ေရာဂါေစာင့္ၾကည့္ Quaratine အမိန္႔ ကုိ မနာခံတဲ့သူေတြ အတြက္ တရုတ္အစုိး ရဲ႔ ျပတ္သားတဲ႔ ျပစ္ဒဏ္

သူ႔နာမည္ ကို Guo ပဲ ေဖာ္ျပထား ပါတယ္ ။ သူ႔ကို က်န္းက်ိဳးရွိ Erqi District ျပည္သူ႔တရား႐ုံမွာ မေန႔က စီရင္ခ်က္ခ်တာ ျဖစ္ ပါတယ္ ။ အသက္ ၂၉ ႏွစ္ရွိ Guo ဟာ အီတလီမွာ ေဘာလုံးပြဲၾကည့္ခ်င္လာ ပါတယ္ ။ အာ့ နဲ႔ သူဟာ က်န္းက်ိဳးကေန ပီကင္း ကို ေဖေဖာ္ဝါရီ ၂၉ မွာ ရထား စီး တယ္ ။ ပီကင္းကေန ယူေအအီး ကို ေလယာဥ္စီးတယ္ ။ တကယ္ေတာ့ က်န္းက်ိဳးက က်ေနာ္ သိသေလာက္ ေလယာဥ္ အေတာ္စုံတယ္။ ပိတ္ထားလို႔ျဖစ္မယ္ ။ မတ္ ၁ မွာ မီလန္ ကို သြားတယ္။ အီတလီက မီလန္မွာ ေဘာလုံးပြဲေတြ ပိတ္ထားေတာ့ သူက မတ္ ၃ မွာ ျပင္သစ္ျပည္ ပဲရစ္ ကို သြားတယ္ ။

Photo-Credit

ေနာက္ေန႔မွာ မီလန္ကို ျပန္တယ္။ မီလန္ကေန မတ္ ၆ မွာ ေလယာဥ္စီးၿပီး ယူေအအီး ကိုျပန္တယ္။ မတ္ ၇ မွာ ပီကင္းျပန္ေရာက္တယ္။ အဲ့ဒီလို ေလယာဥ္ေတြပတ္စီးအၿပီးမွာ ပီကင္းကေန အဲ့ေန႔ပဲ က်န္းက်ိဳး ကိုျပန္တယ္ ။ က်န္းက်ိဳးဆိုတာ ေရွာင္လင္ေက်ာင္းေတာ္ရယ္ ၊ က်ေနာ္ေရးဖူးတဲ့ ေကာင္းလ်န႔္ေတာင္ၾကားလမ္း နဲ႔ နီးတဲ့ ၿမိဳ႕ျဖစ္ ပါတယ္။ က်န္းက်ိဳးအာဏာပိုင္ေတြက ႏိုင္ငံျခားကျပန္လာရင္ ၁၄ ရက္ quarantine ေနရမယ္လို႔ အမိန႔္ထုတ္ထားေပမယ့္ သူက အလုပ္ကို ၂ ရက္သြားလိုက္ေသးတယ္။မတ္ ၉ ရက္ေန႔မွာ ကိုယ္ပူၿပီး လည္ေခ်ာင္းနာလာတယ္။ အဲ့ဒါနဲ႔ ဆရာဝန္မျပပဲ ေဆးဆိုင္ကေဆးဝယ္ေသာက္တယ္။ သူေဆး႐ုံေရာက္ေတာ့ ရဲက ထိေတြ႕သူေတြလိုက္ပါေလေရာ။ သူကေရာ သူ႔အေမကပါ သူႏိုင္ငံျခားခရီးသြားထားတာ လိမ္တယ္။ ေနာက္ဆုံးေတာ့ ရဲက သက္ေသျပႏိုင္ခဲ့ၿပီး သူ႔ကို ေထာင္ခ်ခဲ့တာျဖစ္ပါတယ္။ သူ႔အေမအပါအဝင္ လူ ၄၀ ေလာက္ quarantine ထိကုန္ပါတယ္။

Photo-Credit

အဲ့ဒီကိစၥဟာ တ႐ုတ္ျပည္မွာ လူေျပာမ်ားတဲ့ကိစၥျဖစ္ၿပီး က်န္းက်ိဳးၿမိဳ႕သားေတြက ဟီနန္နယ္ရဲ႕ ၁၂ ရက္ဆက္တိုက္ လူနာအသစ္မေတြ႕ခဲ့တဲ့ စံခ်ိန္ကို ဖ်က္လို႔ အေတာ္ေဒါသျဖစ္ၾကပါတယ္။ သူတို႔ဟီနန္နယ္ဟာ lockdown ထိသြားၿပီး အားလုံးထိခိုက္ႏိုင္တယ္။ မသိပဲ လူေတြပိုးကူးျပန႔္ပြားသြားႏိုင္ပါတယ္။ သူ႔ case ေၾကာင့္ က်န္းက်ိဳး အာဏာပိုင္ေတြရဲ႕ အမ်ားသုံးယာဥ္လိုင္း၊ အလုပ္ေတြ၊ ေက်ာင္းေတြ ျပန္ဖြင့္မယ့္ အစီအစဥ္ ေႏွာင့္ေႏွးသြားရပါတယ္။တျခား ကိစၥအေနနဲ႔ Ding ဆိုသူဟာ အီရန္က ျပန္လာၿပီး တာဝန္သိစြာ quarantine မေနမႈနဲ႔ တရားစြဲခံထားရပါတယ္။သူဟာ ရွန္ဟိုင္းကို ျပန္ေရာက္တယ္။ အဲ့ကေန Gansu ထိုမွေန Ningxia ကို သြားခဲ့တာပါ။ အခုေတာ့ ၃ ၿမိဳ႕က လူ ၂၀၀ ေလာက္ quarantine ဝင္သြားခဲ့ရပါၿပီ။

ေနာက္ၿပီးေတာ့ Linxia က Hu ဆိုသူဟာလည္း အီဂ်စ္ကျပန္လာၿပီး quarantine မေနလို႔ လူ ၁၃၀ ေလာက္ quarantine ထိကုန္ပါတယ္။ တ႐ုတ္ျပည္သာမက ေဟာင္ေကာင္မွာ လည္း quaratine ေဖာက္ဖ်က္လို႔ ေထာင္ခ်ခဲ့ရတာေတြ ရွိပါတယ္။တ႐ုတ္မွာ အသစ္ေတြ႕တာနည္းလာတာနဲ႔အမွ် ေပါ့လာၿပီး စည္းကမ္းေဖာက္တဲ့လူေတြ ေပၚလာတာပါ။ တ႐ုတ္အစိုးရကေတာ့ မွတ္ေလာက္သားေလာက္ေအာင္ ေထာင္ခ်ပါေၾကာင္း။ ဒါမွလည္း ဘယ္သူမွ မေဖာက္ဖ်က္ရဲေတာ့ပဲ ျမန္ျမန္ေရာဂါေဘးဆိုးက လြတ္မွာပါ။

Richard Myo Thant

Unicode

သူ့နာမည်ကို Guo ပဲ ဖော်ပြထားပါတယ် ။ သူ့ကို ကျန်းကျိုးရှိ Erqi District ပြည်သူ့တရားရုံမှာ မနေ့က စီရင်ချက်ချတာ ဖြစ် ပါတယ် ။ အသက် ၂၉ နှစ်ရှိ Guo ဟာ အီတလီမှာ ဘောလုံးပွဲကြည့်ချင်လာ ပါတယ် ။ အာ့ နဲ့ သူဟာ ကျန်းကျိုးကနေ ပီကင်း ကို ဖေဖော်ဝါရီ ၂၉ မှာ ရထားစီးတယ် ။ပီကင်းကနေ ယူအေအီး ကို လေယာဉ်စီးတယ်။ တကယ်တော့ ကျန်းကျိုးက ကျနော်သိသလောက် လေယာဉ်အတော်စုံတယ်။ ပိတ်ထားလို့ဖြစ်မယ် ။ မတ် ၁ မှာ မီလန်ကို သွားတယ်။ အီတလီက မီလန်မှာ ဘောလုံးပွဲတွေ ပိတ်ထားတော့ သူက မတ် ၃ မှာ ပြင်သစ်ပြည် ပဲရစ် ကို သွားတယ် ။

နောက်နေ့မှာ မီလန်ကို ပြန်တယ်။ မီလန်ကနေ မတ် ၆ မှာ လေယာဉ်စီးပြီး ယူအေအီး ကိုပြန်တယ်။ မတ် ၇ မှာ ပီကင်းပြန်ရောက်တယ်။ အဲ့ဒီလို လေယာဉ်တွေပတ်စီးအပြီးမှာ ပီကင်းကနေ အဲ့နေ့ပဲ ကျန်းကျိုးကိုပြန်တယ်။ကျန်းကျိုးဆိုတာ ရှောင်လင်ကျောင်းတော်ရယ်၊ ကျနော်ရေးဖူးတဲ့ ကောင်းလျန့်တောင်ကြားလမ်းနဲ့ နီးတဲ့ မြို့ဖြစ်ပါတယ်။ ကျန်းကျိုးအာဏာပိုင်တွေက နိုင်ငံခြားကပြန်လာရင် ၁၄ ရက် quarantine နေရမယ်လို့ အမိန့်ထုတ်ထားပေမယ့် သူက အလုပ်ကို ၂ ရက်သွားလိုက်သေးတယ်။မတ် ၉ ရက်နေ့မှာ ကိုယ်ပူပြီး လည်ချောင်းနာလာတယ်။ အဲ့ဒါနဲ့ ဆရာဝန်မပြပဲ ဆေးဆိုင်ကဆေးဝယ်သောက်တယ်။ သူဆေးရုံရောက်တော့ ရဲက ထိတွေ့သူတွေလိုက်ပါလေရော။ သူကရော သူ့အမေကပါ သူနိုင်ငံခြားခရီးသွားထားတာ လိမ်တယ်။ နောက်ဆုံးတော့ ရဲက သက်သေပြနိုင်ခဲ့ပြီး သူ့ကို ထောင်ချခဲ့တာဖြစ်ပါတယ်။ သူ့အမေအပါအဝင် လူ ၄၀ လောက် quarantine ထိကုန်ပါတယ်။

အဲ့ဒီကိစ္စဟာ တရုတ်ပြည်မှာ လူပြောများတဲ့ကိစ္စဖြစ်ပြီး ကျန်းကျိုးမြို့သားတွေက ဟီနန်နယ်ရဲ့ ၁၂ ရက်ဆက်တိုက် လူနာအသစ်မတွေ့ခဲ့တဲ့ စံချိန်ကို ဖျက်လို့ အတော်ဒေါသဖြစ်ကြပါတယ်။ သူတို့ဟီနန်နယ်ဟာ lockdown ထိသွားပြီး အားလုံးထိခိုက်နိုင်တယ်။ မသိပဲ လူတွေပိုးကူးပြန့်ပွားသွားနိုင်ပါတယ်။ သူ့ case ကြောင့် ကျန်းကျိုး အာဏာပိုင်တွေရဲ့ အများသုံးယာဉ်လိုင်း၊ အလုပ်တွေ၊ ကျောင်းတွေ ပြန်ဖွင့်မယ့် အစီအစဉ် နှောင့်နှေးသွားရပါတယ်။တခြား ကိစ္စအနေနဲ့ Ding ဆိုသူဟာ အီရန်က ပြန်လာပြီး တာဝန်သိစွာ quarantine မနေမှုနဲ့ တရားစွဲခံထားရပါတယ်။သူဟာ ရှန်ဟိုင်းကို ပြန်ရောက်တယ်။ အဲ့ကနေ Gansu ထိုမှနေ Ningxia ကို သွားခဲ့တာပါ။ အခုတော့ ၃ မြို့က လူ ၂၀၀ လောက် quarantine ဝင်သွားခဲ့ရပါပြီ။

နောက်ပြီးတော့ Linxia က Hu ဆိုသူဟာလည်း အီဂျစ်ကပြန်လာပြီး quarantine မနေလို့ လူ ၁၃၀ လောက် quarantine ထိကုန်ပါတယ်။ တရုတ်ပြည်သာမက ဟောင်ကောင်မှာ လည်း quaratine ဖောက်ဖျက်လို့ ထောင်ချခဲ့ရတာတွေ ရှိပါတယ်။တရုတ်မှာ အသစ်တွေ့တာနည်းလာတာနဲ့အမျှ ပေါ့လာပြီး စည်းကမ်းဖောက်တဲ့လူတွေ ပေါ်လာတာပါ။ တရုတ်အစိုးရကတော့ မှတ်လောက်သားလောက်အောင် ထောင်ချပါကြောင်း။ ဒါမှလည်း ဘယ်သူမှ မဖောက်ဖျက်ရဲတော့ပဲ မြန်မြန်ရောဂါဘေးဆိုးက လွတ်မှာပါ။

Richard Myo Thant

Add a Comment

Your email address will not be published. Required fields are marked *