ေပါက္ေခါင္းၿမိဳ႕ေနျပည္သူမ်ား အားလုံး ကို အိမ္မွာပဲ (၁၄)ရက္ ေနထိုင္ၾကဖို႔ တိုင္း အစိုးရ ၫႊန္ၾကား

လူနာ( ၄ ) ဦးလုံး ကိုေတာ့ ျပည္ေဆး႐ုံႀကီးကိုပို႔ေဆာင္ထား ပါတယ္….

ေပါက္ ေခါင္းၿမိဳ႕ မွာ ေနထိုင္ တဲ့ အတည္ျပဳလူနာ နံပါတ္( ၁၅ )ရဲ႕ မိသားစုဝင္ ( ၄ ) ဦးလုံး မွာ ေရာဂါပိုးေတြ႕ရွိၿပီးေနာက္ ေပါက္ေခါင္းၿမိဳ႕မွာ ေဈးေတြ နဲ႔ ကား လိုင္းေတြ ကို ပိတ္ထားၿပီး ၿမိဳ႕သူၿမိဳ႕သားေတြ ကို လည္း ေနအိမ္ေတြမွာ ေနထိုင္ၾကဖို႔ ၫႊန္ၾကားထားတယ္ လို႔ သိရ ပါ တယ္ ။

Photo-Credit
Photo-Credit

ပဲခူးတိုင္းေဒသႀကီး၊ ေပါက္ေခါင္းၿမိဳ႕ မွာ မိသားစုလိုက္ Covid-19 ေရာဂါပိုးေတြ႕ရွိၿပီးေနာက္မွာေတာ့ ေပါက္ေခါင္းၿမိဳ႕ေနထိုင္သူအားလုံးကို (၁၄)ရက္အတြင္း အသြားအလာေလွ်ာ့ကာ ေနအိမ္မွာ ပဲေနထိုင္ၾကဖို႔ သတိေပး ၫႊန္ၾကားထားတယ္လို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ထံမွ သိရပါတယ္။ ေရာဂါပိုးေတြ႕ရွိခဲ့တဲ့ မိသားစုဝင္ ေလးဦးလုံးကိုေတာ့ ညတြင္းခ်င္း ျပည္ေဆး႐ုံကို ပို႔ေဆာင္ၿပီး ျပည္ ေဆး႐ုံႀကီးမွာပဲ က်န္းမာေရးေစာင့္ေရွာက္မႈေတြလုပ္သြားမယ္လို႔ ေပါက္ေခါင္းၿမိဳ႕ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ မဲဆႏၵနယ္ အမွတ္( ၂ )မွ ဦးဝင္းႏိုင္က Duwun ကိုေျပာ ပါတယ္ ။

Photo-Credit
Photo-Credit

“ ကြၽန္ေတာ္တို႔ၿမိဳ႕မွာ မိသားစုဝင္လိုက္ ေရာဂါပိုးေတြ႕ရွိတယ္ဆိုေတာ့ အားလုံးကလည္းစိုးရိမ္မႈေတြရွိတာေပါ့၊ ၿမိဳ႕သူၿမိဳ႕သားေတြကိုလည္း ေနအိမ္မွာပဲ ေနထိုင္ၾကဖို႔ ၫႊန္ၾကားထားပါတယ္။ ေဈးေတြလည္းပိတ္ထားၿပီ။ ျပည္- ေပါက္ေခါင္းကားလိုင္းေတြ၊ ၿပီးေတာ့ ရန္ကုန္ကေနလာတဲ့ ကားလိုင္းေတြကိုလည္းပိတ္ထားၿပီ” လို႔ ဦးဝင္းႏိုင္က ေျပာပါတယ္။

Photo-Credit
Photo-Credit

ေပါက္ေခါင္းက လူနာေလးဦးဟာ ရန္ကုန္ International SOS ေဆးခန္းမွ ဝန္ထမ္းျဖစ္သူ အတည္ျပဳ လူနာ နံပတ္(၁၅)ရဲ႕ မိသားစုဝင္ေတြျဖစ္ၿပီး ခင္ပြန္း၊ သား၊ သမီးနဲ႔ တူမတို႔ကို ကူးစက္ခဲ့တာပါ။ ခင္ပြန္းျဖစ္သူဟာ ေပါက္ေခါင္းၿမိဳ႕ရဲ႕ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးျဖစ္ၿပီး ေရာဂါပိုးမေတြ႕ရွိခင္ ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ ရပ္မိရပ္ဖေတြနဲ႔ အစည္းအေဝးတစ္ခုကိုျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ အဆိုပါအစည္းအေဝးမွာ လူနာနဲ႔ အနီးကပ္ထိေတြ႕ခဲ့သူ (၂၀)ဦးေလာက္ကို ေပါက္ေခါင္းၿမိဳ႕ အထက ေက်ာင္းမွာ Facility Quarantine လုပ္ထားၿပီး က်န္အစည္းအေဝးတက္ေရာက္ခဲ့သူေတြကိုလည္း Home Quarantine လုပ္ထားတယ္လို႔ သိရပါတယ္။

ဓူဝံ

Unicode

လူနာ( ၄ ) ဦးလုံး ကိုတော့ ပြည်ဆေးရုံကြီးကိုပို့ဆောင်ထား ပါတယ်….

ပေါက် ခေါင်းမြို့ မှာ နေထိုင် တဲ့ အတည်ပြုလူနာ နံပါတ်( ၁၅ )ရဲ့ မိသားစုဝင် ( ၄ ) ဦးလုံး မှာ ရောဂါပိုးတွေ့ရှိပြီးနောက် ပေါက်ခေါင်းမြို့မှာ ဈေးတွေ နဲ့ ကား လိုင်းတွေ ကို ပိတ်ထားပြီး မြို့သူမြို့သားတွေ ကို လည်း နေအိမ်တွေမှာ နေထိုင်ကြဖို့ ညွှန်ကြားထားတယ် လို့ သိရ ပါ တယ် ။

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ မှာ မိသားစုလိုက် Covid-19 ရောဂါပိုးတွေ့ရှိပြီးနောက်မှာတော့ ပေါက်ခေါင်းမြို့နေထိုင်သူအားလုံးကို (၁၄)ရက်အတွင်း အသွားအလာလျှော့ကာ နေအိမ်မှာ ပဲနေထိုင်ကြဖို့ သတိပေး ညွှန်ကြားထားတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရပါတယ်။ ရောဂါပိုးတွေ့ရှိခဲ့တဲ့ မိသားစုဝင် လေးဦးလုံးကိုတော့ ညတွင်းချင်း ပြည်ဆေးရုံကို ပို့ဆောင်ပြီး ပြည် ဆေးရုံကြီးမှာပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်သွားမယ်လို့ ပေါက်ခေါင်းမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ်( ၂ )မှ ဦးဝင်းနိုင်က Duwun ကိုပြော ပါတယ် ။

“ ကျွန်တော်တို့မြို့မှာ မိသားစုဝင်လိုက် ရောဂါပိုးတွေ့ရှိတယ်ဆိုတော့ အားလုံးကလည်းစိုးရိမ်မှုတွေရှိတာပေါ့၊ မြို့သူမြို့သားတွေကိုလည်း နေအိမ်မှာပဲ နေထိုင်ကြဖို့ ညွှန်ကြားထားပါတယ်။ ဈေးတွေလည်းပိတ်ထားပြီ။ ပြည်- ပေါက်ခေါင်းကားလိုင်းတွေ၊ ပြီးတော့ ရန်ကုန်ကနေလာတဲ့ ကားလိုင်းတွေကိုလည်းပိတ်ထားပြီ” လို့ ဦးဝင်းနိုင်က ပြောပါတယ်။

ပေါက်ခေါင်းက လူနာလေးဦးဟာ ရန်ကုန် International SOS ဆေးခန်းမှ ဝန်ထမ်းဖြစ်သူ အတည်ပြု လူနာ နံပတ်(၁၅)ရဲ့ မိသားစုဝင်တွေဖြစ်ပြီး ခင်ပွန်း၊ သား၊ သမီးနဲ့ တူမတို့ကို ကူးစက်ခဲ့တာပါ။ ခင်ပွန်းဖြစ်သူဟာ ပေါက်ခေါင်းမြို့ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်ပြီး ရောဂါပိုးမတွေ့ရှိခင် ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ရပ်မိရပ်ဖတွေနဲ့ အစည်းအဝေးတစ်ခုကိုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါအစည်းအဝေးမှာ လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူ (၂၀)ဦးလောက်ကို ပေါက်ခေါင်းမြို့ အထက ကျောင်းမှာ Facility Quarantine လုပ်ထားပြီး ကျန်အစည်းအဝေးတက်ရောက်ခဲ့သူတွေကိုလည်း Home Quarantine လုပ်ထားတယ်လို့ သိရပါတယ်။

ဓူဝံ

Add a Comment

Your email address will not be published. Required fields are marked *