“ LOCK DOWN ခ်ထားတာကို မလိုက္နာရင္ ၊ ျပႆနာ ဖန္တီးရင္ ေသနတ္ နဲ႔ ပစ္သတ္ခံ ရ မယ္ ” လို႕ သမၼတ ဒူတာေတး သတိေပး

ခု လို ကိုရိုနာ ဗိုင္းရပ္စ္ အက်ပ္ အတည္း ကာလမွာ ျပႆနာ ရွာသူေတြ ကို ရဲနဲ႔ စစ္တပ္နဲ႔ ပစ္သတ္ခိုင္းမယ္လို႔ ဖိလစ္ပိုင္သမၼတ ရိုဒရီဂို ဒူတာေတးက သတိေပးေျပာလာပါတယ္။ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြားမႈ ရပ္တန႔္ေရး လူဇြန္ကၽြန္း မွာ လနဲ႔ခ်ီတဲ့ lockdown ခ်ထားတဲ့ ကာလအတြင္း ျပႆနာဖန္တီးသူ ဘယ္သူကိုမဆို ရဲနဲ႔ စစ္တပ္က ပစ္သတ္ပစ္ဖို႔ အမိန႔္ ထုတ္ရ လိမ့္မယ္ လို႔ ဒူတာေတးက သတိေပးတာ ျဖစ္ပါတယ္။“အားလုံးကို သတိေပးထားမယ္။ ကၽြန္ေတာ္တို႔ ထုတ္ထားတဲ့ အမိန႔္ထုတ္ဟာ တကယ့္ကို ေသေရးရွင္ေရး အေရးႀကီး တယ္ ။ ဒါေၾကာင့္ ခုခ်ိန္မွာ အစိုးရစကားကို နားေထာင္ၾကပါ။ ” လို႔ သမၼတ ဒူတာေတးက ဧၿပီ ၁ ရက္ ညပိုင္းက ႐ုပ္ျမင္သံၾကားကေန နိုင္ငံေတာ္မိန႔္ခြန္းမွာ ေျပာခဲ့ ပါတယ္ ။

“ေနာက္ၿပီးေတာ့ က်န္းမာေရး ဝန္ထမ္းေတြ၊ ဆရာဝန္ေတြကို ထိခိုက္ေအာင္ မလုပ္ၾကဖို႔ လိုတယ္။ ဒါဟာ ႀကီးေလးတဲ့ ရာဇဝတ္မႈပဲ။ တကယ္လို႔ တစ္ေယာက္ေယာက္က ျပႆနာရွာတယ္ ဆိုရင္ ဒီလို လူေတြ အသက္က စိုးရိမ္စရာပဲ ။ က်ဳပ္ကေတာ့ ရဲ နဲ႔ စစ္တပ္ ကို အမိန႔္ေပးရလိမ့္မယ္၊ ဒီလို လူေတြကို ပစ္သတ္ပစ္လို႔ အမိန႔္ထုတ္မွာပဲ ျဖစ္တယ္။”လို႔ ဒူတာေတး က ေျပာပါတယ္။

ကြီဇြန္ၿမိဳ႕ ဆင္းရဲသားရပ္ကြက္က ျပည္သူေတြဟာ ၿပီးခဲ့တဲ့ သီတင္းႏွစ္ပတ္ေက်ာ္ lockdown စခ်ခ်ိန္ကစၿပီး ဘာ စားနပ္ရိကၡာ ေထာက္ပံ့မႈမွ မရသလို အျခား အကူအညီေတြလည္း မရၾကဘူးလို႔ ဆိုၿပီး ၎တို႔ရဲ့ တဲအိမ္ေတြနားက အျမန္လမ္းမမွာ ဆႏၵျပၾကၿပီးေနာက္ ဒူတာေတးရဲ့ အခု သတိေပးခ်က္ ထြက္ေပၚလာတာပဲ ျဖစ္ပါတယ္။

ဆႏၵျပသူေတြကို ေက်းရြာလုံျခဳံေရး တာဝန္ရွိသူေတြနဲ႔ ရဲေတြက ကိုယ့္ကိုကို ျပန္ၾကဖို႔ တိုက္တြန္းေပမယ့္ သူတို႔ေတြက ျငင္းဆန္ၾကတယ္လို႔ ရဲအစီရင္ခံစာမွာ ေဖာ္ျပပါတယ္။ ရဲက ဆႏၵျပမႈကို ၿဖိဳခြင္းၿပီး လူ ၂၀ ကို ဖမ္းဆီးခဲ့ေၾကာင္း အဲဒီ အစီရင္ခံစာက ဆိုပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ျဖစ္ပြားေသာ COVID-19 ေရာဂါ ကူးစက္ျဖစ္ပြားသူ ဖိလစ္ပိုင္နိုင္ငံအတြင္းမွာ ၂၃၁၁ ဦး ရွိေၾကာင္း က်န္းမာေရးအာဏာပိုင္ေတြက ထုတ္ျပန္ထားပါတယ္။ COVID-19 ေၾကာင့္ ေသဆုံးသူ ၉၆ ဦး ရွိပါတယ္။

Rf; Aljazeera
Writer_ ေမာင္သံဆင့္(XYZ News)

Unicode

ခု လို ကိုရိုနာ ဗိုင်းရပ်စ် အကျပ် အတည်း ကာလမှာ ပြဿနာ ရှာသူတွေ ကို ရဲနဲ့ စစ်တပ်နဲ့ ပစ်သတ်ခိုင်းမယ်လို့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက သတိပေးပြောလာပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ရပ်တန့်ရေး လူဇွန်ကျွန်း မှာ လနဲ့ချီတဲ့ lockdown ချထားတဲ့ ကာလအတွင်း ပြဿနာဖန်တီးသူ ဘယ်သူကိုမဆို ရဲနဲ့ စစ်တပ်က ပစ်သတ်ပစ်ဖို့ အမိန့် ထုတ်ရ လိမ့်မယ် လို့ ဒူတာတေးက သတိပေးတာ ဖြစ်ပါတယ်။“အားလုံးကို သတိပေးထားမယ်။ ကျွန်တော်တို့ ထုတ်ထားတဲ့ အမိန့်ထုတ်ဟာ တကယ့်ကို သေရေးရှင်ရေး အရေးကြီး တယ် ။ ဒါကြောင့် ခုချိန်မှာ အစိုးရစကားကို နားထောင်ကြပါ။ ” လို့ သမ္မတ ဒူတာတေးက ဧပြီ ၁ ရက် ညပိုင်းက ရုပ်မြင်သံကြားကနေ နိုင်ငံတော်မိန့်ခွန်းမှာ ပြောခဲ့ ပါတယ် ။

“နောက်ပြီးတော့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ဆရာဝန်တွေကို ထိခိုက်အောင် မလုပ်ကြဖို့ လိုတယ်။ ဒါဟာ ကြီးလေးတဲ့ ရာဇဝတ်မှုပဲ။ တကယ်လို့ တစ်ယောက်ယောက်က ပြဿနာရှာတယ် ဆိုရင် ဒီလို လူတွေ အသက်က စိုးရိမ်စရာပဲ ။ ကျုပ်ကတော့ ရဲ နဲ့ စစ်တပ် ကို အမိန့်ပေးရလိမ့်မယ်၊ ဒီလို လူတွေကို ပစ်သတ်ပစ်လို့ အမိန့်ထုတ်မှာပဲ ဖြစ်တယ်။”လို့ ဒူတာတေး က ပြောပါတယ်။

ကွီဇွန်မြို့ ဆင်းရဲသားရပ်ကွက်က ပြည်သူတွေဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကျော် lockdown စချချိန်ကစပြီး ဘာ စားနပ်ရိက္ခာ ထောက်ပံ့မှုမှ မရသလို အခြား အကူအညီတွေလည်း မရကြဘူးလို့ ဆိုပြီး ၎င်းတို့ရဲ့ တဲအိမ်တွေနားက အမြန်လမ်းမမှာ ဆန္ဒပြကြပြီးနောက် ဒူတာတေးရဲ့ အခု သတိပေးချက် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေကို ကျေးရွာလုံခြုံရေး တာဝန်ရှိသူတွေနဲ့ ရဲတွေက ကိုယ့်ကိုကို ပြန်ကြဖို့ တိုက်တွန်းပေမယ့် သူတို့တွေက ငြင်းဆန်ကြတယ်လို့ ရဲအစီရင်ခံစာမှာ ဖော်ပြပါတယ်။ ရဲက ဆန္ဒပြမှုကို ဖြိုခွင်းပြီး လူ ၂၀ ကို ဖမ်းဆီးခဲ့ကြောင်း အဲဒီ အစီရင်ခံစာက ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသော COVID-19 ရောဂါ ကူးစက်ဖြစ်ပွားသူ ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ ၂၃၁၁ ဦး ရှိကြောင်း ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ COVID-19 ကြောင့် သေဆုံးသူ ၉၆ ဦး ရှိပါတယ်။

Rf; Aljazeera
Writer_ မောင်သံဆင့်(XYZ News)

Add a Comment

Your email address will not be published. Required fields are marked *