ကိုရိုနာဗိုင္းရပ္စ္ ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ ပတ္သက္ ၍ သတင္းထုတ္ျပန္ျခင္း (၃-၄-၂၀၂၀) ရက္ေန႕၊ ည (၈:၀၀) နာရီ

၁။ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာန သည္ ကမာၻ႔နိုင္ငံ မ်ား တြင္ ကူးစက္ ပ်ံ့ႏွံ႕လ်က္ရွိသည့္ COVID-19 ေရာဂါ ျဖစ္ပြားမႈႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း၊ ေရာဂါ ရွာေဖြ၍ ထိေရာက္စြာ ကုသမႈေပးျခင္း၊ ေရာဂါပိုးေတြ႕ရွိ သူမ်ားႏွင့္ ထိေတြ႕မႈရွိခဲ့သူမ်ားအား ရွာေဖြ ေဖာ္ထုတ္၍ အသြားအလာ ကန႔္သတ္ျခင္း၊ လိုအပ္ပါက ေဆး႐ုံတက္ေရာက္ကုသမႈ ခံယူနိုင္ေစေရး ေဆာင္႐ြက္ ျခင္း ၊ ျပည္ပနိုင္ငံမ်ား မွ ျပန္လည္ ဝင္ေရာက္လာသူမ်ားအား သက္ဆိုင္ရာ ေဒသအာဏာပိုင္အဖြဲ႕မ်ား၊ အျခားဌာနဆိုင္ရာမ်ားႏွင့္ ခ်ိတ္ဆက္၍သတင္းရယူျခင္း၊ အသြားအလာ ကန႔္သတ္ျခင္း လုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း၊ COVID-19 ေရာဂါႏွင့္ပတ္သက္ ၍ ျပည္သူလူထု မွ သတင္း မွန္မ်ား ရရွိနိုင္ေရး အတြက္ ေန႕စဥ္ သတင္း ထုတ္ျပန္ျခင္း လုပ္ငန္းမ်ားအား အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္လ်က္ရွိပါ သည္။

၂။ (၂-၄-၂၀၂၀) ရက္ေန႕၊ ညေန (၆) နာရီမွ (၃-၄-၂၀၂၀) ရက္ေန႕၊ ညေန (၆) နာရီအထိ ေစာင့္ၾကည့္လူနာအသစ္ (၄၆) ဦး ရွိပါသည္။

၃။ အမ်ိဳးသား က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ (၃-၄-၂၀၂၀) ရက္ေန႕ ဓာတ္ခြဲစစ္ေဆးမႈ အေျဖမ်ားအရ ေစာင့္ၾကည့္လူနာႏွင့္ ေဆး႐ုံ (သို႔မဟုတ္) အိမ္တြင္ အသြားအလာ ကန့္သတ္ ၍ ေစာင့္ၾကပ္ၾကည့္ရႈမႈ ခံယူေနသူ (၅၅) ဦး၏ ဓာတ္ခြဲ နမူနာမ်ားအား စစ္ေဆးခဲ့ရာ အားလုံး ၏ ဓာတ္ခြဲအေျဖမ်ား တြင္ COVID-19 ေရာဂါပိုး မရွိေၾကာင္း (မရွိေၾကာင္း) ေတြ႕ရွိရ ပါသည္ ။

၄။ COVID-19 ေရာဂါ ဓာတ္ခြဲ အတည္ျပဳလူနာ (၁၉) ဦးအနက္ ခ်င္းျပည္နယ္၊ တီးတိန္ျပည္သူ႕ ေဆး႐ုံတြင္ လူနာ (၁) ဦး၊ ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ လူနာ (၉) ဦး ႏွင့္ မႏၲေလး ၿမိဳ႕၊ ကန္ေတာ္နဒီေဆး႐ုံတြင္ လူနာ (၁) ဦး၊ ေနျပည္ေတာ္ျပည္သူ႕ေဆး႐ုံႀကီးတြင္ လူနာ (၁) ဦး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ျပည္သူ႕ေဆး႐ုံႀကီး၊ လားရွိုးၿမိဳ႕တြင္ ေက်ာက္မဲၿမိဳ႕ ျပည္သူ႕ေဆး႐ုံမွ ေျပာင္းေ႐ႊ႕လူနာ (၁) ဦး၊ ပဲခူးတိုင္းေဒသႀကီး၊ ျပည္သူ႕ေဆး႐ုံႀကီး၊ ျပည္ၿမိဳ႕တြင္ ျပည္သူ႕ေဆး႐ုံ၊ ေပါက္ေခါင္းၿမိဳ႕မွ ေျပာင္းေ႐ႊ႕လူနာ (၄) ဦး၊ စုစုေပါင္း (၁၇) ဦးတို႔၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္လ်က္ရွိပါသည္။ ေဝဘာဂီအထူးကုေဆး႐ုံႀကီးရွိ လူနာ (၂) ဦးအား အထူးၾကပ္မတ္ခန္း၌ သီးျခားထားရွိေဆးကုသမႈ ေပးလ်က္ရွိပါသည္။

၅။ ယခုအခါ (၂၃-၃-၂၀၂၀) ရက္ေန႕မွ (၃-၄-၂၀၂၀) ရက္ေန႕အထိ ျမန္မာနိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၂၀) ဦး ေတြ႕ရွိလာရၿပီျဖစ္ပါသည္။ သို႔ျဖစ္ပါ၍ ျပည္သူမ်ား အေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ ေရးဆိုင္ရာ က်န္းမာေရးပညာေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာ ေဆာင္႐ြက္ျခင္းျဖင့္ မိမိသာမက မိမိ၏ မိသားစုႏွင့္ပတ္ဝန္းက်င္မွ လူမ်ားအတြက္ပါ ေရာဂါကူးစက္မႈမရွိေစေရး ပူးေပါင္း ေဆာင္႐ြက္ ေပးနိုင္ၾကပါရန္ ႏွိုးေဆာ္အပ္ပါသည္။ Source;Ministry of Health and Sports, Myanmar

Unicode

၁။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန သည် ကမ္ဘာ့နိုင်ငံ များ တွင် ကူးစက် ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါ ရှာဖွေ၍ ထိရောက်စွာ ကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိ သူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေ ဖော်ထုတ်၍ အသွားအလာ ကန့်သတ်ခြင်း၊ လိုအပ်ပါက ဆေးရုံတက်ရောက်ကုသမှု ခံယူနိုင်စေရေး ဆောင်ရွက် ခြင်း ၊ ပြည်ပနိုင်ငံများ မှ ပြန်လည် ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍သတင်းရယူခြင်း၊ အသွားအလာ ကန့်သတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက် ၍ ပြည်သူလူထု မှ သတင်း မှန်များ ရရှိနိုင်ရေး အတွက် နေ့စဉ် သတင်း ထုတ်ပြန်ခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါ သည်။

၂။ (၂-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၃-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၆) ဦး ရှိပါသည်။

၃။ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃-၄-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှု အဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံ (သို့မဟုတ်) အိမ်တွင် အသွားအလာ ကန့်သတ် ၍ စောင့်ကြပ်ကြည့်ရှုမှု ခံယူနေသူ (၅၅) ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ရာ အားလုံး ၏ ဓာတ်ခွဲအဖြေများ တွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရ ပါသည် ။

၄။ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၉) ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၉) ဦး နှင့် မန္တလေး မြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့တွင် ပြည်သူ့ဆေးရုံ၊ ပေါက်ခေါင်းမြို့မှ ပြောင်းရွှေ့လူနာ (၄) ဦး၊ စုစုပေါင်း (၁၇) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိဆေးကုသမှု ပေးလျက်ရှိပါသည်။

၅။ ယခုအခါ (၂၃-၃-၂၀၂၀) ရက်နေ့မှ (၃-၄-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၀) ဦး တွေ့ရှိလာရပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ် ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏ မိသားစုနှင့်ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်း ဆောင်ရွက် ပေးနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။ Source;Ministry of Health and Sports, Myanmar

Add a Comment

Your email address will not be published. Required fields are marked *