ကိုဗစ္ ေစာင့္ၾကည့္လူနာ အျဖစ္ ထားရွိျခင္းကို မေက်နပ္သျဖင့္ အလွဴ ရွင္မ်ား ေကၽြးေသာ ထမင္း ၊ ဟင္းထုတ္မ်ားအား လႊင့္ပစ္ / ဆဲဆိုကာ ေသာင္းၾကမ္း

သနပ္ပင္ၿမိဳ႕နယ္ႏွင့္ သာယာဝတီၿမိဳ႕နယ္ တို႔တြင္ သဘာဝေဘး အႏၲရာယ္ ဆိုင္ရာစီမံ ခန႔္ခြဲမႈ ဥပေဒျဖင့္ အမႈဖြင့္ ခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန မွ သတင္းထုတ္ျပန္ ထားသည္ ။ အဆိုပါ သတင္းထုတ္ျပန္မႈ တြင္ အရက္ေသာက္ စားမူးယစ္ၿပီး ေစာင့္ၾကည့္ လူနာအျဖစ္ ထားရွိျခင္း ကို မေက်နပ္သျဖင့္ အလႉရွင္မ်ား ေကၽြးေမြးေသာ ထမင္း၊ ဟင္းထုတ္မ်ားအား လႊင့္ပစ္ျခင္း၊ ဆဲဆိုျခင္းမ်ားျပဳလုပ္ ခဲ့သူ တစ္ဦး ပါဝင္ ခဲ့ေၾကင္း ေတြ႕ ရသည္ ။

Photo-Credit

၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ ၂ ရက္ေန႔ ၂၃၀၀ အခ်ိန္ ေအာက္ေသာင္း ေက်းရြာအုပ္ခ်ဳပ္ေရးမႉး ဦးသန္းေဇာ္ပါ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ေရာဂါကာကြယ္ထိန္းသိမ္းေရး ပူးေပါင္းအဖြဲ႕သည္ သနပ္ပင္ ၿမိဳ႕နယ္၊ ဆယ္ဧကေက်းရြာရွိ အ.မ.က(မူလြန္)၌ နယ္ေဝး မွ မိမိေနရပ္သို႔ ျပန္လည္ထြက္ခြာလာသူ ၁၃ ဦး(က်ား ၈ ၊မ ၅)အား ထားရွိေစာင့္ၾကည့္ခဲ့ရာ အဆိုပါ ၁၃ ဦးအနက္ အမ်ိဳးသား ၃ ဦးထားရွိရာ သီးသန႔္ေဆာင္ သို႔ ၎ အမ်ိဳးသား ၃ ဦး၏ ဦးေလးေတာ္စပ္သူ ေက်ာ္မင္းလြင္(၄၈)ႏွစ္သည္ အရက္ မူးယစ္ကာ ေရာက္ရွိလာၿပီး အခန္းတံခါးအား ကန္ဖြင့္၍ ဝင္ေရာက္ဆဲဆိုခဲ့သျဖင့္ ဧၿပီလ ၃ ရက္ေန႔ ၁၆၄၀ အခ်ိန္ ေအာက္ေသာင္းေက်းရြာအုပ္ခ်ဳပ္ေရးမႉး ဦးသန္းေဇာ္မွ တိုင္တန္း၍ ေက်ာ္မင္းလြင္(ဖမ္းမိ)အား မင္းရြာနယ္ေျမရဲစခန္း၊ (ပ)၂၀/၂၀၂၀၊ သဘာဝေဘး အႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၃၀(က)(ခ)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရွိရပါသည္။

Photo-Credit

အလားတူ ဧၿပီလ ၃ ရက္ေန႔ ၁၁၂၅ အခ်ိန္ သာယာဝတီၿမိဳ႕နယ္၊ ေဈးပိုင္းရပ္ကြက္ ျပည္သူလူထုအေျချပဳကန႔္သတ္စခန္း(၁)၊ အ.ထ.က(၁)(သာယာဝတီ)၌ ေစာင့္ၾကည့္လ်က္ရွိေသာ ထိုင္းနိုင္ငံမွ ျပန္လည္ေရာက္ရွိလာသည့္ ေက်ာ္သူရ(၄၁)ႏွစ္သည္ အရက္ေသာက္စားမူးယစ္ၿပီး ေစာင့္ၾကည့္ လူနာအျဖစ္ထားရွိျခင္းကို မေက်နပ္သျဖင့္ အလႉရွင္မ်ား ေကၽြးေမြးေသာ ထမင္း/ဟင္းထုတ္မ်ားအား လႊင့္ပစ္ျခင္း/ဆဲဆိုျခင္းမ်ားျပဳလုပ္ခဲ့သျဖင့္ သာယာဝတီၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးအားလြန္မွ တိုင္တန္း၍ ေက်ာ္သူရ(ဖမ္းမိ)အား သာယာဝတီၿမိဳ႕မရဲစခန္း၊ (ပ)၁၂၄/၂၀၂၀၊ သဘာဝေဘးအႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲေရးပုဒ္မ ၃၀(က)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

ref:AlinnMyay(အလင္းေျမ)

Unicdoe

သနပ်ပင်မြို့နယ်နှင့် သာယာဝတီမြို့နယ် တို့တွင် သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံ ခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့် ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန် ထားသည် ။ အဆိုပါ သတင်းထုတ်ပြန်မှု တွင် အရက်သောက် စားမူးယစ်ပြီး စောင့်ကြည့် လူနာအဖြစ် ထားရှိခြင်း ကို မကျေနပ်သဖြင့် အလှူရှင်များ ကျွေးမွေးသော ထမင်း၊ ဟင်းထုတ်များအား လွှင့်ပစ်ခြင်း၊ ဆဲဆိုခြင်းများပြုလုပ် ခဲ့သူ တစ်ဦး ပါဝင် ခဲ့ကြေင်း တွေ့ ရသည် ။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့ ၂၃၀၀ အချိန် အောက်သောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်ပါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကာကွယ်ထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့သည် သနပ်ပင် မြို့နယ်၊ ဆယ်ဧကကျေးရွာရှိ အ.မ.က(မူလွန်)၌ နယ်ဝေး မှ မိမိနေရပ်သို့ ပြန်လည်ထွက်ခွာလာသူ ၁၃ ဦး(ကျား ၈ ၊မ ၅)အား ထားရှိစောင့်ကြည့်ခဲ့ရာ အဆိုပါ ၁၃ ဦးအနက် အမျိုးသား ၃ ဦးထားရှိရာ သီးသန့်ဆောင် သို့ ၎င်း အမျိုးသား ၃ ဦး၏ ဦးလေးတော်စပ်သူ ကျော်မင်းလွင်(၄၈)နှစ်သည် အရက် မူးယစ်ကာ ရောက်ရှိလာပြီး အခန်းတံခါးအား ကန်ဖွင့်၍ ဝင်ရောက်ဆဲဆိုခဲ့သဖြင့် ဧပြီလ ၃ ရက်နေ့ ၁၆၄၀ အချိန် အောက်သောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းဇော်မှ တိုင်တန်း၍ ကျော်မင်းလွင်(ဖမ်းမိ)အား မင်းရွာနယ်မြေရဲစခန်း၊ (ပ)၂၀/၂၀၂၀၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က)(ခ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

အလားတူ ဧပြီလ ၃ ရက်နေ့ ၁၁၂၅ အချိန် သာယာဝတီမြို့နယ်၊ ဈေးပိုင်းရပ်ကွက် ပြည်သူလူထုအခြေပြုကန့်သတ်စခန်း(၁)၊ အ.ထ.က(၁)(သာယာဝတီ)၌ စောင့်ကြည့်လျက်ရှိသော ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ကျော်သူရ(၄၁)နှစ်သည် အရက်သောက်စားမူးယစ်ပြီး စောင့်ကြည့် လူနာအဖြစ်ထားရှိခြင်းကို မကျေနပ်သဖြင့် အလှူရှင်များ ကျွေးမွေးသော ထမင်း/ဟင်းထုတ်များအား လွှင့်ပစ်ခြင်း/ဆဲဆိုခြင်းများပြုလုပ်ခဲ့သဖြင့် သာယာဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်မှ တိုင်တန်း၍ ကျော်သူရ(ဖမ်းမိ)အား သာယာဝတီမြို့မရဲစခန်း၊ (ပ)၁၂၄/၂၀၂၀၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ref:AlinnMyay(အလင်းမြေ)

Add a Comment

Your email address will not be published. Required fields are marked *