” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၂၀ ) )

” ဆရာ စံဇာဏီဘို ၊ ကရင္မႏွင့္ တစ္ခ်က္ တစ္ေကာင္ ခ်စ္ေလးေမာင္ ”

မႏွင္းဆီ ( ခ ) ကရင္မ ဟာ သူ႕ေယာက်္ား ကိုဝင္းျမင့္ လြတ္ သြားၿပီး ေနာက္ပိုင္း အေဆာင္ မွာ လူ မ်ား လို႔ လား မသိဘူး…။ ႏွစ္ေတြၾကာလာေတာ့ သူ႕ရဲ႕ အရိပ္အေယာင္ က်ဲပါး သြား တယ္ ။ ဒါေပမဲ့ လူနည္းနည္း ပဲရွိၿပီး သီးျခား စီခ်ဳပ္ေႏွာင္ထား တဲ့ တိုက္ဝင္း ထဲ မွာေတာ့ သူ႕ ရဲ႕ သတင္း က မေျပာ မျဖစ္ ေခါင္းႀကီးပိုင္းမွာ ရွိေန ပါတယ္ ။

အထူး သျဖင့္ မႏွင္းဆီ (ခ) ကရင္မ ေပ်ာ္တဲ့ ေနရာကေတာ့ ၁ တိုက္ျဖစ္ပုံရ ပါတယ္။ ရံဖန္ရံခါ ၃ တိုက္ ၊ အခန္း ၁၃ မွာ ရွိတဲ့ ဆရာမင္းသိခၤဆီကို ေရာက္တယ္ ဆိုတဲ့ သတင္းေတြ လည္း တိုက္တစ္ဝင္းလုံးျပန႔္ေန ပါတယ္။ ဆရာက ဝိဇၨာလိုင္း နဲ႕ ပရေလာက အေၾကာင္း ကို အရည္က်ိဳေသာက္ထားတာေၾကာင့္ ကရင္မေလာက္ေတာ့ မႈမွာ မဟုတ္ ပါဘူး။

ေနာက္ဆုံးေတာ့ ၁၉၉၀ တစ္ဝိုက္ ဒီမိုကေရစီေတာင္းဆိုမႈေၾကာင့္ ေထာင္ထဲ ေရာက္ေနရတဲ့ နိုင္ငံေရး အက်ဥ္း သား အမ်ားစုေန တဲ့ တိုက္ေတြထဲ မွာ မႏွင္းဆီ က ၁ တိုက္မွာသာ ေပ်ာ္ပုံရ ပါတယ္ ။ ၁ တိုက္ မွာ ေနခဲ့ဖူးတဲ့ နိုင္ငံေရးအက်ဥ္းသား ေတြကလည္း ႐ုပ္ရွင္မင္းသားႀကီး ဦးေအာင္လြင္တစ္ေယာက္ မႏွင္းဆီနဲ႕ ႀကဳံဆုံခဲ့ရၿပီး တဲ့ေနာက္ တစ္တိုက္လုံး ငါ့အလွည့္မ်ား ေရာက္လာေတာ့မလား ဆို တဲ့ စိုးရိမ္စိတ္နဲ႕ သတိအေနအထားေနခဲ့ ၾကပါတယ္။

Photo-Credit

ဒါေပမဲ့ ၁ တိုက္မွာရွိတဲ့ နိုင္ က်ဥ္းေတြထဲက ေဗဒင္လက္ၡဏာ ကဝိ ေက်ာ္ ဆရာစံ-ဇာဏီဘို တစ္ ေယာက္က ေတာ့ လုံးလုံးလ်ားလ်ား မႏွင္းဆီကို စိတ္ ဝင္စားျခင္းမရွိပါဘူး။တစ္ေန႕တစ္ေန႕ သူ အလြန္တန္ဖိုးထားတဲ့ ဆံပင္ရွည္ကို တတ္ နိုင္သမွ် ေထာင္အာဏာပိုင္ေတြ အာ႐ုံ မစိုက္ေအာင္ ေရွာင္ရွားရင္း ထိန္းသိမ္းေန တာနဲ႕ပဲ အခ်ိန္ကုန္ေလ့ရွိပါတယ္။

ဒါေပမဲ့ ဆရာကအနာဂတ္ အေၾကာင္း ေဟာတဲ့အခါ သူ႕ရဲ႕ ႀကီးမားတဲ့အသံၾသဇာနဲ႕ မ်က္ႏွာေပၚ ဝဲက်လာတဲ့ဆံပင္ကို ပင့္ကာသပ္ကာ ေျပာ တဲ့စတိုင္က တစ္ဖက္လူကို လႊမ္းမိုးထားနိုင္ ပါတယ္။သူ႕ရဲ႕ဟန္ပန္ေၾကာင့္ တစ္ဖက္လူ က အျပည့္အ၀ ယုံၾကည္မႈရၿပီး ဆရာ့ကို အားကိုးလိုတဲ့စိတ္ အလိုလိုေပၚလာေလ့ ရွိပါတယ္။

ဆရာ့ရဲ႕ပညာ၊ အသံၾသဇာနဲ႕ ဟန္ပန္အမူအရာေတြက တစ္ဖက္သားကို အရမ္းဆြဲေဆာင္နိုင္ေပမယ့္ စကားဆုံး တဲ့ အခါ နား႐ြက္ဖုံးေနတဲ့ဆံပင္ကို လက္နဲ႕ဆြဲ ၿပီး နားအေနာက္ကို သိမ္းလိုက္တဲ့ လုပ္ရပ္ တစ္ခုကပဲ ဆိုးတာ ျဖစ္ပါတယ္။

ဒီ အဆုံး သတ္ အမူအရာက သူဟန္ထုတ္လိုက္တာ အရမ္းသိသာေနလို႔ပါပဲ။ သူ႕ကို နိုင္ငံေရး အက်ဥ္းသား အမ်ားစုက ကိုဇာႀကီးလို႔ ခ်စ္ စနိုးနဲ႕ေခၚေလ့ရွိပါတယ္။ သူကလည္း နိုင္ငံ ေရး ေလာကဓံကို ခံနိုင္ရည္ရွိၿပီး အလြန္ အေၾကာမာသူျဖစ္ပါတယ္။

တစ္ညေတာ့ မႏွင္းဆီ (ခ) ကရင္မ ဟာ ဆရာ စံ-ဇာဏီဘိုနဲ႕ တည့္တည့္တိုးပါ ေတာ့တယ္။ အဲဒီညက ၁ တိုက္ တာဝန္က် ဝါဒါဟာ ေက်ာ္ဦးလို႔ ေခၚပါတယ္။

Photo-Credit

ဝါဒါ ေက်ာ္ဦးရဲ႕ႏွာေခါင္းမွာ ဘုႀကီးတစ္ခုရွိေန တာေၾကာင့္ နာမည္တူေတြရွိေနတဲ့ ဝန္ ထမ္းေတြထဲမွာ သူ႕ကို အားလုံးက “ ဘု ေက်ာ္ဦး” လို႔ ခပ္လြယ္လြယ္ အမည္ေပး လိုက္တယ္။ ဘုေက်ာ္ဦးကလည္း အလြန္ ေပတယ္။ အျပင္မွာလည္း လိုင္းခန္းထဲမွာ ဝက္ေမြးတယ္။သူ႕ဝက္ေတြကို အစာမေကြၽး နိုင္ေတာ့ ေထာင္ထဲက ဖိုႀကီးထဲမွာ ည ဘက္ ထမင္းယူတယ္။ တစ္ခါတစ္ရံ ဗူး၀ မွာ စစ္လို႔မိရင္ ေထာင္ပိုင္ရဲ႕ အဆဲအဆို ေတြ ခံရေတာ့တာပဲ။ တစ္ခါတစ္ရံ ည ဂ်ဴတီဝင္ရင္ အၿမဲမူးလာတယ္။

တိုက္ခန္း ေတြက သူ႕အခန္းနဲ႕သူ ေသာ့ခတ္ထားတာ ဆိုေတာ့ ညဘက္တာဝန္က်ဝန္ထမ္းေတြ အတြက္ ႀကီးႀကီးမားမား တာဝန္မရွိပါဘူး။

အမ်ားစုကေတာ့ တိုက္မွာ ကင္းက်ရင္ အိပ္ၾကတာပါပဲ။ ၁ တိုက္ရဲ႕ ကင္းသမား ေတြထဲမွာ ပင္တိုင္ကင္းက် တဲ့သူႏွစ္ေယာက္ ပဲ ရွိပါတယ္။ အဲဒါကေတာ့ ဘုေက်ာ္ဦးနဲ႕ ဒန္သြားပါပဲ။ ဒန္သြားရဲ႕ နာမည္ရင္းက စိုးေဌးလို႔ ေခၚပါတယ္။ သူက က်ိဳးေနတဲ့ သြားေနရာမွာ ေငြသြားစိုက္ထားတယ္။

ဒါ ေပမဲ့ သူက ဘုေက်ာ္ဦးေလာက္ နိုင္ငံေရး အက်ဥ္းသားေတြအေပၚမွာ မေကာင္းဘူး။ ေထာင္ပိုင္ေထာင္မႉးေတြကို ခြၽန္ခ်င္ တက္ ခ်င္တယ္။ သတင္းအပို႔အယူ လုပ္တယ္။ ဒါေၾကာင့္ တိုက္မွာရွိတဲ့သူေတြက စိုးေဌး ကို ေငြသြားစိုက္ထားမွန္းသိေပမယ့္ တမင္ ႏွိမ္ၿပီး “ ဒန္သြား” ဆိုၿပီး နာမည္ေပးထား တယ္။ ညဘက္ ကင္းက်ရင္ အိပ္တာက ေတာ့ ေက်ာ္ဦးေရာ၊ ဒန္သြားေရာ ႏွစ္ ေယာက္လုံး အတူတူပါပဲ။

တစ္ညေတာ့ ဘုေက်ာ္ဦး တာဝန္က် ေနတယ္။ ဘုေက်ာ္ဦးက အိပ္ခ်ိန္မေပးခင္ ၁ တိုက္က အခန္းေစ့လိုက္ၿပီး ေဆးလိပ္မီး ေပးတယ္။ ၿပီးရင္ေတာ့ ကိုဇာႀကီးတို႔ရဲ႕ အခန္းနားကခုံမွာ တစ္ခ်ိဳးတည္း အိပ္ ေတာ့တာပါပဲ။တိုက္ကလူေတြကလည္း ေဆးလိပ္ေလးေသာက္၊ ဘုရားေလးရွိခိုး ၿပီး အိပ္ၾကေတာ့တာပါပဲ။ အဲဒီညကေတာ့ မိုးတြင္းဆိုေပမယ့္ ပူအိုက္ေနလို႔ ဆရာစံ-ဇာဏီဘိုက အိပ္မေပ်ာ္ဘူး ျဖစ္ေနတယ္။

အခန္းေဖာ္ေတြကေတာ့ အိပ္သြားၾကၿပီ။ သူကေတာ့ ျမန္မာနိုင္ငံရဲ႕ နိုင္ငံေရးအေျခ အေနေတြနဲ႕နက္ၡတ္ေတြကို တြက္ခ်က္ၾကည့္ ေနတယ္။ ျမန္မာနိုင္ငံရဲ႕နိမိတ္ကမေကာင္း ေသးတာကို စိတ္မေကာင္းစြာ ေတြ႕ေနရ တယ္။ ဒီလိုနဲ႕ တြက္ခ်က္ေနလိုက္တာ။ အခ်ိန္ကုန္လို႔ကုန္မွန္း မသိဘူး။ ညဉ့္နက္ သန္းေခါင္ ေရာက္သြားတယ္။

တိုက္ဝင္း တစ္ဝင္းလုံးလည္း တိတ္ဆိတ္ေနတယ္။ ၁၅ မိနစ္တစ္ႀကိမ္ ဂတ္ႀကီးေပၚက သံ ေခ်ာင္းေခါက္သံပဲ မွန္မွန္ၾကားေနရတယ္။ ကိုဇာႀကီးက ကိန္းဂဏန္းေတြထဲမွာ စိတ္ ဝင္စားေနတုန္း ၁ တိုက္ေရွ႕ မွာ “ဝုန္းခနဲ” လဲၿပိဳသံ ၾကားလိုက္ရတယ္။ ကိုဇာႀကီးက အိပ္ရာကထၿပီး အသံခပ္အုပ္အုပ္နဲ႕ ဝါဒါ ေက်ာ္ဦးကို လွမ္းေခၚလိုက္တယ္။

“ ေက်ာ္ဦး ေဟ့ေကာင္ ဘာျဖစ္တာ လဲ”

ဘုေက်ာ္ဦးက ကိုဇာႀကီးကို ေလသံ တိုးတိုးနဲ႕ လွမ္းေျပာတယ္။

“ ဘာမွမဟုတ္ဘူး ေနာက္မွ ရွင္းျပ မယ္။ ကိုဇာႀကီး ေခါင္းခ်အိပ္ေနလိုက္ ေတာ့။ တစ္ေယာက္ေယာက္ ကင္းစစ္ဖို႔ လွည့္လာလိမ့္မယ္”

ကိုဇာႀကီးလည္း ေက်ာ္ဦး ေျပာတဲ့ အတိုင္း ေခါင္းခ်ၿပီးအိပ္ခ်င္ေယာင္ေဆာင္ ေနလိုက္တယ္။ ေက်ာ္ဦးလည္း ဖိနပ္ေတြ ႀကိဳးျပန္စီး၊ နံရံမွာေထာင္ထားတဲ့ နံပါတ္ တုတ္ကို အျမန္ျပန္ယူ ဦးထုပ္ေဆာင္းၿပီး ၁ တိုက္ေရွ႕မွာ လမ္းေလွ်ာက္ေနတာေတြ႕ တယ္။သိပ္မၾကာခင္မွာပဲ ေျခသံေတြကို ၾကားလိုက္ရတယ္။ “ ကင္းသမား … သတင္းပို႔” ဆိုတဲ့အသံလည္း ၾကားလိုက္ရ တယ္။ ဘုေက်ာ္ဦးက သတိဆြဲၿပီး သတင္း ပို႔သံ ၾကားလိုက္ရတယ္။

“ သတိ ..အင္းစိန္ေထာင္၊ ၁ တိုက္၊ အိပ္ေဆာင္၊ တာဝန္က်ဝန္ထမ္းကိုယ္ပိုင္ အမွတ္ ၂၂၂၄၊ ဒုတပ္ၾကပ္ ေက်ာ္ဦး၊ အက်ဥ္းသား ၂၃ ေယာက္ ဖ်ားနာသူမရွိ၊ အားလုံးေကာင္းပါတယ္ တာဝန္မႉးႀကီး”

ေထာင္ပိုင္ႀကီးကိုယ္တိုင္ ညကင္း သမားေတြကို လိုက္လံစစ္ေဆးေနတာျဖစ္ ပါတယ္။ ညဘက္ဝန္ထမ္းေတြ ဝတ္စုံ အျပည့္ ဝတ္ဆင္ျခင္းရွိမရွိ နိုးနိုးၾကားၾကား ရွိမရွိ ေရွာင္တခင္ လိုက္စစ္တာျဖစ္ၿပီး အိပ္ေနတဲ့ သူေတြ႕ရင္ ေတာ့ ေနာက္တစ္ေန႕ ႐ုံးတင္ခံရမွာျဖစ္ပါတယ္။

၁ တိုက္မွာေတာ့ ဝတ္စုံျပည့္ ဝတ္ဆင္ၿပီး ကင္းလွည့္ေနတဲ့ ဘုေက်ာ္ဦးကိုၾကည့္ၿပီး ေထာင္ပိုင္ကသေဘာ က်သြားပုံေပၚပါတယ္။

“ေက်ာ္ဦး မင္းတစ္ေယာက္ပဲ နိုးနိုး ၾကားၾကားရွိတယ္။ ၆ တိုက္က စိုးေဌးက ေတာ့ အိပ္လိုက္တာ သိုးေနတာပဲ။ ဒီ ေကာင္ကိုေတာ့ ႐ုံးတင္ရမွာပဲ”

ေထာင္ပိုင္က ေက်ာ္ဦးကို ခ်ီးက်ဴးၿပီး ဇင္ဇင္းစီးကရက္တစ္ဗူးေပးကာ ျပန္ထြက္ သြားပါတယ္။ ေထာင္ပိုင္ ထြက္သြားမွ ေက်ာ္ဦးက သက္ျပင္းရွည္ႀကီးကို မႈတ္ ထုတ္လိုက္တယ္။ ၿပီးေတာ့ နံရံမွာ နံပါတ္ တုတ္ကို ျပန္ေထာင္လိုက္ရင္း ေရ႐ြတ္လိုက္ တယ္။

Photo-Credit

“ ေတာ္ေသးတယ္။ ကရင္မကယ္လို႔” ညဘက္ တိတ္ဆိတ္ေနတာေၾကာင့္ ေက်ာ္ဦးေျပာတဲ့အသံကို ကိုဇာႀကီး ပီပီ သသၾကားလိုက္ရတယ္။ ဒါေၾကာင့္ အခန္း သံတိုင္ နားကိုကပ္ရင္း လွမ္းေမးရတယ္။

“ ဘာေျပာတယ္ ဆရာဘု”

“ ကရင္မ နားရင္းရိုက္ၿပီးႏွိုးလို႔ ကြၽန္ ေတာ္ ကံေကာင္းသြားတာ ကိုဇာႀကီးေရ”

ဘုေက်ာ္ဦး စကားေၾကာင့္ ဆရာစံ-ဇာဏီဘို မ်က္လုံးက်ယ္သြားတယ္။ ဒါ ေၾကာင့္ ေသခ်ာေအာင္ ထပ္ေမးလိုက္ တယ္။

“ မင္းဟာက ..ဟုတ္ရဲ႕လားကြာ”

“ ဟုတ္ပါတယ္။ ကရင္မက ေဘာ္ဒါ စိတ္ရွိတယ္။ ကင္းလာစစ္တဲ့အခ်ိန္ အိပ္ ေနတဲ့ ဝါဒါေတြရွိရင္ လႈပ္ၿပီး သတိေပး တယ္။ အဲဒါမွမနိုးရင္ နားရင္းရိုက္တယ္။ အခု ကြၽန္ေတာ့္ကို နားရင္းရိုက္သြားတာ ေလ”

ဘုေက်ာ္ဦးစကားေၾကာင့္ ကိုဇာႀကီး ကရင္မကို ေတာ္ေတာ္ စိတ္ဝင္စားသြား တယ္။ သူက ေထာင္ထဲမွာ မကြၽတ္ ဘဲရွိေန ေပမယ့္ သူနဲ႕ထိစပ္ေနတဲ့ ဝန္ထမ္းေတြ အက်ဥ္းသားေတြကို ဒုကၡေပးခ်င္တဲ့စိတ္ မရွိဘူးဆိုတာ လက္ေတြ႕သိလိုက္ရတယ္။ေက်ာ္ဦးက စီးကရက္ မီးညွိေသာက္ရင္း ေထာင္ပိုင္ေပးသြားတဲ့ ဇင္ဇင္းစီးကရက္ဗူး ထဲက ႏွစ္လိပ္ကို ဆရာစံ-ဇာဏီဘိုအတြက္ လွမ္းေပးလိုက္တယ္။ ၿပီးေတာ့ သူ႕လက္ထဲ မွာ တစ္လိပ္ကိုင္ ထားေသးတယ္။ ကိုဇာ ႀကီးက သိခ်င္လို႔ လွမ္းေမးလိုက္တယ္။

“လက္ထဲက တစ္လိပ္က ဘယ္သူ႕ အတြက္လဲ”

ဘုေက်ာ္ဦးက စီးကရက္ခ်င္း မီးကူး ၿပီး ေထာင္ျပတယ္။

“ ကရင္မအတြက္ေလ”

စကားဆုံးတာနဲ႕ ၁ တိုက္အဆုံး သံ ဆူးႀကိဳးစည္းရိုးကို သြားတယ္။ ၿပီးေတာ့ သံဆူးႀကိဳးတန္းေပၚက ေထာင္ေနတဲ့ သံ ေခ်ာင္းေပၚမွာ စီးကရက္ဖင္ဆီခံကို စြပ္ခ် လိုက္တယ္။ စီးကရက္မီးက ခပ္ျဖည္းျဖည္း တိုက္ေနတဲ့ ေလနဲ႕အတူ ရဲခနဲျဖစ္သြားတယ္။ အဲဒီလိုနဲ႕ တျဖည္းျဖည္း တိုသြားတယ္။

ဆရာစံ-ဇာဏီဘိုလည္း ဘုေက်ာ္ဦးေပးတဲ့ ဇင္ဇင္းစီးကရက္ကို အားပါးတရ ဖြာရင္း မႏွင္းဆီ (ခ) ကရင္မရဲ႕ အေၾကာင္းကို သိခ်င္စိတ္က ပိုၿပီးျပင္းျပလာတယ္။ ပရ ေလာကသားေတြ ဝိညာဥ္ေတြကို အမ်ားစု က ေၾကာက္လန႔္ၾကေပမယ့္ ေက်ာ္ဦးတို႔လို ဝါဒါေတြ၊ ဦးေအာင္လြင္လို နိုင္ငံေရးအက်ဥ္း သားေတြက ကရင္မကို မေၾကာက္ၾကဘူး။ က႐ုဏာသက္ေနၾကတယ္။

ဒါေၾကာင့္ ကရင္မရဲ႕ ဝဋ္ေႂကြးအဖို႔ပါကနဲ႕ ကံၾကမ္ၼာကို စစ္ေဆးၾကည့္ခ်င္လာတယ္။ အဲဒီလို ေတြး ေနတုန္း အခန္းေရွ႕ကို ေက်ာ္ဦးထပ္ေရာက္ လာျပန္တယ္။ သူ႕လက္ထဲမွာ စီးကရက္ အတိုေလးတစ္ခု ကိုင္ထားတယ္။ ၿပီးေတာ့ ကိုဇာႀကီး အခန္းထဲကို လွမ္းပစ္ေပးလိုက္ တယ္။

“ ဒါကရင္မ ေသာက္သြားတာ ဆရာ။ ေလ့လာၾကည့္လိုက္”

ကိုဇာႀကီးလည္း မႏွင္းဆီ(ခ)ကရင္မ ရဲ႕ ေမြးေန႕၊ ေမြးလ၊ ေမြးရက္ေတြကို မသိ ေတာ့ သူ႕ရဲ႕စီးကရက္တိုေလးကိုပဲ ေလ့လာ ၾကည့္လိုက္တယ္။ အမွတ္တမဲ့ၾကည့္ရင္ ေတာ့ ဘာမွထူးျခားတာမေတြ႕ရဘူး။ ဖင္ ဆီခံအလယ္မွာ ေပါက္ေနတာက ေက်ာ္ဦး သံဆူးႀကိဳးေပၚမွာ စြပ္ထားလို႔ပါ။

ဒါေပမဲ့ ဖင္ဆီခံကိုေသခ်ာၾကည့္လိုက္ေတာ့မွ သြား နဲ႕ ကိုက္ထားတဲ့ အရာေလးကို ေတြ႕လိုက္ တယ္။ ဖင္ဆီခံကို နမ္းၾကည့္လိုက္ေတာ့ ကြမ္းယာနံ႕ရတယ္။ ဒါေၾကာင့္ ကရင္မဟာ ပရေလာက ေရာက္ေနတာေတာင္ ကြမ္း တစ္ယာနဲ႕ ေဆးလိပ္ဖြာရတာကိုေတာ့ ႀကိဳက္ေနတဲ့ပုံပါပဲ။အဲဒီညက ကရင္မနဲ႕ ဘုေက်ာ္ဦးရဲ႕ ဆက္သြယ္မႈေတြကို မ်က္ဝါးထင္ထင္ျမင္ လိုက္ရတဲ့ ဆရာစံ-ဇာဏီဘို တစ္ေယာက္ ေနာက္တစ္ေန႕မွာလည္း သူ႕ေခါင္းထဲမွာ ကရင္မအေၾကာင္းပဲ စိတ္စြဲေနတယ္။

ေရ ခ်ိဳးခ်တဲ့ အခ်ိန္မွာ ဦးေအာင္လြင္နဲ႕ သြား ေတြ႕ၿပီး ကရင္မအေၾကာင္းကို ထပ္ေမး ၾကည့္ရတယ္။ ဦးေအာင္လြင္က ကိုဇာႀကီး ကို ထူးဆန္းတဲ့ပုံနဲ႕ၾကည့္ၿပီး ခပ္ဆတ္ဆတ္ ျပန္ေျပာတယ္။

“ ခင္ဗ်ား ဘာလုပ္မလို႔လဲ။ ကရင္မကို ဒုကၡသြားမေပးပါနဲ႕ဗ်ာ”

ဆရာစံ-ဇာဏီဘိုက ပရေလာကသား တစ္ေယာက္ျဖစ္တဲ့ ကရင္မကို အကာ အကြယ္ေပးေနတဲ့ ႐ုပ္ရွင္မင္း သားႀကီးကို အံ့ၾသတႀကီး ၾကည့္ေနတယ္။ ၿပီးမွ ညက ကရင္မနဲ႕ ေက်ာ္ဦးနဲ႕ အျဖစ္အပ်က္ေတြ အေၾကာင္း ေျပာျပလိုက္တယ္။ ဒီအေၾကာင္း ေတြ ၾကားရေပမယ့္ ဦးေအာင္လြင္က အံ့ၾသတဲ့ပုံမေပၚဘူး။ သူ႕ကို ေတာင္ႏွစ္ သိမ့္ ေဖ်ာင္းဖ်လိဳက္ေသးတယ္။

“ ေအးေလ အဲဒါ ဘာဆန္းလို႔လဲ။ ကရင္မက လူတိုင္းကို ကူညီေနတဲ့ဟာ ခင္ဗ်ားရဲ႕ အစီအရင္ေတြနဲ႕ သူ႕ကို မႏွင္ပါ နဲ႕။ သူေပ်ာ္ရင္ ေနပါေစလားဗ်ာ”

“ ကြၽန္ေတာ္ဘာမွမလုပ္ပါဘူး ဘႀကီး ေအာင္ရဲ႕။ သူ႕အေၾကာင္း သိခ်င္႐ုံသက္ သက္ပါ။ ဒါေၾကာင့္ ဘယ္သူမ်ား ကရင္မ အေၾကာင္း ေျပာနိုင္မလဲဆိုၿပီး စုံစမ္းၾကည့္ တာ”

ဦးေအာင္လြင္ကေတာ့ ဘာမွဆက္မ ေျပာေတာ့ဘဲ ေခါင္းအသာအယာခါျပပါ တယ္။ ၁ တိုက္မွာေတာ့ ကရင္မနဲ႕ ပတ္ သက္ၿပီး ဘာအခ်က္အလက္မွ ထပ္မရလို႔ ကိုဇာႀကီးလည္း လက္ျမႇောက္ရမလိုျဖစ္ခဲ့ ရပါတယ္။

ဒါေပမဲ့ တစ္ရက္ေတာ့ အျမန္ လမ္း ရဲဘက္စခန္းကေန အင္းစိန္ေထာင္ ကို ေျပာင္းေ႐ႊ႕လာတဲ့ ကရင္ႀကီး ဝါဒါေစာ ထူးေလးနဲ႕ စကားစပ္မိရင္း ကရင္မရဲ႕ဘ၀ တစ္စိတ္တစ္ေဒသကို သိလိုက္ရတယ္။ ေစာထူးေလးက အသက္ ၆၀ နား ကပ္ ေနပါၿပီ။ မၾကာခင္ ပင္စင္ယူေတာ့မွာပါ။

ဒါေပမဲ့ သူက ကရင္လူမ်ိဳးျဖစ္ၿပီး ေထာင္ ေပါက္ ဝန္ထမ္းျဖစ္တဲ့အတြက္ ကရင္လူမ်ိဳး ေတြအေၾကာင္းကိုေတာ့ မွတ္မွတ္သားသား ရွိတယ္။ ပဲခူးရိုးမမွာ ကြန္ျမဴနစ္ပါတီကို တိုက္ထုတ္ေတာ့ ေတဇစစ္ဆင္ေရးမွာမိလာ တဲ့ ကရင္ေတြကို ေသဒဏ္ေပးတဲ့အေၾကာင္း လည္း အေသးစိတ္သိတယ္။ ျမန္မာ့အသံ ကို လက္ပစ္ဗုံးနဲ႕ ထုဖို႔ႀကိဳး စား တဲ့ မန္းဒါဝတ္ အေၾကာင္းလည္း သိတယ္။

ဒီအေၾကာင္း ေတြ ေျပာရင္း ကရင္မအေၾကာင္းကိုလည္း စကားစပ္မိသြားတယ္။ အဲဒီေတာ့မွ ကရင္မ ရဲ႕ အစ္ကိုတစ္ေယာက္ဟာ KNU ထဲက နာမည္ႀကီး စစ္ဗိုလ္ တစ္ခ်က္တစ္ေကာင္ ခ်စ္ေလးမာင္ ျဖစ္ေနမွန္း သိလိုက္ရေတာ့ တယ္။ခ်စ္ေလးမာင္ဟာ လက္ေျဖာင့္ ေသနတ္သမားျဖစ္ၿပီး ျမစ္ဝကြၽန္းေပၚက ေထာ္ပိုင္စစ္ဆင္ေရးမွာ သူ႕လက္ခ်က္နဲ႕ ျမန္မာစစ္သားအမ်ားအျပား က်ဆဳံးထိခိုက္ ဒဏ္ရာရခဲ့ရပါတယ္။ ခ်စ္ေလးမာင္ကို အစိုးရက အေသရရ အရွင္ ရရ အလိုရွိခဲ့ တဲ့အတြက္ မႏွင္းဆီဟာ ရန္ကုန္မွာ သိုသို သိပ္သိပ္ ေနထိုင္ခဲ့ပုံရပါတယ္။

တစ္ဖက္ မွာလည္း သူ႕ရဲ႕ မၿငိမ္းခ်မ္းတဲ့ဘဝကို ျပည္ ဖုံးကားခ်ၿပီး ကိုဝင္းျမင့္နဲ႕ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အိမ္ေထာင္တစ္ခု ထူေထာင္သြား လိုတဲ့ ရည္႐ြယ္ခ်က္လည္း ရွိခဲ့ပုံရပါတယ္။ ဒါေပ မဲ့ သူတို႔ရဲ႕ဘဝထဲကို “ မစန္း”ဆိုတဲ့ ေစတန္ နတ္ဆိုး တစ္ ေယာက္ ေရာက္လာတဲ့အတြက္ ေၾကကြဲစရာဇာတ္သိမ္းကို ႀကဳံခဲ့ရတာ ျဖစ္ ပါတယ္။

မႏွင္းဆီ သူ႕ေယာက်္ား ကိုဝင္းျမင့္ကို KNU စစ္ဗိုလ္ ခ်စ္ေလးမာင္ရဲ႕ညီမျဖစ္ တယ္ဆိုတာကို ေျပာျပခဲ့သလား။ မေျပာျပ ဘဲ လွ်ို႔ဝွက္ထားခဲ့သလား ဆိုတာကေတာ့ အသက္ရွင္လ်က္ရွိတဲ့ ကိုဝင္းျမင့္ကိုယ္တိုင္ သာ အေျဖ ေပးနိုင္ပါလိမ့္မယ္။

(ဇာတ္သိမ္းပိုင္းကို မနက္ျဖန္တြင္ ဆက္လက္ေဖာ္ျပပါမည္)

Credit – ေဇာ္သက္ေထြး

ျပီးခဲ႔ေသာ အခန္းဆက္မ်ား ျပန္လည္ ဖတ္ရႈလိုပါက မိမိဖတ္လိုေသာ လင့္ခ္ကိုႏွိပ္ပါ..

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၂ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၃ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၄ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၅ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၆ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၇ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၈ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၉ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၀ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၁ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၂ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၃ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၄ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၅ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၆ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၇ ) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၈) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ အပုိင္း – ( ၁၉) )

” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ – ဇာတ္သိမ္းပိုင္း)

Unicode

” ဆရာ စံဇာဏီဘို ၊ ကရင်မနှင့် တစ်ချက် တစ်ကောင် ချစ်လေးမောင် ”

မနှင်းဆီ ( ခ ) ကရင်မ ဟာ သူ့ယောကျ်ား ကိုဝင်းမြင့် လွတ် သွားပြီး နောက်ပိုင်း အဆောင် မှာ လူ များ လို့ လား မသိဘူး…။ နှစ်တွေကြာလာတော့ သူ့ရဲ့ အရိပ်အယောင် ကျဲပါး သွား တယ် ။ ဒါပေမဲ့ လူနည်းနည်း ပဲရှိပြီး သီးခြား စီချုပ်နှောင်ထား တဲ့ တိုက်ဝင်း ထဲ မှာတော့ သူ့ ရဲ့ သတင်း က မပြော မဖြစ် ခေါင်းကြီးပိုင်းမှာ ရှိနေ ပါတယ် ။

အထူး သဖြင့် မနှင်းဆီ (ခ) ကရင်မ ပျော်တဲ့ နေရာကတော့ ၁ တိုက်ဖြစ်ပုံရ ပါတယ်။ ရံဖန်ရံခါ ၃ တိုက် ၊ အခန်း ၁၃ မှာ ရှိတဲ့ ဆရာမင်းသိင်္ခဆီကို ရောက်တယ် ဆိုတဲ့ သတင်းတွေ လည်း တိုက်တစ်ဝင်းလုံးပြန့်နေ ပါတယ်။ ဆရာက ဝိဇ္ဇာလိုင်း နဲ့ ပရလောက အကြောင်း ကို အရည်ကျိုသောက်ထားတာကြောင့် ကရင်မလောက်တော့ မှုမှာ မဟုတ် ပါဘူး။

နောက်ဆုံးတော့ ၁၉၉၀ တစ်ဝိုက် ဒီမိုကရေစီတောင်းဆိုမှုကြောင့် ထောင်ထဲ ရောက်နေရတဲ့ နိုင်ငံရေး အကျဉ်း သား အများစုနေ တဲ့ တိုက်တွေထဲ မှာ မနှင်းဆီ က ၁ တိုက်မှာသာ ပျော်ပုံရ ပါတယ် ။ ၁ တိုက် မှာ နေခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသား တွေကလည်း ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်တစ်ယောက် မနှင်းဆီနဲ့ ကြုံဆုံခဲ့ရပြီး တဲ့နောက် တစ်တိုက်လုံး ငါ့အလှည့်များ ရောက်လာတော့မလား ဆို တဲ့ စိုးရိမ်စိတ်နဲ့ သတိအနေအထားနေခဲ့ ကြပါတယ်။

ဒါပေမဲ့ ၁ တိုက်မှာရှိတဲ့ နိုင် ကျဉ်းတွေထဲက ဗေဒင်လက်္ခဏာ ကဝိ ကျော် ဆရာစံ-ဇာဏီဘို တစ် ယောက်က တော့ လုံးလုံးလျားလျား မနှင်းဆီကို စိတ် ဝင်စားခြင်းမရှိပါဘူး။တစ်နေ့တစ်နေ့ သူ အလွန်တန်ဖိုးထားတဲ့ ဆံပင်ရှည်ကို တတ် နိုင်သမျှ ထောင်အာဏာပိုင်တွေ အာရုံ မစိုက်အောင် ရှောင်ရှားရင်း ထိန်းသိမ်းနေ တာနဲ့ပဲ အချိန်ကုန်လေ့ရှိပါတယ်။

ဒါပေမဲ့ ဆရာကအနာဂတ် အကြောင်း ဟောတဲ့အခါ သူ့ရဲ့ ကြီးမားတဲ့အသံသြဇာနဲ့ မျက်နှာပေါ် ဝဲကျလာတဲ့ဆံပင်ကို ပင့်ကာသပ်ကာ ပြော တဲ့စတိုင်က တစ်ဖက်လူကို လွှမ်းမိုးထားနိုင် ပါတယ်။သူ့ရဲ့ဟန်ပန်ကြောင့် တစ်ဖက်လူ က အပြည့်အ၀ ယုံကြည်မှုရပြီး ဆရာ့ကို အားကိုးလိုတဲ့စိတ် အလိုလိုပေါ်လာလေ့ ရှိပါတယ်။

ဆရာ့ရဲ့ပညာ၊ အသံသြဇာနဲ့ ဟန်ပန်အမူအရာတွေက တစ်ဖက်သားကို အရမ်းဆွဲဆောင်နိုင်ပေမယ့် စကားဆုံး တဲ့ အခါ နားရွက်ဖုံးနေတဲ့ဆံပင်ကို လက်နဲ့ဆွဲ ပြီး နားအနောက်ကို သိမ်းလိုက်တဲ့ လုပ်ရပ် တစ်ခုကပဲ ဆိုးတာ ဖြစ်ပါတယ်။

ဒီ အဆုံး သတ် အမူအရာက သူဟန်ထုတ်လိုက်တာ အရမ်းသိသာနေလို့ပါပဲ။ သူ့ကို နိုင်ငံရေး အကျဉ်းသား အများစုက ကိုဇာကြီးလို့ ချစ် စနိုးနဲ့ခေါ်လေ့ရှိပါတယ်။ သူကလည်း နိုင်ငံ ရေး လောကဓံကို ခံနိုင်ရည်ရှိပြီး အလွန် အကြောမာသူဖြစ်ပါတယ်။

တစ်ညတော့ မနှင်းဆီ (ခ) ကရင်မ ဟာ ဆရာ စံ-ဇာဏီဘိုနဲ့ တည့်တည့်တိုးပါ တော့တယ်။ အဲဒီညက ၁ တိုက် တာဝန်ကျ ဝါဒါဟာ ကျော်ဦးလို့ ခေါ်ပါတယ်။

ဝါဒါ ကျော်ဦးရဲ့နှာခေါင်းမှာ ဘုကြီးတစ်ခုရှိနေ တာကြောင့် နာမည်တူတွေရှိနေတဲ့ ဝန် ထမ်းတွေထဲမှာ သူ့ကို အားလုံးက “ ဘု ကျော်ဦး” လို့ ခပ်လွယ်လွယ် အမည်ပေး လိုက်တယ်။ ဘုကျော်ဦးကလည်း အလွန် ပေတယ်။ အပြင်မှာလည်း လိုင်းခန်းထဲမှာ ဝက်မွေးတယ်။သူ့ဝက်တွေကို အစာမကျွေး နိုင်တော့ ထောင်ထဲက ဖိုကြီးထဲမှာ ည ဘက် ထမင်းယူတယ်။ တစ်ခါတစ်ရံ ဗူး၀ မှာ စစ်လို့မိရင် ထောင်ပိုင်ရဲ့ အဆဲအဆို တွေ ခံရတော့တာပဲ။ တစ်ခါတစ်ရံ ည ဂျူတီဝင်ရင် အမြဲမူးလာတယ်။

တိုက်ခန်း တွေက သူ့အခန်းနဲ့သူ သော့ခတ်ထားတာ ဆိုတော့ ညဘက်တာဝန်ကျဝန်ထမ်းတွေ အတွက် ကြီးကြီးမားမား တာဝန်မရှိပါဘူး။

အများစုကတော့ တိုက်မှာ ကင်းကျရင် အိပ်ကြတာပါပဲ။ ၁ တိုက်ရဲ့ ကင်းသမား တွေထဲမှာ ပင်တိုင်ကင်းကျ တဲ့သူနှစ်ယောက် ပဲ ရှိပါတယ်။ အဲဒါကတော့ ဘုကျော်ဦးနဲ့ ဒန်သွားပါပဲ။ ဒန်သွားရဲ့ နာမည်ရင်းက စိုးဌေးလို့ ခေါ်ပါတယ်။ သူက ကျိုးနေတဲ့ သွားနေရာမှာ ငွေသွားစိုက်ထားတယ်။

ဒါ ပေမဲ့ သူက ဘုကျော်ဦးလောက် နိုင်ငံရေး အကျဉ်းသားတွေအပေါ်မှာ မကောင်းဘူး။ ထောင်ပိုင်ထောင်မှူးတွေကို ချွန်ချင် တက် ချင်တယ်။ သတင်းအပို့အယူ လုပ်တယ်။ ဒါကြောင့် တိုက်မှာရှိတဲ့သူတွေက စိုးဌေး ကို ငွေသွားစိုက်ထားမှန်းသိပေမယ့် တမင် နှိမ်ပြီး “ ဒန်သွား” ဆိုပြီး နာမည်ပေးထား တယ်။ ညဘက် ကင်းကျရင် အိပ်တာက တော့ ကျော်ဦးရော၊ ဒန်သွားရော နှစ် ယောက်လုံး အတူတူပါပဲ။

တစ်ညတော့ ဘုကျော်ဦး တာဝန်ကျ နေတယ်။ ဘုကျော်ဦးက အိပ်ချိန်မပေးခင် ၁ တိုက်က အခန်းစေ့လိုက်ပြီး ဆေးလိပ်မီး ပေးတယ်။ ပြီးရင်တော့ ကိုဇာကြီးတို့ရဲ့ အခန်းနားကခုံမှာ တစ်ချိုးတည်း အိပ် တော့တာပါပဲ။တိုက်ကလူတွေကလည်း ဆေးလိပ်လေးသောက်၊ ဘုရားလေးရှိခိုး ပြီး အိပ်ကြတော့တာပါပဲ။ အဲဒီညကတော့ မိုးတွင်းဆိုပေမယ့် ပူအိုက်နေလို့ ဆရာစံ-ဇာဏီဘိုက အိပ်မပျော်ဘူး ဖြစ်နေတယ်။

အခန်းဖော်တွေကတော့ အိပ်သွားကြပြီ။ သူကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေ အနေတွေနဲ့နက်္ခတ်တွေကို တွက်ချက်ကြည့် နေတယ်။ မြန်မာနိုင်ငံရဲ့နိမိတ်ကမကောင်း သေးတာကို စိတ်မကောင်းစွာ တွေ့နေရ တယ်။ ဒီလိုနဲ့ တွက်ချက်နေလိုက်တာ။ အချိန်ကုန်လို့ကုန်မှန်း မသိဘူး။ ညဉ့်နက် သန်းခေါင် ရောက်သွားတယ်။

တိုက်ဝင်း တစ်ဝင်းလုံးလည်း တိတ်ဆိတ်နေတယ်။ ၁၅ မိနစ်တစ်ကြိမ် ဂတ်ကြီးပေါ်က သံ ချောင်းခေါက်သံပဲ မှန်မှန်ကြားနေရတယ်။ ကိုဇာကြီးက ကိန်းဂဏန်းတွေထဲမှာ စိတ် ဝင်စားနေတုန်း ၁ တိုက်ရှေ့ မှာ “ဝုန်းခနဲ” လဲပြိုသံ ကြားလိုက်ရတယ်။ ကိုဇာကြီးက အိပ်ရာကထပြီး အသံခပ်အုပ်အုပ်နဲ့ ဝါဒါ ကျော်ဦးကို လှမ်းခေါ်လိုက်တယ်။

“ ကျော်ဦး ဟေ့ကောင် ဘာဖြစ်တာ လဲ”

ဘုကျော်ဦးက ကိုဇာကြီးကို လေသံ တိုးတိုးနဲ့ လှမ်းပြောတယ်။

“ ဘာမှမဟုတ်ဘူး နောက်မှ ရှင်းပြ မယ်။ ကိုဇာကြီး ခေါင်းချအိပ်နေလိုက် တော့။ တစ်ယောက်ယောက် ကင်းစစ်ဖို့ လှည့်လာလိမ့်မယ်”

ကိုဇာကြီးလည်း ကျော်ဦး ပြောတဲ့ အတိုင်း ခေါင်းချပြီးအိပ်ချင်ယောင်ဆောင် နေလိုက်တယ်။ ကျော်ဦးလည်း ဖိနပ်တွေ ကြိုးပြန်စီး၊ နံရံမှာထောင်ထားတဲ့ နံပါတ် တုတ်ကို အမြန်ပြန်ယူ ဦးထုပ်ဆောင်းပြီး ၁ တိုက်ရှေ့မှာ လမ်းလျှောက်နေတာတွေ့ တယ်။သိပ်မကြာခင်မှာပဲ ခြေသံတွေကို ကြားလိုက်ရတယ်။ “ ကင်းသမား … သတင်းပို့” ဆိုတဲ့အသံလည်း ကြားလိုက်ရ တယ်။ ဘုကျော်ဦးက သတိဆွဲပြီး သတင်း ပို့သံ ကြားလိုက်ရတယ်။

“ သတိ ..အင်းစိန်ထောင်၊ ၁ တိုက်၊ အိပ်ဆောင်၊ တာဝန်ကျဝန်ထမ်းကိုယ်ပိုင် အမှတ် ၂၂၂၄၊ ဒုတပ်ကြပ် ကျော်ဦး၊ အကျဉ်းသား ၂၃ ယောက် ဖျားနာသူမရှိ၊ အားလုံးကောင်းပါတယ် တာဝန်မှူးကြီး”

ထောင်ပိုင်ကြီးကိုယ်တိုင် ညကင်း သမားတွေကို လိုက်လံစစ်ဆေးနေတာဖြစ် ပါတယ်။ ညဘက်ဝန်ထမ်းတွေ ဝတ်စုံ အပြည့် ဝတ်ဆင်ခြင်းရှိမရှိ နိုးနိုးကြားကြား ရှိမရှိ ရှောင်တခင် လိုက်စစ်တာဖြစ်ပြီး အိပ်နေတဲ့ သူတွေ့ရင် တော့ နောက်တစ်နေ့ ရုံးတင်ခံရမှာဖြစ်ပါတယ်။

၁ တိုက်မှာတော့ ဝတ်စုံပြည့် ဝတ်ဆင်ပြီး ကင်းလှည့်နေတဲ့ ဘုကျော်ဦးကိုကြည့်ပြီး ထောင်ပိုင်ကသဘော ကျသွားပုံပေါ်ပါတယ်။

“ကျော်ဦး မင်းတစ်ယောက်ပဲ နိုးနိုး ကြားကြားရှိတယ်။ ၆ တိုက်က စိုးဌေးက တော့ အိပ်လိုက်တာ သိုးနေတာပဲ။ ဒီ ကောင်ကိုတော့ ရုံးတင်ရမှာပဲ”

ထောင်ပိုင်က ကျော်ဦးကို ချီးကျူးပြီး ဇင်ဇင်းစီးကရက်တစ်ဗူးပေးကာ ပြန်ထွက် သွားပါတယ်။ ထောင်ပိုင် ထွက်သွားမှ ကျော်ဦးက သက်ပြင်းရှည်ကြီးကို မှုတ် ထုတ်လိုက်တယ်။ ပြီးတော့ နံရံမှာ နံပါတ် တုတ်ကို ပြန်ထောင်လိုက်ရင်း ရေရွတ်လိုက် တယ်။

“ တော်သေးတယ်။ ကရင်မကယ်လို့” ညဘက် တိတ်ဆိတ်နေတာကြောင့် ကျော်ဦးပြောတဲ့အသံကို ကိုဇာကြီး ပီပီ သသကြားလိုက်ရတယ်။ ဒါကြောင့် အခန်း သံတိုင် နားကိုကပ်ရင်း လှမ်းမေးရတယ်။

“ ဘာပြောတယ် ဆရာဘု”

“ ကရင်မ နားရင်းရိုက်ပြီးနှိုးလို့ ကျွန် တော် ကံကောင်းသွားတာ ကိုဇာကြီးရေ”

ဘုကျော်ဦး စကားကြောင့် ဆရာစံ-ဇာဏီဘို မျက်လုံးကျယ်သွားတယ်။ ဒါ ကြောင့် သေချာအောင် ထပ်မေးလိုက် တယ်။

“ မင်းဟာက ..ဟုတ်ရဲ့လားကွာ”

“ ဟုတ်ပါတယ်။ ကရင်မက ဘော်ဒါ စိတ်ရှိတယ်။ ကင်းလာစစ်တဲ့အချိန် အိပ် နေတဲ့ ဝါဒါတွေရှိရင် လှုပ်ပြီး သတိပေး တယ်။ အဲဒါမှမနိုးရင် နားရင်းရိုက်တယ်။ အခု ကျွန်တော့်ကို နားရင်းရိုက်သွားတာ လေ”

ဘုကျော်ဦးစကားကြောင့် ကိုဇာကြီး ကရင်မကို တော်တော် စိတ်ဝင်စားသွား တယ်။ သူက ထောင်ထဲမှာ မကျွတ် ဘဲရှိနေ ပေမယ့် သူနဲ့ထိစပ်နေတဲ့ ဝန်ထမ်းတွေ အကျဉ်းသားတွေကို ဒုက္ခပေးချင်တဲ့စိတ် မရှိဘူးဆိုတာ လက်တွေ့သိလိုက်ရတယ်။ကျော်ဦးက စီးကရက် မီးညှိသောက်ရင်း ထောင်ပိုင်ပေးသွားတဲ့ ဇင်ဇင်းစီးကရက်ဗူး ထဲက နှစ်လိပ်ကို ဆရာစံ-ဇာဏီဘိုအတွက် လှမ်းပေးလိုက်တယ်။ ပြီးတော့ သူ့လက်ထဲ မှာ တစ်လိပ်ကိုင် ထားသေးတယ်။ ကိုဇာ ကြီးက သိချင်လို့ လှမ်းမေးလိုက်တယ်။

“လက်ထဲက တစ်လိပ်က ဘယ်သူ့ အတွက်လဲ”

ဘုကျော်ဦးက စီးကရက်ချင်း မီးကူး ပြီး ထောင်ပြတယ်။

“ ကရင်မအတွက်လေ”

စကားဆုံးတာနဲ့ ၁ တိုက်အဆုံး သံ ဆူးကြိုးစည်းရိုးကို သွားတယ်။ ပြီးတော့ သံဆူးကြိုးတန်းပေါ်က ထောင်နေတဲ့ သံ ချောင်းပေါ်မှာ စီးကရက်ဖင်ဆီခံကို စွပ်ချ လိုက်တယ်။ စီးကရက်မီးက ခပ်ဖြည်းဖြည်း တိုက်နေတဲ့ လေနဲ့အတူ ရဲခနဲဖြစ်သွားတယ်။ အဲဒီလိုနဲ့ တဖြည်းဖြည်း တိုသွားတယ်။

ဆရာစံ-ဇာဏီဘိုလည်း ဘုကျော်ဦးပေးတဲ့ ဇင်ဇင်းစီးကရက်ကို အားပါးတရ ဖွာရင်း မနှင်းဆီ (ခ) ကရင်မရဲ့ အကြောင်းကို သိချင်စိတ်က ပိုပြီးပြင်းပြလာတယ်။ ပရ လောကသားတွေ ဝိညာဉ်တွေကို အများစု က ကြောက်လန့်ကြပေမယ့် ကျော်ဦးတို့လို ဝါဒါတွေ၊ ဦးအောင်လွင်လို နိုင်ငံရေးအကျဉ်း သားတွေက ကရင်မကို မကြောက်ကြဘူး။ ကရုဏာသက်နေကြတယ်။

ဒါကြောင့် ကရင်မရဲ့ ဝဋ်ကြွေးအဖို့ပါကနဲ့ ကံကြမ်္မာကို စစ်ဆေးကြည့်ချင်လာတယ်။ အဲဒီလို တွေး နေတုန်း အခန်းရှေ့ကို ကျော်ဦးထပ်ရောက် လာပြန်တယ်။ သူ့လက်ထဲမှာ စီးကရက် အတိုလေးတစ်ခု ကိုင်ထားတယ်။ ပြီးတော့ ကိုဇာကြီး အခန်းထဲကို လှမ်းပစ်ပေးလိုက် တယ်။

“ ဒါကရင်မ သောက်သွားတာ ဆရာ။ လေ့လာကြည့်လိုက်”

ကိုဇာကြီးလည်း မနှင်းဆီ(ခ)ကရင်မ ရဲ့ မွေးနေ့၊ မွေးလ၊ မွေးရက်တွေကို မသိ တော့ သူ့ရဲ့စီးကရက်တိုလေးကိုပဲ လေ့လာ ကြည့်လိုက်တယ်။ အမှတ်တမဲ့ကြည့်ရင် တော့ ဘာမှထူးခြားတာမတွေ့ရဘူး။ ဖင် ဆီခံအလယ်မှာ ပေါက်နေတာက ကျော်ဦး သံဆူးကြိုးပေါ်မှာ စွပ်ထားလို့ပါ။

ဒါပေမဲ့ ဖင်ဆီခံကိုသေချာကြည့်လိုက်တော့မှ သွား နဲ့ ကိုက်ထားတဲ့ အရာလေးကို တွေ့လိုက် တယ်။ ဖင်ဆီခံကို နမ်းကြည့်လိုက်တော့ ကွမ်းယာနံ့ရတယ်။ ဒါကြောင့် ကရင်မဟာ ပရလောက ရောက်နေတာတောင် ကွမ်း တစ်ယာနဲ့ ဆေးလိပ်ဖွာရတာကိုတော့ ကြိုက်နေတဲ့ပုံပါပဲ။အဲဒီညက ကရင်မနဲ့ ဘုကျော်ဦးရဲ့ ဆက်သွယ်မှုတွေကို မျက်ဝါးထင်ထင်မြင် လိုက်ရတဲ့ ဆရာစံ-ဇာဏီဘို တစ်ယောက် နောက်တစ်နေ့မှာလည်း သူ့ခေါင်းထဲမှာ ကရင်မအကြောင်းပဲ စိတ်စွဲနေတယ်။

ရေ ချိုးချတဲ့ အချိန်မှာ ဦးအောင်လွင်နဲ့ သွား တွေ့ပြီး ကရင်မအကြောင်းကို ထပ်မေး ကြည့်ရတယ်။ ဦးအောင်လွင်က ကိုဇာကြီး ကို ထူးဆန်းတဲ့ပုံနဲ့ကြည့်ပြီး ခပ်ဆတ်ဆတ် ပြန်ပြောတယ်။

“ ခင်ဗျား ဘာလုပ်မလို့လဲ။ ကရင်မကို ဒုက္ခသွားမပေးပါနဲ့ဗျာ”

ဆရာစံ-ဇာဏီဘိုက ပရလောကသား တစ်ယောက်ဖြစ်တဲ့ ကရင်မကို အကာ အကွယ်ပေးနေတဲ့ ရုပ်ရှင်မင်း သားကြီးကို အံ့သြတကြီး ကြည့်နေတယ်။ ပြီးမှ ညက ကရင်မနဲ့ ကျော်ဦးနဲ့ အဖြစ်အပျက်တွေ အကြောင်း ပြောပြလိုက်တယ်။ ဒီအကြောင်း တွေ ကြားရပေမယ့် ဦးအောင်လွင်က အံ့သြတဲ့ပုံမပေါ်ဘူး။ သူ့ကို တောင်နှစ် သိမ့် ဖျောင်းဖျလိုက်သေးတယ်။

“ အေးလေ အဲဒါ ဘာဆန်းလို့လဲ။ ကရင်မက လူတိုင်းကို ကူညီနေတဲ့ဟာ ခင်ဗျားရဲ့ အစီအရင်တွေနဲ့ သူ့ကို မနှင်ပါ နဲ့။ သူပျော်ရင် နေပါစေလားဗျာ”

“ ကျွန်တော်ဘာမှမလုပ်ပါဘူး ဘကြီး အောင်ရဲ့။ သူ့အကြောင်း သိချင်ရုံသက် သက်ပါ။ ဒါကြောင့် ဘယ်သူများ ကရင်မ အကြောင်း ပြောနိုင်မလဲဆိုပြီး စုံစမ်းကြည့် တာ”

ဦးအောင်လွင်ကတော့ ဘာမှဆက်မ ပြောတော့ဘဲ ခေါင်းအသာအယာခါပြပါ တယ်။ ၁ တိုက်မှာတော့ ကရင်မနဲ့ ပတ် သက်ပြီး ဘာအချက်အလက်မှ ထပ်မရလို့ ကိုဇာကြီးလည်း လက်မြှောက်ရမလိုဖြစ်ခဲ့ ရပါတယ်။

ဒါပေမဲ့ တစ်ရက်တော့ အမြန် လမ်း ရဲဘက်စခန်းကနေ အင်းစိန်ထောင် ကို ပြောင်းရွှေ့လာတဲ့ ကရင်ကြီး ဝါဒါစော ထူးလေးနဲ့ စကားစပ်မိရင်း ကရင်မရဲ့ဘ၀ တစ်စိတ်တစ်ဒေသကို သိလိုက်ရတယ်။ စောထူးလေးက အသက် ၆၀ နား ကပ် နေပါပြီ။ မကြာခင် ပင်စင်ယူတော့မှာပါ။

ဒါပေမဲ့ သူက ကရင်လူမျိုးဖြစ်ပြီး ထောင် ပေါက် ဝန်ထမ်းဖြစ်တဲ့အတွက် ကရင်လူမျိုး တွေအကြောင်းကိုတော့ မှတ်မှတ်သားသား ရှိတယ်။ ပဲခူးရိုးမမှာ ကွန်မြူနစ်ပါတီကို တိုက်ထုတ်တော့ တေဇစစ်ဆင်ရေးမှာမိလာ တဲ့ ကရင်တွေကို သေဒဏ်ပေးတဲ့အကြောင်း လည်း အသေးစိတ်သိတယ်။ မြန်မာ့အသံ ကို လက်ပစ်ဗုံးနဲ့ ထုဖို့ကြိုး စား တဲ့ မန်းဒါဝတ် အကြောင်းလည်း သိတယ်။

ဒီအကြောင်း တွေ ပြောရင်း ကရင်မအကြောင်းကိုလည်း စကားစပ်မိသွားတယ်။ အဲဒီတော့မှ ကရင်မ ရဲ့ အစ်ကိုတစ်ယောက်ဟာ KNU ထဲက နာမည်ကြီး စစ်ဗိုလ် တစ်ချက်တစ်ကောင် ချစ်လေးမာင် ဖြစ်နေမှန်း သိလိုက်ရတော့ တယ်။ချစ်လေးမာင်ဟာ လက်ဖြောင့် သေနတ်သမားဖြစ်ပြီး မြစ်ဝကျွန်းပေါ်က ထော်ပိုင်စစ်ဆင်ရေးမှာ သူ့လက်ချက်နဲ့ မြန်မာစစ်သားအများအပြား ကျဆုံးထိခိုက် ဒဏ်ရာရခဲ့ရပါတယ်။ ချစ်လေးမာင်ကို အစိုးရက အသေရရ အရှင် ရရ အလိုရှိခဲ့ တဲ့အတွက် မနှင်းဆီဟာ ရန်ကုန်မှာ သိုသို သိပ်သိပ် နေထိုင်ခဲ့ပုံရပါတယ်။

တစ်ဖက် မှာလည်း သူ့ရဲ့ မငြိမ်းချမ်းတဲ့ဘဝကို ပြည် ဖုံးကားချပြီး ကိုဝင်းမြင့်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း အိမ်ထောင်တစ်ခု ထူထောင်သွား လိုတဲ့ ရည်ရွယ်ချက်လည်း ရှိခဲ့ပုံရပါတယ်။ ဒါပေ မဲ့ သူတို့ရဲ့ဘဝထဲကို “ မစန်း”ဆိုတဲ့ စေတန် နတ်ဆိုး တစ် ယောက် ရောက်လာတဲ့အတွက် ကြေကွဲစရာဇာတ်သိမ်းကို ကြုံခဲ့ရတာ ဖြစ် ပါတယ်။

မနှင်းဆီ သူ့ယောကျ်ား ကိုဝင်းမြင့်ကို KNU စစ်ဗိုလ် ချစ်လေးမာင်ရဲ့ညီမဖြစ် တယ်ဆိုတာကို ပြောပြခဲ့သလား။ မပြောပြ ဘဲ လျှို့ဝှက်ထားခဲ့သလား ဆိုတာကတော့ အသက်ရှင်လျက်ရှိတဲ့ ကိုဝင်းမြင့်ကိုယ်တိုင် သာ အဖြေ ပေးနိုင်ပါလိမ့်မယ်။

(ဇာတ်သိမ်းပိုင်းကို မနက်ဖြန်တွင် ဆက်လက်ဖော်ပြပါမည်)

Credit – ဇော်သက်ထွေး

Add a Comment

Your email address will not be published. Required fields are marked *