ရုရွားသမၼတ ပူတင္ႏွင့္ လက္ဆြဲႏႈတ္ဆက္ခဲ့သည့္ Covid-19 ေရာဂါေဆးရံု ထိပ္တန္း ေဆးပညာရွင္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံလိုက္ရတာေၾကာင့္ ႐ုရွားမွာ စိုးရိမ္ထိတ္လန႔္မႈမ်ား ျဖစ္ေပၚ ေန

ရုရွားႏိုင္ငံ ေမာ္စကိုျမိဳ႔ တြင္ ကိုရိုနာဗိုင္းရပ္စ္ Covid-19 ေရာဂါ လူနာမ်ားအား ျပဳစုကုသေပးလွ်က္ရွိသည့္ ေဆးရံုမွ ဆရာ၀န္မ်ား အၾကီးအကဲျဖစ္သူ ေဒါက္တာ ဒင္းနစ္ ပရိုရွင္ကိုတြင္ ကိုရိုနာ ဗိုင္းရပ္စ္ပိုး ကူးစက္ခံခဲ့ရ သည္ကို ေတြ႕ရွိ ခဲ့ေၾကာင္း ႐ုရွား မီဒီယာမ်ားက မတ္လ ၃၁ ရက္တြင္ ေရးသားေဖာ္ျပခဲ့သည္ ။ အဆိုပါေဆးရံုမွာ မၾကာေသးမီက မွ သမၼတ ဗလားဒီမာပူ တင္ သြားေရာက္ ၾကည့္ရႈခဲ့ သည့္ ေဆးရံုျဖစ္ သည္။

Photo-Credit

ေဒါက္တာ ပရိုရွင္ကိုသည္ ရုရွားႏိုင္ ငံ၏ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ကပ္ ေရာဂါအား ကာကြယ္တိုက္ဖ်က္ရာတြင္ ထင္ရွားေသာ ထိပ္တန္းေဆး ပညာရွင္တစ္ဦးျဖစ္ျပီး၊ ႏိုင္ငံ အတြင္း ကိုရိုနာဗိုင္းရပ္စ္ စြဲကူးစက္ပ်ံံ႔နွ႔ံမွဳႏွင့္ ကုသေရး အေျခအေနမ်ား ကို ေန႔စဥ္ လူမွဳကြန္ယက္ ၌ လႊင့္တင္ေပးေနသူျဖစ္ သည္ ။

ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ လူနာမ်ားအား ျပဳစုကုသေပးလွ်က္ ရွိသည့္ ေဆးရံု သို႕ လာေရာက္ၾကည္ရႈစဥ္ ေဒါက္တာ ပရိုရွင္ကိုမွာ ပူတင္၏ လမ္းညႊန္အျဖစ္ ေဆာင္ရြက္ခဲ့သည္။ သမၼတ ပူတင္က အကာအကြယ္ ဝတ္စုံ မဝတ္ဆင္မီ ယင္းဆရာဝန္ႀကီး က ဓာတ္ေလွကား တစ္ခု သို့ မေရာက္မီ ပူတင္ႏွင့္ လက္ဆြဲႏွုတ္ဆ က္ ခဲ့သည္ ။

Photo-Credit

သမၼတပူတင္၏ ခရီးစဥ္ တြင္ ဒုတိယဝန္ႀကီးခ်ဳပ္၊ အစိုးရအဖြဲ႕ဝင္မ်ားႏွင့္ ေမာ္စကိုၿမိဳ့ေတာ္ဝန္တို့လည္း အတူလိုက္ပါလာခဲ့ၿပီး ဆရာဝန္ႏွင့္ ကုသမွုမ်ား၊ အျခားကိစၥရပ္မ်ား ေဆြးေႏြးခဲ့ၾက သည္ ။

ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ ကူးစက္ခံရၿပီး ယခုအခါ သီးသန္႔ခြဲ၍ေနထိုင္ေနေၾကာင္း အဆိုပါဆရာဝန္ႀကီးက လူမွု မီဒီယာ၌ ဝန္ခံခဲ့သည္။ သမၼတ ပူတင္က ပုံမွန္ဆိုသလို စစ္ေဆးမွုမ်ားခံယူၿပီး က်န္းမာေရးေကာင္းမြန္ေၾကာင္း သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဒီမီထရီပတ္ရ္ွေကာ့ဗ္က ေျပာၾကားသည္။

႐ုရွားနိုင္ငံတြင္ ယမန္ေန႔က ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံရသူအေရအတြက္ သိသိသာသာ ျမင့္တက္လာခဲ့ ၿပီး ၂၃၃၇ ဦးအထိ ေရာက္ရွိလာကာ ယမန္ေန႔ကထက္ ၅၀၀ ေက်ာ္ ပိုမ်ားလာခဲ့သည္။

သီးသန္႔ခြဲေနရန္ အႀကံျပဳခ်က္မ်ားကဲ့သို့ေသာ အစီအမံမ်ား မသိက်ိဳးကၽြန္ျပဳသူမ်ားကို ေထာင္ဒဏ္ သို့မဟုတ္ ဒဏ္ေၾကးေငြမ်ား ခ်မွတ္မည့္ ဥပေဒတစ္ရပ္ကို ႐ုရွားလႊတ္ေတာ္က မတ္လ ၂၄ ရက္တြင္ အတည္ျပဳခဲ့သည္။

Photo-Credit

Unicode

ရုရှားနိုင်ငံ မော်စကိုမြို့ တွင် ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါ လူနာများအား ပြုစုကုသပေးလျှက်ရှိသည့် ဆေးရုံမှ ဆရာဝန်များ အကြီးအကဲဖြစ်သူ ဒေါက်တာ ဒင်းနစ် ပရိုရှင်ကိုတွင် ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရ သည်ကို တွေ့ရှိ ခဲ့ကြောင်း ရုရှား မီဒီယာများက မတ်လ ၃၁ ရက်တွင် ရေးသားဖော်ပြခဲ့သည် ။ အဆိုပါဆေးရုံမှာ မကြာသေးမီက မှ သမ္မတ ဗလားဒီမာပူ တင် သွားရောက် ကြည့်ရှုခဲ့ သည့် ဆေးရုံဖြစ် သည်။

ဒေါက်တာ ပရိုရှင်ကိုသည် ရုရှားနိုင် ငံ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ် ရောဂါအား ကာကွယ်တိုက်ဖျက်ရာတွင် ထင်ရှားသော ထိပ်တန်းဆေး ပညာရှင်တစ်ဦးဖြစ်ပြီး၊ နိုင်ငံ အတွင်း ကိုရိုနာဗိုင်းရပ်စ် စွဲကူးစက်ပျံံ့နှံ့မှုနှင့် ကုသရေး အခြေအနေများ ကို နေ့စဉ် လူမှုကွန်ယက် ၌ လွှင့်တင်ပေးနေသူဖြစ် သည် ။

ကိုရိုနာဗိုင်းရပ်စ် ရောဂါ လူနာများအား ပြုစုကုသပေးလျှက် ရှိသည့် ဆေးရုံ သို့ လာရောက်ကြည်ရှုစဉ် ဒေါက်တာ ပရိုရှင်ကိုမှာ ပူတင်၏ လမ်းညွှန်အဖြစ် ဆောင်ရွက်ခဲ့သည်။ သမ္မတ ပူတင်က အကာအကွယ် ဝတ်စုံ မဝတ်ဆင်မီ ယင်းဆရာဝန်ကြီး က ဓာတ်လှေကား တစ်ခု သို့ မရောက်မီ ပူတင်နှင့် လက်ဆွဲနှုတ်ဆ က် ခဲ့သည် ။

သမ္မတပူတင်၏ ခရီးစဉ် တွင် ဒုတိယဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များနှင့် မော်စကိုမြို့တော်ဝန်တို့လည်း အတူလိုက်ပါလာခဲ့ပြီး ဆရာဝန်နှင့် ကုသမှုများ၊ အခြားကိစ္စရပ်များ ဆွေးနွေးခဲ့ကြ သည် ။

ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ခံရပြီး ယခုအခါ သီးသန့်ခွဲ၍နေထိုင်နေကြောင်း အဆိုပါဆရာဝန်ကြီးက လူမှု မီဒီယာ၌ ဝန်ခံခဲ့သည်။ သမ္မတ ပူတင်က ပုံမှန်ဆိုသလို စစ်ဆေးမှုများခံယူပြီး ကျန်းမာရေးကောင်းမွန်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပတ်ရ်ှကော့ဗ်က ပြောကြားသည်။

ရုရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက် သိသိသာသာ မြင့်တက်လာခဲ့ ပြီး ၂၃၃၇ ဦးအထိ ရောက်ရှိလာကာ ယမန်နေ့ကထက် ၅၀၀ ကျော် ပိုများလာခဲ့သည်။

သီးသန့်ခွဲနေရန် အကြံပြုချက်များကဲ့သို့သော အစီအမံများ မသိကျိုးကျွန်ပြုသူများကို ထောင်ဒဏ် သို့မဟုတ် ဒဏ်ကြေးငွေများ ချမှတ်မည့် ဥပဒေတစ်ရပ်ကို ရုရှားလွှတ်တော်က မတ်လ ၂၄ ရက်တွင် အတည်ပြုခဲ့သည်။

Add a Comment

Your email address will not be published. Required fields are marked *