” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၄ ) )

” ေထာင္ဗူးဝ လမ္းမေပၚ မွာ က်ိန္စာသင့္ခဲ့ ေလေသာ မႏွင္းဆီ ”

အိမ္ မွာ မႏွင္းဆီလဲက် က်န္ရစ္ခဲ့ေပမယ့္ ကိုဝင္းျမင့္ကေတာ့ ေလာေလာ ဆယ္ ရဲေတြ ရဲ႕ဖမ္းဆီးေ ခၚေဆာင္ သြားျခင္းကို ခံခဲ့ရပါတယ္။ ကိုဝင္းျမင့္က အိမ္ေဖာ္မစန္းကို မုဒိမ္းမႈက်ဴး လြန္တယ္၊ မက်ဴးလြန္ဘူးဆိုတာ ကို အဲဒီေခတ္က ဓာတုေဗဒနည္းအရ စစ္ေဆးဖို႔ဆိုတာ ခ်က္ခ်င္းလက္ငင္း အဆုံးအျဖတ္ မေပးနိုင္ပါဘူး ။ အခ်ိန္လည္းေပးရ ပါတယ္ ။ မစန္းဟာ မုဒိမ္းမႈ တကယ္ က်ဴးလြန္ခံရျခင္းရွိမရွိ မႈခင္းဆရာဝန္ရဲ႕ စစ္ေဆးမႈ ကလည္း လိုအပ္ေနျပန္ပါတယ္။ ဒီလိုအေျခအေနက ကိုဝင္းျမင့္ကို သံတိုင္ရဲ႕ေနာက္ကြယ္ ပို႔လိုက္ မယ့္ ဇာတ္လမ္းပါ။

တစ္သက္လုံး ရိုးရိုးသားသား ေန ထိုင္ခဲ့တဲ့ ကိုဝင္းျမင့္ရဲ႕သတင္းကို ၾကား ေတာ့ သူ႕ရဲ႕မိတ္ေဆြအေပါင္း အသင္းေတြ က မယုံၾကည္ၾကပါဘူး။ ဒါဟာ တမင္သက္သက္ ခြင္ဆင္ခံရတယ္ လို႔လည္း ေဝဖန္မွတ္ခ်က္ ေပးၾကပါ တယ္။ဒါေပမဲ့ ကိုဝင္း ျမင့္ကေတာ့ စမ္းေခ်ာင္း ရဲစခန္း မွာႏ 2 ရက္ သာေနရၿပီး ေသာၾကာေန႕ ညေနမွာ ေတာ့ အင္းစိန္ေထာင္ႀကီး ကို ပို႔ေဆာင္ျခင္း ခံလိုက္ ရပါ တယ္။

ကိုဝင္းျမင့္ေရာက္သြားတဲ့ေနရာ ကေတာ့ အင္းစိန္ေထာင္က အခ်ဳပ္သား ေတြကိုထားတဲ့ အမွတ္ ၁ အိပ္ေဆာင္ ျဖစ္ပါတယ္။ အဲဒီအခ်ိန္က ၁ ေဆာင္ဟာ ႏွစ္ထပ္ျဖစ္ၿပီး အေပၚမွာ ေလးခန္း၊ ေအာက္ မွာေလးခန္း ရွိပါတယ္။ဒီအေဆာင္မွာ အခ်ဳပ္သား တစ္ေထာင္ေက်ာ္ ရွိေနပါ တယ္။ ေထာင္ဆိုတာ မိမိနဲ႕ ဘယ္လိုမွ ပတ္သက္ ဆက္စပ္ျခင္း မရွိနိုင္ဘူးလို႔ ေတြး ထင္ခဲ့တဲ့ ကိုဝင္းျမင့္ခမ်ာ အင္းစိန္ေထာင္ ႀကီးထဲကို နဖူးေတြ႕ဒူးေတြ႕ ေရာက္ လာေတာ့ ေျခေတြတုန္၊ လက္ေတြတုန္ၿပီး ေသြးလန႔္ ေခ်ာက္ခ်ားလ်က္ရွိပါတယ္။

နယ္ပယ္စုံက မိုက္ေပ့ ဆိုတဲ့ မတစ္ေထာင္ သားေတြ စုေဝးရာေနရာျဖစ္ သလို အက်ဥ္းေထာင္ ရဲ႕ စနစ္အရ အက်ဥ္းသားေတြကို အက်ဥ္း သားေတြနဲ႕ ျပန္လည္အုပ္ခ်ဳပ္ခိုင္းတဲ့အတြက္ ေၾကာင့္ ရက္စက္ၾကမ္းတမ္းမႈေတြ အျပည့္ရွိေန ပါတယ္။

မိမိမ်က္စိေရွ႕မွာပဲ အေပၚ အက်ီခြၽတ္ထားတဲ့ အက်ဥ္းသားေတြ ကို သေရခါးပတ္ျပားနဲ႕ တ႐ြမ္း႐ြမ္း ရိုက္ေနတာ ကို ျမင္ရေတာ့ ေရာမေခတ္က သုံ႕ပန္းေတြကို ညဥ္းပန္းေနတဲ့ ႐ုပ္ရွင္ေတြကို ျပန္ သတိရ မိတယ္ ။

ကူရာမဲ့ကယ္ရာမဲ့ ျဖစ္ေနတဲ့ ကိုဝင္းျမင့္ရဲ႕ တုန္လႈပ္ေခ်ာက္ခ်ားေန တာေတြကို သတိျပဳမိသြားတာ ကေတာ့ ရန္ကုန္ၿမိဳ႕က ေသာ့ဝိဇၨာ ေထာင္ဂ်ပိဳးလူလိမ္ ေက်ာ္ျမင့္ပဲျဖစ္ပါတယ္။

လူလိမ္ေက်ာ္ျမင့္ က ၁ ေဆာင္ ၃ ခန္းမွာ အခန္းလူႀကီးျဖစ္ ေနေတာ့ ကိုဝင္းျမင့္ကို ဘာအလုပ္လုပ္ သလဲ ေမးတယ္။

ကိုဝင္းျမင့္ကို ဆက္သြယ္ေရး႐ုံးက စာေရးႀကီးမွန္း သိသြားေတာ့ ခ်က္ခ်င္းပဲ သူ႕အခန္းစာေရး အျဖစ္ ခန႔္ လိုက္တယ္။

ဘာပဲေျပာေျပာ ၁ ေဆာင္မွာ တျခားအလုပ္ၾကမ္းေတြ လုပ္ရတာထက္ စာရင္ အခန္းစာေရးဆိုေတာ့ ေတာ္ေသး တာေပါ့။ ၿပီးေတာ့ သူနဲ႕အတူ တူ စားခိုင္း တဲ့အတြက္ စာေရး ေသာက္ေရးလည္း ေျပလည္သြားတယ္။

ကိုဝင္းျမင့္ကေတာ့ ေထာင္ေရာက္စမွာ မွိုင္မွိုင္ေတြေတြ ျဖစ္ ေနတယ္။ ႐ုံးမထုတ္ေသးေတာ့ ဇနီးျဖစ္တဲ့ မႏွင္းဆီနဲ႕လည္း မေတြ႕ရေသးဘူး။

အမႈ အေျခအေနက ဘယ္လိုမွန္းလည္း မသိရ ေသးဘူး။ ေက်ာ္ျမင့္ကေတာ့ ကိုဝင္းျမင့္ အမႈအေျခအေနကို ေမးျမန္းၾကည့္ၿပီး ကို ဝင္းျမင့္ဟာ တကယ္ မစန္းကိုမက်ဴးလြန္ ဘူးဆိုတာ ခ်က္ခ်င္းသိသြားတယ္။

ဒါ ေၾကာင့္ ကိုဝင္းျမင့္ကို ဘာမွစိတ္မပူဖို႔ အားေပးႏွစ္သိမ့္တယ္။ ဘယ္လိုပဲေျပာေျပာ ေက်ာ္ျမင့္က ကိုဝင္းျမင့္ရဲ႕ စိတ္ေသာ က ေတြကိုေတာ့ ေျဖေဖ်ာက္ေပးနိုင္ျခင္း မရွိ ပါဘူး။ ဒီလိုနဲ႕ ကိုဝင္းျမင့္ ႐ုံးထြက္ေန႕ကို ေရာက္လာတယ္။

စမ္းေခ်ာင္းတရား႐ုံးကို ႐ုံးထြက္ရ ေတာ့ အင္းစိန္ေထာင္ဗူးဝႀကီးေရွ႕ကေန ရဲကားအျပာႀကီးနဲ႕ အခ်ဳပ္သားေတြ စုၿပီး စီးရတယ္။ တစ္ေယာက္ခ်င္းစီကို လက္ ထိပ္မခတ္နိုင္တဲ့အတြက္ ႀကိဳးအရွည္ႀကီး တစ္ေခ်ာင္းနဲ႕ ရဲေတြက အခ်ဳပ္သားတစ္ ေယာက္စီကို ႀကိဳးခ်ည္ၿပီး တြဲထားတယ္။ တကယ့္ကို တိရစ္ၦာန္သာသာပါပဲ။

ကိုယ့္ ဘ၀ အေျခအေနကိုၾကည့္ၿပီး ဝမ္းနည္းေန ေပမယ့္ ဒါဟာ အတိတ္ဘ၀၀ဋ္ေႂကြးလို႔ပဲ ကိုဝင္းျမင့္တစ္ေယာက္ ႏွလုံ းသြင္းလိုက္ပါ တယ္။ တရား႐ုံးေရာက္ရင္ ဇနီးျဖစ္သူ မႏွင္းဆီနဲ႕ ေတြ႕ရမွာဆိုေတာ့ ရင္ထဲ မွာ အားအင္ေတြျပည့္ လာတယ္ ။

စမ္းေခ်ာင္းတရား႐ုံးလည္း ေရာက္ေရာ မႏွင္းဆီနဲ႕ အိမ္နီးနားခ်င္း မိတ္ေဆြ ေတြအားလုံး ေစာင့္ေနတာ ေတြ႕လိုက္ရ တယ္။ မႏွင္းဆီက လူေတြကိုႀကိဳးတန္း လန္းခ်ည္ၿပီး ေခၚလာတဲ့အထဲမွာ ခင္ပြန္း ျဖစ္သူကို ေတြ႕ရေတာ့ မခ်ိတင္ကဲျဖစ္သြား တယ္။

ထိန္းထားတဲ့ၾကားက မ်က္ရည္ေတြ တသြင္သြင္က် လာတယ္ ။ ယိုင္လဲမသြားေအာင္ ပါလာတဲ့အမ်ိဳးသမီးအေဖာ္ေတြက ေဖးမထားရတယ္။ ကိုဝင္းျမင့္လည္း ဇနီး ျဖစ္သူကို ေတြ႕ေတြ႕ခ်င္း ရင္ထဲမွာ ဆို႔နင့္ လွိုက္လဲၿပီးစကားမဆိုနိုင္ဘူး။ တစ္ေယာက္ ကိုတစ္ေယာက္ ဝမ္းနည္းပက္လက္ အျပန္ အလွန္ ၾကည့္ေနၾကတယ္။

မႏွင္းဆီရဲ႕ လက္ထဲမွာေတာ့ ကိုဝင္းျမင့္စားဖို႔၊ ေဆး ေတြ၊ အစားအေသာက္ အထုပ္ေတြ ကိုင္ ထားတယ္။ တရား႐ုံးက ကိုဝင္းျမင့္ရဲ႕အမႈကို စြဲခ်က္တင္သင့္မတင္သင့္ ရဲစခန္းရဲ႕ အမႈ တြဲတင္ျပခ်က္ကို ေလ့လာၿပီး ဆုံးျဖတ္မွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ဆိုရွယ္လစ္ေခတ္ရဲ႕ တရားစီရင္ေရး သေဘာတရားအတိုင္း အရမ္းေႏွးေကြးေနပါတယ္။

ကိုဝင္းျမင့္ကို တရား႐ုံးက မေခၚခင္မွာ မႏွင္းဆီနဲ႕ ခဏ တာ ေတြ႕ရတယ္။ ကိုဝင္းျမင့္က မႏွင္းဆီ ကို ေတြ႕ေတြ႕ခ်င္း စကားတစ္ခြန္း ဆီးေျပာ လိုက္တယ္။

“ ႏွင္းဆီ …မစန္းကို အစ္ကို စိတ္ နဲ႕ေတာင္ မျပစ္မွားဖူးဘူး”

ကိုဝင္းျမင့္စကားဆုံးဆုံးခ်င္း မႏွင္းဆီ က ငိုလိုက္ျပန္တယ္။ ၿပီးေတာ့ ေခါင္းညိတ္ ျပတယ္။

“ ယုံတယ္အစ္ကို၊ ညီမတို႔ အိမ္ေထာင္ သက္တမ္းတစ္ေလွ်ာက္မွာ အစ္ကို႔စိတ္ကို ညီမအသိဆုံး။ ဒါတမင္သက္သက္ ေထာင္ ေခ်ာက္ဆင္ခံရတာ”

မႏွင္းဆီက ေျပာလည္းေျပာ ငိုလည္း ငိုရင္း ကိုဝင္းျမင့္ကို ဖက္ထားတယ္။ ကို ဝင္းျမင့္က ရဲေတြေရာ၊ အျခားသူစိမ္းေတြ ေရာ ဝိုင္းၾကည့္ေနေတာ့ ရွက္ကိုးရွက္ကန္း ျဖစ္ေနတယ္။

ဒါေၾကာင့္ ကိုဝင္းျမင့္က ေထာင္ထဲမွာေနရတာ အဆင္ေျပေၾကာင္း သူ႕အတြက္ဘာမွမပူဖို႔ စကားလမ္းေၾကာင္း လႊဲရင္း ဇနီးသည္ ကိုေျပာပါတယ္။ မႏွင္းဆီ ကေတာ့ ကိုဝင္းျမင့္မ်က္ႏွာကို မခ်ိတင္ကဲ ေသခ်ာ စူးစိုက္ၾကည့္ေနရင္းက –

“ ပိန္သြားလိုက္တာ အစ္ကိုရယ္။ ေထာင္ထဲမွာ အဆင္ေျပတယ္ဆိုတာ မႏွင္း ဆီ စိတ္ခ်မ္းသာေအာင္ တမင္ေျပာတာ မဟုတ္လား”

“ တကယ္အဆင္ေျပပါတယ္။ ကို ေက်ာ္ျမင့္ဆိုတဲ့ ဆရာႀကီးတစ္ေယာက္က အစ္ကို႔ကို ၾကည့္ရႈေစာင့္ေရွာက္ ထားေတာ့ စားရေသာက္ရတာလည္း ေကာင္းတယ္”

ကိုဝင္းျမင့္ စကားအဆုံးမွာ မႏွင္းဆီ က ခ်ဳံးပြဲခ် ငိုခ်လိဳက္ျပန္တယ္။ သူတို႔ကို ေဘးကလူေတြေရာ၊ ရဲေတြေရာ ဝိုင္းၾကည့္ ေနၾကတယ္။ အေဖာ္ပါလာတဲ့သူေတြက မႏွင္းဆီ တက္မသြားေအာင္ ေျဖသိမ့္ၿပီး ရႈေဆးေတြေပး၊ လက္ေတြခ်ိဳး လုပ္ေပးေနရ တယ္။ မႏွင္းဆီက ငိုသံႀကီးနဲ႕ ဆက္ေျပာ တယ္။

“ အစ္ကိုေထာင္ထဲေရာက္ရတာ ႏွင္းဆီ ေၾကာင့္၊ ဘာလို႔လဲဆိုေတာ့ မစန္းကို တစ္ ရက္ ႏွစ္ရက္ေလာက္ အိမ္မွာေနခြင့္ေပး လိုက္ရင္ သူစိတ္ဆိုးမွာမဟုတ္ဘူး။ အဲဒါ ဆိုရင္ အစ္ကို႔ကိုလည္း ရန္ရွာမွာမဟုတ္ ဘူး”

မႏွင္းဆီ အခုလို ဥပဒါန္စြဲသြားတာ မ်ိဳးကို ကိုဝင္းျမင့္အေၾကာက္ဆုံးပါပဲ။ သူ႕ မိန္းမဟာ တကယ့္ကိုစိတ္ႀကီးၿပီး သူ႕အေပၚ ကို နစ္နစ္နဲနဲခ်စ္တယ္ဆိုတာ ေသခ်ာသိ ထားတယ္။ ဒီ ဥပါဒါန္ေၾကာင့္ မႏွင္းဆီ က်န္းမာေရး တစ္စုံတစ္ရာ ထိခိုက္သြားမွာ ကိုလည္းစိုးရိမ္တယ္။

ကုသိုလ္ကံအေၾကာင္း မလွလို႔ အခုလိုျပႆနာနဲ႕ ႀကဳံေတြ႕ေနရ ေပမယ့္ အျဖစ္မွန္ဟာ တစ္ေန႕ေတာ့ ေပၚ ေပါက္လာမယ္ဆိုတာကို သိေနပါတယ္။ ေနာက္ေတာ့ တရား႐ုံးက ကိုဝင္းျမင့္ကို ေခၚတယ္။

မႏွင္းဆီတို႔က ကိုဝင္းျမင့္ အတြက္ ေရွ႕ေနတစ္ဦး ငွားေပးထားတယ္။ ဒါေပမဲ့ တရား႐ုံးက ဘာမွမဆုံးျဖတ္ဘဲ ေနာက္တစ္ပတ္ခ်ိန္းလိုက္ျပန္တယ္။ ေရွ႕ေန ႀကီးကေတာ့ အမႈအေျခအေနကိုၾကည့္ၿပီး လြတ္ကိုလြတ္မယ္လို႔ အာမခံလိုက္ပါ တယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ကိုဝင္းျမင့္ခမ်ာ အင္းစိန္ ေထာင္ထဲကို ရမန္ႀကီးတစ္ပတ္ ျပန္ဝင္ရဦးမွာေပါ့။ ရမန္ႀကီးတစ္ပတ္ဆို တာ ၁၄ ရက္ရွိပါတယ္။ ဒီသတင္းလည္း ၾကားေရာ မႏွင္းဆီက ပြဲၾကမ္းေတာ့တာပါပဲ။

အျပစ္မရွိတဲ့ သူ႕ေယာက္်ားကို အင္းစိန္ ေထာင္ ျပန္ေခၚသြားမယ္လည္း လုပ္ေရာ ရဲေတြလက္ထဲကေန လိုက္ဆြဲေတာ့တာ ပါပဲ။

ရဲေတြကလည္း အဲဒီလိုေတာ့ လုပ္လို႔ မရဘူးဆိုၿပီး မႏွင္းဆီကို တြန္းထုတ္တယ္။ ပထမေတာ့ျဖည္းျဖည္း သက္သာပဲ။ ေနာက္ ေတာ့ မႏွင္းဆီကၾကမ္းလာလို႔ ေစာင့္တြန္း ထုတ္လိုက္တယ္။ မႏွင္းဆီလည္း တရား႐ုံး ေရွ႕မွာ လဲက်သြားတယ္။

ဒီအျဖစ္အပ်က္ကို တရား႐ုံးကို ေရာက္ေနတဲ့လူေတြက စိတ္ ဝင္စားၿပီး ဘုရားပြဲလို ဝိုင္းၾကည့္ေနၾက တယ္။

ကိုဝင္းျမင့္ကေတာ့ ရွက္လြန္းလို႔ ေခါင္းကိုငုံ႕ထားတယ္။ ရဲကားေပၚတက္ ေတာ့ ကားအေပါက္ေလးကေန သူ႕ဇနီးျဖစ္ တဲ့ မႏွင္းဆီအေျခအေနကို အလုအယက္ တိုးေဝွ႕ၾကည့္တယ္။ မႏွင္းဆီကို အိမ္နီးခ်င္း ေတြက ေဖးမထားတယ္။

မႏွင္းဆီကေတာ့ သူ႕အမည္ကို အသံအက်ယ္ႀကီး ေအာ္ေခၚ ေနတယ္။ ကိုဝင္းျမင့္စိတ္ထဲမွာ အခ်ဳပ္ ကားကို ျမန္ျမန္သြားပါေတာ့လို႔ ေတြးေနမိ တယ္။

သူ႕မိန္းမရဲ႕ျမင္ကြင္းကို ဆက္မၾကည့္ ရက္ေတာ့ဘူး။ လက္ထဲမွာေတာ့ မႏွင္းဆီ ေပးလိုက္တဲ့ ေထာင္ဝင္စာ အထုပ္ကို တင္း တင္းၾကပ္ၾကပ္ ကိုင္ထားတယ္။

ကိုဝင္းျမင့္ ခမ်ာ ထိန္းခ်ဳပ္ထားတဲ့ၾကားက သူ႕လက္ခုံနဲ႕ ေထာင္ဝင္စာထုတ္ေပၚကို မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္က်လာတယ္။ သူတို႔ဘ၀ ကံၾကမ`ၼာဆိုးလွခ်ည့္လို႔ ေတြးမိလိုက္တယ္။

အင္းစိန္ေထာင္ထဲ ျပန္ဝင္ရေတာ့ ခံစား ခ်က္ေတြက ထုံက်ဥ္ေနတယ္။ ကိုဝင္းျမင့္ ရဲ႕ အေျခ အေနကိုၾကည့္ၿပီး လူလိမ္ဝိဇၨာ ေက်ာ္ျမင့္က စိတ္မေကာင္းျဖစ္ေနတယ္။ ေနာက္ဆုံး စိတ္လႊတ္လိုက္ၿပီး ကိုဝင္းျမင့္ တစ္ေယာက္ ခ်ဳံးပြဲခ်ငိဳမိတယ္။

အဲဒီအခ်ိန္မွာ မထင္မွတ္တဲ့ အျဖစ္ အပ်က္တစ္ခုကလည္း ျဖစ္ပ်က္သြားတယ္။ တရား႐ုံးေရွ႕မွာ က်န္ရစ္ခဲ့တဲ့ မႏွင္းဆီ လက္ထဲမွာ ေသြးတိုးေရာဂါရွိတဲ့ ခင္ပြန္း သည္အတြက္ ေသာက္ရမယ့္ေဆးထုပ္ က်န္ရစ္ခဲ့တယ္။

ဒါေၾကာင့္ ေထာင္လိုက္ ေပးမယ္ဆိုၿပီး မိတ္ေဆြေတြ တားဆီးေနတဲ့ ၾကားက သူ႕ေယာက္်ားရွိတဲ့ အင္းစိန္ေထာင္ ကို လိုက္သြားမယ္ဆိုၿပီး ဇြတ္ထြက္သြား တယ္။

ဘယ္သူမွမတားလိုက္နိုင္ဘူး။ ဒီလို နဲ႕ အင္းစိန္ေထာင္ဗူးတံခါး ေရွ႕ကို ေရာက္ သြားတယ္။ မႏွင္းဆီက ဗူးတံခါးေရွ႕မွာရွိ ေနတဲ့ အက်ဥ္းဦးစီးဝန္ထမ္းေတြကို ေမး ျမန္းၿပီး သူ႕ခင္ပြန္း ကိုဝင္းျမင့္အတြက္ ေဆးထုပ္ေလးေပးခ်င္လို႔ အသနားခံတယ္။

ဒါေပမဲ့ စုံစမ္းၾကည့္ေတာ့ လူေပါင္း ေထာင္ခ်ီ ရွိေနတဲ့ အင္းစိန္ေထာင္ထဲမွာ ကိုဝင္းျမင့္ကို ဘယ္လိုရွာရမွန္း မသိေတာ့ဘူး။

၀န္ ထမ္းေတြက ကိုဝင္းျမင့္နာမည္နဲ႕ ဘယ္ အေဆာင္မွာေနလဲ ေမးေတာ့လည္း မႏွင္း ဆီက မေျဖတတ္ဘူး။ ေထာင္ဝါဒါ ေတြဆီက စမ္းေခ်ာင္းတရား႐ုံး လမ္းေၾကာင္းကား ျပန္လာၿပီး ကိုဝင္းျမင့္တို႔ အခ်ဳပ္သားေတြက ေထာင္ထဲကို ျပန္ဝင္သြားၿပီဆိုတာပဲ သိ လိုက္ရတယ္။ မႏွင္းဆီကေတာ့ ေထာင္ ေရွ႕မွာ သူ႕ေယာက္်ားနာမည္ကို တဖြဖြေခၚ ၿပီး ငိုယိုေနတာေပါ့။

ဒါေပမဲ့ အက်ဥ္းဦးစီး ဝန္ထမ္းေတြ ဆိုတာ ဒီလိုျမင္ကြင္းမ်ိဳး၊ ဒီလိုအျဖစ္အပ်က္ မ်ိဳးကို ျမင္ေနက်ဆိဳေတာ့ မႏွင္းဆီကိုထူးၿပီး စာနာမေနနိုင္ေတာ့ဘူး။

ဒီလိုပဲ ခံစားခ်က္ မဲ့တဲ့ မ်က္ႏွာေတြနဲ႕ မကူညီဘဲ ၾကည့္ေန ၾကတယ္။ အေတာ္ၾကာေတာ့မွ မႏွင္းဆီ လည္း ေမာသြားလို႔ ထင္ပါရဲ႕။ စိတ္ေလွ်ာ့ လိုက္ၿပီး ေထာင္ဗူးတံခါး ေရွ႕ကေန အင္း စိန္လမ္းမႀကီးရွိရာ ေထာင္ဂိတ္ကို ထြက္ သြားတယ္။

“ ကံဆိုးမသြားေလရာ မိုးလိုက္ လို႔႐ြာ” ဆိုတဲ့ စကားပုံဟာ အလကားေပၚ ခဲ့တာမဟုတ္ဘူးဆိုတာ မႏွင္းဆီရဲ႕ ဘ၀ ဇာတ္သိမ္းကိုျမင္ေတာ့မွ ေသခ်ာနားလည္ ခဲ့ပါတယ္။

ေထာင္ဗူးေရွ႕လမ္းမႀကီးအတိုင္း လမ္းေလွ်ာက္လာ တဲ့ မႏွင္းဆီကို ေထာင္ ရိကၡာဆန္အိတ္ေတြ တင္လာတဲ့ တီအီးကား ႀကီးက ေနာက္ကေန ႐ုတ္တရက္ ျဖတ္ တိုက္လိုက္ေတာ့တယ္။ တီအီးကားႀကီးက မတိုက္မိခင္မွာ ဟြန္းတီးပါေသးတယ္။

ေယာက္်ားအပူမိေနတဲ့ မႏွင္းဆီက ကား ဟြန္းသံကိုမၾကားလိုက္မိဘူး။ ကားကလည္း အရွိန္ပါေတာ့ ေဘးကိုဆြဲခ်လိဳက္ေပမယ့္ မမီေတာ့ဘူး။

တိုက္လိုက္တဲ့အရွိန္ေၾကာင့္ မႏွင္းဆီ လႊင့္သြားၿပီး ကတ္ၱရာလမ္းမေပၚ မွာ သုံးေလးပတ္လိမ့္ ထြက္သြားတယ္။ ကတ္ၱရာလမ္းနဲ႕ ဦးေခါင္း ေဆာင့္မိသြားၿပီး လမ္းေပၚမွာ ေသြးေတြဒလေဟာထြက္လာ တယ္။

ျဖစ္ျဖစ္ခ်င္း ေဘးနားမွာရွိေနတဲ့ လူေတြ ကူညီဖို႔ေျပးလာၾကပါတယ္။ ဒါေပမဲ့ မႏွင္းဆီကို စစ္ၾကည့္ေတာ့ အသက္ မရွိေတာ့ဘူး။ ဘယ္ကမွန္းလဲမသိ၊ ဘယ္သူ မွန္းလဲမသိေတာ့ ေထာင္လည္း ေတာ္ေတာ္ အလုပ္ရႈပ္သြားတယ္။

ဒီအျဖစ္အပ်က္ေတြကို ေထာင္ထဲမွာ ရွိတဲ့ ကိုဝင္းျမင့္က မသိရွာဘူး။ ႐ုံးထြက္မွာ ဇနီးသည္ မႏွင္းဆီေပးလိုက္တဲ့ ေထာင္ဝင္ စာထုပ္ေလးကို ဖြင့္ၾကည့္လိုက္ေတာ့ သူ စားဖို႔ ဗာလေခ်ာင္ေၾကာ္ေတြ၊ ငါးပိေၾကာ္ ေတြ၊ သရက္သီး သနပ္ေတြအျပင္ သူ ည ဘက္ဆိုရင္ ျမည္းေလ့ရွိတဲ့ ငါးရံေျခာက္ ဖုတ္နဲ႕ လက္ဖက္ထုပ္ေလးေတြပါ ေတြ႕လိုက္ရ ေတာ့ ထပ္ၿပီးရင္ထဲမွာစို႔သြားတယ္။

အထုပ္ေလးေတြကို မေျဖနိုင္ေသးဘဲ လက္ ေတြတုန္ေနတယ္။ ကိုေက်ာ္ျမင့္က ကိုဝင္း ျမင့္ရဲ႕ခံစားခ်က္ကို နားလည္သေဘာေပါက္ ပုံနဲ႕ ပခုံးဖက္ၿပီး အားေပးလိုက္ပါတယ္။ ညဘက္ေရာက္ေတာ့မွ ကိုဝင္းျမင့္ အေျခ အေနက ပုံမွန္ျဖစ္သြားတယ္။

အခ်ဳပ္သား ေတြဟာ ညေန ေထာင္ပိတ္ခ်ိန္မွာ ဘုရား ရွိခိုးရၿပီး ေထြရာေလးပါး စကားေျပာၾက၊ သီခ်င္းဆိုၾကနဲ႕ အခန္းဟာ ဆူညံေနေလ့ ရွိတယ္။ တစ္ေထာင္လုံးက အက်ဥ္းသား ေတြဟာ ည ၉ နာရီေရာက္မွ အိပ္ၾကရတာပါ။

ကိုဝင္းျမင့္လည္း မႏွင္းဆီ ထည့္ေပး လိုက္တဲ့ ငါးရံ႕ေျခာက္ဖုတ္နဲ႕ လက္ဖက္ကို ကိုေက်ာ္ျမင့္ ႏွပ္ေပးထားတဲ့ ေရေႏြးၾကမ္း ေလးနဲ႕ ႏွစ္ေယာက္သားျမည္းေနၾကတယ္။

ေရွ႕တစ္ပတ္မွာေတာ့ ကိုဝင္းျမင့္ရဲ႕အမႈ မခိုင္လုံတဲ့ အတြက္လြတ္နိုင္တယ္လို႔ ေရွ႕ေန က ေျပာလိုက္တဲ့အေၾကာင္း ကိုေက်ာ္ျမင့္ ကို ေဖာက္သည္ခ်ေနတယ္။

အခ်ိန္က ည ၈ နာရီတစ္ေမာင္း ရွိသြားၿပီ။ အခန္းထဲက အက်ဥ္းသားေတြကေတာ့ စကားေတြေဖာင္ ဖြဲ႕ရင္း ဆူညံေနတယ္။ အဲဒီအခ်ိန္မွာပဲ ေထာင္မႉးနဲ႕ ညတာဝန္က် ဝန္ထမ္းႏွစ္ ေယာက္ ဝင္လာလို႔ စည္းကမ္းထိန္းက အက်ဥ္းသားေတြကို လွမ္းေအာ္လိုက္တယ္။

“ ပုံစ ံ”

ေအာ္သံေၾကာင့္ တစ္ခန္းလုံးဟာ မီး ကိုေရနဲ႕ ျငႇိမ္းသတ္လိုက္သလို စကားသံ ေတြ တိတ္ဆိတ္သြားတယ္။ ေထာင္မႉးက သံတိုင္ေပါက္ေရွ႕ကရပ္ၿပီး အခန္းထဲကို လွမ္းအကဲခတ္လိုက္တယ္။ ၿပီးေတာ့မွ ကို ေက်ာ္ျမင့္ကို လွမ္းေမးတယ္။

“ အခန္းလူႀကီး …မင္းအခန္းမွာ ဝင္းျမင့္ (အဘ)ဦးတင္ေဆာင္ဆိုတဲ့ အခ်ဳပ္ သား ရွိလား”

လူလိမ္ဝိဇၨာေက်ာ္ျမင့္က ေထာင္မႉး ေရွ႕ကို ပုံစံနဲ႕ ရိုရိုေသေသမတ္တတ္ရပ္ရင္း ေျဖလိုက္တယ္။

“ ရွိပါတယ္ ဆရာ၊ ဝင္းျမင့္ဆိုတာ သူ ပဲ”

ေထာင္မႉးက ကိုဝင္းျမင့္ကို စိတ္မ ေကာင္းတဲ့ပုံစံနဲ႕ လွမ္းၾကည့္လိုက္တယ္။ ၿပီးေတာ့ ဝင္းျမင့္ကိုလွမ္းေခၚၿပီး အခန္းထဲ က အက်ဥ္းသားေတြ မၾကားေအာင္ ခပ္ တိုးတိုး ေျပာလိုက္တယ္။

“ ဝင္းျမင့္ မင္းမိန္းမ ညေနက ဆုံး သြားၿပီ”

“ ခင္ဗ်ာ”

“ ညေနက မင္းမိန္းမ ကားတိုက္ၿပီး ေတာ့ ဆုံးသြားတယ္ကြ။ အဲဒါလာေျပာတာ”

ေထာင္မႉးစကား ဆုံးဆုံးခ်င္း ကိုဝင္း ျမင့္ လက္ထဲက စားလက္စ ငါးရံ႕ေျခာက္ ဖုတ္ေလး ျပဳတ္က်သြားတယ္။ ၿပီးေတာ့ ေထာင္မႉးစကားကို မယုံၾကည္ပုံနဲ႕ ေယာင္တိေယာင္န ၾကည့္ေနေတာ့တယ္။

ဆက္လက္ ေဖာ္ျပသြားပါမည္။

Credit – ေဇာ္သက္ေထြး

ျပီးခဲ႔ေသာ အခန္းဆက္မ်ား ဖတ္ရႈလိုပါက ေအာက္တြင္ မိမိဖတ္လိုေသာအပိုင္းကို ႏွိပ္လုိက္ပါ….

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၃ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၅ ) )

Unicode

” ထောင်ဗူးဝ လမ်းမပေါ် မှာ ကျိန်စာသင့်ခဲ့ လေသော မနှင်းဆီ ”

အိမ် မှာ မနှင်းဆီလဲကျ ကျန်ရစ်ခဲ့ပေမယ့် ကိုဝင်းမြင့်ကတော့ လောလော ဆယ် ရဲတွေ ရဲ့ဖမ်းဆီးေ ခါ်ဆောင် သွားခြင်းကို ခံခဲ့ရပါတယ်။ ကိုဝင်းမြင့်က အိမ်ဖော်မစန်းကို မုဒိမ်းမှုကျူး လွန်တယ်၊ မကျူးလွန်ဘူးဆိုတာ ကို အဲဒီခေတ်က ဓာတုဗေဒနည်းအရ စစ်ဆေးဖို့ဆိုတာ ချက်ချင်းလက်ငင်း အဆုံးအဖြတ် မပေးနိုင်ပါဘူး ။ အချိန်လည်းပေးရ ပါတယ် ။ မစန်းဟာ မုဒိမ်းမှု တကယ် ကျူးလွန်ခံရခြင်းရှိမရှိ မှုခင်းဆရာဝန်ရဲ့ စစ်ဆေးမှု ကလည်း လိုအပ်နေပြန်ပါတယ်။ ဒီလိုအခြေအနေက ကိုဝင်းမြင့်ကို သံတိုင်ရဲ့နောက်ကွယ် ပို့လိုက် မယ့် ဇာတ်လမ်းပါ။

တစ်သက်လုံး ရိုးရိုးသားသား နေ ထိုင်ခဲ့တဲ့ ကိုဝင်းမြင့်ရဲ့သတင်းကို ကြား တော့ သူ့ရဲ့မိတ်ဆွေအပေါင်း အသင်းတွေ က မယုံကြည်ကြပါဘူး။ ဒါဟာ တမင်သက်သက် ခွင်ဆင်ခံရတယ် လို့လည်း ဝေဖန်မှတ်ချက် ပေးကြပါ တယ်။ဒါပေမဲ့ ကိုဝင်း မြင့်ကတော့ စမ်းချောင်း ရဲစခန်း မှာန 2 ရက် သာနေရပြီး သောကြာနေ့ ညနေမှာ တော့ အင်းစိန်ထောင်ကြီး ကို ပို့ဆောင်ခြင်း ခံလိုက် ရပါ တယ်။

ကိုဝင်းမြင့်ရောက်သွားတဲ့နေရာ ကတော့ အင်းစိန်ထောင်က အချုပ်သား တွေကိုထားတဲ့ အမှတ် ၁ အိပ်ဆောင် ဖြစ်ပါတယ်။ အဲဒီအချိန်က ၁ ဆောင်ဟာ နှစ်ထပ်ဖြစ်ပြီး အပေါ်မှာ လေးခန်း၊ အောက် မှာလေးခန်း ရှိပါတယ်။ဒီအဆောင်မှာ အချုပ်သား တစ်ထောင်ကျော် ရှိနေပါ တယ်။ ထောင်ဆိုတာ မိမိနဲ့ ဘယ်လိုမှ ပတ်သက် ဆက်စပ်ခြင်း မရှိနိုင်ဘူးလို့ တွေး ထင်ခဲ့တဲ့ ကိုဝင်းမြင့်ခမျာ အင်းစိန်ထောင် ကြီးထဲကို နဖူးတွေ့ဒူးတွေ့ ရောက် လာတော့ ခြေတွေတုန်၊ လက်တွေတုန်ပြီး သွေးလန့် ချောက်ချားလျက်ရှိပါတယ်။

နယ်ပယ်စုံက မိုက်ပေ့ ဆိုတဲ့ မတစ်ထောင် သားတွေ စုဝေးရာနေရာဖြစ် သလို အကျဉ်းထောင် ရဲ့ စနစ်အရ အကျဉ်းသားတွေကို အကျဉ်း သားတွေနဲ့ ပြန်လည်အုပ်ချုပ်ခိုင်းတဲ့အတွက် ကြောင့် ရက်စက်ကြမ်းတမ်းမှုတွေ အပြည့်ရှိနေ ပါတယ်။

မိမိမျက်စိရှေ့မှာပဲ အပေါ် အကျီချွတ်ထားတဲ့ အကျဉ်းသားတွေ ကို သရေခါးပတ်ပြားနဲ့ တရွမ်းရွမ်း ရိုက်နေတာ ကို မြင်ရတော့ ရောမခေတ်က သုံ့ပန်းတွေကို ညဉ်းပန်းနေတဲ့ ရုပ်ရှင်တွေကို ပြန် သတိရ မိတယ် ။

ကူရာမဲ့ကယ်ရာမဲ့ ဖြစ်နေတဲ့ ကိုဝင်းမြင့်ရဲ့ တုန်လှုပ်ချောက်ချားနေ တာတွေကို သတိပြုမိသွားတာ ကတော့ ရန်ကုန်မြို့က သော့ဝိဇ္ဇာ ထောင်ဂျပိုးလူလိမ် ကျော်မြင့်ပဲဖြစ်ပါတယ်။

လူလိမ်ကျော်မြင့် က ၁ ဆောင် ၃ ခန်းမှာ အခန်းလူကြီးဖြစ် နေတော့ ကိုဝင်းမြင့်ကို ဘာအလုပ်လုပ် သလဲ မေးတယ်။

ကိုဝင်းမြင့်ကို ဆက်သွယ်ရေးရုံးက စာရေးကြီးမှန်း သိသွားတော့ ချက်ချင်းပဲ သူ့အခန်းစာရေး အဖြစ် ခန့် လိုက်တယ်။

ဘာပဲပြောပြော ၁ ဆောင်မှာ တခြားအလုပ်ကြမ်းတွေ လုပ်ရတာထက် စာရင် အခန်းစာရေးဆိုတော့ တော်သေး တာပေါ့။ ပြီးတော့ သူနဲ့အတူ တူ စားခိုင်း တဲ့အတွက် စာရေး သောက်ရေးလည်း ပြေလည်သွားတယ်။

ကိုဝင်းမြင့်ကတော့ ထောင်ရောက်စမှာ မှိုင်မှိုင်တွေတွေ ဖြစ် နေတယ်။ ရုံးမထုတ်သေးတော့ ဇနီးဖြစ်တဲ့ မနှင်းဆီနဲ့လည်း မတွေ့ရသေးဘူး။

အမှု အခြေအနေက ဘယ်လိုမှန်းလည်း မသိရ သေးဘူး။ ကျော်မြင့်ကတော့ ကိုဝင်းမြင့် အမှုအခြေအနေကို မေးမြန်းကြည့်ပြီး ကို ဝင်းမြင့်ဟာ တကယ် မစန်းကိုမကျူးလွန် ဘူးဆိုတာ ချက်ချင်းသိသွားတယ်။

ဒါ ကြောင့် ကိုဝင်းမြင့်ကို ဘာမှစိတ်မပူဖို့ အားပေးနှစ်သိမ့်တယ်။ ဘယ်လိုပဲပြောပြော ကျော်မြင့်က ကိုဝင်းမြင့်ရဲ့ စိတ်သော က တွေကိုတော့ ဖြေဖျောက်ပေးနိုင်ခြင်း မရှိ ပါဘူး။ ဒီလိုနဲ့ ကိုဝင်းမြင့် ရုံးထွက်နေ့ကို ရောက်လာတယ်။

စမ်းချောင်းတရားရုံးကို ရုံးထွက်ရ တော့ အင်းစိန်ထောင်ဗူးဝကြီးရှေ့ကနေ ရဲကားအပြာကြီးနဲ့ အချုပ်သားတွေ စုပြီး စီးရတယ်။ တစ်ယောက်ချင်းစီကို လက် ထိပ်မခတ်နိုင်တဲ့အတွက် ကြိုးအရှည်ကြီး တစ်ချောင်းနဲ့ ရဲတွေက အချုပ်သားတစ် ယောက်စီကို ကြိုးချည်ပြီး တွဲထားတယ်။ တကယ့်ကို တိရစ်္ဆာန်သာသာပါပဲ။

ကိုယ့် ဘ၀ အခြေအနေကိုကြည့်ပြီး ဝမ်းနည်းနေ ပေမယ့် ဒါဟာ အတိတ်ဘ၀၀ဋ်ကြွေးလို့ပဲ ကိုဝင်းမြင့်တစ်ယောက် နှလုံ းသွင်းလိုက်ပါ တယ်။ တရားရုံးရောက်ရင် ဇနီးဖြစ်သူ မနှင်းဆီနဲ့ တွေ့ရမှာဆိုတော့ ရင်ထဲ မှာ အားအင်တွေပြည့် လာတယ် ။

စမ်းချောင်းတရားရုံးလည်း ရောက်ရော မနှင်းဆီနဲ့ အိမ်နီးနားချင်း မိတ်ဆွေ တွေအားလုံး စောင့်နေတာ တွေ့လိုက်ရ တယ်။ မနှင်းဆီက လူတွေကိုကြိုးတန်း လန်းချည်ပြီး ခေါ်လာတဲ့အထဲမှာ ခင်ပွန်း ဖြစ်သူကို တွေ့ရတော့ မချိတင်ကဲဖြစ်သွား တယ်။

ထိန်းထားတဲ့ကြားက မျက်ရည်တွေ တသွင်သွင်ကျ လာတယ် ။ ယိုင်လဲမသွားအောင် ပါလာတဲ့အမျိုးသမီးအဖော်တွေက ဖေးမထားရတယ်။ ကိုဝင်းမြင့်လည်း ဇနီး ဖြစ်သူကို တွေ့တွေ့ချင်း ရင်ထဲမှာ ဆို့နင့် လှိုက်လဲပြီးစကားမဆိုနိုင်ဘူး။ တစ်ယောက် ကိုတစ်ယောက် ဝမ်းနည်းပက်လက် အပြန် အလှန် ကြည့်နေကြတယ်။

မနှင်းဆီရဲ့ လက်ထဲမှာတော့ ကိုဝင်းမြင့်စားဖို့၊ ဆေး တွေ၊ အစားအသောက် အထုပ်တွေ ကိုင် ထားတယ်။ တရားရုံးက ကိုဝင်းမြင့်ရဲ့အမှုကို စွဲချက်တင်သင့်မတင်သင့် ရဲစခန်းရဲ့ အမှု တွဲတင်ပြချက်ကို လေ့လာပြီး ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုရှယ်လစ်ခေတ်ရဲ့ တရားစီရင်ရေး သဘောတရားအတိုင်း အရမ်းနှေးကွေးနေပါတယ်။

ကိုဝင်းမြင့်ကို တရားရုံးက မခေါ်ခင်မှာ မနှင်းဆီနဲ့ ခဏ တာ တွေ့ရတယ်။ ကိုဝင်းမြင့်က မနှင်းဆီ ကို တွေ့တွေ့ချင်း စကားတစ်ခွန်း ဆီးပြော လိုက်တယ်။

“ နှင်းဆီ …မစန်းကို အစ်ကို စိတ် နဲ့တောင် မပြစ်မှားဖူးဘူး”

ကိုဝင်းမြင့်စကားဆုံးဆုံးချင်း မနှင်းဆီ က ငိုလိုက်ပြန်တယ်။ ပြီးတော့ ခေါင်းညိတ် ပြတယ်။

“ ယုံတယ်အစ်ကို၊ ညီမတို့ အိမ်ထောင် သက်တမ်းတစ်လျှောက်မှာ အစ်ကို့စိတ်ကို ညီမအသိဆုံး။ ဒါတမင်သက်သက် ထောင် ချောက်ဆင်ခံရတာ”

မနှင်းဆီက ပြောလည်းပြော ငိုလည်း ငိုရင်း ကိုဝင်းမြင့်ကို ဖက်ထားတယ်။ ကို ဝင်းမြင့်က ရဲတွေရော၊ အခြားသူစိမ်းတွေ ရော ဝိုင်းကြည့်နေတော့ ရှက်ကိုးရှက်ကန်း ဖြစ်နေတယ်။

ဒါကြောင့် ကိုဝင်းမြင့်က ထောင်ထဲမှာနေရတာ အဆင်ပြေကြောင်း သူ့အတွက်ဘာမှမပူဖို့ စကားလမ်းကြောင်း လွှဲရင်း ဇနီးသည် ကိုပြောပါတယ်။ မနှင်းဆီ ကတော့ ကိုဝင်းမြင့်မျက်နှာကို မချိတင်ကဲ သေချာ စူးစိုက်ကြည့်နေရင်းက –

“ ပိန်သွားလိုက်တာ အစ်ကိုရယ်။ ထောင်ထဲမှာ အဆင်ပြေတယ်ဆိုတာ မနှင်း ဆီ စိတ်ချမ်းသာအောင် တမင်ပြောတာ မဟုတ်လား”

“ တကယ်အဆင်ပြေပါတယ်။ ကို ကျော်မြင့်ဆိုတဲ့ ဆရာကြီးတစ်ယောက်က အစ်ကို့ကို ကြည့်ရှုစောင့်ရှောက် ထားတော့ စားရသောက်ရတာလည်း ကောင်းတယ်”

ကိုဝင်းမြင့် စကားအဆုံးမှာ မနှင်းဆီ က ချုံးပွဲချ ငိုချလိုက်ပြန်တယ်။ သူတို့ကို ဘေးကလူတွေရော၊ ရဲတွေရော ဝိုင်းကြည့် နေကြတယ်။ အဖော်ပါလာတဲ့သူတွေက မနှင်းဆီ တက်မသွားအောင် ဖြေသိမ့်ပြီး ရှုဆေးတွေပေး၊ လက်တွေချိုး လုပ်ပေးနေရ တယ်။ မနှင်းဆီက ငိုသံကြီးနဲ့ ဆက်ပြော တယ်။

“ အစ်ကိုထောင်ထဲရောက်ရတာ နှင်းဆီ ကြောင့်၊ ဘာလို့လဲဆိုတော့ မစန်းကို တစ် ရက် နှစ်ရက်လောက် အိမ်မှာနေခွင့်ပေး လိုက်ရင် သူစိတ်ဆိုးမှာမဟုတ်ဘူး။ အဲဒါ ဆိုရင် အစ်ကို့ကိုလည်း ရန်ရှာမှာမဟုတ် ဘူး”

မနှင်းဆီ အခုလို ဥပဒါန်စွဲသွားတာ မျိုးကို ကိုဝင်းမြင့်အကြောက်ဆုံးပါပဲ။ သူ့ မိန်းမဟာ တကယ့်ကိုစိတ်ကြီးပြီး သူ့အပေါ် ကို နစ်နစ်နဲနဲချစ်တယ်ဆိုတာ သေချာသိ ထားတယ်။ ဒီ ဥပါဒါန်ကြောင့် မနှင်းဆီ ကျန်းမာရေး တစ်စုံတစ်ရာ ထိခိုက်သွားမှာ ကိုလည်းစိုးရိမ်တယ်။

ကုသိုလ်ကံအကြောင်း မလှလို့ အခုလိုပြဿနာနဲ့ ကြုံတွေ့နေရ ပေမယ့် အဖြစ်မှန်ဟာ တစ်နေ့တော့ ပေါ် ပေါက်လာမယ်ဆိုတာကို သိနေပါတယ်။ နောက်တော့ တရားရုံးက ကိုဝင်းမြင့်ကို ခေါ်တယ်။

မနှင်းဆီတို့က ကိုဝင်းမြင့် အတွက် ရှေ့နေတစ်ဦး ငှားပေးထားတယ်။ ဒါပေမဲ့ တရားရုံးက ဘာမှမဆုံးဖြတ်ဘဲ နောက်တစ်ပတ်ချိန်းလိုက်ပြန်တယ်။ ရှေ့နေ ကြီးကတော့ အမှုအခြေအနေကိုကြည့်ပြီး လွတ်ကိုလွတ်မယ်လို့ အာမခံလိုက်ပါ တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုဝင်းမြင့်ခမျာ အင်းစိန် ထောင်ထဲကို ရမန်ကြီးတစ်ပတ် ပြန်ဝင်ရဦးမှာပေါ့။ ရမန်ကြီးတစ်ပတ်ဆို တာ ၁၄ ရက်ရှိပါတယ်။ ဒီသတင်းလည်း ကြားရော မနှင်းဆီက ပွဲကြမ်းတော့တာပါပဲ။

အပြစ်မရှိတဲ့ သူ့ယောက်ျားကို အင်းစိန် ထောင် ပြန်ခေါ်သွားမယ်လည်း လုပ်ရော ရဲတွေလက်ထဲကနေ လိုက်ဆွဲတော့တာ ပါပဲ။

ရဲတွေကလည်း အဲဒီလိုတော့ လုပ်လို့ မရဘူးဆိုပြီး မနှင်းဆီကို တွန်းထုတ်တယ်။ ပထမတော့ဖြည်းဖြည်း သက်သာပဲ။ နောက် တော့ မနှင်းဆီကကြမ်းလာလို့ စောင့်တွန်း ထုတ်လိုက်တယ်။ မနှင်းဆီလည်း တရားရုံး ရှေ့မှာ လဲကျသွားတယ်။

ဒီအဖြစ်အပျက်ကို တရားရုံးကို ရောက်နေတဲ့လူတွေက စိတ် ဝင်စားပြီး ဘုရားပွဲလို ဝိုင်းကြည့်နေကြ တယ်။

ကိုဝင်းမြင့်ကတော့ ရှက်လွန်းလို့ ခေါင်းကိုငုံ့ထားတယ်။ ရဲကားပေါ်တက် တော့ ကားအပေါက်လေးကနေ သူ့ဇနီးဖြစ် တဲ့ မနှင်းဆီအခြေအနေကို အလုအယက် တိုးဝှေ့ကြည့်တယ်။ မနှင်းဆီကို အိမ်နီးချင်း တွေက ဖေးမထားတယ်။

မနှင်းဆီကတော့ သူ့အမည်ကို အသံအကျယ်ကြီး အော်ခေါ် နေတယ်။ ကိုဝင်းမြင့်စိတ်ထဲမှာ အချုပ် ကားကို မြန်မြန်သွားပါတော့လို့ တွေးနေမိ တယ်။

သူ့မိန်းမရဲ့မြင်ကွင်းကို ဆက်မကြည့် ရက်တော့ဘူး။ လက်ထဲမှာတော့ မနှင်းဆီ ပေးလိုက်တဲ့ ထောင်ဝင်စာ အထုပ်ကို တင်း တင်းကြပ်ကြပ် ကိုင်ထားတယ်။

ကိုဝင်းမြင့် ခမျာ ထိန်းချုပ်ထားတဲ့ကြားက သူ့လက်ခုံနဲ့ ထောင်ဝင်စာထုတ်ပေါ်ကို မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတယ်။ သူတို့ဘ၀ ကံကြမ`္မာဆိုးလှချည့်လို့ တွေးမိလိုက်တယ်။

အင်းစိန်ထောင်ထဲ ပြန်ဝင်ရတော့ ခံစား ချက်တွေက ထုံကျဉ်နေတယ်။ ကိုဝင်းမြင့် ရဲ့ အခြေ အနေကိုကြည့်ပြီး လူလိမ်ဝိဇ္ဇာ ကျော်မြင့်က စိတ်မကောင်းဖြစ်နေတယ်။ နောက်ဆုံး စိတ်လွှတ်လိုက်ပြီး ကိုဝင်းမြင့် တစ်ယောက် ချုံးပွဲချငိုမိတယ်။

အဲဒီအချိန်မှာ မထင်မှတ်တဲ့ အဖြစ် အပျက်တစ်ခုကလည်း ဖြစ်ပျက်သွားတယ်။ တရားရုံးရှေ့မှာ ကျန်ရစ်ခဲ့တဲ့ မနှင်းဆီ လက်ထဲမှာ သွေးတိုးရောဂါရှိတဲ့ ခင်ပွန်း သည်အတွက် သောက်ရမယ့်ဆေးထုပ် ကျန်ရစ်ခဲ့တယ်။

ဒါကြောင့် ထောင်လိုက် ပေးမယ်ဆိုပြီး မိတ်ဆွေတွေ တားဆီးနေတဲ့ ကြားက သူ့ယောက်ျားရှိတဲ့ အင်းစိန်ထောင် ကို လိုက်သွားမယ်ဆိုပြီး ဇွတ်ထွက်သွား တယ်။

ဘယ်သူမှမတားလိုက်နိုင်ဘူး။ ဒီလို နဲ့ အင်းစိန်ထောင်ဗူးတံခါး ရှေ့ကို ရောက် သွားတယ်။ မနှင်းဆီက ဗူးတံခါးရှေ့မှာရှိ နေတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကို မေး မြန်းပြီး သူ့ခင်ပွန်း ကိုဝင်းမြင့်အတွက် ဆေးထုပ်လေးပေးချင်လို့ အသနားခံတယ်။

ဒါပေမဲ့ စုံစမ်းကြည့်တော့ လူပေါင်း ထောင်ချီ ရှိနေတဲ့ အင်းစိန်ထောင်ထဲမှာ ကိုဝင်းမြင့်ကို ဘယ်လိုရှာရမှန်း မသိတော့ဘူး။

ဝန် ထမ်းတွေက ကိုဝင်းမြင့်နာမည်နဲ့ ဘယ် အဆောင်မှာနေလဲ မေးတော့လည်း မနှင်း ဆီက မဖြေတတ်ဘူး။ ထောင်ဝါဒါ တွေဆီက စမ်းချောင်းတရားရုံး လမ်းကြောင်းကား ပြန်လာပြီး ကိုဝင်းမြင့်တို့ အချုပ်သားတွေက ထောင်ထဲကို ပြန်ဝင်သွားပြီဆိုတာပဲ သိ လိုက်ရတယ်။ မနှင်းဆီကတော့ ထောင် ရှေ့မှာ သူ့ယောက်ျားနာမည်ကို တဖွဖွခေါ် ပြီး ငိုယိုနေတာပေါ့။

ဒါပေမဲ့ အကျဉ်းဦးစီး ဝန်ထမ်းတွေ ဆိုတာ ဒီလိုမြင်ကွင်းမျိုး၊ ဒီလိုအဖြစ်အပျက် မျိုးကို မြင်နေကျဆိုတော့ မနှင်းဆီကိုထူးပြီး စာနာမနေနိုင်တော့ဘူး။

ဒီလိုပဲ ခံစားချက် မဲ့တဲ့ မျက်နှာတွေနဲ့ မကူညီဘဲ ကြည့်နေ ကြတယ်။ အတော်ကြာတော့မှ မနှင်းဆီ လည်း မောသွားလို့ ထင်ပါရဲ့။ စိတ်လျှော့ လိုက်ပြီး ထောင်ဗူးတံခါး ရှေ့ကနေ အင်း စိန်လမ်းမကြီးရှိရာ ထောင်ဂိတ်ကို ထွက် သွားတယ်။

“ ကံဆိုးမသွားလေရာ မိုးလိုက် လို့ရွာ” ဆိုတဲ့ စကားပုံဟာ အလကားပေါ် ခဲ့တာမဟုတ်ဘူးဆိုတာ မနှင်းဆီရဲ့ ဘ၀ ဇာတ်သိမ်းကိုမြင်တော့မှ သေချာနားလည် ခဲ့ပါတယ်။

ထောင်ဗူးရှေ့လမ်းမကြီးအတိုင်း လမ်းလျှောက်လာ တဲ့ မနှင်းဆီကို ထောင် ရိက္ခာဆန်အိတ်တွေ တင်လာတဲ့ တီအီးကား ကြီးက နောက်ကနေ ရုတ်တရက် ဖြတ် တိုက်လိုက်တော့တယ်။ တီအီးကားကြီးက မတိုက်မိခင်မှာ ဟွန်းတီးပါသေးတယ်။

ယောက်ျားအပူမိနေတဲ့ မနှင်းဆီက ကား ဟွန်းသံကိုမကြားလိုက်မိဘူး။ ကားကလည်း အရှိန်ပါတော့ ဘေးကိုဆွဲချလိုက်ပေမယ့် မမီတော့ဘူး။

တိုက်လိုက်တဲ့အရှိန်ကြောင့် မနှင်းဆီ လွှင့်သွားပြီး ကတ်္တရာလမ်းမပေါ် မှာ သုံးလေးပတ်လိမ့် ထွက်သွားတယ်။ ကတ်္တရာလမ်းနဲ့ ဦးခေါင်း ဆောင့်မိသွားပြီး လမ်းပေါ်မှာ သွေးတွေဒလဟောထွက်လာ တယ်။

ဖြစ်ဖြစ်ချင်း ဘေးနားမှာရှိနေတဲ့ လူတွေ ကူညီဖို့ပြေးလာကြပါတယ်။ ဒါပေမဲ့ မနှင်းဆီကို စစ်ကြည့်တော့ အသက် မရှိတော့ဘူး။ ဘယ်ကမှန်းလဲမသိ၊ ဘယ်သူ မှန်းလဲမသိတော့ ထောင်လည်း တော်တော် အလုပ်ရှုပ်သွားတယ်။

ဒီအဖြစ်အပျက်တွေကို ထောင်ထဲမှာ ရှိတဲ့ ကိုဝင်းမြင့်က မသိရှာဘူး။ ရုံးထွက်မှာ ဇနီးသည် မနှင်းဆီပေးလိုက်တဲ့ ထောင်ဝင် စာထုပ်လေးကို ဖွင့်ကြည့်လိုက်တော့ သူ စားဖို့ ဗာလချောင်ကြော်တွေ၊ ငါးပိကြော် တွေ၊ သရက်သီး သနပ်တွေအပြင် သူ ည ဘက်ဆိုရင် မြည်းလေ့ရှိတဲ့ ငါးရံခြောက် ဖုတ်နဲ့ လက်ဖက်ထုပ်လေးတွေပါ တွေ့လိုက်ရ တော့ ထပ်ပြီးရင်ထဲမှာစို့သွားတယ်။

အထုပ်လေးတွေကို မဖြေနိုင်သေးဘဲ လက် တွေတုန်နေတယ်။ ကိုကျော်မြင့်က ကိုဝင်း မြင့်ရဲ့ခံစားချက်ကို နားလည်သဘောပေါက် ပုံနဲ့ ပခုံးဖက်ပြီး အားပေးလိုက်ပါတယ်။ ညဘက်ရောက်တော့မှ ကိုဝင်းမြင့် အခြေ အနေက ပုံမှန်ဖြစ်သွားတယ်။

အချုပ်သား တွေဟာ ညနေ ထောင်ပိတ်ချိန်မှာ ဘုရား ရှိခိုးရပြီး ထွေရာလေးပါး စကားပြောကြ၊ သီချင်းဆိုကြနဲ့ အခန်းဟာ ဆူညံနေလေ့ ရှိတယ်။ တစ်ထောင်လုံးက အကျဉ်းသား တွေဟာ ည ၉ နာရီရောက်မှ အိပ်ကြရတာပါ။

ကိုဝင်းမြင့်လည်း မနှင်းဆီ ထည့်ပေး လိုက်တဲ့ ငါးရံ့ခြောက်ဖုတ်နဲ့ လက်ဖက်ကို ကိုကျော်မြင့် နှပ်ပေးထားတဲ့ ရေနွေးကြမ်း လေးနဲ့ နှစ်ယောက်သားမြည်းနေကြတယ်။

ရှေ့တစ်ပတ်မှာတော့ ကိုဝင်းမြင့်ရဲ့အမှု မခိုင်လုံတဲ့ အတွက်လွတ်နိုင်တယ်လို့ ရှေ့နေ က ပြောလိုက်တဲ့အကြောင်း ကိုကျော်မြင့် ကို ဖောက်သည်ချနေတယ်။

အချိန်က ည ၈ နာရီတစ်မောင်း ရှိသွားပြီ။ အခန်းထဲက အကျဉ်းသားတွေကတော့ စကားတွေဖောင် ဖွဲ့ရင်း ဆူညံနေတယ်။ အဲဒီအချိန်မှာပဲ ထောင်မှူးနဲ့ ညတာဝန်ကျ ဝန်ထမ်းနှစ် ယောက် ဝင်လာလို့ စည်းကမ်းထိန်းက အကျဉ်းသားတွေကို လှမ်းအော်လိုက်တယ်။

“ ပုံစ ံ”

အော်သံကြောင့် တစ်ခန်းလုံးဟာ မီး ကိုရေနဲ့ ငြှိမ်းသတ်လိုက်သလို စကားသံ တွေ တိတ်ဆိတ်သွားတယ်။ ထောင်မှူးက သံတိုင်ပေါက်ရှေ့ကရပ်ပြီး အခန်းထဲကို လှမ်းအကဲခတ်လိုက်တယ်။ ပြီးတော့မှ ကို ကျော်မြင့်ကို လှမ်းမေးတယ်။

“ အခန်းလူကြီး …မင်းအခန်းမှာ ဝင်းမြင့် (အဘ)ဦးတင်ဆောင်ဆိုတဲ့ အချုပ် သား ရှိလား”

လူလိမ်ဝိဇ္ဇာကျော်မြင့်က ထောင်မှူး ရှေ့ကို ပုံစံနဲ့ ရိုရိုသေသေမတ်တတ်ရပ်ရင်း ဖြေလိုက်တယ်။

“ ရှိပါတယ် ဆရာ၊ ဝင်းမြင့်ဆိုတာ သူ ပဲ”

ထောင်မှူးက ကိုဝင်းမြင့်ကို စိတ်မ ကောင်းတဲ့ပုံစံနဲ့ လှမ်းကြည့်လိုက်တယ်။ ပြီးတော့ ဝင်းမြင့်ကိုလှမ်းခေါ်ပြီး အခန်းထဲ က အကျဉ်းသားတွေ မကြားအောင် ခပ် တိုးတိုး ပြောလိုက်တယ်။

“ ဝင်းမြင့် မင်းမိန်းမ ညနေက ဆုံး သွားပြီ”

“ ခင်ဗျာ”

“ ညနေက မင်းမိန်းမ ကားတိုက်ပြီး တော့ ဆုံးသွားတယ်ကွ။ အဲဒါလာပြောတာ”

ထောင်မှူးစကား ဆုံးဆုံးချင်း ကိုဝင်း မြင့် လက်ထဲက စားလက်စ ငါးရံ့ခြောက် ဖုတ်လေး ပြုတ်ကျသွားတယ်။ ပြီးတော့ ထောင်မှူးစကားကို မယုံကြည်ပုံနဲ့ ယောင်တိယောင်န ကြည့်နေတော့တယ်။

ဆက်လက် ဖော်ပြသွားပါမည်။

Credit – ဇော်သက်ထွေး

ပြီးခဲ့သော အခန်းဆက်များ ဖတ်ရှုလိုပါက အောက်တွင် မိမိဖတ်လိုသောအပိုင်းကို နှိပ်လိုက်ပါ….

” အင်းစိန်ထောင် အတွင်း မှ ပရလောကသားများ ” ( ဖြစ်ရပ်မှန် အပိုင်း – ( ၁၃ ) )

Add a Comment

Your email address will not be published. Required fields are marked *