ဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္က အိမ္ရာမဲ့ေတြ အိပ္စက္ရတဲ့ ဒုကၡ

လက္စ္ ဗီးဂတ္စ္ က ကက္သလစ္ လူမႈေရး အသင္းဟာ အိမ္ရာမဲ့ေတြ အတြက္ ခိုလႈံေနထိုင္ရာ ေပးလာခဲ့တာဟာ ႏွစ္တာရွည္ခဲ့ပါၿပီ ။

ဒါေပမယ့္ ေဂဟာ မွာ လာေရာက္ေနထိုင္သူေတြထဲ ၿပီးခဲ့တဲ့ သီတင္းပတ္က လူတစ္ဦး မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျဖစ္ပြား တာေၾကာင့္ ေဂဟာ ကို ပိတ္ခဲ့ရတာျဖစ္ၿပီး အိမ္ရာမဲ့ ၅၀၀ ဟာ ေနရာသစ္ အ တြက္ ရွာေဖြၾကရပါေတာ့တယ္ ။

အိမ္ရာမဲ့ေတြ ရဲ႕ ဒုကၡ ကို ကူညီဖို႔ နီဗားဒါးက တာဝန္ ရွိသူေတြဟာ ကက္ရွ္မန္းစင္တာရဲ႕ ကားပါကင္ႀကီး ကို ယာယီအိမ္ရာမဲ့ ခိုလႈံရာ ေနရာအျဖစ္ ဖန္တီးဖို႔ ဆုံးျဖတ္လိုက္ ပါတယ္။

Photo-Credit

ၿပီးခဲ့တဲ့ စေန ၊ တနဂၤေႏြမွာ စင္တာရဲ႕ ကားပါကင္ဟာ အိမ္ရာမဲ့ေတြ အိပ္စက္ခိုနားရာ ျဖစ္လာခဲ့ပါတယ္။ဒါေပမယ့္ အိပ္စက္ရာ ေနရာစီစဥ္မႈ နဲ႕ ပတ္သက္ၿပီး အိပ္ရာမဲ့ေတြ လက္တစ္ဆုပ္စာ ကားရပ္ရာ ေဆးျဖဴမ်ဥ္းအတြင္း အတူအိပ္စက္ေနတဲ့ ဓာတ္ပုံေတြ ျပန႔္ႏွံ႕ၿပီးေနာက္မွာေတာ့ လူမႈမီဒီယာ မွာ ေဝဖန္မႈေတြ ညံခဲ့ပါတယ္။ ဒီအတြက္ တစ္ဦးနဲ႕ တစ္ဦး ေျခာက္ေပခြာၿပီး အိပ္စက္ခိုင္းရတာ ျဖစ္လာပါေတာ့တယ္။စေနေန႕မွာေတာ့ ယာယီအိမ္ရာမဲ့ ခိုလႈံရာဟာ ေခ်ာေခ်ာေမြ႕ေမြ႕ ျဖစ္လာ ပါတယ္ ။

Photo-Credit

စတုရန္းေပ ၂၄၀၀၀ က်ယ္ဝန္းတဲ့ ကားပါကင္မွာ အိပ္ရာခင္းေတြနဲ႕ အိမ္ရာမဲ့ ၅၀ က စတင္ၿပီး ေဗာ္လန္တီယာအျဖစ္ အိပ္စက္ၾကပါတယ္။

Touro University Nevada တကၠသိုလ္က ေဆးေက်ာင္းသား တစ္ဒါဇင္နီးပါးဟာလည္း ကားပါကင္ဆီ ေရာက္လာၿပီး အိမ္ရာမဲ့ေတြကို ကိုယ္အပူခ်ိန္တိုင္းတာ၊ စကၠရင္ဖတ္တာေတြ လုပ္ေဆာင္ေပးၾကပါတယ္။

“ကြၽန္မ ငိုခ်င္မိတယ္။ ဒီေနရာမွာ ခုလို ကူညီတာဟာ ကြၽန္မတို႔ကို လုံၿခဳံမႈ ခံစားရေစတယ္။ ေဘးကင္းတယ္လို႔ ခံစားရတယ္။ အျခားေနရာေတြမွာ ဒီလို မခံစားရဘူး။”လို႔ အိမ္ရာမဲ့ အမ်ိဳးသမီးတစ္ဦးက ေျပာခဲ့ပါေတာ့တယ္။

Rf; CNN
ေမာင္သံဆင့္(XYZ News)

Unicode

လက်စ် ဗီးဂတ်စ် က ကက်သလစ် လူမှုရေး အသင်းဟာ အိမ်ရာမဲ့တွေ အတွက် ခိုလှုံနေထိုင်ရာ ပေးလာခဲ့တာဟာ နှစ်တာရှည်ခဲ့ပါပြီ ။

ဒါပေမယ့် ဂေဟာ မှာ လာရောက်နေထိုင်သူတွေထဲ ပြီးခဲ့တဲ့ သီတင်းပတ်က လူတစ်ဦး မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွား တာကြောင့် ဂေဟာ ကို ပိတ်ခဲ့ရတာဖြစ်ပြီး အိမ်ရာမဲ့ ၅၀၀ ဟာ နေရာသစ် အ တွက် ရှာဖွေကြရပါတော့တယ် ။

အိမ်ရာမဲ့တွေ ရဲ့ ဒုက္ခ ကို ကူညီဖို့ နီဗားဒါးက တာဝန် ရှိသူတွေဟာ ကက်ရှ်မန်းစင်တာရဲ့ ကားပါကင်ကြီး ကို ယာယီအိမ်ရာမဲ့ ခိုလှုံရာ နေရာအဖြစ် ဖန်တီးဖို့ ဆုံးဖြတ်လိုက် ပါတယ်။

Photo-Credit

ပြီးခဲ့တဲ့ စနေ ၊ တနင်္ဂနွေမှာ စင်တာရဲ့ ကားပါကင်ဟာ အိမ်ရာမဲ့တွေ အိပ်စက်ခိုနားရာ ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် အိပ်စက်ရာ နေရာစီစဉ်မှု နဲ့ ပတ်သက်ပြီး အိပ်ရာမဲ့တွေ လက်တစ်ဆုပ်စာ ကားရပ်ရာ ဆေးဖြူမျဉ်းအတွင်း အတူအိပ်စက်နေတဲ့ ဓာတ်ပုံတွေ ပြန့်နှံ့ပြီးနောက်မှာတော့ လူမှုမီဒီယာ မှာ ဝေဖန်မှုတွေ ညံခဲ့ပါတယ်။ ဒီအတွက် တစ်ဦးနဲ့ တစ်ဦး ခြောက်ပေခွာပြီး အိပ်စက်ခိုင်းရတာ ဖြစ်လာပါတော့တယ်။စနေနေ့မှာတော့ ယာယီအိမ်ရာမဲ့ ခိုလှုံရာဟာ ချောချောမွေ့မွေ့ ဖြစ်လာ ပါတယ် ။

Photo-Credit

စတုရန်းပေ ၂၄၀၀၀ ကျယ်ဝန်းတဲ့ ကားပါကင်မှာ အိပ်ရာခင်းတွေနဲ့ အိမ်ရာမဲ့ ၅၀ က စတင်ပြီး ဗော်လန်တီယာအဖြစ် အိပ်စက်ကြပါတယ်။

Touro University Nevada တက္ကသိုလ်က ဆေးကျောင်းသား တစ်ဒါဇင်နီးပါးဟာလည်း ကားပါကင်ဆီ ရောက်လာပြီး အိမ်ရာမဲ့တွေကို ကိုယ်အပူချိန်တိုင်းတာ၊ စက္ကရင်ဖတ်တာတွေ လုပ်ဆောင်ပေးကြပါတယ်။

“ကျွန်မ ငိုချင်မိတယ်။ ဒီနေရာမှာ ခုလို ကူညီတာဟာ ကျွန်မတို့ကို လုံခြုံမှု ခံစားရစေတယ်။ ဘေးကင်းတယ်လို့ ခံစားရတယ်။ အခြားနေရာတွေမှာ ဒီလို မခံစားရဘူး။”လို့ အိမ်ရာမဲ့ အမျိုးသမီးတစ်ဦးက ပြောခဲ့ပါတော့တယ်။

Rf; CNN
မောင်သံဆင့်(XYZ News)

Add a Comment

Your email address will not be published. Required fields are marked *