အေမရိကန္တြင္ တစ္ရက္အတြင္း ကူးစက္လူနာ (၁၁၆၉) ဦး ေသဆုံးၿပီး လူေသဆုံးမႈႏႈန္း အျမင့္ဆုံးျဖင့္ ကမၻာ႔စံခ်ိန္တင္

အေမရိ ကန္နိုင္ငံ ၌ Covid-19 ေရာဂါေၾကာင့္ ၂၄ နာရီ အတြင္း (၁၁၆၉) ဦး ေသဆုံးခဲ့ရာ တကမာၻလုံးအ တိုင္းအတာ ကပ္ေရာဂါ စတင္ပ်ံ့ပြားၿပီးေနာက္ပိုင္း တစ္ရက္ အတြင္း လူေသဆုံးမႈႏႈန္း အျမင့္ဆုံးျဖစ္ လာ ခဲ့ သည္ ။

ဧၿပီ လ ၂ ရက္ အထိ ကမာၻတစ္ဝန္း အတည္ျပဳ ထားေသာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေပါင္း တစ္သန္း ေက်ာ္ရွိၿပီး ေသဆုံးသူ ၅၀၀၀၀ ေက်ာ္ အထိ ျမင့္တက္လာ ခဲ့ သည္ ။

Photo-Credit

ဥေရာပတိုက္ မွာ ကိုဗစ္-၁၉ ကပ္ေရာဂါ ကူးစက္ မႈဒဏ္ အမ်ားဆုံးခံခဲ့ရၿပီး အေမရိကန္နိုင္ငံက အဆိုပါကူးစက္ေရာဂါေၾကာင့္ ေန႕စဥ္ ေသဆုံးသူအမ်ားဆုံး တိုင္း ျပည္ျဖစ္လာ ခဲ့ သည္ ။ကမာၻ႔တိုင္းျပည္ထ က္ဝက္ေက်ာ္က ျပည္သူမ်ား အဝင္၊အထြက္ျပဳလုပ္ခြင့္ ပိတ္ပင္ထားေသာ္လည္း ကိုရို နာဗိုင္းရပ္စ္ေၾကာင့္ ေထာင္ခ်ီ ေသာလူ႕အ သက္ မ်ား ေသဆုံးခဲ့ၿပီး အေမရိကန္ ၊ စပိန္ႏွင့္ ၿဗိတိန္ တို ႔မွာ ကမာၻေပၚ တြင္ ေန႕စဥ္ ေသဆုံးသူဦးေရ အမ်ားဆုံးတိုင္းျပည္မ်ား ျဖစ္လာခဲ့ သည္ ။

Photo-Credit

Covid-19 ကပ္ေရာဂါ က ကမာၻ႔စီးပြားေရးအေပၚ ထိခိုက္ေနမႈေၾကာင့္ ၿပီးခဲ့သည့္အပတ္က အလုပ္သမား ၆ ဒသမ ၆၅ သန္းက အလုပ္လက္မဲ့ေထာက္ပံ့ေၾကးမ်ား စံခ်ိန္တင္ ေလ်ာက္ထားခဲ့ေၾကာင္း အေမရိကန္နိုင္ငံက ေၾကညာခဲ့ၿပီး စပိန္နိုင္ငံတြင္လည္း အလုပ္လက္မဲ့ႏႈန္း လစဥ္အျမင့္ဆုံးေရာက္လာခဲ့ေၾကာင္း ထုတ္ျပန္ခဲ့သည္။ကိုဗစ္-၁၉ ကပ္ေရာဂါသည္ လက္ရွိအခ်ိန္တြင္ ကူးစက္လူနာ ၂၄၃၄၅၃ ဦးရွိၿပီး ေသဆုံးသူ ၅၉၂၆ ဦးရွိ သည့္ အေမရိကန္နိုင္ငံ၌ အျမန္ဆန္ဆုံး ပ်ံ့ႏွံ႕လ်က္ရွိေၾကာင္း ဂြၽန္ေဟာ့ကင္းစ္တကၠသိုလ္မွထုတ္ျပန္သည့္ အခ်က္ အလက္မ်ားအရ သိရသည္။

Photo-Credit

ယခင္ တစ္ရက္အတြင္း ကူးစက္လူနာ စံခ်ိန္တင္ေသဆုံးမႈမွာ မတ္လ ၂၇ ရက္က ၉၆၉ ဦး ေသဆုံးခဲ့ရာ အီတလီ နိုင္ငံတြင္ျဖစ္သည္။

ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလအတြင္း တ႐ုတ္နိုင္ငံတြင္ စတင္ျဖစ္ပြားခဲ့သည့္ ကိုဗစ္-၁၉ ေရာဂါက လူ ၁၀၁၃၁၅၇ ဦးကို ကူးစက္ခဲ့ၿပီး ၅၂၉၈၃ ဦး ေသဆုံးခဲ့ေၾကာင္း ဂြၽန္ေဟာ့ကင္းတကၠသိုလ္၏ အခ်က္အလက္မ်ားအ ရ သိရသည္။လူေသဆုံးမႈအရ အဆိုး႐ြားဒဏ္ခံခဲ့ရသည့္ အီတလီနိုင္ငံက ကူးစက္လူနာ ၁၁၅၂၄၂ ဦးရွိၿပီး ေသဆုံး သူ ၁၃၉၁၅ ဦးရွိေၾကာင္း ေၾကညာခဲ့သည္။ စပိန္နိုင္ငံတြင္ ကူးစက္မႈ ၁၁၀၂၃၈ မႈရွိၿပီး ေသဆုံးလူနာ ၁၀၀၀၃ ဦးအ ထိ ျမင့္တက္လာခဲ့သည္။

ကမာၻ႔တိုင္းျပည္အမ်ားစုက ေရာဂါျပင္းထန္ေသာ ကူးစက္မႈမ်ား သို႔မဟုတ္ ေဆး႐ုံတင္ရန္လိုအပ္ေသာ လူနာမ်ားကိုသာ စစ္ေဆးနိုင္ၾကရာ အမွန္တစ္ကယ္ ကူးစက္လူနာအေရအတြက္မွာ ပိုမိုျမင့္မားသည္ဟု ယူဆရ သည္။

Photo-Credit

Unicode

အမေရိကန်နိုင်ငံ ၌ Covid-19 ရောဂါကြောင့် ၂၄ နာရီ အတွင်း (၁၁၆၉) ဦး သေဆုံးခဲ့ရာ တကမ္ဘာလုံးအ တိုင်းအတာ ကပ်ရောဂါ စတင်ပျံ့ပွားပြီးနောက်ပိုင်း တစ်ရက် အတွင်း လူသေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ် လာ ခဲ့သည် ။

ဧပြီ လ ၂ ရက် အထိ ကမ္ဘာတစ်ဝန်း အတည်ပြုထားသော ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း တစ်သန်း ကျော်ရှိပြီး သေဆုံးသူ ၅၀၀၀၀ ကျော်အထိ မြင့်တက်လာ ခဲ့သည်။

ဥရောပတိုက် မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက် မှုဒဏ် အများဆုံးခံခဲ့ရပြီး အမေရိကန်နိုင်ငံက အဆိုပါကူးစက်ရောဂါကြောင့် နေ့စဉ် သေဆုံးသူအများဆုံး တိုင်း ပြည်ဖြစ်လာ ခဲ့သည် ။ကမ္ဘာ့တိုင်းပြည်ထ က်ဝက်ကျော်က ပြည်သူများ အဝင်၊အထွက်ပြုလုပ်ခွင့် ပိတ်ပင်ထားသော်လည်း ကိုရို နာဗိုင်းရပ်စ်ကြောင့် ထောင်ချီ သောလူ့အသက်များ သေဆုံးခဲ့ပြီး အမေရိကန် ၊ စပိန်နှင့် ဗြိတိန်တို့မှာ ကမ္ဘာပေါ် တွင် နေ့စဉ် သေဆုံးသူဦးရေ အများဆုံးတိုင်းပြည်များ ဖြစ်လာခဲ့ သည် ။

Covid-19 ကပ်ရောဂါ က ကမ္ဘာ့စီးပွားရေးအပေါ် ထိခိုက်နေမှုကြောင့် ပြီးခဲ့သည့်အပတ်က အလုပ်သမား ၆ ဒသမ ၆၅ သန်းက အလုပ်လက်မဲ့ထောက်ပံ့ကြေးများ စံချိန်တင် လျောက်ထားခဲ့ကြောင်း အမေရိကန်နိုင်ငံက ကြေညာခဲ့ပြီး စပိန်နိုင်ငံတွင်လည်း အလုပ်လက်မဲ့နှုန်း လစဉ်အမြင့်ဆုံးရောက်လာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ကိုဗစ်-၁၉ ကပ်ရောဂါသည် လက်ရှိအချိန်တွင် ကူးစက်လူနာ ၂၄၃၄၅၃ ဦးရှိပြီး သေဆုံးသူ ၅၉၂၆ ဦးရှိ သည့် အမေရိကန်နိုင်ငံ၌ အမြန်ဆန်ဆုံး ပျံ့နှံ့လျက်ရှိကြောင်း ဂျွန်ဟော့ကင်းစ်တက္ကသိုလ်မှထုတ်ပြန်သည့် အချက် အလက်များအရ သိရသည်။

ယခင် တစ်ရက်အတွင်း ကူးစက်လူနာ စံချိန်တင်သေဆုံးမှုမှာ မတ်လ ၂၇ ရက်က ၉၆၉ ဦး သေဆုံးခဲ့ရာ အီတလီ နိုင်ငံတွင်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ရောဂါက လူ ၁၀၁၃၁၅၇ ဦးကို ကူးစက်ခဲ့ပြီး ၅၂၉၈၃ ဦး သေဆုံးခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များအ ရ သိရသည်။လူသေဆုံးမှုအရ အဆိုးရွားဒဏ်ခံခဲ့ရသည့် အီတလီနိုင်ငံက ကူးစက်လူနာ ၁၁၅၂၄၂ ဦးရှိပြီး သေဆုံး သူ ၁၃၉၁၅ ဦးရှိကြောင်း ကြေညာခဲ့သည်။ စပိန်နိုင်ငံတွင် ကူးစက်မှု ၁၁၀၂၃၈ မှုရှိပြီး သေဆုံးလူနာ ၁၀၀၀၃ ဦးအ ထိ မြင့်တက်လာခဲ့သည်။

ကမ္ဘာ့တိုင်းပြည်အများစုက ရောဂါပြင်းထန်သော ကူးစက်မှုများ သို့မဟုတ် ဆေးရုံတင်ရန်လိုအပ်သော လူနာများကိုသာ စစ်ဆေးနိုင်ကြရာ အမှန်တစ်ကယ် ကူးစက်လူနာအရေအတွက်မှာ ပိုမိုမြင့်မားသည်ဟု ယူဆရ သည်။

Add a Comment

Your email address will not be published. Required fields are marked *