တ႐ုတ္ ၏ ကိုရိုနာဗိုင္းရပ္စ္ျဖင့္ ကူးစက္ေသဆုံးသူ စာရင္းမ်ား မွန္ကန္တိက်မႈအေပၚ သံသယရွိေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ေ၀ဖန္ေျပာဆို

တ႐ုတ္ ၏ COVID-19 ကူးစက္ႏွင့္ ေသဆုံး စာရင္းမ်ား မွန္ကန္တိက်မႈ အေပၚ သံသယရွိေၾကာင္း အေမရိကန္ သမၼတေဒၚနယ္ ထရမ့္ က ဧၿပီ ၁ ရက္ တြင္ ေဝဖန္ေျပာၾကား လိုက္ ပါ တယ္ ။

“သူ တို႔ စာရင္းေတြ ဘယ္ေလာက္ တိက်လဲ က်ဳပ္တို႔ ဘယ္လိုလုပ္သိႏိုင္မလဲ ။ သူတို႔ စာရင္းေတြၾကည့္ရတာ ေလွ်ာ့ေလွ်ာ့ ေပါ့ေပါ့ စာရင္းျပထား သလို ခံစားရတယ္…” ဟု သမၼတထရမ့္ က အိမ္ျဖဴေတာ္ သတင္းစာ ရွင္းလင္းပြဲ တြင္ ေျပာ ပါတယ္ …။

တ႐ုတ္ႏွင့္ ဆက္ဆံေရး ေကာင္းမြန္ေၾကာင္း၊ အထူးသျဖင့္ သမၼတရွီက်င့္ဖ်င္ႏွင့္ ဆက္ဆံေရး အထူးေကာင္းမြန္ေၾကာင္း လည္း သမၼတထရမ့္က ေျပာသည္။ သို႔ေသာ္ ဗိုင္းရပ္စ္ကူးစက္မႈအေရး အေမရိကန္ႏွင့္ တ႐ုတ္ အျပန္အလွန္ျပစ္ တင္ေနျခင္း၊ အေမရိကန္စစ္တပ္က ဗိုင္းရပ္စ္စျဖန႔္သည္ ဟု တ႐ုတ္ျပည္တြင္း ၌ ေကာလာဟလမ်ား ျပန႔္ေနျခင္းတို႔ေၾကာင့္ ႏွစ္ႏိုင္ငံၾကားဆက္ဆံေရး တင္းမာလ်က္ရွိေန ပါတယ္ ။

Photo-Credit

၂၀၁၉ ခုႏွစ္ ႏွစ္ကုန္ပိုင္းက ဝူဟန္ၿမိဳ႕၌ ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားခဲ့ၿပီး ကူးစက္ႏွင့္ ေသဆုံးစာရင္းမ်ားကို တ႐ုတ္က ဖုံးဖိလိမ္လည္ထားခဲ့ေၾကာင္း အေမရိကန္ေထာက္လွမ္းေရးအတြင္းသတင္းရင္းျမစ္ကို ကိုးကား၍ ဘလြမ္းဘာ့ဂ္ သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။ တ႐ုတ္၏ COVID-19 ကူးစက္ႏွင့္ ေသဆုံးစာရင္းမ်ားသည္ ရည္႐ြယ္ခ်က္ရွိရွိ လိမ္လည္ထုတ္ျပန္ထားျခင္းျဖစ္ေၾကာင္း၊ အခ်က္အလက္တုမ်ားျဖစ္ေၾကာင္း ၿပီးခဲ့သည့္ သီတင္းပတ္က အိမ္ျဖဴေတာ္သို႔ေပးပို႔ခဲ့ေသာ ေထာက္လွမ္းေရးအစီရင္ခံစာတြင္ ေဖာ္ျပထားေၾကာင္း ဘလြမ္းဘာ့ဂ္သတင္းက ေဖာ္ျပထားပါတယ္။

ဧၿပီ ၁ ရက္အထိ တ႐ုတ္ႏိုင္ငံတြင္ COVID-19 ကူးစက္သူ ၈၂၃၆၁ ဦး၊ ေသဆုံးသူ ၃၃၁၅ ဦးရွိေၾကာင္း အစိုးရစာရင္းမ်ားအရ သိရသည္။ အေမရိကန္ျပည္ေထာင္စုတြင္ ကူးစက္သူ ၂၀၆ ၂၀၇ ဦး၊ ေသဆုံးသူ ၄ ၅၄၂ ဦး ရွိၿပီး ကမာၻေပၚတြင္ အမ်ားဆုံးျဖစ္ေနပါတယ္။

အေမရိကန္ႏိုင္ငံမွာလည္း စာသင္ေက်ာင္းမ်ား ပိတ္ထားကာ လူစုလူေဝးမ်ား ပိတ္ပင္ထားၿပီး ခရီးသြားလာမႈကန႔္သတ္ကာ လူ မ်ားအား အိမ္တြင္ ေနခိုင္းျခင္း စေသာလူမႈေရး ခပ္ခြာခြာေနထိုင္ ေရး အစီအစဥ္မ်ား ခ်မွတ္ထား ေသာ္လည္း အေမရိကန္တြင္ COVID-19 ဆက္လက္ကူးစက္ ေနစဥ္ လူ ၁၀၀,၀၀၀ ႏွင့္ ၂၄၀,၀၀၀ ၾကား ေသဆုံးႏိုင္သည္ ဟု ဗိုင္းရပ္စ္ကို တိုက္ပြဲဝင္ေန ေသာ ထိပ္တန္းသိပၸံပညာရွင္မ်ား က ေျပာၾကားခဲ့ပါတယ္။ အေမရိကန္တြင္ ထိန္းခ်ဳပ္မႈ မ်ား မလုပ္ေဆာင္ပါက လူ ၂ ဒသမ ၂ သန္းအထိ ေသဆုံးႏိုင္ သည္ဟုလည္း ၎တို႔က သတိ ေပးထားပါတယ္။

Photo-Credit

အေမရိကန္အထက္လႊတ္ေတာ္ ႏိုင္ငံျခားေရးေကာ္မတီအဖြဲ႕ဝင္ ရီပတ္ဘလီကန္အမတ္ မီရွဲမက္ကူးလ္က COVID-19 ႏွင့္ပတ္သက္ၿပီး တ႐ုတ္သည္ ယုံၾကည္ရေသာ မိတ္ဖက္မဟုတ္ဟု ေဝဖန္ခဲ့ပါတယ္။

Unicode

တရုတ် ၏ COVID-19 ကူးစက်နှင့် သေဆုံး စာရင်းများ မှန်ကန်တိကျမှု အပေါ် သံသယရှိကြောင်း အမေရိကန် သမ္မတဒေါ်နယ် ထရမ့် က ဧပြီ ၁ ရက် တွင် ဝေဖန်ပြောကြားလိုက် ပါတယ် ။

“သူ တို့ စာရင်းတွေ ဘယ်လောက် တိကျလဲ ကျုပ်တို့ ဘယ်လိုလုပ်သိနိုင်မလဲ ။ သူတို့ စာရင်းတွေကြည့်ရတာ လျှော့လျှော့ ပေါ့ပေါ့ စာရင်းပြထား သလို ခံစားရတယ်…” ဟု သမ္မတထရမ့် က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ တွင် ပြောပါတယ် …။

တရုတ်နှင့် ဆက်ဆံရေး ကောင်းမွန်ကြောင်း၊ အထူးသဖြင့် သမ္မတရှီကျင့်ဖျင်နှင့် ဆက်ဆံရေး အထူးကောင်းမွန်ကြောင်းလည်း သမ္မတထရမ့်က ပြောသည်။ သို့သော် ဗိုင်းရပ်စ်ကူးစက်မှုအရေး အမေရိကန်နှင့် တရုတ် အပြန်အလှန်ပြစ် တင်နေခြင်း၊ အမေရိကန်စစ်တပ်က ဗိုင်းရပ်စ်စဖြန့်သည်ဟု တရုတ်ပြည်တွင်း၌ ကောလာဟလများ ပြန့်နေခြင်းတို့ကြောင့် နှစ်နိုင်ငံကြားဆက်ဆံရေး တင်းမာလျက်ရှိနေ ပါတယ် ။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက ဝူဟန်မြို့၌ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့ပြီး ကူးစက်နှင့် သေဆုံးစာရင်းများကို တရုတ်က ဖုံးဖိလိမ်လည်ထားခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးအတွင်းသတင်းရင်းမြစ်ကို ကိုးကား၍ ဘလွမ်းဘာ့ဂ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တရုတ်၏ COVID-19 ကူးစက်နှင့် သေဆုံးစာရင်းများသည် ရည်ရွယ်ချက်ရှိရှိ လိမ်လည်ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ အချက်အလက်တုများဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က အိမ်ဖြူတော်သို့ပေးပို့ခဲ့သော ထောက်လှမ်းရေးအစီရင်ခံစာတွင် ဖော်ပြထားကြောင်း ဘလွမ်းဘာ့ဂ်သတင်းက ဖော်ပြထားပါတယ်။

ဧပြီ ၁ ရက်အထိ တရုတ်နိုင်ငံတွင် COVID-19 ကူးစက်သူ ၈၂၃၆၁ ဦး၊ သေဆုံးသူ ၃၃၁၅ ဦးရှိကြောင်း အစိုးရစာရင်းများအရ သိရသည်။ အမေရိကန်ပြည်ထောင်စုတွင် ကူးစက်သူ ၂၀၆ ၂၀၇ ဦး၊ သေဆုံးသူ ၄ ၅၄၂ ဦး ရှိပြီး ကမ္ဘာပေါ်တွင် အများဆုံးဖြစ်နေပါတယ်။

အမေရိကန်နိုင်ငံမှာလည်း စာသင်ကျောင်းများ ပိတ်ထားကာ လူစုလူဝေးများ ပိတ်ပင်ထားပြီး ခရီးသွားလာမှုကန့်သတ်ကာ လူ များအား အိမ်တွင် နေခိုင်းခြင်း စသောလူမှုရေး ခပ်ခွာခွာနေထိုင် ရေး အစီအစဉ်များ ချမှတ်ထား သော်လည်း အမေရိကန်တွင် COVID-19 ဆက်လက်ကူးစက် နေစဉ် လူ ၁၀၀,၀၀၀ နှင့် ၂၄၀,၀၀၀ ကြား သေဆုံးနိုင်သည် ဟု ဗိုင်းရပ်စ်ကို တိုက်ပွဲဝင်နေ သော ထိပ်တန်းသိပ္ပံပညာရှင်များ က ပြောကြားခဲ့ပါတယ်။ အမေရိကန်တွင် ထိန်းချုပ်မှု များ မလုပ်ဆောင်ပါက လူ ၂ ဒသမ ၂ သန်းအထိ သေဆုံးနိုင် သည်ဟုလည်း ၎င်းတို့က သတိ ပေးထားပါတယ်။

အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီအဖွဲ့ဝင် ရီပတ်ဘလီကန်အမတ် မီရှဲမက်ကူးလ်က COVID-19 နှင့်ပတ်သက်ပြီး တရုတ်သည် ယုံကြည်ရသော မိတ်ဖက်မဟုတ်ဟု ဝေဖန်ခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *