“ မီဒီယာသမားေတြဟာ နိုင္ငံသားေတြျဖစ္လို႔ နိုင္ငံသားတိုင္း လိုက္နာရမယ့္ ဥပေဒေတြ ကို လိုက္နာ မွ အႏၲရာယ္ကင္းမယ္ ” လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕ ေျပာ

“ မီဒီယာသမား ေတြဟာ နိုင္ငံသားေတြျဖစ္လို႔ နိုင္ငံသားတိုင္း လိုက္နာရမည့္ ဥပေဒေတြကို လိုက္နာမွ အႏၲရာယ္ကင္းမယ္”လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕ ေျပာေရးဆိုခြင့္ ရွိသူ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။Voice of Myanmar အယ္ဒီတာခ်ဳပ္ ဖမ္းဆီးတရားစြဲဆိုခံရတာနဲ႔ပတ္သက္လို႔ ေမးျမန္းရာမွာ သူတို႔အေနနဲ႔ တရားစြဲ အဖြဲ႕မဟုတ္တဲ့ အတြက္ ျပည္ထဲေရး ဝန္ႀကီး ဌာနကို ေမးျမန္းဖို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာ ပါတယ္။

သို႔ေသာ္လည္း အၾကမ္းဖက္ တိုက္ဖ်က္ေရးဥပေဒနဲ႔ တရားစြဲတာျဖစ္တဲ့ အတြက္ အၾကမ္းဖက္ အဖြဲ႕တစ္ဖြဲ႕ကို တိုက္ရိုက္ေသာ္ လည္းေကာင္း၊ သြယ္ဝိုက္ေသာ္ လည္းေကာင္း၊ အားေပးတာမ်ိဳး ျဖစ္တာေတြ ၊ ဝါဒျဖန႔္တာေတြရွိေနတာေၾကာင့္ အဲဒီဥပေဒနဲ႔ တရားစြဲတာျဖစ္နိုင္တယ္လို႔ သူက ဆိုပါတယ္။ဒါ့အျပင္ မီဒီသမားေတြဟာ နိုင္ငံသားေတြျဖစ္တဲ့အတြက္ နိုင္ငံသားေတြ လိုက္နာဖို႔ ခ်မွတ္ထားတဲ့ဥပေဒေတြ ကို လိုက္နာဖို႔ လိုအပ္တယ္ လို႔လည္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။

မတ္လ ၂၃ ရက္ေန႕က အစိုးရမွ AA အဖြဲ႕အား အၾကမ္းဖက္အုပ္စုႏွင့္ မတရားအသင္းအျဖစ္ ေၾကညာခဲ့ၿပီးျဖစ္ပါတယ္။

“ဒါကေတာ့ တရားစြဲတဲ့လူအေပၚမူတည္တာပဲေလ။ မီဒီယာဥပေဒနဲ႔ပတ္သက္လို႔က် ဒါသည္ နစ္နာတဲ့သူနဲ႔တရား စြဲတဲ့သူက မီဒီယာဥပေဒနဲ႔ မလုံေလာက္ဘူးလို႔ယူဆရင္ တရားစြဲမွာပဲေလ။ တရားစြဲတာနဲ႔ပတ္သက္လို႔ က်ေနာ္တို႔က ဘာမွဟိုဟာျဖစ္ၿပီးေျပာတာမဟုတ္ဘူး။ ပုဂၢလိကပိုင္း ဆိုင္ရာမွာလည္း ဒီလိုပဲတရားစြဲေနတာပဲ။ ပုဂၢလိကပိုင္းဆိုင္ရာမွာ ဒီမီဒီယာ ဥပေဒနဲ႔တရားစြဲတာ မဟုတ္ဘဲ က်န္တဲ့ဟာနဲ႔ တရားစြဲတာလည္းရွိရင္ရွိမယ္။ မီဒီယာေကာင္စီနဲ႔ညႇိႏွိုင္းတာမ်ိဳးလည္း ရွိရင္ရွိတယ္။ က်ေနာ္ေျပာခ်င္တာကေတာ့ တစ္ခုေပါ့ေလ။ ဒါကေတာ့ က်ေနာ္ေျပာလိုက္ရင္လည္း နစ္နာတယ္ရွိဦးမယ္။ မီဒီယာသည္လည္း တစ္ဦးခ်င္းေျပာမယ္ဆိုရင္နိုင္ငံသားပါပဲ။ ဒါေၾကာင့္မို႔လို႔ နိုင္ငံသားတိုင္းအတြက္ လိုက္နာဖို႔ ထုတ္ျပန္ထားတဲ့ ဥပေဒေတြကို လိုက္နာရင္ ပိုအႏၲရာယ္ကင္းမယ္လို႔ပဲ ေျပာခ်င္ပါတယ္”

မႏၲေလးအေျခစိုက္ Voice of Myanmar (VOM) သတင္းဌာနရဲ့ အယ္ဒီတာခ်ဳပ္ ဦးေနမ်ိဳးလင္းကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒ ပုဒ္မ ၅၀(က)၊ ၅၂(က)တို႔နဲ႔ မႏၲေလးတိုင္း သတင္းရဲတပ္ဖြဲ႕ ဒုရဲမႉး ခင္ေမာင္းဝင္းက တရားစြဲဆိုထားပါတယ္။

AA ကို အၾကမ္းဖက္အဖြဲ႕အျဖစ္ အစိုးရက ေၾကညာထားသည့္ အတြက္ AA ရွိေသာ(KIO/KIA) နယ္ေၿမ တိုက္ခိုက္ခံရနိုင္သည္ ဟူ၍လည္း တပ္မေတာ္ဘက္က သတိေပးထားခဲ့ျပီးျဖစ္သည္။

Unicode

“ မီဒီယာသမား တွေဟာ နိုင်ငံသားတွေဖြစ်လို့ နိုင်ငံသားတိုင်း လိုက်နာရမည့် ဥပဒေတွေကို လိုက်နာမှ အန္တရာယ်ကင်းမယ်”လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။Voice of Myanmar အယ်ဒီတာချုပ် ဖမ်းဆီးတရားစွဲဆိုခံရတာနဲ့ပတ်သက်လို့ မေးမြန်းရာမှာ သူတို့အနေနဲ့ တရားစွဲ အဖွဲ့မဟုတ်တဲ့ အတွက် ပြည်ထဲရေး ဝန်ကြီး ဌာနကို မေးမြန်းဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

သို့သော်လည်း အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲတာဖြစ်တဲ့ အတွက် အကြမ်းဖက် အဖွဲ့တစ်ဖွဲ့ကို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်သော် လည်းကောင်း၊ အားပေးတာမျိုး ဖြစ်တာတွေ ၊ ဝါဒဖြန့်တာတွေရှိနေတာကြောင့် အဲဒီဥပဒေနဲ့ တရားစွဲတာဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။ဒါ့အပြင် မီဒီသမားတွေဟာ နိုင်ငံသားတွေဖြစ်တဲ့အတွက် နိုင်ငံသားတွေ လိုက်နာဖို့ ချမှတ်ထားတဲ့ဥပဒေတွေ ကို လိုက်နာဖို့ လိုအပ်တယ် လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မတ်လ ၂၃ ရက်နေ့က အစိုးရမှ AA အဖွဲ့အား အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ကြေညာခဲ့ပြီးဖြစ်ပါတယ်။

“ဒါကတော့ တရားစွဲတဲ့လူအပေါ်မူတည်တာပဲလေ။ မီဒီယာဥပဒေနဲ့ပတ်သက်လို့ကျ ဒါသည် နစ်နာတဲ့သူနဲ့တရား စွဲတဲ့သူက မီဒီယာဥပဒေနဲ့ မလုံလောက်ဘူးလို့ယူဆရင် တရားစွဲမှာပဲလေ။ တရားစွဲတာနဲ့ပတ်သက်လို့ ကျနော်တို့က ဘာမှဟိုဟာဖြစ်ပြီးပြောတာမဟုတ်ဘူး။ ပုဂ္ဂလိကပိုင်း ဆိုင်ရာမှာလည်း ဒီလိုပဲတရားစွဲနေတာပဲ။ ပုဂ္ဂလိကပိုင်းဆိုင်ရာမှာ ဒီမီဒီယာ ဥပဒေနဲ့တရားစွဲတာ မဟုတ်ဘဲ ကျန်တဲ့ဟာနဲ့ တရားစွဲတာလည်းရှိရင်ရှိမယ်။ မီဒီယာကောင်စီနဲ့ညှိနှိုင်းတာမျိုးလည်း ရှိရင်ရှိတယ်။ ကျနော်ပြောချင်တာကတော့ တစ်ခုပေါ့လေ။ ဒါကတော့ ကျနော်ပြောလိုက်ရင်လည်း နစ်နာတယ်ရှိဦးမယ်။ မီဒီယာသည်လည်း တစ်ဦးချင်းပြောမယ်ဆိုရင်နိုင်ငံသားပါပဲ။ ဒါကြောင့်မို့လို့ နိုင်ငံသားတိုင်းအတွက် လိုက်နာဖို့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို လိုက်နာရင် ပိုအန္တရာယ်ကင်းမယ်လို့ပဲ ပြောချင်ပါတယ်”

မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးနေမျိုးလင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)၊ ၅၂(က)တို့နဲ့ မန္တလေးတိုင်း သတင်းရဲတပ်ဖွဲ့ ဒုရဲမှူး ခင်မောင်းဝင်းက တရားစွဲဆိုထားပါတယ်။

AA ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ကြေညာထားသည့် အတွက် AA ရှိသော(KIO/KIA) နယ်မြေ တိုက်ခိုက်ခံရနိုင်သည် ဟူ၍လည်း တပ်မတော်ဘက်က သတိပေးထားခဲ့ပြီးဖြစ်သည်။

Add a Comment

Your email address will not be published. Required fields are marked *