တ႐ုတ္မွ တဆင့္အေနာက္နိုင္ငံသို႔ ေရာက္သြားတဲ့ Virusက အားျပင္းၿပီး ျမန္မာနဲ႕အာရွနိုင္ငံမ်ားသို႔ ေရာက္ရွိလာတဲ့ virusက အားေပ်ာ့သြားဟုဆို ( ျမန္မာေတြေပ်ာ္လို႔ရၿပီေလ…)

ျမန္မာေတြေပ်ာ္လို႔ရၿပီေလ….ဖတ္ၾကည့္လိုက္ပါခင္ဗ်…

တ႐ုတ္မွ တဆင့္အေနာက္နိုင္ငံ သို႔ ေရာက္သြားတဲ့ Virusက အားျပင္းၿပီး ျမန္မာနဲ႕အာရွနိုင္ငံမ်ားသို႔ ေရာက္ရွိလာတဲ့ virusက အားေပ်ာ့သြား

COVID-19 ရဲ႕ လက္သည္ virus ကို အီတလီ၊ အေမရိကန္၊ တ႐ုတ္နဲ႕ အိႏၷိယတို႔မွာ genome sequencing လုပ္ထားပါတယ္။ တ႐ုတ္ဝူဟန္ကစတဲ့virusရဲ႕ဗီဇနဲ႕ အီတလီ နဲ႕အေနာက္နိုင္ငံေတြကို ေရာက္သြား တဲ့ virus ယွဥ္ၾကည့္ရင္ mutation လို႔ေခၚတဲ့ဗီဇ ေျပာင္းလဲမႈ၃ခုေတြ႕ရၿပီး virus ကိုပိုမိုကူးစက္ ပိုမိုအႏၲရာယ္ေပးနိုင္လာေစတာကိုေတြ႕ရ ပါတယ္တဲ့ ။

ဥေရာပကေနအိႏၷိယကိုေရာက္လာဟန္တူတဲ့virus မွာေတာ့တ႐ုတ္မူလနဲ႕စာရင္ genetic mutation တခုသာျဖစ္ၿပီး spike protein လို႔ေခၚတဲ့ virusရဲ႕အခြံမွာရွိတဲ့ လူသားဆဲလ္ထဲကို စတင္ဝင္ေရာက္ဖို႔အေရးႀကီးတဲ့ အစိတ္အပိုင္းမွာေျပာင္းလဲမႈျဖစ္ၿပီး လူ႕ဆဲလ္နဲ႕virus ထိေတြ႕ခ်ိတ္ဆက္မႈ ကို အားနည္းသြားေစတာေတြ႕ရတယ္ လို႔ဆိုပါတယ္ ။

ဒါဟာအလြန္အေရးႀကီးတဲ့ေတြ႕ရွိခ်က္ျဖစ္ၿပီး အိႏၷိယ ျမန္မာ အပါအဝင္ ေနာက္မွ virus ဝင္ေရာက္ခံရတဲ့ အာရွနိုင္ငံေတြအတြက္သက္သာရာရေစမယ့္ ေမွ်ာ္လင့္ခ်က္တခုျဖစ္ပါတယ္။ေနာက္သက္သာရာရေစတဲ့တခ်က္က virus ဟာေအးၿပီးေျခာက္ေသြ႕တဲ့ ရာသီရွိတဲ့နိုင္ငံေဒသေတြမွာ ပိုျဖစ္ခဲ့တာပါ။

Photo-Credit

အပူခ်ိန္နဲ႕ေလထုစိုထိုင္းမႈက virus ျပန႔္ပြားမႈကိုအားမေပးဘူးဆိုတဲ့ေတြ႕ရွိခ်က္ေတြလည္းထုတ္ျပန္ထားပါၿပီ။ ဓာတ္ခြဲခန္းသုေတသနအရ virus ဟာ၃၂ဒီဂရီစင္တီအထက္မွာၾကာရွည္မရွင္နိုင္တာေတြ႕ခဲ့ၾကပါတယ္။

မႏၲေလးမွာဒီေန႕ေန႕အပူခ်ိန္၃၉ေလာက္ရွိပါတယ္။ခုညခ်ိန္ကို၃၂ရွိပါတယ္။ေနေရာင္ျခည္ရဲ႕UVျပင္းအားကလည္းပိုးေသေစတဲ့တခ်က္ပါ။ ခုအိႏၷိယမွာ ၃ပတ္ lockdown လုပ္ေနခဲ့ေပမယ့္ျပန္ဖြင့္ဖို႔စဥ္းစားေနၾကပါၿပီ။

Social impact ေတြျဖစ္တဲ့ မၿငိမ္မသက္ေတြျဖစ္မႈ၊ လူေတြသီးျခားခြဲေနၾကရတဲ့ social distancing လုပ္တာၾကာလာတဲ့အခါျဖစ္လာတတ္တဲ့ စိတ္ပိုင္းဆိုင္ရာထိခိုက္မႈေတြေၾကာင့္ ေနာက္ဆက္တြဲလူမႈျပႆနာေတြျဖစ္တဲ့ အမုန္းပြား-အနိုင္က်င့္-စိတ္က်-အဆုံးစီရင္ စတဲ့ကြင္းဆက္ျပႆနာေတြဧကန္ျဖစ္လာမွာသိၾကလို႔ပါ။

အေနာက္နိုင္ငံေတြမွာ psychological counseling ေတြလုပ္ေနရပါၿပီ။

ဒါေၾကာင့္ျမန္မာေတြအေနနဲ႕ေရာဂါကိုသတိထား ၿပီး မိမိကိုယ္တိုင္အစိုးရက်န္းမာေရးဌာနမ်ားရဲ႕အစီအမံမ်ားကိုလိုက္နာရင္ရပါၿပီ။ အလြန္အကြၽံမေၾကာက္ၾကဖို႔ လိုပါတယ္။

၁။ လက္မၾကာခဏေဆးပါ။

၂။ အာဟာရျပည့္ဝေအာင္စားပါ။ Vitamin C, D နဲ႕ Zinc တို႔ဟာ ကိုယ္ခံအားစနစ္အတြက္အလြန္အေရးႀကီးတာမို႔ျဖည့္စြက္စားေပးပါ။

၃။ အိမ္ထဲမွာၿငိမ္ကုတ္မေနဘဲ minimal physical activity ကိုယ္လက္လႈပ္ရွားအတန္အသင့္ျပဳလုပ္ေပးပါ။

၄။ စိတ္ကိုက်န္းမာေအာင္ထားပါ။

(အေကာင္းျမင္စိတ္ေမြးပါ။ ေပ်ာ္ေပ်ာ္ေနပါ။ လူေတြနဲ႕အဆက္အသြယ္မျပတ္ရွိပါေစ)

က်ေနာ္တို႔အားလုံးဒီကပ္ႀကီးကိုေက်ာ္လႊားနိုင္မယ္ဆိုတာအခိုင္အမာယုံၾကည္ပါတယ္။

ဆရာYe Lwin Oo ဆီကတဆင့္ ကူးယူေဖာ္ျပပါသည္။

Credit-Dr Shwe Tun ( ေလးစားစြာျဖင့္ )

Unicode

မြန်မာတွေပျော်လို့ရပြီလေ….ဖတ်ကြည့်လိုက်ပါခင်ဗျ…

တရုတ်မှ တဆင့်အနောက်နိုင်ငံသို့ ရောက်သွားတဲ့ Virusက အားပြင်းပြီး မြန်မာနဲ့အာရှနိုင်ငံများသို့ ရောက်ရှိလာတဲ့ virusက အားပျော့သွား

COVID-19 ရဲ့ လက်သည် virus ကို အီတလီ၊ အမေရိကန်၊ တရုတ်နဲ့ အိန္နိယတို့မှာ genome sequencing လုပ်ထားပါတယ်။ တရုတ်ဝူဟန်ကစတဲ့virusရဲ့ဗီဇနဲ့ အီတလီ နဲ့အနောက်နိုင်ငံတွေကို ရောက်သွား တဲ့ virus ယှဉ်ကြည့်ရင် mutation လို့ခေါ်တဲ့ဗီဇ ပြောင်းလဲမှု၃ခုတွေ့ရပြီး virus ကိုပိုမိုကူးစက် ပိုမိုအန္တရာယ်ပေးနိုင်လာစေတာကိုတွေ့ရ ပါတယ်တဲ့ ။

ဥရောပကနေအိန္နိယကိုရောက်လာဟန်တူတဲ့virus မှာတော့တရုတ်မူလနဲ့စာရင် genetic mutation တခုသာဖြစ်ပြီး spike protein လို့ခေါ်တဲ့ virusရဲ့အခွံမှာရှိတဲ့ လူသားဆဲလ်ထဲကို စတင်ဝင်ရောက်ဖို့အရေးကြီးတဲ့ အစိတ်အပိုင်းမှာပြောင်းလဲမှုဖြစ်ပြီး လူ့ဆဲလ်နဲ့virus ထိတွေ့ချိတ်ဆက်မှု ကို အားနည်းသွားစေတာတွေ့ရတယ် လို့ဆိုပါတယ် ။

ဒါဟာအလွန်အရေးကြီးတဲ့တွေ့ရှိချက်ဖြစ်ပြီး အိန္နိယ မြန်မာ အပါအဝင် နောက်မှ virus ဝင်ရောက်ခံရတဲ့ အာရှနိုင်ငံတွေအတွက်သက်သာရာရစေမယ့် မျှော်လင့်ချက်တခုဖြစ်ပါတယ်။နောက်သက်သာရာရစေတဲ့တချက်က virus ဟာအေးပြီးခြောက်သွေ့တဲ့ ရာသီရှိတဲ့နိုင်ငံဒေသတွေမှာ ပိုဖြစ်ခဲ့တာပါ။

Photo-Credit

အပူချိန်နဲ့လေထုစိုထိုင်းမှုက virus ပြန့်ပွားမှုကိုအားမပေးဘူးဆိုတဲ့တွေ့ရှိချက်တွေလည်းထုတ်ပြန်ထားပါပြီ။ ဓာတ်ခွဲခန်းသုတေသနအရ virus ဟာ၃၂ဒီဂရီစင်တီအထက်မှာကြာရှည်မရှင်နိုင်တာတွေ့ခဲ့ကြပါတယ်။

မန္တလေးမှာဒီနေ့နေ့အပူချိန်၃၉လောက်ရှိပါတယ်။ခုညချိန်ကို၃၂ရှိပါတယ်။နေရောင်ခြည်ရဲ့UVပြင်းအားကလည်းပိုးသေစေတဲ့တချက်ပါ။ ခုအိန္နိယမှာ ၃ပတ် lockdown လုပ်နေခဲ့ပေမယ့်ပြန်ဖွင့်ဖို့စဉ်းစားနေကြပါပြီ။

Social impact တွေဖြစ်တဲ့ မငြိမ်မသက်တွေဖြစ်မှု၊ လူတွေသီးခြားခွဲနေကြရတဲ့ social distancing လုပ်တာကြာလာတဲ့အခါဖြစ်လာတတ်တဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့် နောက်ဆက်တွဲလူမှုပြဿနာတွေဖြစ်တဲ့ အမုန်းပွား-အနိုင်ကျင့်-စိတ်ကျ-အဆုံးစီရင် စတဲ့ကွင်းဆက်ပြဿနာတွေဧကန်ဖြစ်လာမှာသိကြလို့ပါ။

အနောက်နိုင်ငံတွေမှာ psychological counseling တွေလုပ်နေရပါပြီ။

ဒါကြောင့်မြန်မာတွေအနေနဲ့ရောဂါကိုသတိထား ပြီး မိမိကိုယ်တိုင်အစိုးရကျန်းမာရေးဌာနများရဲ့အစီအမံများကိုလိုက်နာရင်ရပါပြီ။ အလွန်အကျွံမကြောက်ကြဖို့ လိုပါတယ်။

၁။ လက်မကြာခဏဆေးပါ။

၂။ အာဟာရပြည့်ဝအောင်စားပါ။ Vitamin C, D နဲ့ Zinc တို့ဟာ ကိုယ်ခံအားစနစ်အတွက်အလွန်အရေးကြီးတာမို့ဖြည့်စွက်စားပေးပါ။

၃။ အိမ်ထဲမှာငြိမ်ကုတ်မနေဘဲ minimal physical activity ကိုယ်လက်လှုပ်ရှားအတန်အသင့်ပြုလုပ်ပေးပါ။

၄။ စိတ်ကိုကျန်းမာအောင်ထားပါ။

(အကောင်းမြင်စိတ်မွေးပါ။ ပျော်ပျော်နေပါ။ လူတွေနဲ့အဆက်အသွယ်မပြတ်ရှိပါစေ)

ကျနော်တို့အားလုံးဒီကပ်ကြီးကိုကျော်လွှားနိုင်မယ်ဆိုတာအခိုင်အမာယုံကြည်ပါတယ်။

ဆရာYe Lwin Oo ဆီကတဆင့် ကူးယူဖော်ပြပါသည်။

Credit-Dr Shwe Tun ( လေးစားစွာဖြင့် )

Add a Comment

Your email address will not be published. Required fields are marked *