နယ္စပ္ဂိတ္မ်ားမွ တစ္ဆင့္ ျမန္မာနိုင္ငံသို႔ ျပန္လည္ဝင္ေရာက္မည့္ ျမန္မာနိုင္ငံသားမ်ားအား ပန္ၾကားခ်က္ ထုတ္ျပန္ (နိုင္ငံျခားေရးဝန္ႀကီးဌာန)

၁။ ျမန္မာနိုင္ငံ ၌ (၂၉-၃-၂၀၂၀) ရက္ေန႕အထိ COVID-19 ေရာဂါပိုး‌ေတြ႕ရွိသူ ( ၁၀ ) ဦး ရွိလာၿပီး၊ ၎တို႔အနက္ အသက္(၄၄) ႏွစ္ အ႐ြယ္ ျမန္မာနိုင္ငံသား အမ်ိဳးသား တစ္ဦးသည္ (၂၃-၃-၂၀၂၀) ရက္ေန႕ တြင္ ထိုင္းနိုင္ငံ မွ ျမန္မာနိုင္ငံသို႔ ျမဝတီနယ္စပ္ဂိတ္မွတစ္ဆင့္ ဝင္ေရာက္ကာ မဂၤလာဒုံၿမိဳ႕နယ္ သို႔ ေရာက္ရွိေနထိုင္ခဲ့ၿပီး (၂၉-၃-၂၀၂၀) ရက္ေန႕ ဓါတ္ခြဲနမူနာအေျဖအရ COVID-19 ေရာဂါပိုးရွိေၾကာင္း စစ္ေဆးေတြ႕ရွိ ရ ပါသည္။

၂။ အဆိုပါ အေျခအေနအရ နယ္စပ္ဂိတ္မ်ားမွ အစုလိုက္အၿပဳံလိုက္ ျပန္လည္ ဝင္ေရာက္ လာသူ အခ်င္းခ်င္းၾကားတြင္လည္းေကာင္း၊ ျပည္တြင္းတြင္ ေနထိုင္သူမ်ားထံသို႔ လည္းေကာင္း ေရာဂါကူးစက္ျပန႔္ပြားၿပီး ကပ္ေရာဂါႀကီး ျဖစ္ပြားရန္ အလားအလာ အလြန္မ်ားျပားေ နပါသည္ ။

၃။ သို႔ျဖစ္ပါ၍ နယ္စပ္ဂိတ္မ်ားမွ ျပည္တြင္းသို႔ ျပန္လည္ဝင္ေရာက္ လာသူမ်ားအားလုံးကို မိမိတို႔၏ ေနရပ္ဌာေနမ်ားသို႔ တိုက္ရိုက္ျပန္ခြင့္ ျပဳေတာ့မည္မဟုတ္ဘဲ နိုင္ငံေတာ္အစိုးရမွ စီစဥ္ေပးထားေသာ သတ္မွတ္ေနရာမ်ား တြင္သာ ထိန္းခ်ဳပ္ ကန႔္သတ္ ေစာင့္ၾကည့္မႈ (Quarantine) ျပဳလုပ္ျခင္းကို (၁၄) ရက္ မျဖစ္မေန ခံယူၾကရ မည္ျဖစ္ ပါသည္။

၄။ နိုင္ငံေတာ္ အစိုးရအေနျဖင့္ ေနာက္ထပ္ဝင္ေရာက္လာမည့္သူ မ်ားအတြက္ ထိန္းခ်ဳပ္ကန႔္သတ္ေစာင့္ၾကည့္မႈ (Quarantine) ျပဳလုပ္ရန္ ေနရာထိုင္ခင္းမ်ား ထပ္မံတိုးခ်ဲ့စီစဥ္ေဆာင္႐ြက္ေနဆဲျဖစ္ပါသျဖင့္ နယ္စပ္ဂိတ္မ်ားမွ ျပန္လည္ဝင္ေရာက္ လာမည့္သူမ်ားအေနျဖင့္ ျမန္မာနိုင္ငံအတြင္းသို႔ ေနာက္ထပ္ ရက္သတၱ(၂) ပတ္ခန႔္ ေစာင့္ဆိုင္းၿပီး (၁၅-၄-၂၀၂၀) ရက္ေန႕ ေနာက္ပိုင္းမွသာ ျပန္လည္ဝင္ေရာက္ၾကပါရန္ ပန္ၾကားအပ္ပါသည္။

နိုင္ငံျခားေရးဝန္ႀကီးဌာန
ရက္စြဲ၊ ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၃၀ ရက္

Source: Ministry of foreign affairs

Unicode

၁။ မြန်မာနိုင်ငံ ၌ (၂၉-၃-၂၀၂၀) ရက်နေ့အထိ COVID-19 ရောဂါပိုး‌တွေ့ရှိသူ ( ၁၀ ) ဦး ရှိလာပြီး၊ ၎င်းတို့အနက် အသက်(၄၄) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးသည် (၂၃-၃-၂၀၂၀) ရက်နေ့ တွင် ထိုင်းနိုင်ငံ မှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ဝင်ရောက်ကာ မင်္ဂလာဒုံမြို့နယ် သို့ ရောက်ရှိနေထိုင်ခဲ့ပြီး (၂၉-၃-၂၀၂၀) ရက်နေ့ ဓါတ်ခွဲနမူနာအဖြေအရ COVID-19 ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိ ရ ပါသည်။

၂။ အဆိုပါ အခြေအနေအရ နယ်စပ်ဂိတ်များမှ အစုလိုက်အပြုံလိုက် ပြန်လည် ဝင်ရောက် လာသူ အချင်းချင်းကြားတွင်လည်းကောင်း၊ ပြည်တွင်းတွင် နေထိုင်သူများထံသို့ လည်းကောင်း ရောဂါကူးစက်ပြန့်ပွားပြီး ကပ်ရောဂါကြီး ဖြစ်ပွားရန် အလားအလာ အလွန်များပြားေ နပါသည် ။

၃။ သို့ဖြစ်ပါ၍ နယ်စပ်ဂိတ်များမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအားလုံးကို မိမိတို့၏ နေရပ်ဌာနေများသို့ တိုက်ရိုက်ပြန်ခွင့် ပြုတော့မည်မဟုတ်ဘဲ နိုင်ငံတော်အစိုးရမှ စီစဉ်ပေးထားသော သတ်မှတ်နေရာများ တွင်သာ ထိန်းချုပ် ကန့်သတ် စောင့်ကြည့်မှု (Quarantine) ပြုလုပ်ခြင်းကို (၁၄) ရက် မဖြစ်မနေ ခံယူကြရ မည်ဖြစ် ပါသည်။

၄။ နိုင်ငံတော် အစိုးရအနေဖြင့် နောက်ထပ်ဝင်ရောက်လာမည့်သူ များအတွက် ထိန်းချုပ်ကန့်သတ်စောင့်ကြည့်မှု (Quarantine) ပြုလုပ်ရန် နေရာထိုင်ခင်းများ ထပ်မံတိုးချဲ့စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပါသဖြင့် နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက် လာမည့်သူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ နောက်ထပ် ရက်သတ္တ(၂) ပတ်ခန့် စောင့်ဆိုင်းပြီး (၁၅-၄-၂၀၂၀) ရက်နေ့ နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြပါရန် ပန်ကြားအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်

Source: Ministry of foreign affairs

Add a Comment

Your email address will not be published. Required fields are marked *