နာမည်ကြီး နေတဲ့ ဂျပန်က Nafamostat ဆေး ဟာ ကိုဗစ်ကာကွယ်ကုသဆေးအဖြစ် WHO တရားဝင်မထုတ်ပြန်သေး၊ ဆေးတွေ့ပြီလို့ပြောပြီးထထဖွ တိုင်းမယုံကြပါနဲ့..
Photo-Credit
Richard Myo Thant
3-April-2029
Unicode
ဂျပန်က Nafamostat ဆေးကို COVID-19 အတွက် ဖြစ်နိုင်ခြေတစ်ခုအဖြစ်စမ်းပါမယ်။ ကာကွယ်ကုသဆေးအဖြစ်လုံးဝ အသိအမှတ်ပြုမထားရသေးပါဘူး။ ဆေးတွေ့ပြီလို့ပြောပြီးထထဖွတိုင်းမယုံကြပါနဲ့။ အဲ့လိုဖွတဲ့ လူတွေကို သတိထားပါ။ တကယ့်ကာကွယ်ဆေးရော ကုသဆေးရောတွေ့ပြီ ဆိုရင် WHO က တရားဝင် ကြေညာပေးပါလိမ့်မယ်။
ကျနော်သိသလောက် အဲ့ဒီဆေးက HCl ဆားကနေ ထုတ်ထားတာ။ ကျောက်ကပ်နဲ့ သရက်ရွက်အတွက် သွေးကျဲဆေးအဖြစ်သုံးနေတာပါ။ သွေးမခဲအောင်သုံးတာ။
အဲ့မှာဗျာ anaphylaxis ဆိုတဲ့ ဓာတ်မတည့်မှု ဖြစ်ပြီး #သေတတ်တယ်ဗျာ။ တမိနစ်အတွင်း ထဖြစ်တတ်သလို နာရီနဲ့ကြာမှ လည်းဖြစ်တတ်တယ်။
တကိုယ်လုံးယားမယ်။ လျှာတွေထူမယ်။ လည်ချောင်းတွေယား၊ အသက်ရှုကျပ်မယ်။ အန်မယ်။ သွေးပေါင်တွေကျမယ်။
COVID-19 ကမှ သေနှုန်းနည်းသေးတာ သတိထား။
ဒီလိုရှိတယ်ဗျ။ အခုဆေး company တွေ အတော် စားသာတယ်။ COVID-19 အတွက် ဖြစ်နိုင်ခြေဆေး သူတို့မှာ ရှိတယ်လို့ ပြောလိုက်တာနဲ့ နေ့မကူးဘူး company share ရှယ်ယာတွေ ဈေးခုန်တက်သွားတာပဲ။
နောက်နောင် ကူးစက်ရောဂါအတွက် research သုသေသနတွေ အကုန်လုံး ဖိလုပ်ကြမှာ မြင်ယောင်နေတယ်။
အခုပဲကြည့်လေ အဲ့ဆေးထုတ်တဲ့ Nichi-iko company ရဲ့ ရှယ်ယာတွေ 15% ခုန်တက်သွားတယ်။
ဒီ COVID-19 မှာ သူဌေးဖြစ်တဲ့သူတွေ အများကြီးပဲ။ တရုတ်သူဌေးကြီး Li Xiting ဆို အမေရိကန်ဒေါ်လာ 9 ဘီလီယံကနေ ချက်ခြင်း 3.5 ဘီလီယံ ထပ်ချမ်းသာပြီး 12.5 ဘီလီယံ ချမ်းသာသွားတယ်။
သူ့ company က ventilator ထုတ်တာလေ။
ကျနော်တို့က ဘာမှ မထုတ်နိုင်တော့ အရေးဆို ဘာမှမတတ်နိုင်ဘူး။ သူများပဲမျှော်ရတာ။
နောက်ကိုညီညွတ်ကြကြိုးစားကြ ပေါ့ဗျာ။
Richard Myo Thant
3-April-2029
Add a Comment
Your email address will not be published. Required fields are marked *