျဉ်းသားတွေလည်း ပါ လာတယ်။ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်နေတဲ့အချိန်မှာပဲ ရင်ဘတ်မှာ အတန်းသုံးတန်းပါတဲ့ တံဆိပ်ထိုး ထားတဲ့ လူတစ်ယောက် ရောက် လာပြီး အားလုံးကိုပြောတယ်။

“ ကရင်မ တကယ်ရှိမရှိ ငြင်း မနေကြပါနဲ့ကွာ။ ငါက အင်းစိန် ထောင်ကို အရေးအခင်းပြီးမှ ရောက်လာတဲ့သူ မဟုတ်ဘူး။ အရေးအခင်း မတိုင်ခင်ကတည်း က ဒီထောင်မှာ အကြာကြီး နေလာခဲ့တာ။ ကရင်မဆိုတာ တကယ်ရှိတယ်။

ဘာလို့လဲဆို တော့ ကရင်မ ယောက်ျားဝင်းမြင့် နဲ့ ငါ အကြာကြီးနေ ခဲ့ရတာကွ။ ဝင်းမြင့် ထောင်က လွတ်သွားပေမယ့် ကရင်မကတော့ ဒီထောင် ထဲမှာ မကျွတ်ဘဲ ကျန်နေခဲ့တယ် ဆိုတာ ငါရဲရဲကြီး ပြောရဲတယ်”

အဲဒီလိုပြောလိုက်တဲ့ သူက တော့ ၁ ဆောင် တန်းစီးတစ်ယောက်ဖြစ်တဲ့ လူလိမ်ဝိဇ္ဇာ ကျော်မြင့် ပဲဖြစ်ပါတယ်။….

(ဆက်လက် ဖော်ပြပေးပါမယ် …….. )

Credit – ဇော်သက်ထွေး

Add a Comment

Your email address will not be published. Required fields are marked *