ရန္သူမိတ္ေဆြ မခြဲျခားပဲ အမ်ားအတြက္ ကိုယ္က်ိဳးစြန႔္ခဲ့သူ ၾကက္ေျခနီ ရဲ႕ ဖခင္ႀကီး ” ဟင္နရီဒူးနန႔္ “

ေရးသားသူ — နစ္ေနမန္း

၁၈၅၉ ခု ဇြန္လ ၂၄ ရက္ေန႕ တြင္ ျမင္းရထား တစ္စင္း သည္ အီတလီနိုင္ငံ ရွိ ဆိုဖီရီနိုၿမိဳ႕သို႔ ေမာင္းဝင္လာသည္ ။ ရထားေပၚ တြင္ လူ႐ြယ္ တစ္ဦး လိုက္ပါလာသည္ ။ သူသည္ ျပင္သစ္ လူမ်ိဳးတစ္ဦးျဖစ္ ၍ ဆြစ္ဇာလန္နိုင္ငံ ၌ ဖြားျမင္ကာ ၊ ဆြစ္ဇာလန္နိုင္ငံမွာ ပင္ ေနထိုင္သူျဖစ္သည္ ။ သူသည္ အသက္ ၃၁ ႏွစ္ အ႐ြယ္ခန႔္ ရွိသည္ ။ အျဖဴေရာင္ ဝ တ္စုံ ကို သားနား ေသသပ္စြာ ဝတ္ဆင္ထားသည္ ။ သူ႕အမည္ မွာ ဟင္နရီဒူးနန႔္ ျဖစ္သည္ ။ အလုပ္အကိုင္ အားျဖင့္ ဘဏ္ ဒါရိုက္တာလူႀကီး လည္းျဖစ္ ၍ ၊ ကုမၸဏီဒါရိုက္တာလူႀကီးလည္း ျဖစ္သည္ ။

သူေရာက္ လာခ်ိန္ဝယ္ ဆိုဖာရီနိုၿမိဳ႕မွာ ျပင္းထန္ေသာ စစ္ပြဲႀကီး တစ္ပြဲ ျဖစ္ပြားအံ့ဆဲဆဲ ျဖစ္ေနသည္။ ထိုစဥ္က ၾသစထရီးယားကတစ္ဖက္၊ ျပင္သစ္ႏွင့္ ဆားဒီးနီးယားတို႔ကတစ္ဖက္ စစ္ ျဖစ္ပြားလ်က္ ရွိသည္။ ၾသစထရီးယန္းတပ္မ်ားသည္ အီတလီေျမာက္ပိုင္းကို သိမ္းပိုက္ ကြၽန္ျပဳထားသည္ျဖစ္ရာ ထိုေဒသရွိ ဆိုဖာရီနိုၿမိဳ႕၌ ၾသစထရီးယန္းတပ္ႀကီးက တစ္ဖက္၊ ျပင္သစ္ႏွင့္ ဆားဒီးနီးယန္းတပ္မ်ားကတစ္ဖက္ ရင္ဆိုင္တိုက္အံ့ဆဲဆဲ အခ်ိန္ျဖစ္သည္။

Photo-Credit

ၾသစထရီးယန္းတပ္မ်ား ကို ဖရန႔္ဂ်ိဳးဇက္ ဘုရင္ကိုယ္တိုင္ ႀကီးမႉးကြပ္ကဲ သည္။ ျပင္သစ္ႏွင့္ ဆားဒီးယန္းတပ္မ်ားကိုမူ တတိယေျမာက္နပိုလီယံဘုရင္ကိုယ္တိုင္ ႀကီးမႉးကြပ္ကဲသည္။ ဟင္နရီဒူးနန႔္သည္ ထိုေနရာသို႔ စစ္ေရးအတြက္ ေရာက္ရွိလာျခင္းမဟုတ္။ စီးပြားေရးအတြက္ ေရာက္ရွိလာျခင္းသာ ျဖစ္သည္။ သူ၏ ကုမၸဏီသည္ ထိုစဥ္က ျပင္သစ္ပိုင္ျဖစ္ေသာ အယ္လ္ဂ်ီးရီးယားနိုင္ငံသို႔ ေလရဟတ္မ်ား ေရာင္းခ်ရန္အတြက္ ျပင္သစ္အစိုးရထံမွ ခြင့္ျပဳခ်က္ ေတာင္းခံခဲ့သည္။ ထိုေတာင္းခံခ်က္ကို ပါရီ ၿမိဳ႕ရွိ ကိုလိုနီဆိုင္ရာ႒ာနက ျငင္းပယ္လိုက္သည္။ ထို႔ေၾကာင့္ သူသည္ အီတလီစစ္ေျမျပင္၌ ေရာက္ရွိေနေသာ နပိုလီယံဘုရင္ထံ ခြင့္ေတာင္းရန္ လာေရာက္ျခင္း ျဖစ္သည္။ သူသည္ ဆိုဖာရီနိုၿမိဳ႕သို႔ ဝင္မိေသာအခါ ေရွ႕ဆက္သြား၍ မရေတာ့ေပ။ ျပင္သစ္စစ္သားမ်ားျဖင့္ လမ္းပိတ္ဆို႔ေနေသာေၾကာင့္ျဖစ္သည္။

သူက ျပင္သစ္စစ္သားမ်ား အား “ ခင္ဗ်ား တို႔ ဧကရာဇ္ဘုရင္ နဲ႕ အေရးတႀကီး ေတြ႕ခ်င္လို႔ပါ။ လမ္းဖယ္ေပးပါ ခင္ဗ်ာ” ဟု ေျပာဆိုသည္။ ထိုအခါ ျပင္သစ္စစ္ဗိုလ္တစ္ဦးက “ဘုရင္မင္းျမတ္ဟာ စစ္ေျမျပင္ကို စစ္ခ်ီသြားၿပီ။ မၾကာခင္ စစ္ပြဲစေတာ့မယ္။ ခင္ဗ်ား ေရွ႕ဆက္သြားလို႔ မရေတာ့ဘူး။ ခ်က္ခ်င္းျပန္လွည့္သြားပါ ” ဟု ေျပာဆိုတားျမစ္သည္။ ဤတြင္ ဟင္နရီဒူးနန႔္သည္ ရထားေပၚ မွ ဆင္းကာ ျမင္းတစ္စီးကို ေျပာင္းစီးသည္။

Photo-Credit

ထို႔ေနာက္ ခ်ီတက္သြားေသာ စစ္သားမ်ားေနာက္မွ ကပ္လ်က္ လိုက္ပါသြားသည္ ။ ယခု အခ်ိန္တြင္မူ သူသည္ နပိုလီယံဘုရင္ႏွင့္ေတြ႕ ဆုံရန္ မဟုတ္ေတာ့။ စစ္တိုက္ခိုက္သည္ကို မေတြ႕ျမင္ဖူးသျဖင့္ အခြင့္ရခိုက္ ၾကည့္ရႈ႕ေလ့လာရန္ လိုက္ပါလာျခင္းျဖစ္ေလ သည္ ။

မၾကာမီသူသည္ စစ္ေျမျပင္သို႔ ေရာက္ရွိသြားသည္။ ၾသစထရီးယန္း တပ္သားမ်ားသည္ လင္းယုန္ငွက္ တံဆိပ္အမွတ္အသားပါရွိေသာ အလံမ်ားကို လႊင့္ထူလ်က္ ရန္သူကို တိုက္ခိုက္ရန္ အသင့္ျပင္ၿပီး ျဖစ္ၾကသည္။ ျပင္သစ္ႏွင့္ ဆားဒီးနီးယန္းတပ္သားမ်ား သည္လည္း ေတာက္ပေသာ ဝတ္စုံမ်ား ကို ဆင္ျမန္းလ်က္ ရန္သူမ်ားကို ရွိရာသို႔ တစ္ဟုန္ထိုး ခ်ီတက္သြားၾက သည္။

ႏွစ္ဖက္အင္အားမွာ စုစုေပါင္း သုံးသိန္းေက်ာ္ရွိေပသည္ ။ ဟင္နရီဒူးနန႔္သည္ ထိုတိုက္ပြဲကို ေတာင္ကုန္းတစ္ခုေပၚမွေန၍ စိတ္ဝင္စားစြာ ၾကည့္ရႈ႕ေနသည္။ အလြန္ၾကည့္ေကာင္းမည့္ ပြဲႀကီးပြဲေကာင္း ျဖစ္လိမ့္မည္ ဟု ေတြးေတာေမွ်ာ္လင့္ေနသည္ ။ သို႔ရာ တြင္ စစ္တပ္ႀကီးႏွစ္တပ္ ေတြ႕ဆုံ တိုက္ခိုက္ၾကေသာအခါတြင္ကား သူ ထင္သကဲ့သို႔ မဟုတ္၊ အလြန္ထိတ္လန႔္ေၾကာက္မက္ဖြယ္ရာ ေကာင္းလွသည္ကို မ်က္ဝါးထင္ထင္ ေတြ႕ျမင္ရေလသည္ ။

ေရွးဦးစြာ အေျမာက္သံမ်ား ၊ ေသနတ္သံမ်ား ကို နားကြဲလုမတတ္ၾကားရသည္။ ထို႔ေနာက္ ခုတ္ၾက ထစ္ၾကေသာ အသံမ်ားကို ၾကားရသည္။ မေရွးမေႏွာင္းပင္ ေအာ္ညည္းသံမ်ားကို ၾကားရသည္။ စစ္ေျမျပင္တစ္ခုလုံး ယမ္းေငြ႕မ်ား မွိုင္းေဝသြားၿပီး ထိုယမ္းေငြ႕မ်ားၾကားထဲတြင္ လူေသေကာင္မ်ားႏွင့္ ဒဏ္ရာရသူမ်ားကို ျမင္မေကာင္း၊ ရႈမေကာင္း ေတြ႕ျမင္ရသည္။ တိုက္ပြဲသည္ ၁၅ နာရီမွ် ၾကာသည္။ ေနာက္ဆုံး၌ ၾသစထရီးယန္းတပ္သည္ အေရးနိမ့္ကာ ဖရိုဖရဲဆုတ္ခြာ ထြက္ေျပးသြားၾကသည္။ စစ္ေျမျပင္၌ က်ဆဳံးသူႏွင့္ ဒဏ္ရာရသူမ်ားမွာ စုစုေပါင္း ေလးေသာင္းေက်ာ္ ရွိသည္။

Photo-Credit

ဒဏ္ရာရသူမ်ားသည္ မိမိတို႔ လဲက်သည့္ ေနရာမ်ား တြင္ သနားစဖြယ္ ေအာ္ဟစ္ညည္းၫူကား လူးလြန႔္ေနၾကသည္။ ခ်စ္ခ်စ္ေတာက္ပူေသာ ေနေရာင္ေအာက္တြင္ မရႈမလွ ေဝဒနာခံစားလ်က္ ရွိၾကသည္။ အခ်ိဳ႕က ေရငတ္လွသျဖင့္ “ေရ. . . ေရ” ဟူ၍ တစာစာ ေအာ္ဟစ္ေတာင္းေနသည္။ သူနာမ်ားထဲမွ အခ်ိဳ႕ကို ျပင္သစ္ႏွင့္ ဆားဒီးနီးယန္းတပ္သားမ်ားက ေဖးမ ေခၚေဆာင္သြားၾကသည္။ အမ်ားအျပားမွာမူ သည္အတိုင္းပင္ ပိုးစိုးပက္စက္ ရွိေနသည္။ ထိုစဥ္က ထိုေနရာ၌ သူနာတင္ရထားလည္း မရွိ။ ဆရာဝန္လည္း မရွိ။ သူနာျပဳလည္း မရွိ။ ဒဏ္ရာရသူမ်ားမွာ ကယ္သူကင္းေဝးလ်က္ အရွင္လတ္လတ္ ငရဲေရာက္ေနသကဲ့သို႔ ရွိၾကရွာေပသည္။

ဟင္နရီဒူးနန႔္သည္ ထိုရႈခင္းကို ေတြ႕ရေသာအခါ ႀကီး စြာေသာ တုန္လႈပ္ေခ်ာက္ခ်ားျခင္း ျဖစ္ခဲ့သည္။ တစ္ဖန္ တုန္လႈပ္ေခ်ာက္ခ်ားရာမွ ႀကီးစြာေသာ က႐ုဏာေစတနာလည္း ျဖစ္ေပၚခဲ့သည္။ သို႔ျဖင့္ သူသည္ သူနာမ်ားကို အစြမ္းကုန္ ကယ္ဆယ္မည္ဟူ၍ သႏၷိ႒ာန္ခ်လိဳက္ကာ၊ ေတာင္ကုန္းေပၚမွ ေျပးဆင္းလာခဲ့ေပသည္။ တပ္သားမ်ား ေခၚေဆာင္ လာေသာ သူနာမ်ားတြင္ အခ်ိဳ႕ကို ဘုရားရွိခိုးေက်ာင္း၌ ထားသည္။ အခ်ိဳ႕ကို စာသင္ေက်ာင္းမ်ား၌ ထားသည္။ အခ်ိဳ႕ကို အိမ္မ်ား၊ တဲမ်ား၌ ထားသည္။

သို႔တိုင္ေအာင္လည္း ေနရာမဆံ့သျဖင့္ အခ်ိဳ႕မွာလမ္းမ်ားေပၚပင္ ရွိေနၾကသည္ ။ ထိုသူနာမ်ား ကို ကုသရန္ စစ္ဘက္ဆိုင္ရာ ဆရာဝန္ဆို၍လည္း အနည္းငယ္သာရွိသည္။ ထိုလက္တစ္ဆုပ္စာ မွ်သာ ဆရာဝန္တို႔သည္ ေျချဖတ္ လက္ျဖတ္ ရေသာ လုပ္ငန္းႏွင့္ ႀကီးမားလွသည့္ ဒဏ္ရာအေပါက္ႀကီးမ်ားကို ဆို႔ပိတ္ရ ေသာ လုပ္ငန္းမ်ားေလာက္ကိုသာ လုပ္နိုင္သည္။ သူနာကလည္း မ်ားလြန္း သည္။ ဆရာဝန္ကလည္း နည္းလြန္းသည္။ ထို႔ျပင္ ေဆးဝါး ပစၥည္းကလည္း အလုံအေလာက္ မရွိေပ။

ဤအေျခအေနတြင္ ဟင္နရီဒူးနန႔္သည္ အစြမ္းကုန္ ဝင္ေရာက္ကူညီေလ သည္။ သူသည္ သူ႕၌ ပါလာေသာ ေငြအားလုံးကို အီတလီ ႐ြာသားအခ်ိဳ႕အား ေပးလိုက္ၿပီး၊ အနီးရွိ ၿမိဳ႕သို႔သြား၍ ေဆးဝါးႏွင့္ ပတ္တီးမ်ား အျမန္ဝယ္ယူေစသည္။ ထို႔ျပင္ အနီးအနား ႐ြာမ်ားရွိ အီတလီ အမ်ိဳးသမီးမ်ားကို စည္း႐ုံး၍ သူနာမ်ားကို ဝိုင္းဝန္းျပဳစုေစသည္။ သူကိုယ္တိုင္လည္း ေရပုံးကို ထမ္းလ်က္ အနာမ်ားကို လိုက္လံေဆးေၾကာ သုတ္သင္ေပးသည္။ ပတ္တီးစည္းေပးသည္။ သူ ေလွ်ာက္သြားသည့္အခါ သူ႕ေျခေထာက္ကို လွမ္းဖက္ကာ ေရေတာင္းရွာသည့္ သူနာမ်ားကိုလည္း ေရတိုက္ေပးသည္။ ထို႔ျပင္ စစ္ေျမျပင္၌ က်န္ရွိေသးသည့္ သူနာမ်ားကိုလည္း သယ္ေဆာင္၍ ေနရာခ်ထားေပးသည္။ သူနာမ်ားက သူ႕အား “ဝတ္စုံျဖဴႏွင့္ လူ” ဟူ၍ ေခၚၾကသည္။ သို႔ရာတြင္ သူ႕ဝတ္စုံျဖဴမွာ သူနာမ်ားကို ျပဳစုရသျဖင့္ မျဖဴေတာ့ဘဲ ညစ္ထည္းေနၿပီ။

Photo-Credit

တစ္ေန႕သ၌ သူသည္ ျပင္သစ္တပ္သား သူနာမ်ား ကို ျပဳစုေနစဥ္ ၾသစထရီးယန္းတပ္သားသူ နာႏွစ္ေယာက္ ေရာက္ရွိလာသည္။ ျပင္သစ္တပ္သားမ်ားက “ ေဟ့ ရန္သူတပ္သားေတြ ထြက္သြားၾက” ဟူ၍ ေအာ္ဟစ္ ႏွင္ထုတ္ သည္။ ထိုအခါ ဟင္နရီဒူးနန႔္သည္ ျပင္သစ္တပ္သားမ်ား၏ အျပဳအမူကို တားျမစ္ကာ၊ ဩစထရီးယန္းတပ္သား သူနာႏွစ္ဦးကို ေကာင္းစြာ လက္ခံသည္။ “သည္ေနရာမွာ ရန္သူဆိုတာ မရွိဘူး။ အားလုံး ညီရင္းအစ္ကိုေတြခ်ည္းဘဲ” ဟု ဟင္နရီဒူးနန႔္က ေျပာဆိုသည္။ ၾသစထရီးယန္း တပ္သားႏွစ္ဦးကို ၾကင္နာစြာ ျပဳစုေစာင့္ေရွာက္သည္။ အစက အီတလီ႐ြာသူ႐ြာသားမ်ားသည္ ျပင္သစ္ႏွင့္ ဆားဒီးနီးယန္းတပ္သား သူနာမ်ားကိုသာ ျပဳစုလိုၾကသည္။ သူတို႔ကို ကြၽန္ျပဳေသာ ၾသစထရီးယန္း တပ္သားသူနာမ်ားကိုမူ မျပဳစုလိုၾကေပ။ သို႔ရာတြင္ ဟင္နရီဒူးနန႔္၏ ႀကီးမားေသာ က႐ုဏာ ေစတနာကို ခံစားသိရွိရေသာအခါတြင္ကား သူတို႔သည္လည္း ရန္သူ၊ မိတ္ေဆြ မေ႐ြး ဒုကၡေရာက္သူ သူနာတိုင္းအေပၚ က႐ုဏာထားၾကေပသည္။

တစ္ေန႕သ၌ ဘုရား ရွိခိုးေက်ာင္းတစ္ေက်ာင္း တြင္ သူနာ ၅၀၀ ခန႔္ကို ဟင္နရီဒူးနန႔္တို႔ ေတြ႕ရွိၾကသည္။ ထိုသူနာမ်ားမွာ ငါးရက္လုံးလုံး အစာမေတြ႕၊ ေရ မေတြ႕၊ ေဆးမေတြ႕ ႏွင့္။ ေဝဒနာကို အလူးအလိမ့္ မခ်ိမဆံ့ ခံေနၾကရရွာသည္။ သူတို႔အထဲတြင္ ျပင္သစ္၊ ၾသစထရီးယန္း၊ ဆလပ္၊ အာရပ္၊ ဂ်ာမန္ စသည့္ျဖင့္ လူမ်ိဳးေပါင္းစုံပါဝင္ေလသည္။

စစ္ပြဲအၿပီးတြင္ ရန္သူႏွင့္မိတ္ေဆြတို႔သည္ တစ္ေနရာ တည္းတြင္ စု႐ုံးလ်က္ ဆင္းရဲဒုကၡ ခံေနရရွာသည္။ ဟင္နရီဒူးနန႔္ႏွင့္ အီတလီ ႐ြာသူ႐ြာသားတို႔သည္ ထိုသူနာတို႔ကို အစြမ္းကုန္ ကူညီျပဳစု ေစာင့္ေရွာက္ၾကသည္။ “ငါတို႔အားလုံး ဟာ ညီအစ္ ကို အရင္းအခ်ာေတြဘဲ” ဟူေသာ စကားသည္ ဤက႐ုဏာရွင္မ်ား၏ ရင္မွ ေပၚထြက္လာခဲ့ေပသည္။

ဟင္နရီဒူးနန႔္သည္ ထိုအရပ္ေဒသ၌ ရက္ေပါင္းမ်ားစြာ ၾကာေအာင္ပင္ ေနထိုင္ကာ သူနာမ်ားကို အစြမ္းကုန္ ျပဳစုေစာင့္ေရွာက္ခဲ့သည္။ ထိုေနာက္မွ မိမိေနထိုင္ရာ ဆြစ္ဇာလန္နိုင္ငံသို႔ ျပန္လာခဲ့ေပသည္။ ယင္းသို႔ ျပန္လာစဥ္ သူ ၏ ရင္မွာ တင္းက်ပ္လ်က္ ရွိသည္။ စစ္ပြဲမ်ားကား ေပၚလာဦးမည္ပင္။ စစ္ပြဲမ်ား ေပၚလာသည္ႏွင့္အမွ် သူနာမ်ားလည္း ေပၚလာဦးမည္ပင္။ ထိုအခါ ထိုထိုသူနာမ်ားကို မည္ သို႔ ျပဳစုေစာင့္ေရွာက္ရမည္နည္း။

ဟင္နရီဒူးနန႔္သည္ ထိုေန႕၊ ထိုအခ်ိန္မွစ၍ သူ၏ စီးပြားေရးလုပ္ငန္းမ်ား ကို စိတ္မဝင္စားေတာ့။ ႂကြယ္ဝခ်မ္းသာမႈကို ဂ႐ုမစိုက္ေတာ့။ ႀကီးပြားတိုးတက္ေရးကို အေလးမထားေတာ့။ သူနာမ်ားကို ကယ္တင္ေစာင့္ေရွာက္ေရးလုပ္ငန္းကိုသာ စိတ္ဝင္စားေတာ့သည္။ သြားလည္းသည္စိတ္၊ ထိုင္လည္း သည္စိတ္၊ အိပ္လည္း သည္စိတ္၊ စားလည္း သည္စိတ္။ ထို႔ေၾကာင့္ သူသည္ “ဆိုဖီရီနို မွတ္တမ္း” အမည္ရွိ စာအုပ္တစ္အုပ္ကို ၁၈၆၁ ခု၌ ေရးသားသည္။ ဆိုဖီရီနို စစ္ေျမျပင္၌ သူေတြ႕ျမင္ခံစားခဲ့ရသည္တို႔ကို ႏွလုံးေသြးျဖင့္ေရးသည့္ပမာ လွိုက္လွိုက္လွဲလွဲ ေရးသားထားျခင္းျဖစ္သည္။ ထို႔ေနာက္ ထိုစာအုပ္ကို အုပ္ေရတစ္ေထာင္ ပုံႏွိပ္ၿပီးလွ်င္ အေရးပါေသာ မိတ္ေဆြမ်ားႏွင့္ ပုဂၢိဳလ္ႀကီးမ်ားထံ ေပးပို႔ေလသည္။ ထိုစာအုပ္ငယ္သည္ ဥေရာပတိုက္ႀကီးကို တုန္လႈပ္ေခ်ာက္ခ်ားသြားေစသည္။

ရင္နာဖြယ္ အျဖစ္အပ်က္မ်ားသည္ ကမာၻတစ္ဝန္းလုံးသို႔ ေတာမီးပမာ ပ်ံ့ႏွံ႕သြားေလ သည္။ ထိုစာအုပ္ကို အႀကိမ္ႀကိမ္ ထပ္မံပုံႏွိပ္ရေလသည္။ ထိုစာအုပ္ကို ဖတ္ရႈသူတိုင္းပင္ သူနာမ်ား ကယ္ဆယ္ေရးအတြက္ မည္သို႔ ေဆာင္႐ြက္ရမည္ ကို စဥ္းစားေတြးေတာလာၾကေပသည္။

Photo-Credit

ဟင္နရီဒူးနန႔္က သူ႕စာအုပ္တြင္ သနားစဖြယ္ သူနာမ်ား၏ ဘဝကို တင္ျပထားသည္။ ထို႔ျပင္ သူနာမ်ားကို ကယ္ဆယ္ရန္ ေစတနာ့ဝန္ထမ္း က႐ုဏာရွင္မ်ား လိုအပ္သည့္နည္းတူ၊ ထိုက႐ုဏာရွင္မ်ားကိုလည္း သူနာျပဳလုပ္ငန္းမ်ား ေလ့က်င့္သင္ၾကားေပးရန္ လိုသည္။ ဆိုဖီရီနို စစ္ေျမျပင္၌ သူနာမ်ားကို ျပဳစုရန္ က႐ုဏာရွင္ ေစတနာ့ဝန္ထမ္းမ်ား ေပၚထြက္လာေအာင္ စည္း႐ုံးနိုင္ခဲ့ေသာ္လည္း၊ ထိုက႐ုဏာရွင္မ်ားမွာ သူနာျပဳလုပ္ငန္းမ်ားကို မတတ္ကြၽမ္းသျဖင့္ အခက္အခဲမ်ားစြာ ေတြ႕ရသည္ ဟူ၍လည္း တင္ျပထားေပသည္။

စာအုပ္ ထြက္ေပၚၿပီး မၾကာမီပင္ ဂ်နီဗာၿမိဳ႕တြင္ရွိေသာ ဟင္နရီဒူးနန႔္ ၏ မိတ္ေဆြႀကီးေလးဦးသည္ ဟင္နရီဒူးနန႔္ႏွင့္အတူ စတင္ အလုပ္လုပ္ၾကသည္။ မိတ္ေဆြႀကီးေလးဦးမွာ ဗိုလ္ခ်ဳပ္ႀကီးဒူဖိုး၊ ဂ်ီနီဗာ ေစတနာ့ဝန္ထမ္း အသင္းႀကီး၏ ဥကၠ႒ ဂူစေတ့မိုနီယာ၊ ေဒါက္တာ အမၼီယ၊ ေဒါက္တာသီအိုဒိုေမာေနး တို႔ ျဖစ္ၾကသည္။ ဟင္နရီဒူးနန႔္ႏွင့္ ထိုမိတ္ေဆြႀကီးေလးဦးတို႔သည္ ငါးဦးေကာ္မတီတစ္ရပ္ ဖြဲ႕စည္းလိုက္သည္။ သူနာမ်ားကယ္ဆယ္ျပဳစုေစာင့္ေရွာက္ေရးအတြက္ အျပည္ျပည္ဆိုင္ရာ ညီလာခံႀကီးကို ဂ်ီနီဗာၿမိဳ႕၌ က်င္းပရန္ ေဆာ္ဩဆာင္႐ြက္ၾကသည္။

ဟင္နရီဒူးနန႔္ သည္ ထိုညီလာခံႀကီး ျဖစ္ေျမာက္ေရးအတြက္ မအိပ္မေန ေဆာင္႐ြက္သည္။ သူ႕စာအုပ္ကို အေၾကာင္းျပဳ၍ သူ႕ေစတနာကို အမ်ားကသိၿပီး ျဖစ္ရာ သူသည္ နိုင္ငံအမ်ား သို႔ သြားေရာက္သည္။ ညီလာခံႀကီးျဖစ္ေျမာက္ ေအာင္ျမင္ေရးအတြက္ အေရးပါေသာပုဂၢိဳလ္ႀကီးမ်ားကို ေတြ႕ဆုံသည္။ အဖြ႕ဲအစည္းမ်ားကို ခ်ည္းကပ္သည္။ ပုဂၢိဳလ္အသီးသီးထံသို႔ စာေရးသား ေပးပို႔သည္။ သူ၏ စာအုပ္မ်ားကို ေဝငွသည္။ အေမရိကန္သမၼတႀကီး လင္ကြန္းထံသို႔ စာေရး၍ ေမတၱာရပ္ခံရာ ကိုယ္စားလွယ္ႏွစ္ဦး ေစလႊတ္ပါမည္ဟူ၍ လင္ကြန္းက ကတိေပး ျပန္ၾကားခဲ့သည္။

ျပင္သစ္ျပည္ စစ္ဝန္ႀကီးကမူ ဟင္နရီဒူးနန႔္၏ စာအုပ္သည္ ျပင္သစ္ျပည္ကို ထိပါးေစသည္ဟုဆိုကာ ဟင္နရီဒူးနန႔္ကို ဆန႔္က်င္ဘက္ ျပဳခဲ့သည္။ ထိုအခါ ဟင္နရီဒူးနန ႔္သည္ နပိုလီယံ ထံေမွာက္သို႔ ဝင္ေရာက္ၿပီး ရွင္းလင္းတင္ျပခဲ့ သည္။ ေမတၱာရပ္ခံခဲ့သည္။ ထိုအခါ နပိုလီယံက ဟင္နရီဒူးနန႔္၏ လုပ္ငန္းကို စိတ္ဝင္စားေၾကာင္း အားတက္ဖြယ္ရာ ျပန္ၾကားေျပာဆို လိုက္သည္။

သို႔ျဖင့္ ၁၈၆၃ ခု ေအာက္တိုဘာလ တြင္ ပထမဦးဆုံး ညီလာခံကို ဂ်ီနီဗာၿမိဳ႕၌ က်င္းပခဲ့သည္။ နိုင္ငံေပါင္း ၁၅ နိုင္ငံမွ အေရးပါအရာေရာက္ေသာ ကိုယ္စားလွယ္ႀကီးမ်ား တက္ေရာက္ၾကသည္။ မိုနီယာက ဥကၠ႒၊ ဟင္နရီဒူးနန႔္က အတြင္းေရးမႉးအျဖစ္ ေဆာင္႐ြက္သည္။ ထိုညီလာခံမွာပင္ ဟင္နရီဒူးနန႔္ ေတာင့္တေသာ ၾကက္ေျခနီအသင္းႀကီး သေႏၶတည္ခဲ့ေသာ ၁၈၆၄ ခု ႏွစ္မွစ၍ အေကာင္အထည္ေပၚခဲ့သည္။ ကမ ၻာအႏွံ ပ်ံ့ႏွံ႕သြားခဲ့သည္။ ေနာက္ဆုံး ၾကက္ေျခနီလုပ္ငန္းသည္ တစ္စတစ္စ တိုးတက္လာစဥ္ ဟင္နရီဒူးနန႔္၏ စီးပြားေရးလုပ္ငန္းမ်ားမွာမူ တစ္စတစ္စ ဆုတ္ယုတ္က်ဆင္းလာသည္။ သူသည္ စီးပြားေရးလုပ္ငန္းမ်ားကို ဂ႐ုမျပဳဘဲ ၾကက္ေျခနီလုပ္ငန္းမ်ားကိုသာ ဂ႐ုျပဳ ေဆာင္႐ြက္ေနေသာေၾကာင့္ ျဖစ္သည္။ ေနာက္ဆုံး ၁၈၆၇ခု ႏွစ္တြင္ သူ၏ စီးပြားေရးလုပ္ငန္းအားလုံး ဖရိုဖရဲ ၿပိဳကြဲပ်က္စီးသြားေလသည္။ ထိုအခါ သူ၏ စီးပြားေရးလုပ္ငန္းတြင္ အစုရွယ္ယာ ထည့္သြင္းပါဝင္သူမ်ားက သူ႕ကို အျပစ္ဆိုၾကသည္။ သူ႕အေၾကာင္း မေကာင္းေျပာၾကသည္။

Photo-Credit

ဤတြင္ ဟင္နရီဒူးနန႔္သည္ သူခ်စ္ျမတ္နိုးလွသည့္ ၾကက္ေျခနီအသင္းႀကီးမွ ခ်က္ခ်င္း ႏုတ္ထြက္လိုက္ေလသည္။ စီးပြားေရးႏွင့္ပတ္သက္၍ သူသည္ နာမည္ပ်က္တစ္ေယာက္ ျဖစ္သြားရာ၊ သူ႕ေၾကာင့္ မြန္ျမတ္လွေသာ ၾကက္ေျခနီအသင္းႀကီးႏွင့္ ၾကက္ေျခနီလုပ္ငန္းမ်ားကို မထိခိုက္ေစလိုသျဖင့္ သူ႕ခမ်ာ အသင္းမွ ႏုတ္ထြက္ခဲ့ျခင္းျဖစ္သည္။ ဟင္နရီဒူးနန႔္သည္ အသင္းမွ ႏုတ္ထြက္လိုက္ေသာအခါ လုံး၀ ဩဇာအာဏာ မရွိေတာ့ေပ။ သူက မည္မွ် ေစတနာထား၍ မည္သို႔ အႀကံေကာင္း၊ ဉာဏ္ေကာင္းမ်ား ေပးေစကာမူ လက္မခံၾကေတာ့ေပ။ သူ႕ကို လုံး၀ ဂ႐ုမျပဳၾကေတာ့ေပ။ ဥေပကၡာ ျပဳထားလိုက္ၾကေလသည္။

ထိုအခ်ိန္တြင္ သူ႕၌ ေငြေၾကးလည္း မရွိေတာ့ေပ။ အေပါင္းအသင္းလည္း မရွိေတာ့။ သူသည္ အထီးက်န္ ျဖစ္ေနေပၿပီ။ ႏွစ္အနည္းငယ္အတြင္းမွာပင္ ဟင္နရီဒူးနန႔္၏ အမည္သည္ ၾကက္ေျခနီေလာကမွ ေပ်ာက္ကြယ္သြားေလသည္။ သူ႕အမည္ႏွင့္အတူ ဟင္နရီဒူးနန႔္သည္လည္း ဂ်ီနီဗာၿမိဳ႕မွ ေပ်ာက္ကြယ္သြားေလသည္။

ထိုသို႔ ေပ်ာက္ကြယ္သြားရာမွ ႏွစ္ေပါင္း ၃၀ အၾကာတြင္ သတင္းစာဆရာတစ္ဦးသည္ ဟိုက္ဒင္အမည္ရွိ ဆြစ္ေတာင္ေပၚ ႐ြာကေလးတစ္႐ြာသို႔ ျဖတ္သန္းသြားလာစဥ္၊ ထို႐ြာ၌ ထူးျခားေသာ အသြင္ရွိသည့္ အဘိုးအိုတစ္ဦးကို ေတြ႕ ရသည္။ ထိုအဘိုးအိုမွာ ဆံမုတ္ဆိတ္မ်ား ေဖြးေဖြးျဖဴလ်က္၊ အိမ္ကေလး တစ္လုံးတြင္ မထင္မရွား ဆင္းဆင္းရဲရဲ ေနထိုင္လ်က္ရွိသည္။ သတင္းစာဆရာသည္ ၾကင္နာေသာ အမူအရာရွိသည့္ အဘိုးအိုႏွင့္ စကားစျမည္ ေျပာရာမွ ထိုအဘိုးအိုမွာ အျခားသူမဟုတ္။ ၾကက္ေျခနီ ဖခင္ႀကီး ဟန္နရီဒူးနန႔္ ျဖစ္ေၾကာင္း သိရွိသြားသည္။

သတင္းစာဆရာသည္ အံ့အားသင့္ မဆုံးၿပီ။ သူသည္ ၾကက္ေျခနီ ဖခင္ႀကီး ဟင္နရီဒူးနန႔္ တစ္ေယာက္ကြယ္လြန္ၿပီဟု ထင္မွတ္ခဲ့သည္။ သူ႕နည္းတူ အမ်ားကလည္း ထင္မွတ္ခဲ့သည္။ ယခုကား ၾကက္ေျခနီဖခင္ႀကီးမွာ အသက္ထင္ရွား ရွိေနတုန္းပင္။ သတင္းစာဆရာသည္ ဟင္နရီဒူးနန႔္ကို မေမွ်ာ္လင့္ဘဲ ဟိုက္ဒင္႐ြာကေလး၌ ေတြ႕ရွိပုံ အေၾကာင္းအစုံကို သတင္းစာမ်ားသို႔ သတင္းေရးသား ေပးပို႔လိုက္သည္။ ထိုအခါ လူအမ်ားသည္ လႈပ္လႈပ္႐ြ႐ြ ျဖစ္သြားၾကသည္။

Photo-Credit

အခ်ိဳ႕က ဟင္နရီဒူးနန႔္ထံ စာမ်ားေရးၾကသည္။ အခ်ိဳ႕က ေငြေၾကး လက္ေဆာင္မ်ား ေပးပို႔ၾကသည္။ အခ်ိဳ႕က လူကိုယ္တိုင္ လာေရာက္ေတြ႕ဆုံၾကသည္။ ထို႔ေနာက္ တည္ေထာင္ခါစျဖစ္ေသာ နိုဗယ္(လ္)ဆု ခ်ီးျမႇင့္ေရးအဖြဲ႕ႀကီးက ၁၉၀၁ ခုႏွစ္တြင္ ပထမဆုံးေသာ ၿငိမ္းခ်မ္းေရးဆိုင္ရာ နိုဗယ္(လ္)ဆုႀကီးကို ဟင္နရီဒူးနန႔္ႏွင့္ ပါစီတို႔အား ပူးတြဲေပးလိုက္ေလသည္။ ပါစီမွာ ၿငိမ္းခ်မ္းေရး အသင္းႀကီးကို တည္ေထာင္သူ ျပင္သစ္လူမ်ိဳး ဖရက္ဒရစ္ပါစီပင္ ျဖစ္ေပသည္။

ဟင္နရီဒူးနန႔္သည္ ၿငိမ္းခ်မ္းေရး နိုဗယ္(လ္) ဆုကို ရရွိၿပီး ၉ ႏွစ္အၾကာ၊ ၁၉၁၀ ျပည့္ႏွစ္ အသက္ (၈၂) ႏွစ္အ႐ြယ္တြင္ ဟိုက္ဒင္႐ြာ ေဆး႐ုံကေလးမွာပင္ ကြယ္လြန္သြားရွာေပသည္။ ၁၉ ရာစုႏွစ္တြင္ လူသားတို႔အက်ိဳးကို အေဆာင္႐ြက္ဆုံး ပုဂၢိဳလ္ကို ၫႊန္ျပပါဆိုလွ်င္ အမ်ားကပင္ ဟင္နရီဒူးနန႔္ကို ၫႊန္ျပၾကေပမည္ ျဖစ္ေပသည္။ ဟင္နရီဒူးနန့္ကို ဂုဏ္ျပဳတဲ့အေနနဲ႕ သူ႕ရဲ ေမြးေန႕ေမလ (၈) ရက္ေန႕ကို နိုင္ငံတကာၾကက္ေျခနီေန႕အျဖစ္ သတ္မွတ္ထားသည္။

Photo-Credit

နစ္ေနမန္း

Unicode

ရေးသားသူ — နစ်နေမန်း

၁၈၅၉ ခု ဇွန်လ ၂၄ ရက်နေ့ တွင် မြင်းရထား တစ်စင်း သည် အီတလီနိုင်ငံ ရှိ ဆိုဖီရီနိုမြို့သို့ မောင်းဝင်လာသည် ။ ရထားပေါ် တွင် လူရွယ် တစ်ဦး လိုက်ပါလာသည် ။ သူသည် ပြင်သစ် လူမျိုးတစ်ဦးဖြစ် ၍ ဆွစ်ဇာလန်နိုင်ငံ ၌ ဖွားမြင်ကာ ၊ ဆွစ်ဇာလန်နိုင်ငံမှာ ပင် နေထိုင်သူဖြစ်သည် ။ သူသည် အသက် ၃၁ နှစ် အရွယ်ခန့် ရှိသည် ။ အဖြူရောင် ဝ တ်စုံ ကို သားနား သေသပ်စွာ ဝတ်ဆင်ထားသည် ။ သူ့အမည် မှာ ဟင်နရီဒူးနန့် ဖြစ်သည် ။ အလုပ်အကိုင် အားဖြင့် ဘဏ် ဒါရိုက်တာလူကြီး လည်းဖြစ် ၍ ၊ ကုမ္ပဏီဒါရိုက်တာလူကြီးလည်း ဖြစ်သည် ။

သူရောက် လာချိန်ဝယ် ဆိုဖာရီနိုမြို့မှာ ပြင်းထန်သော စစ်ပွဲကြီး တစ်ပွဲ ဖြစ်ပွားအံ့ဆဲဆဲ ဖြစ်နေသည်။ ထိုစဉ်က သြစထရီးယားကတစ်ဖက်၊ ပြင်သစ်နှင့် ဆားဒီးနီးယားတို့ကတစ်ဖက် စစ် ဖြစ်ပွားလျက် ရှိသည်။ သြစထရီးယန်းတပ်များသည် အီတလီမြောက်ပိုင်းကို သိမ်းပိုက် ကျွန်ပြုထားသည်ဖြစ်ရာ ထိုဒေသရှိ ဆိုဖာရီနိုမြို့၌ သြစထရီးယန်းတပ်ကြီးက တစ်ဖက်၊ ပြင်သစ်နှင့် ဆားဒီးနီးယန်းတပ်များကတစ်ဖက် ရင်ဆိုင်တိုက်အံ့ဆဲဆဲ အချိန်ဖြစ်သည်။

သြစထရီးယန်းတပ်များ ကို ဖရန့်ဂျိုးဇက် ဘုရင်ကိုယ်တိုင် ကြီးမှူးကွပ်ကဲ သည်။ ပြင်သစ်နှင့် ဆားဒီးယန်းတပ်များကိုမူ တတိယမြောက်နပိုလီယံဘုရင်ကိုယ်တိုင် ကြီးမှူးကွပ်ကဲသည်။ ဟင်နရီဒူးနန့်သည် ထိုနေရာသို့ စစ်ရေးအတွက် ရောက်ရှိလာခြင်းမဟုတ်။ စီးပွားရေးအတွက် ရောက်ရှိလာခြင်းသာ ဖြစ်သည်။ သူ၏ ကုမ္ပဏီသည် ထိုစဉ်က ပြင်သစ်ပိုင်ဖြစ်သော အယ်လ်ဂျီးရီးယားနိုင်ငံသို့ လေရဟတ်များ ရောင်းချရန်အတွက် ပြင်သစ်အစိုးရထံမှ ခွင့်ပြုချက် တောင်းခံခဲ့သည်။ ထိုတောင်းခံချက်ကို ပါရီ မြို့ရှိ ကိုလိုနီဆိုင်ရာဋ္ဌာနက ငြင်းပယ်လိုက်သည်။ ထို့ကြောင့် သူသည် အီတလီစစ်မြေပြင်၌ ရောက်ရှိနေသော နပိုလီယံဘုရင်ထံ ခွင့်တောင်းရန် လာရောက်ခြင်း ဖြစ်သည်။ သူသည် ဆိုဖာရီနိုမြို့သို့ ဝင်မိသောအခါ ရှေ့ဆက်သွား၍ မရတော့ပေ။ ပြင်သစ်စစ်သားများဖြင့် လမ်းပိတ်ဆို့နေသောကြောင့်ဖြစ်သည်။

သူက ပြင်သစ်စစ်သားများ အား “ ခင်ဗျား တို့ ဧကရာဇ်ဘုရင် နဲ့ အရေးတကြီး တွေ့ချင်လို့ပါ။ လမ်းဖယ်ပေးပါ ခင်ဗျာ” ဟု ပြောဆိုသည်။ ထိုအခါ ပြင်သစ်စစ်ဗိုလ်တစ်ဦးက “ဘုရင်မင်းမြတ်ဟာ စစ်မြေပြင်ကို စစ်ချီသွားပြီ။ မကြာခင် စစ်ပွဲစတော့မယ်။ ခင်ဗျား ရှေ့ဆက်သွားလို့ မရတော့ဘူး။ ချက်ချင်းပြန်လှည့်သွားပါ ” ဟု ပြောဆိုတားမြစ်သည်။ ဤတွင် ဟင်နရီဒူးနန့်သည် ရထားပေါ် မှ ဆင်းကာ မြင်းတစ်စီးကို ပြောင်းစီးသည်။

ထို့နောက် ချီတက်သွားသော စစ်သားများနောက်မှ ကပ်လျက် လိုက်ပါသွားသည် ။ ယခု အချိန်တွင်မူ သူသည် နပိုလီယံဘုရင်နှင့်တွေ့ ဆုံရန် မဟုတ်တော့။ စစ်တိုက်ခိုက်သည်ကို မတွေ့မြင်ဖူးသဖြင့် အခွင့်ရခိုက် ကြည့်ရှု့လေ့လာရန် လိုက်ပါလာခြင်းဖြစ်လေ သည် ။

မကြာမီသူသည် စစ်မြေပြင်သို့ ရောက်ရှိသွားသည်။ သြစထရီးယန်း တပ်သားများသည် လင်းယုန်ငှက် တံဆိပ်အမှတ်အသားပါရှိသော အလံများကို လွှင့်ထူလျက် ရန်သူကို တိုက်ခိုက်ရန် အသင့်ပြင်ပြီး ဖြစ်ကြသည်။ ပြင်သစ်နှင့် ဆားဒီးနီးယန်းတပ်သားများ သည်လည်း တောက်ပသော ဝတ်စုံများ ကို ဆင်မြန်းလျက် ရန်သူများကို ရှိရာသို့ တစ်ဟုန်ထိုး ချီတက်သွားကြ သည်။

နှစ်ဖက်အင်အားမှာ စုစုပေါင်း သုံးသိန်းကျော်ရှိပေသည် ။ ဟင်နရီဒူးနန့်သည် ထိုတိုက်ပွဲကို တောင်ကုန်းတစ်ခုပေါ်မှနေ၍ စိတ်ဝင်စားစွာ ကြည့်ရှု့နေသည်။ အလွန်ကြည့်ကောင်းမည့် ပွဲကြီးပွဲကောင်း ဖြစ်လိမ့်မည် ဟု တွေးတောမျှော်လင့်နေသည် ။ သို့ရာ တွင် စစ်တပ်ကြီးနှစ်တပ် တွေ့ဆုံ တိုက်ခိုက်ကြသောအခါတွင်ကား သူ ထင်သကဲ့သို့ မဟုတ်၊ အလွန်ထိတ်လန့်ကြောက်မက်ဖွယ်ရာ ကောင်းလှသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရလေသည် ။

ရှေးဦးစွာ အမြောက်သံများ ၊ သေနတ်သံများ ကို နားကွဲလုမတတ်ကြားရသည်။ ထို့နောက် ခုတ်ကြ ထစ်ကြသော အသံများကို ကြားရသည်။ မရှေးမနှောင်းပင် အော်ညည်းသံများကို ကြားရသည်။ စစ်မြေပြင်တစ်ခုလုံး ယမ်းငွေ့များ မှိုင်းဝေသွားပြီး ထိုယမ်းငွေ့များကြားထဲတွင် လူသေကောင်များနှင့် ဒဏ်ရာရသူများကို မြင်မကောင်း၊ ရှုမကောင်း တွေ့မြင်ရသည်။ တိုက်ပွဲသည် ၁၅ နာရီမျှ ကြာသည်။ နောက်ဆုံး၌ သြစထရီးယန်းတပ်သည် အရေးနိမ့်ကာ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွားကြသည်။ စစ်မြေပြင်၌ ကျဆုံးသူနှင့် ဒဏ်ရာရသူများမှာ စုစုပေါင်း လေးသောင်းကျော် ရှိသည်။

ဒဏ်ရာရသူများသည် မိမိတို့ လဲကျသည့် နေရာများ တွင် သနားစဖွယ် အော်ဟစ်ညည်းညူကား လူးလွန့်နေကြသည်။ ချစ်ချစ်တောက်ပူသော နေရောင်အောက်တွင် မရှုမလှ ဝေဒနာခံစားလျက် ရှိကြသည်။ အချို့က ရေငတ်လှသဖြင့် “ရေ. . . ရေ” ဟူ၍ တစာစာ အော်ဟစ်တောင်းနေသည်။ သူနာများထဲမှ အချို့ကို ပြင်သစ်နှင့် ဆားဒီးနီးယန်းတပ်သားများက ဖေးမ ခေါ်ဆောင်သွားကြသည်။ အများအပြားမှာမူ သည်အတိုင်းပင် ပိုးစိုးပက်စက် ရှိနေသည်။ ထိုစဉ်က ထိုနေရာ၌ သူနာတင်ရထားလည်း မရှိ။ ဆရာဝန်လည်း မရှိ။ သူနာပြုလည်း မရှိ။ ဒဏ်ရာရသူများမှာ ကယ်သူကင်းဝေးလျက် အရှင်လတ်လတ် ငရဲရောက်နေသကဲ့သို့ ရှိကြရှာပေသည်။

ဟင်နရီဒူးနန့်သည် ထိုရှုခင်းကို တွေ့ရသောအခါ ကြီး စွာသော တုန်လှုပ်ချောက်ချားခြင်း ဖြစ်ခဲ့သည်။ တစ်ဖန် တုန်လှုပ်ချောက်ချားရာမှ ကြီးစွာသော ကရုဏာစေတနာလည်း ဖြစ်ပေါ်ခဲ့သည်။ သို့ဖြင့် သူသည် သူနာများကို အစွမ်းကုန် ကယ်ဆယ်မည်ဟူ၍ သန္နိဋ္ဌာန်ချလိုက်ကာ၊ တောင်ကုန်းပေါ်မှ ပြေးဆင်းလာခဲ့ပေသည်။ တပ်သားများ ခေါ်ဆောင် လာသော သူနာများတွင် အချို့ကို ဘုရားရှိခိုးကျောင်း၌ ထားသည်။ အချို့ကို စာသင်ကျောင်းများ၌ ထားသည်။ အချို့ကို အိမ်များ၊ တဲများ၌ ထားသည်။

သို့တိုင်အောင်လည်း နေရာမဆံ့သဖြင့် အချို့မှာလမ်းများပေါ်ပင် ရှိနေကြသည် ။ ထိုသူနာများ ကို ကုသရန် စစ်ဘက်ဆိုင်ရာ ဆရာဝန်ဆို၍လည်း အနည်းငယ်သာရှိသည်။ ထိုလက်တစ်ဆုပ်စာ မျှသာ ဆရာဝန်တို့သည် ခြေဖြတ် လက်ဖြတ် ရသော လုပ်ငန်းနှင့် ကြီးမားလှသည့် ဒဏ်ရာအပေါက်ကြီးများကို ဆို့ပိတ်ရ သော လုပ်ငန်းများလောက်ကိုသာ လုပ်နိုင်သည်။ သူနာကလည်း များလွန်း သည်။ ဆရာဝန်ကလည်း နည်းလွန်းသည်။ ထို့ပြင် ဆေးဝါး ပစ္စည်းကလည်း အလုံအလောက် မရှိပေ။

ဤအခြေအနေတွင် ဟင်နရီဒူးနန့်သည် အစွမ်းကုန် ဝင်ရောက်ကူညီလေ သည်။ သူသည် သူ့၌ ပါလာသော ငွေအားလုံးကို အီတလီ ရွာသားအချို့အား ပေးလိုက်ပြီး၊ အနီးရှိ မြို့သို့သွား၍ ဆေးဝါးနှင့် ပတ်တီးများ အမြန်ဝယ်ယူစေသည်။ ထို့ပြင် အနီးအနား ရွာများရှိ အီတလီ အမျိုးသမီးများကို စည်းရုံး၍ သူနာများကို ဝိုင်းဝန်းပြုစုစေသည်။ သူကိုယ်တိုင်လည်း ရေပုံးကို ထမ်းလျက် အနာများကို လိုက်လံဆေးကြော သုတ်သင်ပေးသည်။ ပတ်တီးစည်းပေးသည်။ သူ လျှောက်သွားသည့်အခါ သူ့ခြေထောက်ကို လှမ်းဖက်ကာ ရေတောင်းရှာသည့် သူနာများကိုလည်း ရေတိုက်ပေးသည်။ ထို့ပြင် စစ်မြေပြင်၌ ကျန်ရှိသေးသည့် သူနာများကိုလည်း သယ်ဆောင်၍ နေရာချထားပေးသည်။ သူနာများက သူ့အား “ဝတ်စုံဖြူနှင့် လူ” ဟူ၍ ခေါ်ကြသည်။ သို့ရာတွင် သူ့ဝတ်စုံဖြူမှာ သူနာများကို ပြုစုရသဖြင့် မဖြူတော့ဘဲ ညစ်ထည်းနေပြီ။

တစ်နေ့သ၌ သူသည် ပြင်သစ်တပ်သား သူနာများ ကို ပြုစုနေစဉ် သြစထရီးယန်းတပ်သားသူ နာနှစ်ယောက် ရောက်ရှိလာသည်။ ပြင်သစ်တပ်သားများက “ ဟေ့ ရန်သူတပ်သားတွေ ထွက်သွားကြ” ဟူ၍ အော်ဟစ် နှင်ထုတ် သည်။ ထိုအခါ ဟင်နရီဒူးနန့်သည် ပြင်သစ်တပ်သားများ၏ အပြုအမူကို တားမြစ်ကာ၊ ဩစထရီးယန်းတပ်သား သူနာနှစ်ဦးကို ကောင်းစွာ လက်ခံသည်။ “သည်နေရာမှာ ရန်သူဆိုတာ မရှိဘူး။ အားလုံး ညီရင်းအစ်ကိုတွေချည်းဘဲ” ဟု ဟင်နရီဒူးနန့်က ပြောဆိုသည်။ သြစထရီးယန်း တပ်သားနှစ်ဦးကို ကြင်နာစွာ ပြုစုစောင့်ရှောက်သည်။ အစက အီတလီရွာသူရွာသားများသည် ပြင်သစ်နှင့် ဆားဒီးနီးယန်းတပ်သား သူနာများကိုသာ ပြုစုလိုကြသည်။ သူတို့ကို ကျွန်ပြုသော သြစထရီးယန်း တပ်သားသူနာများကိုမူ မပြုစုလိုကြပေ။ သို့ရာတွင် ဟင်နရီဒူးနန့်၏ ကြီးမားသော ကရုဏာ စေတနာကို ခံစားသိရှိရသောအခါတွင်ကား သူတို့သည်လည်း ရန်သူ၊ မိတ်ဆွေ မရွေး ဒုက္ခရောက်သူ သူနာတိုင်းအပေါ် ကရုဏာထားကြပေသည်။

တစ်နေ့သ၌ ဘုရား ရှိခိုးကျောင်းတစ်ကျောင်း တွင် သူနာ ၅၀၀ ခန့်ကို ဟင်နရီဒူးနန့်တို့ တွေ့ရှိကြသည်။ ထိုသူနာများမှာ ငါးရက်လုံးလုံး အစာမတွေ့၊ ရေ မတွေ့၊ ဆေးမတွေ့ နှင့်။ ဝေဒနာကို အလူးအလိမ့် မချိမဆံ့ ခံနေကြရရှာသည်။ သူတို့အထဲတွင် ပြင်သစ်၊ သြစထရီးယန်း၊ ဆလပ်၊ အာရပ်၊ ဂျာမန် စသည့်ဖြင့် လူမျိုးပေါင်းစုံပါဝင်လေသည်။

စစ်ပွဲအပြီးတွင် ရန်သူနှင့်မိတ်ဆွေတို့သည် တစ်နေရာ တည်းတွင် စုရုံးလျက် ဆင်းရဲဒုက္ခ ခံနေရရှာသည်။ ဟင်နရီဒူးနန့်နှင့် အီတလီ ရွာသူရွာသားတို့သည် ထိုသူနာတို့ကို အစွမ်းကုန် ကူညီပြုစု စောင့်ရှောက်ကြသည်။ “ငါတို့အားလုံး ဟာ ညီအစ် ကို အရင်းအချာတွေဘဲ” ဟူသော စကားသည် ဤကရုဏာရှင်များ၏ ရင်မှ ပေါ်ထွက်လာခဲ့ပေသည်။

ဟင်နရီဒူးနန့်သည် ထိုအရပ်ဒေသ၌ ရက်ပေါင်းများစွာ ကြာအောင်ပင် နေထိုင်ကာ သူနာများကို အစွမ်းကုန် ပြုစုစောင့်ရှောက်ခဲ့သည်။ ထိုနောက်မှ မိမိနေထိုင်ရာ ဆွစ်ဇာလန်နိုင်ငံသို့ ပြန်လာခဲ့ပေသည်။ ယင်းသို့ ပြန်လာစဉ် သူ ၏ ရင်မှာ တင်းကျပ်လျက် ရှိသည်။ စစ်ပွဲများကား ပေါ်လာဦးမည်ပင်။ စစ်ပွဲများ ပေါ်လာသည်နှင့်အမျှ သူနာများလည်း ပေါ်လာဦးမည်ပင်။ ထိုအခါ ထိုထိုသူနာများကို မည် သို့ ပြုစုစောင့်ရှောက်ရမည်နည်း။

ဟင်နရီဒူးနန့်သည် ထိုနေ့၊ ထိုအချိန်မှစ၍ သူ၏ စီးပွားရေးလုပ်ငန်းများ ကို စိတ်မဝင်စားတော့။ ကြွယ်ဝချမ်းသာမှုကို ဂရုမစိုက်တော့။ ကြီးပွားတိုးတက်ရေးကို အလေးမထားတော့။ သူနာများကို ကယ်တင်စောင့်ရှောက်ရေးလုပ်ငန်းကိုသာ စိတ်ဝင်စားတော့သည်။ သွားလည်းသည်စိတ်၊ ထိုင်လည်း သည်စိတ်၊ အိပ်လည်း သည်စိတ်၊ စားလည်း သည်စိတ်။ ထို့ကြောင့် သူသည် “ဆိုဖီရီနို မှတ်တမ်း” အမည်ရှိ စာအုပ်တစ်အုပ်ကို ၁၈၆၁ ခု၌ ရေးသားသည်။ ဆိုဖီရီနို စစ်မြေပြင်၌ သူတွေ့မြင်ခံစားခဲ့ရသည်တို့ကို နှလုံးသွေးဖြင့်ရေးသည့်ပမာ လှိုက်လှိုက်လှဲလှဲ ရေးသားထားခြင်းဖြစ်သည်။ ထို့နောက် ထိုစာအုပ်ကို အုပ်ရေတစ်ထောင် ပုံနှိပ်ပြီးလျှင် အရေးပါသော မိတ်ဆွေများနှင့် ပုဂ္ဂိုလ်ကြီးများထံ ပေးပို့လေသည်။ ထိုစာအုပ်ငယ်သည် ဥရောပတိုက်ကြီးကို တုန်လှုပ်ချောက်ချားသွားစေသည်။

ရင်နာဖွယ် အဖြစ်အပျက်များသည် ကမ္ဘာတစ်ဝန်းလုံးသို့ တောမီးပမာ ပျံ့နှံ့သွားလေ သည်။ ထိုစာအုပ်ကို အကြိမ်ကြိမ် ထပ်မံပုံနှိပ်ရလေသည်။ ထိုစာအုပ်ကို ဖတ်ရှုသူတိုင်းပင် သူနာများ ကယ်ဆယ်ရေးအတွက် မည်သို့ ဆောင်ရွက်ရမည် ကို စဉ်းစားတွေးတောလာကြပေသည်။

ဟင်နရီဒူးနန့်က သူ့စာအုပ်တွင် သနားစဖွယ် သူနာများ၏ ဘဝကို တင်ပြထားသည်။ ထို့ပြင် သူနာများကို ကယ်ဆယ်ရန် စေတနာ့ဝန်ထမ်း ကရုဏာရှင်များ လိုအပ်သည့်နည်းတူ၊ ထိုကရုဏာရှင်များကိုလည်း သူနာပြုလုပ်ငန်းများ လေ့ကျင့်သင်ကြားပေးရန် လိုသည်။ ဆိုဖီရီနို စစ်မြေပြင်၌ သူနာများကို ပြုစုရန် ကရုဏာရှင် စေတနာ့ဝန်ထမ်းများ ပေါ်ထွက်လာအောင် စည်းရုံးနိုင်ခဲ့သော်လည်း၊ ထိုကရုဏာရှင်များမှာ သူနာပြုလုပ်ငန်းများကို မတတ်ကျွမ်းသဖြင့် အခက်အခဲများစွာ တွေ့ရသည် ဟူ၍လည်း တင်ပြထားပေသည်။

စာအုပ် ထွက်ပေါ်ပြီး မကြာမီပင် ဂျနီဗာမြို့တွင်ရှိသော ဟင်နရီဒူးနန့် ၏ မိတ်ဆွေကြီးလေးဦးသည် ဟင်နရီဒူးနန့်နှင့်အတူ စတင် အလုပ်လုပ်ကြသည်။ မိတ်ဆွေကြီးလေးဦးမှာ ဗိုလ်ချုပ်ကြီးဒူဖိုး၊ ဂျီနီဗာ စေတနာ့ဝန်ထမ်း အသင်းကြီး၏ ဥက္ကဋ္ဌ ဂူစတေ့မိုနီယာ၊ ဒေါက်တာ အမ္မီယ၊ ဒေါက်တာသီအိုဒိုမောနေး တို့ ဖြစ်ကြသည်။ ဟင်နရီဒူးနန့်နှင့် ထိုမိတ်ဆွေကြီးလေးဦးတို့သည် ငါးဦးကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်သည်။ သူနာများကယ်ဆယ်ပြုစုစောင့်ရှောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ညီလာခံကြီးကို ဂျီနီဗာမြို့၌ ကျင်းပရန် ဆော်ဩဆာင်ရွက်ကြသည်။

ဟင်နရီဒူးနန့် သည် ထိုညီလာခံကြီး ဖြစ်မြောက်ရေးအတွက် မအိပ်မနေ ဆောင်ရွက်သည်။ သူ့စာအုပ်ကို အကြောင်းပြု၍ သူ့စေတနာကို အများကသိပြီး ဖြစ်ရာ သူသည် နိုင်ငံအများ သို့ သွားရောက်သည်။ ညီလာခံကြီးဖြစ်မြောက် အောင်မြင်ရေးအတွက် အရေးပါသောပုဂ္ဂိုလ်ကြီးများကို တွေ့ဆုံသည်။ အဖွ့ဲအစည်းများကို ချည်းကပ်သည်။ ပုဂ္ဂိုလ်အသီးသီးထံသို့ စာရေးသား ပေးပို့သည်။ သူ၏ စာအုပ်များကို ဝေငှသည်။ အမေရိကန်သမ္မတကြီး လင်ကွန်းထံသို့ စာရေး၍ မေတ္တာရပ်ခံရာ ကိုယ်စားလှယ်နှစ်ဦး စေလွှတ်ပါမည်ဟူ၍ လင်ကွန်းက ကတိပေး ပြန်ကြားခဲ့သည်။

ပြင်သစ်ပြည် စစ်ဝန်ကြီးကမူ ဟင်နရီဒူးနန့်၏ စာအုပ်သည် ပြင်သစ်ပြည်ကို ထိပါးစေသည်ဟုဆိုကာ ဟင်နရီဒူးနန့်ကို ဆန့်ကျင်ဘက် ပြုခဲ့သည်။ ထိုအခါ ဟင်နရီဒူးနန့်သည် နပိုလီယံ ထံမှောက်သို့ ဝင်ရောက်ပြီး ရှင်းလင်းတင်ပြခဲ့ သည်။ မေတ္တာရပ်ခံခဲ့သည်။ ထိုအခါ နပိုလီယံက ဟင်နရီဒူးနန့်၏ လုပ်ငန်းကို စိတ်ဝင်စားကြောင်း အားတက်ဖွယ်ရာ ပြန်ကြားပြောဆို လိုက်သည်။

သို့ဖြင့် ၁၈၆၃ ခု အောက်တိုဘာလ တွင် ပထမဦးဆုံး ညီလာခံကို ဂျီနီဗာမြို့၌ ကျင်းပခဲ့သည်။ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ အရေးပါအရာရောက်သော ကိုယ်စားလှယ်ကြီးများ တက်ရောက်ကြသည်။ မိုနီယာက ဥက္ကဋ္ဌ၊ ဟင်နရီဒူးနန့်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်သည်။ ထိုညီလာခံမှာပင် ဟင်နရီဒူးနန့် တောင့်တသော ကြက်ခြေနီအသင်းကြီး သန္ဓေတည်ခဲ့သော ၁၈၆၄ ခု နှစ်မှစ၍ အကောင်အထည်ပေါ်ခဲ့သည်။ ကမ ္ဘာအနှံ ပျံ့နှံ့သွားခဲ့သည်။ နောက်ဆုံး ကြက်ခြေနီလုပ်ငန်းသည် တစ်စတစ်စ တိုးတက်လာစဉ် ဟင်နရီဒူးနန့်၏ စီးပွားရေးလုပ်ငန်းများမှာမူ တစ်စတစ်စ ဆုတ်ယုတ်ကျဆင်းလာသည်။ သူသည် စီးပွားရေးလုပ်ငန်းများကို ဂရုမပြုဘဲ ကြက်ခြေနီလုပ်ငန်းများကိုသာ ဂရုပြု ဆောင်ရွက်နေသောကြောင့် ဖြစ်သည်။ နောက်ဆုံး ၁၈၆၇ခု နှစ်တွင် သူ၏ စီးပွားရေးလုပ်ငန်းအားလုံး ဖရိုဖရဲ ပြိုကွဲပျက်စီးသွားလေသည်။ ထိုအခါ သူ၏ စီးပွားရေးလုပ်ငန်းတွင် အစုရှယ်ယာ ထည့်သွင်းပါဝင်သူများက သူ့ကို အပြစ်ဆိုကြသည်။ သူ့အကြောင်း မကောင်းပြောကြသည်။

ဤတွင် ဟင်နရီဒူးနန့်သည် သူချစ်မြတ်နိုးလှသည့် ကြက်ခြေနီအသင်းကြီးမှ ချက်ချင်း နုတ်ထွက်လိုက်လေသည်။ စီးပွားရေးနှင့်ပတ်သက်၍ သူသည် နာမည်ပျက်တစ်ယောက် ဖြစ်သွားရာ၊ သူ့ကြောင့် မွန်မြတ်လှသော ကြက်ခြေနီအသင်းကြီးနှင့် ကြက်ခြေနီလုပ်ငန်းများကို မထိခိုက်စေလိုသဖြင့် သူ့ခမျာ အသင်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ဟင်နရီဒူးနန့်သည် အသင်းမှ နုတ်ထွက်လိုက်သောအခါ လုံး၀ ဩဇာအာဏာ မရှိတော့ပေ။ သူက မည်မျှ စေတနာထား၍ မည်သို့ အကြံကောင်း၊ ဉာဏ်ကောင်းများ ပေးစေကာမူ လက်မခံကြတော့ပေ။ သူ့ကို လုံး၀ ဂရုမပြုကြတော့ပေ။ ဥပေက္ခာ ပြုထားလိုက်ကြလေသည်။

ထိုအချိန်တွင် သူ့၌ ငွေကြေးလည်း မရှိတော့ပေ။ အပေါင်းအသင်းလည်း မရှိတော့။ သူသည် အထီးကျန် ဖြစ်နေပေပြီ။ နှစ်အနည်းငယ်အတွင်းမှာပင် ဟင်နရီဒူးနန့်၏ အမည်သည် ကြက်ခြေနီလောကမှ ပျောက်ကွယ်သွားလေသည်။ သူ့အမည်နှင့်အတူ ဟင်နရီဒူးနန့်သည်လည်း ဂျီနီဗာမြို့မှ ပျောက်ကွယ်သွားလေသည်။

ထိုသို့ ပျောက်ကွယ်သွားရာမှ နှစ်ပေါင်း ၃၀ အကြာတွင် သတင်းစာဆရာတစ်ဦးသည် ဟိုက်ဒင်အမည်ရှိ ဆွစ်တောင်ပေါ် ရွာကလေးတစ်ရွာသို့ ဖြတ်သန်းသွားလာစဉ်၊ ထိုရွာ၌ ထူးခြားသော အသွင်ရှိသည့် အဘိုးအိုတစ်ဦးကို တွေ့ ရသည်။ ထိုအဘိုးအိုမှာ ဆံမုတ်ဆိတ်များ ဖွေးဖွေးဖြူလျက်၊ အိမ်ကလေး တစ်လုံးတွင် မထင်မရှား ဆင်းဆင်းရဲရဲ နေထိုင်လျက်ရှိသည်။ သတင်းစာဆရာသည် ကြင်နာသော အမူအရာရှိသည့် အဘိုးအိုနှင့် စကားစမြည် ပြောရာမှ ထိုအဘိုးအိုမှာ အခြားသူမဟုတ်။ ကြက်ခြေနီ ဖခင်ကြီး ဟန်နရီဒူးနန့် ဖြစ်ကြောင်း သိရှိသွားသည်။

သတင်းစာဆရာသည် အံ့အားသင့် မဆုံးပြီ။ သူသည် ကြက်ခြေနီ ဖခင်ကြီး ဟင်နရီဒူးနန့် တစ်ယောက်ကွယ်လွန်ပြီဟု ထင်မှတ်ခဲ့သည်။ သူ့နည်းတူ အများကလည်း ထင်မှတ်ခဲ့သည်။ ယခုကား ကြက်ခြေနီဖခင်ကြီးမှာ အသက်ထင်ရှား ရှိနေတုန်းပင်။ သတင်းစာဆရာသည် ဟင်နရီဒူးနန့်ကို မမျှော်လင့်ဘဲ ဟိုက်ဒင်ရွာကလေး၌ တွေ့ရှိပုံ အကြောင်းအစုံကို သတင်းစာများသို့ သတင်းရေးသား ပေးပို့လိုက်သည်။ ထိုအခါ လူအများသည် လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။

အချို့က ဟင်နရီဒူးနန့်ထံ စာများရေးကြသည်။ အချို့က ငွေကြေး လက်ဆောင်များ ပေးပို့ကြသည်။ အချို့က လူကိုယ်တိုင် လာရောက်တွေ့ဆုံကြသည်။ ထို့နောက် တည်ထောင်ခါစဖြစ်သော နိုဗယ်(လ်)ဆု ချီးမြှင့်ရေးအဖွဲ့ကြီးက ၁၉၀၁ ခုနှစ်တွင် ပထမဆုံးသော ငြိမ်းချမ်းရေးဆိုင်ရာ နိုဗယ်(လ်)ဆုကြီးကို ဟင်နရီဒူးနန့်နှင့် ပါစီတို့အား ပူးတွဲပေးလိုက်လေသည်။ ပါစီမှာ ငြိမ်းချမ်းရေး အသင်းကြီးကို တည်ထောင်သူ ပြင်သစ်လူမျိုး ဖရက်ဒရစ်ပါစီပင် ဖြစ်ပေသည်။

ဟင်နရီဒူးနန့်သည် ငြိမ်းချမ်းရေး နိုဗယ်(လ်) ဆုကို ရရှိပြီး ၉ နှစ်အကြာ၊ ၁၉၁၀ ပြည့်နှစ် အသက် (၈၂) နှစ်အရွယ်တွင် ဟိုက်ဒင်ရွာ ဆေးရုံကလေးမှာပင် ကွယ်လွန်သွားရှာပေသည်။ ၁၉ ရာစုနှစ်တွင် လူသားတို့အကျိုးကို အဆောင်ရွက်ဆုံး ပုဂ္ဂိုလ်ကို ညွှန်ပြပါဆိုလျှင် အများကပင် ဟင်နရီဒူးနန့်ကို ညွှန်ပြကြပေမည် ဖြစ်ပေသည်။ ဟင်နရီဒူးနန့်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ မွေးနေ့မေလ (၈) ရက်နေ့ကို နိုင်ငံတကာကြက်ခြေနီနေ့အဖြစ် သတ်မှတ်ထားသည်။

နစ်နေမန်း

Add a Comment

Your email address will not be published. Required fields are marked *