ျမစ္ႀကီးနားၿမိဳ႕ က ကိုရိုနာဗိုင္းရပ္စ္ အသိပညာေပး ပန္ခ်ီဆြဲသူ ( ၃ ) ဦး အား ဘာသာေရးကို ထိခိုက္ေစဟု ဆိုကာ အမႈဖြင့္အေရးယူ

ကခ်င္ျပည္နယ္ ၊ ျမစ္ႀကီးနားၿမိဳ႕ တြင္ COVID-19 ကိုရိုနာ ဗို္င္းရပ္စ္ ေရာဂါ အသိပညာေပးသည္ဟု ဆိုကာ ရဟန္း အသြင္ျဖင့္ ေသမင္း သ႑ာန္ ပန္းခ်ီေရးဆြဲသူ အမ်ိဳးသားႏွစ္ဦးႏွင့္ အမ်ိဳးသမီး တစ္ဦး တို႔အား ယေန႕ ဧၿပီ ၃ ရက္ေန႔မွာ အမႈဖြင့္အေရး ယူခဲ့ေၾကာင္း သိရသည္ ။

P-crd

ျဖစ္စဥ္မွာ ျမစ္ႀကီးနားၿမိဳ႕၊ ေအာင္နန္းရပ္ကြက္၊ နယ္ေျမ(၃)၊ ျမစ္ႀကီးနား ဘူတာ တိုက္တန္းရွိ MK မိုဘိုင္း ဖုန္းအေရာင္းဆိုင္ ၏ တိုက္နံရံတြင္ COVID-19 ေရာဂါ အသိပညာေပးပန္းခ်ီေရး ဆြဲျခင္းေခါင္းစဥ္ျဖင့္ ဗုဒၶဘာသာရဟန္း အသြင္ျဖင့္ ခႏၶာကိုယ္ တြင္ အ႐ိုးေျခာက္ဦးေခါင္းတပ္ဆင္ထားသည့္ ေသမင္းသ႑ာန္ ေရးဆြဲထားခဲ့ရာ အဆိုပါေရးဆြဲထားမႈႏွင့္ ပတ္သက္၍ ပုံေရး ဆြဲထားသူမ်ားျဖစ္သည့္ ေနာ္ထြန္းေအာင္( ၂၈ )ႏွစ္ (ကခ်င္ ေဒသႏၲရသုေတသနအဖြဲ႕-ဒါ႐ိုက္တာ)၊ လယ္ကုန္းရပ္ကြက္၊ ျမစ္ႀကီးနားၿမိဳ႕၊ ေဇယ်ာေႏွာင္း(၃၀)ႏွစ္၊ စီတာပူရပ္ကြက္၊ျမစ္ ႀကီးနားၿမိဳ႕ေနသူႏွင့္ မဂ်ာဆိုင္း (၃၁)ႏွစ္ ၊ ယုဇနရပ္ကြက္ ၊ ျမစ္ႀကီးနားၿမိဳ႕ေနသူတို႔အား ဧၿပီ ၃ ရက္ ေန႔လည္ ၁၁ နာရီက သက္ဆိုင္ရာမွ ေခၚယူေမးျမန္းရာ ၎တို႔ေရးဆြဲထားသည္ မွာ မွန္ကန္ေၾကာင္းႏွင့္ မိမိတို႔တာဝန္ယူေၾကာင္း ေျပာဆိုခဲ့သည္ ။

P-crd

ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ဗုဒၶဘာသာဝင္မ်ား၏ကိုးကြယ္ရာျဖစ္ ေသာ ဗုဒၶသာသနာေတာ္အား တမင္ညႇိဳးႏြမ္းေအာင္ ျပဳလုပ္႐ုံသာမက လက္ရွိျဖစ္ပြားေနသည့္ COVID-19 ေရာဂါအား ဗုဒၶ ဘာသာ ဘုန္းေတာ္ႀကီးမ်ားက ျဖန္႔ေဝေနသည့္ သေဘာ သက္ေရာက္ျခင္းေၾကာင့္ ျပည္နယ္သာသနာေရးမႉး႐ုံးမွ ဒုတိယ ၫႊန္ၾကားေရးမႉး ဦးထြန္းျမင့္ေအာင္ က အေရးယူေပးပါရန္ ၿမိဳ႕နယ္တရား႐ုံးသို႔ ဦးတိုက္ေလွ်ာက္ထားခဲ့ရာ ညေန ၃ နာရီ ၂၀ မိနစ္တြင္ တြဲဘက္တရားသူႀကီး-၂ ဦးဂြန္ဆန္က ရာဇသတ္ ႀကီးအမွတ္ ၃၄၁/၂၀၂၀ ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

P-crd

သတင္း/ဓါတ္ပုံ – ဗန္ေမာ္ပြင့္သစ္

Unicode

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ တွင် COVID-19 ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ အသိပညာပေးသည်ဟု ဆိုကာ ရဟန်း အသွင်ဖြင့် သေမင်း သဏ္ဍာန် ပန်းချီရေးဆွဲသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တစ်ဦး တို့အား ယနေ့ ဧပြီ ၃ ရက်နေ့မှာ အမှုဖွင့်အရေး ယူခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ နယ်မြေ(၃)၊ မြစ်ကြီးနား ဘူတာ တိုက်တန်းရှိ MK မိုဘိုင်း ဖုန်းအရောင်းဆိုင် ၏ တိုက်နံရံတွင် COVID-19 ရောဂါ အသိပညာပေးပန်းချီရေး ဆွဲခြင်းခေါင်းစဉ်ဖြင့် ဗုဒ္ဓဘာသာရဟန်း အသွင်ဖြင့် ခန္ဓာကိုယ် တွင် အရိုးခြောက်ဦးခေါင်းတပ်ဆင်ထားသည့် သေမင်းသဏ္ဍာန် ရေးဆွဲထားခဲ့ရာ အဆိုပါရေးဆွဲထားမှုနှင့် ပတ်သက်၍ ပုံရေး ဆွဲထားသူများဖြစ်သည့် နော်ထွန်းအောင်( ၂၈ )နှစ် (ကချင် ဒေသန္တရသုတေသနအဖွဲ့-ဒါရိုက်တာ)၊ လယ်ကုန်းရပ်ကွက်၊ မြစ်ကြီးနားမြို့၊ ဇေယျာနှောင်း(၃၀)နှစ်၊ စီတာပူရပ်ကွက်၊မြစ် ကြီးနားမြို့နေသူနှင့် မဂျာဆိုင်း (၃၁)နှစ် ၊ ယုဇနရပ်ကွက် ၊ မြစ်ကြီးနားမြို့နေသူတို့အား ဧပြီ ၃ ရက် နေ့လည် ၁၁ နာရီက သက်ဆိုင်ရာမှ ခေါ်ယူမေးမြန်းရာ ၎င်းတို့ရေးဆွဲထားသည် မှာ မှန်ကန်ကြောင်းနှင့် မိမိတို့တာဝန်ယူကြောင်း ပြောဆိုခဲ့သည် ။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်များ၏ကိုးကွယ်ရာဖြစ် သော ဗုဒ္ဓသာသနာတော်အား တမင်ညှိုးနွမ်းအောင် ပြုလုပ်ရုံသာမက လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါအား ဗုဒ္ဓ ဘာသာ ဘုန်းတော်ကြီးများက ဖြန့်ဝေနေသည့် သဘော သက်ရောက်ခြင်းကြောင့် ပြည်နယ်သာသနာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင် က အရေးယူပေးပါရန် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ ညနေ ၃ နာရီ ၂၀ မိနစ်တွင် တွဲဘက်တရားသူကြီး-၂ ဦးဂွန်ဆန်က ရာဇသတ် ကြီးအမှတ် ၃၄၁/၂၀၂၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း/ဓါတ်ပုံ – ဗန်မော်ပွင့်သစ်

Add a Comment

Your email address will not be published. Required fields are marked *