” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၃ ) )

ေထာင္ဗူးဝ လမ္းေပၚမွာ က်ိန္စာသင့္ ခဲ့ေသာ မႏွင္းဆီ

လူလိမ္ ဝိဇၨာ ေက်ာ္ျမင့္ ရဲ႕ စကားတစ္ခြန္းေၾကာင့္ ကရင္မ ( ခ ) မႏွင္းဆီ အေပၚ ထင္ျမင္ယူဆခ်က္ အမ်ိဳးမ်ိဳး ေျပာဆိုေနမႈေတြ အားလုံး အသံတိတ္သြား ပါတယ္။စမ္းေခ်ာင္းသား အပါအဝင္ အနားမွာ ရွိေနသူ အားလုံးက ( ၁ ) ေဆာင္တန္းစီး ရဲ႕အနီး ကို ေရာက္ရွိသြား ပါတယ္ ။ ေက်ာ္ျမင့္က လြန္ခဲ့တဲ့ ခုနစ္ ႏွစ္ေလာက္က ေၾကကြဲစရာ ေကာင္းတဲ့ ကိုဝင္းျမင့္နဲ႕ မႏွင္းဆီရဲ႕ဇာတ္လမ္းေလးကို ေျပာျပ ပါ တယ္ ။

၁၉၈၀ ေက်ာ္ခုႏွစ္ ဝန္းက်င္ေလာက္ က စမ္းေခ်ာင္း ေဝဠုဝန္ အိမ္ရာမွာ ရိုးသားေအးေဆးတဲ့ ဇနီးေမာင္ႏွံ ႏွစ္ေယာက္ ရွိ တယ္။ ေယာက္်ားျဖစ္တဲ့ ကိုဝင္းျမင့္က ဆက္သြယ္ေရး႐ုံးမွာ ႐ုံးအုပ္ႀကီးျဖစ္ၿပီး ဇနီးျဖစ္သူ မႏွင္းဆီ ကေတာ့ စာရင္း႐ုံးမွာ အလုပ္လုပ္တယ္။အဲဒီေခတ္က ျမန္မာေငြ တန္ဖိုးရွိေသးေတာ့ ႏွစ္ေယာက္လုံး အလုပ္လုပ္တဲ့ မိသားစုေတြဟာ ေခ်ာင္လည္ၾကပါတယ္။ ကိုဝင္းျမင့္တို႔ လင္မယားက အပိုလည္း ကုန္စရာ မရွိေတာ့ ေငြေလးေၾကးေလး စုေဆာင္း မိတယ္ ။

သူတို႔မိသားစုအတြက္ အႀကီးမားဆုံးလိုအပ္ေနတဲ့ ကြက္လပ္ ကေတာ့ ရင္ေသြးရတနာေလး ရရွိဖို႔ပါပဲ။

မႏွင္းဆီရဲ႕ အိမ္နာမည္က ကရင္မ လို႔ ေခၚၿပီး ဧရာဝတီတိုင္း ဝါးခယ္မကေန ရန္ကုန္ကို ေရာက္ရွိလာတာ ျဖစ္ပါတယ္။ အသက္ ၄၀ အ႐ြယ္ ကိုဝင္းျမင့္နဲ႕ ေတြ႕ေတာ့ မႏွင္းဆီရဲ႕ အသက္က ၃၆ ႏွစ္ေလာက္ ရွိေရာ့မယ္။ဒီေတာ့ အိမ္ေထာင္က် ေနာက္က်တယ္ ဆိုရမွာေပါ့။ ကေလးရဖို႔ အသည္း အသန္ ႀကိဳးစားၾကတယ္။ နာမည္ႀကီးတဲ့ ေဗဒင္ဆရာေတြဆီကို သြားေမးၾကတယ္။ ရွိရွိသမွ် ႐ုကၡစိုးကို တိုင္တည္ဆုေတာင္းဆို ေတာ့ လည္းလုပ္လိုက္တာပဲ။ ယၾတာေပါင္း စုံလည္း ေခ်ေနတာပဲ။ ဒါေပမဲ့ ထူးျခား မလာပါဘူး။ မႏွင္းဆီလည္း ကေလးမရ ေတာ့ တငိုငိုတရယ္ရယ္နဲ႕ေပါ့။

ေနာက္ဆုံး ကိုဝင္းျမင့္ရဲ႕ သူငယ္ခ်င္းတစ္ေယာက္ အႀကံေပးလို႔ အထူးကုဆရာဝန္ႀကီး တစ္ေယာက္နဲ႕ ျပၾကည့္တယ္။ ဆရာဝန္ႀကီးက ကေလးရဖို႔ ႏွစ္ေယာက္လုံးမွာ ဘာလိုအပ္ ခ်က္မွမရွိဘဲ ျပည့္စုံတယ္လို႔ ေျပာတယ္။

ကေလးမရတဲ့ အေၾကာင္းရင္းကို ဆန္းစစ္ ၾကည့္လိုက္ေတာ့ ႏွစ္ေယာက္လုံး ႐ုံးအလုပ္ေတြနဲ႕ အိမ္အလုပ္ေတြ ဖိစီးေနတာျဖစ္နိုင္ တယ္လို႔ ေျပာျပတယ္။

ဆရာဝန္ႀကီး ေျပာလည္း ေျပာစရာပဲ။ မႏွင္းဆီခမ်ာ မနက္ မိုးလင္းရင္ ေဈးကိုေျပးၿပီး ဝယ္ရျခမ္းရ တယ္။ ၿပီးေတာ့ ႐ုံးအမီခ်က္ ရျပဳတ္ရတယ္။

ႏွစ္ေယာက္လုံး ထမင္းဘူးကိုယ္စီနဲ႕ ႐ုံး သြားၾကၿပီး တစ္ေနကုန္ ႐ုံးအလုပ္ေတြ လုပ္ရျပန္တယ္။ အိမ္ေရာက္ေတာ့ ကိုဝင္းျမင့္က ေအးေအးလူလူ အနားရေပမယ့္ မႏွင္းဆီခမ်ာ မနားရျပန္ဘူး။

လင္မယား ႏွစ္ေယာက္လုံးရဲ႕ အဝတ္ေဟာင္းေတြ ေလွ်ာ္ခ်င္ေလွ်ာ္၊ ဒါမွမဟုတ္ အိမ္သန႔္ရွင္း ေရးလုပ္၊ ဒါမွမဟုတ္ ခ်က္ျပဳတ္ေၾကာ္ေလွာ္ နဲ႕ လုပ္စရာေတြ အျပည့္ ပါပဲ။

ဒီအေျခအေန ေတြေၾကာင့္ ညဘက္ေရာက္ေတာ့ ႏွစ္ ေယာက္လုံး ေမာပန္းၿပီး အိပ္ေမာက်သြား ေတာ့ တယ္။ ဒီပုံစံကိုေျပာင္းလဲပစ္ဖို႔ ဆရာဝန္က အႀကံေပးတယ္။ ခရီးသြားဖို႔လည္း အႀကံေပးတယ္။

ဒါေပမဲ့ ႐ုံးဝန္ထမ္းေတြဆိုေတာ့ ခရီးသြားဖို႔ဆိုတာ ႐ုတ္တရက္ မလြယ္ပါဘူး။ ဒီေတာ့ ကိုဝင္းျမင့္က သူ႕ ဇနီးရဲ႕အလုပ္ ေတြ နည္းသြားေအာင္ ဘယ္ လိုလုပ္ရမလဲဆိုတာ စဥ္းစားတယ္။ ေနာက္ ဆုံး အိမ္မွာ အိမ္မႈကိစၥ ဗာဟီရေတြကို ကူ လုပ္ဖို႔ ကူေဖာ္ေလာင္ဖက္ တစ္ေယာက္ ထားဖို႔ အႀကံရသြားတယ္။

အဲဒီေခတ္က အိမ္ေဖာ္လို႔ပဲဆိုဆို အိမ္ အကူလို႔ပဲေျပာေျပာ ရွာရတာ အရမ္းလြယ္ တယ္။ ခုေခတ္လို ပြဲစားေတြဘာေတြလည္း မရွိဘူး။ နယ္ဘက္ ေတာဘက္က ရိုးသား ၿပီး ေငြလိုေနတဲ့ မိန္းကေလးေတြ မရခ်င္မွ အဆုံး၊ ေပါမွေပါပဲ။ စာရိတၱပိုင္းမွာလည္း ေျပာစရာမရွိဘူး။ တခ်ိဳ႕ဆိုရင္ ႏွစ္ေတြၾကာ လာတာနဲ႕အမွ် မိသားစုလိုေတာင္ ျဖစ္သြား ၾကတယ္။

အခုလည္း ကိုဝင္းျမင့္နဲ႕မႏွင္းဆီ တို႔အတြက္ အိမ္အကူရွာတဲ့အခါ ပဲခူးဘက္ ကေန အလုပ္လာရွာတဲ့ မစန္းဆိုတာ ေတြ႕ သြားတယ္။ မစန္းက အသက္အစိတ္ ေလာက္ရွိၿပီ။ ႐ုပ္ကေတာ့ သာမန္႐ြက္ၾကမ္း ေရက်ိဳပဲ။

အိမ္အလုပ္ကိုေတာ့ တရစပ္ လုပ္နိုင္တယ္။ မစန္းေရာက္လာကတည္းက မႏွင္းဆီလည္း ေတာ္ေတာ္ အနားရသြားတယ္။ အိမ္ကိုလည္း မ်က္ႏွာလႊဲထားနိုင္ တယ္။

ခင္ပြန္းျဖစ္သူက လည္း လူရိုးလူ ေအးဆိုေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ မစန္းနဲ႕ စိတ္ခ်တယ္။ ဒီလိုနဲ႕ ရင္ေသြးငယ္ေလး ေရာက္လာမယ့္ ေန႕ကို စိတ္ကူးယဥ္ ေစာင့္ေမွ်ာ္ေနၾကတယ္။

တစ္ရက္မွာေတာ့ ေအးခ်မ္းသာယာ ေနတဲ့ ကိုဝင္းျမင့္တို႔ မိသားစုေလးကို မုန္တိုင္းတစ္ခု မထင္မွတ္ဘဲဝင္ ေရာက္လာခဲ့ တယ္။ အဲဒါကေတာ့ မႏွင္းဆီတစ္ေယာက္ ဗီရိုရွင္းရင္းက စတာပါပဲ။

“ဟယ္ … အစ္ကိုေရ ႏွင္းဆီရဲ႕ အဝတ္အစားေတြ ေလ်ာ့ေနတယ္။ အစ္ကို ဗီရိုရွင္းေသးလား”

ကိုဝင္းျမင့္လည္း ဇနီးျဖစ္သူရဲ႕ဗီရိုကို ၾကည့္ရင္း ျပာျပာသလဲ ျငင္းတယ္။

“ ကတ္သီးကတ္သတ္ အစ္ကို ညီမ အဝတ္အစားေတြ လက္ဖ်ားနဲ႕ေတာင္မထိ ဘူး”

မႏွင္းဆီက သူ႕အဝတ္အစားေတြကို ဆက္စစ္ေဆးၾကည့္တယ္။ ၿပီးေတာ့ စိတ္ပ်က္လက္ပ်က္နဲ႕ ခင္ပြန္းသည္ကို လွမ္း ေျပာတယ္။

“ ေသခ်ာတယ္ အစ္ကို မႏွင္းဆီရဲ႕ အဝတ္အစားေတြေပ်ာက္ေနတယ္။ အစ္ကို႔ အဝတ္အစားေတြလည္း စစ္ၾကည့္လိုက္ဦး မယ္”

လင္မယားႏွစ္ေယာက္ ဗီရိုထဲက အဝတ္အစားေတြကို စစ္ၾကည့္ၾကတယ္။ အဲဒီေတာ့မွ ကိုဝင္းျမင့္နဲ႕ စတစ္အကၤ်ီတခ်ိဳ႕ နဲ႕ ပုဆိုးေတြလည္း ေပ်ာက္ေနတာကို ေတြ႕ ရတယ္။

တကယ္ေတာ့ လူသုံးေယာက္သာ ရွိတဲ့အိမ္မွာ သူစိမ္းလူလည္းအဝင္အထြက္ မရွိဘူး။ သူစိမ္းဆိုလို႔ မစန္းပဲ သတၱဳခ်ရ ေတာ့မယ္။ ကိုဝင္းျမင့္ ကေတာ့ ေသေသ ခ်ာခ်ာမသိဘဲ မစန္းကိုမစြပ္စြဲေစခ်င္ဘူး။

မႏွင္းဆီက မစန္းကို တိုးတိုးတိတ္တိတ္ ေခၚေမးေတာ့လည္း မစန္းက သူလုံးဝမသိ တဲ့အေၾကာင္း၊ ၿပီးေတာ့ဒီလိုအက်င့္စာရိတၱမ်ိဳး သူ႕မွာမရွိတဲ့ အေၾကာင္း အေၾကာက္ အကန္ ျငင္းတယ္။ ေနာက္ဆုံး အဝတ္ အစားေပ်ာက္တဲ့ ျပႆနာက ဒီမွာပဲၿပီး သြားတယ္ဆိုပါစို႔။

ကိုဝင္းျမင့္နဲ႕ မႏွင္းဆီတို႔လည္း ဒီကိစၥကို ေမ့ေမ့ေပ်ာက္ေပ်ာက္ ျဖစ္သြားတယ္။ သားသမီးရတနာ ရလာဖို႔ကေတာ့ မထူး ျခားေသးဘူး။ ႐ုံးပိတ္ရက္ တစ္ရက္ေရာက္ လာေတာ့ မႏွင္းဆီက ဗီရိုေတြ၊ ေသတၱာေတြ ရွင္းျပန္တယ္။ ရွင္းရင္းနဲ႕ ခင္ပြန္းျဖစ္ သူကို အလန႔္တၾကားလွမ္းေခၚတယ္။

“ အစ္ကိုေရ လာပါဦး”

ကိုဝင္းျမင့္ ေရာက္လာေတာ့ ဗီရိုကိုဖြင့္ျပၿပီး ေျပာလိုက္တယ္။

“ အစ္ကိုေရ အဝတ္အစားေတြ ထပ္ ေပ်ာက္ျပန္ၿပီ”

ဒီျပႆနာ ျပန္ေပၚလာၿပီး သူတို႔လင္ မယားႏွစ္ေယာက္ ေခါင္းခဲသြားတယ္။ မစန္းကိုလည္း ထပ္မစစ္ခ်င္ ေတာ့ဘူး။ မႏွင္းဆီက စိတ္ရႈပ္လာတာေၾကာင့္ မစန္း ကို ပဲခူးျပန္ပို႔ဖို႔တိုင္ပင္တယ္။

ကိုဝင္းျမင့္က မစန္း ခိုးမခိုး မေသခ်ာဘဲ ျပန္မပို႔ေစခ်င္ ဘူး။ မစန္းျပန္သြားရင္ သူ႕မိန္းမပဲ အလုပ္ ပင္ပန္းမွာကို သိေနတယ္။ မႏွင္းဆီလည္း ဘာလုပ္ရမွန္းမသိ ျဖစ္ေနတယ္။ ေနာက္ ဆုံးေတာ့ သူအႀကံတစ္ခုရသြားတယ္။

တစ္ ရက္မွာ ႐ုံးသြားခ်င္ေယာင္ေဆာင္ၿပီး နာ နတ္ေတာလမ္း တစ္ေနရာကေန မစန္း အေျခအေနကို ေစာင့္ၾကည့္တယ္။ မြန္းလြဲ ခ်ိန္ေလာက္မွာ အိမ္ထဲကေန မစန္းထြက္ လာတယ္။ ေဘးပတ္ဝန္းက်င္ကို က်ီးကန္း ေတာင္းေမွာက္ ၾကည့္ၿပီး ၾကည့္ျမင္တိုင္ ညေဈးဘက္ကို ထြက္သြားတယ္။

မႏွင္းဆီ လည္း မစန္းေနာက္ကို ထက္ၾကပ္မကြာ လိုက္တာေပါ့။ မစန္းက ရထားလမ္းကူးၿပီး ညေဈးေရာက္ေတာ့ ညေဈးတန္းက အမ်ိဳး သား အမ်ိဳးသမီးေတြက မစန္းကို အတင္း ဝိုင္းေခၚၾကတယ္။

“ ေဟ့ ေဖာက္သည္ႀကီး ဒီလာ”

“ ကြၽန္ေတာ္တို႔ဆီလည္း လာလို႔ရတယ္ ေနာ္”

ေဈးသည္ေတြရဲ႕ မစန္းအေပၚထူးျခား တဲ့ ေဖာ္ေ႐ြမႈေၾကာင့္ မႏွင္းဆီ ေတြးရခက္ သြားတယ္။ ဒါေပမဲ့ ဇာတ္လမ္းကို လိပ္ ပတ္လည္ေအာင္ ဆက္ေစာင့္ၾကည့္လိုက္ တယ္။ မစန္းက အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဆိုင္ထဲကို ဝင္သြားတယ္။ သိပ္မၾကာခင္ပဲ မစန္းနဲ႕ အဲဒီအမ်ိဳးသမီး ျပန္ထြက္လာၿပီး ညေဈးတန္း အိမ္သာ ဘက္ကို ေခၚသြား တယ္။

ဆိုင္ကိုျပန္လာေတာ့ ဆိုင္ရွင္အမ်ိဳး သမီးလက္ထဲမွာ အဝတ္အစားအထုပ္တစ္ ထုပ္ ပါလာတယ္။ မစန္းျပန္သြားေတာ့ မႏွင္းဆီ ေတြေဝေနေသးတယ္။

ေနာက္ ေတာ့ အဲဒီအဝတ္အစား အေဟာင္း ဆိုင္ သြားၿပီး ေဈးဝယ္သူပုံစံမ်ိဳး ေလ့လာၾကည့္ လိုက္တယ္။ အဲဒီမွာပဲ သူ႕ရဲ႕အဝတ္အစား တခ်ိဳ႕ကို ေတြ႕လိုက္ရ တယ္။ မႏွင္းဆီက ေရွ႕ကထြက္သြားတဲ့ မစန္းလက္ကို ဆြဲၿပီး တစ္ခါတည္းဖမ္းရင္ ေကာင္းမလားလို႔ စဥ္းစား ေသးတယ္။

ဒါေပမဲ့ လူၾကားထဲမွာ သူရွက္ပါလိမ့္မယ္ဆိုၿပီး လႊတ္ေပးလိုက္ တယ္။ ညဘက္ေရာက္မွ ခင္ပြန္းျဖစ္သူ ကိုဝင္းျမင့္ကို အက်ိဳးအေၾကာင္း ေျပာျပ လိုက္တယ္။ ကိုဝင္းျမင့္လည္း ၾကားၾကား ခ်င္း အံ့ၾသေနေသးတယ္။ ေနာက္ေတာ့ စိတ္ဆိုးသြားၿပီး ညတြင္းခ်င္းရွင္းဖို႔ဆုံးျဖတ္ လိုက္တယ္။

ဒါေၾကာင့္ မစန္းကို ေခၚလိုက္ တယ္။ ေန႕လယ္ကအျဖစ္အပ်က္ေတြကို အေသးစိတ္ မႏွင္းဆီကေျပာျပ လိုက္တယ္။ အစပိုင္းမွာ မစန္းက ရွက္ရမ္း ရမ္းၿပီး ဘူး ကြယ္ေနေသးတယ္။ မႏွင္းဆီက ဆက္ သည္းမခံနိုင္ ေတာ့ဘူး။

“ ညည္းကို ငါ လက္ပူးလက္ၾကပ္ မေဖာ္ခ်င္ဘူး မစန္း။ အဲဒီဆိုင္ ညည္းကို ေခၚသြားၿပီး စစ္ေဆးလိုက္ရင္ ညည္းလည္း ဒုကၡေရာက္မယ္။ အဲဒီဆိုင္လည္း သူခိုးလက္ခံဆိုၿပီး ဒုကၡေရာက္မယ္။ ဒီေတာ့ အမွန္အတိုင္း ေျပာ”

မစန္းက မေျပာဘဲ မ်က္ရည္ေတြက် ေနတယ္။ ကိုဝင္းျမင့္ကေတာ့ မစန္းကို ၾကည့္ၿပီး စိတ္ပ်က္ေနၿပီ။ ဒီေတာ့ စကား ကို အျပတ္ေျပာခ်လိဳက္တယ္။

“ ရႈပ္တယ္ဟာ ငါတို႔လည္း ဒီေလာက္ ဆို အေၾကာင္းစုံသိၿပီ။ အဲဒီေတာ့ နင္ရသင့္ ရထိုက္တဲ့လခကို ေပးလိုက္မယ္။ နင္ဒီမွာ ဆက္မေနနဲ႕ေတာ့”

ကိုဝင္းျမင့္စကားလည္း ဆုံးေရာ မစန္း က ခ်ဳံးပြဲခ်ငိဳတယ္။ သူ႕မွာ ေနမေကာင္း ျဖစ္ေနတဲ့ အေမအိုရွိေနလို႔ အလုပ္မျဖဳတ္ ပါနဲ႕လို႔ ေတာင္းပန္တယ္။

ဒါေပမဲ့ ကိုဝင္း ျမင့္က ရႈပ္ရႈပ္ယွက္ယွက္ေတြ မႀကိဳက္ဘူး။ ဒီလို ခိုးတတ္ဝွက္တတ္တဲ့ အက်င့္စာရိတၱ ရွိသူကို အိမ္တစ္အိမ္လုံး အပ္ထားရမွာကို လည္း ဝန္ေလးတယ္။

အခုေတာင္ အဝတ္ အစားေလာက္ပဲ ေပ်ာက္တာမို႔လို႔ ႐ုံး ေရာက္ ဂါတ္ေရာက္ မျဖစ္တာ။ တန္ဖိုး ႀကီးတဲ့ ရတနာပစၥည္းေတြ၊ ေငြေတြသာ ေပ်ာက္ရင္ ဒီထက္ ျပႆနာႀကီးမွာကို ႀကိဳတင္ ျမင္ေယာင္ေနတယ္။

ဒါေၾကာင့္ မစန္းဘယ္လိုပဲအသနားခံခံ ကိုဝင္းျမင့္က လက္မခံဘူး။ ပဲခူးျပန္ဖို႔ကိုပဲ ေျပာေန တယ္။ အဲဒီအခ်ိန္မွာ မစန္းက ကိုဝင္းျမင့္နဲ႕ မႏွင္းဆီတို႔ႏွစ္ေယာက္လုံးကို လက္အုပ္ခ်ီ ကန္ေတာ့ၿပီး သူ႕ကိုခြင့္လႊတ္ဖို႔ ထပ္ေျပာ တယ္။

ဒါေပမဲ့ မႏွင္းဆီက စိတ္ဆိုးေဒါသ ထြက္လာလို႔ ခါးခါးသီးသီး ျငင္းလိုက္ တယ္။

“ ေတာ္ၿပီ မစန္း၊ မနက္ ပဲခူးျပန္ဖို႔ အဝတ္အစားေတြ သိမ္းေတာ့”

မႏွင္းဆီစကားဆုံးဆုံးခ်င္းမွာပဲ မစန္း က ဝုန္းခနဲ မတ္တတ္ထရပ္လိုက္တယ္။ သူ႕မ်က္ႏွာကလည္း ခုနက တိုးလွ်ိုးေတာင္း ပန္ေနတဲ့မ်က္ႏွာမ်ိဳးမဟုတ္ေတာ့ဘဲ ေဒါသ ေၾကာင့္ မ်က္လုံးေတြက မီးဝင္းဝင္းေတာက္ ေနတယ္။ ၿပီးေတာ့ မႏွင္းဆီကို ျပန္ၿပီး ေအာ္လိုက္တယ္။

“ အစ္မက ကြၽန္မ ဒီေလာက္ေတာင္း ပန္ေနတာေတာင္ မေက်နပ္ဘူးေပါ့ ဟုတ္ လား။ ေကာင္းၿပီေလ၊ ဒါဆို ကြၽန္မအ ေၾကာင္းျပရတာေပါ့။ မနက္ျဖန္အထိလည္း အစ္မတို႔အိမ္မွာ မေနပါဘူး။ အခု အဝတ္ အစားသိမ္းၿပီး ျပန္မွာပါ”

စကားဆုံးဆုံးခ်င္း မစန္းက ဝုန္းဒိုင္း က်ဲၿပီး သူတို႔ေရွ႕ကထြက္သြားတယ္။ မစန္း ရဲ႕ အျပဳအမူေၾကာင့္ မႏွင္းဆီနဲ႕ ကိုဝင္းျမင့္ တို႔လည္း အံ့အားသင့္ၿပီး က်န္ရစ္ခဲ့တယ္။ ဒါေပမဲ့ သူတို႔ရဲ႕ ဆုံးျဖတ္ခ်က္ကိုေတာ့ မျပင္ေတာ့ဘူး။

ေနာက္ထပ္ အက်င့္စာရိတၱေကာင္းတဲ့ အိမ္အကူတစ္ေယာက္ရေအာင္ ရွာဖို႔ကိုပဲ စိတ္ကူးထားတယ္။

မစန္းက သူ ေျပာထားတဲ့စကားအတိုင္း ညတြင္းခ်င္းပဲ အဝတ္အစားေတြ ထုပ္ပိုးၿပီး ကိုဝင္းျမင့္နဲ႕ မႏွင္းဆီအိမ္ေပၚကေန ဆင္းသြားတယ္။ ညဘက္ ဘယ္ကိုသြားေနမလဲဆိုတာ မသိ ေပမယ့္ သူ႕ကိုလည္း ေမးမေနေတာ့ဘူး။

မစန္းထြက္သြားေတာ့ မႏွင္းဆီနဲ႕ ကိုဝင္းျမင့္လည္း တစ္ေယာက္ မ်က္ႏွာတစ္ေယာက္ ၾကည့္ေနၾကတယ္။ မႏွင္းဆီက ကိုဝင္းျမင့္ ကို ႏွစ္သိမ့္ေဖ်ာင္းဖ် တဲ့အေနနဲ႕ လက္ကို ကိုင္လိုက္ရင္း ေျပာတယ္။

“အရမ္းလည္း စိတ္ညစ္မသြားပါနဲ႕ အစ္ကိုရယ္။ မနက္ျဖန္ ႏွင္းဆီကိုယ္တိုင္ ေဈးသြားၿပီး အစ္ကို႔ကို ဟင္းခ်က္ေကြၽးပါ့ မယ္”

“ရပါတယ္ ႏွင္းဆီရယ္။ အိမ္အလုပ္ေတြ အစ္ကိုကူမွာေပါ့။ ေနာက္ထပ္ အိမ္ေဖာ္ မရမခ်င္း ဝိုင္းလုပ္ ေပးနိုင္ပါတယ္”

ဒီလိုနဲ႕ တစ္ေယာက္ကိုတစ္ေယာက္ အျပန္အလွန္ေဖးမရင္း ညသန္းေခါင္ေက်ာ္ ေတာ့ အိပ္ေပ်ာ္ သြားၾကပါတယ္။ ညဘက္ က ျပႆနာေတြရွင္းေနရတဲ့အတြက္ေၾကာင့္ အိပ္ရာဝင္ ေနာက္က်လိဳ႕လား မသိဘူး။

မနက္ေရာက္ေတာ့ မႏွင္းဆီေရာ ကိုဝင္း ျမင့္ေရာ ေတာ္ေတာ္နဲ႕ မနိုးၾကေသးဘူး။ အဲဒီအခ်ိန္မွာပဲ အိမ္တံခါး ေခါက္သံ ေပၚ လာတယ္။

ၾကမ္းၾကမ္းတမ္းတမ္း ေခါက္ ေနတာေၾကာင့္ ကိုဝင္းျမင့္လည္း အိပ္မႈန္ စုံမႊားနဲ႕ တံခါးထဖြင့္ေပးလိုက္တယ္။ အိမ္ ေရွ႕မွာ ေရာက္ေနသူေတြကိုၾကည့္ၿပီး သူ ၾကက္ေသေသသြားတယ္။

ေရာက္ေနတဲ့ သူေတြကေတာ့ ရဲအရာရွိနဲ႕ ရဲသားတခ်ိဳ႕ ရယ္၊ ရပ္ကြက္လူႀကီးတခ်ိဳ႕ရယ္ ျဖစ္ပါ တယ္။ ကိုဝင္းျမင့္က ေယာင္တိေယာင္နနဲ႕ အိမ္ထဲ ဖိတ္ေခၚလိုက္တယ္။ ၿပီးေတာ့မွ ေမးလိုက္တယ္။

“ ဘာကိစၥရွိပါသလဲ ခင္ဗ်ာ”

ရဲအရာရွိက ကိုဝင္းျမင့္ကိုၾကည့္ၿပီး ေသခ်ာေအာင္ လွမ္းေမးတယ္။

“ ဒီက ေနာင္ႀကီးက ကိုဝင္းျမင့္ဆိုတာ လား”

“ ဟုတ္ပါတယ္ခင္ဗ်ာ”

ရဲအရာရွိက အားနာေနပုံ ရေပမယ့္ အိတ္ထဲက လက္ထိပ္ကို ထုတ္ယူလိုက္ တယ္။

“ အားနာပါတယ္ဗ်ာ။ ေနာင္ႀကီးကို အမ်ိဳးသမီးတစ္ေယာက္က မုဒိမ္းမႈ နဲ႕ အမႈ ဖြင့္ထားလို႔ လာေခၚတာပါ”

ရဲအရာရွိစကား ဆုံးတဲ့အခါမွာေတာ့ ဒီအျဖစ္အပ်က္ကို မယုံၾကည္နိုင္ပုံနဲ႕ မႏွင္းဆီက စူးစူးဝါးဝါးထ ေအာ္တယ္။ ဒီလိုအမႈ ဆိုတာ ရပ္ကြက္ထဲကလို ေျဖရွင္းရတဲ့အမႈ မ်ိဳးမဟုတ္ဘဲ စခန္းေရာက္မွ ရွင္းရလင္းရ တဲ့ အမႈမ်ိဳး ျဖစ္ပါတယ္။

ျမန္မာနိုင္ငံရဲ႕ ဥပေဒအရ မုဒိမ္းမႈလိုမ်ိဳးဟာ အမႈႀကီး အမ်ိဳးအစားထဲမွာ ပါဝင္ေနပါတယ္။

အဆုံးမွာေတာ့ ကိုဝင္းျမင့္ကို လက္ ထိပ္ခတ္လိုက္တဲ့အခ်ိန္ မႏွင္းဆီကေတာ့ ေျမႀကီးေပၚပစ္လဲသြားၿပီး ပဒါေျမလူး ျဖစ္သြားပါေတာ့တယ္။

ဆက္လက္ ေဖာ္ျပသြားပါမည္…

Credit – ေဇာ္သက္ေထြး

ျပီးခဲ႔ေသာ အခန္းဆက္မ်ား ဖတ္ရႈလိုပါက ေအာက္တြင္ မိမိဖတ္လိုေသာအပိုင္းကို ႏွိပ္လုိက္ပါ….

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၂ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၄ ) )

Unicode

ထောင်ဗူးဝ လမ်းပေါ်မှာ ကျိန်စာသင့် ခဲ့သော မနှင်းဆီ

လူလိမ် ဝိဇ္ဇာ ကျော်မြင့် ရဲ့ စကားတစ်ခွန်းကြောင့် ကရင်မ ( ခ ) မနှင်းဆီ အပေါ် ထင်မြင်ယူဆချက် အမျိုးမျိုး ပြောဆိုနေမှုတွေ အားလုံး အသံတိတ်သွား ပါတယ်။စမ်းချောင်းသား အပါအဝင် အနားမှာ ရှိနေသူ အားလုံးက ( ၁ ) ဆောင်တန်းစီး ရဲ့အနီး ကို ရောက်ရှိသွား ပါတယ် ။ ကျော်မြင့်က လွန်ခဲ့တဲ့ ခုနစ် နှစ်လောက်က ကြေကွဲစရာ ကောင်းတဲ့ ကိုဝင်းမြင့်နဲ့ မနှင်းဆီရဲ့ဇာတ်လမ်းလေးကို ပြောပြ ပါ တယ် ။

၁၉၈၀ ကျော်ခုနှစ် ဝန်းကျင်လောက် က စမ်းချောင်း ဝေဠုဝန် အိမ်ရာမှာ ရိုးသားအေးဆေးတဲ့ ဇနီးမောင်နှံ နှစ်ယောက် ရှိ တယ်။ ယောက်ျားဖြစ်တဲ့ ကိုဝင်းမြင့်က ဆက်သွယ်ရေးရုံးမှာ ရုံးအုပ်ကြီးဖြစ်ပြီး ဇနီးဖြစ်သူ မနှင်းဆီ ကတော့ စာရင်းရုံးမှာ အလုပ်လုပ်တယ်။အဲဒီခေတ်က မြန်မာငွေ တန်ဖိုးရှိသေးတော့ နှစ်ယောက်လုံး အလုပ်လုပ်တဲ့ မိသားစုတွေဟာ ချောင်လည်ကြပါတယ်။ ကိုဝင်းမြင့်တို့ လင်မယားက အပိုလည်း ကုန်စရာ မရှိတော့ ငွေလေးကြေးလေး စုဆောင်း မိတယ် ။

သူတို့မိသားစုအတွက် အကြီးမားဆုံးလိုအပ်နေတဲ့ ကွက်လပ် ကတော့ ရင်သွေးရတနာလေး ရရှိဖို့ပါပဲ။

မနှင်းဆီရဲ့ အိမ်နာမည်က ကရင်မ လို့ ခေါ်ပြီး ဧရာဝတီတိုင်း ဝါးခယ်မကနေ ရန်ကုန်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ အသက် ၄၀ အရွယ် ကိုဝင်းမြင့်နဲ့ တွေ့တော့ မနှင်းဆီရဲ့ အသက်က ၃၆ နှစ်လောက် ရှိရော့မယ်။ဒီတော့ အိမ်ထောင်ကျ နောက်ကျတယ် ဆိုရမှာပေါ့။ ကလေးရဖို့ အသည်း အသန် ကြိုးစားကြတယ်။ နာမည်ကြီးတဲ့ ဗေဒင်ဆရာတွေဆီကို သွားမေးကြတယ်။ ရှိရှိသမျှ ရုက္ခစိုးကို တိုင်တည်ဆုတောင်းဆို တော့ လည်းလုပ်လိုက်တာပဲ။ ယတြာပေါင်း စုံလည်း ချေနေတာပဲ။ ဒါပေမဲ့ ထူးခြား မလာပါဘူး။ မနှင်းဆီလည်း ကလေးမရ တော့ တငိုငိုတရယ်ရယ်နဲ့ပေါ့။

နောက်ဆုံး ကိုဝင်းမြင့်ရဲ့ သူငယ်ချင်းတစ်ယောက် အကြံပေးလို့ အထူးကုဆရာဝန်ကြီး တစ်ယောက်နဲ့ ပြကြည့်တယ်။ ဆရာဝန်ကြီးက ကလေးရဖို့ နှစ်ယောက်လုံးမှာ ဘာလိုအပ် ချက်မှမရှိဘဲ ပြည့်စုံတယ်လို့ ပြောတယ်။

ကလေးမရတဲ့ အကြောင်းရင်းကို ဆန်းစစ် ကြည့်လိုက်တော့ နှစ်ယောက်လုံး ရုံးအလုပ်တွေနဲ့ အိမ်အလုပ်တွေ ဖိစီးနေတာဖြစ်နိုင် တယ်လို့ ပြောပြတယ်။

ဆရာဝန်ကြီး ပြောလည်း ပြောစရာပဲ။ မနှင်းဆီခမျာ မနက် မိုးလင်းရင် ဈေးကိုပြေးပြီး ဝယ်ရခြမ်းရ တယ်။ ပြီးတော့ ရုံးအမီချက် ရပြုတ်ရတယ်။

နှစ်ယောက်လုံး ထမင်းဘူးကိုယ်စီနဲ့ ရုံး သွားကြပြီး တစ်နေကုန် ရုံးအလုပ်တွေ လုပ်ရပြန်တယ်။ အိမ်ရောက်တော့ ကိုဝင်းမြင့်က အေးအေးလူလူ အနားရပေမယ့် မနှင်းဆီခမျာ မနားရပြန်ဘူး။

လင်မယား နှစ်ယောက်လုံးရဲ့ အဝတ်ဟောင်းတွေ လျှော်ချင်လျှော်၊ ဒါမှမဟုတ် အိမ်သန့်ရှင်း ရေးလုပ်၊ ဒါမှမဟုတ် ချက်ပြုတ်ကြော်လှော် နဲ့ လုပ်စရာတွေ အပြည့် ပါပဲ။

ဒီအခြေအနေ တွေကြောင့် ညဘက်ရောက်တော့ နှစ် ယောက်လုံး မောပန်းပြီး အိပ်မောကျသွား တော့ တယ်။ ဒီပုံစံကိုပြောင်းလဲပစ်ဖို့ ဆရာဝန်က အကြံပေးတယ်။ ခရီးသွားဖို့လည်း အကြံပေးတယ်။

ဒါပေမဲ့ ရုံးဝန်ထမ်းတွေဆိုတော့ ခရီးသွားဖို့ဆိုတာ ရုတ်တရက် မလွယ်ပါဘူး။ ဒီတော့ ကိုဝင်းမြင့်က သူ့ ဇနီးရဲ့အလုပ် တွေ နည်းသွားအောင် ဘယ် လိုလုပ်ရမလဲဆိုတာ စဉ်းစားတယ်။ နောက် ဆုံး အိမ်မှာ အိမ်မှုကိစ္စ ဗာဟီရတွေကို ကူ လုပ်ဖို့ ကူဖော်လောင်ဖက် တစ်ယောက် ထားဖို့ အကြံရသွားတယ်။

အဲဒီခေတ်က အိမ်ဖော်လို့ပဲဆိုဆို အိမ် အကူလို့ပဲပြောပြော ရှာရတာ အရမ်းလွယ် တယ်။ ခုခေတ်လို ပွဲစားတွေဘာတွေလည်း မရှိဘူး။ နယ်ဘက် တောဘက်က ရိုးသား ပြီး ငွေလိုနေတဲ့ မိန်းကလေးတွေ မရချင်မှ အဆုံး၊ ပေါမှပေါပဲ။ စာရိတ္တပိုင်းမှာလည်း ပြောစရာမရှိဘူး။ တချို့ဆိုရင် နှစ်တွေကြာ လာတာနဲ့အမျှ မိသားစုလိုတောင် ဖြစ်သွား ကြတယ်။

အခုလည်း ကိုဝင်းမြင့်နဲ့မနှင်းဆီ တို့အတွက် အိမ်အကူရှာတဲ့အခါ ပဲခူးဘက် ကနေ အလုပ်လာရှာတဲ့ မစန်းဆိုတာ တွေ့ သွားတယ်။ မစန်းက အသက်အစိတ် လောက်ရှိပြီ။ ရုပ်ကတော့ သာမန်ရွက်ကြမ်း ရေကျိုပဲ။

အိမ်အလုပ်ကိုတော့ တရစပ် လုပ်နိုင်တယ်။ မစန်းရောက်လာကတည်းက မနှင်းဆီလည်း တော်တော် အနားရသွားတယ်။ အိမ်ကိုလည်း မျက်နှာလွှဲထားနိုင် တယ်။

ခင်ပွန်းဖြစ်သူက လည်း လူရိုးလူ အေးဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် မစန်းနဲ့ စိတ်ချတယ်။ ဒီလိုနဲ့ ရင်သွေးငယ်လေး ရောက်လာမယ့် နေ့ကို စိတ်ကူးယဉ် စောင့်မျှော်နေကြတယ်။

တစ်ရက်မှာတော့ အေးချမ်းသာယာ နေတဲ့ ကိုဝင်းမြင့်တို့ မိသားစုလေးကို မုန်တိုင်းတစ်ခု မထင်မှတ်ဘဲဝင် ရောက်လာခဲ့ တယ်။ အဲဒါကတော့ မနှင်းဆီတစ်ယောက် ဗီရိုရှင်းရင်းက စတာပါပဲ။

“ဟယ် … အစ်ကိုရေ နှင်းဆီရဲ့ အဝတ်အစားတွေ လျော့နေတယ်။ အစ်ကို ဗီရိုရှင်းသေးလား”

ကိုဝင်းမြင့်လည်း ဇနီးဖြစ်သူရဲ့ဗီရိုကို ကြည့်ရင်း ပြာပြာသလဲ ငြင်းတယ်။

“ ကတ်သီးကတ်သတ် အစ်ကို ညီမ အဝတ်အစားတွေ လက်ဖျားနဲ့တောင်မထိ ဘူး”

မနှင်းဆီက သူ့အဝတ်အစားတွေကို ဆက်စစ်ဆေးကြည့်တယ်။ ပြီးတော့ စိတ်ပျက်လက်ပျက်နဲ့ ခင်ပွန်းသည်ကို လှမ်း ပြောတယ်။

“ သေချာတယ် အစ်ကို မနှင်းဆီရဲ့ အဝတ်အစားတွေပျောက်နေတယ်။ အစ်ကို့ အဝတ်အစားတွေလည်း စစ်ကြည့်လိုက်ဦး မယ်”

လင်မယားနှစ်ယောက် ဗီရိုထဲက အဝတ်အစားတွေကို စစ်ကြည့်ကြတယ်။ အဲဒီတော့မှ ကိုဝင်းမြင့်နဲ့ စတစ်အင်္ကျီတချို့ နဲ့ ပုဆိုးတွေလည်း ပျောက်နေတာကို တွေ့ ရတယ်။

တကယ်တော့ လူသုံးယောက်သာ ရှိတဲ့အိမ်မှာ သူစိမ်းလူလည်းအဝင်အထွက် မရှိဘူး။ သူစိမ်းဆိုလို့ မစန်းပဲ သတ္တုချရ တော့မယ်။ ကိုဝင်းမြင့် ကတော့ သေသေ ချာချာမသိဘဲ မစန်းကိုမစွပ်စွဲစေချင်ဘူး။

မနှင်းဆီက မစန်းကို တိုးတိုးတိတ်တိတ် ခေါ်မေးတော့လည်း မစန်းက သူလုံးဝမသိ တဲ့အကြောင်း၊ ပြီးတော့ဒီလိုအကျင့်စာရိတ္တမျိုး သူ့မှာမရှိတဲ့ အကြောင်း အကြောက် အကန် ငြင်းတယ်။ နောက်ဆုံး အဝတ် အစားပျောက်တဲ့ ပြဿနာက ဒီမှာပဲပြီး သွားတယ်ဆိုပါစို့။

ကိုဝင်းမြင့်နဲ့ မနှင်းဆီတို့လည်း ဒီကိစ္စကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားတယ်။ သားသမီးရတနာ ရလာဖို့ကတော့ မထူး ခြားသေးဘူး။ ရုံးပိတ်ရက် တစ်ရက်ရောက် လာတော့ မနှင်းဆီက ဗီရိုတွေ၊ သေတ္တာတွေ ရှင်းပြန်တယ်။ ရှင်းရင်းနဲ့ ခင်ပွန်းဖြစ် သူကို အလန့်တကြားလှမ်းခေါ်တယ်။

“ အစ်ကိုရေ လာပါဦး”

ကိုဝင်းမြင့် ရောက်လာတော့ ဗီရိုကိုဖွင့်ပြပြီး ပြောလိုက်တယ်။

“ အစ်ကိုရေ အဝတ်အစားတွေ ထပ် ပျောက်ပြန်ပြီ”

ဒီပြဿနာ ပြန်ပေါ်လာပြီး သူတို့လင် မယားနှစ်ယောက် ခေါင်းခဲသွားတယ်။ မစန်းကိုလည်း ထပ်မစစ်ချင် တော့ဘူး။ မနှင်းဆီက စိတ်ရှုပ်လာတာကြောင့် မစန်း ကို ပဲခူးပြန်ပို့ဖို့တိုင်ပင်တယ်။

ကိုဝင်းမြင့်က မစန်း ခိုးမခိုး မသေချာဘဲ ပြန်မပို့စေချင် ဘူး။ မစန်းပြန်သွားရင် သူ့မိန်းမပဲ အလုပ် ပင်ပန်းမှာကို သိနေတယ်။ မနှင်းဆီလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။ နောက် ဆုံးတော့ သူအကြံတစ်ခုရသွားတယ်။

တစ် ရက်မှာ ရုံးသွားချင်ယောင်ဆောင်ပြီး နာ နတ်တောလမ်း တစ်နေရာကနေ မစန်း အခြေအနေကို စောင့်ကြည့်တယ်။ မွန်းလွဲ ချိန်လောက်မှာ အိမ်ထဲကနေ မစန်းထွက် လာတယ်။ ဘေးပတ်ဝန်းကျင်ကို ကျီးကန်း တောင်းမှောက် ကြည့်ပြီး ကြည့်မြင်တိုင် ညဈေးဘက်ကို ထွက်သွားတယ်။

မနှင်းဆီ လည်း မစန်းနောက်ကို ထက်ကြပ်မကွာ လိုက်တာပေါ့။ မစန်းက ရထားလမ်းကူးပြီး ညဈေးရောက်တော့ ညဈေးတန်းက အမျိုး သား အမျိုးသမီးတွေက မစန်းကို အတင်း ဝိုင်းခေါ်ကြတယ်။

“ ဟေ့ ဖောက်သည်ကြီး ဒီလာ”

“ ကျွန်တော်တို့ဆီလည်း လာလို့ရတယ် နော်”

ဈေးသည်တွေရဲ့ မစန်းအပေါ်ထူးခြား တဲ့ ဖော်ရွေမှုကြောင့် မနှင်းဆီ တွေးရခက် သွားတယ်။ ဒါပေမဲ့ ဇာတ်လမ်းကို လိပ် ပတ်လည်အောင် ဆက်စောင့်ကြည့်လိုက် တယ်။ မစန်းက အမျိုးသမီးတစ်ယောက်ရဲ့ ဆိုင်ထဲကို ဝင်သွားတယ်။ သိပ်မကြာခင်ပဲ မစန်းနဲ့ အဲဒီအမျိုးသမီး ပြန်ထွက်လာပြီး ညဈေးတန်း အိမ်သာ ဘက်ကို ခေါ်သွား တယ်။

ဆိုင်ကိုပြန်လာတော့ ဆိုင်ရှင်အမျိုး သမီးလက်ထဲမှာ အဝတ်အစားအထုပ်တစ် ထုပ် ပါလာတယ်။ မစန်းပြန်သွားတော့ မနှင်းဆီ တွေဝေနေသေးတယ်။

နောက် တော့ အဲဒီအဝတ်အစား အဟောင်း ဆိုင် သွားပြီး ဈေးဝယ်သူပုံစံမျိုး လေ့လာကြည့် လိုက်တယ်။ အဲဒီမှာပဲ သူ့ရဲ့အဝတ်အစား တချို့ကို တွေ့လိုက်ရ တယ်။ မနှင်းဆီက ရှေ့ကထွက်သွားတဲ့ မစန်းလက်ကို ဆွဲပြီး တစ်ခါတည်းဖမ်းရင် ကောင်းမလားလို့ စဉ်းစား သေးတယ်။

ဒါပေမဲ့ လူကြားထဲမှာ သူရှက်ပါလိမ့်မယ်ဆိုပြီး လွှတ်ပေးလိုက် တယ်။ ညဘက်ရောက်မှ ခင်ပွန်းဖြစ်သူ ကိုဝင်းမြင့်ကို အကျိုးအကြောင်း ပြောပြ လိုက်တယ်။ ကိုဝင်းမြင့်လည်း ကြားကြား ချင်း အံ့သြနေသေးတယ်။ နောက်တော့ စိတ်ဆိုးသွားပြီး ညတွင်းချင်းရှင်းဖို့ဆုံးဖြတ် လိုက်တယ်။

ဒါကြောင့် မစန်းကို ခေါ်လိုက် တယ်။ နေ့လယ်ကအဖြစ်အပျက်တွေကို အသေးစိတ် မနှင်းဆီကပြောပြ လိုက်တယ်။ အစပိုင်းမှာ မစန်းက ရှက်ရမ်း ရမ်းပြီး ဘူး ကွယ်နေသေးတယ်။ မနှင်းဆီက ဆက် သည်းမခံနိုင် တော့ဘူး။

“ ညည်းကို ငါ လက်ပူးလက်ကြပ် မဖော်ချင်ဘူး မစန်း။ အဲဒီဆိုင် ညည်းကို ခေါ်သွားပြီး စစ်ဆေးလိုက်ရင် ညည်းလည်း ဒုက္ခရောက်မယ်။ အဲဒီဆိုင်လည်း သူခိုးလက်ခံဆိုပြီး ဒုက္ခရောက်မယ်။ ဒီတော့ အမှန်အတိုင်း ပြော”

မစန်းက မပြောဘဲ မျက်ရည်တွေကျ နေတယ်။ ကိုဝင်းမြင့်ကတော့ မစန်းကို ကြည့်ပြီး စိတ်ပျက်နေပြီ။ ဒီတော့ စကား ကို အပြတ်ပြောချလိုက်တယ်။

“ ရှုပ်တယ်ဟာ ငါတို့လည်း ဒီလောက် ဆို အကြောင်းစုံသိပြီ။ အဲဒီတော့ နင်ရသင့် ရထိုက်တဲ့လခကို ပေးလိုက်မယ်။ နင်ဒီမှာ ဆက်မနေနဲ့တော့”

ကိုဝင်းမြင့်စကားလည်း ဆုံးရော မစန်း က ချုံးပွဲချငိုတယ်။ သူ့မှာ နေမကောင်း ဖြစ်နေတဲ့ အမေအိုရှိနေလို့ အလုပ်မဖြုတ် ပါနဲ့လို့ တောင်းပန်တယ်။

ဒါပေမဲ့ ကိုဝင်း မြင့်က ရှုပ်ရှုပ်ယှက်ယှက်တွေ မကြိုက်ဘူး။ ဒီလို ခိုးတတ်ဝှက်တတ်တဲ့ အကျင့်စာရိတ္တ ရှိသူကို အိမ်တစ်အိမ်လုံး အပ်ထားရမှာကို လည်း ဝန်လေးတယ်။

အခုတောင် အဝတ် အစားလောက်ပဲ ပျောက်တာမို့လို့ ရုံး ရောက် ဂါတ်ရောက် မဖြစ်တာ။ တန်ဖိုး ကြီးတဲ့ ရတနာပစ္စည်းတွေ၊ ငွေတွေသာ ပျောက်ရင် ဒီထက် ပြဿနာကြီးမှာကို ကြိုတင် မြင်ယောင်နေတယ်။

ဒါကြောင့် မစန်းဘယ်လိုပဲအသနားခံခံ ကိုဝင်းမြင့်က လက်မခံဘူး။ ပဲခူးပြန်ဖို့ကိုပဲ ပြောနေ တယ်။ အဲဒီအချိန်မှာ မစန်းက ကိုဝင်းမြင့်နဲ့ မနှင်းဆီတို့နှစ်ယောက်လုံးကို လက်အုပ်ချီ ကန်တော့ပြီး သူ့ကိုခွင့်လွှတ်ဖို့ ထပ်ပြော တယ်။

ဒါပေမဲ့ မနှင်းဆီက စိတ်ဆိုးဒေါသ ထွက်လာလို့ ခါးခါးသီးသီး ငြင်းလိုက် တယ်။

“ တော်ပြီ မစန်း၊ မနက် ပဲခူးပြန်ဖို့ အဝတ်အစားတွေ သိမ်းတော့”

မနှင်းဆီစကားဆုံးဆုံးချင်းမှာပဲ မစန်း က ဝုန်းခနဲ မတ်တတ်ထရပ်လိုက်တယ်။ သူ့မျက်နှာကလည်း ခုနက တိုးလျှိုးတောင်း ပန်နေတဲ့မျက်နှာမျိုးမဟုတ်တော့ဘဲ ဒေါသ ကြောင့် မျက်လုံးတွေက မီးဝင်းဝင်းတောက် နေတယ်။ ပြီးတော့ မနှင်းဆီကို ပြန်ပြီး အော်လိုက်တယ်။

“ အစ်မက ကျွန်မ ဒီလောက်တောင်း ပန်နေတာတောင် မကျေနပ်ဘူးပေါ့ ဟုတ် လား။ ကောင်းပြီလေ၊ ဒါဆို ကျွန်မအ ကြောင်းပြရတာပေါ့။ မနက်ဖြန်အထိလည်း အစ်မတို့အိမ်မှာ မနေပါဘူး။ အခု အဝတ် အစားသိမ်းပြီး ပြန်မှာပါ”

စကားဆုံးဆုံးချင်း မစန်းက ဝုန်းဒိုင်း ကျဲပြီး သူတို့ရှေ့ကထွက်သွားတယ်။ မစန်း ရဲ့ အပြုအမူကြောင့် မနှင်းဆီနဲ့ ကိုဝင်းမြင့် တို့လည်း အံ့အားသင့်ပြီး ကျန်ရစ်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ မပြင်တော့ဘူး။

နောက်ထပ် အကျင့်စာရိတ္တကောင်းတဲ့ အိမ်အကူတစ်ယောက်ရအောင် ရှာဖို့ကိုပဲ စိတ်ကူးထားတယ်။

မစန်းက သူ ပြောထားတဲ့စကားအတိုင်း ညတွင်းချင်းပဲ အဝတ်အစားတွေ ထုပ်ပိုးပြီး ကိုဝင်းမြင့်နဲ့ မနှင်းဆီအိမ်ပေါ်ကနေ ဆင်းသွားတယ်။ ညဘက် ဘယ်ကိုသွားနေမလဲဆိုတာ မသိ ပေမယ့် သူ့ကိုလည်း မေးမနေတော့ဘူး။

မစန်းထွက်သွားတော့ မနှင်းဆီနဲ့ ကိုဝင်းမြင့်လည်း တစ်ယောက် မျက်နှာတစ်ယောက် ကြည့်နေကြတယ်။ မနှင်းဆီက ကိုဝင်းမြင့် ကို နှစ်သိမ့်ဖျောင်းဖျ တဲ့အနေနဲ့ လက်ကို ကိုင်လိုက်ရင်း ပြောတယ်။

“အရမ်းလည်း စိတ်ညစ်မသွားပါနဲ့ အစ်ကိုရယ်။ မနက်ဖြန် နှင်းဆီကိုယ်တိုင် ဈေးသွားပြီး အစ်ကို့ကို ဟင်းချက်ကျွေးပါ့ မယ်”

“ရပါတယ် နှင်းဆီရယ်။ အိမ်အလုပ်တွေ အစ်ကိုကူမှာပေါ့။ နောက်ထပ် အိမ်ဖော် မရမချင်း ဝိုင်းလုပ် ပေးနိုင်ပါတယ်”

ဒီလိုနဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဖေးမရင်း ညသန်းခေါင်ကျော် တော့ အိပ်ပျော် သွားကြပါတယ်။ ညဘက် က ပြဿနာတွေရှင်းနေရတဲ့အတွက်ကြောင့် အိပ်ရာဝင် နောက်ကျလို့လား မသိဘူး။

မနက်ရောက်တော့ မနှင်းဆီရော ကိုဝင်း မြင့်ရော တော်တော်နဲ့ မနိုးကြသေးဘူး။ အဲဒီအချိန်မှာပဲ အိမ်တံခါး ခေါက်သံ ပေါ် လာတယ်။

ကြမ်းကြမ်းတမ်းတမ်း ခေါက် နေတာကြောင့် ကိုဝင်းမြင့်လည်း အိပ်မှုန် စုံမွှားနဲ့ တံခါးထဖွင့်ပေးလိုက်တယ်။ အိမ် ရှေ့မှာ ရောက်နေသူတွေကိုကြည့်ပြီး သူ ကြက်သေသေသွားတယ်။

ရောက်နေတဲ့ သူတွေကတော့ ရဲအရာရှိနဲ့ ရဲသားတချို့ ရယ်၊ ရပ်ကွက်လူကြီးတချို့ရယ် ဖြစ်ပါ တယ်။ ကိုဝင်းမြင့်က ယောင်တိယောင်နနဲ့ အိမ်ထဲ ဖိတ်ခေါ်လိုက်တယ်။ ပြီးတော့မှ မေးလိုက်တယ်။

“ ဘာကိစ္စရှိပါသလဲ ခင်ဗျာ”

ရဲအရာရှိက ကိုဝင်းမြင့်ကိုကြည့်ပြီး သေချာအောင် လှမ်းမေးတယ်။

“ ဒီက နောင်ကြီးက ကိုဝင်းမြင့်ဆိုတာ လား”

“ ဟုတ်ပါတယ်ခင်ဗျာ”

ရဲအရာရှိက အားနာနေပုံ ရပေမယ့် အိတ်ထဲက လက်ထိပ်ကို ထုတ်ယူလိုက် တယ်။

“ အားနာပါတယ်ဗျာ။ နောင်ကြီးကို အမျိုးသမီးတစ်ယောက်က မုဒိမ်းမှု နဲ့ အမှု ဖွင့်ထားလို့ လာခေါ်တာပါ”

ရဲအရာရှိစကား ဆုံးတဲ့အခါမှာတော့ ဒီအဖြစ်အပျက်ကို မယုံကြည်နိုင်ပုံနဲ့ မနှင်းဆီက စူးစူးဝါးဝါးထ အော်တယ်။ ဒီလိုအမှု ဆိုတာ ရပ်ကွက်ထဲကလို ဖြေရှင်းရတဲ့အမှု မျိုးမဟုတ်ဘဲ စခန်းရောက်မှ ရှင်းရလင်းရ တဲ့ အမှုမျိုး ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဥပဒေအရ မုဒိမ်းမှုလိုမျိုးဟာ အမှုကြီး အမျိုးအစားထဲမှာ ပါဝင်နေပါတယ်။

အဆုံးမှာတော့ ကိုဝင်းမြင့်ကို လက် ထိပ်ခတ်လိုက်တဲ့အချိန် မနှင်းဆီကတော့ မြေကြီးပေါ်ပစ်လဲသွားပြီး ပဒါမြေလူး ဖြစ်သွားပါတော့တယ်။

ဆက်လက် ဖော်ပြသွားပါမည်…

Credit – ဇော်သက်ထွေး

ပြီးခဲ့သော အခန်းဆက်များ ဖတ်ရှုလိုပါက အောက်တွင် မိမိဖတ်လိုသောအပိုင်းကို နှိပ်လိုက်ပါ….

” အင်းစိန်ထောင် အတွင်း မှ ပရလောကသားများ ” ( ဖြစ်ရပ်မှန် အပိုင်း – ( ၁၂ ) )

Add a Comment

Your email address will not be published. Required fields are marked *