ကိုရိုနာဗိုင္းရပ္စ္ ေၾကာင့္ ရန္ကုန္ေဆး႐ုံႀကီး အထူးကု ျပင္ပလူနာဌာန ေရာေျပာင္းေ႐ႊ႕ ၊ လႊဲစာမပါရင္ ကုသေပးေတာ့မည္မဟုတ္

COVID-၁၉ ကို႐ိုနာ ဗိုင္းရပ္စ္ ေရာဂါ ကူးစက္မႈကေန ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးရဲ႕ အထူးကု ျပင္ပလူနာဌာနေတြကို လာမယ့္ ဧၿပီ ၆ ရက္ေန႔ ကစၿပီး ဗိုလ္ခ်ဳပ္ေအာင္ ဆန္းလမ္း ၊ လသာ (၂ ) ေက်ာင္းဝန္းအတြင္း ( ေဆး႐ုံႀကီးရဲ႕မ်က္ႏွာခ်င္းဆိုင္ဘက္အျခမ္း)ကို ေျပာင္းေ႐ႊ႕ကုသေပးသြားမယ္ လို႔ ရန္ကုန္ေဆး႐ုံႀကီး က ေၾကညာထား ပါ တယ္ ။

Photo-Credit

ဒါအျပင္ အဆိုပါ အထူး ကုျပင္ပလူနာဌာနေတြ အလိုက္ လူဦးေရ အကန႔္အသတ္ျဖင့္သာ ၾကည့္ရႈကုသေပး မွာျဖစ္ၿပီး သက္ဆိုင္ရာနယ္ေျမေဆး႐ုံအလိုက္ လႊဲစာ မပါတဲ့ လူနာေတြဟာ ျပသခြင့္ရမွာမဟုတ္ဘူးလို႔ လည္း ရန္ကုန္ေဆး႐ုံႀကီးကေန သတင္းထုတ္ျပန္ထား ပါတယ္ ။

‘ ‘ ဒါကေတာ့ ျပင္ပလူနာဌာနကေန ဖ်ားနာေခ်ာင္းဆိုး ကိုဗစ္ျဖစ္ႏိုင္တဲ့သူေတြကို သက္သက္ ကုႏိုင္ေအာင္ ခြဲထုတ္လိုက္တာလို႔ျမင္တယ္၊ ျပင္ပလူနာဌာနမွာလည္း သက္ဆိုင္ရာ အထူးျပဳအလိုက္ ဌာနေတြရွိေတာ့ အဲဒီေနရာေတြမွာ လူေတြပုံေနလို႔ရွိေတာ့ ဒါေတြမပုံေအာင္ သက္ဆိုင္ရာ ေဒသႏၲရေဆးခန္ းဒါမွမဟုတ္ ဆရာဝန္ေတြကေန အထူးကုအလိုက္ျပသင့္တယ္ဆိုတဲ့လႊဲစာမပါရင္ မကုေပးေတာ့ဘူးဆိုတဲ့သေဘာ ေပါ့’’လို႔ ျပင္ပလူနာဌာနေတြ ကို ေနရာေ႐ႊ႕ေျပာင္းတဲ့အေပၚ အေထြေထြေရာဂါကုဆရာဝန္ ေဒါက္တာျမင့္ဦးက မွတ္ခ်က္ျပဳပါတယ္။

Photo-Credit

ျမန္မာႏိုင္ငံမွာ ကိုဗစ္ -၁၉ ပိုးေတြ႕လူနာ အမွတ္ ၁၆ဟာ ေျမာက္ဥကၠလာပေဆး႐ုံႀကီး ဖ်ားနာေဆာင္မွာ တက္ေရာက္ကုသခဲ့ၿပီးေနာက္ က်န္းမာေရးဝန္ထမ္း ၁၀ ဦးေက်ာ္အထိ ထိေတြ႕မႈရွိၿပီး ၁၄ ရက္ေစာင့္ၾကည့္မႈခံယူရၿပီးေနာက္ ရန္ကုန္ေဆး႐ုံႀကီး ျပင္ပလူနာဌာနကို ေနရာေ႐ႊ႕ေျပာင္းဖို႔ ထုတ္ျပန္လာခဲ့တာျဖစ္ပါတယ္။

ဘီဘီစီ

Unicode

COVID-၁၉ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကူးစက်မှုကနေ ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အထူးကု ပြင်ပလူနာဌာနတွေကို လာမယ့် ဧပြီ ၆ ရက်နေ့ ကစပြီး ဗိုလ်ချုပ်အောင် ဆန်းလမ်း ၊ လသာ (၂ ) ကျောင်းဝန်းအတွင်း ( ဆေးရုံကြီးရဲ့မျက်နှာချင်းဆိုင်ဘက်အခြမ်း)ကို ပြောင်းရွှေ့ကုသပေးသွားမယ် လို့ ရန်ကုန်ဆေးရုံကြီး က ကြေညာထား ပါ တယ် ။

ဒါအပြင် အဆိုပါ အထူး ကုပြင်ပလူနာဌာနတွေ အလိုက် လူဦးရေ အကန့်အသတ်ဖြင့်သာ ကြည့်ရှုကုသပေး မှာဖြစ်ပြီး သက်ဆိုင်ရာနယ်မြေဆေးရုံအလိုက် လွှဲစာ မပါတဲ့ လူနာတွေဟာ ပြသခွင့်ရမှာမဟုတ်ဘူးလို့ လည်း ရန်ကုန်ဆေးရုံကြီးကနေ သတင်းထုတ်ပြန်ထား ပါတယ် ။

‘ ‘ ဒါကတော့ ပြင်ပလူနာဌာနကနေ ဖျားနာချောင်းဆိုး ကိုဗစ်ဖြစ်နိုင်တဲ့သူတွေကို သက်သက် ကုနိုင်အောင် ခွဲထုတ်လိုက်တာလို့မြင်တယ်၊ ပြင်ပလူနာဌာနမှာလည်း သက်ဆိုင်ရာ အထူးပြုအလိုက် ဌာနတွေရှိတော့ အဲဒီနေရာတွေမှာ လူတွေပုံနေလို့ရှိတော့ ဒါတွေမပုံအောင် သက်ဆိုင်ရာ ဒေသန္တရဆေးခန် းဒါမှမဟုတ် ဆရာဝန်တွေကနေ အထူးကုအလိုက်ပြသင့်တယ်ဆိုတဲ့လွှဲစာမပါရင် မကုပေးတော့ဘူးဆိုတဲ့သဘော ပေါ့’’လို့ ပြင်ပလူနာဌာနတွေ ကို နေရာရွှေ့ပြောင်းတဲ့အပေါ် အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမြင့်ဦးက မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် -၁၉ ပိုးတွေ့လူနာ အမှတ် ၁၆ဟာ မြောက်ဥက္ကလာပဆေးရုံကြီး ဖျားနာဆောင်မှာ တက်ရောက်ကုသခဲ့ပြီးနောက် ကျန်းမာရေးဝန်ထမ်း ၁၀ ဦးကျော်အထိ ထိတွေ့မှုရှိပြီး ၁၄ ရက်စောင့်ကြည့်မှုခံယူရပြီးနောက် ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာနကို နေရာရွှေ့ပြောင်းဖို့ ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။

ဘီဘီစီ

Add a Comment

Your email address will not be published. Required fields are marked *