ဖ်ားနာျပီး အသက္ရႉၾကပ္ေနသည့္ ဆရာေတာ္(၁)ပါး ထားဝယ္ေဆး႐ုံ အေရးေပၚဌာန သို႔ ေရာက္ရွိ လာၿပီးေနာက္ ေသဆုံးမႈျဖစ္ပြား ၊ ဓာတ္ခြဲနမူနာကို ရယူကာ ရန္ကုန္ၿမိဳ႕သို႔ ေပးပို႔စစ္ေဆးထား

တနသာရႌတိုင္း ေဒသႀကီး ထားဝယ္ၿမိဳ႕ရွိ ထားဝယ္ျပည္သူ႔ ေဆး႐ုံႀကီးတြင္ ဧၿပီလ ၁ ရက္ ညေနပိုင္းက အသက္ရႉၾကပ္ကာ ဖ်ားနာေနသည့္ ဆရာေတာ္ တစ္ပါး ေဆး႐ုံ အေရးေပၚ ဌာနသို႔ ေရာက္ရွိ လာၿပီးေနာက္ ေသဆုံးမႈျဖစ္ပြား ခဲ့ၿပီး ၎ ၏ ဓာတ္ခြဲနမူနာကို ရယူကာ ရန္ကုန္ၿမိဳ႕သို႔ ေပးပို႔စစ္ေဆးသြားမည္ ျဖစ္ေၾကာင္း သိရသည္။ ထားဝယ္ ခရိုင္ ေလာင္းလုံးၿမိဳ႕နယ္ တီဇစ္ေက်းရြာမွ အဆိုပါ ဆရာေတာ္ မွာ ၿပီးခဲ့သည့္ ရက္ပိုင္း က ရန္ကုန္ၿမိဳ႕မွ ျပန္လည္ ေရာက္ရွိလာျခင္းျဖစ္ၿပီး အသက္ရႉၾကပ္ကာ ဖ်ားနာေသာေၾကာင့္ ေလာင္းလုံးျပည္သူ႔ေဆး႐ုံ သို႔ တင္ပို႔ခဲ့ရာ မွ အေျခအေန စိုးရိမ္ရ သျဖင့္ ထားဝယ္ျပည္သူ႔ ေဆး႐ုံႀကီး သို႔ လႊဲေျပာင္း တင္ပို႔ခဲ့ရာ ေဆး႐ုံသို႔ ေရာက္ရွိၿပီးေနာက္ ေသဆုံးသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရ သည္ ။

“ဘုန္းႀကီးတစ္ပါး ေလာင္းလုံးကေန Refer (လႊဲေျပာင္းေပး) လုပ္ၿပီးေတာ့ OPT မွာပဲ ဆုံးသြားတယ္ ။ History ကေတာ့ အသက္ရႉၾကပ္တယ္၊ ဖ်ားတယ္ဆိုၿပီးေတာ့ေလ။ သူက အမွန္ေတာ့ ရန္ကုန္ မွာ ႏွစ္လေလာက္ ေနလာတာတဲ့ ။ ရန္ကုန္ကေန ၃၀ ရက္ေန႔ (မတ္လ) မွာ ထားဝယ္ ျပန္ေရာက္တာေပါ့ေနာ္။ ျပန္ေရာက္ၿပီးေတာ့ ဖ်ားၿပီးေတာ့ ေမာလာလို႔ ဆိုၿပီးေတာ့ ေလာင္းလုံးေဆး႐ုံ ေရာက္တယ္ ။ ေလာင္းလုံးေဆး႐ုံက တစ္ခါ refer လုပ္လိုက္တာ။ ထားဝယ္ေဆး႐ုံ OPT (အေရးေပၚဌာန) မွာပဲ ဆုံးသြားတာ။ သူ႔ကိုေတာ့ swab (ဓာတ္ခြဲစစ္ေဆးမည့္ လည္ေခ်ာင္းတို႔ဖတ္) ေတာ့ ယူထားတယ္ေပါ့ေနာ္ ။ Swab ယူၿပီးေတာ့ ဆက္ပို႔မယ္ေပါ့ေနာ္။ လူကေတာ့ ေရခဲတိုက္မွာ ထားၿပီးေတာ့၊ သူနဲ႔ Contacts ေတြ အကုန္လုံးကိုေတာ့ Quarantine လုပ္ရမွာေပါ့ေနာ္” ဟု တိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရး ဦးစီးဌာန၏ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာေထြးျမစိုးက ဧၿပီလ ၁ ရက္ေန႔ ည ၈ နာရီအခ်ိန္တြင္ ထားဝယ္အေျခစိုက္ မီဒီယာမ်ားကို ေျပာသည္ ။

အဆိုပါ ဆရာေတာ္မွာ ေလာင္းလုံးၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံထံ ဧၿပီလ ၁ ရက္ေန႔တြင္ ေရာက္ရွိလာခဲ့ၿပီး ေဆး႐ုံသို႔ ေရာက္ရွိလာခ်ိန္တြင္ အသက္ရႉၾကပ္ေနေသာေၾကာင့္ ေအာက္စီဂ်င္ပမာဏ တိုင္းတာရာ အေျခအေန မေကာင္းသည့္အတြက္ ထားဝယ္ျပည္သူ႔ေဆး႐ုံႀကီး အေရးေပၚဌာန (OPT) သို႔ ခ်က္ခ်င္းလႊဲေျပာင္းခဲ့ၿပီး ထားဝယ္ျပည္သူ႔ ေဆး႐ုံႀကီးထံသို႔ ေရာက္ရွိလာခ်ိန္တြင္ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း၊ အဆိုပါ ဆရာေတာ္မွာ ေလာင္းလုံးၿမိဳ႕နယ္ တီဇစ္ေက်းရြာမွျဖစ္ၿပီး လက္ရွိတြင္ ဆရာေတာ္ႏွင့္ ထိေတြ႕ဆက္ဆံခဲ့သူမ်ား၏ အခ်က္အလက္မ်ားကို စုံစမ္းရွာေဖြေနေၾကာင္းႏွင့္ အေသးစိတ္ အခ်က္အလက္မ်ား သိရွိရျခင္း မရွိေသးေၾကာင္း ေဒါက္တာေထြးျမစိုးက ေျပာၾကားသည္။

လက္ရွိတြင္ ဆရာေတာ္အား ကူးစက္ေရာဂါလူနာ ေသဆုံးသည့္ အေျခအေနျဖင့္ ေသခ်ာထုတ္ပိုးကာ ပိုးသတ္ၿပီး PPE ဝတ္စုံမ်ား ဝတ္ဆင္၍ ည ၇ နာရီေက်ာ္ အခ်ိန္တြင္ ေဆး႐ုံရွိေရခဲတိုက္သို႔ ပို႔ေဆာင္ေပးထားခဲ့ေၾကာင္း၊ ၎ဆရာေတာ္မွာ အသက္ ၅၆ ႏွစ္အရြယ္ျဖစ္ၿပီး ရန္ကုန္ၿမိဳ႕မွ စင္းလုံးဌား ေမာ္ေတာ္ယာဥ္ျဖင့္ တီဇစ္ေက်းရြာရွိ တီဇစ္ေက်းရြာ အထက္ေက်ာင္းတိုက္သို႔ လြန္ခဲ့သည့္ ၂ ရက္ခန႔္က ေရာက္ရွိလာခဲ့ၿပီးေနာက္ ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ေအာ့အန္ျခင္း လကၡဏာမ်ား ျဖစ္ပြားခဲ့ေၾကာင္း ေဆး႐ုံသို႔ သြားေရာက္ကူညီခဲ့သည့္ ဇမၺဴသီရိ အေရးေပၚလူနာ ကူညီသယ္ေဆာင္ေရး အဖြဲ႕ဥကၠ႒ ကိုနိုင္မ်ိဳးသြင္က ေျပာၾကားသည္။

တနသာရႌတိုင္း ေဒသႀကီး အတြင္းသို႔ ယခုရက္ပိုင္းအတြင္း ျပည္ပမွ ျပန္လည္ဝင္ေရာက္လာသူ ဦးေရမွာ ဧၿပီလ ၁ ရက္ေန႔အထိ တိုင္းေဒသႀကီး အစိုးရအဖြဲ႕ထံမွ ရရွိထားသည့္ စာရင္းမ်ားအရ ထားဝယ္ခရိုင္တြင္ ၂၂၈၇ ဦး၊ ၿမိတ္ခရိုင္တြင္ ၁၂၂၇ ဦးႏွင့္ ေကာ့ေသာင္းခရိုင္တြင္ ၂၄၆ ဦး စုစုေပါင္း ၃၇၆၀ ဦးရွိေၾကာင္း သိရသည္။

ref:Eleven Media Group

Unicode

တနသာင်္ရီတိုင်း ဒေသကြီး ထားဝယ်မြို့ရှိ ထားဝယ်ပြည်သူ့ ဆေးရုံကြီးတွင် ဧပြီလ ၁ ရက် ညနေပိုင်းက အသက်ရှူကြပ်ကာ ဖျားနာနေသည့် ဆရာတော် တစ်ပါး ဆေးရုံအရေးပေါ် ဌာနသို့ ရောက်ရှိ လာပြီးနောက် သေဆုံးမှုဖြစ်ပွား ခဲ့ပြီး ၎င်း ၏ ဓာတ်ခွဲနမူနာကို ရယူကာ ရန်ကုန်မြို့သို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာမှ အဆိုပါ ဆရာတော် မှာ ပြီးခဲ့သည့် ရက်ပိုင်း က ရန်ကုန်မြို့မှ ပြန်လည် ရောက်ရှိလာခြင်းဖြစ်ပြီး အသက်ရှူကြပ်ကာ ဖျားနာသောကြောင့် လောင်းလုံးပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရာ မှ အခြေအနေ စိုးရိမ်ရ သဖြင့် ထားဝယ်ပြည်သူ့ ဆေးရုံကြီး သို့ လွှဲပြောင်းတင်ပို့ခဲ့ရာ ဆေးရုံသို့ ရောက်ရှိပြီးနောက် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။

“ဘုန်းကြီးတစ်ပါး လောင်းလုံးကနေ Refer (လွှဲပြောင်းပေး) လုပ်ပြီးတော့ OPT မှာပဲ ဆုံးသွားတယ် ။ History ကတော့ အသက်ရှူကြပ်တယ်၊ ဖျားတယ်ဆိုပြီးတော့လေ။ သူက အမှန်တော့ ရန်ကုန် မှာ နှစ်လလောက် နေလာတာတဲ့ ။ ရန်ကုန်ကနေ ၃၀ ရက်နေ့ (မတ်လ) မှာ ထားဝယ် ပြန်ရောက်တာပေါ့နော်။ ပြန်ရောက်ပြီးတော့ ဖျားပြီးတော့ မောလာလို့ ဆိုပြီးတော့ လောင်းလုံးဆေးရုံ ရောက်တယ် ။ လောင်းလုံးဆေးရုံက တစ်ခါ refer လုပ်လိုက်တာ။ ထားဝယ်ဆေးရုံ OPT (အရေးပေါ်ဌာန) မှာပဲ ဆုံးသွားတာ။ သူ့ကိုတော့ swab (ဓာတ်ခွဲစစ်ဆေးမည့် လည်ချောင်းတို့ဖတ်) တော့ ယူထားတယ်ပေါ့နော် ။ Swab ယူပြီးတော့ ဆက်ပို့မယ်ပေါ့နော်။ လူကတော့ ရေခဲတိုက်မှာ ထားပြီးတော့၊ သူနဲ့ Contacts တွေ အကုန်လုံးကိုတော့ Quarantine လုပ်ရမှာပေါ့နော်” ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ဧပြီလ ၁ ရက်နေ့ ည ၈ နာရီအချိန်တွင် ထားဝယ်အခြေစိုက် မီဒီယာများကို ပြောသည် ။

အဆိုပါ ဆရာတော်မှာ လောင်းလုံးမြို့နယ် ပြည်သူ့ဆေးရုံထံ ဧပြီလ ၁ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး ဆေးရုံသို့ ရောက်ရှိလာချိန်တွင် အသက်ရှူကြပ်နေသောကြောင့် အောက်စီဂျင်ပမာဏ တိုင်းတာရာ အခြေအနေ မကောင်းသည့်အတွက် ထားဝယ်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန (OPT) သို့ ချက်ချင်းလွှဲပြောင်းခဲ့ပြီး ထားဝယ်ပြည်သူ့ ဆေးရုံကြီးထံသို့ ရောက်ရှိလာချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဆရာတော်မှာ လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာမှဖြစ်ပြီး လက်ရှိတွင် ဆရာတော်နှင့် ထိတွေ့ဆက်ဆံခဲ့သူများ၏ အချက်အလက်များကို စုံစမ်းရှာဖွေနေကြောင်းနှင့် အသေးစိတ် အချက်အလက်များ သိရှိရခြင်း မရှိသေးကြောင်း ဒေါက်တာထွေးမြစိုးက ပြောကြားသည်။

လက်ရှိတွင် ဆရာတော်အား ကူးစက်ရောဂါလူနာ သေဆုံးသည့် အခြေအနေဖြင့် သေချာထုတ်ပိုးကာ ပိုးသတ်ပြီး PPE ဝတ်စုံများ ဝတ်ဆင်၍ ည ၇ နာရီကျော် အချိန်တွင် ဆေးရုံရှိရေခဲတိုက်သို့ ပို့ဆောင်ပေးထားခဲ့ကြောင်း၊ ၎င်းဆရာတော်မှာ အသက် ၅၆ နှစ်အရွယ်ဖြစ်ပြီး ရန်ကုန်မြို့မှ စင်းလုံးဌား မော်တော်ယာဉ်ဖြင့် တီဇစ်ကျေးရွာရှိ တီဇစ်ကျေးရွာ အထက်ကျောင်းတိုက်သို့ လွန်ခဲ့သည့် ၂ ရက်ခန့်က ရောက်ရှိလာခဲ့ပြီးနောက် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အော့အန်ခြင်း လက္ခဏာများ ဖြစ်ပွားခဲ့ကြောင်း ဆေးရုံသို့ သွားရောက်ကူညီခဲ့သည့် ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေး အဖွဲ့ဥက္ကဋ္ဌ ကိုနိုင်မျိုးသွင်က ပြောကြားသည်။

တနသာင်္ရီတိုင်း ဒေသကြီး အတွင်းသို့ ယခုရက်ပိုင်းအတွင်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ဦးရေမှာ ဧပြီလ ၁ ရက်နေ့အထိ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ ရရှိထားသည့် စာရင်းများအရ ထားဝယ်ခရိုင်တွင် ၂၂၈၇ ဦး၊ မြိတ်ခရိုင်တွင် ၁၂၂၇ ဦးနှင့် ကော့သောင်းခရိုင်တွင် ၂၄၆ ဦး စုစုပေါင်း ၃၇၆၀ ဦးရှိကြောင်း သိရသည်။

ref:Eleven Media Group

Add a Comment

Your email address will not be published. Required fields are marked *