အေမရိကန္ႏိုင္ငံ မွာ ကိုရိုနာ ဗိုင္းရပ္စ္ေၾကာင့္ (၂) မိနစ္ လ်ွင္ လူ (၁) ဦးႏႈန္း ေသဆံုးေန ၊ ကူးစက္ခံရသူ ၂ သိန္းျပည့္ေတာ့မည္

အေမရိကန္ႏိုင္ငံ ၌ ယမန္ေန ႔တစ္ရက္ထဲ လူ ၇၀၀ ေသဆုံးခဲ့ၿပီး အျမင့္ဆုံး ပမာဏ သို႔ ပထမဆုံး အႀကိမ္ေရာက္ရွိ ခဲ့ၿပီးေနာက္ ႏိုင္ငံ၏ က်န္းမာေရး စနစ္အေပၚ ဖိစီးေနေသာ ဝန္ထုပ္ဝန္ပိုး ကို ေလၽွာ႔ခ်ရန္ အစိုးရက ရာႏွင့္ ခ်ီေသာ ယာယီေဆး႐ုံမ်ား ကို အလ်င္အျမန္ ေဆာက္လုပ္လ်က္ ရွိ သည္ ။

ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္ႏိုင္ငံ ၌ ၂ မိနစ္လၽွင္ လူတစ္ဦးႏႈန္းေသဆုံးေနၿပီး ၎တို႔ထဲ ထက္ဝက္နီးပါးမွာ နယူးေယာ့ခ္ျပည္နယ္ မွျဖစ္ၾကကာ လာမည့္ သတင္းပတ္မ်ား တြင္ အေျခအေနမ်ား ဆို႐ြားလာမည္ဟုေျပာေနစဥ္ ထဲက အကူအညီမ်ားျဖည့္တင္းေပးရန္ ၿမိဳ႕ေတာ္ဝန္ ဘီလ္ဒီဘလာစီယိုက‌ သမၼတ ထရန္႔အား ေတာင္း ဆိုထား သည္ ။

“ဒါဟာ ဧရာမ ကိန္းဂဏန္းႀကီးျဖစ္လာေတာ့မယ္လို႔ ကၽြန္ေတာ္တို ႔ေမၽွာ္လင့္ထားခ်ိန္မွာ လာမည့္သီတင္းပတ္အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ရမယ္ဆိုတာ ကိုျပေနတယ္ ။ ၿပီးတဲ့ အပတ္ က ကၽြန္ေတာ္ေတာင္းဆိုခဲ့တာ အလြန္ရွင္းပါတယ္ ။ စစ္ဘက္ဆိုင္ရာ ေဆးဝန္ထမ္းေတြ ကို ဒီမွာခ်ထားေပးဖို႔ပါ” ဟုၿမိဳ႕ေတာ္ဝန္ ဘလာစီယိုကေျပာ သည္ ။

Photo-Credit

နယူးေယာ့ခ္ျပည္နယ္သို႔ သူနာျပဳ ၁,၀၀၀ ဦး၊ အသက္႐ႈလမ္းေၾကာင္းဆိုင္ရာ ကၽြမ္းက်င္ပညာရွင္ ၃၀၀ဦးႏွင့္ ဆရာဝန္ ၁၅၀ ဦးတို႔ကို ဧၿပီ ၅ရက္တြင္ ထပ္မံျဖည့္တင္းေပးရန္ အိမ္ျဖဴေတာ္ကို ေတာင္းဆိုထားေသာ္လည္း ထရန္႔ထံမွ အေျဖမရေသးေၾကာင္းဒီမိုကရက္တစ္တစ္ဦးျဖစ္သူဘလာစီယို ေျပာသည္။

လာမယ့္ သီတင္းပတ္ ၂ ပတ္အတြင္း အေျခအေနပိုမိုဆုိးရြားလာႏိုင္ေၾကာင္း သမၼတေဒၚနယ္ထရန္႕က ႀကိဳတင္တြက္ဆခဲ့ၿပီးေနာက္ အေမရိကန္အစိုးရဟာ အဓိကၿမိဳ႕ႀကီးေတြ အနီးမွာ ယာယီေဆးရံု ရာေပါင္းမ်ားစြာ ေဆာက္လုပ္ဖို႔ အဂၤါေန႔ (မတ္လ ၃၁ ရက္ေန႔) က စတင္လႈပ္ရွားခဲ့ပါတယ္။

အေမရိကန္ၾကည္းတပ္အင္ဂ်င္နီယာ ေကာ္ပိုေရးရွင္းဟာ ယာယီေဆးရံု ၃၄၁ ခု ေဆာက္လုပ္ဖို႔အတြက္ ဟိုတယ္၊ အေဆာင္၊ ခန္းမေတြနဲ႔ ေနရာက်ယ္ေတြကို ရွာေဖြေနေၾကာင္း ဒုဗိုလ္ခ်ဳပ္ Semonite က ABC News Good Morning America အစီအစဥ္မွာ ေျပာၾကားခဲ့ပါတယ္။

Photo-Credit

အေမရိကန္ႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈေၾကာင့္ ေသဆံုးသူ ၁၀၀၀၀၀ မွ ၂၀၀၀၀၀ နီးပါးထိ ရွိလာႏိုင္တာေၾကာင့္ ၿမိဳ႕ႀကီးေတြမွာ ေနထိုင္သူေတြအေနနဲ႔ ေနအိမ္အတြင္းမွာသာ ေနထိုင္ၾကဖို႔ အိမ္ျဖဴေတာ္မွ က်န္းမာေရးကၽြမ္းက်င္သူေတြက မွာၾကားထားပါတယ္။ ျပည္နယ္ ၃၀ ေက်ာ္မွ ျပည္သူလူထုကို ဗိုင္းရပ္စ္ ကူးစက္မႈ တိုက္ဖ်က္ႏိုင္ဖို႔အတြက္ ေနအိမ္အတြင္းမွာသာေနထိုင္ၾကဖို႔နဲ႔ သန္းေပါင္းမ်ားစြာေသာ လူေတြကို အိမ္လခ မေတာင္းခံပဲ ယာယီေနထိုင္ခြင့္ေပးဖို႔ အမိန္႔ထုတ္ျပန္ထားတယ္လို႔ သိရပါတယ္။

Photo-Credit

အေမရိကန္ႏိုင္ငံ၌ ကိုဗစ္-၁၉ ေရာဂါပ်ံ႕ႏွံ႔ေနသည့္အေတာအတြင္း ေသဆုံးသူ ၃,၇၀၀ ဦးရွိလာခဲ့ၿပီး ယင္းမွာ ၂၀၀၁ ခုႏွစ္ စက္တင္ဘာ ၁၁ ရက္က ၉/၁၁ ျဖစ္စဥ္တြင္ ေသဆုံးခဲ့သူဦးေရထက္ ပိုမိုမ်ားျပားေနသည္။ ယမန္ေန႔က ဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၁,၀၀၀ ဦးထပ္မံေတြ႕ရွိၿပီး စုစုေပါင္းဦးေရ ၁၈၄,၀၀၀ အထိ ျမင့္တက္လာခဲ့သည္။

CNA,TSTD

Unicode

အမေရိကန်နိုင်ငံ ၌ ယမန်နေ့တစ်ရက်ထဲ လူ ၇၀၀ သေဆုံးခဲ့ပြီး အမြင့်ဆုံး ပမာဏ သို့ ပထမဆုံး အကြိမ်ရောက်ရှိခဲ့ပြီးနောက် နိုင်ငံ၏ ကျန်းမာရေးစနစ်အပေါ် ဖိစီးနေသောဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် အစိုးရက ရာနှင့် ချီသော ယာယီဆေးရုံများကို အလျင်အမြန် ဆောက်လုပ်လျက် ရှိသည်။

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံ၌ ၂ မိနစ်လျှင် လူတစ်ဦးနှုန်းသေဆုံးနေပြီး ၎င်းတို့ထဲ ထက်ဝက်နီးပါးမှာ နယူးယော့ခ်ပြည်နယ်မှဖြစ်ကြကာ လာမည့် သတင်းပတ်များ တွင် အခြေအနေများ ဆိုရွားလာမည်ဟုပြောနေစဉ် ထဲက အကူအညီများဖြည့်တင်းပေးရန် မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုက‌ သမ္မတထရန့်အား တောင်း ဆိုထားသည် ။

“ဒါဟာ ဧရာမ ကိန်းဂဏန်းကြီးဖြစ်လာတော့မယ်လို့ ကျွန်တော်တို့မျှော်လင့်ထားချိန်မှာ လာမည့်သီတင်းပတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရမယ်ဆိုတာ ကိုပြနေတယ် ။ ပြီးတဲ့အပတ်က ကျွန်တော်တောင်းဆိုခဲ့တာ အလွန်ရှင်းပါတယ် ။ စစ်ဘက်ဆိုင်ရာ ဆေးဝန်ထမ်းတွေ ကို ဒီမှာချထားပေးဖို့ပါ” ဟုမြို့တော်ဝန် ဘလာစီယိုကပြော သည် ။

နယူးယော့ခ်ပြည်နယ်သို့ သူနာပြု ၁,၀၀၀ ဦး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၃၀၀ဦးနှင့် ဆရာဝန် ၁၅၀ ဦးတို့ကို ဧပြီ ၅ရက်တွင် ထပ်မံဖြည့်တင်းပေးရန် အိမ်ဖြူတော်ကို တောင်းဆိုထားသော်လည်း ထရန့်ထံမှ အဖြေမရသေးကြောင်းဒီမိုကရက်တစ်တစ်ဦးဖြစ်သူဘလာစီယို ပြောသည်။

လာမယ့် သီတင်းပတ် ၂ ပတ်အတွင်း အခြေအနေပိုမိုဆိုးရွားလာနိုင်ကြောင်း သမ္မတဒေါ်နယ်ထရန့်က ကြိုတင်တွက်ဆခဲ့ပြီးနောက် အမေရိကန်အစိုးရဟာ အဓိကမြို့ကြီးတွေ အနီးမှာ ယာယီဆေးရုံ ရာပေါင်းများစွာ ဆောက်လုပ်ဖို့ အင်္ဂါနေ့ (မတ်လ ၃၁ ရက်နေ့) က စတင်လှုပ်ရှားခဲ့ပါတယ်။

အမေရိကန်ကြည်းတပ်အင်ဂျင်နီယာ ကော်ပိုရေးရှင်းဟာ ယာယီဆေးရုံ ၃၄၁ ခု ဆောက်လုပ်ဖို့အတွက် ဟိုတယ်၊ အဆောင်၊ ခန်းမတွေနဲ့ နေရာကျယ်တွေကို ရှာဖွေနေကြောင်း ဒုဗိုလ်ချုပ် Semonite က ABC News Good Morning America အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၀၀၀၀၀ မှ ၂၀၀၀၀၀ နီးပါးထိ ရှိလာနိုင်တာကြောင့် မြို့ကြီးတွေမှာ နေထိုင်သူတွေအနေနဲ့ နေအိမ်အတွင်းမှာသာ နေထိုင်ကြဖို့ အိမ်ဖြူတော်မှ ကျန်းမာရေးကျွမ်းကျင်သူတွေက မှာကြားထားပါတယ်။ ပြည်နယ် ၃၀ ကျော်မှ ပြည်သူလူထုကို ဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်နိုင်ဖို့အတွက် နေအိမ်အတွင်းမှာသာနေထိုင်ကြဖို့နဲ့ သန်းပေါင်းများစွာသော လူတွေကို အိမ်လခ မတောင်းခံပဲ ယာယီနေထိုင်ခွင့်ပေးဖို့ အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပျံ့နှံ့နေသည့်အတောအတွင်း သေဆုံးသူ ၃,၇၀၀ ဦးရှိလာခဲ့ပြီး ယင်းမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ၉/၁၁ ဖြစ်စဉ်တွင် သေဆုံးခဲ့သူဦးရေထက် ပိုမိုများပြားနေသည်။ ယမန်နေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁,၀၀၀ ဦးထပ်မံတွေ့ရှိပြီး စုစုပေါင်းဦးရေ ၁၈၄,၀၀၀ အထိ မြင့်တက်လာခဲ့သည်။

CNA,TSTD

Add a Comment

Your email address will not be published. Required fields are marked *