စင်ကာပူနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မြန်မာနိုင်ငံသား ( ၂ ) ဦး ထပ်တိုးတွေ့ရှိ ၊ စုစုပေါင်း ကူးစက်ခံရသူ (၁,၁၁၄) ဦးရှိလာ




crd:7day news

Unicode

စင်ကာပူ နိုင်ငံ ၌ ဧပြီ ( ၃ ) ရက် တွင် (COVID-19) ရောဂါပိုး တွေ့သူ ( ၆၅ ) ဦး အသစ် ထပ်တိုးခဲ့ပြီး မြန်မာနိုင်ငံသားနှစ်ဦး ပါဝင်သည် ။ လူနာအမှတ် (၁,၁၁၁) အ ဖြစ် (၂၉) နှစ်အရွယ် မြန်မာအမျိုး သားတစ်ဦးနှင့် လူနာအမှတ် ( ၁,၁၁၂ ) အဖြစ် (၃၂) နှစ် အရွယ် မြန်မာအမျိုးသား တစ်ဦးတို့ဖြစ်ပြီး စင်ကာပူနိုင်ငံ အတွင်း ကူး စက် ခံရ ခြင်းဖြစ်သည် ။

အစောပိုင်း က စင်ကာပူ ၌ မြန်မာနိုင်ငံသား (၃)ဦးတွင် COVID -19 ရောဂါပိုးတွေ့ရှိခဲ့ပြီး လက်ရှိတွင် စုစုပေါင်းငါးဦးဖြစ် လာသည်။ဧပြီ (၃) ရက်တွင် ထုတ် ပြန် သော စာရင်း အရ ရောဂါပိုးတွေ့ သူ (၆၅) ဦးတွင် (၅၆) ဦးက စင်ကာပူ နိုင်ငံတွင်းကူးစက်ခံရခြင်း ဖြစ် သည်။ ယမန်နေ့စာရင်းအရ စင် ကာပူ၌ စုစုပေါင်း (၁,၁၁၄) ရောဂါ ကူးစက်ခံခဲ့ရသည် ။

ယင်း အနက် လူနာ (၂၈၂) ဦး သည် အပြည့် အဝပြန် လည် ကောင်းမွန် လာခဲ့ပြီး လူနာ (၅၀၀) ခန့်မှာ ဆေးရုံများ၌ ကုသမှုခံယူ နေကာ တိုးတက်မှုရှိသည်။ လူနာ (၂၅) ဦးသာ အထူးကြပ်မတ်ဆောင် များ၌ ကုသမှုခံယူနေသည်။ကျန်လူနာ (၃၅၀) ကျော်ကို ဆေးရုံများ ၌ သီးခြားထားကာ ကုသပေးနေသည်။

crd:7day news

Add a Comment

Your email address will not be published. Required fields are marked *