” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၅ ) )

မႏွင္းဆီ အတြက္ အမွ်မေဝပါနဲ႕.. အစ္ကို….

မႏွင္းဆီ ရဲ႕ ထိတ္လန႔္ေၾကကြဲ စရာေကာင္းတဲ့ အျဖစ္အပ်က္ ကို ၾကားၿပီးတဲ့ ေနာက္ ခင္ပြန္းျဖစ္ တဲ့ ကိုဝင္းျမင့္ လည္း ႐ူးေၾကာင္ေၾကာင္ျဖစ္သြားတယ္ ။ အ ေဆာင္ တစ္ေဆာင္လုံးက အက်ဥ္းသားေတြ ကလည္း ကိုဝင္းျမင့္ ကို သနားေန ၾကတယ္ ။

ကိုဝင္းျမင့္ လက္ရွိ အေျခအေန ထက္ ပိုဆိုး မသြားေအာင္ အခန္းလူႀကီး ေက်ာ္ျမင့္ က ႏွစ္သိမ့္ ေဖ်ာင္းဖ် ထားလို႔ သာ ေတာ္ေတာ့တယ္ ။ ကိုဝင္းျမင့္ က ငိုရလြန္းလို႔ နီရဲေနတဲ့မ်က္လုံးေတြနဲ႕ သူ႕မိန္းမရဲ႕ ဓာတ္ပုံေလးကို ထုတ္ထုတ္ၾကည့္တယ္။ သူ႕ေဘး နားမွာ ေနတဲ့ အခ်ဳပ္သားေတြကလည္း မႏွင္းဆီ ရဲ႕ ပုံပန္း သဏၭာန္ကို အရမ္းျမင္ခ်င္ေနေတာ့ ကိုဝင္းျမင့္ ထုတ္ ထုတ္ၾကည့္တုန္း ေဘးကေန ခိုးၾကည့္ၾကတယ္။ မႏွင္း ဆီက ဧရာဝတီတိုင္းသူ ကရင္လူမ်ိဳးဆိုေတာ့ အသား ျဖဴတယ္ ။

ခႏၶာကိုယ္ ေတာင့္တင္းတယ္။ မ်က္ႏွာက ႐ုပ္ရွင္မင္းသမီး စံရွားတင္နဲ႕ ခပ္ဆင္ဆင္တူတယ္။ အခုလို အ႐ြယ္ေကာင္းမွာ မထင္မွတ္ဘဲ ကားတိုက္ေသ သြားတဲ့အတြက္ ကိုဝင္းျမင့္မေျပာနဲ႕ ေဘးလူေတြေတာင္ ယူ က်ဳံးမရျဖစ္ၾကရတယ္။

ေနာက္တစ္ေန႕မနက္ ထမင္းစားၾကေတာ့ အခန္းထဲကလူေတြက ကိုဝင္းျမင့္ကို စာနာ တဲ့အေနနဲ႕ သူတို႔စားတဲ့ ဟင္းေကာင္း ဟင္းခြက္ေတြ ပို႔ေပး တယ္။ ဒါေပမဲ့ ကိုဝင္းျမင့္က မစားနိုင္ပါဘူး။ထမင္းမဝင္ ရင္ လဲသြားမွာစိုးလို႔ ကိုေက်ာ္ျမင့္က ဇြတ္စားခိုင္းတယ္။ ကိုဝင္းျမင့္က ႐ုံးထုတ္မွာ မႏွင္းဆီေပးခဲ့တဲ့ ေထာင္ဝင္စာ ထုပ္ကို သာၾကည့္ ရင္း မ်က္ရည္က်ေနေသးတယ္။

ကိုေက်ာ္ ျမင့္တို႔ ထမင္းဝိုင္းမွာ လူငါးေယာက္ရွိတယ္။ အခန္း လူႀကီး ကိုေက်ာ္ ျမင့္ရယ္၊ အခန္းစာေရး ကိုဝင္းျမင့္ရယ္၊ အျခား ေတာက္တိုမည္ရ အလုပ္ေတြလုပ္ဖို႔ ေတာင္ဥကၠလာက ခ်ဲေရာင္း တဲ့ဇန္ျမင့္ရယ္၊ ဟင္းခ်က္ေပးတဲ့ ဖိုထဲက ေဇာ္ဝင္းခ်စ္ရယ္၊ ဘုရားလူႀကီး ဦးခ်င္းရယ္ အတူ တူ စားၾကတယ္။

ေထာင္ေဝါဟာရနဲ႕ ေျပာရရင္ “ အိုးစား” ေတြေပါ့။ အခ်ဳပ္သားအားလုံး ေထာင္ေရွ႕ျစကႍလမ္းေပၚမွာ ထမင္းခြက္ ေတြ ဟင္းခြက္ေတြခ်ၿပီး စားၾကရေပမယ့္ လူလိမ္ ဝိဇၨာေက်ာ္ျမင့္က အခန္းလူႀကီးဆိုတဲ့ အရွိန္အဝါရွိေတာ့ အခန္းထဲမွာ စားၾကတယ္။

အဲဒီေန႕က ဟင္းခြက္ေတြကေတာ့ ေလးငါးရွစ္မ်ိဳးပါပဲ။ ကိုဝင္းျမင့္က ထမင္းကို စိတ္မပါ လက္မပါ လက္နဲ႕ေခ်ေန ရင္းက အမွတ္တမဲ့ ေဘးဝိုင္းက ပို႔ေပးတဲ့ ဝက္ဆီဖတ္ဟင္းကို လွမ္းခပ္လိုက္တယ္။

အဲဒီအခ်ိန္ မွာပဲ ျဗဳန္းဆို သူ႕လက္ကို တစ္စုံတစ္ေယာက္က ပုတ္ခ်လိဳက္တဲ့အတိုင္း ဟင္းေတြ ဖ်ာေပၚကိုက်သြားတယ္။ ဦးခ်င္းက ဟင္း ေတြကလက္နဲ႕ဖယ္ရင္း ကိုဝင္းျမင့္ကို လွမ္းေျပာတယ္။

“ရတယ္ ဘာမွမျဖစ္ဘူး။ စားစား ဝင္းျမင့္”

ကိုဝင္းျမင့္လည္း ဝိုင္းသားေတြကို အားနာသြားၿပီး ၾကက္သားနဲ႕ ေဂၚဖီေရာေၾကာ္ထားတဲ့ အစိမ္း ေၾကာ္ကို လွမ္းႏွိုက္လိုက္ျပန္တယ္။

“ေဖာင္း”

ဒီတစ္ခါမွာလည္း ကိုဝင္းျမင့္လက္ကို တစ္စုံတစ္ေယာက္က လွမ္းကန္လိုက္သလို ခါထြက္သြားၿပီး အစိမ္းေၾကာ္ပန္းကန္လည္း ေမွာက္သြားတယ္။ ဒီျဖစ္ရပ္ေၾကာင့္ အားလုံး အံ့အားသင့္ၿပီး ေၾကာင္ေနၾက တယ္။

Photo-Credit

ကိုေက်ာ္ျမင့္ မ်က္ႏွာတစ္ခ်က္ ပ်က္သြားေပမယ့္ ဣေႏၵၾဆည္လိုက္တယ္။ ေမွာက္သြားတဲ့ ဟင္းေတြကို ဇန္ျမင့္က တံျမက္စည္းယူၿပီး လွည္းက်င္းသန႔္ရွင္းလိုက္တယ္။ ကိုဝင္းျမင့္ကလည္း တျခားဟင္းေတြ မႏွိုက္ေတာ့ဘူး။

မႏွင္းဆီေပးခဲ့တဲ့ ေထာင္ဝင္စာထုပ္ထဲက ဘာလေခ်ာင္ေၾကာ္နဲ႕ပဲ ထမင္းကိုနယ္ၿပီး စားလိုက္တယ္။ အဲဒီအခါမွာ ဘာမွမျဖစ္ေတာ့ပါဘူး။

ညေနဘက္ေရာက္ေတာ့ ကိုေက်ာ္ျမင့္အခန္းမွာ အခန္းလူႀကီးတခ်ိဳ႕ အစည္းအေဝးလုပ္တယ္။ ဒီ အစည္းအေဝးကို ၁ ေဆာင္မွာရွိတဲ့ ဘုရားဝင္းထဲက လူႀကီးေတြကိုလည္းဖိတ္တယ္။

သူတို႔အစည္းအေဝး လုပ္ၿပီးေတာ့ ကိုဝင္းျမင့္ကို ေခၚေျပာတယ္။ ဘာပဲျဖစ္ျဖစ္ မႏွင္းဆီက အစိမ္းေသ ေသတာဆိုေတာ့ ေထာင္ ထဲမွာ ဆြမ္းေကြၽးတရားနာေလး လုပ္ဖို႔နဲ႕ အမွ်အတမ္းေပးေဝၿပီး ေကာင္းရာမြန္ရာေရာက္ဖို႔ လုပ္ၾကမယ္ေပါ့။

လိုအပ္တဲ့ ေငြေၾကးကိုလည္း အခန္းသားေတြ လႉဒါန္းေငြနဲ႕ စီစဥ္မယ္လို႔ ကိုေက်ာ္ျမင့္က အသိေပးလိုက္ တယ္။ ကိုဝင္းျမင့္ကလည္း သူ႕ဇနီးအတြက္ ေထာင္က ဝိုင္းဝန္းကူညီတာျဖစ္လို႔ ေက်ေက်နပ္နပ္ လက္ခံပါ တယ္။

ဒါေၾကာင့္ ေနာက္တစ္ေန႕ ဘုရားဝင္းထဲမွာ ဆြမ္းေကြၽး၊ တရားနာဖို႔ စီစဥ္ထားတယ္။ တိုက္တိုက္ဆိုင္ ဆိုင္ ၁ ေဆာင္မွာ ေဒၚလာမႈနဲ႕ အထိန္းသိမ္းခံထားရတဲ့ ဘုန္းႀကီးတစ္ပါးလည္း ေရာက္ေနတယ္။ ဒီဘုန္းႀကီး ကို ဆြမ္းကပ္ဖို႔ စီစဥ္တယ္။

ကိုဝင္းျမင့္က ဒုကၡေရာက္တဲ့အခ်ိန္ ဝိုင္းဝန္းကူညီေဖးမၾကတဲ့ ေထာင္သားေတြ ကို ေက်းဇူး အထပ္ထပ္ အခါခါ တင္ေနေတာ့တယ္။ ညဘက္ေရာက္ေတာ့ ေထာင္ဝါဒါနဲ႕ မွာလိုက္တဲ့ပစၥည္း ေတြ ေရာက္လာတယ္။ ဒီပစၥည္းေတြကေတာ့ အခ်ိဳမႈန႔္ထုပ္၊ င႐ုတ္သီးမႈန႔္ထုပ္၊ ပုစြန္ေျခာက္မႈန႔္ထုပ္၊ ေဂၚဖီ၊ ပဲသီး စတာေတြပါပဲ။

ၿပီးေတာ့ အခ်ိဳပြဲအတြက္ ကိတ္မုန႔္နဲ႕ ဘီစကြတ္ထုပ္ေတြ ပါလာေသးတယ္။ အမွန္ တကယ္ဆိုရင္ ေထာင္ႀကီး ဗူးဝကေန ဒီပစၥည္းေတြကို ေထာင္ထဲသယ္ခြင့္မရွိပါဘူး။

ဒါေပမဲ့ ကိုဝင္းျမင့္ သတင္းကို တစ္ေထာင္လုံးက သိေနလို႔ သူ႕ဇနီးအတြက္ ကုသိုလ္ေကာင္းမႈလုပ္တာကို မသိခ်င္ေယာင္ ေဆာင္ၿပီး ခြင့္ျပဳေပးလိုက္တာျဖစ္ပါတယ္။ ဒီပစၥည္းေတြကို မနက္ ဖိုႀကီးဆင္းတဲ့ အက်ဥ္းသားေတြနဲ႕ ထည့္ေပးၿပီး ဟင္းခ်က္ရမွာျဖစ္ပါတယ္။

ကိုဝင္းျမင့္ကေတာ့ ဘယ္သူနဲ႕မွ စကားမေျပာဘဲ အခ်ဳပ္ခန္းသံတိုင္ ကိုမွီၿပီး အေဝးကိုေငးေနတယ္။ သူနဲ႕ မႏွင္းဆီ အခုလို ေသကြဲ ကြဲရမယ္လို႔ ဘယ္တုံးကမွ မေတြးမိခဲ့ပါဘူး။

အင္မတန္ ၿငိမ္းခ်မ္းၿပီး ပူပန္ေသာကမရွိတဲ့ သူတို႔ဘဝထဲကို မစန္းဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္ ဝင္လာၿပီး မွ အခုလို ေၾကကြဲစရာေတြ ႀကဳံခဲ့ရတာ ျဖစ္ပါတယ္။ မႏွင္းဆီ မကြယ္လြန္ခင္ တစ္ပတ္ေလာက္က သူ႕ကို ထူးထူးျခားျခား ေျပာခဲ့တဲ့ စကားတစ္ခြန္းရွိတယ္။

အခု မဆီမဆိုင္ အဲဒါကို ကိုဝင္းျမင့္ အမွတ္ရေနတယ္။ မႏွင္းဆီက သူတို႔ကေလးရဖို႔အတြက္ ဧရာဝတီတိုင္းကိုျပန္ၿပီး သူ႕ရဲ႕႐ြာမွာ နတ္စားရမယ္လို႔ ေျပာခဲ့တယ္။ ႐ြာကိုသြားရင္ ႐ုံးကိုခြင့္ယူၿပီး လိုက္ခဲ့ရမယ္လို႔ ကိုဝင္းျမင့္ကို မွာခဲ့ဖူးတယ္။

တကယ္လို႔မ်ား အခုလို အျဖစ္ ဆိုးနဲ႕မႀကဳံရင္ သူတို႔လင္မယားႏွစ္ေယာက္ဟာ ဝါးခယ္မၿမိဳ႕က ခေလာက္သိုက္႐ြာကို အခုအခ်ိန္ နတ္စားဖို႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေရာက္ေနေလာက္ၿပီလို႔ ေအာက္ေမ့ေနမိတယ္။

ဒီလိုနဲ႕ ည ၉နာရီ သံေခ်ာင္းေခါက္ေတာ့ ကိုဝင္းျမင့္ ပင္ပန္းၿပီး အိပ္ေပ်ာ္သြားတယ္။ တစ္ေထာင္လုံးမွာလည္း ဘာယာေတြရဲ႕ သတင္းပို႔သံကလြဲၿပီး အားလုံး တိတ္ဆိတ္သြားတယ္။

ညသန္းေခါင္ယံေရာက္ေတာ့ ကိုဝင္းျမင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနရာကေန လန႔္နိုးသလို ျဖစ္သြားတယ္။ ဒါေပမဲ့ အိပ္တစ္ဝက္ နိုးတစ္ဝက္ျဖစ္ေနတဲ့အခိုက္မွာ သူ႕လက္ေမာင္းေပၚကို ေႏြးခနဲ အထိ အေတြ႕တစ္ခု ခံစားလိုက္ရတယ္။ ဒါေၾကာင့္ မ်က္လုံးဖြင့္ၿပီးၾကည့္ဖို႔ ႀကိဳးစားေပမယ့္ မ်က္ခြံက တအားေလး ပင္ေနၿပီး ဖြင့္လို႔မရဘူး။

စကားေျပာဖို႔ ႀကိဳးစားေတာ့လည္း ရင္ဘတ္ကို တစ္စုံတစ္ေယာက္က လက္နဲ႕ဖိထား သလို ျဖစ္ေနလို႔ စကားေျပာလို႔ မရျပန္ဘူး။ ဒီအခ်ိန္မွာပဲ သူ႕နားအဝကို ေလတိုးသံေလးနဲ႕ ေျပာေနသံ ၾကားလိုက္ရတယ္။ အသံကို ၾကားလိုက္ရတဲ့အခါမွာ ကိုဝင္းျမင့္ ၾကက္သီးေမြးညင္း ထသြားတယ္။

Photo-Credit

ဒီအသံ က သူတစ္သက္မေမ့နိုင္တဲ့အသံ။ ညတိုင္း သူ႕ေဘးနားမွာ ၾကားခဲ့ရတဲ့ မႏွင္းဆီရဲ႕အသံ။ အခုေတာ့ မႏွင္းဆီရဲ႕ အသံက ဝမ္းနည္းေၾကကြဲၿပီး ငိုသံပါေနတယ္။

“အစ္ကို ညီမ ေတာင္းပန္ပါတယ္။ ႏွင္းဆီေတာင္းပန္ပါတယ္။ မနက္ျဖန္က်ရင္ ႏွင္းဆီအတြက္ ဆြမ္းသြတ္ၾကမွာကို သိတယ္။ ဒါေပမဲ့ ႏွင္းဆီကို သနားရင္ အမွ်မေဝပါနဲ႕ အစ္ကို”

မႏွင္းဆီရဲ႕ ေတာင္းဆိုမႈေၾကာင့္ ကိုဝင္းျမင့္ လန႔္သြားတယ္။ မႏွင္းဆီေျပာတာကို လက္မခံဘူးလို႔ ေျပာဖို႔ႀကိဳးစားေပမယ့္ ႏႈတ္ခမ္းေတြက လႈပ္လို႔မရဘူး။ တစ္စုံတစ္ရာ ေလးေလးပင္ပင္ ခ်ဳပ္ကိုင္ထားတယ္။

ဒါေၾကာင့္ ေခါင္းခါၿပီး အမူအရာနဲ႕ ျပဖို႔ ႀကိဳးစားတယ္။ မႏွင္းဆီကေတာ့ မ်က္ရည္ေတြ ပိုးပိုးေပါက္ေပါက္ၾက ၿပီး သူ႕ကို ဆက္ေတာင္းပန္ေနတယ္။

“မႏွင္းဆီ ေသေတာ့ အေမတို႔ရွိတဲ့ ခေလာက္သိုက္႐ြာကို သြားတယ္။ ဒါေပမဲ့ ႐ြာက အဝင္မခံဘူး။ အစ္ကို႔ကိုလည္း မခြဲနိုင္ဘူး။ ဒါေၾကာင့္ အစ္ကိုရွိတဲ့ အင္းစိန္ေထာင္ကိုပဲ လိုက္လာတာ”

ကိုဝင္းျမင့္ ဝူးဝူးဝါးဝါး အသံေတြ အခန္းထဲမွာ ေပၚထြက္လာတယ္။ ညသန္းေခါင္ယံဆိုေတာ့ အခန္း ထဲကလူေတြ လန႔္ၿပီး နိုးလာၾကတယ္။ ကိုဝင္းျမင့္က မ်က္လုံးႀကီး စုံမွိတ္ၿပီး ေခါင္းကို ခါယမ္းေနဆဲပါပဲ။ မႏွင္းဆီကလည္း ဆက္ေျပာတယ္။

“အစ္ကို ႏွင္းဆီတို႔ နတ္စားမသြားခဲ့ရဘူးေနာ္။ ဒါေၾကာင့္ ခိုက္တာ၊ ဝမ္းမနည္းနဲ႕။ အခု ႏွင္းဆီကို သနားရင္ ကြမ္းတစ္ရာ ေလာက္ေကြၽးပါ အစ္ကိုရယ္”

ကိုဝင္းျမင့္ရဲ႕ အျဖစ္အပ်က္ေၾကာင့္ ေဘးမွာရွိတဲ့ ဦးခ်င္းနဲ႕ အျခားလူေတြက လႈပ္ႏွိုးၾကတယ္။

“ေဟ့ေကာင္ ဝင္းျမင့္ ထစမ္း ထစမ္း သတိထားစမ္း”

ေျပာေျပာဆိုဆို ဦးခ်င္းက အခန္းေရွ႕က ဘုရားစင္မွာ ပူေဇာ္ထားတဲ့ ေရေတာ္ခြက္ကိုယူၿပီး အဲဒီထဲ က ေရနဲ႕ ဝင္းျမင့္မ်က္ႏွာကို ပက္လိုက္တယ္။

အေတာ္ၾကာမွ ကိုဝင္းျမင့္ သတိလည္လာၿပီး တစ္ခန္းလုံးကို ေၾကာင္ေတာင္ေတာင္နဲ႕ ၾကည့္ေနတယ္။ ၿပီးေတာ့ ဦးခ်င္းရဲ႕ ဒူးေခါင္းကိုကိုင္ၿပီး အ႐ူးတစ္ေယာက္လို ေအာ္ဟစ္ေတာ့တယ္။

“မလုပ္ပါနဲ႕ မနက္ျဖန္ သူ႕အတြက္ ဆြမ္းမေကြၽးပါနဲ႕။ သူ႕မွာ ေနစရာမရွိဘူး။ ကြၽန္ေတာ္နဲ႕ သူ႕ကိုမခြဲ ပါနဲ႕”

အခန္းလူႀကီး ေက်ာ္ျမင့္က ေဘးအခန္းေတြ သတိမထားမိေအာင္ ဝင္းျမင့္ပါးစပ္ကို လက္နဲ႕ပိတ္ လိုက္တယ္။

“သိပ္မေအာ္နဲ႕ ဝင္းျမင့္၊ ေထာင္ပိုင္သိသြားရင္ မင္း တိုက္ပိတ္ခံရလိမ့္မယ္”

ေက်ာ္ျမင့္စကားအဆုံးမွာ ဝင္းျမင့္ကေတာ့ ဝူးဝူးဝါးဝါး ေအာ္ေနဆဲပါပဲ။ အတန္ၾကာမွ အားကုန္ခန္း သြားသလို ၿငိမ္က်သြားတယ္။ ၿပီးေတာ့ မ်က္ရည္ေတြနဲ႕ ေက်ာ္ျမင့္ကို လက္အုပ္ခ်ီၿပီး တိုးလွ်ိုးေတာင္းပန္ တယ္။

“ခုနက မႏွင္းဆီ လာသြားတယ္။ သူက တရားမနာဖို႔နဲ႕ အမွ်မေဝဖို႔ လာေျပာသြားတယ္”

“ဟာကြာ မဟုတ္တာ။ ဆြမ္းမေကြၽးရင္ ေကာင္းရာမြန္ရာဘဝကို ဘယ္ေရာက္မလဲကြာ။ ၿပီးေတာ့ သူ ကြၽတ္မွာမဟုတ္ဘူး”

ေက်ာ္ျမင့္ ဘယ္လိုပဲ ေဖ်ာင္းဖ်ေျပာေျပာ ဝင္းျမင့္က ေခါင္းပဲ ခါယမ္းေနတယ္။

“သူ႕႐ြာကလည္း လက္မခံဘူး။ ကြၽန္ေတာ္ ဘယ္လိုလုပ္ရမလဲ။ ကြၽန္ေတာ့္မိန္းမကို သနားတယ္။ သူ႕မွာ ေနစရာမရွိဘူး။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ခြဲလည္း မခြဲနိုင္ဘူး။ ျဖစ္နိုင္ရင္ မနက္ျဖန္ အမွ်မေဝပါနဲ႕ လားဗ်ာ”

၀င္းျမင့္ရဲ႕ ေတာင္းပန္သံက တိတ္ဆိတ္တဲ့ အခန္းထဲမွာ အခ်ဳပ္သားအားလုံး ၾကားေနရတယ္။ အခ်ိဳ႕က ဝင္းျမင့္ကို ေတာ္ေတာ္သနားေနတယ္။ ဒါေပမဲ့ အမ်ားစုက ဗုဒၶဘာသာဝင္ေတြ ျဖစ္ေနေတာ့ ဝင္းျမင့္ေျပာတာကို မလိုက္ေလ်ာခ်င္ၾကပါဘူး။

သူတို႔လင္မယားႏွစ္ေယာက္ရဲ႕ သံေယာဇဥ္ကို စာနာ နားလည္ေပမယ့္ ဘဝခ်င္းမတူေတာ့တဲ့အတြက္ ဝင္းျမင့္နဲ႕ မႏွင္းဆီကို အဆက္ျဖတ္ေပးရမွာ ျဖစ္ပါတယ္။

ဒါေပမဲ့ အသည္းအသန္ ေတာင္းပန္ေနတဲ့ ဝင္းျမင့္ေၾကာင့္ ဘယ္သူကမွ လက္မခံေၾကာင္း မေျပာေတာ့ဘူး။ အခ်င္းခ်င္း မ်က္ႏွာရိပ္မ်က္ႏွာကဲျပၿပီး ေခါင္းညိတ္လိုက္ၾကတယ္။

၀င္းျမင့္ကိုေတာ့ ထပ္ၿပီး ေအာ္ႀကီးဟစ္ က်ယ္မျဖစ္ဖို႔ အခန္းသားတစ္ေယာက္ဆီက အိပ္ေဆးေတာင္းၿပီး တိုက္လိုက္တယ္။ ဝင္းျမင့္ကေတာ့ အ႐ူး တစ္ေယာက္လို တတြတ္တြတ္နဲ႕ ေရ႐ြတ္ေနတုန္းပါပဲ။

“မႏွင္းဆီကို အမွ်မေပးပါနဲ႕။ ႏွင္းဆီကို အမွ်မေပးပါနဲ႕။ ႏွင္းဆီကို အမွ်မေပးပါနဲ႕”

ေနာက္ေတာ့ ဝင္းျမင့္လည္း ေဆးအရွိန္ေၾကာင့္ အိပ္ေပ်ာ္သြားတယ္။ အခန္းလူႀကီး ေက်ာ္ျမင့္က ေတာ့ ဦးခ်င္းကို တိုင္ပင္ၿပီး မနက္ ၄ နာရီ ဖိုႀကီးမွာ အလုပ္ဆင္းရမယ့္ အခ်ဳပ္သားပါႀကီးလက္ထဲကို ဆြမ္း ကပ္မယ့္ ဟင္းထုပ္ေတြ ထည့္ေပးလိုက္တယ္။ ဦးခ်င္းကလည္း အခန္းလူႀကီးနဲ႕ တိုင္ပင္ႀကီး မနက္ျဖန္မွာ မႏွင္းဆီအတြက္ မျဖစ္မေန ဆြမ္းကပ္ၿပီး အမွ်ေဝဖို႔ ဆုံးျဖတ္ထားတယ္။

ဘာလို႔လဲဆိုေတာ့ မႏွင္းဆီ(ခ) ကရင္မဟာ သူ႕ေယာက္်ား ကိုဝင္းျမင့္ကို စြဲလမ္းလြန္းလို႔ ေသတာေတာင္ မကြၽတ္ဘဲ ေရာက္လာတာကို အားလုံးသေဘာေပါက္လိုက္တယ္။ ဦးခ်င္းဆိုတာကလည္း သစ္မႈနဲ႕ အခ်ဳပ္က်ေနေပမယ့္ ဘာသာေရးလိုင္း မွာေတာ့ နက္နက္ရွိုင္းရွိုင္းရွိတယ္။

သူ႕ကို ၁ ေဆာင္မွာ ဝင္ပူးထြက္ပူး ဦးခ်င္းလို႔ေခၚတယ္။ သူက ေန႕စဥ္ ဘုရားဝင္းထဲမွာေနၿပီး ဘုရားေဝယ်ာဝစၥနဲ႕ ဘာသာေရးကိစၥေတြပဲ လုပ္တယ္။ သူေျပာတဲ့ တရားထဲမွာ ဝိသာခါေက်ာင္းအမႀကီး တရားက အခ်ဳပ္သားေတြ သေဘာက်ၾကတယ္။

သူေျပာေလ့ရွိတာက ဝိသာခါ ေက်ာင္းအမႀကီးဟာ ဝက္မဘ၀ ျဖစ္ခဲ့စဥ္က ကိေလသာကို စိတ္ကုန္လြန္းလို႔ ဝက္သိုးေတြ အႏၲရာယ္က ထြက္ေျပးခဲ့တာေတာင္ ဝဋ္ေႂကြးမကုန္လို႔ ဝါး႐ုံပင္ၾကား ေခါင္းညပ္ၿပီး ဝက္သိုးေတြရဲ႕ ေမထုံမွီဝဲျခင္းကို ခံခဲ့ရ တယ္ဆိုတဲ့အေၾကာင္းကို ခဏ ခဏ ေျပာတယ္။ အခု ကိုဝင္းျမင့္နဲ႕ မႏွင္းဆီဇာတ္လမ္းကို ဦးခ်င္း ဘယ္လို ကိုင္တြယ္မလဲဆိုတာ တစ္ေဆာင္လုံးက စိတ္ဝင္စားေနတယ္။

အခန္းလူႀကီး ေက်ာ္ျမင့္ကလည္း ဝင္းျမင့္ ေက်နပ္ေအာင္ အမွ်မေဝဘူးလို႔ ေျပာထားေပမယ့္ ေနာက္တစ္ေန႕မွာ တရားနာၿပီး အမွ်ေဝဖို႔ စီစဥ္ထား တယ္။ ဒါဆိုရင္ မႏွင္းဆီလည္း ကြၽတ္လြတ္သြားၿပီး ေကာင္းရာမြန္ရာဘဝကို ေရာက္သြားမယ္လို႔ အားလုံး ယုံၾကည္ထားၾကတယ္။

ဒါေပမဲ့ ၁ ေဆာင္ ဘုရားဝင္းမွာ အဲဒီေန႕က တကယ္အမွ်ေဝလိုက္ေတာ့. . . . . . . . . . . ။

ဆက္လက္ေဖာ္ျပသြားပါမည္။

Credit – ေဇာ္သက္ေထြး

ျပန္လည္ဖတ္ရႈလုိပါက …

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၄ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၆ ) )

Unicode

မနှင်းဆီ အတွက် အမျှမဝေပါနဲ့.. အစ်ကို….

မနှင်းဆီ ရဲ့ ထိတ်လန့်ကြေကွဲ စရာကောင်းတဲ့ အဖြစ်အပျက် ကို ကြားပြီးတဲ့ နောက် ခင်ပွန်းဖြစ် တဲ့ ကိုဝင်းမြင့် လည်း ရူးကြောင်ကြောင်ဖြစ်သွားတယ် ။ အ ဆောင် တစ်ဆောင်လုံးက အကျဉ်းသားတွေ ကလည်း ကိုဝင်းမြင့် ကို သနားနေ ကြတယ် ။

ကိုဝင်းမြင့် လက်ရှိ အခြေအနေ ထက် ပိုဆိုး မသွားအောင် အခန်းလူကြီး ကျော်မြင့် က နှစ်သိမ့် ဖျောင်းဖျ ထားလို့ သာ တော်တော့တယ် ။ ကိုဝင်းမြင့် က ငိုရလွန်းလို့ နီရဲနေတဲ့မျက်လုံးတွေနဲ့ သူ့မိန်းမရဲ့ ဓာတ်ပုံလေးကို ထုတ်ထုတ်ကြည့်တယ်။ သူ့ဘေး နားမှာ နေတဲ့ အချုပ်သားတွေကလည်း မနှင်းဆီ ရဲ့ ပုံပန်း သဏ္ဌာန်ကို အရမ်းမြင်ချင်နေတော့ ကိုဝင်းမြင့် ထုတ် ထုတ်ကြည့်တုန်း ဘေးကနေ ခိုးကြည့်ကြတယ်။ မနှင်း ဆီက ဧရာဝတီတိုင်းသူ ကရင်လူမျိုးဆိုတော့ အသား ဖြူတယ် ။

ခန္ဓာကိုယ် တောင့်တင်းတယ်။ မျက်နှာက ရုပ်ရှင်မင်းသမီး စံရှားတင်နဲ့ ခပ်ဆင်ဆင်တူတယ်။ အခုလို အရွယ်ကောင်းမှာ မထင်မှတ်ဘဲ ကားတိုက်သေ သွားတဲ့အတွက် ကိုဝင်းမြင့်မပြောနဲ့ ဘေးလူတွေတောင် ယူ ကျုံးမရဖြစ်ကြရတယ်။

နောက်တစ်နေ့မနက် ထမင်းစားကြတော့ အခန်းထဲကလူတွေက ကိုဝင်းမြင့်ကို စာနာ တဲ့အနေနဲ့ သူတို့စားတဲ့ ဟင်းကောင်း ဟင်းခွက်တွေ ပို့ပေး တယ်။ ဒါပေမဲ့ ကိုဝင်းမြင့်က မစားနိုင်ပါဘူး။ထမင်းမဝင် ရင် လဲသွားမှာစိုးလို့ ကိုကျော်မြင့်က ဇွတ်စားခိုင်းတယ်။ ကိုဝင်းမြင့်က ရုံးထုတ်မှာ မနှင်းဆီပေးခဲ့တဲ့ ထောင်ဝင်စာ ထုပ်ကို သာကြည့် ရင်း မျက်ရည်ကျနေသေးတယ်။

ကိုကျော် မြင့်တို့ ထမင်းဝိုင်းမှာ လူငါးယောက်ရှိတယ်။ အခန်း လူကြီး ကိုကျော် မြင့်ရယ်၊ အခန်းစာရေး ကိုဝင်းမြင့်ရယ်၊ အခြား တောက်တိုမည်ရ အလုပ်တွေလုပ်ဖို့ တောင်ဥက္ကလာက ချဲရောင်း တဲ့ဇန်မြင့်ရယ်၊ ဟင်းချက်ပေးတဲ့ ဖိုထဲက ဇော်ဝင်းချစ်ရယ်၊ ဘုရားလူကြီး ဦးချင်းရယ် အတူ တူ စားကြတယ်။

ထောင်ဝေါဟာရနဲ့ ပြောရရင် “ အိုးစား” တွေပေါ့။ အချုပ်သားအားလုံး ထောင်ရှေ့စင်္ကြံလမ်းပေါ်မှာ ထမင်းခွက် တွေ ဟင်းခွက်တွေချပြီး စားကြရပေမယ့် လူလိမ် ဝိဇ္ဇာကျော်မြင့်က အခန်းလူကြီးဆိုတဲ့ အရှိန်အဝါရှိတော့ အခန်းထဲမှာ စားကြတယ်။

အဲဒီနေ့က ဟင်းခွက်တွေကတော့ လေးငါးရှစ်မျိုးပါပဲ။ ကိုဝင်းမြင့်က ထမင်းကို စိတ်မပါ လက်မပါ လက်နဲ့ချေနေ ရင်းက အမှတ်တမဲ့ ဘေးဝိုင်းက ပို့ပေးတဲ့ ဝက်ဆီဖတ်ဟင်းကို လှမ်းခပ်လိုက်တယ်။

အဲဒီအချိန် မှာပဲ ဗြုန်းဆို သူ့လက်ကို တစ်စုံတစ်ယောက်က ပုတ်ချလိုက်တဲ့အတိုင်း ဟင်းတွေ ဖျာပေါ်ကိုကျသွားတယ်။ ဦးချင်းက ဟင်း တွေကလက်နဲ့ဖယ်ရင်း ကိုဝင်းမြင့်ကို လှမ်းပြောတယ်။

“ရတယ် ဘာမှမဖြစ်ဘူး။ စားစား ဝင်းမြင့်”

ကိုဝင်းမြင့်လည်း ဝိုင်းသားတွေကို အားနာသွားပြီး ကြက်သားနဲ့ ဂေါ်ဖီရောကြော်ထားတဲ့ အစိမ်း ကြော်ကို လှမ်းနှိုက်လိုက်ပြန်တယ်။

“ဖောင်း”

ဒီတစ်ခါမှာလည်း ကိုဝင်းမြင့်လက်ကို တစ်စုံတစ်ယောက်က လှမ်းကန်လိုက်သလို ခါထွက်သွားပြီး အစိမ်းကြော်ပန်းကန်လည်း မှောက်သွားတယ်။ ဒီဖြစ်ရပ်ကြောင့် အားလုံး အံ့အားသင့်ပြီး ကြောင်နေကြ တယ်။

Photo-Credit

ကိုကျော်မြင့် မျက်နှာတစ်ချက် ပျက်သွားပေမယ့် ဣန္ဒေဆြည်လိုက်တယ်။ မှောက်သွားတဲ့ ဟင်းတွေကို ဇန်မြင့်က တံမြက်စည်းယူပြီး လှည်းကျင်းသန့်ရှင်းလိုက်တယ်။ ကိုဝင်းမြင့်ကလည်း တခြားဟင်းတွေ မနှိုက်တော့ဘူး။

မနှင်းဆီပေးခဲ့တဲ့ ထောင်ဝင်စာထုပ်ထဲက ဘာလချောင်ကြော်နဲ့ပဲ ထမင်းကိုနယ်ပြီး စားလိုက်တယ်။ အဲဒီအခါမှာ ဘာမှမဖြစ်တော့ပါဘူး။

ညနေဘက်ရောက်တော့ ကိုကျော်မြင့်အခန်းမှာ အခန်းလူကြီးတချို့ အစည်းအဝေးလုပ်တယ်။ ဒီ အစည်းအဝေးကို ၁ ဆောင်မှာရှိတဲ့ ဘုရားဝင်းထဲက လူကြီးတွေကိုလည်းဖိတ်တယ်။

သူတို့အစည်းအဝေး လုပ်ပြီးတော့ ကိုဝင်းမြင့်ကို ခေါ်ပြောတယ်။ ဘာပဲဖြစ်ဖြစ် မနှင်းဆီက အစိမ်းသေ သေတာဆိုတော့ ထောင် ထဲမှာ ဆွမ်းကျွေးတရားနာလေး လုပ်ဖို့နဲ့ အမျှအတမ်းပေးဝေပြီး ကောင်းရာမွန်ရာရောက်ဖို့ လုပ်ကြမယ်ပေါ့။

လိုအပ်တဲ့ ငွေကြေးကိုလည်း အခန်းသားတွေ လှူဒါန်းငွေနဲ့ စီစဉ်မယ်လို့ ကိုကျော်မြင့်က အသိပေးလိုက် တယ်။ ကိုဝင်းမြင့်ကလည်း သူ့ဇနီးအတွက် ထောင်က ဝိုင်းဝန်းကူညီတာဖြစ်လို့ ကျေကျေနပ်နပ် လက်ခံပါ တယ်။

ဒါကြောင့် နောက်တစ်နေ့ ဘုရားဝင်းထဲမှာ ဆွမ်းကျွေး၊ တရားနာဖို့ စီစဉ်ထားတယ်။ တိုက်တိုက်ဆိုင် ဆိုင် ၁ ဆောင်မှာ ဒေါ်လာမှုနဲ့ အထိန်းသိမ်းခံထားရတဲ့ ဘုန်းကြီးတစ်ပါးလည်း ရောက်နေတယ်။ ဒီဘုန်းကြီး ကို ဆွမ်းကပ်ဖို့ စီစဉ်တယ်။

ကိုဝင်းမြင့်က ဒုက္ခရောက်တဲ့အချိန် ဝိုင်းဝန်းကူညီဖေးမကြတဲ့ ထောင်သားတွေ ကို ကျေးဇူး အထပ်ထပ် အခါခါ တင်နေတော့တယ်။ ညဘက်ရောက်တော့ ထောင်ဝါဒါနဲ့ မှာလိုက်တဲ့ပစ္စည်း တွေ ရောက်လာတယ်။ ဒီပစ္စည်းတွေကတော့ အချိုမှုန့်ထုပ်၊ ငရုတ်သီးမှုန့်ထုပ်၊ ပုစွန်ခြောက်မှုန့်ထုပ်၊ ဂေါ်ဖီ၊ ပဲသီး စတာတွေပါပဲ။

ပြီးတော့ အချိုပွဲအတွက် ကိတ်မုန့်နဲ့ ဘီစကွတ်ထုပ်တွေ ပါလာသေးတယ်။ အမှန် တကယ်ဆိုရင် ထောင်ကြီး ဗူးဝကနေ ဒီပစ္စည်းတွေကို ထောင်ထဲသယ်ခွင့်မရှိပါဘူး။

ဒါပေမဲ့ ကိုဝင်းမြင့် သတင်းကို တစ်ထောင်လုံးက သိနေလို့ သူ့ဇနီးအတွက် ကုသိုလ်ကောင်းမှုလုပ်တာကို မသိချင်ယောင် ဆောင်ပြီး ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ ဒီပစ္စည်းတွေကို မနက် ဖိုကြီးဆင်းတဲ့ အကျဉ်းသားတွေနဲ့ ထည့်ပေးပြီး ဟင်းချက်ရမှာဖြစ်ပါတယ်။

ကိုဝင်းမြင့်ကတော့ ဘယ်သူနဲ့မှ စကားမပြောဘဲ အချုပ်ခန်းသံတိုင် ကိုမှီပြီး အဝေးကိုငေးနေတယ်။ သူနဲ့ မနှင်းဆီ အခုလို သေကွဲ ကွဲရမယ်လို့ ဘယ်တုံးကမှ မတွေးမိခဲ့ပါဘူး။

အင်မတန် ငြိမ်းချမ်းပြီး ပူပန်သောကမရှိတဲ့ သူတို့ဘဝထဲကို မစန်းဆိုတဲ့ အမျိုးသမီးတစ်ယောက် ဝင်လာပြီး မှ အခုလို ကြေကွဲစရာတွေ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ မနှင်းဆီ မကွယ်လွန်ခင် တစ်ပတ်လောက်က သူ့ကို ထူးထူးခြားခြား ပြောခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။

အခု မဆီမဆိုင် အဲဒါကို ကိုဝင်းမြင့် အမှတ်ရနေတယ်။ မနှင်းဆီက သူတို့ကလေးရဖို့အတွက် ဧရာဝတီတိုင်းကိုပြန်ပြီး သူ့ရဲ့ရွာမှာ နတ်စားရမယ်လို့ ပြောခဲ့တယ်။ ရွာကိုသွားရင် ရုံးကိုခွင့်ယူပြီး လိုက်ခဲ့ရမယ်လို့ ကိုဝင်းမြင့်ကို မှာခဲ့ဖူးတယ်။

တကယ်လို့များ အခုလို အဖြစ် ဆိုးနဲ့မကြုံရင် သူတို့လင်မယားနှစ်ယောက်ဟာ ဝါးခယ်မမြို့က ခလောက်သိုက်ရွာကို အခုအချိန် နတ်စားဖို့ ပျော်ပျော်ရွှင်ရွှင် ရောက်နေလောက်ပြီလို့ အောက်မေ့နေမိတယ်။

ဒီလိုနဲ့ ည ၉နာရီ သံချောင်းခေါက်တော့ ကိုဝင်းမြင့် ပင်ပန်းပြီး အိပ်ပျော်သွားတယ်။ တစ်ထောင်လုံးမှာလည်း ဘာယာတွေရဲ့ သတင်းပို့သံကလွဲပြီး အားလုံး တိတ်ဆိတ်သွားတယ်။

ညသန်းခေါင်ယံရောက်တော့ ကိုဝင်းမြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာကနေ လန့်နိုးသလို ဖြစ်သွားတယ်။ ဒါပေမဲ့ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေတဲ့အခိုက်မှာ သူ့လက်မောင်းပေါ်ကို နွေးခနဲ အထိ အတွေ့တစ်ခု ခံစားလိုက်ရတယ်။ ဒါကြောင့် မျက်လုံးဖွင့်ပြီးကြည့်ဖို့ ကြိုးစားပေမယ့် မျက်ခွံက တအားလေး ပင်နေပြီး ဖွင့်လို့မရဘူး။

စကားပြောဖို့ ကြိုးစားတော့လည်း ရင်ဘတ်ကို တစ်စုံတစ်ယောက်က လက်နဲ့ဖိထား သလို ဖြစ်နေလို့ စကားပြောလို့ မရပြန်ဘူး။ ဒီအချိန်မှာပဲ သူ့နားအဝကို လေတိုးသံလေးနဲ့ ပြောနေသံ ကြားလိုက်ရတယ်။ အသံကို ကြားလိုက်ရတဲ့အခါမှာ ကိုဝင်းမြင့် ကြက်သီးမွေးညင်း ထသွားတယ်။

Photo-Credit

ဒီအသံ က သူတစ်သက်မမေ့နိုင်တဲ့အသံ။ ညတိုင်း သူ့ဘေးနားမှာ ကြားခဲ့ရတဲ့ မနှင်းဆီရဲ့အသံ။ အခုတော့ မနှင်းဆီရဲ့ အသံက ဝမ်းနည်းကြေကွဲပြီး ငိုသံပါနေတယ်။

“အစ်ကို ညီမ တောင်းပန်ပါတယ်။ နှင်းဆီတောင်းပန်ပါတယ်။ မနက်ဖြန်ကျရင် နှင်းဆီအတွက် ဆွမ်းသွတ်ကြမှာကို သိတယ်။ ဒါပေမဲ့ နှင်းဆီကို သနားရင် အမျှမဝေပါနဲ့ အစ်ကို”

မနှင်းဆီရဲ့ တောင်းဆိုမှုကြောင့် ကိုဝင်းမြင့် လန့်သွားတယ်။ မနှင်းဆီပြောတာကို လက်မခံဘူးလို့ ပြောဖို့ကြိုးစားပေမယ့် နှုတ်ခမ်းတွေက လှုပ်လို့မရဘူး။ တစ်စုံတစ်ရာ လေးလေးပင်ပင် ချုပ်ကိုင်ထားတယ်။

ဒါကြောင့် ခေါင်းခါပြီး အမူအရာနဲ့ ပြဖို့ ကြိုးစားတယ်။ မနှင်းဆီကတော့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကြ ပြီး သူ့ကို ဆက်တောင်းပန်နေတယ်။

“မနှင်းဆီ သေတော့ အမေတို့ရှိတဲ့ ခလောက်သိုက်ရွာကို သွားတယ်။ ဒါပေမဲ့ ရွာက အဝင်မခံဘူး။ အစ်ကို့ကိုလည်း မခွဲနိုင်ဘူး။ ဒါကြောင့် အစ်ကိုရှိတဲ့ အင်းစိန်ထောင်ကိုပဲ လိုက်လာတာ”

ကိုဝင်းမြင့် ဝူးဝူးဝါးဝါး အသံတွေ အခန်းထဲမှာ ပေါ်ထွက်လာတယ်။ ညသန်းခေါင်ယံဆိုတော့ အခန်း ထဲကလူတွေ လန့်ပြီး နိုးလာကြတယ်။ ကိုဝင်းမြင့်က မျက်လုံးကြီး စုံမှိတ်ပြီး ခေါင်းကို ခါယမ်းနေဆဲပါပဲ။ မနှင်းဆီကလည်း ဆက်ပြောတယ်။

“အစ်ကို နှင်းဆီတို့ နတ်စားမသွားခဲ့ရဘူးနော်။ ဒါကြောင့် ခိုက်တာ၊ ဝမ်းမနည်းနဲ့။ အခု နှင်းဆီကို သနားရင် ကွမ်းတစ်ရာ လောက်ကျွေးပါ အစ်ကိုရယ်”

ကိုဝင်းမြင့်ရဲ့ အဖြစ်အပျက်ကြောင့် ဘေးမှာရှိတဲ့ ဦးချင်းနဲ့ အခြားလူတွေက လှုပ်နှိုးကြတယ်။

“ဟေ့ကောင် ဝင်းမြင့် ထစမ်း ထစမ်း သတိထားစမ်း”

ပြောပြောဆိုဆို ဦးချင်းက အခန်းရှေ့က ဘုရားစင်မှာ ပူဇော်ထားတဲ့ ရေတော်ခွက်ကိုယူပြီး အဲဒီထဲ က ရေနဲ့ ဝင်းမြင့်မျက်နှာကို ပက်လိုက်တယ်။

အတော်ကြာမှ ကိုဝင်းမြင့် သတိလည်လာပြီး တစ်ခန်းလုံးကို ကြောင်တောင်တောင်နဲ့ ကြည့်နေတယ်။ ပြီးတော့ ဦးချင်းရဲ့ ဒူးခေါင်းကိုကိုင်ပြီး အရူးတစ်ယောက်လို အော်ဟစ်တော့တယ်။

“မလုပ်ပါနဲ့ မနက်ဖြန် သူ့အတွက် ဆွမ်းမကျွေးပါနဲ့။ သူ့မှာ နေစရာမရှိဘူး။ ကျွန်တော်နဲ့ သူ့ကိုမခွဲ ပါနဲ့”

အခန်းလူကြီး ကျော်မြင့်က ဘေးအခန်းတွေ သတိမထားမိအောင် ဝင်းမြင့်ပါးစပ်ကို လက်နဲ့ပိတ် လိုက်တယ်။

“သိပ်မအော်နဲ့ ဝင်းမြင့်၊ ထောင်ပိုင်သိသွားရင် မင်း တိုက်ပိတ်ခံရလိမ့်မယ်”

ကျော်မြင့်စကားအဆုံးမှာ ဝင်းမြင့်ကတော့ ဝူးဝူးဝါးဝါး အော်နေဆဲပါပဲ။ အတန်ကြာမှ အားကုန်ခန်း သွားသလို ငြိမ်ကျသွားတယ်။ ပြီးတော့ မျက်ရည်တွေနဲ့ ကျော်မြင့်ကို လက်အုပ်ချီပြီး တိုးလျှိုးတောင်းပန် တယ်။

“ခုနက မနှင်းဆီ လာသွားတယ်။ သူက တရားမနာဖို့နဲ့ အမျှမဝေဖို့ လာပြောသွားတယ်”

“ဟာကွာ မဟုတ်တာ။ ဆွမ်းမကျွေးရင် ကောင်းရာမွန်ရာဘဝကို ဘယ်ရောက်မလဲကွာ။ ပြီးတော့ သူ ကျွတ်မှာမဟုတ်ဘူး”

ကျော်မြင့် ဘယ်လိုပဲ ဖျောင်းဖျပြောပြော ဝင်းမြင့်က ခေါင်းပဲ ခါယမ်းနေတယ်။

“သူ့ရွာကလည်း လက်မခံဘူး။ ကျွန်တော် ဘယ်လိုလုပ်ရမလဲ။ ကျွန်တော့်မိန်းမကို သနားတယ်။ သူ့မှာ နေစရာမရှိဘူး။ ကျွန်တော်တို့နှစ်ယောက် ခွဲလည်း မခွဲနိုင်ဘူး။ ဖြစ်နိုင်ရင် မနက်ဖြန် အမျှမဝေပါနဲ့ လားဗျာ”

ဝင်းမြင့်ရဲ့ တောင်းပန်သံက တိတ်ဆိတ်တဲ့ အခန်းထဲမှာ အချုပ်သားအားလုံး ကြားနေရတယ်။ အချို့က ဝင်းမြင့်ကို တော်တော်သနားနေတယ်။ ဒါပေမဲ့ အများစုက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေတော့ ဝင်းမြင့်ပြောတာကို မလိုက်လျောချင်ကြပါဘူး။

သူတို့လင်မယားနှစ်ယောက်ရဲ့ သံယောဇဉ်ကို စာနာ နားလည်ပေမယ့် ဘဝချင်းမတူတော့တဲ့အတွက် ဝင်းမြင့်နဲ့ မနှင်းဆီကို အဆက်ဖြတ်ပေးရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အသည်းအသန် တောင်းပန်နေတဲ့ ဝင်းမြင့်ကြောင့် ဘယ်သူကမှ လက်မခံကြောင်း မပြောတော့ဘူး။ အချင်းချင်း မျက်နှာရိပ်မျက်နှာကဲပြပြီး ခေါင်းညိတ်လိုက်ကြတယ်။

ဝင်းမြင့်ကိုတော့ ထပ်ပြီး အော်ကြီးဟစ် ကျယ်မဖြစ်ဖို့ အခန်းသားတစ်ယောက်ဆီက အိပ်ဆေးတောင်းပြီး တိုက်လိုက်တယ်။ ဝင်းမြင့်ကတော့ အရူး တစ်ယောက်လို တတွတ်တွတ်နဲ့ ရေရွတ်နေတုန်းပါပဲ။

“မနှင်းဆီကို အမျှမပေးပါနဲ့။ နှင်းဆီကို အမျှမပေးပါနဲ့။ နှင်းဆီကို အမျှမပေးပါနဲ့”

နောက်တော့ ဝင်းမြင့်လည်း ဆေးအရှိန်ကြောင့် အိပ်ပျော်သွားတယ်။ အခန်းလူကြီး ကျော်မြင့်က တော့ ဦးချင်းကို တိုင်ပင်ပြီး မနက် ၄ နာရီ ဖိုကြီးမှာ အလုပ်ဆင်းရမယ့် အချုပ်သားပါကြီးလက်ထဲကို ဆွမ်း ကပ်မယ့် ဟင်းထုပ်တွေ ထည့်ပေးလိုက်တယ်။ ဦးချင်းကလည်း အခန်းလူကြီးနဲ့ တိုင်ပင်ကြီး မနက်ဖြန်မှာ မနှင်းဆီအတွက် မဖြစ်မနေ ဆွမ်းကပ်ပြီး အမျှဝေဖို့ ဆုံးဖြတ်ထားတယ်။

ဘာလို့လဲဆိုတော့ မနှင်းဆီ(ခ) ကရင်မဟာ သူ့ယောက်ျား ကိုဝင်းမြင့်ကို စွဲလမ်းလွန်းလို့ သေတာတောင် မကျွတ်ဘဲ ရောက်လာတာကို အားလုံးသဘောပေါက်လိုက်တယ်။ ဦးချင်းဆိုတာကလည်း သစ်မှုနဲ့ အချုပ်ကျနေပေမယ့် ဘာသာရေးလိုင်း မှာတော့ နက်နက်ရှိုင်းရှိုင်းရှိတယ်။

သူ့ကို ၁ ဆောင်မှာ ဝင်ပူးထွက်ပူး ဦးချင်းလို့ခေါ်တယ်။ သူက နေ့စဉ် ဘုရားဝင်းထဲမှာနေပြီး ဘုရားဝေယျာဝစ္စနဲ့ ဘာသာရေးကိစ္စတွေပဲ လုပ်တယ်။ သူပြောတဲ့ တရားထဲမှာ ဝိသာခါကျောင်းအမကြီး တရားက အချုပ်သားတွေ သဘောကျကြတယ်။

သူပြောလေ့ရှိတာက ဝိသာခါ ကျောင်းအမကြီးဟာ ဝက်မဘ၀ ဖြစ်ခဲ့စဉ်က ကိလေသာကို စိတ်ကုန်လွန်းလို့ ဝက်သိုးတွေ အန္တရာယ်က ထွက်ပြေးခဲ့တာတောင် ဝဋ်ကြွေးမကုန်လို့ ဝါးရုံပင်ကြား ခေါင်းညပ်ပြီး ဝက်သိုးတွေရဲ့ မေထုံမှီဝဲခြင်းကို ခံခဲ့ရ တယ်ဆိုတဲ့အကြောင်းကို ခဏ ခဏ ပြောတယ်။ အခု ကိုဝင်းမြင့်နဲ့ မနှင်းဆီဇာတ်လမ်းကို ဦးချင်း ဘယ်လို ကိုင်တွယ်မလဲဆိုတာ တစ်ဆောင်လုံးက စိတ်ဝင်စားနေတယ်။

အခန်းလူကြီး ကျော်မြင့်ကလည်း ဝင်းမြင့် ကျေနပ်အောင် အမျှမဝေဘူးလို့ ပြောထားပေမယ့် နောက်တစ်နေ့မှာ တရားနာပြီး အမျှဝေဖို့ စီစဉ်ထား တယ်။ ဒါဆိုရင် မနှင်းဆီလည်း ကျွတ်လွတ်သွားပြီး ကောင်းရာမွန်ရာဘဝကို ရောက်သွားမယ်လို့ အားလုံး ယုံကြည်ထားကြတယ်။

ဒါပေမဲ့ ၁ ဆောင် ဘုရားဝင်းမှာ အဲဒီနေ့က တကယ်အမျှဝေလိုက်တော့. . . . . . . . . . . ။

ဆက်လက်ဖော်ပြသွားပါမည်။

Credit – ဇော်သက်ထွေး

ပြန်လည်ဖတ်ရှုလိုပါက …

” အင်းစိန်ထောင် အတွင်း မှ ပရလောကသားများ ” ( ဖြစ်ရပ်မှန် အပိုင်း – ( ၁၄ ) )

” အင်းစိန်ထောင် အတွင်း မှ ပရလောကသားများ ” ( ဖြစ်ရပ်မှန် အပိုင်း – ( ၁၆ ) )

Add a Comment

Your email address will not be published. Required fields are marked *