” အင္းစိန္ေထာင္ အတြင္း မွ ပရေလာကသားမ်ား ” ( ျဖစ္ရပ္မွန္ – ဇာတ္သိမ္းပိုင္း)

ေမြးနီ ၊ နက္ေက်ာ္ နဲ႕ ဝင္းျမင့္ တို႔ အုတ္ရိုးေပၚ မွာ ရွိသလား….

“ ေနာက္ဆုံး ကရင္မ ေယာက္်ား ကိုဝင္းျမင့္ ဘာျဖစ္သြား သလဲ….”

စမ္းေခ်ာင္းသား ရဲ႕ စကားကို လူလိမ္ ဝိဇၨာေက်ာ္ျမင့္ ခ်က္ခ်င္းျပန္မေျဖနိုင္ ပါဘူး။ သူ႕မ်က္ႏွာက ဝမ္းနည္းမႈေတြ၊ ေၾကကြဲမႈ ေတြနဲ႕ အသားေတြ တုန္လာ တယ္။ ၿပီး ေတာ့ အတိတ္က အရိပ္ေတြ ျပန္ျမင္လာတယ္။ အဲဒီေန႕က အေဆာင္ ကို ညတာဝန္က် လာတဲ့ ဝန္ထမ္း တစ္ေယာက္က လူလိမ္ ဝိဇၨာေက်ာ္ျမင့္ ရဲ႕ အခန္းကို ေရးႀကီးသုတ္ ျပာေရာက္လာတယ္ ။ ၿပီးေတာ့ ေထာင္ေရွ႕ မွာ ဝင္းျမင့္ ကိုေတြ႕ခဲ့တယ္လို႔ ေျပာတယ္ ။

“ မင္းေကာင္ ဝင္းျမင့္ ပုံစံက မူမမွန္ ဘူးကြ။ လူကလည္း ညွင္းသိုးသိုး နဲ႕ ဖိနပ္ လည္း မပါဘူး ။ ငါတို႔ ညဂ်ဴတီဝင္ခါနီး ေတြ႕ေတာ့ သူ႕မွာ ရွိတဲ့ ေဆးလိပ္တိုေလး ေတြ လိုက္တိုက္တယ္ ။ ၿပီးေတာ့ မႏွင္းဆီ ကို ေခၚလာခဲ့ ပါဗ်ာလို႔ေျပာတယ္ ။ ငါလည္း ဘာေျပာ လို႔ေျပာရမွန္းမသိတာ နဲ႕ ေထာင္ ထဲ အျမန္ဝင္လာခဲ့တာ”

ညဝန္ထမ္း ဝါဒါေဇာ္နီ ရဲ႕ စကားဆုံး ေတာ့ ေက်ာ္ျမင့္ ဘာစကားမွျပန္မေျပာ နိုင္ဘူး။ စိတ္ထဲမွာေတာ့ “ မႏွင္းဆီရယ္ နင္လုပ္လိုက္တာ ေထာင္တင္ မကဘူး။ နင့္ေယာက္်ားပါ ဒုက္ၡေရာက္ေနၿပီ” ဆိုၿပီး ေအာက္ေမ့ လိုက္မိတယ္ ။ ေနာက္ပိုင္းက် ေတာ့ ဝင္းျမင့္ရဲ႕အေၾကာင္း ေန႕စဥ္ရက္ ဆက္ဆိုသလို ဆက္တိုက္ၾကားလာရတယ္။ေထာင္ဗူးဝမွာ ေတြ႕သမွ် ယူနီေဖာင္းနဲ႕ လူ ေတြကို မႏွင္း ဆီကို ေစာင့္ေရွာက္ဖို႔ ေျပာ လိုေျပာ ၊ မႏွင္းဆီ ကို ေတြ႕ခ်င္တယ္လို႔ ေျပာ လိုေျပာ။ လူကလည္း အာဟာရျပတ္လပ္ၿပီး ပိန္ခ်ဳံးေနတယ္ လို႔ ဆိုၾကတယ္ ။

အေၾကာင္း သိတဲ့ ေထာင္ဝါဒါေတြကေတာ့ ေထာင္ဗူး၀ မွာ အၿမဲ လိုလိုရွိေနတဲ့ ဝင္းျမင့္ကို ေဆး လိပ္ေလးေတြ တိုက္လိုက္၊ မုန႔္ေလးေတြ ေကြၽးလိုက္နဲ႕ သနားလို႔ ကူညီၾကပါတယ္။ဒါေပမဲ့ သူ႕စိတ္ေျပေပ်ာက္ေအာင္ေတာ့ ဘယ္သူက မွ ႏွစ္သိမ့္စကား မေျပာနိုင္ပါ ဘူး။ မႏွင္းဆီေယာက္်ား ကိုဝင္းျမင့္ကေတာ့ မိုး႐ြာ႐ြာ၊ ေနပူပူ အင္းစိန္ေထာင္ ဗူးဝႀကီး ေရွ႕က လမ္းမေပၚမွာ အၿမဲရွိတယ္ဆိုတာ ေထာင္ထဲ က ၾကားေနရတယ္။အကၤ်ီေတြ၊ ပုဆိုးေတြကေတာ့ ေဟာင္းႏြမ္း စုတ္ျပတ္ လို႔။ ေျခဖဝါးဗလာနဲ႕ တစ္ခါတစ္ခါ မႏွင္းဆီ ကားတိုက္ခံရတဲ့ ေနရာေလးမွာ ငုတ္တုတ္ ထိုင္ၿပီး ရယ္လိုက္ငိုလိုက္ လုပ္ေနတယ္။ အရမ္းေအးတဲ့ ဒီဇင္ဘာညတစ္ညမွာေတာ့ ဝင္းျမင့္ေသသြားၿပီ ဆိုတဲ့သတင္း ေထာင္ ထဲေရာက္လာတယ္။ အေအးပတ္ၿပီး ေသ တာတဲ့။

Photo-Credit

ဒါေပမဲ့ ၁ ေဆာင္ အခန္းလူႀကီး လူလိမ္ဝိဇ္ၨာေက်ာ္ျမင့္ကေတာ့ ဝင္းျမင့္ အေအးပတ္ၿပီး ေသတယ္ဆိုတာကို လက္ မခံဘူး။ အခ်ဳပ္သားေတြကေမးေတာ့ ဒီလို ေျဖတယ္။

“ ဝင္းျမင့္က သူ႕မိန္းမကို ခ်စ္လြန္းလို႔ ရင္ကြဲနာက်ၿပီး ေသသြားတာ”

တခ်ိဳ႕က ေက်ာ္ျမင့္ရဲ႕စကားကို ေစာ ဒကမတက္ရဲဘူး။ ဘာလို႔လဲဆိုေတာ့ ေက်ာ္ ျမင့္ရဲ႕မ်က္ႏွာမွာ ဝင္းျမင့္အတြက္ မခ်ိတင္ ကဲ ခံစားေနရတာ ကိုယ္ခ်င္းစာလို႔ပါပဲ။ လူလိမ္ဝိဇ္ၨာေက်ာ္ျမင့္ ဘဝမွာလည္း ခံစား ခ်က္ေတြ ရွိေနပါ တယ္။သူ႕ရဲ႕မိခင္ ေဒၚ ၾကည္ဟာ လွိုင္ျမစ္တစ္ဖက္ကမ္း ဒလဘက္ ကေန ပန္းဆိုးတန္းဆိပ္ကမ္းမွာ သေဘၤာ သီးစိပ္ေရာင္းရတဲ့ ေဈးသည္ျဖစ္ပါတယ္။ဒါေပမဲ့ ကုန္ထမ္းတဲ့အလုပ္သမားေတြက ေဒၚၾကည္ရဲ႕ သေဘၤာသီးမွ မစားရရင္ အာသာမေျပပါဘူး။ ေဒၚၾကည္ကေတာ့ သေဘၤာသီးကို ဓားကေလးနဲ႕ခြဲလိုက္၊ ေရ ဇလုံထဲမွာ ႏွစ္လိုက္ နဲ႕ တစ္ေန႕လုံး လက္မ လည္ေအာင္ ေရာင္းခ်ရပါတယ္။

အဲဒီ အခ်ိန္က ကေလးသာသာ ေက်ာ္ျမင့္က ေနာက္ဆုံး မိခင္ျဖစ္သူေဒၚၾကည္က ဓား ေဆးတဲ့ေရခြက္ထဲကို ေဆးသၾကားခဲေတြ ခိုးထည့္ထားတာကို ေတြ႕ခဲ့ရၿပီးတဲ့ေနာက္ လူေတြကို လိမ္ရတဲ့အရသာကို သိသြားခဲ့ပါ တယ္။မႏွင္းဆီ(ခ) ကရင္မနဲ႕ ကိုဝင္းျမင့္တို႔ ဇနီးေမာင္ႏွံ တစ္ေယာက္ကိုတစ္ေယာက္ အသည္း ေပါက္ မတတ္ခ်စ္ေပမယ့္ ကုသိုလ္ ၾကမ္ၼာဆိုးလွတာေၾကာင့္ အင္းစိန္ေထာင္ကို ဗဟိုျပဳၿပီး ဇာတ္သိမ္းခဲ့ရတဲ့ ဘဝျဖစ္အင္ကေတာ့ ေၾကကြဲစရာဒ႑ာရီတစ္ပုဒ္အျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။

မႏွင္းဆီရဲ႕ ဘဝၾကမၼာမေကာင္းခဲ့ သလို သူ႕အစ္ကိုျဖစ္တဲ့ တစ္ခ်က္တစ္ေကာင္ ခ်စ္ေလးေမာင္ရဲ႕ ဘဝကလည္း ဝမ္းနည္းဖို႔ ေကာင္းလွပါတယ္။ တကယ္ေတာ့ သူတို႔ ေမာင္ႏွမႏွစ္ေယာက္ဟာ မ်ိဳးခ်စ္စိတ္ျပင္း တဲ့ ကရင္လူမ်ိဳး ေတြျဖစ္ပါတယ္။မႏွင္းဆီ ရဲ႕အစ္ကို ခ်စ္ေလးေမာင္ဟာ အဲ့ဒီအခ်ိန္ က ကရင္လြတ္ေျမာက္ေရးအတြက္ တိုက္ပြဲ ဝင္ေနတဲ့KPLAတပ္ရင္း (၂)၊ တပ္ခြဲမႉး ဗိုလ္ႀကီးတစ္ေယာက္ ျဖစ္ပါတယ္။ သူက ေသနတ္ပစ္ အင္မတန္ လက္ေျဖာင့္တဲ့သူ ျဖစ္လို႔ ဗမာစစ္သား အေတာ္မ်ားမ်ားဟာ သူနဲ႕ရင္ဆိုင္ေတြ႕ရင္ သူ႕လက္ခ်က္နဲ႕က်ဆဳံး ခဲ့ရတာမ်ားပါတယ္။

ဒါေၾကာင့္ ဧရာဝတီ တိုင္းမွာ ကရင္ဗိုလ္ႀကီးခ်စ္ေလးေမာင္ဟာ တစ္ခ်က္တစ္ေကာင္ခ်စ္ေလးေမာင္အျဖစ္ နာမည္ႀကီးခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ သူ လည္း ၁၉၆၈ ခုႏွစ္ကေန ၁၉၇၂ ခုႏွစ္ အထိ အစိုးရကျပဳလုပ္တဲ့ ျမစ္ဝကြၽန္းေပၚ ျဖတ္ေလးျဖတ္ ပိတ္ဆို႔ေရးမွာ အစိုးရတပ္နဲ႕ ရင္ဆိုင္ေတြ႕ၿပီး က်ဆဳံးသြားခဲ့ရတာ ျဖစ္ပါ တယ္။အဲဒီအခ်ိန္က ဧရာဝတီတိုင္းမွာရွိတဲ့ ေကာ္သူးေလ မ်ိဳးခ်စ္လြတ္ေျမာက္ေရး တပ္မေတာ္ (KPLA)အပါအဝင္ (KPGF) က ဗိုလ္မႉးႀကီးကြက္ေကာ့၊ ဒုဗိုလ္မႉးႀကီး ဂါးမင္း၊ တပ္မဟာမႉး ဗိုလ္မႉးႀကီး ဖန္း ေရွာင္း၊ ဗိုလ္မႉးေစာဂ်က္၊ ဗိုလ္ႀကီးသန္းရွိန္၊ အမွတ္ (၇) ခရိုင္အတြင္းေရးမႉး မန္းဘခင္ နဲ႕ ပန္းတေနာ္ၿမိဳ႕နယ္ ဥကၠ႒ မန္းရွန္ေဖာင္း တို႔ဟာ ျဖတ္ေလးျဖတ္ စစ္ဆင္ေရးမွာ ကရင္မ်ိဳးခ်စ္တပ္သား အေျမာက္အျမား က်ဆဳံးခဲ့ရ တာျဖစ္ပါတယ္။

Photo-Credit

အခုအခ်ိန္အထိ အင္းစိန္ ႏွစ္ႀကီး အက်ဥ္းသားတခ်ိဳ႕ကေတာ့ ေထာင္ထဲမွာ မႏွင္းဆီ(ခ)ကရင္မ ရွိေနတုန္းပဲလို႔ အခိုင္ အမာ ဆိုပါတယ္။ ဒါနဲ႕ပတ္သက္ၿပီး ျငင္း ခုံေနၾကတာလည္း ရွိပါတယ္။ျမန္မာ နိုင္ငံမွာရွိတဲ့ ေထာင္ရာဇ ဝင္နဲ႕ပတ္သက္ၿပီး အရည္က်ိဳေသာက္ထားတဲ့ လူတခ်ိဳ႕က ေတာ့ ႏွစ္ႀကီးအက်ဥ္းသားေတြေျပာတာကို ႁခြင္းခ်က္ မရွိ လက္ခံပါတယ္။ ဘာလို႔လဲဆို ေတာ့ အဂၤလိပ္ေခတ္လက္ထက္ကတည္း က ျမန္မာနိုင္ငံမွာ စတင္တည္ ေဆာက္ခဲ့ တဲ့ ေထာင္ေတြဟာ တခ်ိဳ႕ဆိုရင္ ႏွစ္ ၁၀၀ ေက်ာ္ သက္တမ္းရွိေနပါၿပီ။

ျမန္မာနိုင္ငံ မွာ ေထာင္ေပါင္း ၄၅ ေထာင္ ရွိေပမယ့္ ထိန္းသိမ္းထားနိုင္တဲ့ အက်ဥ္းသားအေရ အတြက္ကို လိုက္ၿပီး ကႀကီးေထာင္၊ ခေခြး ေထာင္၊ ဂငယ္ေထာင္ဆိုၿပီး အဆင့္ေတြ ခြဲျခားထားပါတယ္။ကႀကီးေထာင္ ဆိုတာ ကေတာ့ လူဦးေရ ၅၀၀ အထက္ ထိန္းသိမ္း ထားၿပီး အဂၤလိပ္လက္ထက္က ေဆာက္ ခဲ့တဲ့ ေထာင္ႀကီး ေတြ မ်ားပါတယ္။ဥပမာ အားျဖင့္ သာယာဝတီ၊ ေတာင္ငူ၊ သရက္၊ ျမင္းၿခံ၊ ဟသၤာတ၊ ပုသိမ္၊ ျမစ္ႀကီးနား၊ ေမာ္လၿမိဳင္၊ ၿမိတ္၊ စစ္ေတြ စတဲ့ေထာင္ ေတြဟာ ကႀကီးအဆင့္ေထာင္ေတြျဖစ္ပါ တယ္။

တစ္နည္းအားျဖင့္ ျပည္ထဲေရး ဝန္ႀကီးဌာန လက္ေအာက္ခံ အက်ဥ္းဦးစီး ဌာနမွာ ကႀကီးအဆင့္ ေထာင္ေတြမွာပဲ ႀကိဳးစင္ေတြ ရွိပါတယ္။ သေဘာကေတာ့ ကႀကီးအဆင့္ေထာင္ပိုင္ေတြကပဲ ေသဒဏ္ က်အက်ဥ္းသားကို ႀကိဳးေပးကြပ္မ်က္လို႔ ရတာျဖစ္ပါတယ္။ေသဒဏ္က် အက်ဥ္း သား တစ္ေယာက္ကို ႀကိဳးေပးတဲ့အခါမွာ လည္း လိုက္နာရတဲ့ စည္းမ်ဥ္းစည္းကမ္း ေတြ အမ်ားႀကီးရွိပါတယ္။ ပရေလာက စာအုပ္အစပိုင္းမွာ ဒီအေၾကာင္းေတြကို ေရးသားေဖာ္ျပခဲ့ၿပီးပါၿပီ။

အခုေျပာခ်င္ တာက တခ်ိဳ႕ ႀကိဳးေပးခံရတဲ့အက်ဥ္းသား ေတြကိုေပးတဲ့ ျပစ္ဒဏ္ဟာ တစ္ခါတစ္ရံ တစ္ႀကိဳးျပစ္ဒဏ္ မဟုတ္ဘဲ ႏွစ္ ႀကိဳးနဲ႕ ေထာင္ဒဏ္ ဘယ္ႏွႏွစ္ ဆိုတာမ်ိဳးလည္း တရားသူ ႀကီးက ခ်မွတ္တတ္ပါတယ္။သေဘာကေတာ့ က်ဴးလြန္ တဲ့ အျပစ္ႀကီးမားလြန္းတဲ့ အခါ ဒီလိုျပစ္ဒဏ္မ်ိဳး ခ်မွတ္ေလ့ရွိပါတယ္။ ဒီလိုျပစ္ ဒဏ္မ်ိဳး အ ေပးခံရတဲ့ အက်ဥ္း သားခမ်ာ ႀကိဳး တစ္ခါ ေပးလို႔ မေသဘဲ လြတ္ ေျမာက္ခဲ့ရင္ ေတာင္ ျပစ္ဒဏ္ က မလြတ္ေျမာက္တဲ့အတြက္ ေနာက္ တစ္ႀကိမ္ႀကိဳးဒဏ္အတြက္ အျပစ္ေပး ခံရမွာ ျဖစ္ပါတယ္။

ႏွစ္ႀကိဳးျပစ္ဒဏ္ က်ၿပီး တစ္ႀကိမ္ႀကိဳးေပးလို႔ ေသသြားရင္ အား လုံးက ျပစ္ဒဏ္ အားလုံး ၿပီးၿပီလို႔ ထင္ၾကတယ္။ အမွန္ တကယ္ ေတာ့ အဲ့ဒီလိုမဟုတ္ ပါဘူး။

တစ္ႀကိဳးျပစ္ ဒဏ္နဲ႕ပိုတဲ့ ေသဒဏ္ က်အက်ဥ္းသားေတြဟာ ေသၿပီးရင္ေတာင္ သူ႕ရဲ႕ ဝိညာဥ္ကို ေထာင္က ဝရမ္း ကို ထိန္းသိမ္းထားၿပီး အက်ဥ္းခ်ပိဳင္ခြင့္ရွိတယ္လို႔ ဆိုပါ တယ္။တစ္ခါတစ္ရံမွာ ေထာင္ က ႀကိဳးမိန႔္ေပးၿပီး ေသသြားတဲ့ သူရဲ႕ဝိညာဥ္ေတြကိုေတာင္ ေထာင္ ပိုင္ေတြက ေထာင္ထဲမွာ လိုရာ ခိုင္းဖို႔ ေလဘာခ်ထားေလ့ရွိတယ္လို႔ သိရပါတယ္။ေထာင္ထဲမွာ သူတို႔ကိုအမ်ား အားျဖင့္ ေလဘာ ခ်ထားတာကေတာ့ ေထာင္အုတ္ရိုးေတြ ေပၚမွာပဲျဖစ္ပါတယ္။ ေထာင္အုတ္ရိုးေတြဟာ အနည္းဆုံး ၁၈ ေပခန႔္ျမင့္ ၿပီး အရင္းတုတ္ၿပီး အေပၚပိုင္း ရႉးပါတယ္။ဒါေပမဲ့ အေပၚမွာ အုတ္ခဲတစ္ခဲ တင္လို႔ရေအာင္ အက်ယ္ အဝန္းရွိၿပီး အုတ္ခဲေတြကို လည္း တစ္ခဲနဲ႕တစ္ခဲ ေမးတင္ၿပီး စီထားေလ့ရွိပါတယ္။

တခ်ိဳ႕က ေတာ့ ေထာင္အုတ္ရိုးေပၚမွာ လူ တက္ထိုင္လို႔ရတယ္လို႔ေျပာပါတယ္။ တခ်ိဳ႕ ကႀကီးအဆင့္ ေထာင္ေတြမွာ အက်ဥ္းသား ေတြဟာ ေထာင္ထဲကလြတ္ဖို႔ နည္းလမ္း ေပါင္းစုံနဲ႕ ႀကိဳးပမ္းခဲ့ၾကတာေတြ ရွိပါတယ္။ တခ်ိဳ႕လည္း အံ့ၾသစရာေကာင္းေလာက္ ေအာင္ လြတ္ေျမာက္သြားတာေတြ ရွိပါ တယ္။ တခ်ိဳ႕လည္း ညကင္းေတြ မိသြား တာေတြ ရွိပါတယ္။

ထူးျခားတာတစ္ခုက ေတာ့ တခ်ိဳ႕ေထာင္ေတြမွာ အုတ္ရိုးေပၚ ေက်ာ္တက္ၿပီး ထြက္ေျပးတဲ့ အက်ဥ္းသား တခ်ိဳ႕ကို အျပင္ေရာက္ခါနီးမွ အုတ္ရိုးေပၚ ကတြန္းခ်လိဳ႕ ေထာင္ထဲျပန္က်ၿပီး လူမိသြား တဲ့ျဖစ္ရပ္ေတြလည္း သက္ေသအေထာက္ အထားနဲ႕ ရွိပါတယ္။အဲဒီျဖစ္ရပ္ေတြကို ေတာ့ ေထာင္ကစီရင္ထားတဲ့ အေစာင့္သရဲ ေတြက ျပန္တြန္းခ်တာလို႔ ယုံၾကည္ၾကပါ တယ္။ အဂၤလိပ္အစိုးရလက္ထက္ကတည္း က ေထာင္ကို တည္ေဆာက္တဲ့အခါမွာ ပရေလာကနဲ႕ ပတ္သက္တဲ့ အစီအမံေတြ၊ ေအာက္လမ္းနည္းေတြကို အဂၤလိပ္ေတြ ကိုယ္တိုင္ ယုံယုံၾကည္ၾကည္ လက္ခံၿပီး လုပ္ခဲ့တာ ေတြရွိပါတယ္။

တခ်ိဳ႕ေနရာေတြ မွာ အုတ္ရိုးေအာက္မွာ အစီအမံေတြလုပ္၊ လူေတြကို ျမႇုပ္လုပ္သြား တာေတြလည္း ရွိ တယ္လို႔ ပါးစပ္ဒ႑ာရီေတြ ၾကားခဲ့ရပါ တယ္။

Photo-Credit

သူတို႔ဟာ မလြတ္မကြၽတ္ေတာ့ဘဲ အုတ္ရိုးေစာင့္ရၿပီး အက်ဥ္းသားေတြ မလြတ္ေအာင္ ကင္းေစာင့္ၿပီး တာဝန္ထမ္း ႐ြက္ရပါတယ္။

အင္းစိန္ေထာင္မွာဆိုရင္ ေထာင္ထဲဝင္လာတဲ့ အက်ဥ္းသားရဲ႕ ဘုန္း တန္ခိုး၊ ကံၾကမ္ၼာစန္း၊ နက္ၡတ္နိမ့္က်ေအာင္ တံခါး ၉ ေပါက္ကို ဝင္ရတဲ့ အစီအမံ လုပ္ ထားတာ ယေန႕အခ်ိန္ထိ အထင္အရွားရွိပါ တယ္။တခ်ိဳ႕တံခါးေတြဟာ သာမန္လူအရပ္ ထက္ ပိုေသးေအာင္ တည္ေဆာက္ထားၿပီး အခ်ဳပ္သား အက်ဥ္းသားေတြကို နာမ္ႏွိမ္ တဲ့အေနနဲ႕ ေခါင္းငုံ႕ဝင္ေစပါတယ္။

ေထာင္မွာလိုပဲ အဂၤလိပ္ေတြဟာ တံတားေဆာက္ရင္ လူေတြ စေတးၿပီး တံတားအေစာင့္ထားခဲ့တယ္။ လမ္းေဖာက္ ရင္လည္း စေတးၿပီး လမ္းေစာင့္ထားခဲ့တယ္ လို႔ဆိုပါတယ္။ဒါေၾကာင့္ ေထာင္မွာလည္း စေတးခံခဲ့ရတဲ့ ေသဆုံးသူေတြရဲ႕ ဝိညာဥ္ ေတြ လွည့္လည္ေနပါတယ္။ ဒီဝိညာဥ္ေတြ ထဲက ေထာင္က် အက်ဥ္းသားေတြနဲ႕ မစိမ္း တဲ့ ပရေလာကသားႏွစ္ေယာက္ ရွိခဲ့ပါ တယ္။

သူတို႔ႏွစ္ေယာက္ရဲ႕ အမည္ကေတာ့ နက္ေက်ာ္နဲ႕ ေမြးနီလို႔ ေခၚပါတယ္။ နက္ ေက်ာ္ရဲ႕ နာမည္အရင္းက နက္တုံး။

သူက ဧရာဝတီသား။ ေထာင္ထဲမွာသူ႕ကိုအဂၤလိပ္ အစိုးရလက္ထက္ကတည္းက ေလဘာခ် ထားတယ္လို႔ ေျပာတယ္။ သူ႕ကို တစ္ခါ တစ္ရံမွာ တခ်ိဳ႕အက်ဥ္းသားေတြ ေတြ႕ၾက ရတယ္။ေတြ႕တဲ့အခါမွာေတာ့ အနက္တုံး ႀကီးတစ္တုံးပဲ။ ပရေလာကထဲမွာ အမည္း ဆုံး။ ဒါေၾကာင့္ သူ႕ကို ေထာင္ထဲမွာ နက္ တုံးလို႔ ေခၚတယ္။ ေနာက္တစ္ေယာက္က ေတာ့ တင္ေမာင္နီ။ သူက လြတ္လပ္ေရးရ ၿပီးေနာက္ပိုင္း ဗမာအစိုးရေတြလက္ထက္ ေရာက္မွ ေသဒဏ္က်တယ္။

သူကလည္း အေတာ္ထူးဆန္းတယ္။ ေထာင္ထဲမွာရွိတဲ့ ေထာင္ေစာင့္သရဲ ပရေလာကသားေတြထဲ မွာ အထူးဆန္းဆုံးလို႔ ဆိုရမယ္။ သူ႕တစ္ ကိုယ္လုံးမွာ အေမြးေတြရွိၿပီး နီရဲေနတယ္။ဒါေၾကာင့္ သူ႕ကို သရဲေမြးနီလို႔ ေခၚတယ္။ သူလည္း တင္ေမာင္နီကေန ေမြးနီျဖစ္သြား တယ္။ နက္တုံးကလည္း နက္ေက်ာ္ ျဖစ္ သြားတယ္။ သူတို႔က ေထာင္ကို ေသခ်ာ ေစာင့္ေရွာက္ၿပီး အုတ္ရိုးေက်ာ္တက္ေျပး တဲ့ အက်ဥ္းသားဆိုရင္ တြန္းခ်တာတို႔၊ လည္ပင္းညွစ္တာတို႔ လုပ္တယ္။

ေတာင္ငူေထာင္မွာဆိုရင္လည္း ေသ ဒဏ္ေပးခံလိုက္ရတဲ့ သံေတာင္ကရင္မ ဆို တာရွိတယ္။ သူ႕ အေၾကာင္းကို ေတာင္ငူ ေထာင္မွာ ေနခဲ့တဲ့သူတိုင္း ၾကားဖူးၾကပါ တယ္။ကရင္မက သံေတာင္ဇာတိျဖစ္ၿပီး ေတာင္ငူၿမိဳ႕ကို ဗုံးခြဲဖို႔ လက္ပစ္ဗုံးေတြကို ကြမ္းသီးေတာင္းထဲထည့္သယ္လာၿပီး ခြဲခဲ့ တာလို႔ သိရတယ္။ သူလည္း မဆလေခတ္ က ေသဒဏ္ေပးခံရၿပီး ေတာင္ငူေထာင္ အေစာင့္အျဖစ္ အခုထိရွိေနတုန္းပဲလို႔ ဆို တယ္။ျပစ္ဒဏ္မလြတ္ေသးတဲ့ ဝိညာဥ္ေတြ ကို ခ်ဳပ္ထားတဲ့ ဝရမ္းေတြကို အင္းစိန္ ေထာင္ ရိက္ၡာဂိုေဒါင္အေပၚထပ္မွာ သိမ္း ထားတယ္။ သူတို႔ေတြကို လႊတ္ေပးသင့္တဲ့ အခ်ိန္ေရာက္ရင္ အေပၚထပ္တက္ ဝရမ္း ယူၿပီး ေထာင္ကေန အမိန႔္ျပန္တမ္းနဲ႕ ေကာင္းရာမြန္ရာ ဘဝကိုေရာက္ရွိဖို႔ စီမံ ေပးေလ့ရွိတယ္။

တခ်ိဳ႕ႀကိဳးဒဏ္နဲ႕ ေထာင္ဒဏ္ က်န္ေသးတဲ့ ဝိညာဥ္ေတြကိုေတာ့ လႊတ္မေပးဘဲ ႐ုံးမွာထိန္းသိမ္းထားတယ္။ ဒီလိုထိန္းသိမ္းခံထားရတဲ့ ဝိညာဥ္ေတြဟာ ေထာင္ထဲမွာပဲေနၿပီး တခ်ိဳ႕ကို ေထာင္က် အက်ဥ္းသားေတြ ႀကဳံဆုံခဲ့ၾကရတာ ျဖစ္ပါ တယ္။

ဘယ္လိုပဲျဖစ္ျဖစ္ ေထာင္ထဲက ပရေလာကသားေတြရဲ႕ အေၾကာင္းကေတာ့ ယခုအခ်ိန္အထိ ေထာင္က် အက်ဥ္းသား ေတြရဲ႕ ပါးစပ္ဖ်ားမွာ ရွိေနၿမဲပါပဲ။

(သူတို႔ေျပာေသာ ေထာင္အတြင္းမွ ပရေလာကသားမ်ား ဇာတ္လမ္းတြင္ အေသးစိတ္ေရးသားေဖာ္ျပရမည့္ လူလိမ္ ဝိဇၨာျဖစ္ခဲ့ရသည့္ ေက်ာ္ျမင့္ ႏွင့္ မိခင္ ေဒၚၾကည္၏ ဘဝဇာတ္လမ္းစုံ၊ ေထာင္ အုတ္တံတိုင္းေပၚက ထြက္ေျပးတဲ့ အက်ဥ္း သားတိုင္းကို ေထာင္ထဲျပန္တြန္းခ်တဲ့ သရဲ ေမြးနီ၊ နက္တုံး၊ သံေတာင္ကရင္မႏွင့္ ကႀကီးေထာင္ေတြမွာ က်င္လည္ေနေသာ ပရေလာကသားမ်ားအေၾကာင္းကို မၾကာခင္ထြက္ရွိမည့္ လုံးခ်င္း ဝတၳဳတြင္ အျပည့္အစုံ ေရးသားေဖာ္ျပသြားမည္ျဖစ္ေၾကာင္း စာဖတ္သူမ်ားအား ေလးစားစြာအသိေပး အပ္ပါသည္။)

(ၿပီးပါၿပီ)

Credit – ေဇာ္သက္ေထြး

အခန္း ( ၁ ) မွ အစအဆံုး ဖတ္ရႈလိုပါက ဒီမွာႏွိပ္ပါ

Unicode

မွေးနီ ၊ နက်ကျော် နဲ့ ဝင်းမြင့် တို့ အုတ်ရိုးပေါ် မှာ ရှိသလား….

“ နောက်ဆုံး ကရင်မ ယောက်ျား ကိုဝင်းမြင့် ဘာဖြစ်သွား သလဲ….”

စမ်းချောင်းသား ရဲ့ စကားကို လူလိမ် ဝိဇ္ဇာကျော်မြင့် ချက်ချင်းပြန်မဖြေနိုင် ပါဘူး။ သူ့မျက်နှာက ဝမ်းနည်းမှုတွေ၊ ကြေကွဲမှု တွေနဲ့ အသားတွေ တုန်လာ တယ်။ ပြီး တော့ အတိတ်က အရိပ်တွေ ပြန်မြင်လာတယ်။ အဲဒီနေ့က အဆောင် ကို ညတာဝန်ကျ လာတဲ့ ဝန်ထမ်း တစ်ယောက်က လူလိမ် ဝိဇ္ဇာကျော်မြင့် ရဲ့ အခန်းကို ရေးကြီးသုတ် ပြာရောက်လာတယ် ။ ပြီးတော့ ထောင်ရှေ့ မှာ ဝင်းမြင့် ကိုတွေ့ခဲ့တယ်လို့ ပြောတယ် ။

“ မင်းကောင် ဝင်းမြင့် ပုံစံက မူမမှန် ဘူးကွ။ လူကလည်း ညှင်းသိုးသိုး နဲ့ ဖိနပ် လည်း မပါဘူး ။ ငါတို့ ညဂျူတီဝင်ခါနီး တွေ့တော့ သူ့မှာ ရှိတဲ့ ဆေးလိပ်တိုလေး တွေ လိုက်တိုက်တယ် ။ ပြီးတော့ မနှင်းဆီ ကို ခေါ်လာခဲ့ ပါဗျာလို့ပြောတယ် ။ ငါလည်း ဘာပြော လို့ပြောရမှန်းမသိတာ နဲ့ ထောင် ထဲ အမြန်ဝင်လာခဲ့တာ”

ညဝန်ထမ်း ဝါဒါဇော်နီ ရဲ့ စကားဆုံး တော့ ကျော်မြင့် ဘာစကားမှပြန်မပြော နိုင်ဘူး။ စိတ်ထဲမှာတော့ “ မနှင်းဆီရယ် နင်လုပ်လိုက်တာ ထောင်တင် မကဘူး။ နင့်ယောက်ျားပါ ဒုက်္ခရောက်နေပြီ” ဆိုပြီး အောက်မေ့ လိုက်မိတယ် ။ နောက်ပိုင်းကျ တော့ ဝင်းမြင့်ရဲ့အကြောင်း နေ့စဉ်ရက် ဆက်ဆိုသလို ဆက်တိုက်ကြားလာရတယ်။ထောင်ဗူးဝမှာ တွေ့သမျှ ယူနီဖောင်းနဲ့ လူ တွေကို မနှင်း ဆီကို စောင့်ရှောက်ဖို့ ပြော လိုပြော ၊ မနှင်းဆီ ကို တွေ့ချင်တယ်လို့ ပြော လိုပြော။ လူကလည်း အာဟာရပြတ်လပ်ပြီး ပိန်ချုံးနေတယ် လို့ ဆိုကြတယ် ။

အကြောင်း သိတဲ့ ထောင်ဝါဒါတွေကတော့ ထောင်ဗူး၀ မှာ အမြဲ လိုလိုရှိနေတဲ့ ဝင်းမြင့်ကို ဆေး လိပ်လေးတွေ တိုက်လိုက်၊ မုန့်လေးတွေ ကျွေးလိုက်နဲ့ သနားလို့ ကူညီကြပါတယ်။ဒါပေမဲ့ သူ့စိတ်ပြေပျောက်အောင်တော့ ဘယ်သူက မှ နှစ်သိမ့်စကား မပြောနိုင်ပါ ဘူး။ မနှင်းဆီယောက်ျား ကိုဝင်းမြင့်ကတော့ မိုးရွာရွာ၊ နေပူပူ အင်းစိန်ထောင် ဗူးဝကြီး ရှေ့က လမ်းမပေါ်မှာ အမြဲရှိတယ်ဆိုတာ ထောင်ထဲ က ကြားနေရတယ်။အင်္ကျီတွေ၊ ပုဆိုးတွေကတော့ ဟောင်းနွမ်း စုတ်ပြတ် လို့။ ခြေဖဝါးဗလာနဲ့ တစ်ခါတစ်ခါ မနှင်းဆီ ကားတိုက်ခံရတဲ့ နေရာလေးမှာ ငုတ်တုတ် ထိုင်ပြီး ရယ်လိုက်ငိုလိုက် လုပ်နေတယ်။ အရမ်းအေးတဲ့ ဒီဇင်ဘာညတစ်ညမှာတော့ ဝင်းမြင့်သေသွားပြီ ဆိုတဲ့သတင်း ထောင် ထဲရောက်လာတယ်။ အအေးပတ်ပြီး သေ တာတဲ့။

ဒါပေမဲ့ ၁ ဆောင် အခန်းလူကြီး လူလိမ်ဝိဇ်္ဇာကျော်မြင့်ကတော့ ဝင်းမြင့် အအေးပတ်ပြီး သေတယ်ဆိုတာကို လက် မခံဘူး။ အချုပ်သားတွေကမေးတော့ ဒီလို ဖြေတယ်။

“ ဝင်းမြင့်က သူ့မိန်းမကို ချစ်လွန်းလို့ ရင်ကွဲနာကျပြီး သေသွားတာ”

တချို့က ကျော်မြင့်ရဲ့စကားကို စော ဒကမတက်ရဲဘူး။ ဘာလို့လဲဆိုတော့ ကျော် မြင့်ရဲ့မျက်နှာမှာ ဝင်းမြင့်အတွက် မချိတင် ကဲ ခံစားနေရတာ ကိုယ်ချင်းစာလို့ပါပဲ။ လူလိမ်ဝိဇ်္ဇာကျော်မြင့် ဘဝမှာလည်း ခံစား ချက်တွေ ရှိနေပါ တယ်။သူ့ရဲ့မိခင် ဒေါ် ကြည်ဟာ လှိုင်မြစ်တစ်ဖက်ကမ်း ဒလဘက် ကနေ ပန်းဆိုးတန်းဆိပ်ကမ်းမှာ သငေ်္ဘာ သီးစိပ်ရောင်းရတဲ့ ဈေးသည်ဖြစ်ပါတယ်။ဒါပေမဲ့ ကုန်ထမ်းတဲ့အလုပ်သမားတွေက ဒေါ်ကြည်ရဲ့ သငေ်္ဘာသီးမှ မစားရရင် အာသာမပြေပါဘူး။ ဒေါ်ကြည်ကတော့ သငေ်္ဘာသီးကို ဓားကလေးနဲ့ခွဲလိုက်၊ ရေ ဇလုံထဲမှာ နှစ်လိုက် နဲ့ တစ်နေ့လုံး လက်မ လည်အောင် ရောင်းချရပါတယ်။

အဲဒီ အချိန်က ကလေးသာသာ ကျော်မြင့်က နောက်ဆုံး မိခင်ဖြစ်သူဒေါ်ကြည်က ဓား ဆေးတဲ့ရေခွက်ထဲကို ဆေးသကြားခဲတွေ ခိုးထည့်ထားတာကို တွေ့ခဲ့ရပြီးတဲ့နောက် လူတွေကို လိမ်ရတဲ့အရသာကို သိသွားခဲ့ပါ တယ်။မနှင်းဆီ(ခ) ကရင်မနဲ့ ကိုဝင်းမြင့်တို့ ဇနီးမောင်နှံ တစ်ယောက်ကိုတစ်ယောက် အသည်း ပေါက် မတတ်ချစ်ပေမယ့် ကုသိုလ် ကြမ်္မာဆိုးလှတာကြောင့် အင်းစိန်ထောင်ကို ဗဟိုပြုပြီး ဇာတ်သိမ်းခဲ့ရတဲ့ ဘဝဖြစ်အင်ကတော့ ကြေကွဲစရာဒဏ္ဍာရီတစ်ပုဒ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

မနှင်းဆီရဲ့ ဘဝကြမ္မာမကောင်းခဲ့ သလို သူ့အစ်ကိုဖြစ်တဲ့ တစ်ချက်တစ်ကောင် ချစ်လေးမောင်ရဲ့ ဘဝကလည်း ဝမ်းနည်းဖို့ ကောင်းလှပါတယ်။ တကယ်တော့ သူတို့ မောင်နှမနှစ်ယောက်ဟာ မျိုးချစ်စိတ်ပြင်း တဲ့ ကရင်လူမျိုး တွေဖြစ်ပါတယ်။မနှင်းဆီ ရဲ့အစ်ကို ချစ်လေးမောင်ဟာ အဲ့ဒီအချိန် က ကရင်လွတ်မြောက်ရေးအတွက် တိုက်ပွဲ ဝင်နေတဲ့KPLAတပ်ရင်း (၂)၊ တပ်ခွဲမှူး ဗိုလ်ကြီးတစ်ယောက် ဖြစ်ပါတယ်။ သူက သေနတ်ပစ် အင်မတန် လက်ဖြောင့်တဲ့သူ ဖြစ်လို့ ဗမာစစ်သား အတော်များများဟာ သူနဲ့ရင်ဆိုင်တွေ့ရင် သူ့လက်ချက်နဲ့ကျဆုံး ခဲ့ရတာများပါတယ်။

ဒါကြောင့် ဧရာဝတီ တိုင်းမှာ ကရင်ဗိုလ်ကြီးချစ်လေးမောင်ဟာ တစ်ချက်တစ်ကောင်ချစ်လေးမောင်အဖြစ် နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ လည်း ၁၉၆၈ ခုနှစ်ကနေ ၁၉၇၂ ခုနှစ် အထိ အစိုးရကပြုလုပ်တဲ့ မြစ်ဝကျွန်းပေါ် ဖြတ်လေးဖြတ် ပိတ်ဆို့ရေးမှာ အစိုးရတပ်နဲ့ ရင်ဆိုင်တွေ့ပြီး ကျဆုံးသွားခဲ့ရတာ ဖြစ်ပါ တယ်။အဲဒီအချိန်က ဧရာဝတီတိုင်းမှာရှိတဲ့ ကော်သူးလေ မျိုးချစ်လွတ်မြောက်ရေး တပ်မတော် (KPLA)အပါအဝင် (KPGF) က ဗိုလ်မှူးကြီးကွက်ကော့၊ ဒုဗိုလ်မှူးကြီး ဂါးမင်း၊ တပ်မဟာမှူး ဗိုလ်မှူးကြီး ဖန်း ရှောင်း၊ ဗိုလ်မှူးစောဂျက်၊ ဗိုလ်ကြီးသန်းရှိန်၊ အမှတ် (၇) ခရိုင်အတွင်းရေးမှူး မန်းဘခင် နဲ့ ပန်းတနော်မြို့နယ် ဥက္ကဋ္ဌ မန်းရှန်ဖောင်း တို့ဟာ ဖြတ်လေးဖြတ် စစ်ဆင်ရေးမှာ ကရင်မျိုးချစ်တပ်သား အမြောက်အမြား ကျဆုံးခဲ့ရ တာဖြစ်ပါတယ်။

အခုအချိန်အထိ အင်းစိန် နှစ်ကြီး အကျဉ်းသားတချို့ကတော့ ထောင်ထဲမှာ မနှင်းဆီ(ခ)ကရင်မ ရှိနေတုန်းပဲလို့ အခိုင် အမာ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ငြင်း ခုံနေကြတာလည်း ရှိပါတယ်။မြန်မာ နိုင်ငံမှာရှိတဲ့ ထောင်ရာဇ ဝင်နဲ့ပတ်သက်ပြီး အရည်ကျိုသောက်ထားတဲ့ လူတချို့က တော့ နှစ်ကြီးအကျဉ်းသားတွေပြောတာကို ခြွင်းချက် မရှိ လက်ခံပါတယ်။ ဘာလို့လဲဆို တော့ အင်္ဂလိပ်ခေတ်လက်ထက်ကတည်း က မြန်မာနိုင်ငံမှာ စတင်တည် ဆောက်ခဲ့ တဲ့ ထောင်တွေဟာ တချို့ဆိုရင် နှစ် ၁၀၀ ကျော် သက်တမ်းရှိနေပါပြီ။

မြန်မာနိုင်ငံ မှာ ထောင်ပေါင်း ၄၅ ထောင် ရှိပေမယ့် ထိန်းသိမ်းထားနိုင်တဲ့ အကျဉ်းသားအရေ အတွက်ကို လိုက်ပြီး ကကြီးထောင်၊ ခခွေး ထောင်၊ ဂငယ်ထောင်ဆိုပြီး အဆင့်တွေ ခွဲခြားထားပါတယ်။ကကြီးထောင် ဆိုတာ ကတော့ လူဦးရေ ၅၀၀ အထက် ထိန်းသိမ်း ထားပြီး အင်္ဂလိပ်လက်ထက်က ဆောက် ခဲ့တဲ့ ထောင်ကြီး တွေ များပါတယ်။ဥပမာ အားဖြင့် သာယာဝတီ၊ တောင်ငူ၊ သရက်၊ မြင်းခြံ၊ ဟင်္သာတ၊ ပုသိမ်၊ မြစ်ကြီးနား၊ မော်လမြိုင်၊ မြိတ်၊ စစ်တွေ စတဲ့ထောင် တွေဟာ ကကြီးအဆင့်ထောင်တွေဖြစ်ပါ တယ်။

တစ်နည်းအားဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ခံ အကျဉ်းဦးစီး ဌာနမှာ ကကြီးအဆင့် ထောင်တွေမှာပဲ ကြိုးစင်တွေ ရှိပါတယ်။ သဘောကတော့ ကကြီးအဆင့်ထောင်ပိုင်တွေကပဲ သေဒဏ် ကျအကျဉ်းသားကို ကြိုးပေးကွပ်မျက်လို့ ရတာဖြစ်ပါတယ်။သေဒဏ်ကျ အကျဉ်း သား တစ်ယောက်ကို ကြိုးပေးတဲ့အခါမှာ လည်း လိုက်နာရတဲ့ စည်းမျဉ်းစည်းကမ်း တွေ အများကြီးရှိပါတယ်။ ပရလောက စာအုပ်အစပိုင်းမှာ ဒီအကြောင်းတွေကို ရေးသားဖော်ပြခဲ့ပြီးပါပြီ။

အခုပြောချင် တာက တချို့ ကြိုးပေးခံရတဲ့အကျဉ်းသား တွေကိုပေးတဲ့ ပြစ်ဒဏ်ဟာ တစ်ခါတစ်ရံ တစ်ကြိုးပြစ်ဒဏ် မဟုတ်ဘဲ နှစ် ကြိုးနဲ့ ထောင်ဒဏ် ဘယ်နှနှစ် ဆိုတာမျိုးလည်း တရားသူ ကြီးက ချမှတ်တတ်ပါတယ်။သဘောကတော့ ကျူးလွန် တဲ့ အပြစ်ကြီးမားလွန်းတဲ့ အခါ ဒီလိုပြစ်ဒဏ်မျိုး ချမှတ်လေ့ရှိပါတယ်။ ဒီလိုပြစ် ဒဏ်မျိုး အ ပေးခံရတဲ့ အကျဉ်း သားခမျာ ကြိုး တစ်ခါ ပေးလို့ မသေဘဲ လွတ် မြောက်ခဲ့ရင် တောင် ပြစ်ဒဏ် က မလွတ်မြောက်တဲ့အတွက် နောက် တစ်ကြိမ်ကြိုးဒဏ်အတွက် အပြစ်ပေး ခံရမှာ ဖြစ်ပါတယ်။

နှစ်ကြိုးပြစ်ဒဏ် ကျပြီး တစ်ကြိမ်ကြိုးပေးလို့ သေသွားရင် အား လုံးက ပြစ်ဒဏ် အားလုံး ပြီးပြီလို့ ထင်ကြတယ်။ အမှန် တကယ် တော့ အဲ့ဒီလိုမဟုတ် ပါဘူး။

တစ်ကြိုးပြစ် ဒဏ်နဲ့ပိုတဲ့ သေဒဏ် ကျအကျဉ်းသားတွေဟာ သေပြီးရင်တောင် သူ့ရဲ့ ဝိညာဉ်ကို ထောင်က ဝရမ်း ကို ထိန်းသိမ်းထားပြီး အကျဉ်းချပိုင်ခွင့်ရှိတယ်လို့ ဆိုပါ တယ်။တစ်ခါတစ်ရံမှာ ထောင် က ကြိုးမိန့်ပေးပြီး သေသွားတဲ့ သူရဲ့ဝိညာဉ်တွေကိုတောင် ထောင် ပိုင်တွေက ထောင်ထဲမှာ လိုရာ ခိုင်းဖို့ လေဘာချထားလေ့ရှိတယ်လို့ သိရပါတယ်။ထောင်ထဲမှာ သူတို့ကိုအများ အားဖြင့် လေဘာ ချထားတာကတော့ ထောင်အုတ်ရိုးတွေ ပေါ်မှာပဲဖြစ်ပါတယ်။ ထောင်အုတ်ရိုးတွေဟာ အနည်းဆုံး ၁၈ ပေခန့်မြင့် ပြီး အရင်းတုတ်ပြီး အပေါ်ပိုင်း ရှူးပါတယ်။ဒါပေမဲ့ အပေါ်မှာ အုတ်ခဲတစ်ခဲ တင်လို့ရအောင် အကျယ် အဝန်းရှိပြီး အုတ်ခဲတွေကို လည်း တစ်ခဲနဲ့တစ်ခဲ မေးတင်ပြီး စီထားလေ့ရှိပါတယ်။

တချို့က တော့ ထောင်အုတ်ရိုးပေါ်မှာ လူ တက်ထိုင်လို့ရတယ်လို့ပြောပါတယ်။ တချို့ ကကြီးအဆင့် ထောင်တွေမှာ အကျဉ်းသား တွေဟာ ထောင်ထဲကလွတ်ဖို့ နည်းလမ်း ပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ကြတာတွေ ရှိပါတယ်။ တချို့လည်း အံ့သြစရာကောင်းလောက် အောင် လွတ်မြောက်သွားတာတွေ ရှိပါ တယ်။ တချို့လည်း ညကင်းတွေ မိသွား တာတွေ ရှိပါတယ်။

ထူးခြားတာတစ်ခုက တော့ တချို့ထောင်တွေမှာ အုတ်ရိုးပေါ် ကျော်တက်ပြီး ထွက်ပြေးတဲ့ အကျဉ်းသား တချို့ကို အပြင်ရောက်ခါနီးမှ အုတ်ရိုးပေါ် ကတွန်းချလို့ ထောင်ထဲပြန်ကျပြီး လူမိသွား တဲ့ဖြစ်ရပ်တွေလည်း သက်သေအထောက် အထားနဲ့ ရှိပါတယ်။အဲဒီဖြစ်ရပ်တွေကို တော့ ထောင်ကစီရင်ထားတဲ့ အစောင့်သရဲ တွေက ပြန်တွန်းချတာလို့ ယုံကြည်ကြပါ တယ်။ အင်္ဂလိပ်အစိုးရလက်ထက်ကတည်း က ထောင်ကို တည်ဆောက်တဲ့အခါမှာ ပရလောကနဲ့ ပတ်သက်တဲ့ အစီအမံတွေ၊ အောက်လမ်းနည်းတွေကို အင်္ဂလိပ်တွေ ကိုယ်တိုင် ယုံယုံကြည်ကြည် လက်ခံပြီး လုပ်ခဲ့တာ တွေရှိပါတယ်။

တချို့နေရာတွေ မှာ အုတ်ရိုးအောက်မှာ အစီအမံတွေလုပ်၊ လူတွေကို မြှုပ်လုပ်သွား တာတွေလည်း ရှိ တယ်လို့ ပါးစပ်ဒဏ္ဍာရီတွေ ကြားခဲ့ရပါ တယ်။

သူတို့ဟာ မလွတ်မကျွတ်တော့ဘဲ အုတ်ရိုးစောင့်ရပြီး အကျဉ်းသားတွေ မလွတ်အောင် ကင်းစောင့်ပြီး တာဝန်ထမ်း ရွက်ရပါတယ်။

အင်းစိန်ထောင်မှာဆိုရင် ထောင်ထဲဝင်လာတဲ့ အကျဉ်းသားရဲ့ ဘုန်း တန်ခိုး၊ ကံကြမ်္မာစန်း၊ နက်္ခတ်နိမ့်ကျအောင် တံခါး ၉ ပေါက်ကို ဝင်ရတဲ့ အစီအမံ လုပ် ထားတာ ယနေ့အချိန်ထိ အထင်အရှားရှိပါ တယ်။တချို့တံခါးတွေဟာ သာမန်လူအရပ် ထက် ပိုသေးအောင် တည်ဆောက်ထားပြီး အချုပ်သား အကျဉ်းသားတွေကို နာမ်နှိမ် တဲ့အနေနဲ့ ခေါင်းငုံ့ဝင်စေပါတယ်။

ထောင်မှာလိုပဲ အင်္ဂလိပ်တွေဟာ တံတားဆောက်ရင် လူတွေ စတေးပြီး တံတားအစောင့်ထားခဲ့တယ်။ လမ်းဖောက် ရင်လည်း စတေးပြီး လမ်းစောင့်ထားခဲ့တယ် လို့ဆိုပါတယ်။ဒါကြောင့် ထောင်မှာလည်း စတေးခံခဲ့ရတဲ့ သေဆုံးသူတွေရဲ့ ဝိညာဉ် တွေ လှည့်လည်နေပါတယ်။ ဒီဝိညာဉ်တွေ ထဲက ထောင်ကျ အကျဉ်းသားတွေနဲ့ မစိမ်း တဲ့ ပရလောကသားနှစ်ယောက် ရှိခဲ့ပါ တယ်။

သူတို့နှစ်ယောက်ရဲ့ အမည်ကတော့ နက်ကျော်နဲ့ မွေးနီလို့ ခေါ်ပါတယ်။ နက် ကျော်ရဲ့ နာမည်အရင်းက နက်တုံး။

သူက ဧရာဝတီသား။ ထောင်ထဲမှာသူ့ကိုအင်္ဂလိပ် အစိုးရလက်ထက်ကတည်းက လေဘာချ ထားတယ်လို့ ပြောတယ်။ သူ့ကို တစ်ခါ တစ်ရံမှာ တချို့အကျဉ်းသားတွေ တွေ့ကြ ရတယ်။တွေ့တဲ့အခါမှာတော့ အနက်တုံး ကြီးတစ်တုံးပဲ။ ပရလောကထဲမှာ အမည်း ဆုံး။ ဒါကြောင့် သူ့ကို ထောင်ထဲမှာ နက် တုံးလို့ ခေါ်တယ်။ နောက်တစ်ယောက်က တော့ တင်မောင်နီ။ သူက လွတ်လပ်ရေးရ ပြီးနောက်ပိုင်း ဗမာအစိုးရတွေလက်ထက် ရောက်မှ သေဒဏ်ကျတယ်။

သူကလည်း အတော်ထူးဆန်းတယ်။ ထောင်ထဲမှာရှိတဲ့ ထောင်စောင့်သရဲ ပရလောကသားတွေထဲ မှာ အထူးဆန်းဆုံးလို့ ဆိုရမယ်။ သူ့တစ် ကိုယ်လုံးမှာ အမွေးတွေရှိပြီး နီရဲနေတယ်။ဒါကြောင့် သူ့ကို သရဲမွေးနီလို့ ခေါ်တယ်။ သူလည်း တင်မောင်နီကနေ မွေးနီဖြစ်သွား တယ်။ နက်တုံးကလည်း နက်ကျော် ဖြစ် သွားတယ်။ သူတို့က ထောင်ကို သေချာ စောင့်ရှောက်ပြီး အုတ်ရိုးကျော်တက်ပြေး တဲ့ အကျဉ်းသားဆိုရင် တွန်းချတာတို့၊ လည်ပင်းညှစ်တာတို့ လုပ်တယ်။

တောင်ငူထောင်မှာဆိုရင်လည်း သေ ဒဏ်ပေးခံလိုက်ရတဲ့ သံတောင်ကရင်မ ဆို တာရှိတယ်။ သူ့ အကြောင်းကို တောင်ငူ ထောင်မှာ နေခဲ့တဲ့သူတိုင်း ကြားဖူးကြပါ တယ်။ကရင်မက သံတောင်ဇာတိဖြစ်ပြီး တောင်ငူမြို့ကို ဗုံးခွဲဖို့ လက်ပစ်ဗုံးတွေကို ကွမ်းသီးတောင်းထဲထည့်သယ်လာပြီး ခွဲခဲ့ တာလို့ သိရတယ်။ သူလည်း မဆလခေတ် က သေဒဏ်ပေးခံရပြီး တောင်ငူထောင် အစောင့်အဖြစ် အခုထိရှိနေတုန်းပဲလို့ ဆို တယ်။ပြစ်ဒဏ်မလွတ်သေးတဲ့ ဝိညာဉ်တွေ ကို ချုပ်ထားတဲ့ ဝရမ်းတွေကို အင်းစိန် ထောင် ရိက်္ခာဂိုဒေါင်အပေါ်ထပ်မှာ သိမ်း ထားတယ်။ သူတို့တွေကို လွှတ်ပေးသင့်တဲ့ အချိန်ရောက်ရင် အပေါ်ထပ်တက် ဝရမ်း ယူပြီး ထောင်ကနေ အမိန့်ပြန်တမ်းနဲ့ ကောင်းရာမွန်ရာ ဘဝကိုရောက်ရှိဖို့ စီမံ ပေးလေ့ရှိတယ်။

တချို့ကြိုးဒဏ်နဲ့ ထောင်ဒဏ် ကျန်သေးတဲ့ ဝိညာဉ်တွေကိုတော့ လွှတ်မပေးဘဲ ရုံးမှာထိန်းသိမ်းထားတယ်။ ဒီလိုထိန်းသိမ်းခံထားရတဲ့ ဝိညာဉ်တွေဟာ ထောင်ထဲမှာပဲနေပြီး တချို့ကို ထောင်ကျ အကျဉ်းသားတွေ ကြုံဆုံခဲ့ကြရတာ ဖြစ်ပါ တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထောင်ထဲက ပရလောကသားတွေရဲ့ အကြောင်းကတော့ ယခုအချိန်အထိ ထောင်ကျ အကျဉ်းသား တွေရဲ့ ပါးစပ်ဖျားမှာ ရှိနေမြဲပါပဲ။

(သူတို့ပြောသော ထောင်အတွင်းမှ ပရလောကသားများ ဇာတ်လမ်းတွင် အသေးစိတ်ရေးသားဖော်ပြရမည့် လူလိမ် ဝိဇ္ဇာဖြစ်ခဲ့ရသည့် ကျော်မြင့် နှင့် မိခင် ဒေါ်ကြည်၏ ဘဝဇာတ်လမ်းစုံ၊ ထောင် အုတ်တံတိုင်းပေါ်က ထွက်ပြေးတဲ့ အကျဉ်း သားတိုင်းကို ထောင်ထဲပြန်တွန်းချတဲ့ သရဲ မွေးနီ၊ နက်တုံး၊ သံတောင်ကရင်မနှင့် ကကြီးထောင်တွေမှာ ကျင်လည်နေသော ပရလောကသားများအကြောင်းကို မကြာခင်ထွက်ရှိမည့် လုံးချင်း ဝတ္ထုတွင် အပြည့်အစုံ ရေးသားဖော်ပြသွားမည်ဖြစ်ကြောင်း စာဖတ်သူများအား လေးစားစွာအသိပေး အပ်ပါသည်။)

(ပြီးပါပြီ)

Credit – ဇော်သက်ထွေး

အခန်း ( ၁ ) မှ အစအဆုံး ဖတ်ရှုလိုပါက ဒီမှာနှိပ်ပါ

Add a Comment

Your email address will not be published. Required fields are marked *