ဖုန္းေရစုိ တဲ့ အခါတုိင္း ဆန္အိုးထဲ ထည့္လုိက္တဲ့ နည္းလမ္းက မွန္ကန္ရဲ႕လား … ?

လူ ေတာ္ေတာ္ မ်ားမ်ား ကေတာ့ ဖုန္း ေရစုိၿပီ ဆုိရင္ ဆန္ေစ့ေတြ ထဲကို ထည့္လုိက္ ၾကပါတယ္။ တစ္ခ်ိဳ႕ကလည္း သူမ်ားလုပ္လုိ႔ လုိက္လုပ္တာလုိ႔ ဆုိပါတယ္။ တစ္ခ်ိဳ႕ေတာ့ ေရစုိတဲ့ဖုန္း အျမန္ေျခာက္ေအာင္ ဆန္ေစ့က အစုိဓာတ္ေတြကို ႏႈတ္ယူ သြားႏုိင္တယ္လုိ႔ ဆုိပါတယ္။ ဆန္ေစ့က ဖုန္းရဲ႕အတြင္းပုိင္းက ေရအစုိဓာတ္ကုိ တကယ္ ႏႈတ္ယူတာ မယူတာ အပထား၊ ဒီထက္ပုိေကာင္းတဲ့ နည္းလမ္းေလးေတြလည္း ရွိပါတယ္။

ဖုန္းေရစုိတဲ့ အခါ သူ႕မွာပါတဲ့ ဘက္ထရီရဲ႕ လည္ပတ္ေနတဲ့စနစ္ ကေမာက္ကမျဖစ္ၿပီး ဖုန္းေတြ ေလာင္ကၽြမ္း ေပါက္ကြဲတာမ်ိဳး ျဖစ္ႏုိင္ပါတယ္။ ဒါေပမယ့္ ျဖစ္ေတာင့္ျဖစ္ခဲ ပါဘဲ။ တခ်ိဳ႕ကေတာ့ ဖုန္းေရစုိၿပီဆုိရင္ ေပါင္မုန္႔ကင္စက္ထဲကုိ ထည့္တာမ်ိဳးေတြ၊ ဆံပင္အေျခာက္ခံစက္နဲ႔ မႈတ္တာမ်ိဳးေတြ လုပ္ၾကပါေသးတယ္။ ဒါဟာ အလြန္အႏၱရာယ္မ်ားတဲ့ နည္းလမ္းျဖစ္ေၾကာင္း ေျပာခ်င္ပါတယ္။

ဆန္ထဲကိုထည့္တာ မွန္လား/မွားလား …?

photo credit

ဖုန္းေရစုိတဲ့ အခါ ဆန္ထဲ၊ တခ်ိဳ႕က ခ်က္ၿပီးသား ထမင္းထဲကိုေတာင္ ႏွစ္ေလ့ရွိပါတယ္။ တကယ္ေတာ့ ဆန္ဟာ သုိ႔မဟုတ္ ထမင္းဟာ ေရအစုိဓာတ္ကုိ ပ်က္ျပယ္ေစႏုိင္ျခင္းမွာ သက္ေရာက္မႈ အလြန္နည္းပါတယ္။ ေနာက္ၿပီး ဖုန္းအတြက္းပုိင္းက အစုိဓာတ္ကုိ ေဖ်ာက္ဖ်က္ဖုိ႔ဆုိတာ မျဖစ္ႏုိင္ပါဘူး။

ေနာက္ထပ္ ဆုိးက်ိဴဳးကေတာ့ တစ္ျခားအမႈန္အမႊားေတြ လည္း ဖုန္းရဲ႕ အေပါက္ကေလးေတြက တစ္ဆင့္ ဝင္ေရာက္ႏုိင္သည့္အတြက္ ဖုန္းေရစုိတဲ့အခါ ဆန္ထဲကို ထည့္ျခင္းစတဲ့ နည္းလမ္းေတြဟာ လုံးဝမမွန္ဘူးလုိ႔ ေျပာခ်င္ပါတယ္။ တစ္ခါတေလမွာ ဖုန္းအတြင္းကုိ ဆန္ေစ့ေတြ ညပ္ေနတာ၊ ဝင္ေနတာမ်ိဳးေတြကုိပါ ခံရႏုိင္ပါတယ္။

ဖုန္းေရစုိရင္ ဘာလုပ္ရမလဲ …?

ဒီေတာ့ ဖုန္းေရစုိတဲ့အခါ ျဖစ္ႏုိင္သမွ်နည္းနဲ႔ အျမန္ဆုံး ဖုန္းကိုလည္း ပါဝါပိတ္လုိက္ပါ။ ေနာက္ ေျခာက္ေသြ႕တဲ့ တဘက္တစ္ထည္နဲ႔ အရင္သုတ္ပါ။ ၿပီးရင္ ျဖဳတ္လုိ႔ရတာမွန္သမွ် တစ္စစီ ျဖဳတ္လုိက္ပါ။ ျဖစ္ႏုိင္ရင္ ဘက္ထရီကိုေတာင္ ျဖဳတ္လုိ႔ရရင္ ျဖဳတ္လုိက္ပါ။ ဖုန္းဆင္းမ္ကတ္၊ မန္မုိရီကတ္ စတာေတြကိုလည္း ျဖဳတ္လုိက္ပါ။

ယင္းေနာက္ Zip-lock အိတ္ထဲကို ဖုန္းကိုထည့္ပါ။ ၿပီးရင္ ဆီလီကာအခဲေလးေတြ လက္တစ္ဆုပ္စာကုိလည္း အဲဒီထဲကို ထည့္ၿပီးပိတ္လုိက္ပါ။ ဆီလီကာအခဲေလးေတြဆုိတာ ေဆးေတြ၊ ေဆးပစၥည္းေတြနဲ႔ တစ္ျခားကုန္ပစၥည္းေတြထဲကုိ အထုပ္ငယ္ေလးေတြ ပုံစံနဲ႔ပါဝင္တတ္ပါတယ္။ အစုိဓာတ္ကုိ အျမန္ဆုံးထိန္းခ်ဳပ္ေပးၿပီး၊ ဆန္ထက္ ပုိထိေရာက္တဲ့ နည္းပါ။ (၇၂)နာရီေလာက္ ဒီအတိုင္း ပစ္ထားဖုိ႔ လုိပါတယ္။

ဖုန္း ဂရမ္တီကို ထိခုိက္ေစႏုိင္မလား …?

တခ်ိဳက အထက္ပါနည္းကို အသုံးျပဳလုိက္ရင္ ဖုန္းဂရမ္တီကို ထိခိုက္ႏုိင္မလားဆုိၿပီး ေမးၾကပါတယ္။ ဒါကေတာ့ အာမခံလုိ႔ မရပါဘူး။ အေရးနဲ႔အေၾကာင္းဆုိေတာ့ Seal ေတြ ဘာေတြ ထိခုိက္ေစႏုိင္ပါတယ္။ ေနာက္ၿပီး ေသခ်ာတာတစ္ခုက ေရစုိၿပီး ပ်က္စီးတဲ့ဖုန္းေတြ၊ မိမိပေယာဂေၾကာင့္ လွ်ပ္စစ္ဝါယာေရွာ့ေၾကာင့္ ပ်က္စီးတဲ့ဖုန္းေတြဟာ အလုိလုိ ဂရမ္တီ က်ိဳးေပါက္ၿပီးသားလုိ႔ ဆုိပါတယ္။ ေနာက္ၿပီး ေရစုိထားတဲ့ ဖုန္းေတြဟာ အခု သုံးလုိ႔ ရေနရင္ေတာင္ ေနာက္ထပ္ လေတာ္ေတာ္ၾကာတဲ့အခါ ပ်က္စီးတတ္ပါတယ္။

အခုေနာက္ပိုင္း ထြက္လာတဲ့ iPhone ေတြဟာ Waterproof ဆုိတဲ့ ေရစိမ္ခံနည္းပညာ ထည့္သြင္းထားပါတယ္။ iPhone 7 ကေန ေနာက္ပိုင္းထြက္တဲ့ ဖုန္းေတြဟာ ေရအနက္ (၃)မီတာေအာက္မွာ မိနစ္(၃၀)အထိ ေရစိမ္ခံတယ္လုိ႔ ဆုိပါတယ္။ တခ်ိဳ႕က ေရစိမ္ခံမခံကို အေလာင္းအစား လုပ္တတ္ၾကပါတယ္။ တကယ္က အေလာင္းအစား လုပ္စရာ မလုိပါဘူး။ တကယ္ေတာ့ ေရစိမ္ခံတယ္ဆုိတာ စံသတ္မွတ္ခ်က္သာျဖစ္ၿပီး၊ ဟုတ္မဟုတ္ စမ္းသပ္ၾကည့္ဖုိ႔ ရည္ညႊန္းခ်က္ မဟုတ္ပါ။

Water-resistance ကုိ ထိခုိက္ေစႏုိင္တဲ့အရာေတြကေတာ့ သတ္မွတ္ထားတဲ့ ေရအနက္ထက္ ပိုတဲ့အခါ၊ ဒါမွမဟုတ္ ေရရဲ႕အပူခ်ိန္ ျခားနားတဲ့အခါ၊ ေရရဲ႕ဖိအားက ႀကီးမားတဲ့အခါမ်ိဳးေတြမွာ water-resistance.ကို ေလွ်ာ့က်ေစႏုိင္တာကိုလည္း သတိထားဖုိ႔ လုိပါတယ္။ Credit

Unicode

လူ တော်တော် များများ ကတော့ ဖုန်း ရေစိုပြီ ဆိုရင် ဆန်စေ့တွေ ထဲကို ထည့်လိုက် ကြပါတယ်။ တစ်ချို့ကလည်း သူများလုပ်လို့ လိုက်လုပ်တာလို့ ဆိုပါတယ်။ တစ်ချို့တော့ ရေစိုတဲ့ဖုန်း အမြန်ခြောက်အောင် ဆန်စေ့က အစိုဓာတ်တွေကို နှုတ်ယူ သွားနိုင်တယ်လို့ ဆိုပါတယ်။ ဆန်စေ့က ဖုန်းရဲ့အတွင်းပိုင်းက ရေအစိုဓာတ်ကို တကယ် နှုတ်ယူတာ မယူတာ အပထား၊ ဒီထက်ပိုကောင်းတဲ့ နည်းလမ်းလေးတွေလည်း ရှိပါတယ်။

ဖုန်းရေစိုတဲ့ အခါ သူ့မှာပါတဲ့ ဘက်ထရီရဲ့ လည်ပတ်နေတဲ့စနစ် ကမောက်ကမဖြစ်ပြီး ဖုန်းတွေ လောင်ကျွမ်း ပေါက်ကွဲတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖြစ်တောင့်ဖြစ်ခဲ ပါဘဲ။ တချို့ကတော့ ဖုန်းရေစိုပြီဆိုရင် ပေါင်မုန့်ကင်စက်ထဲကို ထည့်တာမျိုးတွေ၊ ဆံပင်အခြောက်ခံစက်နဲ့ မှုတ်တာမျိုးတွေ လုပ်ကြပါသေးတယ်။ ဒါဟာ အလွန်အန္တရာယ်များတဲ့ နည်းလမ်းဖြစ်ကြောင်း ပြောချင်ပါတယ်။

ဆန်ထဲကိုထည့်တာ မှန်လား/မှားလား …?

ဖုန်းရေစိုတဲ့ အခါ ဆန်ထဲ၊ တချို့က ချက်ပြီးသား ထမင်းထဲကိုတောင် နှစ်လေ့ရှိပါတယ်။ တကယ်တော့ ဆန်ဟာ သို့မဟုတ် ထမင်းဟာ ရေအစိုဓာတ်ကို ပျက်ပြယ်စေနိုင်ခြင်းမှာ သက်ရောက်မှု အလွန်နည်းပါတယ်။ နောက်ပြီး ဖုန်းအတွက်းပိုင်းက အစိုဓာတ်ကို ဖျောက်ဖျက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

နောက်ထပ် ဆိုးကျိူုးကတော့ တစ်ခြားအမှုန်အမွှားတွေ လည်း ဖုန်းရဲ့ အပေါက်ကလေးတွေက တစ်ဆင့် ဝင်ရောက်နိုင်သည့်အတွက် ဖုန်းရေစိုတဲ့အခါ ဆန်ထဲကို ထည့်ခြင်းစတဲ့ နည်းလမ်းတွေဟာ လုံးဝမမှန်ဘူးလို့ ပြောချင်ပါတယ်။ တစ်ခါတလေမှာ ဖုန်းအတွင်းကို ဆန်စေ့တွေ ညပ်နေတာ၊ ဝင်နေတာမျိုးတွေကိုပါ ခံရနိုင်ပါတယ်။

ဖုန်းရေစိုရင် ဘာလုပ်ရမလဲ …?

ဒီတော့ ဖုန်းရေစိုတဲ့အခါ ဖြစ်နိုင်သမျှနည်းနဲ့ အမြန်ဆုံး ဖုန်းကိုလည်း ပါဝါပိတ်လိုက်ပါ။ နောက် ခြောက်သွေ့တဲ့ တဘက်တစ်ထည်နဲ့ အရင်သုတ်ပါ။ ပြီးရင် ဖြုတ်လို့ရတာမှန်သမျှ တစ်စစီ ဖြုတ်လိုက်ပါ။ ဖြစ်နိုင်ရင် ဘက်ထရီကိုတောင် ဖြုတ်လို့ရရင် ဖြုတ်လိုက်ပါ။ ဖုန်းဆင်းမ်ကတ်၊ မန်မိုရီကတ် စတာတွေကိုလည်း ဖြုတ်လိုက်ပါ။

ယင်းနောက် Zip-lock အိတ်ထဲကို ဖုန်းကိုထည့်ပါ။ ပြီးရင် ဆီလီကာအခဲလေးတွေ လက်တစ်ဆုပ်စာကိုလည်း အဲဒီထဲကို ထည့်ပြီးပိတ်လိုက်ပါ။ ဆီလီကာအခဲလေးတွေဆိုတာ ဆေးတွေ၊ ဆေးပစ္စည်းတွေနဲ့ တစ်ခြားကုန်ပစ္စည်းတွေထဲကို အထုပ်ငယ်လေးတွေ ပုံစံနဲ့ပါဝင်တတ်ပါတယ်။ အစိုဓာတ်ကို အမြန်ဆုံးထိန်းချုပ်ပေးပြီး၊ ဆန်ထက် ပိုထိရောက်တဲ့ နည်းပါ။ (၇၂)နာရီလောက် ဒီအတိုင်း ပစ်ထားဖို့ လိုပါတယ်။

ဖုန်း ဂရမ်တီကို ထိခိုက်စေနိုင်မလား …?

တချိုက အထက်ပါနည်းကို အသုံးပြုလိုက်ရင် ဖုန်းဂရမ်တီကို ထိခိုက်နိုင်မလားဆိုပြီး မေးကြပါတယ်။ ဒါကတော့ အာမခံလို့ မရပါဘူး။ အရေးနဲ့အကြောင်းဆိုတော့ Seal တွေ ဘာတွေ ထိခိုက်စေနိုင်ပါတယ်။ နောက်ပြီး သေချာတာတစ်ခုက ရေစိုပြီး ပျက်စီးတဲ့ဖုန်းတွေ၊ မိမိပယောဂကြောင့် လျှပ်စစ်ဝါယာရှော့ကြောင့် ပျက်စီးတဲ့ဖုန်းတွေဟာ အလိုလို ဂရမ်တီ ကျိုးပေါက်ပြီးသားလို့ ဆိုပါတယ်။ နောက်ပြီး ရေစိုထားတဲ့ ဖုန်းတွေဟာ အခု သုံးလို့ ရနေရင်တောင် နောက်ထပ် လတော်တော်ကြာတဲ့အခါ ပျက်စီးတတ်ပါတယ်။

အခုနောက်ပိုင်း ထွက်လာတဲ့ iPhone တွေဟာ Waterproof ဆိုတဲ့ ရေစိမ်ခံနည်းပညာ ထည့်သွင်းထားပါတယ်။ iPhone 7 ကနေ နောက်ပိုင်းထွက်တဲ့ ဖုန်းတွေဟာ ရေအနက် (၃)မီတာအောက်မှာ မိနစ်(၃၀)အထိ ရေစိမ်ခံတယ်လို့ ဆိုပါတယ်။ တချို့က ရေစိမ်ခံမခံကို အလောင်းအစား လုပ်တတ်ကြပါတယ်။ တကယ်က အလောင်းအစား လုပ်စရာ မလိုပါဘူး။ တကယ်တော့ ရေစိမ်ခံတယ်ဆိုတာ စံသတ်မှတ်ချက်သာဖြစ်ပြီး၊ ဟုတ်မဟုတ် စမ်းသပ်ကြည့်ဖို့ ရည်ညွှန်းချက် မဟုတ်ပါ။

Water-resistance ကို ထိခိုက်စေနိုင်တဲ့အရာတွေကတော့ သတ်မှတ်ထားတဲ့ ရေအနက်ထက် ပိုတဲ့အခါ၊ ဒါမှမဟုတ် ရေရဲ့အပူချိန် ခြားနားတဲ့အခါ၊ ရေရဲ့ဖိအားက ကြီးမားတဲ့အခါမျိုးတွေမှာ water-resistance.ကို လျှော့ကျစေနိုင်တာကိုလည်း သတိထားဖို့ လိုပါတယ်။ Credit

Add a Comment

Your email address will not be published. Required fields are marked *