ကိုရိုနာဗိုင္းရပ္ပိုး သည္ ကူးစက္ခံထားရသူ စကားေျပာေနရင္း ၊ အသက္ရႉေနရင္း မွ တဆင့္ ကူးစက္ပ်ံ႕ႏွံ႔ႏုိင္ေၾကာင္း ပညာရွင္မ်ားေတြ႕ရွိ

Friday , April 03 , 2020.

ကို႐ိုနာ ဗိုင္းရပ္စ္ပိုး ရွိသူ တစ္ေယာက္ ဟာ ႏွာေခ်၊ေခ်ာင္း ဆိုးလိုက္႐ုံနဲ႔ ဗိုင္းရပ္စ္ပိုးေတြ ပ်ံ႕ႏွံ႔ေစတာမဟုတ္ဘဲ၊ စကားေျပာေနရင္း (ဒါမွမဟုတ္) ပုံမွန္ အသက္ရႉေနရင္းနဲ႔ ကို ေလထဲ ပ်ံ႕ႏွံ႔ေစႏိုင္တယ္ လို႔ သိပၸံပညာရွင္ေတြ က အေမရိကန္ သမၼတ အိမ္ျဖဴေတာ္ထံ စာေရးသားေပး ပို႔ခဲ့ေၾကာင္း အခုလ (၂) ရက္ CNN သတင္းမွာ ေဖာ္ျပထား ပါ တယ္။

အေမရိကန္ အမ်ိဳးသားသိပၸံ အကယ္ဒမီ မွ ေကာ္မတီ တစ္ခု ရဲ႕ ဥကၠဌျဖစ္သူ ေဒါက္တာ Harvey Fineberg ရဲ႕ အိမ္ျဖဴေတာ္ထံ ေရးသားေပးပို႔ တဲ့ စာထဲမွာ အခုလိုေဖာ္ျပထား တာပါ ။

Photo-Credit

ဒီေတြ႕ရွိခ်က္ေၾကာင့္ အေမရိကန္ႏိုင္ငံမွာ ဗိုင္းရပ္စ္ကူးစက္မႈကို ဟန႔္တားဖို႔ Mask ဝယ္ယူအသုံးျပဳတာေတြ မ်ားလာႏိုင္တယ္ လို႔ အိမ္ျဖဴေတာ္ ကို႐ိုနာဗိုင္းရပ္စ္ တားဆီးေရးအဖြဲ႕ဝင္ ေဒါက္တာ Anthony Fauci က CNN သတင္းဌာန ကို ေျပာပါတယ္ ။

အေမရိကန္ေရာဂါဘယ ထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္တားဆီးေရးဌာန (CDC) ကလည္း ကို႐ိုနာဗိုင္းရပ္စ္ဟာ လူတစ္ဦးနဲ႔တစ္ဦး ေျခာက္ေပအတြင္းမွာ ရွိတဲ့အခါ ေရာဂါပိုးရွိသူက ႏွာေခ် ၊ ေခ်ာင္းဆိုးလိုက္မယ္ဆိုရင္ အျခားသူေတြ ကို ကူးစက္ေစႏိုင္တယ္ လို႔ ထုတ္ေဖာ္ေျပာၾကား ထားပါတယ္ ။

(CDC) ရဲ႕ထုတ္ျပန္ခ်က္ဟာ မွန္ကန္ေၾကာင္း၊ လက္ေတြ႕ေလ့လာခ်က္ေတြ အရေတာ့ ေရာဂါပိုးရွိသူဟာ စကားေျပာေနရင္း ( ဒါမွမဟုတ္ ) ပုံမွန္ အသက္ ရႉေနရင္းနဲ႔ကို ေလထဲကို ပိုးေတြပ်ံ႕သြားႏိုင္ေျခ ရွိတယ္လို႔ ေဒါက္တာ Fineberg က CNN သတင္းဌာနကို ေျပာပါတယ္။ ။

RF; CNN

Unicode

Friday , April 03 , 2020.

ကိုရိုနာ ဗိုင်းရပ်စ်ပိုး ရှိသူ တစ်ယောက် ဟာ နှာချေ၊ချောင်း ဆိုးလိုက်ရုံနဲ့ ဗိုင်းရပ်စ်ပိုးတွေ ပျံ့နှံ့စေတာမဟုတ်ဘဲ၊ စကားပြောနေရင်း (ဒါမှမဟုတ်) ပုံမှန် အသက်ရှူနေရင်းနဲ့ ကို လေထဲ ပျံ့နှံ့စေနိုင်တယ် လို့ သိပ္ပံပညာရှင်တွေ က အမေရိကန် သမ္မတ အိမ်ဖြူတော်ထံ စာရေးသားပေး ပို့ခဲ့ကြောင်း အခုလ (၂) ရက် CNN သတင်းမှာ ဖော်ပြထား ပါ တယ်။

အမေရိကန် အမျိုးသားသိပ္ပံ အကယ်ဒမီ မှ ကော်မတီ တစ်ခု ရဲ့ ဥက္ကဌဖြစ်သူ ဒေါက်တာ Harvey Fineberg ရဲ့ အိမ်ဖြူတော်ထံ ရေးသားပေးပို့ တဲ့ စာထဲမှာ အခုလိုဖော်ပြထား တာပါ ။

ဒီတွေ့ရှိချက်ကြောင့် အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားဖို့ Mask ဝယ်ယူအသုံးပြုတာတွေ များလာနိုင်တယ် လို့ အိမ်ဖြူတော် ကိုရိုနာဗိုင်းရပ်စ် တားဆီးရေးအဖွဲ့ဝင် ဒေါက်တာ Anthony Fauci က CNN သတင်းဌာန ကို ပြောပါတယ် ။

အမေရိကန်ရောဂါဘယ ထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (CDC) ကလည်း ကိုရိုနာဗိုင်းရပ်စ်ဟာ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေအတွင်းမှာ ရှိတဲ့အခါ ရောဂါပိုးရှိသူက နှာချေ ၊ ချောင်းဆိုးလိုက်မယ်ဆိုရင် အခြားသူတွေ ကို ကူးစက်စေနိုင်တယ် လို့ ထုတ်ဖော်ပြောကြား ထားပါတယ် ။

(CDC) ရဲ့ထုတ်ပြန်ချက်ဟာ မှန်ကန်ကြောင်း၊ လက်တွေ့လေ့လာချက်တွေ အရတော့ ရောဂါပိုးရှိသူဟာ စကားပြောနေရင်း ( ဒါမှမဟုတ် ) ပုံမှန် အသက် ရှူနေရင်းနဲ့ကို လေထဲကို ပိုးတွေပျံ့သွားနိုင်ခြေ ရှိတယ်လို့ ဒေါက်တာ Fineberg က CNN သတင်းဌာနကို ပြောပါတယ်။ ။

RF; CNN

Add a Comment

Your email address will not be published. Required fields are marked *