ျမန္မာတစ္ႏိုင္ငံလံုးရွိ ရဟန္း ၊ သံဃာေတာ္ ၊ သီလရွင္မ်ားအား သာသနာ့ႏုဂၢဟအသင္း ( ဗဟို ) ဥကၠဌ ၀ဏၰေက်ာ္ထင္ ေဒါက္တာခင္ေရႊ( ေဇကမၻာ ) က ေန႔စဥ္ ဆြမ္း ကပ္ လႈဒါန္းသြားမည္

တစ္ႏိုင္ငံလံုး အႏွံ႔ရွိ သံဃာေတာ္မ်ားႏွင့္ သီလရွင္မ်ားအား သာသနာ့ႏုဂၢဟ အသင္း ( ဗဟို ) ဥကၠဌ ၀ဏၰေက်ာ္ထင္ ေဒါက္တာခင္ေရႊ က ေန႔စဥ္ ဆြမ္း လႈဒါန္းသြား မည္

တကမၻာလံုး အႏွံ႔ ျဖစ္ပြားေနေသာ ကိုရိုနာဗိုင္းရပ္စ္ ( Covid-19 ) ကပ္ေရာဂါေၾကာင့္ ျပည္တြင္းရွိ ရဟန္း ၊ သံဃာ ၊ သာမေဏ ၊ သီလရွင္မ်ား အေနျဖင့္ ဆြမ္း ၊ ကြမ္း အခက္ အခဲမ်ား မရွိေစရန္ အတြက္ ျမန္မာႏိုင္ငံ လံုးဆိုင္ရာ ေထရ၀ါဒ ဗုဒၶဘာသာ အဖြဲ႔ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္း ေဒသ သာသနာ့ႏုဂၢဟ အသင္း ( ဗဟို ) ဥကၠဌ ၀ဏၰေက်ာ္ထင္ ေဒါက္တာခင္ေရႊ ( ေဇကမၻာ ) မိသားစု က ေန႔စဥ္ လႈဒါန္းမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္ ။

“ အခုျဖစ္ေန တဲ့ ဗိုင္းရပ္ မကူးေအာင္ လို႔ တားျမစ္ ကန္႔သတ္မႈေတြ ရွိလာပါတယ္ ၊ ဒါေၾကာင့္လည္း တစ္ႏိုင္ငံလံုးမွာရွိတဲ့ ဆရာေတာ္ေတြ ၊ သာမေဏ ၊ သီလရွင္ေတြ ဆြမ္း ကြမ္း အခက္အခဲ ေျပလည္ေစ ဖို႔ အတြက္ ကပ္ေရာဂါေဘး ကင္းေ၀းခ်ိန္ထိ လႈဒါန္းသြားမွာ ျဖစ္ပါတယ္ ” ဟု ေဒါက္တာခင္ေရႊ က ေျပာသည္။

ေထရ၀ါဒ ဗုဒၶသာသနာေတာ္ အႏွစ္ ၂၅၀၀ မွ အႏွစ္ ၅၀၀၀ တိုင္ေအာင္ တည္တံ့ျပန္႔ ပြားေစရန္ အဘိုးက်ိဳက္ထီးေဆာင္းဆရာေတာ္ ဘုရားႀကီးအား ရည္မွန္း၍ သာသနာ့နုဂၢဟ အသင္း ဗဟိုဥကၠဌ အေနျဖင့္ ေန႔စဥ္ ရဟန္း ၊ သံဃာေတာ္ ၊ သီလရွင္မ်ားအား ေန႔စဥ္တစ္ပါးလွ်င္ က်ပ္တစ္ေထာင္ႏႈန္းျဖင့္ လႈဒါန္းသြားမည္ျဖစ္ေၾကာင္း သိရ သည္။

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အသီးသီးရွိ သာသနာေရးမႈးမ်ားထံမွ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ားႏွင့္ သံဃာေတာ္၊သီလရွင္မ်ား၏ စာရင္းကို ရယူၿပီး နုိင္ငံအႏွံ႔အျပားတြင္ ဖြဲ႔စည္းထားသည့္ သာသနာ့ႏုဂၢဟ အသင္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

Source – ျပည္ျမန္မာ

Unicode

တစ်နိုင်ငံလုံး အနှံ့ရှိ သံဃာတော်များနှင့် သီလရှင်များအား သာသနာ့နုဂ္ဂဟ အသင်း ( ဗဟို ) ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ က နေ့စဉ် ဆွမ်း လှုဒါန်းသွား မည်

တကမ္ဘာလုံး အနှံ့ ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် ( Covid-19 ) ကပ်ရောဂါကြောင့် ပြည်တွင်းရှိ ရဟန်း ၊ သံဃာ ၊ သာမဏေ ၊ သီလရှင်များ အနေဖြင့် ဆွမ်း ၊ ကွမ်း အခက် အခဲများ မရှိစေရန် အတွက် မြန်မာနိုင်ငံ လုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်း ဒေသ သာသနာ့နုဂ္ဂဟ အသင်း ( ဗဟို ) ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ ( ဇေကမ္ဘာ ) မိသားစု က နေ့စဉ် လှုဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည် ။

“ အခုဖြစ်နေ တဲ့ ဗိုင်းရပ် မကူးအောင် လို့ တားမြစ် ကန့်သတ်မှုတွေ ရှိလာပါတယ် ၊ ဒါကြောင့်လည်း တစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာတော်တွေ ၊ သာမဏေ ၊ သီလရှင်တွေ ဆွမ်း ကွမ်း အခက်အခဲ ပြေလည်စေ ဖို့ အတွက် ကပ်ရောဂါဘေး ကင်းဝေးချိန်ထိ လှုဒါန်းသွားမှာ ဖြစ်ပါတယ် ” ဟု ဒေါက်တာခင်ရွှေ က ပြောသည်။

ထေရဝါဒ ဗုဒ္ဓသာသနာတော် အနှစ် ၂၅၀၀ မှ အနှစ် ၅၀၀၀ တိုင်အောင် တည်တံ့ပြန့် ပွားစေရန် အဘိုးကျိုက်ထီးဆောင်းဆရာတော် ဘုရားကြီးအား ရည်မှန်း၍ သာသနာ့နုဂ္ဂဟ အသင်း ဗဟိုဥက္ကဌ အနေဖြင့် နေ့စဉ် ရဟန်း ၊ သံဃာတော် ၊ သီလရှင်များအား နေ့စဉ်တစ်ပါးလျှင် ကျပ်တစ်ထောင်နှုန်းဖြင့် လှုဒါန်းသွားမည်ဖြစ်ကြောင်း သိရ သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ သာသနာရေးမှုးများထံမှ ဘုန်းတော်ကြီး ကျောင်းများနှင့် သံဃာတော်၊သီလရှင်များ၏ စာရင်းကို ရယူပြီး နိုင်ငံအနှံ့အပြားတွင် ဖွဲ့စည်းထားသည့် သာသနာ့နုဂ္ဂဟ အသင်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Source – ပြည်မြန်မာ

Add a Comment

Your email address will not be published. Required fields are marked *