” မယ္တင္ နဲ႕ ကိုဗစ္ ” ( ဟာသ )

စာရွည္ေပမဲ့ ရီရလြန္းလို႔ ….

” မယ္တင္ နဲ႕ ကိုဗစ္ ”

မယ္တင္တစ္ေယာက္ေခ်ာင္းဆိုးသည္။ခ်မ္းတုန္သည္။ကိုယ္လက္ကိုက္ခဲေနသည္။အသက္ရႈလဲမဝေခ်။ကိုယ္အပူခ်ိန္သည္ တခါတခါ တိုင္းလိုက္လွ်င္ 99 / 100 ေလာက္ျဖစ္ေနတတ္သည္။

ထိုအခ်က္မ်ားအရ မယ္တင္သည္ မိမိကိုယ္ထဲတြင္ ကိုဗစ္ နိုင္တီးန္ ေရာက္ေနၿပီဟုဆိုကာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးထံအေၾကာင္းၾကားရန္ လာခဲ့ေတာ့သည္။မယ္တင္က “က်မ ကြကို ျပည္သူတစ္ေယာက္အေနနဲ႕ တာဝန္သိသိ ကြာရန္တင္းန္ရမယ္ ေယာက်ာ္း”ဟု ေျပာကာ ပုတက္ ပုတက္ ထြက္သြားေလလွ်င္ မယ္တင့္ေယာက်ာ္း ကိုရင္သည္ေနာက္ကအေျပးအလႊားလိုက္လာခဲ့ရေလသည္။ကိုရင္ေရာက္သည့္အခ်ိန္တြင္ မယ္တင့္ကို ဆရာဝန္ႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတို႔က ေမးျမန္းေနၾကေလၿပီ။

ဆရာဝန္က အဖ်ားတိုင္းသည္။

“မဖ်ားပါဘူး မမယ္တင္”

မယ္တင္က “က်မ တိုင္းတာ 100 ရွိတယ္ ေဒါက္တာ” ဟု ဆိုေလလွ်င္ ကိုရင္က ကပ်ာကယာဝင္ေျပာရေတာ့သည္။

“ေဒါက္တာရယ္ သူက ေန႕ခင္းဆယ့္ႏွစ္နာရီေလာက္ကို ပိုးေသေအာင္ဆိုၿပီး အျပင္ထြက္ေနပူခံတယ္။ သူနဲ႕ သာမိုမီတာတစ္ပါတည္း ယူသြားတာ ေဒါက္တာ။ နာရီဝက္/တစ္နာရီေလာက္ ေနပူခံၿပီး တိုင္းၾကည့္တာကို တစ္ရာေက်ာ္တယ္ေျပာလိုေျပာနဲ႕ ေဒါက္တာရယ္”

” အို…က်မ ေခ်ာင္းလဲဆိုးတယ္ရွင့္”

“ဆိုးမွာေပါ့ ေဒါက္တာရယ္။ အရည္မ်ားမ်ားေသာက္ရမယ္ဆိုလို႔ ေရေတြေသာက္လိုက္ ေရက အရသာမရွိဘူးဆိုၿပီး သူ ဝယ္ထားတဲ့ ၆လစာ အခ်ိဳရည္ေတြကို ၆ရက္ေလာက္နဲ႕ ကုန္ေအာင္ေသာက္လိုက္လုပ္ေတာ့ မဆိုးဘဲေနပါ့မလား ‌ေဒါက္တာ”

ဆရာဝန္က မ်က္လုံးျပဴးၾကည့္ေနတုန္းမယ္တင္ ေပကလပ္ ေပကလပ္ျဖင့္

“ကိုရင္ရယ္ က်မ ကိုယ္ေတြလက္ေတြကိုက္တာက်ေတာ့ေကာ”

“ေအာ္ မကိုက္ဘဲေနမလား။ ဟိုေန႕က ငါမရွိတုန္း နင္ေလ ဆန္ဆိုင္ကို ဆန္ငါးအိတ္လာပို႔ပါဆိုၿပီး ဆန္ဆိုင္ကလာပို႔ေတာ့ အဲဒီလူကို အိမ္ထဲ အဝင္မခံဘဲ အိမ္ေရွ႕ပုံခဲ့ပါဆိုၿပီး နင့္ဘာသာ နင္ ဆန္အိတ္ေတြ မီးဖိုေခ်ာင္ထဲ မ, ေ႐ႊ႕တာေလ”

ကိုရင္က ေဒါႀကီးေမာႀကီး ထ ေအာ္သျဖင့္ မယ္တင္ ၿငိမ္ေနစဥ္

ဆရာဝန္က “ဒါျဖင့္ အသက္ရႈၾကပ္တယ္ဆိုတာကေကာရွင့္” ဟု ေမးေလရာကိုရင္က စိတ္ပ်က္လက္ပ်က္ျဖင့္

“‌ေဒါက္တာရယ္ mask ကို ငါးထပ္စြပ္ၿပီး လက္ကို hand gel နဲ႕ သုံးမိနစ္တစ္ခါပြတ္လိုက္ သူ႕ဘာသာ ျပန္ရႉၾကည့္လိုက္လုပ္ေနတာ။ သူ မေျပာနဲ႕ က်ေနာ္ေတာင္ မြန္းတယ္” ဟု ေျဖေလသည္။

ထိုစဥ္ မယ္တင္က

“ဟို က်မ မွာ ခရီးသြားရာဇဝင္ရွိ..ရွိ”

မယ္တင့္စကားမဆုံးခင္ ကိုရင္က

“ဘာ…နင္ လြန္ခဲ့တဲ့ ၅ႏွစ္က ဘန္ေကာက္ကို တစ္ခါေလးသြားဖူးတာကို ခရီးသြားရာဇဝင္ရွိတယ္ ဟုတ္လား”ဟု ေမးရာ မယ္တင္က “ဆယ့္ေလးႏွစ္အတြင္း သြားဖူးရင္ ကိုဗစ္ဆို”ဟု ေလေပ်ာ့ေလးျဖင့္ျပန္ေမးေလသည္။ “ေသပါေတာ့ဟယ္။ ဆယ့္ေလးရက္အတြင္းကို ခ်ဲ့လိုက္တာ ဆယ့္ေလးႏွစ္ေတာင္ျဖစ္ရတယ္” ဟု အုပ္ခ်ဳပ္ေရးမႈးက ညည္းေလသည္။

မယ္တင္သည္ ကိုရင့္ကို မဝံ့မရဲၾကည့္ရင္း”ခ်မ္း ..ခ်မ္းတုန္တာက်ေတာ့ေကာ ကိုရင္ရဲ႕” ဟု အထြန႔္တက္ေလသည္။ကိုရင္သည္ မယ္တင့္ကို မ်က္ေထာင့္နီႀကီးနဲ႕ ၾကည့္ရင္းက “နင္နဲ႕ငါရဲ႕ ဆယ့္ႏွစ္ေပ ပတ္လည္အခန္းေလးထဲ ႏွစ္ေကာင္အား အဲကြန္းကို တပ္ခိုင္းတာလဲ နင္ပဲ။ ၿပီးေတာ့ stay at home ဆိုၿပီးကတည္းက နင္းကန္ ေဒါင္းထားတဲ့ နင့္လင္ ကိုရီးယားကားေတြ ၾကည့္ရင္း အဲကြန္းရီမုဒ္ကို ဘယ္ႏွစ္ခ်က္မွန္းမသိ ႏွိပ္ထားတာ ငါၾကည့္ေတာ့ ဆယ့္ေျခာက္ျဖစ္ေနတယ္ေလ အ႐ူးမရဲ႕။

ေဒါက္တာရယ္ က်ေနာ့္ မိန္းမကို ကြာရန္တင္းမယ္ဆိုလည္း ေဝဘာဂီတို႔ ရွင္ေဆကိႏၵေက်ာင္းတို႔မွာ မထားပါနဲ႕။ တစ္ခါတည္း ႐ြာသာႀကီးမွာသာ ထားေပးပါခင္‌ဗ်ာ” ဟု ဆိုလိုက္ေလေတာ့သတည္း။ ။

(နည္းနည္းေတာ့ရယ္ၿပီးမ်ားမ်ားႀကီးပို အသက္ရွည္ၾကပါေစ။)

ဒီအခ်ိန္ေလးမွာ ရီေမာျခင္းနဲ႔ စိတ္ပင္းပန္းမႈေတြ ေလ်ာ့ၾကပါစေ…

#cd

Unicode

စာရှည်ပေမဲ့ ရီရလွန်းလို့ ….

” မယ်တင် နဲ့ ကိုဗစ် ”

မယ်တင်တစ်ယောက်ချောင်းဆိုးသည်။ချမ်းတုန်သည်။ကိုယ်လက်ကိုက်ခဲနေသည်။အသက်ရှုလဲမဝချေ။ကိုယ်အပူချိန်သည် တခါတခါ တိုင်းလိုက်လျှင် 99 / 100 လောက်ဖြစ်နေတတ်သည်။

ထိုအချက်များအရ မယ်တင်သည် မိမိကိုယ်ထဲတွင် ကိုဗစ် နိုင်တီးန် ရောက်နေပြီဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံအကြောင်းကြားရန် လာခဲ့တော့သည်။မယ်တင်က “ကျမ ကွကို ပြည်သူတစ်ယောက်အနေနဲ့ တာဝန်သိသိ ကွာရန်တင်းန်ရမယ် ယောကျာ်း”ဟု ပြောကာ ပုတက် ပုတက် ထွက်သွားလေလျှင် မယ်တင့်ယောကျာ်း ကိုရင်သည်နောက်ကအပြေးအလွှားလိုက်လာခဲ့ရလေသည်။ကိုရင်ရောက်သည့်အချိန်တွင် မယ်တင့်ကို ဆရာဝန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မေးမြန်းနေကြလေပြီ။

ဆရာဝန်က အဖျားတိုင်းသည်။

“မဖျားပါဘူး မမယ်တင်”

မယ်တင်က “ကျမ တိုင်းတာ 100 ရှိတယ် ဒေါက်တာ” ဟု ဆိုလေလျှင် ကိုရင်က ကပျာကယာဝင်ပြောရတော့သည်။

“ဒေါက်တာရယ် သူက နေ့ခင်းဆယ့်နှစ်နာရီလောက်ကို ပိုးသေအောင်ဆိုပြီး အပြင်ထွက်နေပူခံတယ်။ သူနဲ့ သာမိုမီတာတစ်ပါတည်း ယူသွားတာ ဒေါက်တာ။ နာရီဝက်/တစ်နာရီလောက် နေပူခံပြီး တိုင်းကြည့်တာကို တစ်ရာကျော်တယ်ပြောလိုပြောနဲ့ ဒေါက်တာရယ်”

” အို…ကျမ ချောင်းလဲဆိုးတယ်ရှင့်”

“ဆိုးမှာပေါ့ ဒေါက်တာရယ်။ အရည်များများသောက်ရမယ်ဆိုလို့ ရေတွေသောက်လိုက် ရေက အရသာမရှိဘူးဆိုပြီး သူ ဝယ်ထားတဲ့ ၆လစာ အချိုရည်တွေကို ၆ရက်လောက်နဲ့ ကုန်အောင်သောက်လိုက်လုပ်တော့ မဆိုးဘဲနေပါ့မလား ‌ဒေါက်တာ”

ဆရာဝန်က မျက်လုံးပြူးကြည့်နေတုန်းမယ်တင် ပေကလပ် ပေကလပ်ဖြင့်

“ကိုရင်ရယ် ကျမ ကိုယ်တွေလက်တွေကိုက်တာကျတော့ကော”

“အော် မကိုက်ဘဲနေမလား။ ဟိုနေ့က ငါမရှိတုန်း နင်လေ ဆန်ဆိုင်ကို ဆန်ငါးအိတ်လာပို့ပါဆိုပြီး ဆန်ဆိုင်ကလာပို့တော့ အဲဒီလူကို အိမ်ထဲ အဝင်မခံဘဲ အိမ်ရှေ့ပုံခဲ့ပါဆိုပြီး နင့်ဘာသာ နင် ဆန်အိတ်တွေ မီးဖိုချောင်ထဲ မ, ရွှေ့တာလေ”

ကိုရင်က ဒေါကြီးမောကြီး ထ အော်သဖြင့် မယ်တင် ငြိမ်နေစဉ်

ဆရာဝန်က “ဒါဖြင့် အသက်ရှုကြပ်တယ်ဆိုတာကကောရှင့်” ဟု မေးလေရာကိုရင်က စိတ်ပျက်လက်ပျက်ဖြင့်

“‌ဒေါက်တာရယ် mask ကို ငါးထပ်စွပ်ပြီး လက်ကို hand gel နဲ့ သုံးမိနစ်တစ်ခါပွတ်လိုက် သူ့ဘာသာ ပြန်ရှူကြည့်လိုက်လုပ်နေတာ။ သူ မပြောနဲ့ ကျနော်တောင် မွန်းတယ်” ဟု ဖြေလေသည်။

ထိုစဉ် မယ်တင်က

“ဟို ကျမ မှာ ခရီးသွားရာဇဝင်ရှိ..ရှိ”

မယ်တင့်စကားမဆုံးခင် ကိုရင်က

“ဘာ…နင် လွန်ခဲ့တဲ့ ၅နှစ်က ဘန်ကောက်ကို တစ်ခါလေးသွားဖူးတာကို ခရီးသွားရာဇဝင်ရှိတယ် ဟုတ်လား”ဟု မေးရာ မယ်တင်က “ဆယ့်လေးနှစ်အတွင်း သွားဖူးရင် ကိုဗစ်ဆို”ဟု လေပျော့လေးဖြင့်ပြန်မေးလေသည်။ “သေပါတော့ဟယ်။ ဆယ့်လေးရက်အတွင်းကို ချဲ့လိုက်တာ ဆယ့်လေးနှစ်တောင်ဖြစ်ရတယ်” ဟု အုပ်ချုပ်ရေးမှုးက ညည်းလေသည်။

မယ်တင်သည် ကိုရင့်ကို မဝံ့မရဲကြည့်ရင်း”ချမ်း ..ချမ်းတုန်တာကျတော့ကော ကိုရင်ရဲ့” ဟု အထွန့်တက်လေသည်။ကိုရင်သည် မယ်တင့်ကို မျက်ထောင့်နီကြီးနဲ့ ကြည့်ရင်းက “နင်နဲ့ငါရဲ့ ဆယ့်နှစ်ပေ ပတ်လည်အခန်းလေးထဲ နှစ်ကောင်အား အဲကွန်းကို တပ်ခိုင်းတာလဲ နင်ပဲ။ ပြီးတော့ stay at home ဆိုပြီးကတည်းက နင်းကန် ဒေါင်းထားတဲ့ နင့်လင် ကိုရီးယားကားတွေ ကြည့်ရင်း အဲကွန်းရီမုဒ်ကို ဘယ်နှစ်ချက်မှန်းမသိ နှိပ်ထားတာ ငါကြည့်တော့ ဆယ့်ခြောက်ဖြစ်နေတယ်လေ အရူးမရဲ့။

ဒေါက်တာရယ် ကျနော့် မိန်းမကို ကွာရန်တင်းမယ်ဆိုလည်း ဝေဘာဂီတို့ ရှင်ဆေကိန္ဒကျောင်းတို့မှာ မထားပါနဲ့။ တစ်ခါတည်း ရွာသာကြီးမှာသာ ထားပေးပါခင်‌ဗျာ” ဟု ဆိုလိုက်လေတော့သတည်း။ ။

(နည်းနည်းတော့ရယ်ပြီးများများကြီးပို အသက်ရှည်ကြပါစေ။)

ဒီအချိန်လေးမှာ ရီမောခြင်းနဲ့ စိတ်ပင်းပန်းမှုတွေ လျော့ကြပါစေ…

#cd

Add a Comment

Your email address will not be published. Required fields are marked *