” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၆ ) )

၀င္ ပူး ထြက္ ပူး ဦး ခ်င္း ႏွင့္ ဆရာ “ ငိုသံၾကား ”

ေနာက္ တစ္ေန႕ အိပ္ေဆာင္ ဖြင့္ေတာ့ အခန္းလူႀကီး ေက်ာ္ျမင့္ မ်က္လုံး ျပဴးသြား တယ္။ ဘာလို႔လဲ ဆိုေတာ့ သူ႕အခန္း အေပါက္တိုင္း က သံတိုင္ေတြ ေပၚမွာ ကြမ္းယာေတြ တင္ထားတာကို ေတြ႕လိုက္လို ႔ပါ ပဲ ။

တရားခံ ကိုၾကည့္လိုက္ေတာ့ ဝင္းျမင့္ ။ အိပ္ရာ ကို နိုးနိုးခ်င္း ေသြး႐ူးေသြးတမ္း နဲ႕ သူ႕ကြမ္းအစ္ ကိုယူကာ ကြမ္းယာ ေတြ ယာၿပီး သံတိုင္ေဘာင္ေပၚကို ေလွ်ာက္တင္ေန တယ္။ ပါးစပ္ကလည္း တတြတ္တြတ္နဲ႕ ေရ႐ြတ္ေနတယ္။ ဒါေၾကာင့္ ဝန္ထမ္းေတြ ေရာက္မလာခင္ လွမ္းဟန႔္လို က္ရ တယ္ ။

“ ေဟ့ေကာင္ ဝင္းျမင့္ ဘာေတြေလွ်ာက္ လုပ္ေနတာ လဲ ”

၀င္းျမင့္ က အသိလြတ္ေန တဲ့ မ်က္ လုံး ေတြနဲ႕ သူ႕ကိုျပန္ၾကည့္လိုက္တယ္။ ဒါေပမဲ့ လက္ကေတာ့ ကြမ္းအယာ မပ်က္ဘူး။ ေနာက္ဆုံး အခန္းထဲမွာရွိတဲ့ စည္းကမ္း ထိန္းေတြနဲ႕ ဘာယာေတြက ဝင္းျမင့္ကို ေခ်ာ့ေမာ့ၿပီး သူ႕လက္ထဲက ကြမ္းအစ္ကို ျပန္လုယူလိုက္တယ္ ။ သံတိုင္ေပၚက ကြမ္း ယာေတြကို လိုက္သိမ္းေတာ့ ဝင္းျမင့္က အ႐ူးတစ္ေယာက္လို ေအာ္ဟစ္ၿပီး တားတယ္။

“ ေဟ့လူေတြ မလုပ္နဲ႕။ ႏွင္းဆီ စား ခ်င္တယ္ဆိုလို႔ က်ဳပ္ ယာေကြၽးထားတာ။ ခင္ဗ်ားတို႔ ဘာျဖစ္ေနတာလဲ။ ဗမာလူမ်ိဳး ေတြျဖစ္ၿပီး ကြမ္းတစ္ယာေတာင္ မသဒၶါ ေတာ့ဘူးလား”

၀င္းျမင့္ေၾကာင့္ တစ္ခန္းလုံး ႐ုတ္ ႐ုတ္သဲသဲ ျဖစ္ေနၿပီ။ ေနာက္ဆုံး ေထာင္ မဖြင့္ခင္ ဝင္းျမင့္ကို ေခ်ာ့ေမာ့ေဖ်ာင္း ဖ်ရ တယ္။ သံတိုင္ေပၚကို ကြမ္းယာေတြ ျပန္ တင္ေပးမွ ဝင္းျမင့္လည္း ၿငိမ္သြားတယ္။

ဘယ္ေလာက္ေတာင္ ၿငိမ္သြားသလဲဆိုရင္ မႏွင္းဆီအတြက္ သက္ေပ်ာက္ဆြမ္းကပ္တဲ့ အခ်ိန္ထိ ဘယ္သူ႕ကိုမွ စကားမေျပာေတာ့ ဘူး။ တစ္ေယာက္တည္း ငူငူႀကီးထိုင္ေန တယ္။ ဖိုႀကီးထဲက ပါႀကီးရဲ႕ ဘာလေခ်ာင္ ေၾကာ္ေတြ၊ အစိမ္းေၾကာ္ ေတြ ေရာက္လာ ေတာ့ ဦးခ်င္းတို႔က ဆြမ္းကပ္ဖို႔ ဘုရားဝင္း ထဲမွာ ျပင္ၾကဆင္ၾကတယ္။

ဒီလိုကိစၥမ်ိဳး ေတြေပၚ လာရင္ ဦးခ်င္းက ဦးစီးၿပီးလုပ္ေပး ေနက်ဆိဳေတာ့ အဆင္ေျပပါတယ္။ နံနက္ ၁၀ နာရီခြဲေလာက္မွာ ထမင္းပုံးေရာက္ လာတယ္။ အခ်ဳပ္သားေတြကို ေဝမေပးခင္ ဦးဦးဖ်ားဖ်ား ခူးလိုက္ၿပီး ဘုရားဝင္းထဲမွာ ဆြမ္းကပ္တယ္။

ေဒၚလာမႈနဲ႕ ေရာက္လာ တဲ့ ဦးပဥ္ၥင္းကလည္း ဝင္းျမင့္နဲ႕တကြ ၁ ေဆာင္က အခန္းလူႀကီးေတြ ဘုရားဝင္း ထဲကသူေတြကို ငါးပါးသီလေပးၿပီး တရား ေဟာတယ္။

ဒီအထိ အားလုံး အဆင္ေျပေျပ ပါပဲ။ ဒါေပမဲ့ ကိုဝင္းျမင့္ကို သြားေခၚေတာ့ မလိုက္ဘူး။ ဇြတ္ျငင္းတယ္။ ေနာက္ေတာ့ အခန္း လူႀကီးေက်ာ္ျမင့္ ကိုယ္တိုင္ေခၚမွ စိတ္မပါလက္မပါနဲ႕ လိုက္လာတယ္။ မ်က္ ရည္ေတြဝဲေနရင္းတရားနာတယ္။

ေရစက္ ခ်တဲ့ အခါေရာက္ေတာ့ ျပႆနာစေတာ့ တာပဲ။ ဘုန္းႀကီးက မႏွင္းဆီ ေကာင္းရာ မြန္ရာဘဝေရာက္ဖို႔ ကိုဝင္းျမင့္ကို ေရစက္ခ် အမွ်ေပးေဝခိုင္းတဲ့အခါမွာ အမွ်မေဝဘဲ ေရစက္ခြက္ကို ႐ုတ္တရက္ေမွာက္ခ်လိဳက္ တယ္။

“ ဟာ ”

ကိုဝင္းျမင့္ရဲ႕လုပ္ရပ္ေၾကာင့္ တရားနာ ေနတဲ့လူေတြအကုန္ လုံးပါးစပ္အေဟာင္း သား ျဖစ္သြားၾကတယ္။ အရင္ဆုံး သတိ ဝင္လာတဲ့သူကေတာ့ ဦးခ်င္းပါပဲ။ ဦးခ်င္း က ကိုဝင္းျမင့္ ေမွာက္လိုက္တဲ့ ေရစက္ခြက္ ကို ေကာက္လိုက္ရင္း လွမ္းေျပာတယ္။

“ ဝင္းျမင့္ မင္းက ဗုဒၶဘာသာေနာ္။ ဗုဒၶဘာသာဝင္ဆိုရင္ အဲ့လိုမလုပ္ရဘူး ေနာ္။ မင္း …သံေယာဇဥ္ျဖတ္၊ ေရစက္ ျဖတ္ကြာ”

ဒါေပမဲ့ ကိုဝင္းျမင့္က ဦးခ်င္းရဲ႕စကား ေတြကို ဂ႐ုစိုက္ပုံမေပၚပါဘူး။ သူ႕မ်က္လုံး ေတြကလည္း အာခံတဲ့ပုံစံနဲ႕ ဝင္းဝင္းေတာက္ ေနတယ္။ ကိုေက်ာ္ျမင့္က သူ႕လူေတြကို အရိပ္အေျချပလိုက္ေတာ့ သူတို႔ထမင္းဝိုင္း က ေဇာ္ဝင္းခ်စ္နဲ႕ ဇန္ျမင့္က ကိုဝင္းျမင့္ကို ခ်ိဳင္းက တစ္ဖက္တစ္ခ်က္မၿပီး ဘုရားဝင္း ထဲက ဆြဲထုတ္သြားတယ္။

အမွ်ေပးေနတဲ့ ဘုန္းႀကီးက အေျခအေနေတြကို အကဲခတ္ ေနတုန္းမွာပဲ ဦးခ်င္းက ကိုဝင္းျမင့္ေမွာက္ ခ်လိဳက္တဲ့ ေရစက္ခြက္ကို ေရျပန္ျဖည့္ၿပီး တရားဆက္နာတယ္။ ကိုဝင္းျမင့္က ေဇာ္ ဝင္းခ်စ္တို႔ လက္ထဲမွာ ႐ုန္းကန္ရင္း ဦးခ်င္း ကို လွမ္းေအာ္တယ္။

“ ဦးခ်င္း ခင္ဗ်ားကို က်ဳပ္ေျပာထား ၿပီးသားေနာ္။ ေရစက္မခ်နဲ႕လို႔။ ခင္ဗ်ား ေရစက္ခ်လိဳ႕ မႏွင္းဆီ ဒီေထာင္မွာ မေန ရရင္ ခင္ဗ်ားနဲ႕က်ဳပ္ ေတြ႕မယ္”

စိပ္ပုတီးအႀကီးႀကီးကို လည္ပင္းမွာ ဆြဲထားတဲ့ ဦးခ်င္းက ကိုဝင္းျမင့္စကားကို ဂ႐ုစိုက္ဟန္ လုံးဝမျပပါဘူး။ သူလုပ္စရာ ရွိတဲ့ အမႈကိစ္ၥကိုပဲ ဆက္လုပ္ေနပါတယ္။ ဒါေၾကာင့္လည္း ဝင္ပူးထြက္ပူး ဦးခ်င္းလို႔ နာမည္ႀကီး ေနတာျဖစ္ပါလိမ့္မယ္။ ဦးခ်င္း က ေရစက္ခြက္ အဆင္သင့္ျဖစ္တဲ့အခါ ဘုန္းႀကီးကို ေလွ်ာက္တင္လိုက္တယ္။

ဒါ ေၾကာင့္ ဘုန္းႀကီးက ေရစက္ခ် အမွ်ေပး တယ္။ လူလိမ္ဝိဇၨာေက်ာ္ျမင့္ရဲ႕ ဘဝတစ္ေလွ်ာက္ ေရစက္ခ် အမွ်ေပးေဝတဲ့အခ်ိန္ မွာ ေသဆုံးသူဘဝသစ္ကို ကြၽတ္လြတ္သြား မွာေၾကာက္လို႔ ေရစက္ခြက္ေမွာက္ပစ္တဲ့ ဝင္းျမင့္လိုလူမ်ိဳးကို မေတြ႕ဖူးေသးပါဘူး။ ဒါေၾကာင့္ ဒီျမင္ကြင္းကိုၾကည့္ၿပီး သူ႕စိတ္ ထဲမွာ တုန္လႈပ္ေခ်ာက္ခ်ား ေနတယ္။

ဒီလိုနဲ႕ ကြယ္လြန္သူ မႏွင္းဆီအတြက္ ေထာင္ထဲမွာ သက္ေပ်ာက္ဆြမ္းသြတ္တဲ့ ကိစၥ ခက္ခက္ခဲခဲၿပီး သြားတယ္လို႔ မွတ္ယူ နိုင္ပါတယ္။ ကိုဝင္းျမင့္ကိုလည္း အခန္း ထဲကေန အျပင္ေပးမထြက္ခိုင္းဘူး။ သူ႕ကို ေစာင့္ၾကည့္ဖို႔ စည္းကမ္းထိန္းတစ္ေယာက္ နဲ႕ အခန္းေဘာက္ဆင္း တစ္ေယာက္ကို တာဝန္ေပးထားတယ္။ ကိုဝင္းျမင့္ကလည္း ျပန္ၿငိမ္သြားတယ္။

အခန္းလူႀကီးေက်ာ္ျမင့္ ဆီက ကြမ္းအစ္ကိုလုၿပီး မႏွင္းဆီကို ကြမ္း ယာေကြၽးတာေတြ ဘာေတြ မလုပ္ေတာ့ ဘူး။ ဦးခ်င္းကလည္း သူလုပ္ရမယ့္အမႈ ကိစၥ ေအာင္ျမင္ေအာင္ လုပ္ၿပီးသြားလို႔ စိတ္ေအးသြားပုံပဲ။

ဒါေပမဲ့ အခန္းထဲမွာ ဝင္းျမင့္ရဲ႕ အရိပ္အေျခကိုေတာ့ မလြတ္တမ္း အကဲခတ္ ေနတယ္။ ထူးဆန္းတာ တစ္ခုက ၁ ေဆာင္အခ်ဳပ္ခန္း ေရာက္ ေရာက္ခ်င္း ဦးခ်င္းကို ေလးစားခင္မင္ၿပီး စကားတေျပာေျပာေနတဲ့ ဝင္းျမင့္က ဆြမ္း သြတ္တရားနာၿပီးကတည္းက ဦးခ်င္းကို စကားမေျပာေတာ့ဘူး။

ထမင္းစားေခၚ ေတာ့လည္း မဆာဘူးဆိုၿပီး ဝင္းျမင့္တစ္ ေယာက္ လာမစားဘူး။ ေက်ာ္ျမင့္ကေတာ့ ဝင္းျမင့္ အေျခအေနကို အကဲခတ္ၿပီး “သူ႕ ဘာသာသူ တစ္ေယာက္တည္း လႊတ္ထား လိုက္”လို႔ သူ႕လူေတြကို ေျပာထားတယ္။ အဲဒီေန႕တစ္ေန႕လုံး ဘာမွမျဖစ္ပါဘူး။

ညေရာက္ေတာ့ ကိုဝင္းျမင့္ တစ္ ေယာက္ ထုံးစံအတိုင္း ျပတင္းေပါက္သံတိုင္ ကိုကိုင္ၿပီး အျပင္ကို ေငးၾကည့္ ေနတယ္။ တစ္ခန္းလုံးမွာရွိတဲ့ အခ်ဳပ္သားေတြက ေတာ့ စကားေျပာတဲ့သူေျပာ၊ သီခ်င္းဆိုတဲ့ သူဆို၊ ဘုရားရွိခိုး တဲ့သူ ရွိခိုးနဲ႕ ဆူညံေန တယ္။ ဦးခ်င္းကေတာ့ သူ႕ရဲ႕ထုံးစံအတိုင္း ခ်ဳပ္သစ္ေတြ၊ ေဘာက္ဆင္းေတြကို ေခၚ ၿပီး အႏွိပ္ခံေလ့ရွိတယ္။

တစ္ခါအႏွိပ္ခံရင္ ေထာင္ကေရာင္းတဲ့ မက်င္လွ (ႏြား) ေဆး လိပ္ႏွစ္လိပ္ ေပးရတယ္။ အဲ့ဒီညကလည္း ဦးခ်င္းတစ္ေယာက္ ဆြမ္းကပ္တဲ့ကိစၥနဲ႕ ပင္ပန္းလို႔လားမသိဘူး။ ေနေက်ာ္လို႔ ေခၚ တဲ့ ဘာယာေလးကိုေခၚၿပီး အနင္းအႏွိပ္ခံ ေနတယ္။

ဦးခ်င္းက အႏွိပ္သာခံတာ သူ႕ ထုံးစံအတိုင္း အလြန္ႀကီးတဲ့ သူ႕ပုတီးႀကီး ကို လက္ထဲမွာ ကိုင္ရင္ကိုင္၊ ဒါမွမဟုတ္ လည္ပင္းမွာ ဆြဲရင္ဆြဲ သူနဲ႕မခြဲမခြာထား တယ္။ အခုလည္း အႏွိပ္ခံေနတုန္း ပုတီး ကို လည္ပင္းမွာဆြဲထားတယ္။ တစ္ခန္းလုံး ဆူညံေနေပမယ့္ ဦးခ်င္းကေတာ့ မ်က္စိ မွိတ္ထားတယ္။

ဦးခ်င္းကို ႏွိပ္ေပးတဲ့ ေနေက်ာ္က ခိုးမႈနဲ႕အခ်ဳပ္က်ေနတာ ျဖစ္ပါ တယ္။ သူက လူေကာင္ကလည္း ေထာင္ ေထာင္ ေမာင္းေမာင္း၊ ေပါင္မွာလည္း အ႐ုပ္ေတြရွိတယ္။ လက္ေမာင္းမွာ ပခုံးမွာ လည္း ေဆးမင္ ေၾကာင္ ႐ုပ္ေတြ ဗရပြနဲ႕။ ဒါေပမဲ့ ေနေက်ာ္က စကားေျပာအင္မတန္ ယဥ္ေက်းတယ္။ လူႀကီးသူမေတြကိုလည္း ရိုေသတယ္။

ဒါေၾကာင့္ ေထာင္ဝင္စာ မလာတဲ့ ၁၃ီ ဆိုေပမယ့္ “ပုန္း”မေၾကာင္ ဘူး။ သူ႕ကို ေပးမယ့္ ေကြၽးမယ့္သူေတြ ၁ ေဆာင္မွာ အျပည့္ပဲ။ တခ်ိဳ႕ကေတာ့ ေန ေက်ာ္ဟာ ေျခေဆာ့လက္ေဆာ့ ရွိေပမယ့္ လူေတြအေပၚ ရိုရိုက်ိဳးက်ိဳးရွိလို႔ ခင္မင္ၾက တယ္။ သူကခိုးတဲ့အခါမွာ အင္မတန္လ်င္ ျမန္တယ္။ ဒါေပမဲ့ ေထာင္ထဲမွာေတာ့ ဘယ္ပစ္ၥည္းမွ သူမခိုးပါဘူး။

ခိုးလို႔မိရင္ လည္း တိုက္ပိတ္ခံမွာ ေသခ်ာတယ္။ ဒါ ေၾကာင့္ သူ႕စားဝတ္ေနေရးအတြက္ ေထာင္ ထဲမွာ အႏွိပ္သည္လုပ္ရင္း အသက္ေမြး ဝမ္းေက်ာင္းတယ္။ ေနေက်ာ္ရဲ႕ ဘဝဇာတ္ ေၾကာင္းကလည္း ေတာ္ေတာ္စိတ္ဝင္စား ဖို႔ ေကာင္းတယ္။ သူ႕ကို ပဲခူးတိုင္းအေရွ႕ ဘက္ျခမ္း ရိုးမေတာင္ေပၚမွာရွိတဲ့ ေတာင္ ေပၚ႐ြာ ၁၄ ႐ြာထဲက တစ္႐ြာမွာ ေမြးဖြားခဲ့ တာ ျဖစ္ပါတယ္။

စေနသားျဖစ္လို႔ သူ႕ကို မိဘေတြက “ ေနေက်ာ္” လို႔ အမည္မွည့္ခဲ့ တယ္။ ဒါေပမဲ့ တစ္ညမွာ ေနေက်ာ္တို႔ ေတာင္ယာထဲကတဲကို ေတာဆင္ရိုင္းေတြ လာဖ်က္ဆီးေတာ့ ေနေက်ာ္ကလြဲၿပီး တစ္ မိသားစုလုံး ဆင္နင္းခံရလို႔ ေသသြားၾက တယ္။ မိဘမဲ့သြားတဲ့ ေနေက်ာ္ကို ေဘးနား ေတာင္ယာမွာေနတဲ့ မုဆိုးမ ေဒၚေငြယုံ ဆိုတဲ့ အဘြားႀကီးက ေမြးစားၿပီး ျပဳစုေစာင့္ ေရွာက္ထားလိုက္တယ္။

ေဒၚေငြယုံက ဆင္းရဲေပမယ့္ ေနေက်ာ္ကို ေျမးတစ္ ေယာက္လို သားတစ္ေယာက္လို ခ်စ္တယ္။ ေနာက္ေတာ့ ရိုးမေတာင္ေပၚမွာ ေနရတာ မလုံၿခဳံတဲ့အတြက္ ျဖဴး၊ ကၫြတ္ကြင္းနယ္ ထဲက ငါးပတ္အိုင္႐ြာကို ေ႐ႊ႕ေျပာင္းလာ တယ္။

အဲဒီမွာ ေဒၚေငြယုံက ကုန္စုံဆိုင္ ေလးဖြင့္ၿပီး ဘ၀ ဝမ္းေက်ာင္းတယ္။ ေဒၚ ေငြယုံတို႔ ေျပာင္းေ႐ႊ႕လာတဲ့ ဆုံးျဖတ္ခ်က္ မွန္တယ္လို႔ ဆိုရမယ္။ ေဒၚေငြယုံနဲ႕ ေန ေက်ာ္အတြက္ စားဝတ္ေနေရးက ရိုးမ ေတာင္ေပၚတုန္းကေလာက္ မခက္ခဲမၾကမ္း တမ္းေတာ့ဘူး။

ဒါေၾကာင့္ ေအးေအးခ်မ္း ခ်မ္း ေနထိုင္ၾကတယ္။ ဒါေပမဲ့ ေဒၚေငြယုံ ရဲ႕ အားနည္းခ်က္တစ္ခု ကေတာ့ နတ္ေတြ၊ စုန္းေတြကို အလြန္အမင္းယုံၾကည္ကိုးကြယ္ တာပါပဲ။ အခုလည္း ႐ြာမွာ ပြဲထိုးလိုက္၊ နတ္ကႏၷားေပးလိုက္ လုပ္ေနရင္း ေဒးစြန္ ပါက လူေတြနဲ႕ အဆက္အသြယ္ အခ်ိတ္ အဆက္ရလာတယ္။ ေဒးစြန္ပါဆိုတာ ပဲခူး တိုင္း၊ ဘုရားႀကီးနားမွာရွိပါတယ္။

ေဒးစြန္ပါမွာ အထက္လမ္း၊ ေအာက္လမ္း ဆရာ ေတြကတစ္ဆင့္ ထိေတြ႕မျမင္ရတဲ့ ပရ ေလာက က သူေတြ၊ သိုက္နန္းေတြ၊ နတ္ ေတြ၊ စုန္းေက၀ စသျဖင့္ အစုံခ်ိတ္ဆက္လို႔ ရတယ္။ ေဒၚေငြယုံက ေမြးစားသားေနေက်ာ္ နဲ႕ ေဒးစြန္ပါေရာက္သြားေတာ့ ေဒၚေငြယုံ ဆရာေတြက ေနေက်ာ္မွာ ထူးျခားတဲ့ နက္ၡတ္ရွိေနတယ္လို႔ ေျပာၾက တယ္။ ဒီ အခ်ိန္မွာပဲ ေဒၚေငြယုံက ရိုးမေတာင္ေပၚ မွာ ေနထိုင္ခဲ့စဥ္က ေနေက်ာ္ရဲ႕ ထူးျခားတဲ့ လုပ္ရပ္တစ္ခုကို ခ်က္ခ်င္းသတိရသြား တယ္။

အဲဒါကေတာ့ တစ္ရက္မွာ ေန ေက်ာ္ ညဘက္အေပါ့သြားေတာ့ ေတာစပ္ မွာ ဝင္းဝင္းေတာက္ေနတဲ့ မ်က္လုံးႏွစ္လုံး ကို ျမင္လိုက္ရတယ္။ ခ်က္ခ်င္းပဲ ဒါဟာ ေတာေကာင္မွန္း သိသြားတယ္။ အဲဒါ ေၾကာင့္ တဲထဲကဓာတ္မီးကို သြားယူ ၿပီး ေတာေကာင္ဆီ သြားတယ္။ ၿပီးေတာ့ မီးေတာက္ၿပီး သူ႕အိမ္ဝိုင္း ထဲ မေရာက္ ေရာက္ေအာင္ ညွို႔ေခၚခဲ့ဖူးတယ္။

အဲဒီ ေတာေကာင္က တကယ္ေတာ့ ေခ်ေပါက္ ေလးပါ။ အိမ္ထဲလည္းေရာက္ေရာ ေနေက်ာ္ တစ္ေယာက္ ဓာတ္မီးပစ္ခ်ၿပီး ေခ်ေပါက္ ေလးကို ဝင္လုံးေတာ့တာပဲ။ ေခ်ေပါက္က လည္း ႐ုန္း၊ သူကလည္းခ်ဳပ္နဲ႕ ပတ္ဝန္း က်င္တစ္ခုလုံး ဆူညံသြားတယ္။ အသံ ေတြေၾကာင့္ ေဘးနားကလူေတြ နိုးလာၿပီး ေနေက်ာ္ကိုဝင္ကူလို႔ ေခ်ေပါက္တစ္ေကာင္ ရခဲ့ဖူးတယ္။

အဲဒီကတည္းက ေဒၚေငြယုံက ေနေက်ာ္ရဲ႕ “ဇ”ကို သေဘာက်ေနခဲ့တာပါ။ အခုလည္း ေဒၚေငြယုံက သူ႕ေမြးစားသားကို သာမန္လူေတြထက္ထူးတဲ့ လူစြမ္းေကာင္း တစ္ေယာက္ ျဖစ္ေစခ်င္တယ္။ ဒါေၾကာင့္ ေဒးစြန္ပါမွာရွိတဲ့ အထက္ဆရာေတြကို ပူေဇာ္ပသၿပီး သူ႕ေမြးစားသားကို “ မ” ဖို႔ ေတာင္းဆိုတယ္။

ေဒၚေငြယုံဆရာေတြက လည္း ေနေက်ာ္ရဲ႕ ေမြးေန႕၊ ေမြးနံ၊ ၿဂိဳဟ္စီး၊ ၿဂိဳဟ္နင္း၊ နကၡတ္ စတာေတြကို ေလ့လာ ၾကည့္ၿပီး ေလာကကိုေစာင့္ေရွာက္တဲ့ ထူး ျခားတဲ့လူတစ္ေယာက္ျဖစ္ေအာင္ စီရင္ေပး မယ္လို႔ ကတိေပး လိုက္တယ္။

အဲဒီေနာက္ ကတိကိုအေကာင္အထည္ေဖာ္ဖို႔ ေဒၚေငြ ယုံတစ္ေယာက္ ေဒးစြန္ပါမွာ ခုနစ္ရက္ ခုနစ္လီ ပြဲေပးရတယ္။ ၿပီးေတာ့ ေအာက္ လမ္းဆရာသမားေတြက ေနေက်ာ္ရဲ႕ေပါင္ ႏွစ္ဖက္မွာ ေၾကာင ဆင္းေၾကာင္တက္အ႐ုပ္ ႏွစ္႐ုပ္ကို ထိုးေပးလိုက္တယ္။

ဒီလိုထိုးဖို႔ အတြက္ စီရင္ထားတဲ့ေဆးက ဒီေလာက ကလူေတြ ၾကားဖူးနားဝရွိတဲ့ “ ေၾကာင္မ်က္ ရွင္” ေဆးနဲ႕ ကြဲျပားျခားနားပါတယ္။ ေၾကာင္ မ်က္ရွင္ေဆးက ေၾကာင္ေသသြားေပမယ့္ မ်က္လုံးက ရွင္ေနတာကို ယူၿပီးစီရင္ရတာ ျဖစ္ပါတယ္။ ေနေက်ာ္ကို ထိုးတဲ့ေဆးက ေတာ့ ေသသြားတဲ့ ေၾကာင္နက္ကို စီရင္ ထားတာ ျဖစ္ပါတယ္။

ဒီေၾကာင္နက္ဟာ တစ္ကိုယ္လုံး နက္ေမွာင္ေန႐ုံသာမက ေျခ သည္း လက္သည္းေတြကပါ မည္းေနတာ ေၾကာင့္ ထူးျခားတဲ့စြမ္းအင္ရွိတယ္လို႔ ယုံ ၾကည္ေနၾကတာပါ။ ေနေက်ာ္ကို ေၾကာင္ ႐ုပ္ထိုးၿပီး ေဆးစီရင္ၿပီး တဲ့ေနာက္ ေဆး ေအာင္ မေအာင္ကိုပါ တစ္ပါတည္းစမ္းသပ္ ရပါတယ္။ ဘယ္လိုစမ္းသပ္ရသလဲဆိုရင္ ေဒးစြန္ပါ ေတာတြင္းတစ္ေနရာက လူ ႏွစ္ရပ္သုံးရပ္ျမင့္တဲ့ ေတာင္ထိပ္တစ္ခုေပၚ ကေန ေနေက်ာ္ကို တြန္းခ်ၿပီးစမ္းသပ္မွာ။

ဒါေပမဲ့ သူ႕တစ္ေယာက္တည္းေတာ့ ေတာင္ ေအာက္ကို မခ်ဘဴး။ ေဆးစီရင္ထားတဲ့ဓား တစ္လက္နဲ႕ ေနေက်ာ္ကို ၿပိဳင္တူ ေတာင္ ေအာက္ကိုခ်လိဳက္တာ ျဖစ္ပါတယ္။

ဒီလို အခ်ိန္မွာ ပိုင္ရာဆိုင္ရာေတြ၊ ႐ြာေတာ္ရွင္၊ နယ္ေတာ္ရွင္၊ ကိုးၿမိဳ႕ရွင္ အကုန္လုံးကို ပင့္ဖိတ္ၿပီး ေတာင္ေပၚမွာေရာ ေတာင္ ေအာက္မွာေရာ ေဆးေအာင္ မေအာင္ အကဲျဖတ္တဲ့ ဆရာႀကီးငယ္ေတြ ေစာင့္ ၾကည့္ေနၾကပါတယ္။ အဲဒီေန႕က ေနေက်ာ္ နဲ႕ ဓားကို ၿပိဳင္တူခ်လိဳက္ေတာ့ ေနေက်ာ္က ဓားထက္ အရင္ ေတာင္ေအာက္ေရာက္ သြားတယ္။

ေတာင္ေအာက္ေရာက္ေတာ့ လည္း ညင္ညင္သာသာပဲ။ ဘာဒဏ္ရာမွ မရဘူး။ ဒီမွာတင္ ေဆးစီရင္ေပးတဲ့ ဆရာ ေတြေရာ၊ ေဒၚေငြယုံေရာ ဝမ္းသာအားရနဲ႕ “ ေအာင္ၿပီေအာင္ၿပီ” ဆိုၿပီး ဟစ္ေႂကြးၾက တာေပါ့။ ေဒၚေငြယုံလည္း သူ႕ေမြးစားသား ေလးကို အရိပ္တၾကည့္ၾကည့္နဲ႕ ကၫြတ္ကြင္းကို ျပန္ေခၚလာတယ္။ တစ္ေန႕ေန႕ ေတာ့ သူ႕သားေနေက်ာ္တစ္ေယာက္ ေဆး စြမ္းျပမွာပဲလို႔လည္း အျပည့္အ၀ ယုံၾကည္ ထားတယ္။

အဲဒီေနာက္ ရက္အနည္းငယ္အၾကာ မွာ ေဒၚေငြယုံရဲ႕ အိမ္နားနီးခ်င္းေတြ ျပႆနာတက္ေတာ့တာပါပဲ။ ေခါင္းရင္း အိမ္က ထဘီေပ်ာက္သြားသလို၊ ေျခရင္း အိမ္က အပ်ိဳေပါက္စေတြရဲ႕ အိမ္ေနာက္ ေဖးမွာ လွန္းထားတဲ့ ရွင္မီးအကၤ်ီေတြ ေပ်ာက္သြားတယ္။ ေနာက္တစ္ရက္ႏွစ္ရက္ အတြင္းမွာ သုံးအိမ္ေက်ာ္က မိန္းမေတြရဲ႕ အတြင္းခံ၊ ေလးအိမ္ေက်ာ္က ေဘာ္လီေတြ ေပ်ာက္ျပန္တယ္။

ဒီလို ရက္ဆက္ အမ်ိဳး သမီးအသုံးအေဆာင္ အဝတ္အထည္ေတြ ေပ်ာက္ေနလို႔ ရပ္ကြက္ထဲမွာ ပူညံပူညံျဖစ္ ေနစဥ္မွာပဲ ေဒၚေငြယုံတစ္ေယာက္ ေန ေက်ာ္ရဲ႕ သံေသတ္ၱာထဲကေန ေပ်ာက္ေန တဲ့ အမ်ိဳးသမီးအဝတ္အထည္ေတြကို ႐ုတ္ တရက္ ေတြ႕လိုက္ရတဲ့အခါမွာ အသက္ရႉ ရပ္မတတ္ ျဖစ္ေတာ့တာပဲ။

ေနာက္ဆုံး ေနေက်ာ္ကိုေခၚၿပီး “ ဘာလို႔ဒါေတြကိုခိုး တာလဲ” လို႔ တိတ္တိတ္ က်ိတ္ေမးရတယ္။ ေနေက်ာ္က “ ညဘက္ေရာက္ရင္ အဲဒီ ပစၥည္းေတြကို မခိုးရမေနနိုင္လို႔ လိုက္ခိုး ေနတာ” လို႔ ဝန္ခံပါတယ္။ ေနေက်ာ္ စကားလည္းၾကားေရာ ေဒးစြန္ပါမွာလုပ္ခဲ့ တဲ့အစီအရင္ေတြမွာ တစ္ခုခုမွားသြားၿပီလို႔ ေဒၚေငြယုံနား လည္ လိုက္တယ္။

ဒါေၾကာင့္ ရက္မဆိုင္းဘဲ ေနေက်ာ္ကို ဆရာေတြဆီ ေခၚသြားၿပီး သူ႕ကိုလုပ္ထားတဲ့ အစီအရင္ ေတြ ဖ်က္ေပးဖို႔ ျပန္ေတာင္းဆိုေတာ့တယ္။ ဆရာေတြဟာလည္း ေနေက်ာ္အစီအရင္ မွာ ေစာရနကၡတ္ရသြားေပမယ့္ ေဗြေဖာက္ ၿပီး ခိုးမယ့္ခိုးေတာ့ တန္ဖိုးႀကီးတာေတြ မခိုးဘဲ မိန္းမထဘီေတြ၊ ေဘာ္လီေတြ ခိုး ေနေတာ့ ေတာ္ေတာ္စိတ္ပ်က္သြားတယ္။

ဒါေၾကာင့္ ေနေက်ာ္ေပါင္ေပၚမွာ ထိုးထား တဲ့ ေၾကာင္ဆင္းေၾကာင္တက္က ေၾကာင္ မ်က္လုံးေတြကို ေဖာက္ထုတ္ပစ္လိုက္ တယ္။ အဆုံးေတာ့ ရပ္ကြက္ထဲမွာ မိန္းမ ထဘီ၊ အကၤ်ီေတြ ေပ်ာက္တာရပ္သြားတယ္။ ေနေက်ာ္လည္း အစီအရင္ေတြ ဖ်က္လိုက္ ေတာ့ မိန္းမဝတ္ေတြ ယူခ်င္စိတ္မရွိေတာ့ ဘူး။

ဒါေပမဲ့ ခိုးခ်င္တဲ့စိတ္ ကေတာ့ေဖ်ာက္ မရေတာ့ဘူး။ တန္ဖိုးေသးတာပဲျဖစ္ျဖစ္၊ တန္ဖိုးႀကီးတာပဲျဖစ္ျဖစ္ ေနေက်ာ္က ဗီဇ မေဖ်ာက္နိုင္ ေတာ့ဘူး။ ေနာက္ဆုံးေတာ့ ေဆးႂကြင္းေဆးက်န္ေတြေၾကာင့္ သူခိုးဘ၀ ေရာက္သြားတယ္။ ေဒၚေငြယုံလည္း ေမြး စားသားဘဝကိုၾကည့္ၿပီး ရင္ထုမနာ ျဖစ္ သြားတယ္။ ဘယ္လိုပဲ ဆုံးမဆုံးမ မရေတာ့ ဘူး။

အိမ္မွာ စားစရာရွိလည္း ေနေက်ာ္က ေတာ့ လိုက္ခိုးေနတာပဲ။ ၾကာေတာ့ ရပ္ ကြက္ထဲမွာေရာ ၿမိဳ႕မွာေရာ “ေက်ာ္ေစာ” သတင္းျဖစ္လာတယ္။ တျခားမွာ ခိုးမႈျဖစ္ လည္း ရဲေတြက ေနေက်ာ္ကိုပဲလာရွာတယ္။

ေနာက္ေတာ့ အိမ္နဲ႕ အခ်ဳပ္၊ အခ်ဳပ္နဲ႕ ေထာင္ ယဥ္ပါးလာတယ္။ ေဒၚေငြယုံလည္း အဲဒီဥပါဒါန္စိတ္နဲ႕ ယူက်ဳံးမရျဖစ္ၿပီး ဆုံး ပါးသြား တယ္။ ေနေက်ာ္ကေတာ့ အခ်ဳပ္နဲ႕ ေထာင္ကို အိမ္ဦးနဲ႕ၾကမ္းျပင္ပမာ ျဖစ္လာ ေတာ့တယ္။ အခုလည္း မဂၤလာဒုံ ဘက္မွာ လွ်ပ္စစ္မီးႀကိဳးေတြခိုးလို႔ အင္းစိန္ေထာင္ မွာ အခ်ဳပ္က်လာတာ ျဖစ္ပါတယ္။

အဲဒီညက သူခိုးေနေက်ာ္ဟာ ဦးခ်င္း ကို ႏွိပ္ေပးရင္းနဲ႕ မေျပာမဆို ႐ုတ္တရက္ အသံနက္ႀကီးနဲ႕ေအာ္ၿပီး ဦးခ်င္းရဲ႕ မေတာ္ ရာကို လက္နဲ႕ညွစ္လိုက္တယ္။ ဦးခ်င္း လည္း လန႔္ဖ်ပ္ၿပီး ေအာ္ေတာ့တာေပါ့။

ဦးခ်င္းရဲ႕ ေအာ္သံေၾကာင့္ တစ္ခန္းလုံးက အလန႔္တၾကား ဝိုင္းၾကည့္လိုက္တယ္။ ဒါေပမဲ့ ေနေက်ာ္က ဦးခ်င္းရဲ႕ငယ္ပါကို ကိုင္ထားတာကို လုံးဝလႊတ္မေပးဘူး။

နာ လို႔ ဦးခ်င္းက ပိုေအာ္တယ္။ ေနေက်ာ္က လည္း ေအာ္ေလ ညွစ္ေလပဲ။ ၿပီးေတာ့ သူ႕ မ်က္ႏွာက ေဒါသထြက္ေနပုံနဲ႕ ဦးခ်င္းကို စူးစူးဝါးဝါးၾကည့္ၿပီး ပါးစပ္ကလည္း ဗလုံး ဗေထြး ေျပာေနတယ္။ အသံလည္းေျပာင္း သြားတယ္။

“ နင္က ဘုရားဒကာလား။ နင့္အလုပ္ ဘာရွိလဲ။ ငါနဲ႕ ငါ့ေယာက္်ားနဲ႕ အဆင္ေျပ ေနတာပဲ။ နင္က ၾကားထဲက ဘာဝင္ဖ်က္ တာလဲ”

ေနေက်ာ္ရဲ႕ မ်က္ႏွာသြင္ျပင္နဲ႕ ေျပာ ဟန္ဆိုဟန္ေၾကာင့္ ဦးခ်င္းလန႔္သြားတယ္။ ပါးစပ္ကလည္း အခန္းထဲက လူေတြကို အကူအညီ ေတာင္းလိုက္တယ္။

“ ဟာ လုပ္ၾကပါဦးဟ။ ကယ္ၾကပါဦး။ ေနေက်ာ္ကို ဝင္ပူးေနၿပီထင္တယ္”

ဦးခ်င္းစကားေၾကာင့္ တစ္ခန္းလုံးက အံ့ၾသၿပီး ေငးေၾကာင္ေနတယ္။ ေနေက်ာ္ ကေတာ့ ဦးခ်င္းကို ဆက္ညွစ္ၿပီး ေဒါသ တႀကီး ေျပာေနတုန္းပဲ။

“နင္ဘာလို႔ အမွ်ေဝတာလဲ။ ငါဒီမွာ ရွိေနတာ ဘာျဖစ္လို႔လဲ။ နင့္အက်ိဳးယုတ္ ေအာင္ ငါမလုပ္ဖူးဘူး။ ငါ့ကိုလည္း မလုပ္ နဲ႕”

ေနေက်ာ္ရဲ႕ေဒါသနဲ႕ ညွစ္အားေၾကာင့္ ဦးခ်င္းတဆတ္ဆတ္တုန္ၿပီး နာက်င္လြန္း လို႔ မ်က္ရည္ေတြက် လာပါတယ္။ ဒီအခ်ိန္ က်မွ အခန္းလူႀကီး ေက်ာ္ျမင့္သတိဝင္လာ ၿပီး ဦးခ်င္းခႏၶာကိုယ္ေပၚကို ခြစီးထားတဲ့ ေနေက်ာ္ကို ေျခေထာက္နဲ႕ ေဆာင့္ကန္ပစ္ လိုက္တယ္။ ျပင္းထန္တဲ့ အရွိန္ေၾကာင့္ ေနေက်ာ္ ဦးခ်င္း ကိုယ္ေပၚက လြင့္က်သြား တယ္။

လဲေနတဲ့ ေနေက်ာ္ကို အခန္းသား ေတြက ဝိုင္းခ်ဳပ္ၿပီး သတိလည္လာေအာင္ လုပ္ေပးၾကတယ္။ ဝင္ပူးၿပီး ထြက္သြား ေတာ့ ေနေက်ာ္ သတိလည္လာၿပီး တစ္ ကိုယ္လုံး ေရခ်ိဳးထားသလို ေခြၽးစီးေခြၽး ေပါက္ေတြ ထြက္ေနတယ္။

သူ႕ကိုယ္သူ လည္း ဘာျဖစ္လို႔ျဖစ္မွန္းမသိဘူး။ ဦးခ်င္း ခမ်ာလည္း နာက်င္လြန္းလို႔ မ်က္ရည္ေတြ ေတာက္ေတာက္က်ေနတယ္။

ဒီလိုတစ္ခန္းလုံး ေယာက္ယက္ခတ္ ေနေပမယ့္ မႏွင္းဆီေယာက်္ား ကိုဝင္းျမင့္ ကေတာ့ အခန္းေထာင့္ တစ္ေနရာမွာ ေအးေအးေဆးေဆးပဲ ဦးခ်င္းတို႔ ျမင္ကြင္း ကို ထိုင္ၾကည့္ေနတယ္။

ဘုရားလူႀကီး ဝင္ပူး ထြက္ပူးဦးခ်င္း မ်က္ရည္ေတာက္ ေတာက္က်ေအာင္ ႏွိပ္ေပးခဲ့တဲ့ သူခိုးႀကီး ေနေက်ာ္ကိုေတာ့ အင္းစိန္ေထာင္က ေနာက္တစ္ေန႕မွာ နာမည္တစ္ခုေပးၿပီး ဂုဏ္ျပဳခဲ့တယ္။ အဲဒီနာမည္ကေတာ့ “ဆရာငိုသံၾကား” တဲ့။ ေနေက်ာ္ခမ်ာ ဒီ နာမည္ေၾကာင့္ ေထာင္ထဲမွာ နာမည္ႀကီး သြားခဲ့ေပမယ့္ လူေတြက ဒီနာမည္နဲ႕ သူ႕ကို ေခၚရင္ အရမ္းစိတ္ဆိုးတယ္။

ဒါေပမဲ့ ၁ ေဆာင္မွာ သူနဲ႕အတူေနတဲ့ “ဆြိ” ဆိုတဲ့ တစ္ေယာက္ကေတာ့ အဆဲခံ အထိုးခံၿပီး ေနေက်ာ္ကို “ဆရာငိုသံၾကား” လို႔ အၿမဲ ေခၚတယ္။ ဒီလို အစသန္တဲ့ အတြက္ေၾကာင့္ ၁ ေဆာင္မွာ ဆြိရဲ႕အလွည့္ မၾကာခင္ ေရာက္လာေတာ့တယ္။

ဆက္လက္ေဖာ္ျပ သြားပါမည္။

Credit – ေဇာ္သက္ေထြး

ျပန္လည္ဖတ္ရႈလုိပါက …

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၅ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၇ ) )

Unicode

၀င် ပူး ထွက် ပူး ဦး ချင်း နှင့် ဆရာ “ ငိုသံကြား ”

နောက် တစ်နေ့ အိပ်ဆောင် ဖွင့်တော့ အခန်းလူကြီး ကျော်မြင့် မျက်လုံး ပြူးသွား တယ်။ ဘာလို့လဲ ဆိုတော့ သူ့အခန်း အပေါက်တိုင်း က သံတိုင်တွေ ပေါ်မှာ ကွမ်းယာတွေ တင်ထားတာကို တွေ့လိုက်လို့ပါ ပဲ ။

တရားခံ ကိုကြည့်လိုက်တော့ ဝင်းမြင့် ။ အိပ်ရာ ကို နိုးနိုးချင်း သွေးရူးသွေးတမ်း နဲ့ သူ့ကွမ်းအစ် ကိုယူကာ ကွမ်းယာ တွေ ယာပြီး သံတိုင်ဘောင်ပေါ်ကို လျှောက်တင်နေ တယ်။ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ ရေရွတ်နေတယ်။ ဒါကြောင့် ဝန်ထမ်းတွေ ရောက်မလာခင် လှမ်းဟန့်လို က်ရ တယ် ။

“ ဟေ့ကောင် ဝင်းမြင့် ဘာတွေလျှောက် လုပ်နေတာ လဲ ”

ဝင်းမြင့် က အသိလွတ်နေ တဲ့ မျက် လုံး တွေနဲ့ သူ့ကိုပြန်ကြည့်လိုက်တယ်။ ဒါပေမဲ့ လက်ကတော့ ကွမ်းအယာ မပျက်ဘူး။ နောက်ဆုံး အခန်းထဲမှာရှိတဲ့ စည်းကမ်း ထိန်းတွေနဲ့ ဘာယာတွေက ဝင်းမြင့်ကို ချော့မော့ပြီး သူ့လက်ထဲက ကွမ်းအစ်ကို ပြန်လုယူလိုက်တယ် ။ သံတိုင်ပေါ်က ကွမ်း ယာတွေကို လိုက်သိမ်းတော့ ဝင်းမြင့်က အရူးတစ်ယောက်လို အော်ဟစ်ပြီး တားတယ်။

“ ဟေ့လူတွေ မလုပ်နဲ့။ နှင်းဆီ စား ချင်တယ်ဆိုလို့ ကျုပ် ယာကျွေးထားတာ။ ခင်ဗျားတို့ ဘာဖြစ်နေတာလဲ။ ဗမာလူမျိုး တွေဖြစ်ပြီး ကွမ်းတစ်ယာတောင် မသဒ္ဓါ တော့ဘူးလား”

ဝင်းမြင့်ကြောင့် တစ်ခန်းလုံး ရုတ် ရုတ်သဲသဲ ဖြစ်နေပြီ။ နောက်ဆုံး ထောင် မဖွင့်ခင် ဝင်းမြင့်ကို ချော့မော့ဖျောင်း ဖျရ တယ်။ သံတိုင်ပေါ်ကို ကွမ်းယာတွေ ပြန် တင်ပေးမှ ဝင်းမြင့်လည်း ငြိမ်သွားတယ်။

ဘယ်လောက်တောင် ငြိမ်သွားသလဲဆိုရင် မနှင်းဆီအတွက် သက်ပျောက်ဆွမ်းကပ်တဲ့ အချိန်ထိ ဘယ်သူ့ကိုမှ စကားမပြောတော့ ဘူး။ တစ်ယောက်တည်း ငူငူကြီးထိုင်နေ တယ်။ ဖိုကြီးထဲက ပါကြီးရဲ့ ဘာလချောင် ကြော်တွေ၊ အစိမ်းကြော် တွေ ရောက်လာ တော့ ဦးချင်းတို့က ဆွမ်းကပ်ဖို့ ဘုရားဝင်း ထဲမှာ ပြင်ကြဆင်ကြတယ်။

ဒီလိုကိစ္စမျိုး တွေပေါ် လာရင် ဦးချင်းက ဦးစီးပြီးလုပ်ပေး နေကျဆိုတော့ အဆင်ပြေပါတယ်။ နံနက် ၁၀ နာရီခွဲလောက်မှာ ထမင်းပုံးရောက် လာတယ်။ အချုပ်သားတွေကို ဝေမပေးခင် ဦးဦးဖျားဖျား ခူးလိုက်ပြီး ဘုရားဝင်းထဲမှာ ဆွမ်းကပ်တယ်။

ဒေါ်လာမှုနဲ့ ရောက်လာ တဲ့ ဦးပဉ်္စင်းကလည်း ဝင်းမြင့်နဲ့တကွ ၁ ဆောင်က အခန်းလူကြီးတွေ ဘုရားဝင်း ထဲကသူတွေကို ငါးပါးသီလပေးပြီး တရား ဟောတယ်။

ဒီအထိ အားလုံး အဆင်ပြေပြေ ပါပဲ။ ဒါပေမဲ့ ကိုဝင်းမြင့်ကို သွားခေါ်တော့ မလိုက်ဘူး။ ဇွတ်ငြင်းတယ်။ နောက်တော့ အခန်း လူကြီးကျော်မြင့် ကိုယ်တိုင်ခေါ်မှ စိတ်မပါလက်မပါနဲ့ လိုက်လာတယ်။ မျက် ရည်တွေဝဲနေရင်းတရားနာတယ်။

ရေစက် ချတဲ့ အခါရောက်တော့ ပြဿနာစတော့ တာပဲ။ ဘုန်းကြီးက မနှင်းဆီ ကောင်းရာ မွန်ရာဘဝရောက်ဖို့ ကိုဝင်းမြင့်ကို ရေစက်ချ အမျှပေးဝေခိုင်းတဲ့အခါမှာ အမျှမဝေဘဲ ရေစက်ခွက်ကို ရုတ်တရက်မှောက်ချလိုက် တယ်။

“ ဟာ ”

ကိုဝင်းမြင့်ရဲ့လုပ်ရပ်ကြောင့် တရားနာ နေတဲ့လူတွေအကုန် လုံးပါးစပ်အဟောင်း သား ဖြစ်သွားကြတယ်။ အရင်ဆုံး သတိ ဝင်လာတဲ့သူကတော့ ဦးချင်းပါပဲ။ ဦးချင်း က ကိုဝင်းမြင့် မှောက်လိုက်တဲ့ ရေစက်ခွက် ကို ကောက်လိုက်ရင်း လှမ်းပြောတယ်။

“ ဝင်းမြင့် မင်းက ဗုဒ္ဓဘာသာနော်။ ဗုဒ္ဓဘာသာဝင်ဆိုရင် အဲ့လိုမလုပ်ရဘူး နော်။ မင်း …သံယောဇဉ်ဖြတ်၊ ရေစက် ဖြတ်ကွာ”

ဒါပေမဲ့ ကိုဝင်းမြင့်က ဦးချင်းရဲ့စကား တွေကို ဂရုစိုက်ပုံမပေါ်ပါဘူး။ သူ့မျက်လုံး တွေကလည်း အာခံတဲ့ပုံစံနဲ့ ဝင်းဝင်းတောက် နေတယ်။ ကိုကျော်မြင့်က သူ့လူတွေကို အရိပ်အခြေပြလိုက်တော့ သူတို့ထမင်းဝိုင်း က ဇော်ဝင်းချစ်နဲ့ ဇန်မြင့်က ကိုဝင်းမြင့်ကို ချိုင်းက တစ်ဖက်တစ်ချက်မပြီး ဘုရားဝင်း ထဲက ဆွဲထုတ်သွားတယ်။

အမျှပေးနေတဲ့ ဘုန်းကြီးက အခြေအနေတွေကို အကဲခတ် နေတုန်းမှာပဲ ဦးချင်းက ကိုဝင်းမြင့်မှောက် ချလိုက်တဲ့ ရေစက်ခွက်ကို ရေပြန်ဖြည့်ပြီး တရားဆက်နာတယ်။ ကိုဝင်းမြင့်က ဇော် ဝင်းချစ်တို့ လက်ထဲမှာ ရုန်းကန်ရင်း ဦးချင်း ကို လှမ်းအော်တယ်။

“ ဦးချင်း ခင်ဗျားကို ကျုပ်ပြောထား ပြီးသားနော်။ ရေစက်မချနဲ့လို့။ ခင်ဗျား ရေစက်ချလို့ မနှင်းဆီ ဒီထောင်မှာ မနေ ရရင် ခင်ဗျားနဲ့ကျုပ် တွေ့မယ်”

စိပ်ပုတီးအကြီးကြီးကို လည်ပင်းမှာ ဆွဲထားတဲ့ ဦးချင်းက ကိုဝင်းမြင့်စကားကို ဂရုစိုက်ဟန် လုံးဝမပြပါဘူး။ သူလုပ်စရာ ရှိတဲ့ အမှုကိစ်္စကိုပဲ ဆက်လုပ်နေပါတယ်။ ဒါကြောင့်လည်း ဝင်ပူးထွက်ပူး ဦးချင်းလို့ နာမည်ကြီး နေတာဖြစ်ပါလိမ့်မယ်။ ဦးချင်း က ရေစက်ခွက် အဆင်သင့်ဖြစ်တဲ့အခါ ဘုန်းကြီးကို လျှောက်တင်လိုက်တယ်။

ဒါ ကြောင့် ဘုန်းကြီးက ရေစက်ချ အမျှပေး တယ်။ လူလိမ်ဝိဇ္ဇာကျော်မြင့်ရဲ့ ဘဝတစ်လျှောက် ရေစက်ချ အမျှပေးဝေတဲ့အချိန် မှာ သေဆုံးသူဘဝသစ်ကို ကျွတ်လွတ်သွား မှာကြောက်လို့ ရေစက်ခွက်မှောက်ပစ်တဲ့ ဝင်းမြင့်လိုလူမျိုးကို မတွေ့ဖူးသေးပါဘူး။ ဒါကြောင့် ဒီမြင်ကွင်းကိုကြည့်ပြီး သူ့စိတ် ထဲမှာ တုန်လှုပ်ချောက်ချား နေတယ်။

ဒီလိုနဲ့ ကွယ်လွန်သူ မနှင်းဆီအတွက် ထောင်ထဲမှာ သက်ပျောက်ဆွမ်းသွတ်တဲ့ ကိစ္စ ခက်ခက်ခဲခဲပြီး သွားတယ်လို့ မှတ်ယူ နိုင်ပါတယ်။ ကိုဝင်းမြင့်ကိုလည်း အခန်း ထဲကနေ အပြင်ပေးမထွက်ခိုင်းဘူး။ သူ့ကို စောင့်ကြည့်ဖို့ စည်းကမ်းထိန်းတစ်ယောက် နဲ့ အခန်းဘောက်ဆင်း တစ်ယောက်ကို တာဝန်ပေးထားတယ်။ ကိုဝင်းမြင့်ကလည်း ပြန်ငြိမ်သွားတယ်။

အခန်းလူကြီးကျော်မြင့် ဆီက ကွမ်းအစ်ကိုလုပြီး မနှင်းဆီကို ကွမ်း ယာကျွေးတာတွေ ဘာတွေ မလုပ်တော့ ဘူး။ ဦးချင်းကလည်း သူလုပ်ရမယ့်အမှု ကိစ္စ အောင်မြင်အောင် လုပ်ပြီးသွားလို့ စိတ်အေးသွားပုံပဲ။

ဒါပေမဲ့ အခန်းထဲမှာ ဝင်းမြင့်ရဲ့ အရိပ်အခြေကိုတော့ မလွတ်တမ်း အကဲခတ် နေတယ်။ ထူးဆန်းတာ တစ်ခုက ၁ ဆောင်အချုပ်ခန်း ရောက် ရောက်ချင်း ဦးချင်းကို လေးစားခင်မင်ပြီး စကားတပြောပြောနေတဲ့ ဝင်းမြင့်က ဆွမ်း သွတ်တရားနာပြီးကတည်းက ဦးချင်းကို စကားမပြောတော့ဘူး။

ထမင်းစားခေါ် တော့လည်း မဆာဘူးဆိုပြီး ဝင်းမြင့်တစ် ယောက် လာမစားဘူး။ ကျော်မြင့်ကတော့ ဝင်းမြင့် အခြေအနေကို အကဲခတ်ပြီး “သူ့ ဘာသာသူ တစ်ယောက်တည်း လွှတ်ထား လိုက်”လို့ သူ့လူတွေကို ပြောထားတယ်။ အဲဒီနေ့တစ်နေ့လုံး ဘာမှမဖြစ်ပါဘူး။

ညရောက်တော့ ကိုဝင်းမြင့် တစ် ယောက် ထုံးစံအတိုင်း ပြတင်းပေါက်သံတိုင် ကိုကိုင်ပြီး အပြင်ကို ငေးကြည့် နေတယ်။ တစ်ခန်းလုံးမှာရှိတဲ့ အချုပ်သားတွေက တော့ စကားပြောတဲ့သူပြော၊ သီချင်းဆိုတဲ့ သူဆို၊ ဘုရားရှိခိုး တဲ့သူ ရှိခိုးနဲ့ ဆူညံနေ တယ်။ ဦးချင်းကတော့ သူ့ရဲ့ထုံးစံအတိုင်း ချုပ်သစ်တွေ၊ ဘောက်ဆင်းတွေကို ခေါ် ပြီး အနှိပ်ခံလေ့ရှိတယ်။

တစ်ခါအနှိပ်ခံရင် ထောင်ကရောင်းတဲ့ မကျင်လှ (နွား) ဆေး လိပ်နှစ်လိပ် ပေးရတယ်။ အဲ့ဒီညကလည်း ဦးချင်းတစ်ယောက် ဆွမ်းကပ်တဲ့ကိစ္စနဲ့ ပင်ပန်းလို့လားမသိဘူး။ နေကျော်လို့ ခေါ် တဲ့ ဘာယာလေးကိုခေါ်ပြီး အနင်းအနှိပ်ခံ နေတယ်။

ဦးချင်းက အနှိပ်သာခံတာ သူ့ ထုံးစံအတိုင်း အလွန်ကြီးတဲ့ သူ့ပုတီးကြီး ကို လက်ထဲမှာ ကိုင်ရင်ကိုင်၊ ဒါမှမဟုတ် လည်ပင်းမှာ ဆွဲရင်ဆွဲ သူနဲ့မခွဲမခွာထား တယ်။ အခုလည်း အနှိပ်ခံနေတုန်း ပုတီး ကို လည်ပင်းမှာဆွဲထားတယ်။ တစ်ခန်းလုံး ဆူညံနေပေမယ့် ဦးချင်းကတော့ မျက်စိ မှိတ်ထားတယ်။

ဦးချင်းကို နှိပ်ပေးတဲ့ နေကျော်က ခိုးမှုနဲ့အချုပ်ကျနေတာ ဖြစ်ပါ တယ်။ သူက လူကောင်ကလည်း ထောင် ထောင် မောင်းမောင်း၊ ပေါင်မှာလည်း အရုပ်တွေရှိတယ်။ လက်မောင်းမှာ ပခုံးမှာ လည်း ဆေးမင် ကြောင် ရုပ်တွေ ဗရပွနဲ့။ ဒါပေမဲ့ နေကျော်က စကားပြောအင်မတန် ယဉ်ကျေးတယ်။ လူကြီးသူမတွေကိုလည်း ရိုသေတယ်။

ဒါကြောင့် ထောင်ဝင်စာ မလာတဲ့ ၁၃ီ ဆိုပေမယ့် “ပုန်း”မကြောင် ဘူး။ သူ့ကို ပေးမယ့် ကျွေးမယ့်သူတွေ ၁ ဆောင်မှာ အပြည့်ပဲ။ တချို့ကတော့ နေ ကျော်ဟာ ခြေဆော့လက်ဆော့ ရှိပေမယ့် လူတွေအပေါ် ရိုရိုကျိုးကျိုးရှိလို့ ခင်မင်ကြ တယ်။ သူကခိုးတဲ့အခါမှာ အင်မတန်လျင် မြန်တယ်။ ဒါပေမဲ့ ထောင်ထဲမှာတော့ ဘယ်ပစ်္စည်းမှ သူမခိုးပါဘူး။

ခိုးလို့မိရင် လည်း တိုက်ပိတ်ခံမှာ သေချာတယ်။ ဒါ ကြောင့် သူ့စားဝတ်နေရေးအတွက် ထောင် ထဲမှာ အနှိပ်သည်လုပ်ရင်း အသက်မွေး ဝမ်းကျောင်းတယ်။ နေကျော်ရဲ့ ဘဝဇာတ် ကြောင်းကလည်း တော်တော်စိတ်ဝင်စား ဖို့ ကောင်းတယ်။ သူ့ကို ပဲခူးတိုင်းအရှေ့ ဘက်ခြမ်း ရိုးမတောင်ပေါ်မှာရှိတဲ့ တောင် ပေါ်ရွာ ၁၄ ရွာထဲက တစ်ရွာမှာ မွေးဖွားခဲ့ တာ ဖြစ်ပါတယ်။

စနေသားဖြစ်လို့ သူ့ကို မိဘတွေက “ နေကျော်” လို့ အမည်မှည့်ခဲ့ တယ်။ ဒါပေမဲ့ တစ်ညမှာ နေကျော်တို့ တောင်ယာထဲကတဲကို တောဆင်ရိုင်းတွေ လာဖျက်ဆီးတော့ နေကျော်ကလွဲပြီး တစ် မိသားစုလုံး ဆင်နင်းခံရလို့ သေသွားကြ တယ်။ မိဘမဲ့သွားတဲ့ နေကျော်ကို ဘေးနား တောင်ယာမှာနေတဲ့ မုဆိုးမ ဒေါ်ငွေယုံ ဆိုတဲ့ အဘွားကြီးက မွေးစားပြီး ပြုစုစောင့် ရှောက်ထားလိုက်တယ်။

ဒေါ်ငွေယုံက ဆင်းရဲပေမယ့် နေကျော်ကို မြေးတစ် ယောက်လို သားတစ်ယောက်လို ချစ်တယ်။ နောက်တော့ ရိုးမတောင်ပေါ်မှာ နေရတာ မလုံခြုံတဲ့အတွက် ဖြူး၊ ကညွတ်ကွင်းနယ် ထဲက ငါးပတ်အိုင်ရွာကို ရွှေ့ပြောင်းလာ တယ်။

အဲဒီမှာ ဒေါ်ငွေယုံက ကုန်စုံဆိုင် လေးဖွင့်ပြီး ဘ၀ ဝမ်းကျောင်းတယ်။ ဒေါ် ငွေယုံတို့ ပြောင်းရွှေ့လာတဲ့ ဆုံးဖြတ်ချက် မှန်တယ်လို့ ဆိုရမယ်။ ဒေါ်ငွေယုံနဲ့ နေ ကျော်အတွက် စားဝတ်နေရေးက ရိုးမ တောင်ပေါ်တုန်းကလောက် မခက်ခဲမကြမ်း တမ်းတော့ဘူး။

ဒါကြောင့် အေးအေးချမ်း ချမ်း နေထိုင်ကြတယ်။ ဒါပေမဲ့ ဒေါ်ငွေယုံ ရဲ့ အားနည်းချက်တစ်ခု ကတော့ နတ်တွေ၊ စုန်းတွေကို အလွန်အမင်းယုံကြည်ကိုးကွယ် တာပါပဲ။ အခုလည်း ရွာမှာ ပွဲထိုးလိုက်၊ နတ်ကန္နားပေးလိုက် လုပ်နေရင်း ဒေးစွန် ပါက လူတွေနဲ့ အဆက်အသွယ် အချိတ် အဆက်ရလာတယ်။ ဒေးစွန်ပါဆိုတာ ပဲခူး တိုင်း၊ ဘုရားကြီးနားမှာရှိပါတယ်။

ဒေးစွန်ပါမှာ အထက်လမ်း၊ အောက်လမ်း ဆရာ တွေကတစ်ဆင့် ထိတွေ့မမြင်ရတဲ့ ပရ လောက က သူတွေ၊ သိုက်နန်းတွေ၊ နတ် တွေ၊ စုန်းကေ၀ စသဖြင့် အစုံချိတ်ဆက်လို့ ရတယ်။ ဒေါ်ငွေယုံက မွေးစားသားနေကျော် နဲ့ ဒေးစွန်ပါရောက်သွားတော့ ဒေါ်ငွေယုံ ဆရာတွေက နေကျော်မှာ ထူးခြားတဲ့ နက်္ခတ်ရှိနေတယ်လို့ ပြောကြ တယ်။ ဒီ အချိန်မှာပဲ ဒေါ်ငွေယုံက ရိုးမတောင်ပေါ် မှာ နေထိုင်ခဲ့စဉ်က နေကျော်ရဲ့ ထူးခြားတဲ့ လုပ်ရပ်တစ်ခုကို ချက်ချင်းသတိရသွား တယ်။

အဲဒါကတော့ တစ်ရက်မှာ နေ ကျော် ညဘက်အပေါ့သွားတော့ တောစပ် မှာ ဝင်းဝင်းတောက်နေတဲ့ မျက်လုံးနှစ်လုံး ကို မြင်လိုက်ရတယ်။ ချက်ချင်းပဲ ဒါဟာ တောကောင်မှန်း သိသွားတယ်။ အဲဒါ ကြောင့် တဲထဲကဓာတ်မီးကို သွားယူ ပြီး တောကောင်ဆီ သွားတယ်။ ပြီးတော့ မီးတောက်ပြီး သူ့အိမ်ဝိုင်း ထဲ မရောက် ရောက်အောင် ညှို့ခေါ်ခဲ့ဖူးတယ်။

အဲဒီ တောကောင်က တကယ်တော့ ချေပေါက် လေးပါ။ အိမ်ထဲလည်းရောက်ရော နေကျော် တစ်ယောက် ဓာတ်မီးပစ်ချပြီး ချေပေါက် လေးကို ဝင်လုံးတော့တာပဲ။ ချေပေါက်က လည်း ရုန်း၊ သူကလည်းချုပ်နဲ့ ပတ်ဝန်း ကျင်တစ်ခုလုံး ဆူညံသွားတယ်။ အသံ တွေကြောင့် ဘေးနားကလူတွေ နိုးလာပြီး နေကျော်ကိုဝင်ကူလို့ ချေပေါက်တစ်ကောင် ရခဲ့ဖူးတယ်။

အဲဒီကတည်းက ဒေါ်ငွေယုံက နေကျော်ရဲ့ “ဇ”ကို သဘောကျနေခဲ့တာပါ။ အခုလည်း ဒေါ်ငွေယုံက သူ့မွေးစားသားကို သာမန်လူတွေထက်ထူးတဲ့ လူစွမ်းကောင်း တစ်ယောက် ဖြစ်စေချင်တယ်။ ဒါကြောင့် ဒေးစွန်ပါမှာရှိတဲ့ အထက်ဆရာတွေကို ပူဇော်ပသပြီး သူ့မွေးစားသားကို “ မ” ဖို့ တောင်းဆိုတယ်။

ဒေါ်ငွေယုံဆရာတွေက လည်း နေကျော်ရဲ့ မွေးနေ့၊ မွေးနံ၊ ဂြိုဟ်စီး၊ ဂြိုဟ်နင်း၊ နက္ခတ် စတာတွေကို လေ့လာ ကြည့်ပြီး လောကကိုစောင့်ရှောက်တဲ့ ထူး ခြားတဲ့လူတစ်ယောက်ဖြစ်အောင် စီရင်ပေး မယ်လို့ ကတိပေး လိုက်တယ်။

အဲဒီနောက် ကတိကိုအကောင်အထည်ဖော်ဖို့ ဒေါ်ငွေ ယုံတစ်ယောက် ဒေးစွန်ပါမှာ ခုနစ်ရက် ခုနစ်လီ ပွဲပေးရတယ်။ ပြီးတော့ အောက် လမ်းဆရာသမားတွေက နေကျော်ရဲ့ပေါင် နှစ်ဖက်မှာ ကြောင ဆင်းကြောင်တက်အရုပ် နှစ်ရုပ်ကို ထိုးပေးလိုက်တယ်။

ဒီလိုထိုးဖို့ အတွက် စီရင်ထားတဲ့ဆေးက ဒီလောက ကလူတွေ ကြားဖူးနားဝရှိတဲ့ “ ကြောင်မျက် ရှင်” ဆေးနဲ့ ကွဲပြားခြားနားပါတယ်။ ကြောင် မျက်ရှင်ဆေးက ကြောင်သေသွားပေမယ့် မျက်လုံးက ရှင်နေတာကို ယူပြီးစီရင်ရတာ ဖြစ်ပါတယ်။ နေကျော်ကို ထိုးတဲ့ဆေးက တော့ သေသွားတဲ့ ကြောင်နက်ကို စီရင် ထားတာ ဖြစ်ပါတယ်။

ဒီကြောင်နက်ဟာ တစ်ကိုယ်လုံး နက်မှောင်နေရုံသာမက ခြေ သည်း လက်သည်းတွေကပါ မည်းနေတာ ကြောင့် ထူးခြားတဲ့စွမ်းအင်ရှိတယ်လို့ ယုံ ကြည်နေကြတာပါ။ နေကျော်ကို ကြောင် ရုပ်ထိုးပြီး ဆေးစီရင်ပြီး တဲ့နောက် ဆေး အောင် မအောင်ကိုပါ တစ်ပါတည်းစမ်းသပ် ရပါတယ်။ ဘယ်လိုစမ်းသပ်ရသလဲဆိုရင် ဒေးစွန်ပါ တောတွင်းတစ်နေရာက လူ နှစ်ရပ်သုံးရပ်မြင့်တဲ့ တောင်ထိပ်တစ်ခုပေါ် ကနေ နေကျော်ကို တွန်းချပြီးစမ်းသပ်မှာ။

ဒါပေမဲ့ သူ့တစ်ယောက်တည်းတော့ တောင် အောက်ကို မချဘူး။ ဆေးစီရင်ထားတဲ့ဓား တစ်လက်နဲ့ နေကျော်ကို ပြိုင်တူ တောင် အောက်ကိုချလိုက်တာ ဖြစ်ပါတယ်။

ဒီလို အချိန်မှာ ပိုင်ရာဆိုင်ရာတွေ၊ ရွာတော်ရှင်၊ နယ်တော်ရှင်၊ ကိုးမြို့ရှင် အကုန်လုံးကို ပင့်ဖိတ်ပြီး တောင်ပေါ်မှာရော တောင် အောက်မှာရော ဆေးအောင် မအောင် အကဲဖြတ်တဲ့ ဆရာကြီးငယ်တွေ စောင့် ကြည့်နေကြပါတယ်။ အဲဒီနေ့က နေကျော် နဲ့ ဓားကို ပြိုင်တူချလိုက်တော့ နေကျော်က ဓားထက် အရင် တောင်အောက်ရောက် သွားတယ်။

တောင်အောက်ရောက်တော့ လည်း ညင်ညင်သာသာပဲ။ ဘာဒဏ်ရာမှ မရဘူး။ ဒီမှာတင် ဆေးစီရင်ပေးတဲ့ ဆရာ တွေရော၊ ဒေါ်ငွေယုံရော ဝမ်းသာအားရနဲ့ “ အောင်ပြီအောင်ပြီ” ဆိုပြီး ဟစ်ကြွေးကြ တာပေါ့။ ဒေါ်ငွေယုံလည်း သူ့မွေးစားသား လေးကို အရိပ်တကြည့်ကြည့်နဲ့ ကညွတ်ကွင်းကို ပြန်ခေါ်လာတယ်။ တစ်နေ့နေ့ တော့ သူ့သားနေကျော်တစ်ယောက် ဆေး စွမ်းပြမှာပဲလို့လည်း အပြည့်အ၀ ယုံကြည် ထားတယ်။

အဲဒီနောက် ရက်အနည်းငယ်အကြာ မှာ ဒေါ်ငွေယုံရဲ့ အိမ်နားနီးချင်းတွေ ပြဿနာတက်တော့တာပါပဲ။ ခေါင်းရင်း အိမ်က ထဘီပျောက်သွားသလို၊ ခြေရင်း အိမ်က အပျိုပေါက်စတွေရဲ့ အိမ်နောက် ဖေးမှာ လှန်းထားတဲ့ ရှင်မီးအင်္ကျီတွေ ပျောက်သွားတယ်။ နောက်တစ်ရက်နှစ်ရက် အတွင်းမှာ သုံးအိမ်ကျော်က မိန်းမတွေရဲ့ အတွင်းခံ၊ လေးအိမ်ကျော်က ဘော်လီတွေ ပျောက်ပြန်တယ်။

ဒီလို ရက်ဆက် အမျိုး သမီးအသုံးအဆောင် အဝတ်အထည်တွေ ပျောက်နေလို့ ရပ်ကွက်ထဲမှာ ပူညံပူညံဖြစ် နေစဉ်မှာပဲ ဒေါ်ငွေယုံတစ်ယောက် နေ ကျော်ရဲ့ သံသေတ်္တာထဲကနေ ပျောက်နေ တဲ့ အမျိုးသမီးအဝတ်အထည်တွေကို ရုတ် တရက် တွေ့လိုက်ရတဲ့အခါမှာ အသက်ရှူ ရပ်မတတ် ဖြစ်တော့တာပဲ။

နောက်ဆုံး နေကျော်ကိုခေါ်ပြီး “ ဘာလို့ဒါတွေကိုခိုး တာလဲ” လို့ တိတ်တိတ် ကျိတ်မေးရတယ်။ နေကျော်က “ ညဘက်ရောက်ရင် အဲဒီ ပစ္စည်းတွေကို မခိုးရမနေနိုင်လို့ လိုက်ခိုး နေတာ” လို့ ဝန်ခံပါတယ်။ နေကျော် စကားလည်းကြားရော ဒေးစွန်ပါမှာလုပ်ခဲ့ တဲ့အစီအရင်တွေမှာ တစ်ခုခုမှားသွားပြီလို့ ဒေါ်ငွေယုံနား လည် လိုက်တယ်။

ဒါကြောင့် ရက်မဆိုင်းဘဲ နေကျော်ကို ဆရာတွေဆီ ခေါ်သွားပြီး သူ့ကိုလုပ်ထားတဲ့ အစီအရင် တွေ ဖျက်ပေးဖို့ ပြန်တောင်းဆိုတော့တယ်။ ဆရာတွေဟာလည်း နေကျော်အစီအရင် မှာ စောရနက္ခတ်ရသွားပေမယ့် ဗွေဖောက် ပြီး ခိုးမယ့်ခိုးတော့ တန်ဖိုးကြီးတာတွေ မခိုးဘဲ မိန်းမထဘီတွေ၊ ဘော်လီတွေ ခိုး နေတော့ တော်တော်စိတ်ပျက်သွားတယ်။

ဒါကြောင့် နေကျော်ပေါင်ပေါ်မှာ ထိုးထား တဲ့ ကြောင်ဆင်းကြောင်တက်က ကြောင် မျက်လုံးတွေကို ဖောက်ထုတ်ပစ်လိုက် တယ်။ အဆုံးတော့ ရပ်ကွက်ထဲမှာ မိန်းမ ထဘီ၊ အင်္ကျီတွေ ပျောက်တာရပ်သွားတယ်။ နေကျော်လည်း အစီအရင်တွေ ဖျက်လိုက် တော့ မိန်းမဝတ်တွေ ယူချင်စိတ်မရှိတော့ ဘူး။

ဒါပေမဲ့ ခိုးချင်တဲ့စိတ် ကတော့ဖျောက် မရတော့ဘူး။ တန်ဖိုးသေးတာပဲဖြစ်ဖြစ်၊ တန်ဖိုးကြီးတာပဲဖြစ်ဖြစ် နေကျော်က ဗီဇ မဖျောက်နိုင် တော့ဘူး။ နောက်ဆုံးတော့ ဆေးကြွင်းဆေးကျန်တွေကြောင့် သူခိုးဘ၀ ရောက်သွားတယ်။ ဒေါ်ငွေယုံလည်း မွေး စားသားဘဝကိုကြည့်ပြီး ရင်ထုမနာ ဖြစ် သွားတယ်။ ဘယ်လိုပဲ ဆုံးမဆုံးမ မရတော့ ဘူး။

အိမ်မှာ စားစရာရှိလည်း နေကျော်က တော့ လိုက်ခိုးနေတာပဲ။ ကြာတော့ ရပ် ကွက်ထဲမှာရော မြို့မှာရော “ကျော်စော” သတင်းဖြစ်လာတယ်။ တခြားမှာ ခိုးမှုဖြစ် လည်း ရဲတွေက နေကျော်ကိုပဲလာရှာတယ်။

နောက်တော့ အိမ်နဲ့ အချုပ်၊ အချုပ်နဲ့ ထောင် ယဉ်ပါးလာတယ်။ ဒေါ်ငွေယုံလည်း အဲဒီဥပါဒါန်စိတ်နဲ့ ယူကျုံးမရဖြစ်ပြီး ဆုံး ပါးသွား တယ်။ နေကျော်ကတော့ အချုပ်နဲ့ ထောင်ကို အိမ်ဦးနဲ့ကြမ်းပြင်ပမာ ဖြစ်လာ တော့တယ်။ အခုလည်း မင်္ဂလာဒုံ ဘက်မှာ လျှပ်စစ်မီးကြိုးတွေခိုးလို့ အင်းစိန်ထောင် မှာ အချုပ်ကျလာတာ ဖြစ်ပါတယ်။

အဲဒီညက သူခိုးနေကျော်ဟာ ဦးချင်း ကို နှိပ်ပေးရင်းနဲ့ မပြောမဆို ရုတ်တရက် အသံနက်ကြီးနဲ့အော်ပြီး ဦးချင်းရဲ့ မတော် ရာကို လက်နဲ့ညှစ်လိုက်တယ်။ ဦးချင်း လည်း လန့်ဖျပ်ပြီး အော်တော့တာပေါ့။

ဦးချင်းရဲ့ အော်သံကြောင့် တစ်ခန်းလုံးက အလန့်တကြား ဝိုင်းကြည့်လိုက်တယ်။ ဒါပေမဲ့ နေကျော်က ဦးချင်းရဲ့ငယ်ပါကို ကိုင်ထားတာကို လုံးဝလွှတ်မပေးဘူး။

နာ လို့ ဦးချင်းက ပိုအော်တယ်။ နေကျော်က လည်း အော်လေ ညှစ်လေပဲ။ ပြီးတော့ သူ့ မျက်နှာက ဒေါသထွက်နေပုံနဲ့ ဦးချင်းကို စူးစူးဝါးဝါးကြည့်ပြီး ပါးစပ်ကလည်း ဗလုံး ဗထွေး ပြောနေတယ်။ အသံလည်းပြောင်း သွားတယ်။

“ နင်က ဘုရားဒကာလား။ နင့်အလုပ် ဘာရှိလဲ။ ငါနဲ့ ငါ့ယောက်ျားနဲ့ အဆင်ပြေ နေတာပဲ။ နင်က ကြားထဲက ဘာဝင်ဖျက် တာလဲ”

နေကျော်ရဲ့ မျက်နှာသွင်ပြင်နဲ့ ပြော ဟန်ဆိုဟန်ကြောင့် ဦးချင်းလန့်သွားတယ်။ ပါးစပ်ကလည်း အခန်းထဲက လူတွေကို အကူအညီ တောင်းလိုက်တယ်။

“ ဟာ လုပ်ကြပါဦးဟ။ ကယ်ကြပါဦး။ နေကျော်ကို ဝင်ပူးနေပြီထင်တယ်”

ဦးချင်းစကားကြောင့် တစ်ခန်းလုံးက အံ့သြပြီး ငေးကြောင်နေတယ်။ နေကျော် ကတော့ ဦးချင်းကို ဆက်ညှစ်ပြီး ဒေါသ တကြီး ပြောနေတုန်းပဲ။

“နင်ဘာလို့ အမျှဝေတာလဲ။ ငါဒီမှာ ရှိနေတာ ဘာဖြစ်လို့လဲ။ နင့်အကျိုးယုတ် အောင် ငါမလုပ်ဖူးဘူး။ ငါ့ကိုလည်း မလုပ် နဲ့”

နေကျော်ရဲ့ဒေါသနဲ့ ညှစ်အားကြောင့် ဦးချင်းတဆတ်ဆတ်တုန်ပြီး နာကျင်လွန်း လို့ မျက်ရည်တွေကျ လာပါတယ်။ ဒီအချိန် ကျမှ အခန်းလူကြီး ကျော်မြင့်သတိဝင်လာ ပြီး ဦးချင်းခန္ဓာကိုယ်ပေါ်ကို ခွစီးထားတဲ့ နေကျော်ကို ခြေထောက်နဲ့ ဆောင့်ကန်ပစ် လိုက်တယ်။ ပြင်းထန်တဲ့ အရှိန်ကြောင့် နေကျော် ဦးချင်း ကိုယ်ပေါ်က လွင့်ကျသွား တယ်။

လဲနေတဲ့ နေကျော်ကို အခန်းသား တွေက ဝိုင်းချုပ်ပြီး သတိလည်လာအောင် လုပ်ပေးကြတယ်။ ဝင်ပူးပြီး ထွက်သွား တော့ နေကျော် သတိလည်လာပြီး တစ် ကိုယ်လုံး ရေချိုးထားသလို ချွေးစီးချွေး ပေါက်တွေ ထွက်နေတယ်။

သူ့ကိုယ်သူ လည်း ဘာဖြစ်လို့ဖြစ်မှန်းမသိဘူး။ ဦးချင်း ခမျာလည်း နာကျင်လွန်းလို့ မျက်ရည်တွေ တောက်တောက်ကျနေတယ်။

ဒီလိုတစ်ခန်းလုံး ယောက်ယက်ခတ် နေပေမယ့် မနှင်းဆီယောကျ်ား ကိုဝင်းမြင့် ကတော့ အခန်းထောင့် တစ်နေရာမှာ အေးအေးဆေးဆေးပဲ ဦးချင်းတို့ မြင်ကွင်း ကို ထိုင်ကြည့်နေတယ်။

ဘုရားလူကြီး ဝင်ပူး ထွက်ပူးဦးချင်း မျက်ရည်တောက် တောက်ကျအောင် နှိပ်ပေးခဲ့တဲ့ သူခိုးကြီး နေကျော်ကိုတော့ အင်းစိန်ထောင်က နောက်တစ်နေ့မှာ နာမည်တစ်ခုပေးပြီး ဂုဏ်ပြုခဲ့တယ်။ အဲဒီနာမည်ကတော့ “ဆရာငိုသံကြား” တဲ့။ နေကျော်ခမျာ ဒီ နာမည်ကြောင့် ထောင်ထဲမှာ နာမည်ကြီး သွားခဲ့ပေမယ့် လူတွေက ဒီနာမည်နဲ့ သူ့ကို ခေါ်ရင် အရမ်းစိတ်ဆိုးတယ်။

ဒါပေမဲ့ ၁ ဆောင်မှာ သူနဲ့အတူနေတဲ့ “ဆွိ” ဆိုတဲ့ တစ်ယောက်ကတော့ အဆဲခံ အထိုးခံပြီး နေကျော်ကို “ဆရာငိုသံကြား” လို့ အမြဲ ခေါ်တယ်။ ဒီလို အစသန်တဲ့ အတွက်ကြောင့် ၁ ဆောင်မှာ ဆွိရဲ့အလှည့် မကြာခင် ရောက်လာတော့တယ်။

ဆက်လက်ဖော်ပြ သွားပါမည်။

Credit – ဇော်သက်ထွေး

Add a Comment

Your email address will not be published. Required fields are marked *