ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ အတည္ျပဳလူနာ ( ၁၆ ) ၏ သားထံတြင္ ပုိးမေတြ႕ရွိရ ၍ လူနာထိေတြ႕မႈ ကြင္းဆက္ျပတ္

ယေန႔ (၃-၄-၂၀၂၀) ရက္ေန႔ တြင္ ကုိရုိနာ ဗုိင္းရပ္စ္ ကူးစက္မႈ လူနာ အသစ္ ထပ္မံ မေတြ႕ရွိရပါ ။ သုိ႔ေသာ္ လူနာနံပါတ္ ( ၁၆ ) ၏ ဒူဘုိင္းျပန္ သားထံတြင္ ကုိရုိနာဗုိင္းရပ္စ္ မေတြ႕ရွိရေ သာေၾကာင့္ လူနာနံပါတ္ (၁၆) မူလ ကူးစက္မႈ ကုိ ေျခရာခံရန္ မျဖစ္ႏိုင္ေတာ့ေပ ။ ျပည္တြင္း ကူးစက္မႈမ်ား အမ်ားအျပား ျဖစ္ပြားေနႏုိင္ပါသည္။ က်န္းမာေရး ဝန္ႀကီးဌာန ၏ ထုတ္ျပန္ေသာ ေၾကညာခ်က္ အျပည့္အစံု ကုိ ဆက္လက္ ေဖာ္ျပထား ပါသည္-

COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း
(၃-၄-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ ကမာၻ႔ႏိုင္ငံမ်ားတြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိသည့္ COVID-19 ေရာဂါ ျဖစ္ပြားမႈႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း၊ ေရာဂါ ရွာေဖြ၍ ထိေရာက္စြာကုသမႈေပးျခင္း၊ ေရာဂါပိုးေတြ႕ရွိသူမ်ားႏွင့္ ထိေတြ႕မႈရွိခဲ့သူမ်ားအား ရွာေဖြ ေဖာ္ထုတ္၍ အသြားအလာကန႔္သတ္ျခင္း၊ လိုအပ္ပါက ေဆး႐ုံတက္ေရာက္ကုသမႈ ခံယူႏိုင္ေစေရး ေဆာင္႐ြက္ ျခင္း၊ ျပည္ပႏိုင္ငံမ်ားမွ ျပန္လည္ဝင္ေရာက္လာသူမ်ားအား သက္ဆိုင္ရာ ေဒသအာဏာပိုင္အဖြဲ႕မ်ား၊ အျခားဌာနဆိုင္ရာမ်ားႏွင့္ ခ်ိတ္ဆက္၍သတင္းရယူျခင္း၊ အသြားအလာ ကန႔္သတ္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္း၊ COVID-19 ေရာဂါႏွင့္ပတ္သက္၍ ျပည္သူလူထုမွ သတင္းမွန္မ်ား ရရွိႏိုင္ေရး အတြက္ ေန႔စဥ္သတင္းထုတ္ျပန္ျခင္း လုပ္ငန္းမ်ားအား အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္လ်က္ရွိပါ သည္။

၂။ (၂-၄-၂၀၂၀) ရက္ေန႔၊ ညေန (၆) နာရီမွ (၃-၄-၂၀၂၀) ရက္ေန႔၊ ညေန (၆) နာရီအထိ ေစာင့္ၾကည့္လူနာအသစ္ (၄၆) ဦး ရွိပါသည္။

၃။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ (၃-၄-၂၀၂၀) ရက္ေန႔ ဓာတ္ခြဲစစ္ေဆးမႈအေျဖမ်ားအရ ေစာင့္ၾကည့္လူနာႏွင့္ ေဆး႐ုံ (သို႔မဟုတ္) အိမ္တြင္ အသြားအလာကန္႔သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈမႈခံယူေနသူ (၅၅) ဦး၏ ဓာတ္ခြဲနမူနာမ်ားအား စစ္ေဆးခဲ့ရာ အားလုံး၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ေရာဂါပိုး မရွိေၾကာင္း (မရွိေၾကာင္း) ေတြ႕ရွိရပါသည္။

၄။ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၁၉) ဦးအနက္ ခ်င္းျပည္နယ္၊ တီးတိန္ျပည္သူ႔ ေဆး႐ုံတြင္ လူနာ (၁) ဦး၊ ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ လူနာ (၉) ဦး ႏွင့္ မႏၲေလး ၿမိဳ႕၊ ကန္ေတာ္နဒီေဆး႐ုံတြင္ လူနာ (၁) ဦး၊ ေနျပည္ေတာ္ျပည္သူ႔ေဆး႐ုံႀကီးတြင္ လူနာ (၁) ဦး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ျပည္သူ႔ေဆး႐ုံႀကီး၊ လားရႈိးၿမိဳ႕တြင္ ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွ ေျပာင္းေ႐ႊ႕လူနာ (၁) ဦး၊ ပဲခူးတိုင္းေဒသႀကီး၊ ျပည္သူ႔ေဆး႐ုံႀကီး၊ ျပည္ၿမိဳ႕တြင္ ျပည္သူ႔ေဆး႐ုံ၊ ေပါက္ေခါင္းၿမိဳ႕မွ ေျပာင္းေ႐ႊ႕လူနာ (၄) ဦး၊ စုစုေပါင္း (၁၇) ဦးတို႔၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္လ်က္ရွိပါသည္။ ေဝဘာဂီအထူးကုေဆး႐ုံႀကီးရွိ လူနာ (၂) ဦးအား အထူးၾကပ္မတ္ခန္း၌ သီးျခားထားရွိေဆးကုသမႈ ေပးလ်က္ရွိပါသည္။

၅။ ယခုအခါ (၂၃-၃-၂၀၂၀) ရက္ေန႔မွ (၃-၄-၂၀၂၀) ရက္ေန႔အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၂၀) ဦး ေတြ႕ရွိလာရၿပီျဖစ္ပါသည္။ သို႔ျဖစ္ပါ၍ ျပည္သူမ်ား အေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ ေရးဆိုင္ရာ က်န္းမာေရးပညာေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာ ေဆာင္႐ြက္ျခင္းျဖင့္ မိမိသာမက မိမိ၏ မိသားစုႏွင့္ပတ္ဝန္းက်င္မွ လူမ်ားအတြက္ပါ ေရာဂါကူးစက္မႈမရွိေစေရး ပူးေပါင္း ေဆာင္႐ြက္ ေပးႏိုင္ၾကပါရန္ ႏႈိးေဆာ္အပ္ပါသည္။

MOHS

Unicode

ယနေ့ (၃-၄-၂၀၂၀) ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လူနာအသစ် ထပ်မံ မတွေ့ရှိရပါ။ သို့သော် လူနာနံပါတ် (၁၆) ၏ ဒူဘိုင်းပြန် သားထံတွင် ကိုရိုနာဗိုင်းရပ်စ် မတွေ့ရှိရသောကြောင့် လူနာနံပါတ် (၁၆) မူလ ကူးစက်မှုကို ခြေရာခံရန် မဖြစ်နိုင်တော့ပေ။ ပြည်တွင်း ကူးစက်မှုများ အများအပြား ဖြစ်ပွားနေနိုင်ပါသည်။ ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော ကြေညာချက် အပြည့်အစုံကို ဆက်လက် ဖော်ပြထားပါသည်-

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၃-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါ ရှာဖွေ၍ ထိရောက်စွာကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေ ဖော်ထုတ်၍ အသွားအလာကန့်သတ်ခြင်း၊ လိုအပ်ပါက ဆေးရုံတက်ရောက်ကုသမှု ခံယူနိုင်စေရေး ဆောင်ရွက် ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍သတင်းရယူခြင်း၊ အသွားအလာ ကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များ ရရှိနိုင်ရေး အတွက် နေ့စဉ်သတင်းထုတ်ပြန်ခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါ သည်။

၂။ (၂-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၃-၄-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၄၆) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃-၄-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံ (သို့မဟုတ်) အိမ်တွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုမှုခံယူနေသူ (၅၅) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ အားလုံး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၄။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၉) ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၉) ဦး နှင့် မန္တလေး မြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့တွင် ပြည်သူ့ဆေးရုံ၊ ပေါက်ခေါင်းမြို့မှ ပြောင်းရွှေ့လူနာ (၄) ဦး၊ စုစုပေါင်း (၁၇) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိဆေးကုသမှု ပေးလျက်ရှိပါသည်။

၅။ ယခုအခါ (၂၃-၃-၂၀၂၀) ရက်နေ့မှ (၃-၄-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၀) ဦး တွေ့ရှိလာရပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ် ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိသာမက မိမိ၏ မိသားစုနှင့်ပတ်ဝန်းကျင်မှ လူများအတွက်ပါ ရောဂါကူးစက်မှုမရှိစေရေး ပူးပေါင်း ဆောင်ရွက် ပေးနိုင်ကြပါရန် နှိုးဆော်အပ်ပါသည်။

MOHS

Add a Comment

Your email address will not be published. Required fields are marked *